Friday, January 20, 2012

ဆရာကြီး ဒေါက်တာအေးကျော် ကွယ်လွန်

1/19/2012
မောင်ရမ္မာ

အမေရိကန်နိုင်ငံတွင် နေထိုင်သော ဆရာကြီး ဒေါက်တာအေးကျော်သည် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့ အမေရိကန် စံတော် ချိန် ညနေ ၆နာရီ ၃၀ မိနစ်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။

ဆရာကြီးသည် အသဲကင်ဆာ ရောဂါဖြင့် လွန်ခဲ့သည် လကပင် နယူးယော့ ပြည်နယ် ဘိုကလန်ရှိ MAIMONENITES ဆေးရုံ တွင် ဆေးကုသမှု ခံယူနေခဲ့ရပြီး အဆိုပါရောဂါဖြင့်ပင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဆရာကြီး ယခုကဲ့သို့ ကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု ရခိုင် အမျိုးသမီးများ အစည်းအရုံး RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

Read More...

WAO နဲ့ ဆက်သွယ်တဲ့ စွပ်စွဲချက်နဲ့ လူမသိသူမသိ ဖမ်းဆီးခံ လူငယ် ပြန်လွှတ်လာ

1/19/2012

WAO နှင့် ဆက်သွယ်မူ အပါအ၀င် တခြား စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရပြီး ခုခံကာကွယ်ပိုင်ခွင့် တစ်စုံတစ်ရာ မရရှိဘဲ ထောင် (၆) နှစ် ချမှတ်ခံခဲ့ရသော ရခိုင်လူငယ် (၆) ဦးထဲမှ ခေါင်းဆောင်လူငယ် တစ်ဦးသည် ဇန္န၀ါရီ ၁၃ ရက် နေ့က သမ္မတ လွှတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ကျောက်ဖြူထောင်မှ ပြန်လည် လွှတ်မြောက်လာခဲ့သည်။

အဆိုပါ လူငယ်မှာ မြောက်ဦးမြို့မှ ကိုတင်အောင်စိုးဖြစ်သည်။

Read More...

CNF က ပြည်နယ်အစိုးရနှင့် (၉)ချက်ပါ ငြိမ်းချမ်းရေးသဘောတူညီမှု အပေါ်ရှင်းလင်း

January 20th, 2012

ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်) က ယခုလ ဇန္န၀ါရီလ ၅ – ၆ အတွင်း ချင်းပြည်နယ်အစိုးရနှင့် (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ယနေ့ ရှင်းလင်းချက်ပြုလုပ်လိုက်သည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပြည်ထောင်စုတခုလုံးတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးဖော်ဆောင် နိုင်ရေးအတွက်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လမ်းစပွင့်လာသည်ဟု စီအဲန်အက်ဖ်က ယူဆကြောင်း ရှင်းလင်း တင်ပြထားသည်။

တဆက်တည်း စီအဲန်အက်ဖ်နှင့် ချင်းပြည်နယ်အစိုးရတို့ အကြား (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘော တူညီမှု မရရှိမှီ နှင့် ရရှိပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အရပ်ရပ်ပြောင်းလဲသွားသည်ကို အထူးနား လည်ရန် လိုအပ်ကြောင်း ယင်းအနေအထားများကို ချင်းအမျိုးသားများ၏ အကျိုး စီးပွားအောင်မြင်နိုင်ရေး နှင့် တန်းတူညီ မျှမှုကို အခြေ ခံသည့် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက်အကျိုးရှိရှိ အသုံးချနိုင်ရေး သည် အထူး အရေးကြီး ကြောင်း တိုက်တွန်း ထား သည်။

Read More...

BGF လက်နက်ကို DKBA သိမ်းဆည်း

19 January 2012
စောသိန်းမြင့်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သဝေါကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် BGF တပ်ရင်း(၁၀၁၁) တပ်ဖွဲ့ဝင်များ၏ လက် နက်များကို ဗိုလ်မှူးစောဘိ ဦးဆောင်သည့် DKBA တပ်ဖွဲ့မှ ယမန်နေ့က သိမ်းဆည်းခဲ့သည်ဟု သိရသည်။

