Tuesday, August 2, 2011

တရုတ် ဟတ်ကာများ တောင်ကိုရီးယား ဆိုက်ဘာများကို ဖောက်ထွင်း

02 August 2011
သီဟသစ်

တောင်ကိုးရီးယားနိုင်ငံ လူသိများထင်ရှားသော လူမှုကွန်ယက်ဝက်ဘ်ဆိုဒ် နှစ်ခုမှ အကောင့်ပေါင်း ၃၅သန်းတို့ရဲ့ ဒေတာ အချက်အလက်များ ခိုးယူခံရမှုနှင့် ပတ်သတ်ပြီး တရုတ်ဟက်ကာများရဲ့ လက်ချက်ဖြစ်ကြောင်း တောင်ကိုရီးယား သတင်း စာများနှင့် AFP သတင်းဌာနတို့တွင် ဖော်ပြခဲ့သည်။


တိုက်ခိုက်မှုအားလုံးမှာ တောင်ကိုရီးယား အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း SK Communication မှ ၀ဘ်ဆိုဒ်နှစ်ခုဖြစ်တဲ့ Cyworld (www.cyworld.com) နှင့် Nate Web Portal (www.nate.com) တို့ကို ဦးတည်တိုက်ခဲ့ခြင်း ဖြစ်သည်။ ၄င်းဆိုဒ်တွေမှာရှိတဲ့ သန်းပေါင်းများစွာသော အဖွဲ့ဝင်များရဲ့ ဖုန်းနံပါတ်၊ အီးမေလ်း၊ နာမည်တွေနဲ့အတူ လျှို့ဝှက်ကုဒ်များဖြင့် သိမ်းဆည်းထားသော ဒေတာ အချက်အလက်တွေကို တရုတ် ဟက်ကာတို့က ဖောက်ထွင်းခိုးယူခဲ့ကြသည်ဟု ဆိုသည်။

ယခုဖြစ်ရပ်မှာ မကြာသေးမှီက တောင်ကိုရီးယား အစိုးရဌာနများနှင့် ငွေကြေးလုပ်ငန်းကြီးများ အပေါ် ဆိုင်ဘာတိုက်ခိုက်မှုတွေ ခံရအပြီး၊ နောက်ထပ် ဆက်လက်တိုက်ခိုက်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ချိုးဖောက်ဝင်ရောက်ခံရမှုတွေနဲ့ ပတ်သတ်ပြီး တောင်ကိုရီးယား ဆက်သွယ်ရေးကော်မရှင်ဌာနရဲ့ အသေးစိတ် ထုတ်ပြန်ထား ချက်မှာတော့ ဆိုက်ဘာ ကျူးကျော်ဝင်ရောက်လာမှုတွေရဲ့ နောက်ကြောင်းရင်းမြစ်ကို ခြေရာခံလိုက်ကြည့်တဲ့အခါမှာ တရုတ် ပြည်တွင်းမှ IP လိပ်စာတွေ ဖြစ်နေကြောင်း ဖော်ပြထားသည်။

အခြားနိုင်ငံများထက်ပိုပြီး တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ လတွေအတွင်း ဆိုင်ဘာ တိုက်ခိုက်ခံရမှု အကြိမ်ကြိမ် ကြုံခဲ့ရသည်။ မကြာခင်က တောင်ကိုရီးယား ငွေကြေးကုမ္ပဏီကြီး ဖြစ်တဲ့ Hyundia Capital မှ အဖွဲ့ဝင် ၁.၈ သန်းကျော်တို့ရဲ့ ဒေတာအချက် အလက်များကိုလည်း ခိုးယူခြင်း ခံခဲ့ရသည်။

နောက်ထပ် အစိုးရ၀န်ကြီးဌာနများ၊ အမျိုးသားလွှတ်တော်၊ စစ်တပ်ဌာနချုပ် နှင့် ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့များ၏ ကွန်ယက်များကိုလည်း တိုက်ခိုက်ခံခဲ့ရသည်။ ၄င်းတိုက်ခိုက်မှုများကို မြောက်ကိုရီးယားဘက်မှ တိုက်ခိုက်မှုဟု သံသယ ရှိခဲ့ သော်လည်း၊ ယခု တရုတ်ဟတ်ကာများရဲ့ ဖောက်ထွင်းမှုများ ဖြစ်နေကြောင်း AFP သတင်းတွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယားအစိုးရက ဆိုက်ဘာ တိုက်ခိုက်ဖောက်ထွင်းသူများအား ဟန့်တားနိုင်ဖို့အတွက် ဆိုင်ဘာလုံခြုံရေးဆိုင်ရာ စီမံကိန်းတစ်ခုကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့