Saturday, August 29, 2009

နေ့စဉ်သတင်းများ (၂၈ - ၈ - ၀၉)

သံဃာ့သပိတ်မှာ ပါဝင်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု နှိုးဆော် သတင်း
သံဃာတော်များက လျှို့ဝှက်အဖွဲ့များ ဖွဲ့စည်း သတင်း
ပါဠိတက္ကသိုလ် လက်ထောက်ဆရာတော်အား အထူးရဲတပ်ဖွဲ့က လာဖမ်းသွား သတင်း
အမေရိကန်အောက်လွှတ်တော်အရာရှိတွေ NLD နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေး သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ရှေ့နေများ (၂) နာရီကြာ တွေ့ခွင့်ရ သတင်း
NLD ရဲ့ မူဝါဒသဘောထား အစစ်အမှန် (မျက်မှောက်ရေးရာ)
ကိုးကန့်ဒေသမှာ တိုက်ပွဲများ ဒုတိယနေ့ ဆက်လက်ဖြစ်ပွား သတင်း
ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့နှင့် နအဖတပ် တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွား သတင်း
ကိုးကန့်ဒုက္ခသည်အရေး ကုလသမဂ္ဂ စိုးရိမ် သတင်း
တရုတ်ပြည်သို့ ထွက်ပြေးရသူ သုံးသောင်းကျော်ပြီဟု ကုလသမဂ္ဂ ထုတ်ပြော သတင်း
မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ပဋိပက္ခ တရုတ်နိုင်ငံ သတိပေး သတင်း
ကိုးကန့်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ ဒုက္ခသည်များ ထွက်ပြေးနေ သတင်း
ကိုးကန့်ဒေသ မငြိမ်မသက်မှုသတင်း သတင်း
ကိုးကန့်စစ်ပြေးများ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ သတင်း
နအဖတပ်များ မီးရှို့ခဲ့သော ရွာများကို ရွာသားများအား ပြန်ဆောက်ခိုင်း သတင်း
ရွာမီးရှို့သူများ မိမိတို့မဟုတ်၊ ခွဲထွက်သျှမ်းတပ်ဖွဲ့၏ လက်ချက်ဟု နအဖတပ် လုပ်ဇာတ်ခင်း သတင်း
ကိုကိုးကျွန်းမှ သက်စွန့်ဆံဖျား လွတ်မြောက်ခဲ့သူ ရဲဘော်ရှောင်း ဟောပြောပွဲပြုလုပ် သတင်း
ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပိုမိုဆင်းရဲ သတင်း
အီရန်အတိုက်အခံခေါင်းဆောင်တွေကို အရေးယူမည် သတင်း
ယက်တောရဲ့ ပထမဆုံး ရေဒီယိုဆက်သွယ်မေးမြန်းခန်း သတင်း
(၇) ထပ် တိုက်ပေါ်က ပြုတ်ကျပြီး လူ (၂) ဦး သေဆုံး သတင်း
လူသေမှုတခုတွင် တာဝန်ရှိသူကို အာမခံနှင့်လွှတ်၍ ရယကအဖွဲ့ဝင်များကို တရားစွဲ သတင်း

နေ့စဉ်သတင်းများ (၂၈ - ၈ - ၀၉)

သံဃာ့သပိတ်မှာ ပါဝင်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု နှိုးဆော် သတင်း
သံဃာတော်များက လျှို့ဝှက်အဖွဲ့များ ဖွဲ့စည်း သတင်း
ပါဠိတက္ကသိုလ် လက်ထောက်ဆရာတော်အား အထူးရဲတပ်ဖွဲ့က လာဖမ်းသွား သတင်း
အမေရိကန်အောက်လွှတ်တော်အရာရှိတွေ NLD နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေး သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ရှေ့နေများ (၂) နာရီကြာ တွေ့ခွင့်ရ သတင်း
NLD ရဲ့ မူဝါဒသဘောထား အစစ်အမှန် (မျက်မှောက်ရေးရာ)
ကိုးကန့်ဒေသမှာ တိုက်ပွဲများ ဒုတိယနေ့ ဆက်လက်ဖြစ်ပွား သတင်း
ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့နှင့် နအဖတပ် တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွား သတင်း
ကိုးကန့်ဒုက္ခသည်အရေး ကုလသမဂ္ဂ စိုးရိမ် သတင်း
တရုတ်ပြည်သို့ ထွက်ပြေးရသူ သုံးသောင်းကျော်ပြီဟု ကုလသမဂ္ဂ ထုတ်ပြော သတင်း
မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ပဋိပက္ခ တရုတ်နိုင်ငံ သတိပေး သတင်း
ကိုးကန့်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ ဒုက္ခသည်များ ထွက်ပြေးနေ သတင်း
ကိုးကန့်ဒေသ မငြိမ်မသက်မှုသတင်း သတင်း
ကိုးကန့်စစ်ပြေးများ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ သတင်း
နအဖတပ်များ မီးရှို့ခဲ့သော ရွာများကို ရွာသားများအား ပြန်ဆောက်ခိုင်း သတင်း
ရွာမီးရှို့သူများ မိမိတို့မဟုတ်၊ ခွဲထွက်သျှမ်းတပ်ဖွဲ့၏ လက်ချက်ဟု နအဖတပ် လုပ်ဇာတ်ခင်း သတင်း
ကိုကိုးကျွန်းမှ သက်စွန့်ဆံဖျား လွတ်မြောက်ခဲ့သူ ရဲဘော်ရှောင်း ဟောပြောပွဲပြုလုပ် သတင်း
ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပိုမိုဆင်းရဲ သတင်း
အီရန်အတိုက်အခံခေါင်းဆောင်တွေကို အရေးယူမည် သတင်း
ယက်တောရဲ့ ပထမဆုံး ရေဒီယိုဆက်သွယ်မေးမြန်းခန်း သတင်း
(၇) ထပ် တိုက်ပေါ်က ပြုတ်ကျပြီး လူ (၂) ဦး သေဆုံး သတင်း
လူသေမှုတခုတွင် တာဝန်ရှိသူကို အာမခံနှင့်လွှတ်၍ ရယကအဖွဲ့ဝင်များကို တရားစွဲ သတင်း

Friday, August 28, 2009

ကိုးကန့်ကြေညာချက်

August 28, 2009









နေ့စဉ်သတင်းများ (၂၇- ၈ - ၀၉)

အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည် သတင်း
တပ်ပေါင်းစုအဖွဲ့မှ မြန်မာစခန်းတခုအား သိမ်းပိုက် သတင်း
တရုတ်-မြန်မာနယ်စပ် တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွား သတင်း
မြန်မာနဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွား သတင်း
မြန်မာထောင်ပေါင်းများစွာ တရုတ်ပြည်ထဲ ထွက်ပြေးခြင်းနှင့် အခြားသတင်းများ သတင်း
ကိုးကန့်အဖွဲ့ဥက္ကဌဟောင်း ဖုန်ကျားရှင် တန်ပြန်ကြေညာချက်ထုတ် သတင်း
ကိုးကန့်နယ်မြေအရေး မြန်မာနိုင်ငံအမျိုးသားကောင်စီ ကြေညာချက်ထုတ် သတင်း
သံဃာတော်များ နိုင်ငံရေးကင်းရှင်းဖို့ သတိပေး သတင်း
လယ်သမားများ ဆန်ပြုတ်သောက်နေရ သတင်း
ထိုင်းရောက် ကရင်တိုင်းရင်းသားများ မယ်လဒုက္ခသည်စခန်းကို ပို့မည် သတင်း
ဘုန်းတော်ကြီး ဒလိုင်းလားမား ထိုင်ဝမ်ခရီးစဉ် တရုတ်အစိုးရ ကန့်ကွက် သတင်း
ကျွန်းသစ်မှောင်ခိုမလုပ်ဟု ဇေတဝန်ဆရာတော် ငြင်းဆို သတင်း
ချေးငွေသဘောဖြင့် အမြောက်တပ်ရင်းက ငွေကြေးတောင်းခံ သတင်း
နအဖနှင့် အပစ်ရပ် ကိုးကန့်တို့ကြား သွေးထွက်သံယိုမှု စတင်ပြီ သတင်း
တရုတ်နိုင်ငံဘက်သို့ ရှမ်းပြည်နယ်မှ လူထောင်ပေါင်းများစွာ ထွက်ပြေး သတင်း
စစ်အစိုးရက ကိုးကန့်အပေါ် သွေးခွဲနည်းဗျူဟာဟောင်း အသုံးပြုနေ သတင်း
အယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီမှုရ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ လာမည့်အပတ် တင်မည် သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျင်းပမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း သတင်း
ဒေါ်အောင်ဆန်းစုကြည်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ယခင်ထက် ပိုတင်းကျပ် သတင်း
မြန်မာစစ်အစိုးရကို နည်းသစ်သုံး ချဉ်းကပ်ရေး သတင်း
၂၀၁၀ အလိုမရှိ လှုပ်ရှားမှု ညောင်ဦးတွင် ပြုလုပ် သတင်း
NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် နှစ်လကြာ ချုပ်နှောင်ခံနေရ သတင်း
နယ်ထောင်သို့ သွားတွေ့ရသည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ အခက်ကြုံ သတင်း
နာဂစ်မုန်တိုင်းသင့်ဒေသတချို့ အငတ်ဘေးနှင့် ကြုံတွေ့နေရ သတင်း
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူတချို့၏ မိဘများကို လ၀က က ခြိမ်းခြောက်ပြီး ငွေညှစ် သတင်း
ထပ်စင်ကို UAE က မောင်းထုတ် သတင်း
အခွန်ငွေကိစ္စ အဂတိလိုက်စားမှု များပြား သတင်း
ပြည်ပရောက် မြန်မာအချင်းချင်း ငွေလိမ်လည်ယူနေ သတင်း
၂၀၁၀ နှစ်ဆန်းမှစ၍ မဂ္ဂဇင်း/ဂျာနယ်များတွင် အရက်ကြော်ငြာ ပိတ်ပင်မည် သတင်း
အင်္ကျီချွတ်ပြီး ယာဉ်မမောင်းရ၊ ရန်ကုန်တွင် အမိန့်ထုတ် သတင်း
ကျန်းမာရေးက ပိတ်ထားသော စားသုံးဆီများကို စည်ပင်သာယာက ရောင်းခွင့်ပြု သတင်း
မြစ်ဆုံရေကာတာဆောက်ရန် ရွာ (၆၀) ကျော် ဖယ်ပေးရမည် သတင်း
လယ်သမား (၁၃) ဦး၏ အမှု ရက်ရွှေ့၊ ဖမ်းထားသူ (၂) ဦးကို တရားစွဲရန်ပြင် သတင်း

Thursday, August 27, 2009

အိပ်မက်က လန့်နိုး

August 27, 2009

ဝိမုတ္တိကို ပေးပို့လာတဲ့ ကိုးကန့်တပ်မှူးဟောင်း တဦးရဲ့ ရင်ဖွင့်သံ ခံစားချက်ကို ငြိမ်းအဖွဲ့သား အားလုံး သိရှိနိုင်ဖို့ တဆင့် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။

အိပ်မက်က လန့်နိုး

ကျနော်တပ်ကထွက်နားနေတာ ကြာပြီ။ ယန်နဲ့ဖုန် ပြန်တိုက်တဲ့ အချိန်ကစပြီး ကျနော် အရပ်သား တယောက်လိုပဲ ထွက်နေလိုက်တာ။

ဒီနေရာ ဒီဒေသမှာ ဒီလို မကြူံဘူးတဲ့ အခွင့်အရေးတွေ ရနေတာဟာ တဒင်္ဂပဲ ဆိုတာ တခါမှ မတွေးမိဘူး။ ရာသက်ပန် ဒီလိုပဲ နေ-စား-သွားရမယ်လို့ ထင်တာပေါ့ ။ ဘာလို့လဲဆိုတော့ ကျနော့် အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် တခါက ဗကပ တွေကို သိပ်မုန်းခဲ့တာ။ သူတို့တွေ နေရာတကာမှာ ချုပ်ချယ်ခဲ့တယ်လို့ အဲဒီတုန်းက မြင်ခဲ့တာ။ ဒီတော့ ကျနော်တို့ ကိုယ့်ခြေ ကိုယ့်လက် လုပ်ချင်တာ လုပ်နိုင်အောင် ခွဲထွက် ခဲ့တာပေါ့။

အဲဒီအချိန် တုန်းက နအဖ က ကျနော်တို့အပေါ် ဆက်ဆံခဲ့တာတွေက ယုံတောင် မယုံနိုင် စရာပါပဲ။ အခုနဲ့တခြား စီပဲလေ။ ဖူးဖူးမှုတ်ထားတာ။ ကျနော်တို့ ဘာပဲလုပ်လုပ် တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ဆိုပြီး ကြိုလိုက်ကြတာ။ ကိုယ့်ကိုယ်ကိုလည်း ဘ၀င်တွေ မြင့်တော့တာပေါ့။ တချိန်တည်းမှာလည်း ဗကပ ခေါင်းဆောင်တွေ ငါတို့ကို လိမ်ပြောထားတာ ပဲလို့ ထင်ခဲ့တာ။ ငါတို့ကို ဒီလို အခွင့်အရေးတွေ ပေးမှာစိုးလို့ သူတို့ ချုပ်ချယ် ထားတာပါလား ဆိုပြီး ဆဲမှ ဆဲပေါ့။

အခုတော့ ကျောချ မှဓါးပြမှန်းသိ ဆိုသလိုပဲ ။ အနှစ် ၂၀ ပြန်ငဲ့ကြည့်လိုက်တော့ ကျနော်တို့ ကိုးကန့်တွေ အစိတ်စိတ် အမွှာမွှာ အခွဲခံ ကြရပီလေ။ နအဖ တပ်တွေက ကျနော်တို့ ဒေသကို အကုန်လုံး ချုပ်ကိုင် လိုက်ကြပြီ။ တချိန်တုန်းက တိုက်ယူလို့ မရခဲ့တဲ့ နယ်မြေ ဒေသတွေ အကုန်လုံး အခုတော့ ကျနော်တို့ ချင်းလည်း ရန်သူဖြစ်။ ပြန် ချ။ သူတို့က အဆင်သင့် ၀င်ထိုင်။ ခဲတလုံးနဲ့ ငှက် ၂ ကောင် ပစ်တာလား။ ယာလည်းညက် ကြက်လည်းမော ဆိုတဲ့ စကားအတိုင်း အကုန် ဖြစ်ကုန်ပြီလေ။ ဒီမြေနေ ဒီရေ သောက်နေတဲ့ ကျနော်တို့ လူထုတွေ ဒုက္ခပင်လယ် ဝေကြပြီကော။

ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်တို့ ငြိမ်းအဖွဲ့တွေ အကုန်လုံး နအဖ စစ်အုပ်စုရဲ့ အကြံယုတ် အောက်မှာ တစတစနဲ့ အဖြိုခံ အမြိုခံနေ ရပြီလေ။ အားလုံး တော်လှန်ရေးသတိ ပြန်ရှိကြပါစို့။ ဒီမိုကရေစီ အင်အားစု အကုန်လုံးနဲ့ လက်တွဲပြီး တော်လှန်ရေး ပြန်စ ကြရအောင်လား။

အငြိမ်းစားကိုးကန့်တပ်မှူးတဦး

နအဖ ၏ ရခိုင်ပြည် စည်းရုံးရေး တလွဲဖြစ်

August, 27, 2009

မြန်မာပြည်အရပ်ရပ်က ပေးပို့လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ကျနော်များ ၀ိမုတ္တိ ဘလော့က လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား။ လူထုရဲ့ခံစားချက်တွေ တနယ်ကစ တပြည်လုံး ပျံ့နှံ့စေပြီး ဒီမိုကရေစီ တံခါးကို ဆွဲဖွင့်ကြပါစို့

နအဖ ၏ ရခိုင်ပြည် စည်းရုံးရေး တလွဲဖြစ်

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်တွင် တိုင်းမှူးသောင်းအေး၏ အစီအစဉ်အရ ကျန်းမာရေး စောင့်ရှောက်မှု ဟု ဆိုကာ အထူးကု ဆရာဝန် ကြီးများကို နယ်များသို့ဆင်း၍ ဆေးဝါး ကုသစေပါသည်။ (၂၀၁၀) အတွက်ရည်ရွယ် ပြုလုပ်နေကြောင်း နယ်ခံ လူများက ပြောကြား ကြပါသည်။ ဆရာဝန်များကို ကျေးရွာ ကျောင်းများတွင် စစ်ဆေးစေသည်။ သို့သော် လာရောက်သော ကျန်းမာရေး အဖွဲ့များနှင့် အာဏာပိုင် အဖွဲ့များကို ကျွေးမွေးရန် အတွက်ဆိုကာ ကျောင်သား လူငယ်များထံမှ ပိုက်ဆံ(၂၀၀) ကျပ်စီ ကောက်ခံ စေပါသည်။ ဆရာဝန်မကြီး တစ်ယောက်က…….

