■ ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း ကင်တားနား ဝေဖန် သတင်း
■ မစ္စတာကင်တားနား ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရ၍ စိတ်ပျက်ကြောင်းပြော သတင်း
■ ကုလသမဂ္ဂအရာရှိ၏ တတိယခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ ရန်ကုန်မှ ပြန်လည် ထွက်ခွာ သတင်း
■ ရွှေပြည်သာ စက်ရုံလုပ်သား (၄၀၀) လုပ်ခတိုးပေးဖို့ ဆန္ဒပြ သတင်း
■ စုစုနွေး၏ အယူခံလွှာ အထူးတရားရုံး ပယ်ချ သတင်း
■ ဒေါ်ဝင်းမြမြ မိသားစုပိုင် ဈေးချိုဆိုင်ခန်း စည်ပင်သာယာက လေလံတင်ရောင်းချ သတင်း
■ ကော့ကရိတ်မြို့ပေါ် ဗုံးပေါက်ကွဲမှုဖြစ်၊ အမျိုးသမီး (၃) ဦး ဒဏ်ရာရ သတင်း
■ ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက် သတင်း
■ အထည်ချုပ် အလုပ်သမား (၇) ဦးတွင် A (H1N1) တွေ့ရှိ သတင်း
■ ရန်ကုန်မှ တရုတ်နဂါး သတင်း
■ ဆန္ဒပြအလုပ်သမားများကို ပြည်သူတရပ်လုံး ကူညီရန် တိုက်တွန်း သတင်း
■ ကင်တားနားနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးက အသံဖမ်း သတင်း
■ ကင်တားနား၏ အစီရင်ခံစာ ပြည့်စုံမည်မဟုတ်ဟု တိုင်းရင်းသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ဝေဖန် သတင်း
■ မစ္စတာ ကင်တားနား ခရီးစဉ်အပေါ် ၈၈ ကျောင်းသား ကိုထွန်းမြင့်အောင်၏ အမြင် သတင်း
■ အဖွဲ့ချုပ်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တို့ ယနေ့တွေ့ဆုံ သတင်း
■ မစ္စတာ ကင်တားနား ခရီးစဉ်နှင့် ယနေ့ အင်းစိန်ထောင် အခြေအနေ သတင်း
■ လောက်ကိုင်ဗုံးခွဲမှု ဖုန်ကြားရှင်အဖွဲ့ပြုလုပ်ဟု နအဖက စွပ်စွဲ သတင်း
■ ပင်လုံဗုံးပေါက်ကွဲမှု နအဖ သတင်းမှန် ထိမ်ချန် သတင်း
■ KPF အဖွဲ့အတွင်း ခေါင်းဆောင်ပြောင်းလဲရေးအတွက် အကြိုဆွေးနွေး သတင်း
■ ဦးဃောသိတကို တရားရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ် သတင်း
■ ဦးသန်းစိုး အပါအ၀င် (၁၁) ဦးကို မကွေးတိုင်း တရားရုံးက လွှတ်ဝရမ်းထုတ် သတင်း
■ ဒုက္ခသည်များထံမှ ဘင်္ဂလား ဒေသခံများ ငွေညှစ် သတင်း
■ လူနေအိမ်ခြေ (၂၆ဝ) ခန့် အတင်းအကျပ် ရွှေ့ခိုင်း သတင်း
■ စစ်တွေ အင်တာနက်ဆိုင်များ တင်းကျပ်ထား သတင်း
■ ရန်ကုန်ကျောင်းတချို့ ဦးတေဇတို့ ရမည် သတင်း
■ အသက်မပြည့် မြန်မာမိန်းကလေးငယ်များ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေကြ သတင်း
■ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ လျှပ်စစ်မီးမလာသဖြင့် အခက်တွေ့ သတင်း
■ ရခိုင်ဒေသ ဓာတ်ငွေ့ပိုက်လိုင်းတွင် အိန္ဒိယ၏ မြှုပ်နှံမှု တိုးချဲ့ သတင်း
■ မြန်မာ့အရေး တရုတ် ၀င်စွက်သည် ရှိသော် (ဆောင်းပါး)
■ မလေးရှားကြောင်နဲ့ မြန်မာကြွက် (ဆောင်းပါး)
■ နေ့ကောင်း ရက်သာများ ကြုံရမည် (ဆောင်းပါး)
■ “မရဏာ နုသတိ” နှင့် စာပေသြဇာ … (ဆောင်းပါး)
Saturday, February 20, 2010
နေ့စဉ်သတင်းများ ( ၁၉ - ၂ - ၁၀ )
Friday, February 19, 2010
ကြည့်သောသူမြင်၏
ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ထူးထူးခြားခြား ဖေါ်ပြလာတဲ့ (၂၀၀၁ ခုနှစ်က သံလွင်မြစ်အတွင်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားသော ဗိုလ်ချုပ်များ၏) လွမ်းဆွတ်တမ်းတခြင်း သတင်းလေးကို ဖတ်ကြည့်ရင်တော့ တပ်မတော် အတွင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီလားဆိုတာ မှန်းဆ ရကြောင်းပါ ခင်ဗျား။
နေ့စဉ်သတင်းများ ( ၁၈- ၂ - ၁၀ )
■ ငါးထပ်ကြီး ဆရာတော် ထောင် (၇) နှစ် သတင်း
■ မာရသွန် ကက်ဘိနက် အစည်းအဝေးများ အဆုံးသတ် သတင်း
■ အဖွဲ့ချုပ်နှင့် လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားတို့ တွေ့ဆုံမည် သတင်း
■ အဖွဲ့ချုပ် တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ မိသားစုပိုင် ဆိုင်ခန်းကို စည်ပင်က လေလံတင် သတင်း
■ ကုလအထူးကိုယ်စားလှယ် အင်းစိန်ထောင်သို့ သွားရောက် သတင်း
■ အင်းစိန်ထောင်အတွင်း အကျဉ်းသားများ အခွင့်အရေး တောင်းဆို သတင်း
■ ကိုးကန့်ဒေသ ဗုံးပေါက်ကွဲမှုများ ဖုန်ကျားရှင်ကို နအဖစွပ်စွဲ သတင်း
■ တရုတ် - မြန်မာနယ်စပ် အပစ်ရပ်ဒေသ မတည်မငြိမ် ဖြစ်နေ သတင်း
■ နိုင်ငံရေး/စစ်ရေးကြောင့် နယ်စပ်စီးပွားရေး ကမောက်ကမဖြစ် သတင်း
■ Lion City အလုပ်သမားသပိတ် သဘောတူညီချက်ရ သတင်း
■ မလေးရှားက နိုင်ငံခြားသား အလုပ်သမားများကို နှိမ်နင်း သတင်း
■ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ မူဝါဒများနှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချူပ်ထံ စာပေးပို့ သတင်း
■ အောင်လံမှ လယ်သမားများ ပြစ်ဒဏ်လျှော့ လွှတ်မိန့်ကျ သတင်း
■ အောင်လံ လယ်သမား (၁၂) ဦး လွှတ်ပေးမည့်အပေါ် အိုင်အယ်လ်အို၏ အမြင် သတင်း
■ တရားစီရင်ရေးတွင် ရဲများ ၀င်ရောက် ခြယ်လှယ်နေ သတင်း
■ စစ်တွေတွင် အင်တာနက်ဆိုင်များကို ကန့်သတ်မှု ပိုများလာ သတင်း
■ နွေစပါးအတွက် ငွေချေးရန် ဆန်အသင်းကို ဖိအားပေး သတင်း
■ မီးလောင်နေရာ အထပ်မြင့်ဈေး ဆောက်မည် သတင်း
■ ဒဂုံမြို့သစ် ကားရေဆေးဆီထိုး မီးလောင် သတင်း
■ ပြည်မှာ ကြက်ရောင်းချခွင့် ပိတ်ပင် သတင်း
■ မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိစာမေးပွဲ စာဖြေသံဃာတော် တိုး သတင်း
■ ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ် ပေးအပ်ပွဲ ရက်ရွှေ့ဆိုင်း သတင်း
■ ဘောလုံးအသင်းပိုင်ရှင်များအကြား ဂုဏ်ပြိုင်မှု ပြင်းထန်လာ သတင်း
■ သားစိုးက ငါးကြိမ်မြောက် မွှေဦးမည် သတင်း
■ မိုဟာမက်နဲ့ ရိကုန်း ဘယ်လမ်းကို ရွေးမှာတုန်း (ဆောင်းပါး)
■ နအဖ၏ စီးပွားရေး အထုပ်ဖြည်ခြင်းနဲ့ မြန်မာလူထု၏ စီးပွားရေးကံကြမ္မာ (ဆောင်းပါး)
Thursday, February 18, 2010
ဦးညွန့်ရွှေသို့ ပြန်ကြားချက် (၂)
သံဃာတော်များနှင့် နိုင်ငံရေး
ဦးညွန့်ရွှေရဲ့ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ အယူအဆကို န၀တ/ နအဖ မိစ္ဆာစစ်အုပ်စုကတော့ လက်ခမောင်းခတ်ပြီး ထောက်ခံမှာပါ။ ဗမာလူမှုနိုင်ငံရေးဘ၀ (Socio-politic) ကို နားလည်သူတွေ၊ ဗမာ့သမိုင်း ဖြစ်စဉ်ကို နားလည်ပြီး အမျိုးဘာသာ သာသနာကို ထိမ်းသိန်းစောင့်ရှောက်လိုသူတွေကတော့ လက်မခံပါဘူး။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့်၊ မလုပ်သင့်ဆိုတာ အဲဒီပုဂ္ဂိုလ်ရဲ့ ဗမာ့နိုင်ငံရေးသမိုင်းအမြင် အတိမ်အနက်၊ လက်ရှိ ဗမာပြည်နိုင်ငံရေးအပေါ်မှာ ထင်မြင်သုံးသပ်ချက်နဲ့ ယနေ့ ရဟန်းသံဃာတွေ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးအတိုင်းအတာကို နားလည်သဘောပေါက်မှုအပေါ် အခြေခံပြီး ကွဲလွဲသွားတာပါ။
"နိုင်ငံရေးဆိုတာ လောဘ၊ ဒေါသ၊ မောဟ ပြင်းထန်ပြီး ဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်လို့ ဗမာလူထုက ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တာ မကြိုက်ဘူး" လို့ ကောက်ချက်ပြုတယ်။ အဲဒီမှာ လူထုကို ဆွဲသုံးလိုက်ပါတယ်။ ဘယ်လူထုကို ဆိုလိုပါသလဲ။ အဆီတ၀င်းဝင်း စိန်နားကပ်ရောင် တပြောင်ပြောင်နဲ့ သေနတ်လက်ကြားက မချတဲ့ စစ်အုပ်စုနဲ့ အပေါင်းပါ လက်တဆုပ်စာသော သူများကို ဆိုလိုပါသလား။ ဒါဆိုရင်တော့ မှန်ပါတယ်။ လွတ်မြောက်ရာလမ်းကို ရာစုတ၀က်ကျော် မျှော်နေတဲ့ ဆင်းရဲသားနင်းပြား များရာစုကြီးကို ဆိုရင်တော့ တက်တက်စင်အောင် လွဲသွား ပါပြီ။
၂၀၀၇ ခုနှစ် စက်တာဘာလတုန်းက လမ်းမတွေအပေါ်မှာ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး အတွက် မေတ္တာပို့ စီတန်း လမ်းလျှောက်နေကြတဲ့ သံဃာတော်တွေကို ၀ိုင်းရံ အားပေးနေတဲ့ သိန်းချီတဲ့ လူတွေ၊ စားသောက်ဖွယ်ရာ ၀တ္ထုလေးတွေကို တတ်စွမ်းသမျှ လှူဒါန်းနေတဲ့ သူတွေ၊ အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြား ပြတင်းပေါက်၊ ၀ရံတာတွေကနေ မျက်ရည် လည်ရွှဲနဲ့ အားပေးပူဇော် ကန်တော့နေကြတဲ့ လူတွေကို ဦးညွန့်ရွှေ မကန်းမမြင် ဖြစ်သွားတယ် ထင်ပါတယ်။ ဒါမှမဟုတ် အဲဒီသူတွေဟာ ဗမာလူထု အစစ် မဟုတ်ဘူးလို့ မြင်ပုံရတယ်။