မဲ့သဝေါကျေးရွာရှိ BGF တပ်ရင်း(၁၀၁၁)မှ တပ်ခွဲ(၃)မှူး ဗိုလ်ကြီးမြတ်သောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား ၁၀ဦးခန့်သည် ဆရာတော်ဦးသုဇနအား မြိုင်ကြီးငူသို့ ကားဖြင့် ပြန်ပို့စဉ် ကားလမ်းခုလတ်တွင် DKBA တပ်ဖွဲ့မှ လက်နက်သိမ်းဆည်းလိုက် ခြင်း ဖြစ်သည်ဟု BGF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “မနေ့က မနက် ၆နာရီမှာ ဆရာတော် မဲ့သဝေါကို ရောက်လာတယ်။ အဲဒီမှာ မြိုင်ကြီးငူကို ပြန်ကြွဖို့ လုံခြုံရေးအတွက် ဆိုပြီး တပ်ခွဲမှူး မြတ်သောင်းနဲ့ သူ့လူတချို့ကို ခေါ်သွားတယ်။ ၉၆၂ ပွိုင့်ကုန်းအလွန်မှာ ဗိုလ်ဘိတို့ DKBA က လက်နက်သိမ်း ပစ်လိုက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

အဖျက်သိမ်းခံ တိုင်းရင်းသား ပါတီကြီး လေးခု မှတ်ပုံတင်ရန်ရှိ

ကျော်ခ
ဇန်နဝါရီလ ၁၉ ရက် ၂၀၁၂ ခုနှစ်

၁၉၉၀ ရွေးကောက်ပွဲတွင် ထင်ရှားသည့် တိုင်းရင်းသား ပါတီကြီး လေးခုက လူထုအရေးကို တရားဝင် လုပ်ဆောင်နိုင်ကြဖို့ အတွက် ပြန်လည် မှတ်ပုံတင်ရန် စီစဉ်နေကြကြောင်း ၎င်းပါတီများ၏ တာဝန်ရှိသူများ က ပြောသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် MNDF နှင့် ဇိုမီး အမျိုးသား ကွန်ကရက် ZNC တို့က ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခြင်း၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံ ရေး အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက တညီတည်း ပြောဆိုကြသည်။

ဦးခွန်ထွန်းဦး ခေါင်းဆောင်သည့် SNLD ပါတီမှာ ၂၀၁၀ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အလိုအလျောက် ပျက် ပြယ်ခဲ့ရပြီး ကျန်ပါတီ သုံးခုမှာ ၁၉၉၃ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွှန့် လက်ထက်ကတည်းက ဖျက်သိမ်း ခံထားရသည့် ပါတီများ ဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများကို ကန့်ကွက်ခဲ့ကြပြီး မှတ်ပုံမတင်ဘဲ နေခဲ့ကြသည့် ပါတီများ ဖြစ်သည်။

Read More...

ရွှေညဝါ ဆရာတော် ကျောင်းတိုက်မှ တလအတွင်း ထွက်ရန် လက်မှတ်ထိုးရ

မျိုးသန့်
ဇန်နဝါရီလ ၁၉ ရက် ၂၀၁၂ ခုနှစ်

သာဓု ပရိယတ္တိ ကျောင်းတိုက်၏ တိုက်ကြပ် ရွှေညဝါ ဆရာတော် ဦးပညာသီဟသည် အဆိုပါ ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာမည့်အကြောင်း ကြာသာပတေးနေ့တွင် ကတိပြုလက်မှတ်
ရေးထိုးပေးလိုက်ရပြီ ဖြစ်သည်။

ရန်ကုန်တိုင်း သံဃနာယက အဖွဲ့ရုံး၌ မဟန ကိုယ်တော်များနှင့် ဌာနဆိုင်ရာများ ရှေ့မှောက် လက်မှတ် ရေးထိုးခဲ့သည့် ဝန်ခံကတိ တွင် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရမည်ဟု ဖေါ်ပြထားသည်။

ရွှေညဝါ ဆရာတော်က "သူတို့က ထွက်ပေးဖို့ လိုချင်တယ်ဆိုတော့ အဲဒီအတွက် လက်မှတ်ထိုးပေးလိုက်တယ်လေ။ တခြားနေရာ တော့ သွားဖို့ လောလောဆယ်တော့ အစီအစဉ်မရှိသေးဘူး။ ခုမှ ခေါင်းအေးအေးနဲ့ ထိုင်စဉ်းစားတုန်း ရှိသေးတယ်" ဟု မဇ္ဈိမကို မိန့်သည်။

Read More...

KIO နှင့် အစိုးရ ဆက်လက်ဆွေးနွေးရန်သာ သဘောတူညီမှုရ

မျိုးသန့်
ဇန်နဝါရီလ ၁၉ ရက် ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့တို့ နှစ်ရက်ကြာ ဆွေးနွေးမှုရလဒ် အဖြစ် ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် တိုက်ပွဲဖြစ်ပွားနေမှုများ လျှော့ချရန်သာ သဘောတူညီမှု ရရှိခဲ့သည်ဟု နှစ်ဖက် ကိုယ် စားလှယ်များက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။

“နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့သည် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်း ဆွေးနွေး သွားကြမည် ဖြစ်ပါသည်။” ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သို့ ကြာသပတေးနေ့က တင်ပြသည့် KIO ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု စာတမ်းတွင် အမျိုးသားတန်း တူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်များအပေါ် အခြေခံသည့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုလားသည်ဟု ဖေါ်ပြပါရှိသည်။

Read More...

