Wednesday, October 31, 2012

စစ်တွေရှိ တပ်များမှာ ပြည်ထောင်စုတပ်များ မဟုတ်ဟု ပြည်နယ် ပြန်ကြားရေးကရှင်း

မိုးဝေ (ရခိုင်ပြည်နယ်)
by Myit Makha Mediagroup on 31 Oct, 2012

ဘူးသီးတောင်တပ်ရင်းမှ စစ်တွေမြို့၌ လုံခြုံရေး ရယူရန် ယနေ့နံနက်ပိုင်းတွင် တပ်ရင်းများ ရောက်ရှိနေ သည်။

စစ်တွေမြို့တွင် လုံခြုံရေး ထပ်မံတိုးမြင့်ချထားရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ “တချို့သတင်းတွေက ထွက်နေတယ်၊ ပြည်ထောင်စုက လာတဲ့တပ်တွေ ဆိုပြီးတော့ အဲဒါ မဟုတ်ပါဘူး၊ ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောက တပ်တွေပါ”ဟု ရခိုင်ပြည်နယ် သတင်း ပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေးဆပ်ကော်မတီအတွင်းရေးမှူးဦးဝင်းမြိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တည်ငြိမ်နေပြီဖြစ်သော်လည်း ရခိုင်နှင့် ဘင်္ဂလီဒုက္ခသည်များ စစ်တွေမြို့သို့ ရောက်ရှိလာနေ ဆဲဖြစ်သည်။

“သဲခုံက ရခိုင်ဒုက္ခသည်တွေ စစ်တွေမြို့ရွှေစေတီကျောင်းမှာ ရောက်နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပေါက်တောမြို့မှ ဘင်္ဂလီဒုက္ခသည်များမှာလည်း စစ်တွေမြို့ ဘာဆာရာ(အုန်းတော)ပင်လယ်ကမ်းခြေတွင်ရောက် ရှိနေကြောင်း သိရသည်။

တာဝန်ကျ ရဲတစ်ဦး၏ အဆိုအရ ဘင်္ဂလီများသည် စက်လှေများဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းကိုလည်း ၄င်းတို့၏ ပြောဆိုမှုအရသိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့