နိုင်ငံရေးဟာ လောဘ၊ ဒေါသ ပြင်းထန်ထူပြောတယ်ဆိုတာ မှန်သင့်သလောက် မှန်ပါတယ်။ အကြွင်းမဲ့ မှန်တရား တော့ မဟုတ်ပါဘူး၊ မြတ်စွာဘုရားရဲ့ ဖြစ်တော်စဉ်တွေထဲက ဘ၀များစွာမှာ နိုင်ငံရေးသမား၊ ခေါင်းဆောင် (ဘုရင်၊ မင်းဆရာ၊ အမတ်၊ စစ်သူကြီး စသည်) အဖြစ်နဲ့ အများ အကျိုးဆောင်ပြီး ပါရမီ ဖြည့်ခဲ့ရပါတယ်။ ဒီလိုပဲ လူအများ ကြည်ညို လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ နိုင်ငံရေးသမားတယောက်ဆိုတာ မမေ့ဖို့ လိုအပ်ပါ တယ်။ အခွင့်အာဏာ၊ ဥစ္စာဓနနဲ့ ကျော်ဇော တိက္ကမ ဆိုတဲ့ လူတကာ လိုချင်တပ်မက်တဲ့ အရာတွေ ရနိုင်တဲ့၊ ရှိနေတဲ့ နိုင်ငံရေးလောကမှာ အခွင့်အရေးသမားတွေ၊ အချောင် သမားတွေ ပေါများ ကျင်လည်ကြတာ သဘာဝပါ။ အခွင့်အရေးသမား၊ အချောင်သမား များနေတဲ့ ပတ်ဝန်းကျင်ဟာလည်း သူတို့ရဲ့ အတ္တလောဘမကောင်းမှုတွေနဲ့ ညစ်နွမ်းသွား ရတာလည်း ဓမ္မတာပါပဲ။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက "နိုင်ငံရေးဆိုတာ အိမ်လိုပါပဲ၊ ဂျပိုး သူခိုးတွေနေရင် ဒုစရိုက်ဂေဟာ ဖြစ်ပြီး၊ ရဟန်း သူတော်စင်တွေ နေရင် ကျောင်းအာရာမ်ပါပဲ"၊ "နိုင်ငံရေးဆိုတာ တကယ်တမ်း အမျိုးသားအကျိုး၊ အများအကျိုးအတွက် လုပ်မယ်ဆိုရင် သူတော်စင်တွေ လုပ်တဲ့အလုပ်၊ အာဇာနည်တွေ လုပ်တဲ့ အလုပ်" လို့ ပြောခဲ့ပါတယ်။ စိတ်သာရှင်စော ဘုရားဟော ဆိုသလို စိတ်စေတနာသာလျှင် အရင်းခံပါ တယ်။ ဒုစရိုက်ထူပြောတဲ့ ပတ်ဝန်းကျင်ထဲကပဲ စိတ်ကောင်း စေတနာကောင်းနဲ့ အလုပ်လုပ်ရင် အကျိုးများနိုင်တာ ဗိုလ်ချုပ်အောင်ဆန်းက သက်သေပါပဲ။
ကျနော်လည်း ကျနော်တို့ရဲ့ ရဟန်းသံဃာတွေကို လူမူရေး၊ နိုင်ငံရေးမှာ မလိုအပ်ဘဲ ယှက်တင်ထွေးရောနေတာ မကြိုက်ပါဘူး။ အထူးသဖြင့် အာဏာနိုင်ငံရေးမှာ ပတ်သက်တာ မသင့်တော်ဘူးလို့ မြင်ပါတယ်။ နိုင်ငံရေးသမား တွေရဲ့ အသုံးချခံရပြီး သာသနာညစ်နွမ်းမှာကို စိုးရိမ်ပါတယ်။ သို့သော် ဆရာ (သာသနာ) နဲ့ ဒကာ (ပြည်သူ) ရေနဲ့ ကြာဆိုသလို ခွဲခြားလို့တော့ မရနိုင်ပါဘူး။ တခါတခါမှာ လူမှုရေးပြဿနာတွေက သာသနာကို လွမ်းမိုး ထိခိုက်တတ်ပါတယ်။ ရေမြင့်မှ ကြာတင့်တယ်။ ကြာမြင့်မှ ရေကန်တင့်တယ်ပါတယ်။
ရှစ်လေးလုံးကာလက တပြည်လုံး အုံကြွတော်လှန်တော့ ဖက်ဆစ်နေ၀င်းက ကောက်ကောက် ကျစ်ကျစ်၊ ယုတ် ယုတ်မာမာနဲ့ အုပ်ချုပ်ရေး အာဏာကို ရုပ်သိမ်းပြီး အကျဉ်းထောင်တွေ ထဲက ရာဇ၀တ်သားတွေကို လွှတ်ပစ်ပါ တယ်။ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးကို တာဝန်ရှိတဲ့ အစိုးရဆိုသူတွေကိုယ်တိုင် ပက်စက် ယုတ်မာ၊ ချိုးဖောက် ဖျက်ဆီးတာပါ။ တပြည်လုံး ခြောက်ခြားသွားရတယ်။ ဒီတော့ ရပ်ရွာနေပြည်သူတွေရဲ့ လုံခြုံရေး၊ ကာကွယ်စောင့်ရှောက်ရေး တာဝန်တွေဟာ ရပ်ရွာအသီးသီးက ရဟန်းသံဃာတွေရဲ့ ပခုံးပေါ် အလိုလို ကျရောက်သွားတယ်။ ကျနော်တို့ရဲ့ သံဃာတော်တွေဟာ ၀ါတွင်းဥပုသ်သီတင်းတွေကို ဖျက်ပြီး အဲဒီတာဝန်တွေ ကို မငြီးမငြူ ယူခဲ့ကြတယ်။ သံဃာတော်တွေသာ အဲသလို တာဝန်မယူခဲ့ရင် စစ်အုပ်စုရဲ့ ကောလာဟလ ပယောဂနဲ့ ပြည်သူတွေအကြား အထင်လွဲ၊ အမြင်မှားပြီး ဘယ်လိုအရုပ်ဆိုး အကျည်းတန်မှုတွေ ဖြစ်မယ်ဆိုတာ တွေးတောင် မတွေးဝံ့စရာပါ။ တချို့ဒေသတွေမှာတော့ ဖြစ်ခဲ့တယ်လို့ စိတ်မကောင်းစွာ ကြားရပါတယ်။
နိုင်ငံရေးဆိုတာ လူတွေရဲ့ စားမှု၊ နေမှု၊ ဆက်ဆံမှု၊ စီမံခန့်ခွဲမှု စတဲ့ အရေးရာတွေပဲ လို့ဆိုကြတော့ အထက်က ဘုန်းကြီးတွေရဲ့ လုပ်ရပ်ကိုလည်း နိုင်ငံရေးလို့ ဆိုရမှာပါ။ သံဃာတော်တွေ ဒီလိုနိုင်ငံရေးလုပ်တာကို ဘယ်လို လူတွေက ဘယ်လိုသဘောနဲ့ ကန့်ကွက်ကြမလဲ။ ကန့််ကွက်တဲ့သူတွေဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းထဲမှာ ဘယ်ဘ၀၊ ဘယ်အခြေအနေ ရောက်နေသလဲဆိုတာ ဒီနေ့ ဗမာပြည်အခြေအနေနဲ့ စစ်အုပ်စစ်ရဲ့အနေအထားက ပြယုဂ်ပါပဲ။ ဗမာစစ်အုပ်စုဟာ အာဏာပုလ္လင်ပေါ်မှာ အကျဉ်းကျနေတဲ့ အခြေအနေမျိုးပါ။ သေနတ်ကို လက်က မချရဲဘူး။ ဘုန်းကြီးလည်းကြောက်ရ၊ ကျောင်းသားလည်းကြောက်ရ၊ အလုပ်သမားလည်းကြောက်ရ၊ ယုတ်စွအ ဆုံး သူတို့ရဲ့လက်ကိုင်တုတ်လို ဖြစ်နေတဲ့ စစ်ဗိုလ်စစ်သားလည်း ကြောက်နေရတဲ့ အခြေအနေ။ စစ်ဗိုလ် စစ် သားတွေ ၀မ်းမ၀လို့ ခိုးဆိုးလုယက်၊ စည်းကမ်းပျက်နေတာတွေကို အစိုးရလုပ်ပြီး အရေးမယူရဲတဲ့ အခြေအနေပါ။
နိုင်ငံရေးဆိုတာ အထက်လွှာ (Upper stage) နိုင်ငံရေးနဲ့ လူမှုနိုင်ငံရေးဘ၀ထဲက နိုင်ငံရေး (သို့မဟုတ်) အခြေခံ နိုင်ငံရေးလို့ အကြမ်းဖျင်း ခွဲကြည့်ဖို့လိုပါတယ်။ အထက်လွှာနိုင်ငံရေး ဆိုတာကတော့ နိုင်ငံတော်အတွင်း စီမံ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အာဏာတွေ ခွဲဝေအပ်နှင်းတာ၊ ခွဲဝေအပ်နှင်းဖို့အတွက် လူထုရွေးကောက်ပွဲတွေ ကျင်းပတာနဲ့ အဲသလို ရွေးကောက်တင်မြှောက်ခံနိုင်ဖို့ (သို့မဟုတ်) ယှဉ်ပြိုင်ဖို့ ၀ါဒ၊ ဒေသ၊ လူမျိုးနဲ့ ပုဂ္ဂိုလ်ရေး အခြေခံများနဲ့ ပါတီတွေဖွဲ့ပြီး စည်းရုံးဆောင်ရွက်တဲ့ နိုင်ငံရေးအမျိုးအစားပါ။ ဒီနိုင်ငံရေးမှာတော့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ၊ အာဏာနဲ့ယှဉ်တဲ့ ဖောက်ပြန်မှုတွေ၊ စာရိတ္တပျက်ပြားမှုတွေနဲ့ ဝေဖန်စရာ များလှပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုလိုတဲ့ ရဟန်း သံဃာတွေ ပါဝင်ပတ်သက်ဖို့ မသင့်တော်ဘူးလို့ ယူဆကြတာ ဒီလို နိုင်ငံရေးမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ တိဘက်၊ ဘူတန်နဲ့ သီရိလင်္ကာက ဘုန်းကြီးရဟန်းများကတော့ ဒီနိုင်ငံရေးထဲမှာလည်း ပါဝင်ပတ်သက်နေ တာ တွေ့ရပါတယ်။ လူထုကလည်း လက်ခံပြီး ထောက်ခံမဲ ပေးကြတယ်။ လက်ရှိ သီရိလင်္ကာလွှတ်တော်ထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီး ၉ ပါး ရှိနေပါတယ်။ ဘူတန်မှာဆိုရင် ပါလီမန်အုပ်ချုပ်ရေးစနစ် မကျင့်သုံးမီ လွန်ခဲ့တဲ့ ၅ နှစ်ကအထိ နိုင်ငံစီမံအုပ်ချုပ်ရေးတွေကို လားမားဘုန်းကြီးတွေကပဲ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြတာ တွေ့ရတယ်။
ဒုတိယ လူမှုနိုင်ငံရေးဘ၀ဆိုတာက ပြည်သူတွေရဲ့ သာရေးနာရေးကစလို့ ဖွံ့ဖြိုးရေးနဲ့ ပညာရေးအဆုံး လူတွေရဲ့ နေမှုထိုင်မှု လူမှုဆက်ဆံရေးတွေ အကျုံးဝင်ပါတယ်။ တချို့ကတော့ လူမှုရေးအသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ နယ်ပယ်အလိုက် အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ခွဲခြားဆောင်ရွက်ကြတယ်။ ဒီခေတ်မှာတော့ တချို့က အသေးစား နိုင်ငံရေး (Micro-politic) လို့ ခေါ်ကြသလို လူမှုဖူလုံရေး နိုင်ငံရေး (Welfare Politic) ခေါ်ကြပြီး တချို့ ကတော့ လူထုနိုင်ငံရေး (Civic Politic) လို့ အမျိုးမျိုး နာမည်တပ် ခေါ်ကြတယ်။ လူ့အဖွဲ့အစည်းတခု တည်တံ့ဖို့၊ အေးချမ်းတည်ငြိမ်မှုအတွက် လူ့အဖွဲ့အစည်းဝင်တွေကြားမှာ အားလုံးလေးစားလိုက်နာရတဲ့ လူမှု ဆက်ဆံရေး ပုံသဏ္ဍာန်တရပ် လိုအပ်ပါတယ်။ အဲဒီလူမှုဆက်ဆံရေး ပုံစံကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အဓိက မဏ္ဍိုင်နှစ်ရပ် ရှိပါတယ်။ အဲဒါတွေကတော့ ကြည်ညိုလေးစား လိုက်နာရတဲ့ ကိုးကွယ်ယုံကြည်မှု (ဘာသာရေး) ဆိုင်ရာ အဆုံးအမ သြဇာနဲ့ လေးစားခန့်ညား လိုက်နာလိုက်ရတဲ့ အုပ်ချုပ်ရေး (မင်း၊ အစိုးရ နိုင်ငံ ရေး) ဆိုင်ရာ စည်းကမ်းဥပဒေ အာဏာဖြစ်တယ်။ ဒါ့ကြောင့်လည်း တချို့လူ့အဖွဲ့အစည်း (နိုင်ငံ) တွေမှာ သူတို့ ကိုးကွယ်တဲ့ ဘာသာရေး (ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စသည်) နဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ နိုင်ငံရေးထဲ မှာ ထဲထဲဝင်ဝင် ပတ်သက်နေတာ တွေ့ရပါတယ်။
