Thursday, August 4, 2011

ရလလဖ ခေါင်းဆောင် စောတာခဲလယ် ကွယ်လွန်

August 3, 2011

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ရဲ့ ခေါင်းဆောင်ဟောင်း ဦးစောတာခဲလယ် အသက် ၉၅ နှစ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ည ၇ နာရီမှာ လူကြီးရောဂါနဲ့ တောင်ကြီးမြို့ထွန်းပုဂ္ဂလိက ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။


ဦးစောတာခဲလယ်ဟာ ပအိုဝ့်တော်လှန်ရေးအစ (ပအလဖ) မှာ စတင်ပါဝင်သူဖြစ်ပါတယ်။ နောက်ပိုင်း လူမျိုးပေါင်းစုံပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့သလို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလ လဖ) ဗဟိုကော်မတီနဲ့ စစ်ကော်မရှင် ဥက္ကဋ္ဌ တာဝန် ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။

ရလလဖ ဟာ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဦးစောတာခဲလယ် ကွယ်လွန်ချိန်အထိ ရလလဖရဲ့ အကြံပေးကော်မတီမှာ တာဝန်ထမ်း ဆောင်နေဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ ဈာပနအခမ်းအနားကို လာမယ့် ၆ ရက်နေ့ စနေနေ့ နှစ်ခြင်းခရစ်ယာန်သုသာန်မှာ သင်္ဂြီုဟ်မှာဖြစ်ပါတယ်။ သူ့နာ ရေးမှာ ပအိုဝ့်တိုင်းရင်သားအဖွဲ့အစည်းခေါင်းဆောင်တွေ တက်ရောက် ဂါရ၀ ပြုခဲ့ကြသလို သူ့ကို လေးစာကြည်ညိုသူတွေ သွားရောက် ခဲ့ကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့