Tuesday, April 30, 2013

အမေရိကန် GSP က ချက်ချင်း အကျိုးမထူးသော်လည်း ရေရှည်အကျိုးရှိနိုင်

ခင်မျိုးသွယ်
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအား အခွန် သက်သာကင်းလွတ်ခွင့် (GSP) ကုန်သွယ်မှု အထူးအခွင့်အရေး ပေးမည်ဖြစ်ရာ လက်ရှိတွင် ထူးခြားစွာ သက်ရောက်မှု မရှိနိုင်သေးသော်လည်း
ရေရှည် နှစ်နိုင်ငံကုန်သွယ်မှုတွင် အကျိုးဖြစ်ထွန်းစေနိုင်မည်ဟု စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

လတ်တလော အကျိုးသက်ရောက်မှု မရှိနိုင်သေးခြင်းမှာ ၂၀၀၃ ခုမှ စတင်သည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကြောင့် မြန်မာ့ ပို့ကုန်နှင့် သွင်းကုန်များ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံများမှာ အာရှနိုင်ငံ များသာ ဖြစ်ခဲ့၍ ဖြစ်သည်။

Read More...

KIO နဲ့ အစိုးရ မေလဆန်းတွင် ပြန်တွေ့ရန် ဦးအောင်မင်း ကမ်းလှမ်း

ဖနိဒါ
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မေလဆန်းပိုင်းတွင် ပြန်လည်တွေ့ဆုံရန် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌမှ ကမ်းလှမ်းစာ တင်ပြထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဝန်ကြီး ဦးအောင်မင်း က ၎င်း၏ ကမ်းလှမ်းစာကို မကြာမီက ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္လာနေ့ နံနက်ပိုင်းက မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြောဆိုခဲ့သည်ဟု “KIO နဲ့ တွေ့ဖို့ကတော့ မနက်က ဝန်ကြီး ဦးအောင်မင်းက ရှင်းပြတာက သူ့အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေလ ပထမပတ် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် အဆိုပြုလွာ ပေးထားတယ်။ KIO အနေနဲ့တော့ သူတို့ တက်ရောက်တဲ့ observer (လေ့လာသူ) တွေ ကိစ္စတွေကို ညှိနှိုင်းပြီးရင်တော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်တဲ့” ဟု ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

Read More...

မှတ်ပုံတင် ပြနိုင်တော့လည်း ရွှေသိမ်းချင်ပြန်တယ်

ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

အယ်ဒီတာခင်ဗျား...

ကျနော်တို့ ကချင်ပြည်နယ်က ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသဆိုတာ တကယ်ခေါင်းပါးတဲ့ နေရာဒေသ ဖြစ်ပါတယ်။ ကျနော်တို့နယ်က စပါးအထွက်နည်းလို့ ဘိုးစဉ်ဘောင်ဆက် ဆန်ဒုမ့်တောင်ကြီး ကျော်ပြီး အသွားအပြန် ၁၀ ရက်က နေ ၁၃ ရက်ရှိတဲ့ နောင်မွန်းမြို့နယ်၊ မဂွေဇ စခန်းကနေ ခေါင်လန်ဖူးမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ နိုင်ငံတော် ဝန်ထမ်းတွေအတွက် ရိက္ခာ (ဆန်၊ ဆီ၊ ဆား) တွေကို နှစ်တိုင်း တနှစ်လျှင် ၂ ခါထက် မနည်း မိမိရိက္ခာဖြင့် အခမဲ့ ထမ်းပြီး နိုင်ငံတော် အစိုးရကို ပံ့ပိုးလာခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်ပါတယ်။

Read More...

ယာဉ်တိမ်းမှောက်မှုတွင် ဒုက္ခသည် တဦး သေဆုံး၊ ကျန်သူများ လဝကမှုဖြင့် အရေးယူထား

သိန်းလှိုင်
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ ဒုက္ခသည်စခန်းမှ ကမန်လူမျိုး ၁၇ ဦးကို တင်ဆောင်လာသည့် ကားတစီးသည် သံတွဲမြို့မှ ၁၆ မိုင်အကွာရှိ တံတားခုံတခုအား တိုက်မိရာမှ တိမ်းမှောက်သွားပြီး ဒုက္ခသည်တဦး
နေရာတွင် သေဆုံး၍ ကျန်ဒုက္ခသည်များအား လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

ရမ်းဗြဲမှ ထွက်လာသော အဆိုပါကားမှာ ယဉ်အမှတ်-၂ခ/၁၆၃၇ ရှိ အဖြူရောင် Kenta14’ အမျိုးအစားဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့နံနက် ၅း၅၅ နာရီ အချိန်၌ တောင်ကုတ်-သံတွဲ ကားလမ်းမပေါ်ရှိ သံတွဲမြို့ နယ်၊ အောက်နတ်မော်ကျေးရွာ အုပ်စု၊ကျောင်းကုန်းကျေးရွာအနီး တံတားအမှတ် ၅၂၈ အုတ်ခုံ၏ ညာဘက်အစွန်းကို ဝင်ရောက်တိုက်မိရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သံတွဲ လူမှုကွန်ယက်မှ ဦးမြင့်မိုး က ပြောသည်။

Read More...