နိုင်ငံရေးဆွေးနွေးရန် ဝန်ကြီးဦးအောင်မင်းက လူဘောင်သစ် နဲ့ FDB ကို ကမ်းလှမ်း

ကိုဝိုင်း
ဇန်နဝါရီလ ၁၉ ရက် ၂၀၁၂ ခုနှစ်

သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ပအခြေစိုက် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများ နှင့် ဖေဖော် ဝါရီ ပထမပါတ်အတွင်း နိုင်ငံရေးအရ ဆွေးနွေးလိုကြောင်း ကြာသာပတေးနေ့တွင် အကျိုးဆောင်များမှတဆင့် ကမ်းလှမ်းလာသည် ဟု သက်ဆိုင်ရာ ခေါင်းဆောင်များက ပြောသည်။

အဖွဲ့ဝင် ၇ ဖွဲ့နှင့် တသီးပုဂ္ဂလတချို့ပါဝင်သည့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု-FDB နှင့် တွေ့ဆုံရန် အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS နှင့် ဆွေးနွေးရန် ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့ကို ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့မှ တဆင့် နှုတ်ဖြင့် သီးသန့်စီ ဖိတ်ကြားလာကြောင်း ဒေါက်တာနိုင် အောင် က ပြောသည်။

“FDB နဲ့ DPNS ကို အလွတ်သဘောဆွေးနွေးနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းတယ်လို့ ပြောပါဆိုပြီး ကြားတယ်။ ဖေဖော်ဝါရီ ပထမပါတ် ပတ်ဝန်းကျင် ဖြစ်နိုင်တယ်။ ကိုကျော်ရင်လှိုင် ဖုံးခေါ် တယ်။ ကျနော် တယောက်ထဲ မဟုတ်ဘူးပေါ့ဗျာ၊ FDB က ခေါ်ချင်တဲ့လူ ခေါ်လာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

Read More...

ရွှေညဝါဆရာ​တော် ​ကျောင်း​တိုက်က​နေ ဖယ်​ပေး​မည်

January 19, 2012
ရွှေအောင်

ရွှေညဝါဆရာ​ တော် ဦး​ပညာသီဟက သူသီတင်း​သုံး​နေတဲ့​ သာဓု​ကျောင်း​တိုက်က​နေ ဒီက​နေ့​ကစလို့​ တလအတွင်း​ ထွက်ခွာ ပါမယ်လို့​ ဝန်ခံကတိပြုလိုက်ပါတယ်။

ဇန်နဝါရီ ၁၉ ရက် မွန်း​လွဲပိုင်း​က ရန်ကုန်တိုင်း​ သံဃာ့​မဟာနာယက ရုံး​မှာ ပြုလုပ်ခဲ့​တဲ့​ ဆရာ​တော်အား​ အ​ရေး​ယူ​ဆောင်ရွက်ဖို့​ နိုင်ငံ​တော်သံဃာ့​မဟာနာယက အဖွဲ့​ဝင်ဆရာ​တော်ကြီး​များ​ ၊​သက်ဆိုင်ရာ တာဝန်ရှိသူများ​နဲ့​ ​တွေ့​ဆုံအပြီး​မှာ ဆရာ​တော်ရဲ့​ ဝန်ခံ ကတိပြုစာ ထွက်​ပေါ်လာခဲ့​တာ ဖြစ်ပါတယ်။

အဲ့​ဒီစာကို လက်ဝယ်ရရှိထား​တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ခုလိုဖတ်ပြပါတယ်။

Read More...

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ကြေညာချက်နှစ်ခု ထုတ်ပြန်

January 19, 2012
ရွှေအောင်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဒီ​နေ့​ရက်စွဲနဲ့​ ​ကြေညာချက်နှစ်ခု ထုတ်ပြန်ခဲ့​ပါတယ်။

တခုက အဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​မှာ အတွင်း​ရေး​မှူး​အဖွဲ့​ တာဝန်​ပေး​လိုက်တာဖြစ်ပြီး​၊​ ​နောက်တခုက ပါတီဝင်​လျှောက်လွှာ​တွေနဲ့​ ပတ်သက်တဲ့​ ​ကြေညာချက်​တွေ ဖြစ်ပါတယ်။

ဗဟိုအလုပ်အမှု​ ဆောင်အဖွဲ့​မှာ ဦး​ဉာဏ်ဝင်း​၊​ ဦး​အုန်း​ကြိုင်နဲ့​ ဦး​ဟံသာမြင့်​တို့​ ၃ ဦး​ကို အတွင်း​ရေး​မှူး​ အဖွဲ့​ဝင်​တွေအဖြစ် တာဝန်​ပေး​လိုက်တဲ့​အ​ပေါ် အဖွဲ့​ဝင်တဦး​ဖြစ်တဲ့​ ဦး​ဉာဏ်ဝင်း​က ခုလို ​ပြောပါတယ်။

Read More...