Read More...

ကလေး ကလား ရထားလမ်း

August 27, 2009

မြန်မာပြည်အရပ်ရပ်က ပေးပို့လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ကျနော်များ ၀ိမုတ္တိ ဘလော့က လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား။ လူထုရဲ့ခံစားချက်တွေ တနယ်ကစ တပြည်လုံး ပျံ့နှံ့စေပြီး ဒီမိုကရေစီ တံခါးကို ဆွဲဖွင့်ကြပါစို့

ကလေး ကလား ရထားလမ်း

တိုင်းရင်းသားလူမျိုးတွေ တပြေးညီဖွံ့ဖြိုးတိုးတက်ရေး လို့ အသံအကျယ်ကြီး အော်ကာ မဲဆွယ်နေတဲ့ နအဖ တွေဟာ ရခိုင် ပြည်နယ်၊ စစ်တွေမြို့မှာ မြို့ပတ်မီးရထားလမ်းကို ၂၀၁၀ မတိုင်မီ ၄လနဲ့အပြီး ဖောက်လုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ပြည်နယ်များရဲ့ အမှန်တကယ် လိုအပ်ချက်တွေ ကိုတော့ လစ်လျှူရှုထား ပါတယ်။ အမှန်တော့ စစ်တွေမြို့ အတိုင်းအတာ နဲ့ မြို့ပတ် ရထားဟာ မလိုအပ်ဘဲ အပိုတခုသာ ဖြစ်ပါတယ်၊ ဘယ်သူမှလည်း မစီးကြပါ။

နည်းပညာတက္ကသိုလ်က ကျောင်းသားတွေ အဆင်ပြေဖို့ ဖောက်ပေးပါတယ် ဆိုပေမဲ့လည်း ရထားလမ်းက မြေသား မကျစ်လစ် လို့ တိမ်းမှောက်မလို ဖြစ်ခဲ့တာကြောင့် ဘယ်သူမှ မစီးဝံ့ ကြတော့ပါ။

ပြေးဆွဲမှု အစီအစဉ်
စေတနာမပါဘဲ အလွယ်တကူ ပြီးစလွယ် လုပ်ထားတာကြောင့် ရထားလမ်း ဖောက်လုပ် ပြထားရင် ပြီးရော ဘယ်သူ ရထားမှောက် သေသေ အရေးမကြီးဘူး ဆိုတဲ့ ပုံစံပါပဲ။

ကလေးတွေနဲ့ အနီးတ၀ိုက်က ကုလားလူမျိုးတွေသာ အစီးများပါတယ်။ ဒီအကြောင်းကို ရထားလမ်း ဖောက်လုပ်ရေး တာဝန်ခံ နအဖ စစ်ဗိုလ် တယောက်ကို ထင်မြင်ချက် ပေးခိုင်းတော့ “ကလေးတွေနဲ့ ကုလားတွေပဲ စီးရင် ကလေးကလား ရထားပေါ့ကွာ" လို့ ရယ်ကျဲကျဲနဲ့ ပြန်ဖြေသွားပါတယ်။

Read More...

အနှိပ်ခန်း၊ ဇိမ်ခန်းတွေက ဖောက်သယ်ကြီးတွေ

August 27, 2009

မြန်မာပြည်အရပ်ရပ်က ပေးပို့လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ကျနော်များ ၀ိမုတ္တိ ဘလော့က လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား။ လူထုရဲ့ခံစားချက်တွေ တနယ်ကစ တပြည်လုံး ပျံ့နှံ့စေပြီး ဒီမိုကရေစီ တံခါးကို ဆွဲဖွင့်ကြပါစို့

အနှိပ်ခန်း၊ ဇိမ်ခန်းတွေက ဖောက်သယ်ကြီးတွေ

စစ်တွေမြို့မှာ ၀င်ငွေ အကောင်ဆုံး အလုပ်တွေကတော့ အနှိပ်ခန်းနဲ့ ကာရာအိုကေ (KTV) တွေပဲ ဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ကြီး တွေ ကားကြီး၊ ကားငယ်၊ ကားလတ် အသွယ်သွယ်နဲ့ အသားကုန် အားပေး ကြပါတယ် ခင်ဗျာ။

တကယ်ပါ မိုးလင်းပေါက်ကို အားပေးကြပါတယ်။ အရင်က အနှိပ်ခန်းတွေ ကတော့ မြို့ပြင်မှာ ဖွင့်လှစ်ထားပြီး ရန်ကုန်က မိန်း ခလေးတွေကို ခေါ်ယူ အသုံးပြုပါတယ်။ အခုတော့ မြို့ထဲမှာပါ အတင့်ရဲစွာ ဖွင့်လာကြပါတယ်။

တရားသီးစု ရပ်ကွက်ရှိ အနှိပ်ခန်းနဲ့ ကာရာအိုကေ တွဲဖွင့်ထားတဲ့ နေရာမှာဆို စစ်ကားနဲ့ အုပ်ချုပ်းရေး ဖက်က ကားတွေချည်းပဲ၊ ရပ်ထားပါတယ်။ စစ်ဗိုလ်ကြီးတွေက အထဲမှာ ကောင်မလေးတွေနဲ့ မိုးလင်းပေါက် နှစ်ပါးသွား နေချိန်မှာ သာမန် တပ်သားလေးတွေ ကတော့ သူတို့ရဲ့ ကားတွေကို မိုးအလင်း စောင့်ရပါတယ်။ ကားပေါ်မှာပဲ အိပ်နေရပါတယ်။ လူသား စားတတ်တဲ့ နအဖ ဗိုလ် အပေါင်းတို့ရဲ့ လုပ်ပေါက်ကတော့ ပါးစပ်ထဲ လက်ထိုးအန်ပစ်ဖို့ပဲ ကောင်းပါတော့တယ်။

ဒါနဲ့များစည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်မှာ တပ်မတော်က ဦးဆောင်အုံးမှာတဲ့ အရပ်ကတို့ရယ်။

ဝိမုတ္တိဝိုင်းတော်သားတဦး (ရခိုင်ပြည်နယ်)

ကြားဖူးကြလား မီတာတယူနစ် ကျပ် ၄၀၀

August 27, 2009

မြန်မာပြည်အရပ်ရပ်က ပေးပို့လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ကျနော်များ ၀ိမုတ္တိ ဘလော့က လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား။ လူထုရဲ့ခံစားချက်တွေ တနယ်ကစ တပြည်လုံး ပျံ့နှံ့စေပြီး ဒီမိုကရေစီ တံခါးကို ဆွဲဖွင့်ကြပါစို့

ကြားဖူးကြလား မီတာတယူနစ် ကျပ် ၄၀၀

ပွင့်ပွင့်လင်းလင်း ပြောရရင် ရခိုင်ပြည်သူတွေ မတိုးတက် စေချင်ရင် လျှပ်စစ်မီး မပေးဘဲ နေရုံပါပဲ။ လူတိုင်းသိပါတယ်။ အဓိက လိုအပ်တာ လျှပ်စစ်မီး။ ဒါကြတော့ မပေးပါဘူးခင်ဗျား။ ပေါ်တင်ပဲ။

ရခိုင်မှာ လျှပ်စစ်မီးထုတ်လို့ရတဲ့ အရင်းအမြစ်တွေ ဒုနဲ့ဒေး စေတနာရှိလို့ အမှန်လုပ်ပေးရင် ပိုတောင် နေအုံးမယ်။ ရခိုင်က ထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကျတော့ နင်းကန်ထုတ်၊ ဟိုမြေတူး ဒီမြေတူးနဲ့ ရေနံတွေကို တရုတ်လာတူး၊ ကုလားလာတူးနဲ့၊ ရမယ်ဆိုရင် - ရခိုင်ကို ခွဲပြီး သူများကို ရောင်းပစ် ကြမလားမသိ။ ပြောလို့တော့မရ နောက်ဆို ကချင်ပြည်နယ်ကို ကြမ်းခင်းဈေး ဘယ်လောက်နဲ့ လေလံတင်ပါ့မယ်။ ရခိုင်ပြည်နယ်ကို ကြမ်းခင်းဈေး ဘယ်လောက်နဲ့ လေလံတင်ပါ့မယ်တွေ ဘာတွေ ဖြစ်ချင်ဖြစ် လာနိုင်တယ်။ လေလံဆွဲမယ့် ကောင်တွေကတော့ တရုတ်တွေ ကုလားတွေပေါ့ဗျာနော်။