ဒီကနေ့ တည်ရှိနေတဲ့ ဗမာ့လူမှုနိုင်ငံရေးဘ၀ကို ပုဂံခေတ်က စခဲ့တယ်။ ဘာသာရေးဘက်က အရှင်အရဟံနဲ့ နိုင်ငံရေးဘက်က ဘုရင် အနော်ရထာတို့ ဦးဆောင်ပြီး မျိုးစေ့ချခဲ့တယ်။ အမျိုးဘာသာ သာသနာရယ်လို့ အခြေခံ ခဲ့တယ်။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒနဲ့ ရဟန်းသံဃာတွေရဲ့ သြဇာဟာ ဗမာ့လူမှုနိုင်ငံရေးဘ၀ထဲမှာ စူးစူးရောက်ရောက် လွှမ်းမိုးနေတယ်။ ဒါပေမဲ့လည်း မှတ်သားစရာကောင်းတဲ့ အချက်က ရဟန်းသံဃာတွေဟာ လူမှုနိုင်ငံရေးထက် ကျော်လွန်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ခြင်း မပြုခဲ့တာကို တွေ့ရတယ်။ အာဏာ အ၀န်းအ၀ိုင်း (Power Platform) နဲ့ ကင်းနိုင်သမျှ ကင်းအောင်နေကြတယ်။
ဗမာ့လူမှုနိုင်ငံရေးဘ၀ (သို့မဟုတ်) အခြေခံနိုင်ငံရေး ပျက်ယွင်းလာချိန်တွေမှာ၊ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လို့ ထိပါးနှောင့်ယှက် အန္တရာယ်ကျရောက်လာချိန်မှာတော့ ခေတ်အဆက်ဆက်က ရဟန်းတော်တွေ ဟာ မျိုးစောင့်တရား လက်ကိုင်ထားပြီးတော့ ရှေ့တန်းက ပါဝင်ခဲ့ကြတာ သမိုင်းသာဓက အများအပြားရှိပါတယ်။ ပုဂံပြည်မှာ လူမှုနိုင်ငံရေးဘ၀ ပုံစံထူထောင်ပြီး မကြာမတင်ကာလမှာပဲ နိုင်ငံအုပ်ချုပ်ရေး အာဏာ (ဘုရင်၊ နိုင်ငံ ရေး) ဘက်က ဖောက်ပြန်မှားယွင်းချက်ကို ဘာသာရေးသြဇာ (ရဟန်းသံဃာ) ဘက်က ၀င်ရောက်တည့်မတ်ခဲ့ရ ပါတယ်။ စလေငခွေး ခေါ် နရသူဘုရင်နဲ့ အရှင်အရဟံကို ဆက်ခံတဲ့ ပံ့သကူမထေရ်ကြားက ပဋိပက္ခဖြစ်တယ်။ ဘုရင်နရသူက သူကြီးဘုရား ရွာသားကောင်းမှုလုပ်ဖို့ ဓမ္မရံကြီးဘုရား တည်ပါတယ်။ ဘုရားတည်ရာမှာ ပြည်သူ တွေကို အဓမ္မခိုင်းစေပါတယ်။ ပြည်သူအများ အလုပ်အကိုင်ပျက် ပင်ပန်းဆင်းရဲကြတယ်။ ဒါကို ပံ့သကူမထေရ်က တားမြစ်ပါတယ်၊ ဘုရင်က သူကောင်းမှုလုပ်တာလို့ အကြောင်းပြတယ်။ ပံ့သကူမထေရ်က ရည်ရွယ်ရင်း ကောင်း မှုပင် ဖြစ်သော်လည်း ပြည်သူအများ ဆန္ဒမပါဘဲ အဓမ္မခိုင်းစေတာ၊ ပြည်သူတွေ ပင်ပန်းဆင်းရဲခြင်း ဖြစ်စေလို့ ကောင်းမှုမမြောက် ဆင်းရဲခြင်း အကုသိုလ်သာဖြစ်တယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါကို ဘုရင်က အလျှော့မပေး အာခံလို့ ပံ့သကူမထေရ်က ဘုရင့်ဆွမ်းကို လက်မခံ သပိတ်မှောက်ပါတယ်။ အမျက်ဒေါသကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင် နရသူက ငါဟာ ရေမြေ့ရှင်ဖြစ်လို့ ပြည်အလုံးက ဆွမ်းသည် ငါ့ဆွမ်းပဲဖြစ်တယ်၊ ပုဂံတ၀ှန်းက ဆွမ်းလည်း မစားရလို့ ဆိုပါတယ်။ ဒီတော့ ပံ့သကူမထေရ်က ကောင်းပြီ၊ ဒါဆို ငါ ပုဂံပြည်မှာ မနေဆိုပြီး သီဟိုဠ်ကို ကြွဖို့ပြင်ပါတယ်။ ဒီတင်ပဲ ပုဂံပြည်သူတွေ ဆူပူအုံကြွကြပါတယ်။ ပြည်တင်းလို့ မင်းမခံနိုင်ဖြစ်ပြီး သီဟိုဠ်ကြွဖို့ လှေပေါ်ရောက်နေတဲ့ ပံ့သကူမထေရ်ကို ဥပါယ်တံမျဉ်နဲ့ မူးမတ်တွေက ပြန်လည် ပင့်ဖိတ်ပြီး ဘုရင်က ၀န်ချတောင်းပန်ရပါတယ်။ အဓမ္မစေခိုင်းခံရတဲ့ ပြည်သူတွေ ချမ်းသာရာရခဲ့ပါတယ်။ ဒီသာဓကကို ရဟန်းသံဃာတွေက ဦးအောင်ဆန်းဦးနဲ့ မိသားစုကို ပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင်တာနဲ့  နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
နောက်သာဓကတခုကတော့ အင်းဝခေတ်က အဖြစ်အပျက်ပါ။ အင်းဝအင်အား ချိနဲ့လို့ သိန္နီစော်ဘွား သိုဟန် ဘွားက သိမ်းပိုက်စိုးစံပါတယ်။ သိုဟန်ဘွားက ဗုဒ္ဓဘာသာဝင် တယောက် မဟုတ်ပါဘူး။ ရက်စက်တဲ့ သိုဟန် ဘွားရဲ့ အုပ်ချုပ်မှုအောက်မှာ ဒီနေ့ စစ်အာဏာရှင်ခေတ်လိုပဲ ပြည်သူအပေါင်း ဒုက္ခအတိ ဆင်းရဲရောက်ကြရ တယ်။ ဒီနေ့ စစ်အုပ်စုလိုပဲ မိစ္ဆာအယူရှိတဲ့ သိုဟန်ဘွားဟာ သံဃာ့အစည်းအရုံးကြီးကို သူ့ထီးနန်းအာဏာ အတွက် အန္တရာယ်လို့ မြင်ပါတယ်။ သံဃာတွေကို လိမ်လည်ပင့်ဖိတ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ပါတယ်။ ဘုရားပုထိုးကျောင်းကန်များကို ဖျက်ဆီးပါတယ်။ ဒီတင် ထေရ်ကြီးဝါကြီးသံဃာတွေ စုဝေးတိုင်ပင်ပြီး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ သဘောတူ ဆုံးဖြတ်ကြတယ်။ သံဃာတော်များရဲ့ အစီအမံနဲ့ မင်းကြီးရန်နောင် ဦးဆောင်ပြီး သိုဟန်ဘွားကို ဥပါယ်တံမျဉ်နဲ့ ဖိတ်ခေါ်သုတ်သင်ပစ်ခဲ့ရပါတယ်။ ရဟန်းသံဃာတော်တွေ၊ မူးမတ် ပြည်သူတွေနဲ့ ပေါင်းပြီး မင်းဆိုးမင်းညစ်ကို သုတ်သင်ဖယ်ရှားကာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခဲ့တဲ့ သာဓကတခု ဖြစ်ပါတယ်။
အင်္ဂလိပ်လက်အောက် ကျွန်သဘောက်ဘ၀ကနေ လွတ်မြောက်ဖို့ တော်လှန်အားထုတ်ခဲ့ရာမှာလည်း သံဃာ တော်များ ရှေ့တန်းက ပါဝင်ခဲ့ကြတယ်။ အင်္ဂလိပ်သိမ်းပြီးစ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ နောက်ပိုင်း အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာလည်း သံဃာတော်တွေ ပါဝင်ခဲ့ကြတယ်။ အမျိုးသား လွတ်မြောက် ရေး ဥပဒေတွင်း တိုက်ပွဲတွေကို ၀ိုင်အမ်ဘီအေ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းလို့ ခေါ်တဲ့ ဘာသာရေး အခြေခံတဲ့ အသင်းအဖွဲ့က စတင်ခဲ့တယ်ဆိုတာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။
ဘုန်းမီးနေလ တောက်ပနေတဲ့ ကိုလိုနီခေတ်ဦးမှာ ဗမာလူ့အဖွဲ့အစည်းရဲ့ အထက်တန်းလွှာလို့ ဆိုရမယ့် တချို့ ဗမာဘုရင်ရဲ့ မြို့စားရွာစားဟောင်းတွေ၊ သူဋ္ဌေးသူကြွယ် ကုန်သည်ပွဲစားတွေဟာ နယ်ချဲ့အင်္ဂလိပ်တွေကို အထင်ကြီး ရိုကျိုးပြီး သူတို့ သားသမီးတွေကို ဘိုနာမည်မှည့်၊ အင်္ဂလိပ်ကျောင်းထားပြီး မြို့အုပ် ၀န်ထောက် စတဲ့ ကိုလိုနီလက်ပါးစေ ကျွန်ခေါင်းရာထူးတွေ ရဖို့ အားထုတ်နေကြတယ်။ အောက်ခြေတောရွာတွေမှာလည်း ဘာ မဟုတ်တဲ့ သာမန်ပုလိပ်ကလေးကိုတောင် ဗမာသူကြီးတွေက ပုလိပ်တော်မင်းလို့ခေါ်ပြီး ဘုရားထူး ဒူးတုပ် ခစား နေရတဲ့အထိ စိတ်ဓာတ်ချိုးနှိမ်ခံခဲ့ရတယ်၊ စိတ်ဓာတ်တွေ သေးသိမ်နိမ့်ကျသွားခဲ့ရတယ်။ အဲဒီလောက် နိမ့်ကျ နေတဲ့ အမျိုးသားဇာတိမာန်ကို ပြန်လည်နိုးထစေခဲ့တာ ရဟန်းသံဃာတော်တွေ ဖြစ်တယ်။ ဆရာတော် ဦးဥတ္တမ က ဦးဆောင်ပါတယ်။ ဆရာတော်ရဲ့ ကရက်ဒေါက် ပြန်သွားဆိုတဲ့ ဘုရင်ခံကိုတောင် စိန်ခေါ်မောင်းထုတ်တဲ့ စာဟာ အခုချိန်မှာ သာမန်လို့ ထင်ရပေမယ့် အဲဒီအချိန်ကတော့ ဗမာတပြည်လုံး တုန်လှုပ်သွားစေခဲ့တယ်။ ပြည်သူအများ စိတ်ကြီးဝင် သွေးမြောက်စေခဲ့တယ်၊ အမျိုးသားဇာတိမာန်တွေ ပြန်လည်နိုးကြားထကြွလာခဲ့တယ်။
အမျိုးဘာသာ သာသနာဆိုတဲ့ မျိုးစောင့်တရား ၀ံသာနုလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တာ သံဃာတွေပဲဖြစ်တယ်။ ဘုန်းတော်ကြီးကျောင်းတွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင် အရေးတော်ပုံတပ်သားတွေအတွက် ခိုလှုံရာ စခန်းတွေ ဖြစ်လာတယ်၊ သပိတ်စခန်းတွေ ဖြစ်ခဲ့တယ်။ နောက်ပိုင်းကာလ ဂျီစီဘီအေခေတ် လှုပ်ရှား မှုတွေ၊ တို့ဗမာအစည်းအရုံး လှုပ်ရှားမှုတွေမှာလည်း ဦးဆောင် နာယကအဖြစ် ဆရာတော်ကြီးတွေ ကိုယ်တိုင် ပါဝင် ဆောင်ရွက် ခဲ့ကြတယ်။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်မြင့်မားလာချိန်မှာ ရဟန်းတော်တွေအနေ နဲ့ မသင့်တော်တဲ့ လုပ်ငန်းတွေ ပေါ်လာတာကြောင့် တချို့သံဃာတွေ လူထွက်ဆောင်ရွက်တယ်။ လွတ်လပ်ရေး ရပြီးတော့ အများစု ရဟန်းပြန်ဝတ်ကြတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်ဟာ အဲဒီထဲက တဦးဖြစ်တယ်။ ထင်ရှားတဲ့ ဆရာတော်တွေကတော့ ဦးဝိစာရ၊ သက်ပန်းဆရာတော်၊ အဘယာရာမဆရာတော်၊ ဗားကရာ ဆရာတော်နဲ့ ကိုးထပ်ကြီးဆရာတော် ဦးဉေယျတို့ ဖြစ်တယ်။ ဆရာတော်ကြီးတွေ ပူးပေါင်းပါဝင်လာနိုင်ဖို့အတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကိုယ်တိုင်က တောင်းပန်လျှောက်ထားခဲ့တာ ဖြစ်တယ်။ ဗမာ့သမိုင်းအစဉ် အဆက်ကို ကျကျနန လေ့လာမယ်ဆိုရင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့အတွက် အခြေခံနိုင်ငံရေး (၀ါ) လူမှုနိုင်ငံရေးမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းပုဂ္ဂိုလ်အမြောက်အမြားနဲ့ အဖြစ်အပျက် သာဓကတွေ အများကြီးပါ။ ကျမ်းပြုပေဖွဲ့ရင် အတွဲတွေ အများကြီးရမှာပါ။