တရုတ်နိုင်ငံတွင် ​ကေအိုင်အိုနှင့်​ အစိုး​ရ ​တွေ့​ဆုံပွဲ ပြီး​ဆုံး

January 19, 2012
အေး​နိုင်

စစ်​ရေး​ အရှိန် ထိန်း​သိမ်း​သွား​နိုင်ဖို့​နဲ့​ ယုံကြည်မှုတည်​ဆောက်ဖို့​အတွက် ပြဿနာ ဖြစ်ပွား​နိုင်​ခြေရှိတဲ့​ ​ဒေသ​တွေမှာ နှစ်ဘက်တပ်​တွေရဲ့​ ကိစ္စကို ညှိနှိုင်း​ဆောင်ရွက်ကြမယ်လို့​ ​ကေအိုင်အိုနဲ့​ အစိုး​ရ ပူး​တွဲထုတ်ပြန်လိုက်ပါတယ်။

ကချင်လွတ်လပ်​ ရေး​အဖွဲ့​ရဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​တို့​ဟာ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ၂ ရက်ကြာ ပမာဏ​တွေ့​ဆုံပွဲကို ဒီက​နေ့​ အဆုံး​သတ်လိုက်ပြီး​ နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ဆက်လက်ညှိနှိုင်း​ ​ဆွေး​နွေး​ကြမယ်လို့​ ထုတ်ပြန် လိုက်ပါတယ်။

Read More...

ရောပသမဂ္ဂ၏ မြန်မာပြည်မူဝါဒ ပိုမို​ကောင်း​မွန်လာနိုင်

January 19, 2012
ကို​ထွေး

မြန်မာနိုင်ငံရဲ့ ​ တိုး​တက်​ပြောင်း​လဲမှုများ​ကြောင့်​ မူဝါဒ​တွေကို ပြန်လည်သုံး​သပ်ဖို့​ ဥ​ရောပသမဂ္ဂ (အီး​ယူ) က လာမယ့်​ တနင်္လာ​နေ့​ ​ဆွေး​နွေး​ရာမှာ အပြုသ​ဘော​ဆောင်တဲ့​ တိုး​တက်မှု​တွေရှိလာနိုင်တယ်လို့​ ဆိုပါတယ်။

အဖွဲ့​ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့​ ဥ​ရောပသမဂ္ဂက လာမယ့်​ တနင်္လာ​နေ့​ကျရင် မြန်မာပြည်ဆိုင်ရာ မူဝါဒ​တွေကို သုံး​သပ်ကြမှာ ဖြစ်ပါ တယ်။

အီး​ယူ​ ပြောခွင့်​ရ Maja Kocijancic က “အီး​ယူက မြန်မာပြည်နဲ့​ ပတ်သက်တဲ့​ မူဝါဒ​တွေကို ပြန်လည် သုံး​သပ်တာ လုပ်​ဆောင်ခဲ့​ပြီး​ပါပြီ။ အီး​ယူနိုင်ငံက နိုင်ငံခြား​ရေး​ဝန်ကြီး​တွေ အား​လုံး​ဟာ တနင်္လာ​နေ့​မှာ မြန်မာ့​အ​ရေး​ကို ​ဆွေး​နွေး​ကြပါလိမ့်​မယ်။ ​နောက်ဆုံး​ တိုး​တက်လာတာနဲ့​ ကျမတို့​ရဲ့​ သုံး​သပ်ချက်​တွေကိုလည်း​ ဒီတပတ်မှာ ​ဆွေး​နွေး​မှာပါ။ အခုချိန်မှာ​တော့​ ကျမတို့​ ချမှတ် ထား​တာ​တွေက ဧပြီမှာ အဆုံး​သတ်ပါမယ်။”

Read More...

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲလုပ်မည်

January 19, 2012
နေသွင်

မကြာခင်က ​ထောင်ကပြန်လွတ်လာကြတဲ့​ ကိုမင်း​ကိုနိုင် ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​တွေက ​ရှေ့​ဆက်သွား​မယ့်​ လုပ်ငန်း​စဉ်နဲ့​ ပတ် သက်လို့​ လာမယ့်​ စ​နေ​နေ့​မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်မယ်လို့​ ၈၈ မျိုး​ဆက် ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုမြ​အေး​က ​ပြောပါ တယ်။

“အဓိကက​တော့​ ကျ​နော်တို့​ ၈၈ ​တွေအ​နေနဲ့​ ဘာလုပ်ခဲ့​တယ်၊​ ဘယ်လို​နေရာမှာ ရပ်​နေတယ်၊​ ဘယ်ကိုသွား​မယ်ဆိုတဲ့​ဟာကို ကျ​နော်တို့​ ရှင်း​ရှင်း​လင်း​လင်း​ ​ပြောသွား​မှာ ဖြစ်ပါတယ်။”

Read More...