အဲတော့ အခု ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ တနေ့ကို လေးနာရီ မီးရပါတယ်
ခင်ဗျာ။ ညနေ ၇ နာရီ ကနေ ၁၁ နာရီ ထိပါ။ တစ်ယူနစ်ကို ၃၀၀ ကျပ်ပါ။ နောက်-နေ့ခင်းလည်း မီးပေးပါမယ်တဲ့။

မြို့ထဲရပ်ကွက်တွေကို အစည်းအဝေးတွေ ဘာတွေ လုပ်ပါတယ်၊ ပျော်တာပေါ့ခင်ဗျာ။ နေ့ခင်းလည်း မီးလာမယ် ဆိုတော့။ ဒါပေမဲ့ခင်ဗျာ တစ်ယူနစ်ကို ၄၀၀ ကျပ်ပါတဲ့ ခင်ဗျား။ ၃၀၀ ကျပ်တောင် တနေ့ ၄နာရီနဲ့ သောင်းကျော် သိန်းကျော် ပေးနေရတာ တစ်ယူနစ် ၄၀၀ ကျပ်နဲ့ ဆိုတော့ စဉ်းစားသာ ကြည်ပါတော့ အရပ်ကတို့ရယ်။ အဲ..လျှပ်စစ်မီးပေးမယ့် ကုမ္ပဏီကတော့ သိတဲ့ အတိုင်း ဆွေတော် မျိုးတော်တွေပေါ့ ခင်ဗျား..

အသားလည်းယူအသွေးလည်း ယူ အရိုးတောင် ချမ်းသာပေးမယ့် လူတွေ မဟုတ်ပါဘူး။ ရခိုင်ပြည်သူတွေ ကတော့ ဆင်းရဲတွင်း နက်သထက် နက်လို့၊ ထုသား ပေသား ရနေပါပြီခင်ဗျား။ ဆင်းရဲတွင်း နက်တာမှ အ၀ီစိတောင် ကျော်သွားပြီခင်ဗျား။ ဘာဖြစ်လဲနော် စားဖို့ ဆန်မရှိရင် မုန့်တီ စားကြမှာပေါ့ ဟုတ်ဖူးလား။ အော်… နအဖ လုပ်ပေါက်တွေပြောပါတယ်။

ဝိမုတ္တိဝိုင်းတော်သားတဦး (ရခိုင်ပြည်နယ်)

နေ့စဉ်သတင်းများ (၂၆- ၈ - ၀၉)

အထင်ကရ အထက်လွှတ်တော်အမတ် အက်ဒွပ်ကနေဒီ ကွယ်လွန် သတင်း
ကွယ်လွန်သူ လွှတ်တော်အမတ် ကနေဒီကို ကမ္ဘာ့ခေါင်းဆောင်များ ဂါရ၀ပြု သတင်း
မိသားစုများ ပြန်လည်ဆုံဆည်းရေး တောင်နဲ့ မြောက်ကိုရီးယား ဆွေးနွေး သတင်း
သပိတ်မှောက်ကံဆောင်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော် သတင်း
NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာဂျင်ဝက်ဘ် တိုက်တွန်း သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှု ရန်ကုန်မှာ လုပ်ခဲ့ သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျွန်ယက်တော ဆွေးနွေးခြင်း အလျဉ်းမရှိခဲ့ သတင်း
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု တရုတ်သြဇာလွှမ်းမိုး သတင်း
ကိုးကန့်တပ်ဖွဲ့ကို စစ်အစိုးရနောက်ခံဖြင့် အသစ်ပြန်ဖွဲ့ သတင်း
ကိုးကန့်မှာ အဖွဲ့တဖွဲ့ထပ်ဖြစ်လာ သတင်း
သတင်းပေးလုပ်နည်းသင်တန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ပို့ချနေ သတင်း
မော်လမြိုင်တက္ကသိုလ်အတွင်း လှုံ့ဆော်စာတွေ့ပြီးနောက် စစ်ဆေးကန့်သတ်မှု တိုးမြှင့် သတင်း
ဘူးသီးတောင်တွင် လုံခြုံရေးတင်းကျပ် သတင်း
အ၀ါရောင်လှုပ်ရှားမှု စပြီ သတင်း
အတိုက်အခံများက အဝါရောင်လှုပ်ရှားမှု စတင် သတင်း
ထိုင်း-မြန်မာနယ်စပ် ရေကာတာ ရေလျှံမှုကြောင့် စိုးရိမ်နေကြ သတင်း
ရန်ကုန်မြစ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောတစင်း နစ်မြုပ် သတင်း
စိတ်ကြွဆေးပြား (၃) သန်းခန့်နှင့် ဘိန်းဖြူများ ဖမ်းမိခဲ့ဟု စစ်အစိုးရ ထုတ်ပြန် သတင်း
အဖက်ဖက်မှ အခွန်ဆောင်ရသောကြောင့် မြ၀တီမြို့ရှိ ပြည့်တန်ဆာများ ညည်းတွားနေ သတင်း
တက္ကစီပြေးဆွဲခွန် (၂) နှစ်စာ ဆောင်ရမည်ဖြစ်၍ တက္ကစီသမားများ ဒုက္ခရောက် သတင်း
ဘဏ်နှင့် အကျိုးဆောင်များမှာ ဓာတ်အားခ ကြိုတင်ပေးသွင်းနိုင် သတင်း
ကိုးကန့်ခေါင်းဆောင် ၀ နယ်မြေသို့ ၀င်ရောက်ခိုလှုံ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတဲ့ လုပ်ရပ်အပေါ် မိတ္ထီလာအဖွဲ့ချုပ် ရှုတ်ချ သတင်း
ပြည်မြို့တွင် လူငယ်အချို့ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံနေရ သတင်း
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တဦး၏ အစ်မကို စစ်အစိုးရက ယနေ့ရုံးထုတ်စစ်ဆေး သတင်း
သာယာဝတီအခြေစိုက် ခလရ (၃၅) တပ်လမ်းကို ဖြတ်သန်းခွင့်မပြု သတင်း
လယ်သမားများထံ ငွေကြေးကောက်ခံနေသောအဖွဲ့သည် သူတို့တပ်ဖွဲ့မှ မဟုတ်ကြောင်း နိုင်အောင်နိုင် ငြင်းဆို သတင်း
ပိုစတာလှုပ်ရှားမှု စတင်ပြီးနောက် တိုင်းမှူးသောင်းအေး တောင်ကုတ်သို့ ရောက် သတင်း
(၁၀) တန်းအောင် ကြံ့ဖွံ့အဖွဲ့ဝင်များကို သတင်းပေးသင်တန်း ပို့ချ သတင်း
ရာဘာဈေး တက်သော်လည်း ခြံပိုင်ရှင်များ ရုန်းကန်နေရဆဲ သတင်း

Wednesday, August 26, 2009

ဒုတိယ ရေကြည်အိုင်

August 26, 2009
ဆောင်းပါးရှင် – L.t Comet (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)

ဖက်ဆစ်ဝါဒ နအဖ

နိုင်ငံရေး လှုပ်ရှားနေသူတွေ အားလုံးကို သိစေချင်တဲ့ စေတနာနဲ့ ဒီစာကို ရေးလိုက်တာပါ။ ပြီးတော့ နအဖရဲ့ လုပ်ကွက် တွေကိုလည်း နိုင်ငံရေး လှုပ်ရှားနေကြတဲ့ မျိုးချစ်တွေ အနေနဲ့ မသိသေးတဲ့ အရာတစ်ခုကို သိဖို့အတွက် စေတနာနဲ့ ရေးသား လိုက်တာလည်း ဖြစ်ပါတယ်။

