Wednesday, October 31, 2012

ရန်ကုန်တိုင်းအတွင်း မိုက္ကရိုဝေ့တာဝါတိုင်များ တိုးချဲ့တပ်ဆင်

ဥာဏ်ဥာဏ် (မြစ်မခ)
31 Oct, 2012

ရန်ကုန်တိုင်းဒေသကြီး အချို့နေရာများ၌ မိုက္ကရိုဝေ့တာဝါတိုင်များ တိုးချဲ့တည်ဆောက်လျှက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သိရသည်။

အံ့ကြီးအရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက် ကျေးရွာချင်းဆက်၊ လမ်းဆုံနေရာတွင် ဆက်သွယ်ရေးလုပ်ငန်း ပိုမို အဆင်ပြေစေ ရန် အဆိုပါ မိုက္ကရိုဝေ့တာဝါတိုင်များအား တည်ဆောက်နေခြင်းဖြစ်ပြီးလျက်ရှိရာ နှုန်းပြည့်နီးပါး ပြီးစီး နေ ပြီဖြစ်ကြောင်း သိရှိရသည်။

“ခုလိုပြုလုပ်ရတာဟာ မိုဘိုင်းဖုန်းတွေ ထပ်မံချထားပေးနိုင်ရန်အတွက် မိုက္ကရိုဝေ့ တာဝါတိုင်များကို နေရာအနှံ့ တည်ဆောက် ရတာပါ၊ တည်ဆောက်ပြီးရင် မိုဘိုင်းတယ်လီဖုန်းလိုင်း အင်အားတွေကို တိုးချဲ့ချထားပေးနိုင်မှာ ဖြစ် တယ်”ဟု မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းအင်ဂျင်နီယာချုပ်က ပြောသည်။

ယခင်က ဒလမြို့နယ်၌ မိုက္ကရိုဝေ့တာဝါတိုင် တစ်ခုတည်းသာ ရှိခဲ့ပြီး ယခုအခါ မိုက္ကရိုဝေ့ တာဝါတိုင်တစ်ခုအား တည်ဆောက် လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မြို့နယ် ကျေးရွာများအတွက် GSM/UMTS တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနိုင်သော မိုဘိုင်း တယ်လီဖုန်း ရေဒီိယိုစခန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စခန်း ၇၀၀ မျှ ရှိကြောင်း ဆက်သွယ်ရေးမှ သတင်းထုတ်ပြန် သည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း လူနေဧရိယာ၏ ၈၅ ရာခိုင်နှုန်းကို မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးဖြင့် လွှမ်းခြုံနိုင်ရမည်ဟုမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ဆိုထားသည်။

တိုးချဲ့ထပ်ဆင်မည့် မိုဘိုင်းတယ်လီဖုန်းလိုင်း အင်အားမှာ ၂၀၁၃-၁၄ ခုနှစ်တွင် ၁၀ သန်း၊ ၂၀၁၄-၁၅ ခုနှစ်တွင် ၁၄ သန်း၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၁၅ ဒဿမ ၅ သန်း၊ စုစုပေါင်း ၃၉ ဒဿမ ၅ သန်း ရှိမည်ဖြစ်သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့