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ ​ကျောင်း​သား​တပ်မ​တော် သ​ဘောတူ (​မေး​မြန်း​ချက်)

January 19, 2012
နေသွင်

အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ သ​ဘောတူ​ကြောင်း​ အ​ကြောင်း​ပြန်လိုက်ပြီလို့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုက ရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်ဖ်) က ​ပြောပါတယ်။

ဇန်နဝါရီလ ၁၀ ရက်​နေ့​က အစိုး​ရက ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ဖို့​ တရား​ဝင် ကမ်း​လှမ်း​ထား​ချက်ကို အ​ကြောင်း​ပြန် လိုက်တာလို့​ ​ကျောင်း​သား​တပ်မ​တော်ရဲ့​ ဒုဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“ဟုတ်ကဲ့​ သူတို့​ဆီက ​ပေး​ပို့​လာတဲ့​ စာပါအ​ကြောင်း​အရာ​ပေါ် အ​ခြေခံပြီး​တော့​ အဓိက သူတို့​ဆီက ​ပေး​ပို့​လာတဲ့​ စာပါအ​ကြောင်း​အရာက​တော့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဖို့​အတွက်ကို ငြိမ်း​ချမ်း​ရေး​စား​ပွဲမှာ တန်း​တူညီတူ ​ဆွေး​နွေး​ချင်တယ်ဆိုတဲ့​ သ​ဘောထား​အ​ပေါ်မှာ အ​ခြေခံပြီး​တော့​ သူတို့​ရဲ့​စာ အပြုသ​ဘော​ဆောင်တဲ့​စာလို့​ ကျ​နော်တို့​ သုံး​သပ်ထား​တယ်​လေ။ အဲဒီအ​ခြေခံအ​ပေါ်မှာပဲ ကျ​နော်တို့​ အပြုသ​ဘော​ဆောင်တဲ့​ အခုလိုမျိုး​ကမ်း​လှမ်း​မှုကို ကျ​နော်တို့​ ကြိုဆိုတယ်။ ဒီအ​ခြေခံ​ပေါ်မှာမူတည်ပြီး​ ကျ​နော်တို့​ တုံ့​ပြန်တဲ့​စာကို ပို့​လိုက်တာပါ။”

Read More...

တဖွဲ့​တည်း​ ငြိမ်း​ချမ်း​နေရုံနဲ့​ ပြည်​ထောင်စုကြီး​တခုလုံး​ရဲ့​ ငြိမ်း​ချမ်း​မှုကို ​ဖော်​ဆောင်နိုင်မှာ မဟုတ်ပါဘူး

January 20, 2012
အေး​နိုင်

တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ကချင်လွတ်လပ်​ရေး​အဖွဲ့​နဲ့​ ပြည်​ထောင်စု ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​ နှစ်ရက်တာ ပဏာမ ​တွေ့​ဆုံမှု အစည်း​အ​ဝေး​ဟာ ​အောင်မြင်မှုရတယ်လို့​ ​ကေအိုင်အို ဒုတိယ စစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော်က ​ပြောပါတယ်။

တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​နဲ့​ ​ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​တို့​ ပဏာမ ​တွေ့​ဆုံပွဲက ဘယ် လို သုံး​သပ်ပါသလဲ။

“အခုဒီတ​ခေါက် ကျ​နော်တို့​ ​တွေ့​တဲ့​ဟာက​တော့​ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှု လုပ်ငန်စဉ်တခုလုံး​ရဲ့​ ပဏာမ​တွေ့​ဆုံမှုဖြစ်တယ်ဆိုတဲ့​ အဓိပ္ပာယ်နဲ့​ ကျ​နော်တို့​ ဒီလို သုံး​နှုန်း​ထား​တာဖြစ်ပါတယ်။”

Read More...

ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ ရွေးကောက်ပွဲမျှတမှု အရေးပါ

19 ဇန်နဝါရီ 2012

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ပြန်ပြီးတော့ ရုပ်သိမ်းရေးမှာ ဧပြီလမှာ ကျင်းပမယ်လို့ မြန်မာ အစိုးရက ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲက ဘယ်လောက်များ အရေးပါပါသလဲ။ ဒီမိုကရေစီရေး အတိုက်အခံတွေအပေါ် မြန်မာအစိုးရက ရိုးသားမှုနဲ့ ပွင့်လင်းမှုတွေအပြင် ခွဲခြားမှု မရှိဘဲ ဆက်ဆံလာမယ်ဆိုရင် အနောက်နိုင်ငံ တွေက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာနေတဲ့ အမေရိကန် ပညာရှင်တဦး က ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တဲ့နောက် ဒဏ်ခတ်မှုတွေနဲ့ အရေးယူထားတဲ့ အနောက်နိုင်ငံတွေက မြန်မာအစိုးရနဲ့ ဆက်ဆန်ရေးကို တိုးမြှင့်လာခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံက နှစ်ပေါင်း ၅ဝ အတွင်း နိုင်ငံခြားရေးဝန်ကြီးအဆင့် ပထမဆုံး မြန်မာနိုင်ငံကို လာရောက်ခဲ့သလို အဓိက ပါတီကြီးတွေကို ကိုယ်စားပြုတဲ့ အမေရိကန် လွှတ်တော်အမတ်တွေဟာလည်း ကိုယ်တိုင် လေ့လာဆန်းစစ်ဖို့ လာရောက်ခဲ့ကြပါတယ်။

Read More...

အာဏာသိမ်းရန်ကြံစည်မှု ဘင်္ဂလားဒေရှ့်အစိုးရ လက်ဦး

19 ဇန်နဝါရီ 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်တချို့က အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းတာကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်ဘက် အရာရှိကြီးတွေက ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ရှိတ် ဟာစီနာ Sheikh Hasina ကို ဖြုတ်ချဖို့ အတွက် ကြံစည်မှုအကြောင်း အသေးစိတ်ကို ဗိုလ်မှူးချုပ် မိုဟာမက် မာဆွတ် ရာဇတ် Muhammad Masud Razzaq က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

Read More...

ဗီယက်နမ်နဲ့ကမ္ဘောဒီးယား ငှက်တုပ်ကွေး​ကြောင့် သေဆုံးမှုရှိ

19 ဇန်နဝါရီ 2012

ဗီယက်နမ်နိုင်ငံမှာ ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘဲခြံအလုပ်သမားတယောက် ကြက်ငှက်တုပ်ကွေး ရောဂါနဲ့ သေဆုံး သွားခဲ့သလို အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာလည်း ဒီရောဂါကြောင့် လူတဦး သေဆုံးခဲ့ရကြောင်း ပြောပါတယ်။

မဲခေါင်မြစ်ဝှမ်း တောင်ပိုင်းဒေသက အသက် ၁၈ နှစ်အရွယ် ဘဲခြံလုပ်သား တဦးဟာ အပြင်းဖျားပြီး အသက်ရှူလမ်းကြောင်းမှာ ပြဿနာတွေ ကြုံခဲ့ရာက ကြာသပတေးနေ့ကပဲ သေဆုံးခဲ့တဲ့အကြောင်း ဗီယက်နမ် တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

Read More...

အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ

19 ဇန်နဝါရီ 2012
ကိုမိုးဇော်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အကြား လောလော ဆယ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရဘဲနဲ့ ဆွေးနွေးပွဲဟာ ဒီကနေ့ ပြီးသွားပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ နှစ် ဘက်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးသွားဖို့၊ စစ်ရေးအရှိန်ထိန်းသိမ်းဖို့နဲ့ ယုံကြည်မှုတည် ဆောက်နိုင်ဖို့အတွက် ပြဿနာဖြစ်နိုင်တဲ့ ဒေသတွေမှာ နှစ်ဘက်တပ်တွေနေရာချထားတာကို ပြန်လည်ညှိနှိုင်းဖို့ သဘောတူခဲ့ကြ ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ဟုတ်ကဲ့။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ဟာ တရုတ် နိုင်ငံ ရွှေလီမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ဆွေးနွေးပြီး ဒီကနေ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

Read More...

ပြည်ပရောက် အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ မြန်မာအစိုးရကမ်းလှမ်း

19 ဇန်နဝါရီ 2012
ကိုကျော်ထင်

၁၉၈၈ ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ အစိုးရဘက်က ပထမဆုံးအကြိမ် တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက် လိုက်လုပ်လာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုတွေကို ကြိုတင် သတ်မှတ် ချက်တွေမထားဘဲ နိုင်ငံရေးအရဆွေးနွေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတဆင့် ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။ အကြောင်း စုံကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

တိုင်းရင်းသားအဖွဲ့စည်းတွေမပါဘဲ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ပဲ စုဖွဲ့ထားတဲ့ FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ကို ကန့်သတ်ချက် မထားဘဲ နိုင်ငံရေးဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေးအကျိုးဆောင်တွေက ဒီကနေ့မှာ တရားဝင်ကမ်းလှမ်းလာတာပါ။ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုံးမြင့်က- အစိုးရအကျိုးဆောင်တွေက တရားဝင် ကမ်းလှမ်းတာဖြစ်တယ်လို့ ဆိုပါတယ်။

Read More...