၁၉၆၂ ခုနှစ်က စခဲ့တဲ့ ဒီနေ့ စစ်အာဏာရှင်တွေခေတ်ဟာ အမျိုး ဘာသာ သာသနာကို အဆုံးစွန် ထိပါး နှောင့်ယှက်ခံရတဲ့ ခေတ်ဖြစ်ပါတယ်။ ဆုတ်ယုတ်ပျက်စီးခြင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကာလဆိုးတခု ဖြစ်ပါတယ်။ ပြည်သူအများ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ် နှိပ်ကွပ်ခံနေရတယ်။ ဆင်းရဲ ကျပ်တည်းမှုကြောင့် သာသနာကို ပြုစုစောင့်ရှောက်မှုတွေ ယုတ်လျော့လာတယ်။ သာသနာအတွင်းမှာ သုသီလ ရဟန်းကောင်းတွေ ဖိနှိပ်ခံနေရပြီး၊ မင်းမြောင်စိုးကပ် ဒုဿီလတွေ စိုးမိုးချယ်လှယ်နေတယ်။ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးနေတဲ့ ဓမ္မ၀ိဟာရီ ဦးဉာဏရဲ့ မိုးပြာဂိုဏ်းလို့ခေါ်တဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒကို မသိမသာ ချီးမြှောက်နေတယ်။ လူအများဟာလည်း ဆင်းရဲကြပ်တည်းမှုဒဏ်ကြောင့် သက်သာရာ သက်သာကြောင်း ဘုရားရှင်တားမြစ်တဲ့ စုန်း၊ နတ်၊ ကဝေ၊ ဗေဒင်၊ နက္ခတ်တွေအပေါ် ပိုပြီးကိုင်းညွတ်လာတယ်။ တကယ့်ကို အမျိုး ဘာသာ သာသနာ ပျက်စီး ကိန်းဆိုက်နေတဲ့ အခြေအနေ ကာလဆိုး ဖြစ်ပါတယ်။
ကျနော်တို့ ရှစ်လေးလုံးကာလက ပထမအချီ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံရပြီးတဲ့နောက် ဆေးရုံကြီး ၀င်းထဲမှာ နိုင်ငံရေးတရားပွဲတွေ ပြန်စပါတယ်။ အဲဒီထဲမှာ သရက်တောကျောင်းတိုက်က အရွယ်လတ် ဦးဇင်း တပါး ပါပါတယ်။ ကျနော်တို့က ဦးဇင်းညိုလို့ ခေါ်ပါတယ်။ ဦးဇင်းညိုရဲ့ ဟောပြောချက်တွေကို ပရိသတ်အများက နှစ်ထောင်းအားရကြတယ်။ ဦးဇင်းညိုက "ကျုပ်တို့ ဘုန်းကြီးဆိုတာ ဗိုက်ပြဿနာကို လူထုအပ်ထားပြီး သာသနာ့ဝန်ကို ထမ်းနေတာ၊ တိုင်းပြည်ဆင်းရဲလို့ လူတွေကြပ်တည်းရင် ဘုန်းကြီးနဲ့ ခွေး အရင်ဆုံးငတ်တာပဲ။ ဗိုက်ဟောင်းလောင်းနဲ့ သာသနာ့ဝန်ကို မထမ်းနိုင်ဘူး။ ပြုစုစောင့်ရှောက်သူမရှိရင် သံဃာရော သာသနာပါ မတည်တံ့နိုင်ဘူး။ အဲဒီလို သာသနာကို ထိမ်းသိန်းစောင့်ရှောက်ဖို့ ပစ္စည်းလေးပါး ထောက်ပံ့နေတဲ့ ဒါယကာ ဒါယိကာမတွေရဲ့ ဆင်းရဲဒုက္ခကို လက်ပိုက်ကြည့်မနေနိုင်လို့၊ ကျေးဇူးတုံ့ပြန်ဖို့ ဒီအလုပ်ကို လုပ်တယ်။ သာသနာကို စောင့်ရှောက်ဖို့ ဒီ အလုပ်ကို လုပ်တယ်" လို့  ဦးဇင်းညိုက ဟောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် "ဒုတိယ အမျိုးသားလွတ်မြောက်ရေး" ဆိုတဲ့ ကြွေးကြော်သံနဲ့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒုတိယ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲမှာ ရဟန်း ငယ်တွေသာမက ဆရာတော်ကြီးတွေ၊ ကျမ်းတတ်ပေတတ် တိပိဋက ဆရာတော်တွေကိုယ်တိုင် ပါဝင်နေကြတာ ဖြစ်တယ်။ ဗုဒ္ဓဘာသာအရေခြုံ မိစ္ဆာစစ်အုပ်စုက ဆရာတော်ကြီးတွေကို သင်္ကန်းဆွဲချွတ် ထောင်ချပြီး စာရေး မပြနိုင်လောက်အောင် အမိုက်ဆုံး၊ အရမ်းဆုံး၊ အပက်စက်ဆုံး နည်းတွေနဲ့ နှိပ်စက်စော်ကား ချိုးနှိမ်ဆက်ဆံ ခဲ့တာကို တကမ္ဘာလုံး အသိဖြစ်တယ်။
တကယ်တော့ ပြည်သူတွေကို နိုင်ငံရေး စိတ်မ၀င်စားအောင်၊ အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံရေးမလုပ်ရလို့ ပိတ်ပင်တာဟာ ဖောက်ပြန်တဲ့ အုပ်စိုးသူတွေရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးလုပ်ရပ် ဖြစ်တယ်။ အကြောင်းက တော့ ပြည်သူတွေ နိုင်ငံရေး စိတ်ဝင်စားပြီး နိုင်ငံရေး အသိအမြင်တွေ မြင့်မားလာရင် သူတို့ရဲ့ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ၊ ပြန်သူကို မျက်စိပိတ် နားပိတ်ပြီး သွေးစုပ်အမြတ်ထုတ်တာတွေကို သိမြင်လာမှာ၊ သူတို့အာဏာကို ထိခိုက်လာမှာ စိုးရိမ်တဲ့အတွက် ဖြစ်တယ်။
ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်ရ၊ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရ၊ ၀န်ထမ်းတွေ နိုင်ငံရေးမလုပ်ရ၊ ဟိုလူမလုပ်ရ၊ ဟိုဟာမလုပ်ရ ပိတ်ပင်မှုတွေ အမျိုးမျိုးလုပ်တယ်။ ၀န်ထမ်း နိုင်ငံရေးမလုပ်ရ ဆိုတာတောင် ရှေ့နောက်မညီဘဲ တပါတီစနစ်တုန်းက ၀န်ထမ်းတွေ ပါတီမ၀င်မနေရ လုပ်တယ်။ မငြင်းသာလို့ ပါတီစုံစနစ်ကို လက်ခံလိုက်ရပြီး ပြိုင်ဘက်ပါတီတွေ ပေါ်လာတော့ နိုင်ငံရေးမလုပ်ရတော့ဘူးလို့ ပိတ်ပြန်တယ်။ တခါ ၀န်ထမ်းပဲဖြစ်တဲ့ စစ်ဗိုလ် တွေကျတော့ လုပ်နိုင်တယ်၊ လုပ်ရမယ်လို့ ဆိုပြန်တယ်။ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး အမျိုးသားရေး တာဝန်လို့ တံဆိပ်ကပ်လိုက်သေးတယ်။ တိုင်းပြည်ဘဏ္ဍာကို ကိုယ့်အိတ်ကပ်ထဲ ထည့်ချင်သလို ထည့်နိုင်တဲ့ အချောင်နှိုက်ပြီး ရထားတဲ့ အာဏာရဲ့ အရသာကို သိနေပြီကိုး။
ဒီနေ့ခေတ်လို ပွေလီရှုတ်ထွေးနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ ပြည်သူတွေ နိုင်ငံရေးကို ပိုပြီးစိတ်ဝင်စားဖို့ လိုတယ်၊ ပိုပြီးနိုးကြားဖို့ လိုတယ်။ နိုင်ငံရေးအမြင် မြင့်မားနေဖို့ လိုပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းက ကိုယ်ကျိုး စီးပွားကို ရှေ့တန်းတင်ပြီး ပြိုင်ဆိုင်မှုတွေ မြင့်မားနေတဲ့ ခေတ်ဖြစ်တယ်။ ၀ါဒတွေ၊ စနစ်တွေ နောက်တန်း ရောက် သွားပြီး နိုင်ငံတိုင်းက ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတိုင်းနဲ့ပေါင်းပြီး တခြားနိုင်ငံတွေအပေါ် ချုပ်ကိုင်အမြတ်ထုတ် ဖို့ အားထုတ်နေကြတဲ့ အချိန်ဖြစ်တယ်။ လက်ရှိ ဗမာ့နိုင်ငံရေး အကြပ်အတည်းအပေါ် အိမ်နီးချင်းနဲ့ ကမ္ဘာ့နိုင်ငံ တွေရဲ့ ရပ်တည်ချက်သဘောထားက သာဓကဖြစ်တယ်။ နယ်ချဲ့စနစ်၊ ကိုလိုနီစနစ်ရဲ့ အခြေခံအကြောင်း တရားဟာ ဈေးကွက်အခြေခံ ရောင်းဝယ်မှုက အမြတ်ထုတ်ယူတဲ့ စီးပွားရေးစနစ် ဖြစ်တယ်။ ဒါကြောင့် ဈေးကွက် (နိုင်ငံ၊ နယ်မြေ) တွေကို တဦးထဲ မောင်ပိုင်စီးဖို့ ကုမ္ပဏီတွေ အပြိုင်ကြိုးစားကြရင်းက ကိုလိုနီနယ်ချဲ့စနစ် ဖြစ်ပေါ်လာရတယ်။
ဒီနေ့ခေတ်မှာတော့ တချိန်တုန်းကလို စစ်တပ်ကြီးတွေနဲ့ ၀င်သိမ်း၊ ကိုယ်တိုင် အစိုးရထောင်ပြီး သိမ်းပိုက်နယ်မြေ (ဈေးကွက်) ကို ထိန်းချုပ်တာမျိုးတွေ အတော်နည်းသွားပါပြီ။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံငယ်တွေရဲ့ လုံခြုံရေးဟာ အရင်ကထက်ပိုပြီး ခြိမ်းခြောက်ခံနေရတယ်။ ခေတ်မီ သိပ္ပံနည်းပညာတွေရဲ့ ပံ့ပိုးမှုနဲ့ ပိုပြီး အားကောင်းတဲ့၊ ပိုပြီး ရက်စက်တဲ့ ဈေးကွက်ထိန်းချုပ်ရေးပုံစံ ကိုလိုနီလက်သစ်ဝါဒ (Neo-Colonialism) ပေါ်လာတယ်။ နည်းပရိယာယ် ပိုပြီး ကြွယ်ဝတယ်။ နည်းပညာ အရင်းအနှီး၊ ငွေကြေးအရင်းအနှီးတွေကိုကိုင်ပြီး နိုင်ငံငယ်တွေနဲ့ နိုင်ငံငယ်တွေက ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အချုပ်အခြာအာဏာကိုတောင် ထိန်းချုပ်လာတယ်။ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေအထိ ခြိမ်းခြောက်ခံနေရတယ်။
ဒီတော့ ပြည်သူတွေ နိုင်ငံရေး မနိုးကြားရင်၊ နိုင်ငံ့အရေးကို လက်တဆုပ်စာ လူတစုကသာ ထင်ရာစိုင်း ချယ်လှယ်နေရင် အဲဒီလူ့အဖွဲ့အစည်း (နိုင်ငံ၊ ပြည်သူ) ဟာ ပြိုကွဲပျောက်ကွယ်သွားမှာ မလွဲမသွေဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေ နိုင်ငံရေး စိတ်မ၀င်စားနိုင်အောင်လုပ်သူ၊ ပိတ်ပင်သူ၊ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဟိုလူဒီလူတွေကတော့ နိုင်ငံရေးမလုပ်သင့်ဘူးလို့ ပြောဆိုစည်းရုံးနေခြင်းဟာ အမျိုးသားပျက်သုဉ်းခြင်းကို လုပ် ဆောင်နေခြင်း ဖြစ်တယ်၊ အမျိုးသားသစ္စာဖောက် လမ်းစဉ်ဖြစ်တယ်၊ အမျိုးသားသစ္စာဖောက်တွေပဲ ဖြစ်တယ်။
ချွင်းချက်မပါတဲ့ ဥပဒေဟာ မပြည့်စုံဘူးလို့ ဆိုကြပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အခက်အလက်သာဖြစ်တဲ့ တရားဥပဒေမှာတောင် ချွင်းချက်ရှိဖို့လိုအပ်ရင် လူမှုကိစ္စ အ၀၀တို့ အကျုံးဝင်နေတဲ့ နိုင်ငံရေးမှာ ယတိပြတ် အဆိုမရှိနိုင်ပါဘူး။ ဒါကြောင့် ရဟန်းသံဃာတွေ နိုင်ငံရေးမလုပ်ရလို့ အကြွင်းမဲ့ဆိုရင် အဲဒါမှားပါတယ်။ နိုင်ငံရေးမှာ ဘယ်သူဘယ်ပုဂ္ဂိုလ်တွေ ဘယ်အတိုင်းအတာထိ ပါဝင် ပတ်သက်သင့်တယ် ဆိုတာ ရှုပ်ထွေး နက်နဲတဲ့ ပုစ္ဆာတခုပါ။ သေချာတာကတော့ လူ့ဘောင် လောကထဲမှာသာ တည်ရှိနေတဲ့ ရဟန်း သံဃာတွေလည်း နိုင်ငံရေးရဲ့အကျိုး သက်ရောက်မှုကို နှီးနွယ်ခံစားရသလို တစုံတရာ အတိုင်းအတာ အထိလဲ ပါဝင် ပတ်သက်နေရမှာ ဖြစ်ပါတယ်။
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
