Wednesday, October 31, 2012

မင်းပြား၌ မီးဘေးသင့် ဒုက္ခသည်လေးထောင်ကျော်ရှိ

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
31 Oct, 2012

မင်းပြားမြို့နယ်တွင် မီးလောင်ပျက်စီးခဲ့မှုများကြောင့် ရခိုင်နှင့် ဘင်္ဂလီဒုက္ခသည် ၄၂၇၀ ဦး ရှိပြီး၎င်းတို့အား မူလ နေရာများ၌ ယာယီရွက်ဖျင်တဲဖြင့် နေရာချထားပေးကြောင်း မင်းပြားမြို့မြို့နယ် ရဲတပ်ဖွဲ့မှူးက ဆိုသည်။

အောက်တိုဘာ(၂၂)ရက်နေ့က ဖြစ်ပွားခဲ့သော ရခိုင်နှင့်ဘင်္ဂလီ ပဋိပက္ခကြောင့် မင်းပြားမြို့နယ်တွင် ကျေးရွာ(၆)ရွာ မီးလောင် ပျက်စီးခဲ့ခြင်းဖြစ်သည်။

မင်းပြားမြို့နယ်၌ အောက်တိုဘာ(၂၁)ရက်နေ့ ပိုက်သည်ကျေးရွာမှ စတင်ခဲ့သော ရခိုင်နှင့် ဘင်္ဂလီပဋိပက္ခကြောင့် ဆန် ထိုးတန်း ကျေးရွာ၊ ပိုက်သည်ကျေးရွာ၊ အောင်ဒိုင်ကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ စမ္ဘလေ၊ သာဒါကျေးရွာ တို့မီးလောင် ပျက်စီးခဲ့ခြင်း ဖြစ် သည်။

ထို့အပြင် မင်းပြားမြို့နယ်၌ထပ်မံ ပဋိပက္ခများမဖြစ်ရအောင် ၂၉ နေရာထိ လုံခြုံရေးအပြည့်အဝချ ထားကြောင်းကိုလည်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ဆိုသည်။

မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း(၂၆၄)ရွာရှိပြီး ဘင်္ဂလီကျေးရွာ(၁၅)ရွာရှိရာ ယခုပဋိပက္ခဖြစ်ပွားခဲ့သော နေရာများ သည် ရခိုင်နှင့် ဘင်္ဂလီတို့နေထိုင်သည့် ကျေးရွာများဖြစ်သည်။

ထိုအပြင် မင်းပြားမြောက်ဦး လမ်းကြောင်းကိုလည်း ပိတ်ထားရဆဲဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့