Friday, November 2, 2012

ကချင်ဒုက္ခသည်များအတွက် အလှူငွေ ကျပ်သိန်း(၁၀၀၀)ကျော် ရရှိ

ဂျာတော့(ပ်)-ကချင်ပြည်နယ် (မြစ်မခ)
1 Nov, 2012

စက်တင်ဘာလ(၃၁)ရက်နေ့မှ နိုဝင်ဘာလ (၁) ကြားကာလ၌ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလှူငွေကျပ်သိန်း (၁၁၈၅) တန်ဖိုးအား လက်ခံရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဒဘာသာ တက္ကသိုလ်ကျောင်းမှ ဒေါက်တာ ဆေကိန္ဒမှ အလှူငွေကျပ်သိန်း (၁၁၀)နှင့် အတူ စားသုံးကုန်ပစ္စည်း၊ အသုံးဆောင်ပစ္စည်းများတန်ဖိုးငွေသိန်း(၅၇၅)ဖိုးခန့်လာရောက် လှူဒါန်းသွားခြင်းဖြစ်သည်။

“အရှင်ဘုရားလာတော့ ဒုက္ခသည်စခန်းတွေမှာ ဒီနေ့ အလှူလာ ပေးသွားတယ်။ တစ်ယောက်ကို ဘယ်လောက်ပေါ့။ အလှူတွေ သွားပေးတာ။ သူက မြစ်ကြီးနားအတွက်ပဲ ပေးဖို့လုပ်တာ ကျွန်မက ဗန်မော်မြို့နယ်ကိုလည်း အလှူ ပေးစေချင်တယ် ပြောတော့ ဗန်မော်ကို ဆန်အိတ်တွေ ပို့ပေးဖို့ ပြန်စီစဉ်တယ်။ အရှင်ဘုရားရောက်တာနဲ့ လိုတာတွေကို တင်ပြပြီး အလှူတွေ ကောက်နေ တာ”ဟု လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

ထို့ပြင် Max ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် ကမ္ဘောဇဘဏ် အတိုင်ပင်ခံ ဦးအောင်သိန်း တို့မှလည်း ကျပ်ငွေ (၅၀၀) ဒုက္ခွသည်များ အတွက် လှူဒါန်းခဲ့သည်။

အရှင်ဆေကိန္ဒ ၏ အလှူများကို မြစ်ကြီးနားမြို့မှ ဒုက္ခသည်များနှင့် မိဘမဲ့ကလေးများအတွက်သာမက ပူတာအိုခရိုင်အတွက် ဆန် (၆၄၀)၊ ဆီက ပိဿ(၁)ထောင်။ ခေါက်ဆွဲခြောက်က (၅၀) ဖာ၊ (၄၈) ပိဿပါသော ဆားအိတ် (၂၀၈)အိတ်၊ ဆွမ်ပရာ ဘွမ်မြို့ကိုမူ ဆန် အိတ်(၁၀၀) လှူဒါန်းခဲ့သည်။

၎င်းအပြင် ကြွတ်ဘေးဒုက္ခခံနေရသည့် ၀ိုင်းမော်မြို့နယ် ဖုန်တန်ကောင်အုပ်စုမှ ၀ူယန်ရွာ၊ ကောင်းခမ်းရွာ၊ ဂျန်မိုင်ရွာရှိ (၄၇၇) လူဦးရေအား ဆန်အိတ်(၁၀၀) ပေးလှူးခဲ့ပြီး ဗန်မော်မြို့နယ်ရှိ ဒုက္ခသည်များ အတွက်လည်း ဆန်လှူးဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အလှူရှင်အချို့ကလည်း စားသုံးကုန် ဆန်၊ဆီ၊ ဆားအပြင် ကွန်ပျူတာ၊ အိပ်စောင် စသည်များကို လာရောက် ပေးလှူသွားကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့