နအဖတွေဟာ နိုင်ငံရေးလှုပ်ရှားသူ အဓိက ခေါင်းပိုင်းတွေကို မိပြီဆိုရင် အင်းစိန်မှာ ရှိတဲ့ ဘုရင့်နောင် စစ်ကြောရေးကို အရင် ပို့ပါတယ်။ ဘုရင့်နောင် စစ်ကြောရေးကို ရောက်တာနဲ့ အဲဒီလူကို ဘေးပတ်ပတ်လည်မှာ မှန်တွေပဲ ရှိတဲ့ အခန်းထဲကို အရင် ထည့်ထားပါတယ်။ အခန်းထဲမှာ စားပွဲ ၁ လုံးနဲ့ ကုလားထိုင် ၂ လုံး ရှိပါတယ်။ ပြီးရင် စစ် မေးမယ့် သူက တစ်ယောက် ၀င်လာပါတယ်။ စစ်မေးမဲ့ သူရဲ့ အရှေ့မှာ နိုင်ငံရေး လှုပ်ရှားသူက ထိုင်ရပါတယ်။ သူ တို့တွေ မေးမြန်း နေတာတွေကို ဘေးပတ်လည် မှန်တွေနဲ့ ကာထားတဲ့ အခန်းထဲက နေပြီးတော့ အနိမ့်ဆုံး ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အရာရှိကြီး တစ်ဦးက ကြည့်နေပါတယ်။ အဲ့ဒီ ဒုမှူးကြီး အဆင့်ကို ဘာလို့ ကြည့်ခိုင်းတာလည်း ဆိုတော့ နအဖ စစ်တပ်ရဲ့ ထုံးစံအရ ဒုမှူးကြီး အဆင့် ရှိသူတွေ အားလုံးကို VIP လို့ ခေါ်ဆိုကြပြီး သူတို့တွေဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ သင်တန်းတွေကိုပါ တက်ရောက်ပြီးတဲ့ အတွက် သူတို့တွေကို ကြီးကြပ် ကွပ်ကဲ ခိုင်းတာဖြစ်ပါတယ်။

ဒုမှူးကြီး ဦးစီးတယ်ဆိုပေမဲ့ နိုင်ငံရေးသမားများကို တွေ့တိုင်း ဒုမှူးကြီးအား ကွပ်ကဲ ခိုင်းတာ မဟုတ်ဘဲ နအဖ အစိုးရရဲ့ စနစ်တကျ ရွေးချယ် ထားတဲ့ အရေးကြီးမယ်ထင်တဲ့ သူတွေကို စစ်မေးတဲ့ အခါမှာသာ ကြီးကြပ် ကွပ်ကဲ ခိုင်းတာ ဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားသူကို စစ်တဲ့ နေရာမှာ စစ်တဲ့ အရာရှိတွေဟာ လုံးဝကို သွေးအေးတဲ့ လူတွေကိုပဲ စစ်မေး ခိုင်းပါတယ်။ စစ်မေးသူ အရာရှိဟာ ဘယ်တော့မှ ဒေါသလည်း မထွက်ပါဘူး။ ဒေါသမထွက်ဖို့ ကိုလည်း ပြောထား ပြီးသားပါ။ ပြီးတော့ ဒုမှူးကြီးလည်း ရှိနေတော့ ဒေါသ မထွက်အောင် ထိန်းချုပ် ထားရတာပေါ့။ နိုင်ငံရေး လှုပ်ရှားသူကို စစ်မေးသူ အရာရှိက ဒေါသ လုံးဝ မထွက်ဘဲ အေးအေး ဆေးဆေးနဲ့ နအဖတို့ သိချင်တဲ့ အချက်အလက် များကို မေးပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လှုပ်ရှားသူ တွေဟာလည်း ဘယ်တော့မှ မပြောပါဘူး။

Read More...

နအဖ ၀န်ကြီးချုပ်နှင့် တရုတ်ဝန်ကြီးချုပ် တွေ့ဆုံပွဲ မှတ်တမ်း အကျဉ်းချုပ် သတင်း

August 26, 2009

၂၀၀၈ခုနှစ် မတ်လတွင် လာအိုနိုင်ငံ ဗီယက်ကျန်း မြို့တော်၌ မဟာ မဲခေါင်ဒေသကြီး တတိယ အကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေစဉ် အတွင်း နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်အား ဆွေးနွေးပွဲ ပြင်ပတွင် ၂ဖက် တွေ့ဆုံ ဆွေးနွေးလိုကြောင်း တောင်းခံခဲ့သည်။ တရုတ်ဝန်ကြီးချုပ်က လက်ခံ တွေ့ဆုံခဲ့သည်။

နှစ်ဖက်တွေ့ဆုံရာတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မိတ်ဆက် အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် မြန်မာဖက်မှ ကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးပြီး ဆွေးနွေးပွဲကို စတင်ခဲ့သည်။

ဆွေးနွေးသည့်အကြောင်းအရာများမှာ

၁။ သေသွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းလက်ထက် တောင်းခံခဲ့သည့် ရွှေလီ-လာရှိုး တရုတ်-မြန်မာ ရထားလမ်း တည်ဆောက်ရေး ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှာ ဘဏ္ဍာရေး နှင့် နည်းပညာ ကူညီ ပံ့ပိုးမှုများ ဆက်လက် အကူအညီ ပေးပါရန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထပ်မံဆွေးနွေးခဲ့သည်။

၂။ နေပြည်တော်တွင် တည်ဆောက်မည့် အပြည်ပြည်ဆိုင် ရာညီလာခံများ ကျင်းပရေး စင်တာ (International Convention Centre - ICC) တည်ဆောက်ရေး အတွက် တရုတ်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရန်နှင့် အကူအညီများ ပေးပါရန် တောင်းခံခဲ့သည်။

၃။ တရုတ်ပြည်တွင် ဗုဒ္ဓစွယ်တော်တိုက် တည်ဆောက်ရေး အတွက် ကျွန်းသစ် တန် ၃၀၀ လှူပြီးကြောင်း၊ နှင်း မုန်တိုင်းဒဏ် ခံရသည် တရုတ် ပြည်သူများ ပြန်လည် နေရာချထားရေး အတွက် သစ်မာ တန် ၃၀၀၀ ပေးလှူ ခဲ့ကြောင်းနှင့် ဤသစ်များ တရုတ်ဖက်သို့ လွှဲပြောင်း ပေးအပ်ရန် အတွက် မူဆယ်၌ အသင့်ရှိပါကြောင်း ဖော်လံ ဖား ပြောခဲ့သည်။

၎။ ချင်းတွင်းမြစ်တွင် မီဂါဝပ် ၂၀၀၀၊ နှင့် ဧရာဝတီ မြစ်တလျှောက်တွင် မီဂါဝပ် ၁၃,၀၀၀ စီမံ ချက် ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများကို တရုတ်၊ အိန္ဒိယနိုင်ငံတို့ နှင့် ပူးပေါင်း အကောင်အထည် ဖော်နေပါကြောင်း၊ ထို့ ကြောင့် တရုတ်နိုင်ငံ အနေဖြင့် ရေအား လျှပ်စစ်စီမံကိန်း အသစ်များ ပူးပေါင်း ဆောင်ရွက်ရေး အတွက် နောက်ထပ် အခွင့်အလမ်းများ ရှာဖွေပါရန် ဖိတ်ခေါ်ပါကြောင်း ထပ်မံ မျက်နှာချို သွေးခဲ့သည်။

Read More...

နေ့စဉ်သတင်းများ (၂၅ - ၈ - ၀၉)

