Thursday, November 1, 2012

ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်းလူ(၂)ဦးသေဆုံး

ငြိမ်းချမ်း(မြစ်မခ)
31 Oct, 2012

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နန့်မော်ရွာ ၌ အောက်တိုဘာလ(၃၀)ရက်နေ့ နေ့လည်ပိုင်း က နန့်မော်ရွာ၌ ခရီးသည်တင်ကား ကားသေနတ်မှန်၍ ခရီးသည် (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဖားကန့် ဒေသခံများထံက သိရှိရသည်။

အောက်တိုဘာလ(၃၀)ရက်နေ့တွင် ဖားကန့်မှတာမခံသို့သွားသောခရီးသည်တင် ကားသည် နန့်မော်ရွာတွင် သေနတ်ထိ မှန်ခဲ့ပြီှး တာမခံနယ်ညောင်ပင်ကုန်းရွာမှ ကိုကျော်ကျော် အသက်(၂၂)နှစ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပေါက်သဖရွာမှ မဆွေဆွေ အောင်အသက် (၂၆)နှစ်တို့နေရာတွင် သေဆုံးပြီးကားဆရာ ကိုမျိုးထွန်းအောင်၊ မမြင့်မြင့် ခိုင်၊ ကိုစိုင်းခမ်းအောင် တို့ ဒဏ်ရာ အသီးသီးရခဲ့ကြောင်း သိရှိရသည်။

“အစိုးရတပ်နဲ့ KIAတို့ တိုက်ပွဲက ကျည်ဆံလာမှန်တာလို့ ပြောတယ်၊နန့်မော်ရွာနားမှာ ဖြစ်တာပါ နှစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ သုံးယောက်ဒဏ်ရာရတယ်”ဟု ဖားကန့် NLD ပါတီမှ ကိုစိန်ထွန်းက ပြောသည်။

အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်လပြည့်နေ့တွင် ဖားကန့်မြို့နယ်အမှိုက်ခုံရွာ၊မဏိဇေရုံဘုန်းကြီး ကျောင်းနှင့် စရှော်ခကျေးရွာ တို့တွင်”ငြိမ်းချမ်းပါစေ ကချင်မြေ” ၊ ”ငြိမ်းချမ်းပါစေ ရတနာမြေ” နှင့်”ငြိမ်းချမ်းပါစေ ကမ္ဘာမြေ”ဟူ မီးပုံး (၃)လုံး လွှတ်တင် လိုက် ကြောင်း ဒေသခံများထံက သိရှိရသည်။

“ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဖို့အတွက် ဆုတောင်းပြီးသုံးနေရာခွဲပြီး မီးပုံးသုံးလုံးလွှတ်တင်လိုက်တယ်”ဟု ဖားကန့် ဒေသခံ ကိုကျော်မြိုင်ကပြောသည်။

ကချင်ပြည်နယ်တွင် (၁)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သော ကေအိုင်ကေနှင့် မြန်မာစစ်တပ်ကြား စစ်ပွဲများပြန်လည် ဖြစ်ပွားခဲ့ သည်မှာ ၂၀၁၁ခုနစ်ဇွန်လ(၉)ရက်ကတည်းကဖြစ်ပြီး ယခုအခါ တစ်နှစ်နှင့် လေးလကြာမြင့်လာပြီဖြစ်သည်။

အောက်တိုဘာလ(၃၀)ရက်နေ့ကလည်း တရုတ်နိုင်ငံရွှေလီမြို့၌အစိုးရဘက်မှပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး အကျိုး တော် ဆောင် များနှင့် KIA(ဗဟို)ဘက်မှ အရာရှိများ ပထမဆုံးအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့