Saturday, February 2, 2008

ဦးဂမ္ဘီရ အား ဦးရေဝတ အမှတ်တရငြိမ်းချမ်းရေးဆု ချီးမြှင့်

ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား ချီးမြှင့်လိုက်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရှစ်လေးလုံး ကျောင်းတိုက်၌ ပြုလုပ်သော ဦးရေဝတ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ဦးဆောင် ကျင်းပသည့် ဆွမ်းသွတ် အမျှဝေပွဲနှင့် ငြိမ်းချမ်းရေး ဆုပေးအပ်ပွဲမှ အရှင်ဂမ္ဘီရအား ရွေးချယ်လိုက်ခြင်း ဖြစ်သည်။



ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ခဲ့သော ဦးဂမ္ဘီရအား စစ်အစိုးရမှ သာသနာကို ညှိုးနွမ်းစေမှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောက်ယှက်မှုတို့ အပါအဝင် ထောင်ဒဏ် ၆၃ နှစ် ဖြင့် ကလေးထောင်တွင် အကျဉ်းချထားသည်။


၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင် သံဃာဖြစ်သော ဦးဂမ္ဘီရအား
အိန္ဒယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂမှပေးအပ်သော
ဦးရေဝတ အမှတ်တရငြိမ်းချမ်းရေးဆု (၂၀၀၈)







ဦးဂမ္ဘီရ၏ အထ္ထုပ္ပတ္တိ အား ဤနေရာတွင် ကြည့်နိုင်ပါသည်။



.

Wednesday, January 30, 2008

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း



အပြည့်အစုံဖတ်ရှုလိုပါက ပုံကိုနှိပ်၍ဖတ်ပါ။

Tuesday, January 29, 2008

မြန်မာနိုင်ငံစာပေဂီတအနုပညာရှင်များ၏ သဘောထားကြေညာချက်

ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အပစ်ရပ်အဖွဲ့များကို လိုက်လံတွေ့ဆုံ

တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အပစ်ရပ်အဖွဲ့များကို လိုက်လံတွေ့ဆုံ

၂၀၀၈ုနှစ် ဇန်န၀ါရီလ ၂၇ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသရှိ နအဖစစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကို တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က အဖွဲ့အစည်းများ၏ ဌာနချုပ်များတွင် လာရောက်တွေ့ဆုံခဲ့သည်ဟု အဖွဲ့အစည်းသတင်းရပ်ကွက်က ပြောသည်။



Read More...

Monday, January 28, 2008

"၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ"


"၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ"
ကြေညာချက် (၁/၂၀၀၈)


ယနေ့ခေတ်အချိန်အခါတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဆိုး၏ လက်အောက်တွင် ဘာသာ၊ သာသနာတို့မှအစ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာတွင် အဘက်ဘက်မှ နစ်နာဆုံးရှုံးမှုများနှင့် ရင် ဆိုင်ကြုံတွေ့ရလျှက်ရှိပါသည်။ နိုင်ငံသူနိုင်ငံသားအားလုံးတို့မှာလည်း စစ်အာဏာရှင်ဗျူရိုကရက်လက်တဆုပ်စာ ၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အစာရေစာငတ်မွတ်ခေါင်းပါးခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းခြင်း၊ အဆင့်မမီသောပညာရေးစနစ်ကိုသာသင်ကြားခွင့်ရရှိခြင်း၊ လွတ်လပ်မှုနှင့် လူ့အခွင့် အရေးများဆုံးရှုံးခြင်းစသည့် ဒုက္ခအထွေထွေကို နေ့စဉ်နှင့်အမျှ ခါးစည်းခံနေကြရပါသည်။ ဤဒုက္ခများ၏ အခြေ အနေဆိုးမျာမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ဒီမိုကရေစီကိုချစ်မြတ်နိုးသော အာဇာနည် မြန်မာပြည်သား အား လုံးတွင် တာဝန်ရှိကြပါသည်။

Read More...

အပေါ်သို့