ကိုးကန့်ဒေသနယ်စပ်တလျှောက် တရုတ်တပ်များ ချီတက်နေရာယူ သတင်း
ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်အိမ်ကို စစ်အစိုးရတပ်များ ၀င်ရောက်စီးနင်း သတင်း
အပစ်ရပ်ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရကြား တင်းမာမှုအရှိန်မြင့် သတင်း
ငြိမ်းအဖွဲ့ ကိုးကန့်အဖွဲ့နှင့် နအဖတပ်အကြား အခြေအနေတင်းမာနေ သတင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုက စစ်ရေးအရှိန်မြှင့်မည် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဆွေးနွေးရေးလုပ်ရန် တောင်းဆို သတင်း
တောင်ကုတ်မြို့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပိုစတာလှုပ်ရှားမှု သတင်း
ဒေါ်အောင်ဆန်းစုကြည် မိသားစုဆရာဝန်နှင့် ကျန်းမာရေးစစ်ဆေးခွင့် မရရှိသေး သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ပို့ပြီးနောက် မြန်မာ့နိုင်ငံရေးအခြေအနေ သတင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ရှေ့နေများ အယူခံဝင်မည် သတင်း
ပြည်မြို့တွင် အဖွဲ့ချုပ်ဝင်နှင့် အရပ်သားတချို့ကို ဖမ်းဆီးမှုများရှိနေ သတင်း
လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြသူ (၃) ဦး ပြန်လွတ် သတင်း
ဝန်ထမ်းများ နိုင်ငံရေးပါတီ ကင်းရှင်းရမည်၊ ကြံ့ဖွံ့မပါ သတင်း
သံဃာအားလုံး ပေါင်းစည်းညီညွတ်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော် သတင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည် သတင်း
ကြံ့ဖွံ့အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးကို ဖိတ်သည့် ဂျပန်အစိုးရကို ဆန္ဒပြ သတင်း
ဂျပန်-မြန်မာဆက်ဆံရေးကို ခိုင်မြဲစေခြင်း သတင်း
စစ်ပြေးဒုက္ခသည်များကို မယ်လစခန်းသို့ ပို့ဆောင်ရန် စီစဉ် သတင်း
ကလိန်အောင်မှာ ကျေးရွာဥက္ကဌ မလုပ်ချင်ကြ သတင်း
အပစ်ရပ်အဖွဲ့နှင့် ရဲတပ်ဖွဲများ ပူးပေါင်းပြီး ဂိတ်ကြေးကောက် သတင်း
ပြည်သူချင်းအတူတူ ဗမာလူမျိုးများ ဆေးကုခွင့် အလကားရ သတင်း
တာချီလိတ်တွင် ကျပ်သန်း (၂)သောင်းကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ သတင်း
စားသောက်ဆိုင်များ စလောင်းမတပ်ရ သတင်း
ရုပ်သေးဈေးကွက်လည်း ပျက် သတင်း
ရာဘာဈေး ယခင်ဈေးပြန်ရောက်ရန် မျှော်လင့်နေကြ သတင်း
ဒုတိယအကြိမ် မွန်သုတေသန စာတမ်းဖတ်ပွဲကို မော်လမြိုင် ငွေမိုးဟိုတယ်မှာ ကျင်းပ သတင်း
မြန်မာက ထိုင်းသို့ ကြက်သွန်နီတင်ပို့မှုပိတ်၊ ထိုင်းတွင် ကြက်သွန်ဈေးများ ထိုးတက် သတင်း
စည်ပင်ဝန်ထမ်းအဖြစ် လေ့ကျင့်ခံရသည့် အိုးအိမ်မဲ့သူများ၏ ကလေးငယ်အချို့ ပျောက်ဆုံးနေ သတင်း
MAI လေကြောင်းလိုင်း ဗုဒ္ဓဂယာသို့ ပြေးဆွဲမည် သတင်း
သူပုန်အားပေးဆိုကာ ရှမ်းရွာကို တပ်မတော်က မီးရှို့ဖျက်ဆီး (ဗွီဒီယို)
တန်းမမီနိုင်သေးတဲ့ ပြည်ပပို့ ရေထွက်ကုန် (ဆောင်းပါး)
နာမည်ကြီး ထမင်းငတ် ရန်ကုန်တိုင်း တိုင်းမှူးတွေရဲ့ဇာတ် (ဆောင်းပါး)

Tuesday, August 25, 2009

အမေရိကန်၏ မြန်မာပြည်ဆိုင်ရာမူဝါဒသစ်

November 2009

အမေရိကန်သံတမန်ခရီးစဉ်က ဘာတွေ မျှော်လင့်စရာ ရှိမည်နည်း သတင်း
အိုဘားမားနဲ့ သိန်းစိန် တွေ့မည်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လျှင် ဂျပန်က အကူအညီပေးမည် သတင်း
အိုဘားမား၏ ခရီးစဉ်ကို မြန်မာ့အရေးလှုပ်ရှားသူများ မျှော်လင့်ချက်သိပ်မထား သတင်း
အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲ (ဗွီဒီယို)
ကမ်းဘဲလ်ခရီးစဉ်သည် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ဂျင်မ်ဝက်ဘ် ပြောကြား သတင်း
မြန်မာ့ရေးရာ မူဝါဒအပြောင်းအလဲကို အမေရိကန်က ရှင်းလင်းပြောပြ သတင်း
ဒေါ်အောင်ဆန်းစုကြည် မပါဝင်က ရွေးကောက်ပွဲ ယုံကြည်မှု မရနိုင်ဟု အမေရိကန်ပြော သတင်း
မြန်မာစစ်အစိုးရ ခိုင်မာတဲ့ နိုင်ငံရေး ခြေလှမ်းတွေ လှမ်းဖို့ အမေရိကန် ထိပ်တန်း သံတမန် တိုက်တွန်း သတင်း
အမေရိကန်ကိုယ်စားလှယ် ၂ဦး (ကာ့တ် ကမ်းဘဲလ် နှင့် စကော့ မာစီယယ်) တွေ့ဆုံမှု မှတ်တမ်း သတင်း
တိုင်းရင်းသားနှင့် NLD ကိုယ်စားလှယ်များ အမေရိကန်အဖွဲ့နှင့် တွေ့ဆုံ သတင်း
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် သတင်း

----------------------------

October 2009


အမေရိကန်အဆင့်မြင့်အရာရှိများနှင့် NLD ခေါင်းဆောင်များ တွေ့မည် သတင်း
“ဒီနိုင်ငံအပေါ် ထားရှိတဲ့သဘောထားက ပြောင်းမှာမဟုတ်ဘူး” (မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အသစ် မစ္စတာ အင်ဒရူးဟင်းန်နှင့် အင်တာဗျူး)
အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိနှစ်ဦး မြန်မာနိုင်ငံကို (၂) ရက်ကြာခရီး နိုဝင်ဘာလ (၃) ရက်နေ့ စတင်မည် သတင်း
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ထိရောက်အောင် ဆောင်ရွက်နိုင်ရေး ၀ါရှင်တန်မှာ ဆွေးနွေး သတင်း
အမေရိကန်ကိုယ်စားလှယ်ကို အဲန်အယ်လ်ဒီက ပါတီဌာနချုပ်၌သာ တွေ့ဆုံလို သတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ်မှာ အတိုက်အခံတွေနဲ့လည်း တွေ့ဖို့လို သတင်း
အမေရိကန်က မြန်မာပြည်သို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်မည် သတင်း
အမေရိကန်ရဲ့ မြန်မာမူဝါဒသစ် လွှတ်တော်အမတ်တွေ စောင့်ကြည့်သွားမည် သတင်း
မြန်မာ့အရေး အမေရိကန်အောက်လွှတ်တော်မှာ ကြားနာ သတင်း
အမေရိကန်သံရုံးတာဝန်ခံ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံ သတင်း
မြန်မာအတိုက်အခံတွေ အမေရိကန်အထက်လွှတ်တော်အမတ် Mr Jim Webb နဲ့ တွေ့ဆုံ သတင်း
အမေရိကန်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ် မြန်မာ့အရေး အဟန့်အတား ဖြစ်ဖွယ်ရှိ သတင်း
အမေရိကန်မူဝါဒပြောင်းလဲမှု ဘယ်ဆီဦးတည်နေသလဲ သတင်း
အမေရိကန်ပေါ်လစီနှင့် ပတ်သက်၍ ဆွေးနွေးယူဆချက်များ သတင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ကြားနာပွဲပြုလုပ် သတင်း
အမေရိကန်က စစ်အစိုးရကို စတင်ပိုးပန်း သတင်း
မြန်မာကို ပိတ်ဆို့မှု မရုတ်သိမ်းဖို့ အမေရိကန်အရာရှိ ပြော သတင်း
အမတ် ဂျင်မ်ဝက်ဘ်နဲ့ ဒီမိုကရေစီ အင်အားစု မြန်မာ့အရေး အမြင်ချင်း ဖလှယ် အင်တာဗျူး
မြန်မာအတိုက်အခံတွေ အမေရိကန်အထက်လွှတ်တော်အမတ် Mr Jim Webb နဲ့ တွေ့ဆုံ သတင်း
ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံအပြီး ဦးမောင်မောင် ပြောတဲ့ စကားများ သတင်း

-------


September 2009

မြန်မာ့အရေးမူဝါဒ ထိရောက်မှုရှိမရှိ အမေရိကန် အထက်လွှတ်တော် ကြားနာ သတင်း
မြန်မာပြည်ဆိုင်ရာ အမေရိကန်ပေါ်လစီသစ်ကို ပြစ်တင်ဝေဖန်နေကြ သတင်း
မြန်မာကို အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည် သတင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထား အပြောင်းအလဲ သတင်း
အမေရိကန်မူဝါဒသစ် NLD ကိုရှင်းပြ ဖတ်ရန်
ကုလအတွင်းရေးမူးချုပ်နဲ့ အမေရိကန် အထက်လွှတ်တော် အမတ်ကို မြန်မာ ဝန်ကြီးချုပ် တွေ့ဆုံ ဖတ်ရန်
စစ်အစိုးရဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ် Jim Weeb တွေ့ဆုံ ဖတ်ရန်
အမေရိကန်အထက်လွှတ်တော်အမတ်ကို ဝန်ကြီး ဦးဉာဏ်ဝင်း လာရောက်တွေ့ဆုံ ဖတ်ရန်
မြန်မာနိုင်ငံကို ပိတ်ဆို့မှု မရုပ်သိမ်းပေမယ့် စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံမည်ဖတ်ရန်
အမေရိကန်မူသစ် ဒေါ်အောင်ဆန်းစုကြည်ခြွင်းချက်နဲ့ သဘောတူ ဖတ်ရန်
မြန်မာပြည်ဆိုင်ရာ အမေရိကန် မူဝါဒ အပြောင်းအလဲ ဒေါ်အောင်ဆန်းစုကြည် လက်ခံ ဖတ်ရန်
NLD ခေါင်းဆောင်ပိုင်းကို အမေရိကန်သံရုံးက မူဝါဒသစ်ကြောင်း သွားရောက်ရှင်းပြ ဖတ်ရန်
အမေရိကန်မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို ဖတ်ရန်
အမေရိကန်မြန်မာ အဆင့်မြင့်အရာရှိများ နယူးယောက်မှာ တွေ့ဆုံဆွေးနွေး ဖတ်ရန်

