Wednesday, October 31, 2012

တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ မဆွေးနွေးဖြစ်ခဲ့သော ပထမအကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံပွဲ

ပြည့်ပြည့်(မြစ်မခ)
31 Oct, 2012

အချို့နေရာများတွင် တပ်ဆုတ်ပေးရန် စီမံချက်ရှိသော်လည်း ကေအိုင်အိုမှ တပ်ပိုင်းဆိုင်တာဝန်ရှိသူများ တက် ရောက်ခြင်း မရှိ သောကြောင့်တပ်ပိုင်းဆိုင်ရာကိစ္စများအား ကျယ်ပြန့်စွာဆွေနွေးနိုင်မည် မဟုတ်သော်လည်း ယခုပြု လုပ်သည့် ဆွေးနွေး ပွဲမှာ နောင်ဆွေးနွေးပွဲများအတွက်ပထမခြေလှမ်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောသည်၊။

အောက်တိုဘာ(၃၀)ရက်နေ့ကပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီအဖွဲ့သစ် နှင့်ကေအိုင်အို ဗဟိုမှ တာဝန် ရှိသူများ ပထမအကြိမ်တရားဝင်တွေ့ဆုံပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့်ယခုအကြိမ်တွေ့ဆုံမှုတွင် တပ်ပိုင်း ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန် ကြိုတင် အကြောင်းကြားထားပြီးဖြစ်သကဲ့သို့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ် ကြီးမြင့်စိုး ကိုယ်တိုင်ဝင် ရောက် ဆွေးနွေးရန် လိုက်ပါခဲ့သော်လည်း၊ ကေအိုင်အိုဗဟိုမှ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက် ဆွေးနွေးခြင်း မရှိသောကြောင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အနေဖြင့်မူဆယ်မြို့တွင် စောင့်ဆိုင်းကျန်ရှိ ခဲ့ကြောင်း ပြည်တွင်းငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးက ပြောသည်။

အောက်တိုဘာ(၃၀)ရက်နေ့တွင် တွေ့ဆုံခဲ့သည့် အဆိုပါ ဆွေးနွေးပွဲအား နှစ်ရက်တာကျင်းပရန် သတ်မှတ်ထားသော် လည်း ကေအိုင်အိုအဖွဲ့မှ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်အချို့ လာရောက်ခြင်း မရှိနိုင်သောကြောင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးခြင်း မပြုတော့နိုင်သဖြင့် အထက်ပါနိုင်ငံရေးအရ ဆွေးနွေးရန်နှင့်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် ရန် သဘောတူညီချက်များသာ ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊သစ်တောရေးရာဝန်ကြီးဌာန ပြည် ထောင်စု ၀န်ကြီး ဦးဝင်းထွန်း ၊ရှမ်းပြည်နယ်ဝန်ကြီးဦးစ၀်အောင်မြတ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန် ဆိုင်း၊ အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး၊ မြောကိပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးထွန်းထွန်း နောင်၊ ဗိုလ်မှူးချုပ်အောင်စိုး၊နယ်စပ်ရေးရာဝန်ကြီး၊ ၀န်ကြီး ဦးဇော်ဝင်း၊နှင့် အဖွဲ့ဝင်(၁၂)ဦး တက်ရောက်ခဲ့သည်။

ဒုတိယ စစ်ဦးစီးချုပ်ဦးဆွမ်လွတ်ဂွမ်၊ဦးဂျီးနောင်၊ ဦးဇော်ရော်။ဦးလဖိုင်လ အပါအ၀င်အဖွဲ့ဝင်(၁၀)ဦး ခန့်တက်ရောက် ခဲကြသည်။

နှစ်ရက်ကျင်းပရန် သဘောတူထားခဲ့သော အဆိုပါတွေ့ဆုံပွဲအား တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမည့်သူများပါဝင်ခြင်း မရှိ သောကြောင့် တစ်ရက်သာ ကျင်းပခဲ့ရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့