Friday, November 2, 2012

နိုင်ငံခြား အကြွေးဝယ်ကတ်များ မြန်မာနိုင်ငံ သို့ ရောက်ပြီ

နိုဝင်ဘာလ ၀၁၊ ၂၀၁၂

မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်စနစ် မဖွံ့ဖြိုးခဲ့ခြင်းသည် ကမ္ဘာ့ခရီးသွား ဧည့်သည်များအတွက် နှစ်ကာလ ရှည်စွာ ခေါင်းခဲ စိတ်ပျက်ခဲ့ရမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ် စနစ်ကို စတင်တော့မည် ဖြစ်ရာ Visa, Master Card, China Union Pay နှင့် Japan Credit Bureau တို့သည် မြန်မာအစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ခွင့်ပြုချက်ရရှိသွားပြီဖြစ်သည်။ အဆိုပါသတင်းကို အစိုးရ ထိန်းချုပ်ထားသော မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ သော်လည်း မည်သည့် နေ့ရက်တွင် စတင်မည် ဆိုသည့်အချက်ကိုမူ မဖော်ပြခဲ့ပေ။

အဆိုပါ အကြွေးဝယ်ကတ်များ စတင်ကျင့်သုံး နိုင်ရန် စာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာ့သတင်း နည်းပညာ ကုမ္ပဏီတို့မှ နည်းပညာအရ တာဝန်ယူ ကိုင်တွယ် မှာဖြစ်ပြီး ဒေသခံဘဏ်များနှင့် ATM စက်များမှ တစ်ဆင့် စားသောက်ဆိုင် များ ဟိုတယ်များတွင် စတင် သုံးစွဲအသုံးပြုမည် ဖြစ်ပါသည်။ အမေရိကန်၏ ဆယ်စုနှစ်ချီ၍ ပိတ်ဆို့ အရေးယူ မှုကြောင့် မြန် မာနိုင်ငံတွင် အဓိကကျသော အကြွေးဝယ် ကတ်စနစ်မှာ ကျယ်ပြန့်စွာ မဖွံ့ဖြိုးခဲ့ သဖြင့် နိုင်ငံခြား ခရီးသွားများနှင့် စီးပွားရေး သမားများသည် ငွေအထပ်လိုက် ကိုင်တွယ် သုံးစွဲခဲ့ကြရပါသည်။ သည် မြန်မာနိုင်ငံ၏ သမဝါယမဘဏ်နှင့် တွဲဖက်၍ အကြွေး ဝယ်ကတ်စနစ်ကို ကျင့်သုံးမည်ဟု လွန်ခဲ့သောလက ကြေညာ ခဲ့ပါသည်။ ငွေချေရေး စနစ်ကို အီလက်ထရောနစ် စနစ်အသွင် ပြောင်းလဲမှုသည် ခရီးသွားလုပ်ငန်းအတွက် ကောင်းသော အကျိုးသက်ရောက် မှု ရရှိစေမည် ဖြစ်ပါသည်။

Ref: အင်ဒီပဲန်ဒင့်

0 comments:

အပေါ်သို့