ရခိုင်နိုင်ငံရေးပါတီတွေ အင်အား တောင့်တင်းရေးရှေ့ရှု

19 ဇန်နဝါရီ 2012
ကိုသားညွန့်ဦး

ဖျက်သိမ်းခံခဲ့ရတဲ့ ရခိုင်အမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မယ်လို့ ပါတီတာဝန်ရှိသူ တွေက ဆုံးဖြတ်လိုက်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်အမျိုး သားတိုးတက်ရေးပါတီနဲ့လည်း ညှိနှိုင်းပြီး ရခိုင်ပြည်နယ်အတွက် အားကောင်းတဲ့ နိုင်ငံရေးအင်အားစုတရပ် ပေါ်လာအောင် ကြိုးပမ်းသွားမယ်လို့လည်း ပါတီနှစ်ရပ်စလုံးက တာဝန်ရှိသူတွေက ပြောကြပါတယ်။ ကိုသားညွန့် ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မကြာခင်က အကျဉ်းထောင်တွေအတွင်းက ပြန်လည် လွတ်မြောက်လာသူတွေအထဲမှာ အထင်ကရ တိုင်းရင်း သားခေါင်းဆောင် တွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့ ရဟန်းသံဃာတွေ ပါဝင်လာတာကြောင့် ဖျက်သိမ်းခံထားရတဲ့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ALD ကို နိုင်ငံရေး ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်က ဗွီအိုအေကို ပြောပါတယ်။

Read More...

NLD ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ရွေး

19 ဇန်နဝါရီ 2012
မသင်းသီရိ

ဒီနေ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ ဖွဲ့လိုက်သလို ရွေးကောက်ပွဲ အောင်နိုင် ရေးကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆုံးဖြတ်ချက်တချို့လည်း ချတယ်ဆိုတော့ ဒီအခြေအနေတွေကို မသင်းသီရိက အပြည့်အစုံ တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအတွက် အတွင်းရေးမှူးအဖွဲ့ဝင် ၃ ဦးရဲ့ အမည်စာရင်းကို ဒီကနေ့ NLD ပါတီက ထုတ်ပြန်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အခု ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နဲ့ ဦးဟံသာမြင့်တို့ ၃ ဦးက အတွင်းရေးမှူးအဖွဲ့ဝင်တွေအဖြစ် တာဝန်ယူ ကြမယ်လို့ ဗဟိုအလုပ်မှုဆောင်အဖွဲရဲ့ အတွင်းရေးမှူးတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကပြောပါတယ်။

Read More...

လွတ်မြောက် နိုင်/ကျဉ်းစာရင်း NLD စိစစ်

19 ဇန်နဝါရီ 2012
မသင်းသီရိ

ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများ ရှိတယ်ဆိုပေမယ့် နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၁၆၀ ယောက်ထက်မနည်း အကျဉ်းထောင်တွေအတွင်း ကျန်နေသေးတယ်လို့ NLD အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ ဒီစာရင်းက NLD ပါတီက အကူအညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပေါ် အခြေခံပြောတာမို့ လက်တွေ့မှာ ဒီဦးရေထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီကရေစီ လမ်းကြောင်းထဲ အားလုံးပါဝင်လာအောင် ဆောင်ရွက်တဲ့နေရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ မရှိသင့်ဘူးလို့လည်း မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကလည်း သုံးသပ်ပါတယ်။ ဒီအခြေအနေအပြည့် အစုံကို တော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

Read More...

ပါကစ္စတန်ဝန်ကြီးချုပ်ဂီလာနီ တရားခွင်မှာအမှုရင်ဆိုင်ပြီ

19 ဇန်နဝါရီ 2012

ပါကစ္စတန်နိုင်ငံမှာ တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ ဝန်ကြီးချုပ် Yusuf Raza Gilani တရားရုံးချုပ်မှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။

သမ္မတ Asif Ali Zardari ကို အဂတိလိုက်စားမှုနဲ့ အမှုပြန်ဖွင့်အောင် Swiss အာဏာပိုင်တွေကို မပြောဖို့ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သတ်ပြီး ခုခံပြောဆိုဖို့ လုံခြုံရေးအစောင့်အကြပ်အများကြီးနဲ့ တရားရုံးကို ဒီကနေ့ ရောက်လာခဲ့ပါတယ်။ သမ္မတ Zardari ဟာ နိုင်ငံ့အကြီးအကဲဖြစ်လို့ ကင်းလွတ်ခွင့်ရှိတယ်လို့ Mr. Gilani က ပြောပါတယ်။

Read More...

