အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သော အခါ လူကြီးလူကောင်း တစ်ဦး
ရောက်ရှိ လာပြီး စုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ..
"ကျွန်တော့်ဝက်တွေကို ထမင်းကျန် ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်
အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်က ကမ္ဘာ့တိရစ္ဆာန်များ ထိန်းသိမ်း
စောင့်ရှောက်ရေး အဖွဲ့ကအရာရှိပါ.. အခုလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ
ကျွေးမှုအတွက် ဒဏ်ငွေ ရိုက်ရပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာ ပြန်သော် နောက်ထပ် လူကြီးလူကောင်း တစ်ယောက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ..
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး.. ကြက်ပေါင်းနဲ့ ဗိုက်တာမင် အားဆေးတွေ
ရောစပ်ပြီး ကျွေးပါတယ်...
အားပါး..အံ့သြစရာပဲ.. ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က အရာရှိပါ.. ကမ္ဘာကြီးရဲ့
လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ် အငတ်ဘေး ကြုံနေတာတောင်ကိုမှ ခင်ဗျားက ခြိုးခြံမှု
မရှိဘဲ ဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက် ခင်ဗျားကို ဒေါ်လာတစ်ထောင် ဒဏ်ငွေရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျာ...
တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ်......
Sunday, August 23, 2009
ကြိုက်တာဝယ်စား
Subscribe to:
Post Comments (Atom)
















































0 comments:
Post a Comment