နေ့စဉ်သတင်းများ ( ၁၇ - ၂ - ၁၀ )
■ အလုပ်သမားဆန္ဒပြမှု အင်းစိန်သို့ ကူးစက် သတင်း
■ အင်းစိန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားများ ဆန္ဒပြ သတင်း
■ လှိုင်သာယာတွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်နေဆဲ သတင်း
■ စက်မှုဇုန်အတွင်း သတင်းထောက် ၀င်ခွင့်ပိတ် သတင်း
■ အလုပ်သမားများအတွက် အခွင့်အရေးများ တောင်းဆို သတင်း
■ ဦးတင်ဦး လွတ်မြောက်မှု နိုင်ငံတကာအသိုင်းအ၀န်း အကန့်အသတ်ဖြင့် ကြိုဆို သတင်း
■ ဒေါ်ဝင်းမြမြပိုင် ဆိုင်ခန်းကို လေလံတင် ရောင်းချ သတင်း
■ အန်အယ်လ်ဒီဗဟိုဦးစီး လျာထားချက် တင်သွင်းမှု ပြီးဆုံး သတင်း
■ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အမည်စာရင်များ စိစစ်နေဆဲ သတင်း
■ ကုလသံအရာရှိနှင့် ထောင်ချကြမ်းသည့် တရားသူကြီးများ တွေ့ သတင်း
■ လူ့အခွင့်အရေးကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခွင့်ရ သတင်း
■ နအဖသည် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးကို ဂရုမစိုက်ဟု လမ်းပြကြယ်အဖွဲ့ ပြောကြား သတင်း
■ တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရန် တောင်းဆို သတင်း
■ လောက်ကိုင်မြို့တွင် ဗုံးတလုံး ပေါက်ကွဲ၊ လူတယောက် သေ သတင်း
■ ‘၀’ မြို့တော် တရုတ်နှစ်သစ်ကူးပွဲ ယခင်နှစ်ကဲ့သို့ မစည်ကား သတင်း
■ လယ်ယာမြေအသိမ်းခံ တောင်သူ (၁၀) ဦး ပြန်လွတ်လာ သတင်း
■ ကိုညီညီအောင် ထောင်ဝင်စာ တွေ့ခွင့်မရ သတင်း
■ ကလေးစစ်သားနှင့် ပတ်သက်၍ သင်တန်းများ ဖွင့်နေသော်လည်း ကလေးငယ်များ စစ်သားအဖြစ် စုဆောင်း ခံနေရ သတင်း
■ မြစ်ကြီးနားတွင် ကြံ့ဖွံ့အဖွဲ့ ပေါ်ပေါ်တင်တင် စည်းရုံးနေ သတင်း
■ ရွေးကောက်ပွဲအတွက် ရိုဟင်ဂျာများကို ယာယီနိုင်ငံသားကတ်များ ထုတ်ပေး သတင်း
■ ဒုက္ခသည်များအရေး မြေမြှုပ်မိုင်းအဖွဲ့ သတိပေး သတင်း
■ မြို့နေဒုက္ခသည်ကို ဒုက္ခသည်အဖြစ် အသိမှတ်ပြုရန် ကုလကို တောင်းဆို သတင်း
■ မြန်မာနိုင်ငံကူးလက်မှတ် ပုံစံအသစ်များကို ဧပြီလ (၁) ရက်နေ့တွင် စတင်လျှောက်ထားနိုင် သတင်း
■ ၀က်တုပ်ကွေး စိုးရိမ်သူ နည်းပါးလာကြောင်း မီဒီယာတို့ သတိပေး သတင်း
■ ဂျီတီအိုင်ကို ဆေးရုံအဖြစ်ပြောင်းရန် ပြင် သတင်း
■ နာဂစ်ဒုက္ခသည် (၅) သိန်းအတွက် အိုးအိမ်လိုအပ်ဆဲ သတင်း
■ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအရေး ထိုင်းဝန်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပို့ သတင်း
■ အရေခြုံ ပြည်ထောင်စု (သို့မဟုတ်) လက်ပြောင်း ကိုလိုနီကျွန်ဘ၀ပေလော (ဆောင်းပါး)
■ တောက်ပတဲ့ အနာဂတ်တခုကို ဖော်ဆောင်ပေးခြင်း (ဆောင်းပါး)
Wednesday, February 17, 2010
လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြမှု နဲ့ ဦးဝင်းတင် အမြင်သုံးသပ်ချက်
11 February 2010
လှိုင်သာယာ စက်မှုဇုံမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းသတင်း ထုတ်ဖေါ်မှုတွေ မရှိလို့ အသေးစိတ် မသိရသေးပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့် နေပါကြောင်း ရသင့်ရထိုက်တဲ့ မျှတတဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့ အလုပ်သမားထု အပေါ် စစ်အစိုးရက နိုင်ငံရေးအရ တဖက်သတ် စွပ်စွဲမှုတွေ လုပ်ပြီး ဖိနှိပ်လာမှာကိုလည်း စိုးရိမ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှူဆောင် ဦးဝင်းတင် က VOA ကို ပြောခဲ့ပါတယ်။ လှိုင်သာယာ စက်မှုဇုံမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဆန္ဒပြမှုတွေနဲ့ အခြေအနေ အကြောင်းအရာ၊ NLD သဘောထားများကို သိရှိနိုင်ဖို့ ဦးဝင်းတင်, ကို ဦးသန်းလွင်ထွန်း, က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဦးဝင်းတင် ။ ။ မြန်မာအသံတို့ ဘာတို့မှာ လုံးဝမပါဘူးဗျာ။ နောက်ပြီးတော့ အဲဒီနယ်တွေလည်း အဲဒီဘက်တွေက သတင်းက လူချင်းဆက်သွယ်မှု ရှိတဲ့လူလောက်ဘဲ သိတယ်။ အဲဒီနယ်တွေလည်း သွားလို့မရ ပြုလို့မရ။ ဘာဖြစ်လို့လည်း ဆိုတော့ လုံခြုံရေးကားတွေ ရပ်ထားတာကို။ တခုဘဲရှိတယ် ဒီအပေါ်မှာ ကျနော်ရဲ့ မှတ်ချက် ပေးပါဆိုရင် အလုပ်သမားတွေရဲ့ တောင်းဆိုချက်က တရားတယ်။ တောင်းကိုတောင်းဆိုရမယ်ဟာ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီရှိသမျှ တနိုင်ငံလုံးမှာရှိတဲ့ ၀န်ထမ်းတွေ အားလုံးကို လစာငွေ နှစ်သောင်း တိုးပေးနေမှတော့ ဒီအလုပ်သမားတွေကလည်း လိုက်တိုးတောင်းရမှာပေါ့။
ဝန်ထမ်းတွေအားလုံးကို လစာတိုးပေးလိုက်တဲ့ အခါကြတော့ ကုန်ဈေးနှုန်းတွေကလည်း သိသိသာသာ တက်သွားတယ်။ အဲဒီတော့ ဒီအလုပ်သမားတွေက တောင်းရမှာဘဲ။ တောင်းတာတောင်မှ ဒီအစိုးရကနေ နှစ်သောင်း ပေးနိုင်ပေမယ်လို့ စက်ရုံ အလုပ်ရုံတွေက တိုးပေးနိုင်တဲ့ အလားအလာ မရှိဘူး။ နောက်တခုက ကျနော် ပြောချင်တာက ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေ ကြားနေတာက ဒီစက်ရုံ အလုပ်ရုံတွေက သူတို့ ဒီအလုပ်သမားတွေကို တိုးမပေးနိုင်ခြင်း အကြောင်းက sanction တို့ ဘာညာတို့ကြောင့်။ ဆိုတော့ ဒါ ကျနော်ထင်တယ် ဘာမှ သိပ်ဆိုင်လှတဲ့ ကိစ္စ မဟုတ်ဘူး။ ဒါ သူတို့ရဲ့ လုပ်ငန်း သဘော လုပ်ရမယ့်ဟာ။ ဆိုလိုတာက ဒီဟာက တမင်ကို ဗမာပြည်ရဲ့ နိုင်ငံရေးကိစ္စကို သူတို့က ဒီအထဲကို ဆွဲသွင်းလာတယ်။ အဲဒီလိုဘဲ ယူဆလို့ရတယ်။ ဒီကိစ္စက နိုင်ငံရေး ကိစ္စမို့လို့ သီးခြားဘဲ။ ဒီအလုပ်သမားတွေကို တန်ရာ တန်ကြေးပေးဖို့။ သို့မဟုတ်လည်း လိုအပ်တဲ့ အလျှောက် ပေးဖို့ ဆိုတာကတော့ ဒီစက်ရုံ အလုပ်ရုံတွေရဲ့ တာဝန်ဘဲ။ ဒီစက်ရုံ အလုပ်ရုံတွေကို ပိုင်တဲ့ လူတွေဆိုတာကလည်း နိုင်ငံခြားသားတွေလည်း ပါတယ်၊ မြန်မာနိုင်ငံ အတွင်းက စစ်အစိုးရနဲ့ နှီးနွှယ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတဲ့အခါကြတော့ ဒီပြဿနာမျိုးကိုတော့ ရှင်းပေး၊ ဖြစ်အောင် ရှင်းရမှာလို့ ထင်တယ်။ အလုပ်သမားတွေ တောင်းဆိုချက်တွေ ကလည်း တရားမျှတတယ်လို့ ထင်တယ်။ အဲဒီလို တောင်းဆိုချက်တွေ၊ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ဒီလို စစ်အစိုးရကနေ တပ်တွေ၊ ရဲတပ်တွေ တသီးကြီးနဲ့ ထုနဲ့ထည်နဲ့ ၀ိုင်းဝန်ပိတ်ဆို့ တားဆီးဟန့်တား ခြိမ်းခြောက် တာကတော့ မသင့်ဘူးလို့ ကျနော်ထင်တယ်။ အဲဒီလိုဘဲ ကျနော် ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်တော့ အာဏာပိုင်တွေက စေ့စပ် ညှိနှိုင်းပေးနေတဲ့ အနေအထား။ နောက်ပြီးတော့ ပြင်ပကို မပြန့်သွားအောင် ဆိုတဲ့ သဘောနဲ့ လုံထိန်း တပ်ဖွဲ့တွေနဲ့ ပိတ်ဆို့ထားတဲ့ အနေအထားမှာဘဲ ရှိပါတယ်။ ဒီထက် ပိုပြီးတော့ အကြမ်းဖက် ဖြိုခွဲမယ် ဆိုတဲ့ သတင်းမျိုးတွေ မကြားမိ သေးပါဘူး။ ဒါတွေနဲ့ ပတ်သက်လို့ ဆရာတို့ အနေနဲ့ ဘယ်လောက်ထိ စိုးရိမ်မှု ရှိပါသလဲ။
ဦးဝင်းတင် ။ ။ ကျနော် အခုနပြောခဲ့တဲ့အတိုင်းဘဲ ဒီဟာက အလုပ်သမားတွေကို ခြိမ်းခြောက်ရာ ရောက်နေပါတယ်။ ဖြေရှင်းပေးချင်တယ် ဆိုရင် ဒီစက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေက စောစောက ပြောသလို သူတို့နဲ့ အစိုးရ နှီးနွှယ် ရင်းနီးနေတဲ့ ပိုင်ရှင်တွေဖြစ်တယ်။ နောက်တခုက နိုင်ငံခြားသားတွေ ဖြစ်တဲ့ အခါကြတော့ နိုင်ငံခြားသားတွေနဲ့ ညှိနှိုင်းပေးရင် ပေးလို့ရတဲ့ ဟာဘဲ။ အဲဒီတော့ ဒီဟာတွေ ညှိနှိုင်းပေးတယ် ဆိုရင် ကျနော်တို့က ဖြစ်စေချင်တာက အလုပ်သမားဝန်ကြီးဌာနကလူတွေ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့ ပုဂ္ဂိုလ်မျိုးတွေကိုယ်တိုင် ဆင်းလာပြီးတော့ ဖြေရှင်းပေးသင့်တာပေါ့။ ဒီရဲချုပ်ကနေ လာပြီးတော့ ဒီလောက်အထိ ထုနဲ့ထည်နဲ့ လုပ်တယ်ဆိုတာ ရှင်းရှင်းပြောရရင် အလုပ်သမားတွေကို ခြိမ်းခြောက် နေတာဘဲ။ ဖြေရှင်းတာ မဟုတ်ဘူး ခြိမ်းခြောက်တာလို့ ယူဆတယ်။ အဲဒါဟာ မှားယွင်းတယ်။ အဲဒါအတွက် ကျနော်မှာ စိုရိမ်စရာ အခြေအနေတွေ အများကြီး ပေါ်ပေါက်နေတယ်လို့ အဲဒီလိုဘဲ ကျနော် ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်များ အခုပြောသွားတာ ဆရာရဲ့ ကိုယ်ပိုင်ယူဆချက်ပေါ့။ ဒါပေမယ့်လည်း အခုမြန်မာနိုင်ငံမှာ အခြေခံ စားဝတ်နေရေး ကြပ်တည်းမှုနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဓိက ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီကိစ္စတွေကို ဘယ်လို ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးသွားဖို့ အစီအစဉ် ရှိပါသလဲ။
