Wednesday, October 31, 2012

ပြည်နယ်အတွင်း သတင်းဖြစ်က ရခိုင်ကွန်ယက်က ဖြေကြားပေးမည်

ဝင့်သင်ဇာကျော်(မြစ်မခ)
29 Oct, 2012

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသောပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် သမိုင်းကြောင်းနှင့် သတင်းအမှန် ပေါ်ထွက် လာ စေရေးအတွက် အောက်တိုဘာ(၂၈)ရက်နေ့၊ နေ့လည်(၁)နာရီဝန်းကျင်က ရွှေတိဂုံဘုရားအရှေ့မုဒ် ရခိုင် ဓမ္မာရုံ၌ ရခိုင်ကွန် ယက် အဖွဲ့ဖွဲ့စည်းခဲ့သည်ဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးထံက သိရှိရသည်။

“လေ့လာစုံစမ်းရေးအဖွဲ့က ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ချင်ရင် ပြောရေးဆိုခွင့်ရှိတဲ့ ဒီအဖွဲ့က မှန်ကန်တဲ့ သတင်းတွေ အချိန်နဲ့ တစ်ပြေးညီပြောနိုင်အောင် ပြောရေးဆိုခွင့်အဖွဲ့ဖွဲ့တာပါ။” ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော် အေးမောင်က ပြောသည်။

ရခိုင်ကွန်ယက်ဖွဲ့စည်းခြင်းအားဖြင့် ရခိုင်အရေးကိစ္စများအား စုံစမ်းစစ်ဆေးနေသူများအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက ရခိုင်ကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူများက ပြန်လည်ဖြေကြား ပေးမည်ဖြစ် သည်။

“လေ့လာစုံစမ်းရေးအဖွဲ့က ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ချင်ရင် ပြောရေးဆိုခွင့် ရှိတဲ့ဒီအဖွဲ့က မှန်ကန်တဲ့ သတင်းတွေအချိန်နဲ့ တစ်ပြေးညီပြောနိုင်အောင် ပြောရေးဆိုခွင့် အဖွဲ့ဖွဲ့တာပါ။” ဟု ဦးဇော်အေးမောင်က ပြောသည်။

အဆိုပါ ရခိုင်ကွန်ယက်အဖွဲ့တွင် ရခိုင်သမိုင်းကြောင်း ကျွမ်းကျင်သူများ၊ စီးပွားရေးပညာရှင်များ၊ ဥပဒေပညာ ရှင်များ၊ နိုင်ငံ တကာ အတွေ့အကြုံရှိသူများနှင့် လူငယ်များပါဝင်ပြီး ရခိုင်သမိုင်းကြောင်း နားလည်သူများ ထပ်မံ ပေါ်ပေါက်လာပါက အဖွဲ့ဝင် အဖြစ် ထပ်မံခန့်အပ်သွားမည်ဖြစ်သည်ဟု ၄င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ရခိုင်အရေးနှင့် ပတ်သက်သည့် လူမှုရေးအသင်းအဖွဲ့များ (၄၅)ဖွဲ့ခန့်ရှိသော်လည်း တစ်ဦးနှင့်တစ်ဦး အချိတ်အ ဆက်မရှိခြင်း၊ ရခိုင်သမိုင်းကြောင်းဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက် အလက်များကို မှန်ကန်စွာပေးနိုင်သူ နည်းပါးနေခြင်း တို့ကြောင့် ပြောရေးဆိုခွင့်ရှိသူများ ပါရှိသော ရခိုင်ကွန်ယက်ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကွန်ယက် အဖွဲ့ဝင်များထံမှ သိရှိရသည်။

“ကွန်ယက်ပုံစံသွားတာ ကောင်းတယ်၊ တစ်စုတစ်စည်းတည်းရှိတယ်။ ကွန်ယက်ပုံစံသွားရင် ကျွန်တော်တို့ လက်ခံ တယ်။” ဟု ရခိုင် ကွန်ယက်ဖွဲ့စည်းရေးသို့ လာရောက်သူ ဒေါက်တာအေးမောင်က ပြောသည်။

အဆိုပါ ရခိုင်ကွန်ယက်ကို ပြောရေးဆိုခွင့်ရှိသူ (၂၇)ဦးခန့်ဖြင့် ဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခ များနှင့်ပတ်သက်၍ ပြည်တွင်း၊ပြည်ပမီဒီယာများမှ မေးမြန်းချက်များအား ဖြေကြားပေးနိုင်ရန် အတွက်ဖွဲ့စည်း ခြင်းကို ထောက်ခံ အားပေးသည်ဟု ရခိုင်ကွန်ယက်အဖွဲ့ဝင် ဒေါ်နုမြဇွန်က ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့