Tuesday, August 2, 2011

ကျတုပေါန်နဲ့ တခြားအမတ်တွေ အတည်ပြုလိုက်ပြီ

August 2, 2011

ပါလီမန်အမတ်တယောက်အဖြစ် အသိအမှတ်ပြုဖို့ သူ့အရည်အသွေးအပေါ် သံသယရှိပေမဲ့လည်း ရွေးကောက်ပွဲကော် မရှင်က ရှပ်နီခေါင်းဆောင် ကျတုပေါန်ဖရွမ်ဖန် ကို ဖွေ့ထိုင်းပါတီစာရင်းဝင် အမတ်တယောက်အဖြစ် တမြန်နေ့က အတည်ပြုလိုက်ပါတယ်။


ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေက ထောက်ခံမဲ ၄ မဲ၊ ကန့်ကွက်မဲ ၁မဲနဲ့ ကျတုပေါန်ကို မဲပေးခဲ့ပါတယ်။ သူ့ကို ဇူလိုင်လ ၃ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ သတ်မှတ်ချက်တွေနဲ့ကိုက်မကိုက်အပေါ် ပြဿနာရှိတာကြောင့် အရင် က သူမဲနိုင်တာကို အတည်ပြုပေးဖို့ ဆိုင်းငံ့ထားတာပါ။ တရားရုံးအမိန့်အရ ကျတုပေါန်ကို ထိန်းသိမ်းခဲ့လို့ ရွေး ကောက်ပွဲနေ့တုန်းက မဲမပေးခဲ့ ရပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ သူအမတ်ဖြစ်ရေး သတ်မှတ်ချက်နဲ့ညီမညီ ပြဿာနာ ဖြစ်ခဲ့တာပါ။ ကျတုပေါန်ရဲ့ အမှုကို အခြေခံ ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့ အခြေခံဥပဒေ တရားရုံးကို ပို့ရမယ်။ ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က အကြံပေးဖို့များပါတယ်။ လို့ သတင်းရပ်ကွက်က ဆိုပါ တယ်။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ လိမ်လည်မှုနဲ့သံသယရှိတဲ့အတွက် အစောပိုင်းက ဆိုင်းငံ့ထားတဲ့ တခြား အမတ် ၃ယောက်ကိုလည်း အတည်ပြုပေးခဲ့ပါတယ်။ အခုဆို ရွေးကောက်ပွဲဌာနက အမတ် ၅၀၀ကို အတည် ပြုပေးပြီးပါပြီ။

အစောပိုင်းက ဆိုင်းငံ့ထားတဲ့ အမတ် ၃ယောက်ထဲက ဖွေ့ထိုင်းပါတီအမတ်တဦးနဲ့ ဖူးမ်ကျိုင်ထိုင်းပါတီအမတ် တဦးတို့ ဟာ နောင်ခိုင်နဲ့ ဆူခိုထိုင်း မဲဆန္ဒနယ်မှာ ဒုတိယအကျော့မဲပေးရာမှာ အသီးသီး အနိုင်ရခဲ့ပါတယ်။ တတိယတယောက် ဖြစ်တဲ့ ဒီမိုကရက်အမတ် ကို ယာလမဲဆန္ဒနယ်မှာ မဲတွေပြန်လည်ရေတွက်ရာမှာ အနိုင်ရသူ အဖြစ် ကြေညာခဲ့ပါတယ်။

တမြန်နေ့အစောပိုင်းက မြေယာကာကွယ်စောင့်ရှောက်ရေးနိုင်ငံသားများ ကွန်ယက်ရဲ့ ညှိနှိုင်းရေးမှူး၊ ဒေါက်တာ တူးလ်ဆစ် သီဆုမ်ဝေါင်းက ကျတုပေါန်ကို ဖွေ့ထိုင်းပါတီအမတ်အဖြစ် အသိအမှတ်ပြုတာကို ကန့်ကွက်ကြောင်း ရွေး ကောက်ပွဲကော်မရှင်ကို အသနားခံစာ တင်သွင်းပါတယ်။ ရွေးကောက်ပွဲကော်မရှင်၊ ဥက္ကဋ္ဌ၊ အဖိချာ့တ် ဆူခါ့ခ်ျဂါနွန့် ဆီ ကို လိမ်မူထားတဲ့ အသနားခံစာ ကို ရွေးကောက်ပွဲအဖွဲ့၊ အကြီးတန်းအရာရှိတဦးက လက်ခံပါတယ်။ ကျတုပေါန်ရဲ့ အဆင့်အတန်းနဲ့ပတ်သက်ပြီး သံသယရှိပေမဲ့လည်း သူ့ကို အမတ်အနေနဲ့အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေအရ အရေးယူမယ်လို့ တူးလ်က ခြိမ်းခြောက်ပါတယ်။

မေလမှာ ဖွင့်ခဲ့တဲ့ ရွေးကောက်ပွဲအမတ်အဖြစ် မှတ်ပုံတင်ချိန်၊ တရားရုံးအမိန့်အရ သူ့ကို ဖမ်းထားတဲ့အချိန်ကစပြီး ကျတုပေါန်ကို ပါတီဝင်မဟုတ်တော့ဘူးလို့ ယူဆရမှာ ဖြစ်တယ်။ လို့ တက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။ ဖွေ့ထိုင်းပါတီခေါင်းဆောင် ယောင်ယုသ်ဝီချိုင်းဒစ်နဲ့ အတွင်းရေးမှူးချုပ် ကျရုဖုံရွမ်ဆုဝမ် တို့က ရွေးကောက်ပွဲကော် မရှင်ရှေ့မှောက်မှာ အစစ်ဆေးခံတုန်းက ကျတုပေါန်ဟာ ပါတီဝင်အဖြစ် ရှိနေတုန်းပဲလို့ အာဏာပိုင်တွေကို မှားယွင်း စွာ ထုတ်ဖော် ပြောဆိုထားတာပါ။ ကျတုပေါန်ရဲ့ ရည်မှန်းချက်က ရွေးကောက်ပွဲကော်မရှင်ရဲ့အတည်ပြုချက်ရရေးပါပဲ။ ဒါမှ ပါလီမန်အစည်းအဝေးကျင်းပနေတုန်းမှာ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတာကနေ ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

မနှစ်တုန်းကဘန်ကောက်မြို့လည်ခေါင်မှာ ရှပ်နီတွေရဲ့ အဓိကရုဏ်းဆူပူမှုတွေနဲ့ဆက်စပ်နေတဲ့ အကြမ်းဖက်မှုလုပ်ရပ် စွဲဆိုချက်နဲ့ ကျတုပေါန်ကို ဘန်ကောက်က ရီမန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့