Thursday, November 1, 2012

ရတနာပုံတယ်လီပို့အား အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန်ရှိ

ဉာဏ်ဉာဏ် (မြစ်မခ)
31 Oct, 2012

ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီကိုအများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖော် ဆောင် သွားရန်အစီအစဉ်ရှိကြောင်း သိရှိရသည်။

ရတနာပုံတယ်လီပို့မှာ လက်ရှိတွင် ပုဂ္ဂလိက ၄၅ ရာခိုင်နှုန်း နိုင်ငံတော်က(၅၁)ရာခိုင်းနှုန်း အချိုးကျထည့်ဝင် ထားသည့် ကုမ္ပဏီ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအချက်အလက်ကဏ္ဍများအတွက် ၀န်ကြီးဌာနနှင့် အများဆုံးပူးတွဲ လုပ်ဆောင် ပေးနေလျှက်ရှိကြောင်း သိရသည်။

“အခုအချိန်မှာ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ ပိုပြီးတိုးချဲ့ဆောင်ရွက်ဖို့အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ် ခေါ်နေပြီး ဒါတွေစုစည်းဆောင်ရွက်သွားဖို့ ရတနာပုံတယ်လီပို့ကို အများပိုင်ကုမ္ပဏီအဖြစ် မြင်တွေ့လာ ရတော့ မှာဖြစ်တယ်” ဟု ရတနာပုံ တယ်လီပို့မှအရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၏ဆက်သွယ်မှုကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ မှ အဓိက စီမံ လုပ်ကိုင်လျက် ရှိပြီး အောင်မြင်မူရရှိရန်အတွက် နိုင်ငံတကာမှ နည်းပညာနှင့် ပူးပေါင်း ဆောင်ရွက်မူများ ရရှိနိုင်ရန် လိုအပ်နေ ချိန်လည်းဖြစ်သည်။

မြန်မာ့နိုင်ငံရင်းနှီးမြှုပ်နှံမူကော်မရှင်ကလည်း အော်ပရေတာကုမ္ပဏီနှစ်ခုအား ခွင့်ပြုသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေး အသိုင်း အ၀ိုင်းက သိရသည်။ အဆိုပါ လုပ်ငန်းနှင့် ပတ်သက်၍ ပြည်တွင်းရှိ နည်းပညာနှင့် ဆက်စပ်သည့် လုပ်ငန်း အများစုကလည်း စိတ်ဝင်စားလျက်ရှိနေသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့