ထိုင်းမှာ မြန်မာအလုပ်သမား ၂၀၀ နီးပါး အလုပ်ထုတ်ခံရ

2012-01-19

ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသ နေဝစ်မှာရှိတဲ့ TYC ပုဇွန်စက်ရုံက ဂျပန်ပြည်ကို တင်ပို့တဲ့ ပုဇွန်ထဲမှာ အပ်တွေ့ တယ် ဆိုတဲ့အတွက် မြန်မာ အလုပ်သမား ၂၀၀ နီးပါးကို အလုပ်က ထုတ်ပယ် လိုက်ပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ ကိုသန်းအောင်က ပုဇွန်ထဲ အပ်တွေ့တယ်လို့ စာကပ် ထားတာကို မိမိ တွေ့မိခဲ့ကြောင်း၊ မနေ့က အလုပ် ဆင်းပြီး ၂ နာရီခန့် အကြာမှာ စက်ရုံမန်နေဂျာ ဖူးချွေကမ်းက အမျိုးသမီး ၃၀ ခန့် အပါအဝင် အလုပ်သမား ၂၀၀ လောက်ကို အလုပ်က ထုတ်လိုက်ကြောင်း ပြောပါတယ်။

Read More...

ငြိမ်းချမ်းရေးကော်မတီက FDB နဲ့ DPNS ကို ကမ်းလှမ်း

2012-01-19

မြန်မာအစိုးရ ငြိမ်းချမ်းရေး ကော်မတီက FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုနဲ့ DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တို့ကို တွေ့ဆုံ ဆွေးနွေးဖို့ မနေ့က ကမ်းလှမ်း လိုက်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အခုလို ပြောပါတယ်။

“ဒီကနေ့ မနက်ပဲဗျ။ ကိုကျော်ရင်လှိုင် ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ ဖုန်းဆက်လာပြီးတဲ့ အခါမှာ ပြည်ထောင်စု ဝန်ကြီးတွေ ဒီကို ရောက်တဲ့အခါမှာ ကျွန်တော်တို့နဲ့ တွေ့ချင်တယ်။ တွေ့ဖို့ဆုံဖို့ စကားပြောဖို့ လိုအပ်တယ်လို့ ပြောလာပါတယ်၊ ဒီဟာပါပဲ။ တခြားတော့ ထူးထူးခြားခြား မရှိပါဘူး"

Read More...

ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုးလိုက်ပြီ

လင်းသန့်
January 19, 2012

ရွှေညဝါ ဆရာတော် အရှင် ပညာသီဟသည် သတင်းသုံးရာ သာဓု ကျောင်းတိုက်မှ ၁ လ အတွင်း ငြိမ်းချမ်းစွာ ထွက်ခွာပေးပါ မည်ဟု ယနေ့ နေ့လယ် ၂ နာရီကျော်က၀န်ခံလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

“အခုလေးတင် တိုင်း သံဃမဟာနယက (မဟန) အဖွဲ့က ပင့်ဖိတ်လို့ ကြွပြီး ၁ နာရီမှာ ဆွေးနွေးဖြစ်တယ်။ ကျုပ်အနေနဲ့ မဟာနာ ယက ဆရာတော် ဘုရားကြီးတွေနဲ့ အကျိတ်အခဲတွေ ပြေစေချင်တယ်လေ။ အဲဒါကြောင့်လည်း ထွက်ပေးမယ် ဆိုပြီး တော့ အေးအေး ဆေးဆေးပဲ ၀န်ခံ လက်မှတ်ထိုးခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မြို့နယ် နတ်စင်လမ်းရှိ သာဓု ကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေည၀ါ ဆရာတော်က ဧရာဝတီ ကို မိန့်ကြားသည်။

Read More...

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ပြည်တော် ပြန်ဦးမည် မဟုတ်

ရန်ပိုင်
January 19, 2012

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော် နှင့် ရန်ကုန်တွင် ထွက်ပေါ်နေသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မြန်မာပြည်သို့ ပြန်တော့မည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း မိသားစုက ပြောဆိုလိုက်သည်။

“စိတ်ကူးရင်တောင် အခု အခြေအနေနဲ့က ပြန်ဖို့ မလွယ်ပါဘူး၊ တချို့ကလည်း ဖုန်းဆက်ပြီး၊ ပြန်လာဖို့ ပြောကြတယ်” ဟု သမီး ဖြစ်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီသတင်းဌာနကို ရှင်းပြသည်။

Read More...

အပေါ်သို့