Thursday, November 1, 2012

ရေလုပ်ငန်းများ၌ ကလေးလုပ်သားစေခိုင်းမှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များထောက်ပြ

ဇော်မိုး(မြစ်မခ)
1 Nov, 2012

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်ငန်းများဆောင်ရွက်ရာ၌ ကလေးသူငယ်များအား ခိုင်းစေမှုနှင့်ပတ်သက်၍ မိရိုးဖလာ လုပ်ငန်းများဖြစ်သည့်အတွက် ဒေသတွင်းရှိ ပကတိအခြေ အနေများအား လေ့လာသုံးသပ်ပြီး အကြံပြုပြောဆို သင့်ကြောင်း ဖျာပုံမြို့နယ် နောက်မှီးကျေးရွာမှ ရေလုပ်ငန်းရှင်ဥက္ကဋ္ဌက ဆိုသည်။

ရန်ကုန်(ILO)ရုံးကို တိုင်ကြားခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ရေလုပ်ငန်းရှင်များဘက်က ယခုကဲ့သို့ ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

"ကလေးသူငယ်တွေ အလုပ်လုပ်နေကြတာရှိပါတယ်။ ဒေသတွင်းက ကလေးသူငယ်တွေက မိရိုးဖလာ လုပ်ကိုင်လာကြတာပါ။ ဒါကို အခြားဒေသကရောက်လာတဲ့သူတွေနဲ့ရောပြီး ကလေး သူငယ်အလုပ်ခိုင်စေတယ်ဆိုကို သိမ်းကျုံးပြောဆိုနေကြတာပါ။ အဲဒါကြောင့် ပဂတိဖြစ်ရပ်မှန်ကို သိဖို့တော့ တော်တော်လေးလိုအပ်တယ်" ဟု နောက်မှီးကျေးရွာမှရေလုပ်ငန်းရှင်ဥက္ကဌ ဦးဝင်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်တွင်း ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော ရပ်ကွက်ကြီး(၉)ခု စလုံးမှ ဒေသခံ အိမ်ခြေတစ်ထောင်ဝန်းကျင်ခန့်ရှိပြီး ရေထွက်လုပ်ငန်းများအား အကြီးစား၊ အလတ်စားလုပ်ငန်းများအနေဖြင့် အသက်မွေးဝမ်း ကြောင်း ပြုလုပ်ကိုင်နေကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။

"ဒေသခံ ကလေးငယ်တွေကလည်း အသက်မပြည့်သေးပဲနဲ့လည်း မိရိုးဖလာမလို့ လုပ်ကိုင်နေကြ တာပါ။ ပြောရင် ဗီဇပါလာပြီး သား လေ။ ဒေသခံမိသားစုလုပ်ငန်းဖြစ်တော့ မိန်းကလေး၊ လူကြီး၊ လူငယ်နှင့် ကျောင်းပညာဆက်လက် သင်ကြားမှုမရှိတော့ပဲ ကလေးငယ်များအားလုံး စားဝတ်နေရေးအတွက် မဖြစ်နေ လုပ်ကိုင်ကြရတာပါ"ဟု ဒေသခံဖောင် ဦးစီးတစ်ဦးဖြစ်သူ ကိုမြင့်သိန်း က ပြောသည်။

ဒေသတွင်းရေထွက်အလုပ်ရုံတစ်ခုစီတွင် ကုန်းပေါ်နေ ရေထဲလုပ်သား (၁၀၀)ကျော်မှ ၂၀၀ ခန့်ရှိသော အလုပ်ရုံ (၃၅)ရုံကျော် ဖြင့် လည်ပတ်လုပ်ကိုင်နေပြီး ပင်လယ်ပြင်အတွင်း ပိုက်ချငါးဖမ်းသည့် ဖောင် မှာ(၈၀၀)ကျော်ရှိကြောင်း ကိုလည်း ၄င်းတို့ထံက သိရှိရသည်။

"ကျွန်မနဲ့အတူကလေးတွေက အလုပ်ရုံမှာငါးရွေးကြပါတယ်။ မိသားစု ၀င်ငွေရအောင်ပေါ့၊ အလုပ်ရုံမှာ လုပ်တဲ့ သူတွေကိုလည်း ရေလုပ်သား လို့ သတ်မှတ်လို့မရပါဘူး။ မိသားစုစားဝတ်နေရေး အဆင်ပြေ အောင် ဒီလိုပဲ လည်ပတ်နေရတယ်"ဟု ဒေသခံ ဒေါ်တင်မြက ပြောသည်။

မီဒီယာတချို့တွင် ဖေါ်ပြခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ နောက်မှီး ကျေးရွာရှိ ရပ်မနား အလုပ်ရုံတွင် ဇလွန်မြို့နယ်မှ ပွဲစားလက်ချက်ဖြင့် အလုပ်လုပ်ကိုင်နေရသည့် အသက်မပြည့် ကလေးငယ် ၄၃ ဦးကို အလုပ်ပိုင်ရှင်ဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိုင်း ကာ အောက်တိုဘာ ၂၆ ရက်နေ့က ပြန်လွှတ်ခဲ့ခြင်း ကြောင်းနှင့် အလုပ်ရှင်များ ဘက် မှအလုပ်စည်း ကမ်းနှင့်အညီသက်ဆိုင်ရာ ကလေးငယ်များကို ပေးမတွေ့ခဲ့ ခြင်းကြောင့် စိုးရိမ်နေသော မိဘများက အောက်တို ဘာ(၂၄)ရက်နေ့တွင် ရန်ကုန် (ILO)ရုံးကို တိုင်ကြားခဲ့ သည်ဆိုသည့် သတင်းမှာ ရေလုပ်ငန်းအလုပ်ရုံများလုပ် ကိုင်နေကြသူ များ၏ ပကတိအခြေအနေ ဖြစ်စဉ်မှန် နှင့်ကွဲလွဲ နေကြောင်းကို ဒေသတွင်း အလုပ်ရုံပိုင်ရှင်များက ထောက်ပြခဲ့ခြင်းဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့