Thursday, November 1, 2012

နှစ်လက်မထက် ပိုမြင့်မားသည့် ဒေါက်မြင့်ဖိနပ်ကြောင့် ဒူးဆစ်စားနိုင်

ယမင်း(မြစ်မခ)
31 Oct, 2012

ဒေါက်နှစ်လက်မထက်ပိုမိုမြင့်မားသော ဒေါက်မြင့်ဖိနပ်ကို ကြာရှည်စွာစီးခြင်းဖြင့် ဒူးဆစ်စားရောဂါများ ဖြစ်ပွားနိုင် ကြောင်း ဆရာဝန်ကြီးများထံက သိရသည်။

"ဒေါက်ဖိနပ်ကို ကြာရှည်စွဲပြီး စီးရင် ခေါင်းကိုက်တာ၊ ခြေထောက်သွေးကြောပိတ်တာ၊ ဖနောင့် အရွတ်ကြီး ဖြစ်လာ ပြီးတော့ ခြေ သလုံးကြွက်သားတွေကို တိုတောင့်သွားစေနိုင်တယ်။ ဒူးဆစ်စား ရောဂါလည်းဖြစ်ပွားနိုင်တယ်။ အဆိုး ဆုံးက ဖနောင့်အရွတ်ကြီး တိုဝင်သွားပြီဆိုရင်တော့ ဖနောင့်တွေ အမြဲနာနေတတ်တယ်” ဟု အလုံမြို့နယ်မှ ဒေါက်တာ မြင့်ဦးက ပြောသည်။

ဒေါက်မြင့်ဖိနပ်အား တစ်နေ့လျှင်(၃)နာရီထက် ရှည်ကြာစွာ မစီးသင့်ကြောင်း ဆရာဝန်ကြီးများက ဆိုသည်။

ဒေါက်ဖိနပ်စီးခြင်းသည် ခြေချောင်းများအား ကြပ်သိပ်နေသည့်အတွက် ဖိနပ်ပေါက်သော မီးလောင်ဖု များဖြစ်ခြင်း၊ ခြေဖ၀ါးတွင် အသားမာတက်ခြင်းခြေဖ၀ါးပုံပန်းပျက်သွားခြင်း စသည်တို့ဖြစ်လာနိုင်ပြီး (၆)လခန့်အကြာတွင် ဒေါက်ဖိ နပ်အား တောက်လျှောက် စီးပါ က ခြေမျက်စိများ တောင့်တင်းလာခြင်း နှင့် ခြေချောင်းများမှာတူပုံသဏ္ဍနသို့ ပြောင်း လဲသွားခြင်းများလည်း ဖြစ်ပေါ်လာ နိုင်ကြောင်းသိရ သည်။

“ဒေါက်ဖိနပ်ကို မြင့်မြင့်စီးလေ ခြေထောက်အတွက် ဆိုးကျိုးတွေက ပိုများလေလေပဲ။ အရမ်းမြင့်ရင် ခါးကို နောက် ကော့ပြီး လျှောက်ရတဲ့အတွက် ခါးနာတာတွေလည်း ဖြစ်တတ်ပါတယ် ”ဟု မြောက်ဒဂုံမြို့နယ်မှ ဒေါက်တာ အောင်မင်းကပြောသည်။

ဒေါက်မြင်ဖိနပ်အစား ရိုးရိုးဖိနပ်စီးခြင်းဖြင့် အမျိုးသမီးများ၏ အရိုင်းကွင်းကြွက်သားများ သန်မာစေပြီး ၄င်းတို့တွင် လိင်မှုဘ၀၌ တိုးတက်ကောင်းမွန်စေနိုင်ကြောင်းကို ဒေါက်တာမာရီယာဆာရုတို ဦးဆောင်သော အီတာလျှံဆီးပါရဂူ များ၏ ဒေါက်ဖိနပ်စီး ခိုင်းသော သုတေသနပြုချက်များအရ သိရှိရသည်။

ဒေါက်ဖိနပ်သည် အေဒီ ၁၅၀၀ ခု ၀န်းကျင်ခန့်မှ မြင်းသည်တော်များ မြင်းစီးသည့်အခါ မြင်းစီးဖိနပ်၏ ဖနောင့်ပိုင်းကို ထူထူပြု လုပ်စီးခြင်းဖြင့် စတင်ပေါ်ပေါက်လာပြီး ၁၉၉၀ ခုနှစ်အလွန်တွင်မူ ကောင်းဘွိုင် ဖိနပ်၊ ဒေါက်မြင့်ဖိနပ်၊ စပိုက်ဟီး၊ ဘီးတယ်ဘွတ် အစရှိသည့် ယောင်္ကျားစီး၊ မိန်းမစီးဖနောင့် မြင့်ဖိနပ်များစီးလာခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့