Tuesday, August 2, 2011

လုပ်ခသတ်မှတ်ဖို့ အဖွဲ့သစ် တခုဖွဲ့ဖို့ တောင်းဆို

August 1, 2011

အမျိုးသား လုပ်ခသတ်မှတ်ရေး ၃ ပွင့်ဆိုင်ကော်မတီအောက်က လက်ရှိစနစ်တွေကိုအစားထိုးဖို့ နေ့စဉ်အနိမ့်ဆုံးလုပ်ခ တွေ တွက်ချက်ဖို့အတွက် လွတ်လပ်တဲ့အဖွဲ့တခုကို ထူထောင်သင့်တယ်။ ဒီအဖွဲ့ရဲ့ အစိုးရကိုယ်စားလှယ်တွေက အလုပ် ရှင်တွေ ဘက်ကိုပဲ ပုံမှန်ရပ်ကြတာ ဖြစ်တယ်။ လို့ တနေ့ကကျင်းပတဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဟောပြောပွဲတခုမှာ အလုပ် သမား သမဂ္ဂ၀င် တွေက ပြောပါတယ်။


လုပ်ခသတ်မှတ်ရေး ၃ပွင့်ဆိုင်ကော်မတီအောက်မှာ အလုပ်သမားကိုယ်စားလှယ်တွေအတွက် အကျိုးမရှိဘူး။ ဘာလို့လဲ ဆိုတော့ အာဏာပိုင်တွေနဲ့အလုပ်ရှင်တွေအကြေား ဘက်လိုက်ပြီး စေ့စပ်ဆွေးနွေးတဲ့အပေါ်အခြေခံပြီး လုပ်ခတွေကို တွက်ချက် အတည်ပြု ထားလို့ဖြစ်ပြီး၊ စီးပွားရေးအကြောင်းအချက်တွေအပေါ် အခြေခံထားတဲ့ မျှတတဲ့ အချက်အလက် အခြေအနေ တွေ ပေါ်မှာ မူတည်တွက်ချက်သတ်မှတ်တာ မဟုတ်လို့ ဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူ ဆာ့က် ဒီနားချတ်ခူးလ်နာ အယုဒ္ဒယက ပြောပါတယ်။ “ထိုင်းလူ့အဖွဲ့အစည်းထဲမှာ အများစုဖြစ်တဲ့ အလုပ်သမားတွေမှာ သူတို့ အ တွက် အနိမ့်ဆုံးဝင်ငွေကို ပုံဖော်နေတဲ့ ဒီအဖွဲ့ထဲမှာ ဘယ်တုန်းကမှ ဆုံးဖြတ်နိုင်တဲ့ အာဏာမရှိဘူး။

ဖွဲ့စည်းမယ့်အဖွဲ့သစ်ဟာ သူတို့နေထိုင်မှုဘ၀တွေမှာ ပိုမိုသက်တောင့်သက်သာဖြစ်စေဖို့၊ လုပ်ခပိုရဖို့နဲ့မျှမျှတတဖြစ်ဖို့တွေ ကို အာမခံဖို့ လက်နက်ကိရိယာတခုအနေနဲ့ ထမ်းဆောင်မှာဖြစ်တယ်” လို့ သူက ထပ်ပြောပါတယ်။ “လုပ်ခတိုးပေးတာ ကို အခု ဖြစ်နေတဲ့ အရှင်သခင်နဲ့အစေခံ၊ ကျေးကျွန် ရှူထောင့်ကနေ မဟုတ်ဘဲ အလုပ်ရှင်-အလုပ်သမားဆက်ဆံရေးကို ကြည့်တဲ့ ရှူထောင့်အသစ်ကနေ တဆင့် တိုးပေးသင့်တယ်” လို့ သူက ပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ ၃ ပွင့် ဆိုင်အဖွဲ့၊ ကိန်းဂဏန်းတွေအရ ငွေဖောင်းပွမှုက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ နှစ်စဉ် ၂.၇၆% ရှိပြီး လုပ်ခတိုးတာက ၂.၅၇% ပဲ ရှိတယ်လို့ သိရပါတယ်။