ဦးဝင်းတင် ။ ။ ဒီလိုရှိတဲ့ခင်များ။ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ဒီလိုကိစ္စတွေကို ဆောင်ရွက်လိုကို မရနိုင်အောင် လုပ်ထားတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ဥပမာ ကျနော်တို့နဲ့ ILO (International Labor Organization) ဆက်သွယ်လို့ မရအောင် လုပ်ထားတယ်။ ILO ကလည်း အခုနပြောသလို နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် သူတို့ကလည်း ဆက်သွယ်ချင်တဲ့၊ ဆက်ဆံချင်တဲ့ အနေအထား သိပ်မရှိဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ရဲ့ လုပ်ငန်းတွေမှာ အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်တဲ့ နေရာတွေမှာ အဟန့်အတားတွေ ဖြစ်မှာစိုးလို့။ နောက်တချက်ကလည်း ကျနော်က ဒီ အလုပ်သမား အရေးတွေ သွားပြီး လုပ်တဲ့အခါကြရင် ကျနော်တို့ အန်အယ်လ်ဒီတို့ ပတ်သက်တယ် ဆိုရင် အလုပ်သမား အရေးအရာ တွေမှာ ဆွေးနွေး ဖြေရှင်းတဲ့နေရာမှာ အများကြီး အနှောက်အယှက် ဖြစ်သွားပြီ။ သူတို့က ကျန်တဲ့လူတွေကို စွပ်စွဲတာက ဒါ မင်းတို့ နိုင်ငံရေး မြှောက်ပေးတာ၊ နိုင်ငံရေးသွေးထိုးတာ ဘာညာဆိုပြီးတော့ ပျက်ပြားတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ အန်အယ်လ်ဒီ က ဘယ်လို ဖြစ်နေသလည်း ဆိုတော့ မလှုပ်နိုင် မယှက်နိုင် ဖြစ်နေတယ်။ သို့သော် ကျနော်တို့ ပြောချင်တာက ဘာလည်း ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မျက်ခြေမပျက် လေ့လာပါတယ်။ နောက်တချက်ကလည်း ဒီဟာတွေကို ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ရှာပါတယ်။ အဲဒီလို နည်းလမ်းတွေ ရှာတယ်ဆိုတဲ့ နေရာမှာ ကျနော်တို့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ မျက်ခြေမပျက် ကြည့်ပါ၊ တင်ပြ တောင်းဆို နိုင်တာတွေကို အောက်ခြေကနေ လုပ်ပါဆိုတဲ့ သဘောထားတွေ ပေးထားတာ ရှိပါတယ်။ ဘာဖြစ်လို့ ဒီစကားကို ကျနော်က ပြောရသလည်း ဆိုတဲ့ အခါကြတော့ ကျနော်တို့ဟာ တိုင်းပြည်မှာ နိုင်ငံရေး အဖွဲ့အစည်း ဆိုပြီးရှိနေတာ ကျနော်တို့ နိုင်ငံရေး ကိစ္စသက်သက်ပဲ လုပ်နေလို့ မရဘူး။ လူတွေရဲ့ ကိစ္စကို ကြည့်ရမယ်။ လူတွေမှာ ခံစားနေရတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ ဒီပြဿနာမျိုးတွေနဲ့ ပတ်သက် လာလို့ရှိရင် ကျနော်တို့ အန်အယ်လ်ဒီတို့ ဘာတို့ဟာ လက်ပိုက်လည်း ကြည့်မနေဘူး၊ ကြည့်နေရတဲ့ အနေအထားမျိုး ရောက်နေတာကိုလည်း ကျေနပ်ခြင်း မရှိဘူးလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါဟာ အလွန်ကို အရေးကြီးပါတယ်။ လူထုကိစ္စကိုမှ ကျနော်တို့ ၀င်ပါနိုင်ခွင့် မရှိလို့ မပါရတဲ့ အနေအထားမျိုး ရောက်နေတာ စိတ်ကျေနပ်ဖွယ် မရှိတာ တပိုင်းပေါ့။ နောက်တခုက ကျနော်က ဒီလိုဟာမျိုးတွေ ကိစ္စတွေမှာ ကျနော်တို့ မေ့လျော့နေတယ်ဆိုတဲ့ အနေအထားမျိုး အချိန်မျိုး ရောက်နေတာကိုက အတော် မကောင်းတာပါ။ အဲဒါကို ဖြေရှင်းဖို့၊ ဒီအခြေအနေကို ရှင်းလင်းဖို့က ကျနော်တို့ ကိုယ်တိုင်က ဒီလိုကိစ္စတွေမှာ ကျနော်တို့က အသံထွက်အောင် လုပ်ရမှာဘဲလို့ ကျနော် ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ ဆရာတို့အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီအခြေအနေ အပေါ်ကို တစုံတရာ ထုတ်ပြန်ကြေညာချက် လုပ်ဖို့ရှိပါသလား။
ဦးဝင်းတင် ။ ။ အဲဒီလောက်အထိတော့ ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့ မရှိဘူးလည်းဆိုရင် အခုနပြောသလို သူတို့ ဖြေရှင်းနေတဲ့ နေရာတွေမှာ အန်အယ်လ်ဒီ ပါဝင်ခြင်းအားဖြင့် အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းတွေ့တယ် ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့က အကျိုးဆောင်ချင်တဲ့ ဟာမျိုးနဲ့ လုပ်ပေးပေမယ့် သူတို့ အလုပ်သမားတွေ ကိစ္စမှာ ခက်ခဲမှာစိုးတယ်။ အလုပ်သမားတွေ ကိစ္စက အခုအတိုင်းဆိုရင် ၀န်ထမ်းတွေ နှစ်သောင်း တိုးနေတဲ့ အချိန်မှာ သူတို့က တစ်သောင်းလောက်ဘဲ တိုးတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ တချို့ ငါးထောင် လောက်ဘဲ တိုးတဲ့ဟာတွေ ဖြစ်နေတဲ့ အခါကြတော့ ကျနော်တို့က ဒီအခက်အခဲတွေကို ပိုပြီးတော့ ရှုပ်ထွေခက်ခဲတဲ့ အနေအထားမျိုး မရောက်စေချင်တဲ့ အတွက်ကြောင့် ကျနော်တို့က လေ့လာနေတယ်၊ ကြည့်ရှုနေတယ်။ တဖက်ကနေ ကျနော်တို့ ILO တို့ ဘာတို့နဲ့ ညှိနှိုင်း ဆက်ဆံရတဲ့ အခါမှာ ကျနော်တို့ သဘောထားတွေကို ပြောပြီးတော့ တနည်းနည်းနဲ့ ဖိအားပေးတဲ့ ပုံစံမျိုးတွေနဲ့ လုပ်ဖို့ ရည်ရွယ်ချက်လောက်ပဲ ရှိတယ်။ ဒီအထဲမှာတော့ တိုက်ရိုက်ဝင်ပြီးတော့ ပါဝင်ပတ်သက်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ပြင်ပကနေ ရှုမြင်သုံးသပ်ချက် တချို့ကို ကျနော်ပြောပြပါမယ်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ် တုန်းကဆိုရင် ကျောင်းသားတွေ ဆန္ဒပြပွဲ ဖြစ်ခဲ့တဲ့ အချိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တစုံတရာ ကြေညာချက် ထုတ်ပြန်ပြီး ရပ်တည်ချက် ကြေညာခဲ့ခြင်း မရှိခဲ့ဘူး။ အလားတူပဲ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဘုန်းတော်ကြီးတွေ အရေးအခင်းတွေ ဖြစ်တဲ့ ကိစ္စမှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တိတိကျကျ သဘောထား ထုတ်ပြန်ပြီး ပါဝင် ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိတဲ့ အတွက်ကြောင့် အမျိုးမျိုး ဝေဖန်ခံခဲ့ရတဲ့ ဟာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလို ဒီကိစ္စမျိုးတွေကို သင်ခန်းစာ ယူပြီးတော့ အခုလို အခြေအနေမျိုးမှာ အလုပ်သမားတွေ ဖက်ကနေ တစုံတရာ ပြတ်သားတဲ့ ရပ်တည်ချက် ထုတ်ပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရည်ရွယ်ချက် မရှိဘူးလား။
ဦးဝင်းတင် ။ ။ လောလောဆယ်တော့ ကျနော်တယောက်တည်းတော့ မပြောနိုင်ဘူးပေါ့။ သို့သော် ကျနော် အခု ပြောဆိုချက်တွေ သို့မဟုတ် ပြင်ပက ရိုက်ခတ်လာတဲ့ ဝေဖန်ချက်တွေ ဆိုတာတွေကို နားထောင်ရမယ်လို့ ကျနော် သဘောရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့လည်း နားထောင်ပါတယ်လို့ ကျနော် ပြောနိုင်ပါတယ်။ အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် ဘယ်လို လုပ်ရမလဲ ဆိုတာလည်း အခု ခင်များတို့ဆီက ကြားတဲ့ သတင်းတွေအရ ကျနော်တို့ ဆောင်ရွက် သွားပါမယ်။ ကျနော်တို့လည်း မပြတ် လေ့လာနေပါတယ်။ အခုနပြောတဲ့ အနေအထား တွေနဲ့တော့ သိပ်တော့ မတူလှဘူး။ ဒီဟာတွေကတော့ ရိုးရိုး အလုပ်သမားတွေရဲ့ ကိစ္စ၊ ဟိုဟာတွေကတော့ နိုင်ငံရေး ကိစ္စတွေနဲ့ နွှယ်နေတဲ့ ကိစ္စတွေ ဆိုတော့ တမျိုးစီတော့ တမျိုးစီပေါ့။ ဘယ်လိုဘဲ ပြောပြော ဒီလိုဟာမျိုးက ကျနော်တို့ ပြောပြောနေတဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးမျိုး ဖြစ်ရမယ် ဆိုတဲ့ဟာကို ကျနော်တို့ ရပ်တည်ပြီးတော့ ပြောနိုင်တာကတော့ ဒီလိုမျိုး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တတ်နိုင်သမျှ ကြည့်ရှုနေပါတယ်၊ လေ့လာနေပါတယ်။ ကျနော်တို့ လုပ်နိုင်တာ လုပ်ပါမယ် ဆိုတာကိုတော့ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ အခြေအနေကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ အနေအထားပေါ့။ ဒီအခြေအနေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ အနေအထားမျိုးဘဲ ဖြစ်သွားအောင် အလုပ်သမားတွေနဲ့ ပြည်သူလူထုရဲ့ လိုလားတဲ့ အခြေအနေတွေကို ဖြည့်ဆည်းအောင် ဆိုလိုရှိရင် ဆရာ တဦးတည်းအနေနဲ့ ဘာတွေများ အကြံပေးချင်ပါသလဲ။