August 2009


ဝဘ် မြန်မာပြည်ခရီး အောင်ဒင် သုံးသပ်ဝေဖန် ဖတ်ရန်
အမေရိကန်လွှတ်တော် အမတ်များ၏ ကိုယ်စားလှယ်အဖွဲ့နှင့် NLD ခေါင်းဆောင်များဆွေးနွေး ဖတ်ရန်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ကြားနာပွဲပြုလုပ် ဖတ်ရန်
စစ်အစိုးရနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းရှိဟု NLD ယူဆ ဖတ်ရန်
အမေရိကန်ကွန်ကရက်အမတ် ဂျင်မ်ဝက်ဘ် နေပြည်တော်ရောက်ရှိ သတင်း
အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံ သတင်း
NLD ရပ်တည်ချက်ကို အမေရိကန် အထက်လွှတ်တော်အမတ်အား ရှင်းပြမည် သတင်း
ဆီနိတ်တာ ၀က်ဘ်ခရီးစဉ် ဘယ်သူအကျိုးရှိမလဲ သတင်း
အမေရိကန်အမတ် မှူးကြီးသန်းရွှေနဲ့ ဒီနေ့တွေ့မယ် သတင်း
ဂျင်မ်ဝက်ဘ် မြန်မာပြည်ခရီး အိမ်ဖြူတော်ကြိုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးကို မစ္စတာ ဂျင်မ်ဝက်ဘ် သီးခြားတွေ့ဆုံ သတင်း
အမေရိကန်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတောင်းဆို သတင်း
မစ္စတာဂျင်မ်ဝက်ဘ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ကို တွေ့ဆုံ သတင်း
အမေရိကန်အမတ်ကို စစ်အစိုးရ၏ အသုံးချခံ မဖြစ်စေလို သတင်း
အမေရိကန်အမတ် ယက်တောကို ကယ်ထုတ် သတင်း
အမေရိကန်အမတ်ရဲ့ မြန်မာပြည်ခရီး သတင်း
အမေရိကန်လွှတ်တော်အမတ် မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံး သတင်း
အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ (၂) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် သတင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေး မေးမြန်း သတင်း
မြန်မာ့အရေး တရုတ်က ကူညီဖို့ ဖိအားပေးရေး ဂျင်မ်ဝက်ဘ် ဆော်သြ သတင်း
ဂျင်မ်ဝက်ဘ် သတင်းစာရှင်းလင်းပွဲ သတင်း
အမေရိကန်လွှတ်တော်အမတ် မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံး သတင်း
ပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းသင့်သည်ဟု ဂျင်မ်ဝက်ဘ် ပြောခဲ့ သတင်း
အမေရိကန်အမတ် ဂျင်မ်ဝက်ဘ်၏ လုပ်ဆောင်ချက်အပေါ် ရှုမြင်သုံးသပ်ချက်များ သတင်း
အမေရိကန်နှင့်မြန်မာ ဆက်ဆံရေးတိုးတက်ရန် အပြုသဘောဆောင်သည့် ခရီးစဉ်အဖြစ် ဂျင်မ်ဝက်ဘ် ဖော်ဆောင်နိုင် ဟု ဆို သတင်း
ဂျင်ဝဘ် ခရီးစဉ် သတင်းဓာတ်ပုံများ သတင်း
ယက်တော နှင့် ဂျိမ်း(စ)ဘွန်းလွှတ်တော် အမတ် ဂျင်ဝဘ်ကို မြန်မာပြည်သူများ မကျေနပ်ကြ သတင်း


June 2009


စစ်ရေးစွက်ဖက်မှုနဲ့ ပူးတွဲလုပ်ကိုင်မှု ဖတ်ရန်

ရော်ဘာတပင် ကျပ် ၃၀၀ ဘယ်သူတွေမြတ်ကြသလဲ

August 25, 2009

ဝိမုတ္တိ ပရိတ်ဿတ်တွေအတွက် ဒီတပါတ် အထူးအစီအစဉ် အနေနဲ့ တင်ဆက် ပေးမှာကတော့ ရော်ဘာတပင် ကျပ် ၃၀၀ ဘယ်သူတွေမြတ်ကြသလဲ ဆိုတဲ့ အကြောင်းပါပဲ။ ဒီဆောင်းပါးကို ရေးသား ပေးပို့လာတဲ့ မွန်ပြည်နယ်က စစ်သည်ဟောင်း တဦးကိုလည်း အထူး ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနဲ့ နောက်နောင်လည်း အလားတူ ပေးပို့လာတဲ့ ဖြစ်ရပ်မှန်တွေကို ၀ိမုတ္တိ ဘလော့ကနေ ၀ိမုတ္တိ ၀ိုင်းတော်သား တဦးအနေနဲ့ ဆက်လက် တင်ပြပေးသွား မှာ ဖြစ်ပါကြောင်း။

ရော်ဘာတပင် ကျပ် ၃၀၀ ဘယ်သူတွေမြတ်ကြသလဲ

ဒုတိယ ရွှေဖြူ လို့ခေါ်တဲ့ ရော်ဘာပင် ဟာ စိုက်ဧကပေါင်း သုံးသိန်း ခြောက်သောင်းကျော် ရှိပြီး နှစ်စဉ် ရော်ဘာစေး တန်ချိန်ပေါင်း ၈သောင်းကျော် ထုတ်ယူနေတဲ့ မြန်မာ့ ထွက်ကုန် တမျိုးလည်း ဖြစ်ပါတယ်။ မိုးပိုမိုရတဲ့ အောက်ဖက် ကရင်ပြည်၊ မွန်ပြည်နယ်တွေ ဖက်မှာ ဆိုရင် အကြီးအကျယ် စိုက်ပျိုးကြပြီး ရော်ဘာဟာ မွန်ပြည်နယ်ရဲ့ ဒုတိယ စိုက်ပျိုးထုတ်ကုန် သီးနှံတစ်မျိုး ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒေသခံတွေဟာ နှစ်ပေါင်း ၄၀ ကျော်လောက် ရော်ဘာကို စိုက်ပျိုး လာခဲ့ကြသလို နှစ်စဉ်ရရှိတဲ့ အကျိုးအမြတ် တွေလည်း အများကြီးပါ။ တွက်ခြေကိုက်လှတဲ့ နှစ်ရှည်ပင် တမျိုးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ တပ်မတော် တပ်ရင်းတွေကို တနင်္သာရီ တိုင်းထဲမှာ တိုးချဲ့ နေရာ ချထားပေးတဲ့ အခါ သူတို့ သိမ်းယူ လိုက်ကြတဲ့ မြေယာတွေထဲက ရော်ဘာခြံတွေဟာ အကျိုးအမြတ် ရှိမှန်း စစ်တပ်က စပြီး သိသွားခဲ့ကြ ပါတော့တယ်။ ဒါကြောင့် နောက်ထပ် အကြောင်း အမျိုးမျိုးပြပြီး ရော်ဘာခြံ အတော်များများကို ဆက်ပြီး သိမ်းယူခဲ့ကြ ပါတယ်။ သိမ်းထားတဲ့ ရော်ဘာခြံတွေ ဆိုတာကလည်း ကိုယ်တိုင် ဘာတစ်ခုမှ လုပ်စရာ မလိုဘဲ အငှား ပြန်ချ ပေးလိုက်ရုံနဲ့ စစ်တပ်အတွက် အသားတင် ၀င်ငွေတွေ အလွယ်တကူ ရရှိနိုင်တဲ့ ကိစ္စပါ။

Read More...

