Friday, November 2, 2012

JETRO အကြီးအကဲမြန်မာ့ ဈေးကွက်ကို အမွှမ်းတင်ပြောကြား

နိုဝင်ဘာလ ၀၂၊ ၂၀၁၂

ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့အစည်း (Japan External Trade Organization) အကြီးအကဲက မြန်မာနိုင်ငံ သည် လူလတ်တန်းစားများ အားကောင်းလာခြင်းဖြင့် မြန်မာဈေးကွက်သည် ဂျပန် စီးပွားရေးသမားများ အတွက် အခွင့်အလမ်း များ မြင့်တက်ရလာနိုင်ကြောင်း ပြောကြားလိုက်ပါသည်။ Ishige သည် မကြာမီက ရန်ကုန်မြို့ အနီးတစ်ဝိုက် တွင် ဂျပန် ကုမ္ပဏီများအတွက် စက်မှုဇုန်အသစ်များထူထောင်ရန် ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူ ဖြစ်ပါ သည်။ မြန်မာနိုင်ငံ ၏ လုပ်ခသက်သာခြင်း၊ စာတတ်မှုနှုန်း မြင့်မားခြင်းတို့သည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆွဲဆောင်မှုများ ဖြစ်သည်ဟု Ishige က မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

လက်ရှိ မြန်မာနိုင်ငံကို ကုလသမဂ္ဂ၏ စံချိန်စံညွှန်းများအရ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ထား သော်လည်း လူလတ် တန်းစားများ တိုးပွားလာစေရန် ပိုမိုကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စားသုံးသူဈေး ကွက်ကို ကြီး ထွားစေနိုင်ကြောင်း၊ Ishige က ပြောကြားခဲ့ပါသည်။ ဂျပန် ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ လိုကြောင်း Ishige က ခိုင်မာစွာ ပြောကြားခဲ့ပါသည်။

ရန်ကုန်အနီးတစ်ဝိုက်သို့ ရောက်စဉ် သူ့အား လိုက်ပါလာသူများမှ မေးခွန်းများ မေးခဲ့ကြောင်း၊ မေးခွန်းများမှာ စွမ်းအင် လိုအပ် ချက် ပြဿနာများ၊ ရေအရင်းအမြစ် ပြဿနာများ၊ နှစ်ရှည်ကြာနေပြီ ဖြစ်သော ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာ များနှင့် သယ်ယူပို့ဆောင်ရေး ပြဿနာရပ်များ ဖြစ်ကြောင်း Ishigeက ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပြတ်တောက်မှု မကြာခဏဖြစ်တတ်ပြီး စက်ရုံများသည် ကိုယ်ပိုင်မီးစက်များ အရန်ထားကာ လုပ် ငန်းကို လည်ပတ်နေကြရကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဟောင်းဖြစ်သူ Ishige က ပြော ကြားပါသည်။ အနောက်အုပ်စု၏ စီးပွားရေး အရေးယူပိတ်ဆို့မှု ဖြေလျှော့ပြီးချိန် တွင် ဂျပန်ကုမ္ပဏီများသည် မြန်မာ အစိုးရပိုင်း၏ အကြံဥာဏ်ကို ယူကာ မြန်မာစီးပွားဖက်များ ရှာဖွေလျက် အလုပ် လုပ်သင့်ကြောင်း Ishige က ဂျပန် ကုမ္ပဏီများကို အကြံ ပြုထားပါသည်။

Ref: အင်ဒီပဲန်ဒင့်

0 comments:

အပေါ်သို့