ဦးဝင်းတင် ။ ။ ကျနော် အကြံပေးချင်တာကတော့ အကောင်းဆုံးကတော့ ဒီဟာတွေ ပြဿနာတွေက ရှိနေပါတယ်။ အလုပ် သမားတွေရဲ့ ပြဿနာတွေက တကယ် ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ အစိုးရအနေနဲ့ ဖြေရှင်းဖို့ ကောင်းတာ ကတော့ စနစ်တကျ ညှိနှိုင်းပြီးတော့ ပါဝင် ညှိနှိုင်းခြင်း ပုံစံနဲ့ ဖြေရှင်းပါ။ ဒီလို စစ်တပ်၊ တပ်တွေခေါ် လုံခြုံရေးတွေခေါ် လိုအပ်တာထက် ပိုပြီးတော့များ - လုံထိန်းတပ်တွေ ဘာတွေဆိုတာ ကားအစင်းပေါင်း (၆၀) လောက် လုပ်တယ် ဆိုရင် ဖြေရှင်းမှာ မဟုတ်ဘူး။ ဒီဟာတွေက ထပြီးတော့ ပေါက်ကွဲနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ အဲဒီတော့ အလုပ်သမားတွေရဲ့ တရားတဲ့ တောင်းဆိုချက်တွေ ဘက်က ရပ်တည်ပြီးတော့ မှန်မှန်ကန်ကန် ဖြေရှင်းပါလို့။ အလုပ်သမား ၀န်ကြီးဌာနတို့ ဘာတို့နဲ့ ဒူးတိုက် ဆွေးနွေးပြီးတော့ ပိုင်ရှင်တွေကိုလည်း သေချာ ဆွေးနွေးပြီးတော့ ညှိနှိုင်းပါ။ ဒီလို မလုပ်ဘဲနဲ့ ပိုင်ရှင်တွေ ဘက်ကဘဲ လိုက်ပြီးတော့ အလုပ်သမားကို ခြိမ်းခြောက်တယ် ဆိုရင် ဒီပြဿနာက အေးချမ်းသွားရင်လည်း ခဏပဲ အေးချမ်းမယ်။ ရေရှည်တော့ အေးချမ်းမယ်လို့ မဟုတ်ဘူးလို့ ကျနော်အဲဒီလိုဘဲ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ အလုပ်သမားဆန္ဒပြပွဲတွေကို ခေါင်းဆောင်တဲ့လူတွေ နောက်ပိုင်းမှာ အဖမ်းအဆီး ခံရမယ့် အလားအလာတွေ ရှိနိုင်သလား။ ဗမာပြည်မှာ ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေ ရှိခဲ့ဘူးတယ်။
ဦးဝင်းတင် ။ ။ သေချာတာပေါ့။ ဒါက ဘယ်လိုဘဲပြောပြော ဒီလူတွေကို တနည်းနည်းနဲ့ နိုင်ငံရေးနဲ့ ပေးစားလို့ ဖြစ်ဖြစ် သို့မဟုတ် ဆူပူရေးကို ဖြစ်စေတယ် ဆိုတာနဲ့ဘဲ ဖြစ်ဖြစ် အရေးယူမှာ ကတော့ မြေကြီးလက်ခတ် မလွဲ သူတို့ လုပ်မှာပါ။ တခုရှိတာက အဲဒီလို လုပ်မယ် ဆိုလို့ရှိရင် ဒီအလုပ်သမား ပြဿနာတွေကို ရှိနေတဲ့ ပြဿနာတွေကို ပြေလည်စေမှာ မဟုတ်တဲ့ အပြင် ပိုပြီးတော့ ဆိုးဝါးလာမယ့် အနေအထား ဖြစ်နိုင်တယ။ ဒါမျိုး လုပ်တယ်ဆိုတာ တစ်လ၊ နှစ်လ၊ သုံးလ စသည် ဆိုတာမျိုးတာထက် အလုပ်သမားတွေက သူတို့ကို ခေါင်းဆောင်မှုပေးတဲ့ ပုဂ္ဂိုလ်များရဲ့ အရည်းအချင်းကိုလည်း မေ့မှာ မဟုတ်ဘူး။ ဒီ ပုဂ္ဂိုလ်မျိုးတွေကို ဖိနှိပ်တယ်၊ ချုပ်ချယ်တယ်၊ သူတို့ကို အရေးယူတာမျိုး လုပ်လာရင် အလုပ်သမားတွေရဲ့ တုံ့ပြန်မှုကလည်း လာမယ့် လအတန်ကြာအထိ ရှိနေမှာဘဲလို့ ကျနော်အဲဒီလိုဘဲ ယူဆပါတယ်။
Ref: VOA News
နေ့စဉ်သတင်းများ ( ၁၆ - ၂ - ၁၀ )
■ CC အဖွဲ့ဝင် ရွေးချယ်ရန် အန်အယ်လ်ဒီ ဗဟို စတင် သတင်း
■ နိုင်ငံရေးရပ်တည်ချက်နှင့် ပတ်သက်ပြီး ဒု-ဥက္ကဌ ဦးတင်ဦးနှင့် အင်တာဗျူးပြုလုပ် သတင်း
■ ဒေါ်ဝင်းမြမြပိုင် ဆိုင်ခန်းကို အာဏာပိုင်တွေ လေလံတင်မည် သတင်း
■ နော်အုန်းလှကို ထောင်ဒဏ်ပေးလိုက်တဲ့အပေါ် အင်္ဂါဆုတောင်းအဖွဲ့ ပြစ်တင်ဝေဖန် သတင်း
■ လူ့အခွင့်အရေးကိုယ်စားလှယ် စစ်တွေအကျဉ်းထောင် သွားရောက်ကြည့်ရှု သတင်း
■ မစ္စတာ ကွင်တားနား နိုင်ငံရေးအကျဉ်းသား (၄) ဦးနှင့် တွေ့ သတင်း
■ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှု ရပ်တန့်ဖို့ စစ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း သတင်း
■ ကရင်တွေအပေါ် ထိုးစစ်ရပ်စဲရေး နိုင်ငံတကာကို ကေအန်ယူ ပန်ကြား သတင်း
■ ထိုးစစ်ရပ်ဖို့ စစ်အစိုးရကို ကေအန်ယူ တောင်းဆို သတင်း
■ မြစ်ဖြတ်ကူးခ ဒီကေဘီအေ ကောက်ခံနေ သတင်း
■ အမေရိကန် ကူညီလျှင် တိုင်းရင်းသားအဖွဲ့များကို ခြေမှုန်းနိုင်ကြောင်း မြန်မာတိုင်းမှူး ပြောကြား သတင်း
■ လောက်ကိုင်မြို့၌ ဗုံးပေါက်ကွဲ သတင်း
■ ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်အစိုးရက ဆက်တိုက်ဖမ်းဆီး သတင်း
■ လူသားချင်းစာနာရေးလုပ်ငန်းအတွက် ဒေါ်လာ (၂၃) သန်း ဥရောပ ကူညီ သတင်း
■ မန္တလေး ရဲသိပ္ပံကွင်းနှင့် ဗထူးအားကစားကွင်းတွေကို ပုဂ္ဂလိကသို့ ရောင်းချ သတင်း
■ မိန်းကလေး (၇) ဦးကို ပြည့်တန်ဆာရုံ ပို့ဆောင်ခဲ့သူအား ဖမ်းဆီး သတင်း
■ ဂျနီဗာမြို့က မြန်မာ့အရေးဆွေးနွေးပွဲ သတင်း
■ မြန်မာအလုပ်သမား အင်အား (၁၅၀) ထိုင်းအစိုးရထံ အချက် (၇) ချက် တင်ပြ သတင်း
■ သောင်းပြောင်း ခေါင်းစည်းများနဲ့ … (ဆောင်းပါး)
■ မိုင်နှစ်ထောင် အမှတ်တရ (ခရီးသွားဆောင်းပါး)
Tuesday, February 16, 2010
ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပါတီတာဝန် စတင်ထမ်းဆောင်
NEJ/ ၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
အန်အယ်လ်ဒီပါတီက ယနေ့ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ကာ အစည်းအဝေး သဘာပတိအဖြစ် စတင် ဆောင်ရွက်သည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအုန်းကြိုင်က “စီအီးစီ အစည်းဝေးကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒုတိယ ဥက္ကဋ္ဌကြီး ဦးတင်ဦး တက်ရောက်လာပြီး သူ့မူလတာဝန် စီအီးစီ အစည်းအဝေး သဘာပတိအဖြစ် ပြန်လည် ဆောင်ရွက်ပါတယ်” ဟု ပြောသည်။
ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့တွင်လည်း ဦးဆောင်သူ တဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့ မိသားစုများအား ကူညီ စောင့်ရှောက်နေသည့် ဗဟိုလူမှု အထောက်အကူ အဖွဲ့တွင်လည်း ဥက္ကဋ္ဌတာဝန် ယူပြီး အဆိုပါ တာဝန်များကို ယနေ့ စတင်ခြင်းဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။
ယနေ့တွင် စီအီးစီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ဦးတင်ဦးက သြ၀ါဒစကား ပြောကြားပြီး အန်အယ်လ်ဒီ ပါတီဝင်များအား တွေ့ဆုံ နှုတ်ဆက်ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
ဦးတင်ဦးက အန်အယ်လ်ဒီပါတီဝင်များအား ၎င်း ထိန်းသိမ်း ခံနေရစဉ်ကာလ အတွင်း ကြံ့ကြံ့ခိုင် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အဖွဲ့ချုပ်ကြီး ဆက်လက် ရပ်တည်ရေးအတွက် လုပ်ဆောင်မှုများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။
“ရွှေဂုံတိုင်ကြေညာစာတန်းမှာ ကြေညာထားတဲ့အထိ တောက်လျှောက်သယ်ဆောင် လာခဲ့တဲ့ သမိုင်းကို သူလေးစား ဂုဏ်ယူတဲ့ အကြောင်း၊ သူလည်း ဆက်လက်ပြီး တာဝန် ထမ်းဆောင်သွားမယ့် အကြောင်းတွေ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အန်အယ်လ်ဒီရုံးချုပ်၌ ဖေဖော်ဝါရီ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ဗဟိုကော်မတီ (စီစီ) ရွေးချယ်ရေး စဉ်းစား ဆုံးဖြတ်ရန် အတွက် အစည်းအဝေး လုပ်ဆောင်သွားမည် ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပြည်နယ်တိုင်း တခုချင်း အလိုက် သက်ဆိုင်ရာ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု သိရသည်။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၁၅ - ၂ - ၁၀ )
■ ဦးတင်ဦး ပြန်လည်လှုပ်ရှားပြီ သတင်း
■ ဦးတင်ဦး အဖွဲ့ချုပ်အစည်းအဝေး တက်ရောက်မည် သတင်း
■ လွတ်မြောက်လာသည့် အန်အယ်လ်ဒီခေါင်းဆောင် ဦးတင်ဦးကို ပါတီဝင်များ သွားရောက်နှုတ်ဆက်ကြ သတင်း
■ ဦးတင်ဦး ရွှေတိဂုံဘုရား တက်ရောက်ကြည်ညို သတင်း
■ ဦးတင်ဦး၏ ဒီပဲယင်း အတွေ့အကြုံနှင့် နိုင်ငံရေးခံယူချက် သဘောထား သတင်း
■ ကင်တားနား မြန်မာခရီးစဉ် သတင်း
■ ကုလအထူးသံ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ သတင်း
■ မစ္စတာကွင်တားနား တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံသင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ကင်တားနား တွေ့ဆုံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူသည့် ဥပဒေ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် မညီဟု ကင် တာနာပြော သတင်း
■ ဒေါ်နော်အုံးလှတို့ကို ထောင်ဒဏ် (၂) နှစ်စီ ချမှတ် သတင်း
■ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ (၉၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကျင်းပ သတင်း