နေ့စဉ်သတင်းများ (၂၄ - ၈ - ၀၉)

စစ်အစိုးရ ဆရာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ သတင်း
ဝန်ကြီးဦးဌေးဦး တည်းခိုရာ ဟိုတယ်ရှေ့ ဆန္ဒပြ သတင်း
နအဖ လက်အောက်ခံ မရာတပ်မတော် ဖွဲ့စည်း သတင်း
ရာဘာဈေး ယခင်ဈေးပြန်ရောက်ရန် မျှော်လင့်နေကြ သတင်း
စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်ချထား သတင်း
ထောင်ဝင်စာတွေ့ မိသားစုဝင်များ နှောက်ယှက်ခံရ သတင်း
ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ဝင်များကို ထောင်ဒဏ်ဆက်ပေးနေဆဲ သတင်း
နိုင်ငံရေးအမှု မိသားစုဝင်တွေကို တရားရုံးမှာ ကြားနာခွင့်ပေး သတင်း
မြောက်ကိုရီးယားကို ပိတ်ဆို့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို စောင့်ကြည့် သတင်း
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု တိုက်ပွဲအရှိန်တိုးမြင့်သွားမည် သတင်း
အရက်ချက်စက်ရုံ မီးလောင်၊ (၁၀) ဦးထက်မနည်း သေဆုံး သတင်း
ရခိုင်ပြည် သွေးလွန်တုပ်ကွေး (၃၀၀) ကျော် ဖြစ်ပွား၊ (၃) ဦး သေဆုံး သတင်း
မြစ်ဆုံရေကာတာစီမံကိန်းနယ်မြေအနီး ကျေးရွာ (၆၀) ကျော် ရွှေ့ပြောင်းရေး စတင်ဆောင်ရွက် သတင်း
စားသောက်ဆိုင်များကို ၀င်ငွေခွန် (၁၀) ရာခိုင်နှုန်း ကောက်ခံမည် သတင်း
ဝင်ငွေခွန် (၂) နှစ်စာကြိုသွင်းမှ အငှားယာဉ် လိုင်စင်သက်တမ်း တိုးပေးမည် သတင်း
စက်မှု (၂) ထုတ်ကားတွေ ဘာကြောင့် ဈေးကြီးနေတာလဲ သတင်း
ဟောင်းနွမ်းသော ငွေစက္ကူများကြောင့် ရောဂါပိုးကူးစက်နိုင် သတင်း
စားအုန်းဆီအတွက် ဦးတေဇ အမြတ်ထွက် သတင်း
Phoenix ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်ခံရ သတင်း
မြန်မာစာတန်းထိုး ကချင်ဇာတ်ကား ရန်ကုန်တွင် ရုံတင်ပြသ သတင်း
အာဖဂန်စစ်ပွဲအပေါ် အမေရိကန်လူထုထောက်ခံမှု ကျဆင်း သတင်း
စီအိုင်အေ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းက ညှင်းပမ်းနှိပ်စက်ပုံများ ထုတ်ပြန်မည် သတင်း
၂၀၀၉ ခုနှစ် မယ်စကြာဝဠာ ဗင်နီဇွဲလားမှရရှိ သတင်း
ကရင်တိုင်းရင်းသားတို့၏ ကျွန်းသာယာ (ဆောင်းပါး)
အာဆီယံပဋိညာဉ်စာတမ်းကို ဈေးဦးပေါက် ချိုးဖောက်လိုက်တဲ့ မြန်မာနိုင်ငံ (ဆောင်းပါး)
လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ (ဆောင်းပါး)

Monday, August 24, 2009

ကိုးကန့်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦးက ပြတ်ပြတ်သားသား တုန့်ပြန်

August 24, 2009

မကြာသေးခင်က အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိုးကန့် ဒေသမှာ နအဖ အစိုးရက မူးယစ်ဆေးဝါး တားဆီးရေး အကြောင်းပြချက်နဲ့ စစ်ရေးအရ ခြိမ်းခြောက် ရန်စခဲ့တာကြောင့် ကိုးကန့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအရေးနဲ့ပတ်သက်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦး (Peace and Democratic Front)က ပြတ် ပြတ်သားသား တုန့်ပြန် ကန့်ကွက်တဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦး ဆိုတာဟာ ဗမာပြည် ကွန်မြူနစ် ပါတီက ခွဲထွက်ပြီး နအဖ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိုးကန့်။ ၀၊ အခါ၊ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) အဖွဲ့တွေ က ၁၉၉၄ ခုနှစ်မှာ စတင် ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။





ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း
၂၁ သြဂုတ် ၂၀၀၉

ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင် ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည် နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံ တခေါင်းကြီး သယ်လာခဲ့တယ်လို့ ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့ မျက်မှောက်ကာလ နိုင်ငံရေးကို ယက်တောလွန်/ ဝက်ဘ်လွန် နိုင်ငံရေး လို့တောင် နာမည်ပေးရင် ရမလားပါပဲ။ အပေါ်ယံ ကြည့်လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်က လာတဲ့ ယက်တောလည်း အမေရိကန်ကို ပြန်သွား၊ အိမ်ချုပ်ထဲက ဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အိမ်ချုပ်ထဲ ပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက် သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။

ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ ခရီးစဉ်မှာ ဝက်ဘ်နဲ့ နအဖတို့ပဲ အမြတ် ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ် ရသွားပါတယ်။ အမေရိကန် နိုင်ငံသား တယောက်ကို လူဆိုးတွေ လက်က ကယ်တင်နိုင်သူ သူရဲကောင်း ဖြစ်သွားပါတယ်။ သူ့ရှေ့ တက်လမ်း အတွက် အမှတ် တော်တော်ရသွားတယ် လို့တောင် တချို့က ပြောပါတယ်။ နောက်ပြီး နအဖ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့် ရသွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါး ရိပ်ခြေ အသိပေး နေရတာတွေနဲ့ စာရင် အများကြီး ပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစ တစ ရသွားပါတယ်။ သူများက ယုံတာ မယုံတာ အပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူတွေ ဖြစ်ပါတယ်လို့ ပြသခွင့် ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ်ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့် ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့ လုပ်တာဆိုရင် ပိုတောင် အောင်မြင်သေး တယ်လို့ ပြောရပါမယ်။

ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေး အပေါ် ဘယ်လို အကျိုး သက်ရောက်နိုင်တယ် ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော် ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလို စဉ်းစား တွေးတောစရာတွေ ဖြစ်လာရတဲ့ အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့ လူက သာမန်လူ မဟုတ်ဘဲ အမေရိကန် နိုင်ငံက ဆီနိတ်တာ အမတ် တယောက် ဖြစ်နေလို့ပါပဲ။

တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေ လွှမ်းမိုး နေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီး ထိန်ချန်ထား၊ နအဖ ဘက်ကလည်း အများကြီး ထိန်ချန်ထားတာမို့ တကယ့် အခြေအနေကို မှန်းဆရတာဟာ အလွန် ခက်ပါတယ်။ စောလည်း စောလွန်း နေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေး အကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာ ရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုး သက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်း များလာစရာလည်း ရှိပါတယ်။

ဒါတွေနဲ့ဆက်နေတဲ့ ကိစ္စတခုက ဝက်ဘ်ရဲ့ ခရီးစဉ်ဟာ အမျိုးသား ရင်ကြားစေ့ရေး ဆီကို တွန်းပို့ရာ ကျမကျ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထား အမျိုးမျိုးနဲ့ ပြောကြသူတွေ ပါပါတယ်။ တချို့ကလည်း အဲဒီလို ဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာ တခုအတွက် အကြောင်းပြစရာ ရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေ ကတော့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာကို တခွန်းမှ မဟကြောင်း အသေအချာ ထောက်ပြဖို့ လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံးက ပြောနေတဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည် မပေါ်တာလဲ ဆိုတာဖြစ်ပါတယ်။ အမှန်မှာ အဓိက ပြဿနာဟာ နအဖရဲ့သဘောထား ဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖ စစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖ ဗိုလ်ချုပ်တွေကို အာဏာ ခွဲဝေယူချင်အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်က နားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြား နိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။

ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီ အရေးတော်ပုံဟာ ဒါလောက် ကြာမနေပါဘူး။ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင် နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့ သမိုင်းမှာ စံချိန် တင်လောက်တဲ့ အာဏာ မက်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့ အာဏာနဲ့ အသေ တွဲချည်ထားသူတွေပါ။

Read More...

အပေါ်သို့