အငယ်စားနဲ့အလတ်စားလုပ်ငန်းရှင်တွေကို ထောက်ပံ့ပေးဖို့ အစိုးရရန်ပုံငွေအဖွဲ့ကို ဖွဲ့ထားသင့်တယ်လို့ ထိုင်းစက်မှုလုပ် ငန်းအဖွဲ့ချုပ် ဒုတိယခေါင်းဆောင် ထာဝီးကစ်ခ်ျ ကျတုကျာရုန်းခွန်က စာတမ်းဖတ်ပွဲမှာ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ပြော ပါတယ်။ လာမယ့်အစိုးရက ကြေညာတဲ့ နေ့တွက်လုပ်ခ ဘတ် ၃၀၀ နဲ့ ထပ်ဆောင်းတန်ဘိုးခွန်တွေက အငယ်စားနဲ့ အလတ် စားလုပ်ငန်းရှင်တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။ ရှူးဖိနပ်ထုတ်လုပ်လုပ်သူတွေ အတွက် အများဆုံး ထိခိုက်နစ်နာစေမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းက လူအင်အား အများဆုံး သုံးရလို့ဖြစ်တယ်။ စက်တွေအများ ဆုံးသုံးရတဲ့ အကြီးစားထုတ်လုပ်သူ ၃၀နဲ့ပဲ ယှဉ်ကြည့်ရင် အငယ်စားနဲ့အလတ်စားလုပ်ငန်းတွေမှာ အလုပ်သမား ၂၀၀၀ လောက် သုံးရတယ်လို့ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်အောက်က ရှူးဖိနပ်လုပ်ငန်းကဏ္ဍ၊ အကြီး အကဲ ထမ်းရုန်းသီထိဖရာဆာ့တ် က ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခ ၃၀၀ နှုန်းထားက ငွေဖောင်းပွမှုတွေ ဖြစ်စေမှာဖြစ်ပြီး နေထိုင်မှုစရိတ်စားခ ကြီးမြင့်လာတာကြောင့် နောက် ထပ်တိုးပေးတာတွေလည်း လုပ်ဖို့လိုလာမှာ ဖြစ်တယ်လို့ Tisco အာမခံလုပ်ငန်းက အကြီးတန်းဘောဂဗေဒ ပညာရှင်၊ ခမ်ဖိုးလ် အဒီရက်ဆွမ်ဘတ်က ပြောပါတယ်။ အလုပ်ရှင်ဆီက နေ့တွက်ဘတ် ၃၀၀ တောင်းတဲ့ အလုပ်သမား တွေဖက်ကလည်း လုပ်ငန်းအရည်အသွေးမြှင့်တင်ရေးသင်တန်းတွေ တက်သင့်တယ်ဆိုတဲ့ အဆိုပြုချက်ကို သူလည်း သဘော တူပါတယ်။

အလုပ်သမားခေါင်းဆောင် ချာလီးလွိုင်ဆွန်းက အလုပ် သမားတွေနဲ့အလုပ်ရှင် ၂ဦးစလုံးအတွက် ထောက်ပံ့ပေးတဲ့ ရန်ပုံ ငွေ အဖွဲ့တခု ထူထောင်ပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။ နေ့တွက်လုပ်ခ ဘတ် ၃၀၀ ကြောင့် ထိခိုက်နစ်နာရတဲ့ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ စာရင်းဇယားတွေကို မကြာမီအတွင်းရအောင် လုပ်ထားသင့်တယ်။ ဒါမှ အစိုးရ အနေနဲ့ ဘာတွေ ဆောင်ရွက်ပေးရမလဲဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပြီး ထိခိုက်နစ်နာရတဲ့အငယ်စားနဲ့ အလတ်စား လုပ် ငန်းရှင်တွေကို ရန်ပုံငွေ ထောက်ပံ့ဖို့ အပိုငွေတွေ ရှာနိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့