Wednesday, August 3, 2011

ရှမ်းပြည်နယ် မြောက်ပိုင်းသည် လူကုန်ကူးမှု ဖြစ်ပွားရာ အများဆုံးဒေသဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့်ကချင်ပြည်နယ်



03 August 2011

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် မြောက်ပိုင်းသည် လူကုန်ကူးမှု ဖြစ်ပွားရာ အများဆုံးဒေသ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့မှာ ဒုတိယအများဆုံး ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့ပြင် ငါးနှစ်ကျော် အတွင်း လူကုန်ကူးမှု ၇၀၀ ကျော်ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၂၇၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။လူကုန်ကူးမှုများတွင် အဓိကအားဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များသည် အများဆုံး လူကုန်ကူး ခံရသူများ ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ၁၉၉၆ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုစဉ်က ဥပဒေ မပေါ်ပေါက်သေးသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၁၉၉၇ ခုနှစ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် အဖြစ် သတ်မှတ် ပြဋ္ဌာန်းခဲ့ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ မပြဋ္ဌာန်းရသေးသော်လည်း ပြစ်မှုဆိုင်ရာဥပဒေ အခန်း (၁၆) ပါ လူ့ကိုယ်ကို ထိခိုက်သည့် ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၃၆၆ မှ ပုဒ်မ ၃၇၃ အထိ ပုဒ်မများဖြင့် အရေးယူခဲ့ကြောင်း၊ အဆိုပါ ပုဒ်မများသည်လည်း ထိရောက်သော ပြစ်ဒဏ်များ ဖြစ်သဖြင့် ပြစ်မှုကျူးလွန်သူများအား ဟန့်တားလောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် လူကုန်ကူးမှုများကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
နှစ်အလိုက် လူကုန်ကူးမှု ဖော်ထုတ် အရေးယူနိုင်မှု ခုနှစ် အမှုတရားခံ ကယ်တင်နိုင်ခဲ့သည့် လူကုန်ကူးခံရသူ

၂၀၀၆ ၅၂ ၁၈၅ ၂၇၅
၂၀၀၇ ၁၂၇ ၃၀၃ ၃၆၄
၂၀၀၈ ၁၃၄ ၃၅၉ ၅၃၅
၂၀၀၉ ၁၅၅ ၄၆၄ ၇၃၃
၂၀၁၀ ၁၇၃ ၅၀၂ ၇၂၉
၂၀၁၁ (ဇွန်လအထိ) ၆၈ ၁၆၇ ၁၂၆

Ref: Eleven Weekly

0 comments:

အပေါ်သို့