တိုင်းရင်းမီဒီယာများ အခန်းကဏ္ဍ တိကျစွာ သတ်မှတ်ပေးရန် ညီလာခံမှ တောင်းဆို

မြတ်ကျော်သူ
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

လာမည့် လွှတ်တော်တွင် ဆွေးနွေးနိုင်မည့် မီဒီယာဥပဒေတွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ပေးရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းမီဒီယာများ ညီလာခံက တောင်းဆို လိုက်သည်။

မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အဆိုပါညီလာခံကို ဧပြီလ ၂၅ မှ ၂၇ ထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး တိုင်းရင်းသား သတင်းဌာနများမှ သတင်းထောက်များ၊ အယ်ဒီတာများ၊ လူမှုအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပြီး တောင်းဆိုချက်လေးခုကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Read More...

ပုပ္ပား တောင်မကြီးပေါ်တွင် သစ်ပင် ၁ သောင်း စိုက်ပျိုးမည်

ကြယ်ပြာ| April 29, 2013

နှစ်လအတွင်း တောမီး ၄ ကြိမ်လောင်ခဲ့သော ပုပ္ပားတောင်မကြီးပေါ်တွင် သစ်ပင်ပေါင်း ၁ သောင်းကို ပုပ္ပားတောင်ချစ်သူများ အဖွဲ့မှ ပြန်လည် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မတ်လက ပထမဆုံးအကြိမ် ပုပ္ပားတောင် အရှေ့ဘက်ရှိ တောင်ပေါ်တောင်ရွာ အနီး၌ တောမီးလောင်ခဲ့ရာတွင် ၂ ရက်ခွဲခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းလ၌ပင် ၂ ကြိမ် ထပ်မံလောင်ကျွမ်းခဲ့ပြီး ဧပြီလ သင်္ကြန်မတိုင် ခင် တွင်လည်း ဖြစ်ပွားခဲ့သေး သောကြောင့် ယခုကဲ့သို့ သစ်ပင်များ ပြန်လည် စိုက်ပျိုးမည်ဖြစ်ကြောင်း ၎င်း အဖွဲ့က ဆိုသည်။

Read More...

နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော

ကျော်ခ| April 29, 2013

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် နယ်ခြားစောင့်တပ်(BGF) တို့အကြားဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ယနေ့ မွန်းတည့်ချိန်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း DKBA ဘက်က ပြောဆို လိုက်သည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် ၂၇ ရက်နေ့ညပိုင်းက စတင်ကာ DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက်အောက်ခံ တပ်ရင်းနှင့် နယ်မြေချင်းထိစပ်နေသည့် နယ်ခြားစောင့် တပ် (၁၀၁၇) တပ်ရင်းတို့ ယနေ့ မနက်ပိုင်း အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိပြီးနောက် တိုက်ပွဲများကို ရပ်တန့်လိုက်ကြခြင်း ဖြစ်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူး စောဝေထူး က ပြောပြသည်။

Read More...

ပြည် လူသတ်မှု စစ်ခုံရုံးမှ အရပ်သားများကို ခေါ်ယူစစ်ဆေး

ကောင်းမြတ်မင်း
April 29, 2013

တပ်မတော်သားများ ပါဝင်ပတ်သက်နေသည်ဟု ယူဆရသော ပြည်မြို့ န၀ဒေး တံတားအောက် လုယက် အသတ်ဖြတ် ခံရသော အမှုကို တပ်မတော် စစ်ခုံရုံးမှ အရပ်သား သက်သေ ထွက်ချက်များ ရရှိ ရန် ခေါ်ယူစစ်ဆေးမေးမြန်းကြောင်း သိရသည်။

အမှုတွင် အဓိက သက်သေအဖြစ် အသက်ရှင်ကျန်ရစ်ခဲ့သော မအိဇင်မိုးကိုကိုလည်း ဆေးရုံတွင် စစ်ဆေးမေးမြန်း မှုများ ပြုလုပ်ခဲ့ပြီး မအိဇင်မိုးကို၏ ဖခင်ဖြစ်သူကိုလည်း ခလရ ၇၅ တပ်ထဲတွင် တပ်မတော် အရာရှိကြီး ၃ ဦးက အမှုဖြစ်စဉ် အစ အဆုံးကို ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

Read More...

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လင်းသန့်
April 29, 2013

အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက် ကျင်းပနေသည့် ၇ ကြိမ်မြောက် ဒီမို ကရေစီ လူ့အဖွဲ့အစည်း ဆိုင်ရာ ၀န်ကြီးများ အဆင့် ညီလာခံ၌ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာတမ်းဖတ်ကြားကာ အဓိက ဆွေးနွေးသူ တဦးအဖြစ် တင်ပြ သွားခြင်း ဖြစ်သည်။

Read More...

အပေါ်သို့