■ SAW ကျောင်းမှာ ကျင်းပတဲ့ မြန်မာနိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ သတင်း
■ ပဒိုမန်းရှာ ကျဆုံးခြင်း (၂) နှစ်ပြည့် ဆွမ်းကပ်အလှူပွဲပြုလုပ် သတင်း
■ နအဖ၏ ထပ်မံကမ်းလှမ်းချက် ဝ ခေါင်းဆောင် ပယ်ချပြန် သတင်း
■ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၏ ကမ်းလှမ်းချက်ကို ၀ တပ်ဖွဲ့ ထပ်မံပယ်ချ သတင်း
■ အမေရိကန်ကူလျှင် အပစ်ရပ်တပ်ဖွဲ့အားလုံးကို ရှင်းနိုင်မည်ဟု သျှမ်းပြည်တိုင်းချုပ် ပြော သတင်း
■ နအဖ ဆက်ဆံရေး အေးကျဲလာ၍ အပစ်ရပ်တပ်ဖွဲ့ ပိုသတိထား သတင်း
■ မြန်မာစစ်အစိုးရတပ်များ ကေအန်ယူနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာ သတင်း
■ ALA နှင့် နအဖတပ်များ တိုက်ပွဲဖြစ် သတင်း
■ ANC တခုတည်းသာရှိကြောင်း အထွေထွေအတွင်းရေးမှူးသစ်က ပြောဆို သတင်း
■ မောင်တောတွင် လက်နက်ကိုင် ဓားပြတိုက်မှုများ ရက်ဆက် ဖြစ်ပွားနေ သတင်း
■ ILO ကို တိုင်ကြားတဲ့ ကလေးစစ်သားအမှု ၂၀၁၀ မှာ (၇) မှုရှိပြီ သတင်း
■ ချစ်သူများနေ့တွင် အာဏာရှင်ကို ဆန့်ကျင်သောနေ့အဖြစ် စာစောင်များ ဖြန့်ဝေ သတင်း
■ မြိုင်ကြီးငူ ဆရာတော် ဘန်ကောက်တွင် ဆေးကုသမှုခံယူ သတင်း
■ မန္တလေးကုန်သည်အသင်း နိုင်ငံရေးလုပ်ဖို့ပြင် သတင်း
■ ကိုညီညီအောင်ကို ပြည်ထောင်သို့ ပြောင်းရွှေ့ သတင်း
■ ဗဟိုဦးစီးချုပ်ကိုင်မှုနှင့် ဒီမိုကရေစီအခွင့်အရေးကို မည်သို့အချိုးကျ ကျင့်သုံးသင့်မည်နည်း သတင်း
■ မိုးကုတ်မြို့လယ်ကို ကုမ္ပဏီကြီးများ သိမ်းပိုက် သတင်း
■ သင်္ကန်းကျွန်းဈေး မီးလောင်ကျန်ပစ္စည်း စည်ပင်သိမ်း သတင်း
■ ကျောက်မီးသွေးသုံး လျှပ်စစ်လုပ်ငန်း ဦးတေဇ ရရှိ သတင်း
■ နေပြည်တော် ဆိုင်ကယ်ကယ်ရီ ဒဏ်ကြေးမြှင့် သတင်း
■ မြန်မာနိုင်ငံကူးလက်မှတ် ပုံစံသစ်ပြောင်းလဲတော့မည် သတင်း
■ ဦးကောသလ္လ၏ မဲဆောက်တရားပွဲ ပရိသတ် သောင်းကျော် သတင်း
■ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းဝန်ကြီးချုပ်ရုံး စုပေါင်းချီတက်မည် သတင်း
■ မဲဆောက်စက်ရုံ မြင်ကွင်းစုံ (၂) သတင်း
■ ဒုက္ခသည်များ ဒုက္ခသစ်မရှာကြပါနဲ့ (ဆောင်းပါး)
■ ဗိုလ်ချုပ်ကို သတိရပါ (ဆောင်းပါး)
■ ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ် ‘ရရင်ရ၊ မရရင်ချ’ (ဆောင်းပါး)
■ ၂၀၀၈ ဖွဲ့စည်းပုံ ဘယ်လောက် ကြာကြာခံမလဲ (ဆောင်းပါး)
■ အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု (ဆောင်းပါး)
■ အောက်မေ့ဖွယ်ရာ အတိတ်က ဒို့လယ်ယာ (ဆောင်းပါး)
■ ဘန်ဒုံယန်း (သို့မဟုတ်) ကွန်းခိုရာ လှောင်အိမ် (ဆောင်းပါး)
Monday, February 15, 2010
လူသတ်သမား နိဗ္ဗာန်ပို့တဲ့ ဦးညွန့်ရွှေသို့ ပြန်ကြားချက်
February 15, 2010
အိတ်ဖွင့်စာ-
"လူသတ်သမား နိဗ္ဗာန်သွားသတဲ့ မိုက်လုံးကြီးပေ မောင်ညွန့်ရွှေ" ဦးညွန့်ရွှေရဲ့ စာတွေ ကိုဖတ်ပြီး အလိုလို ခေါင်းထဲ ၀င်လာတဲ့ သံပေါက်ပါ။
မိတ်ဆွေတချို့ရဲ့ တိုက်တွန်းချက်နဲ့ ဦးညွန့်ရွှေရဲ့ စာတွေကို လိုက်ဖတ်မိပါတယ်။ အစ ပိုင်းတော့ ဟုတ်မလိုလိုနဲ့ အဆုံးသတ်ကျတော့ ဦးညွန့်ရွှေဟာ ဟင်းအိုးမွှေတဲ့ ယောက်မဖြစ် သွားတယ်။ ယောက်မဆိုတာက မွှေနေတဲ့ဟင်း ဘယ်လောက် ကောင်းကောင်း ဆိုးဆိုး ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး ဘာအရသာမှ မသိနိုင်ဘူးလေ။
သူစာတွေက ကြည့်လိုက်ရင် ကျမ်းကိုးကျမ်းခံတွေနဲ့ ဆိုတော့ အတော် ဟုတ်သလိုပဲ။ အနှစ်ချုပ် တော့မှ ပြောပုံက ဗုဒ္ဓ ဘာသာကောင်း ပီပီ တဖက်သားကို သိသွားပါစေတော့ ဆိုတဲ့ စေတနာထက် ငါသိငါတတ် မာနသံ ထူလွန်းသလို၊ တရားကောက်ပုံက ခါးတောင်းကျိုက် တခြား ဖင်တခြားပဲ။ အကြောင်းနဲ့ အကျိုးကို ဆက်စပ် ဆင်ခြင်တာ မဟုတ်ပဲ ကိုယ်ပြောချင်တဲ့ အချက်ကို အထောက်အခံ ဖြစ်မဲ့ အချက်အလက်တွေကိုပဲ လိုသလို ဆွဲစပ်ထားတဲ့ ဆင်ခြေတွေပဲ။ ယုတ္တိဗေဒ သဘောနဲ့ ပြောရရင် အဖေါက်ပြန်ဆုံး ဆင်ခြေတည်ဆောက်မှုပဲ။ ဆင်ခြေဆိုတာ အချက်အလက် (နိဒါန်း) တွေကို အခြေခံ တွက်ဆ ဆင်ခြင်ပြီး အကျိုးတရား (နိဂုံး) ဆွဲယူရ တယ်။ ဦးညွန့်ရွှေကတော့ ကိုယ်ပြောချင်တဲ့ နိဂုံးအတွက် အချက်အလက် နိဒါန်းတွေကို ရှာပြီး ဖြည့်ထားတဲ့ ဆင်ခြေ ယုတ္တိတွေပဲ ဖြစ်တယ်။ လူဗိန်းပြော ပြောရရင်တော့ နွားရှေ့ထွန်ကျူး ဆင်ခြေ ယုတ္တိတွေပဲ။
လူသတ်သမား ဒုစရိုက်ကောင်တွေလည်း နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတာ ပြောချင်ဇော နဲ့ လောကြီးပြီး မှားသွားတယ် ထင်ပါတယ်။ န၀တ/ နအဖ စစ်မိစ္ဆာ မင်းဆရာတွေရဲ့ အယူ အကောက် နဲ့ တထပ်တည်း သွားတူနေတယ်၊ မဆီမဆိုင် ကွန်မြူနစ်တွေ၊ ဘာသာမဲ့တွေကိုပါ ဆွဲထည့် ပုတ်ခတ် လိုက်သေးတယ်။ တကယ်တော့ မိစ္ဆာ စစ်အုပ်စုဟာ နိုင်ငံရေး နိုးကြားတဲ့ ရဟန်းသံဃာတို့ ကွန်မြူနစ်တို့ကို သေမလောက် ကြောက်ကြတယ်။
ဦးညွန့်ရွှေရဲ့ စာတွေကိုသတ္ထု ချကြည့်လိုက်တော့ နှစ်ချက်ပဲတွေ့ပါတယ်။ တိုက်ဆိုင်စွာပဲ အဲဒီနှစ်ချက်စလုံးက ဒုစရိုက် ဆယ်ပါးကို ပြောင်ပြောင် မြောက်မြောက် ထမင်းစားရေသောက် ကျူးလွန်နေကြတဲ့ သန်းရွှေ စစ်အုပ်စုရဲ့ သဘော စရိုက်နဲ့ဆန္ဒကို ထင်ဟပ်နေတယ်။ ဗိုလ်နေ၀င်း ကစလို့ ယနေ့အထိ စစ်အာဏာရှင် အဆက်ဆက်ကို သူတို့ရဲ့ ဘာသာရေး အပေါ် ကျူးလွန် ဖောက်ဖျက်မှုတွေ အတွက် ဒိုင်ခံ ဆင်ခြေရှာ တရားထောက် ပေးနေရတဲ့ လူပျံတော် ဘုန်းကြီးလူထွက် သာသနာဖျက် ဦးအံ့မောင်ရဲ့ အယူအကောက်တွေနဲ့ အတူတူပါပဲ။
(၁) ဒုစရိုက်ဆယ်ပါး ကြိုက်ရာကျူးလွန် တရားကျင့်ပြီး ကျွတ်ချိန်တန်ကျွတ်မယ်။ (၂) ရဟန်းသံဃာတွေ နိုင်ငံရေးမလုပ်ရဆိုတာပဲ ဖြစ်တယ်။
ဦးညွန့်ရွှေ ကျောင်းသားဘ၀က ကွန်မြူနစ်တွေကို အထင်ကြီးပြီး ဘာသာမဲ့ လုပ်ဖူး တယ်လို့ ၀န်ခံထားတယ်၊ အခုတော့ အဲဒီအရာတွေကို ဆန့်ကျင် ကဲ့ရဲ့လာတယ်။ ဗုဒ္ဓ၀ါဒနဲ့ ကွန်မြူနစ် စနစ်ရဲ့အခြေခံ မာ့က်စ်ဝါဒကို ဘယ်လို သဘောပေါက်ထားလို့ ဒီလိုဖြစ်သွားရ တာလဲ။ အတွေးအမြင် ယုံကြည်ချက် ပြောင်းလဲတယ်ဆိုတာ (၁) အမှန်တကယ် နားလည်သဘောပေါက်မှု ပြောင်းလဲခြင်းကြောင့် ပြောင်းလဲခြင်း၊ (၂) လိုဘ တခုခုရလေနိုးနဲ့ လောဘအခြေခံတဲ့ ပြောင်းလဲခြင်း၊ (၃) အသက်ဘေးကို ကြောက်ရွံ့လို့ ပြောင်းလဲခြင်းနဲ့ (၄) စိတ်နေရူးသွပ် ဖောက်ပြန်မှုကြောင့် ပြောင်းလဲခြင်းရယ်လို့ ရှိပါတယ်။ ဦးညွန့်ရွှေရဲ့ ပြောင်းလဲခြင်းက ဘယ်အမျိုးစားလဲ၊ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့ လိုပါတယ်။
နားလည်မိသလောက် ပြောရရင် ဗုဒ္ဓ၀ါဒဟာ ကိုးကွယ်ယုံသက်သက် ဘာသာ မဟုတ်ပါဘူး။ လိုက်နာ ကျင့်ကြံရတဲ့ ကျင့်စဉ် လမ်းစဉ်တွေပါ ပါတယ်။ လိုက်နာကျင့်ကြံ ဖို့လိုတယ်။ လောကီ အတွက်ရော၊ လောကုတ္တရာ အတွက်ပါ ကျင့်ကြံစရာ လမ်းစဉ်တွေကို ဖော်ထုတ်ထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ တရားတွေပါ။ တက္ကသိုလ်တွေမှာ အတွေးခေါ်ဒဿန တွေကို သင်တဲ့အခါမှာ အခြားဘာသာတွေ အယူဝါဒတွေကို ပုံမှန် လေ့လာတဲ့ပုံစံနဲ့ သင်ကြား ပို့ချ သော်လည်း ဗုဒ္ဓ၀ါဒ ကိုတော့ အသုံးချ အတွေးအခေါ် (Apply Philosophy) လို့ ခွဲခြား သတ်မှတ် သင်ကြားပို့ချပါတယ်။ ခေတ်အဆက်ဆက်က ဆရာတော်ကြီးများ ကလည်း ခက်မသုံးဖြာနဲ့ သာသနာရယ်လို့ပဲ ပြောဆို သုံးနှုန်းကြပါတယ်။ ဗုဒ္ဓဘာသာလို့ သုံးနှုန်း ခဲပါတယ်။ အဲဒါတွေကတော့ (၁) ပရိယတ္တိ၊ (၂) ပဋိပတ္တိ၊ (၃) ပဋိဝေဓရယ်လို့ သုံးမျိုးကွဲပါတယ်၊ ဘယ်လမ်းကိုလိုက်လို့ ဘယ်ကျင့်စဉ်ကို ကျင့်ချင်ပါသလဲ။ နောက် ဗုဒ္ဓ၀ါဒဟာ ဥာဏ်ကစား ရတဲ့၊ ဝေဖန်ဥာဏ်သုံးရတဲ့ ကြောင်းကျိုးဆက် တရားဝါဒ ဖြစ်ပါတယ်။ ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ ကာလာမသုတ်ဟာ ဗုဒ္ဓရဲ့ဝိဘဇ္ဇ၀ါဒ ကြေငြာချက်လို့ ပြောရမှာပါ။
ထို့အတူပဲ မာ့က်စ်ဝါဒကလဲ အကြောင်းကျိုးဆက် ဆင်ခြင်ရတဲ့ ၀ါဒဖြစ်တယ်။ ပကတိ ဘာဝ အခြေအနေ အကြောင်းတရား တွေကို အခြေခံပြီး လောကသဘာဝကို ချဉ်းကပ်တယ်။ ယုတ္တိကျတဲ့ အဖြေကိုယူပြီး လောကလူ့ရွာ သာယာရေး နေနည်း ထိုင်နည်းတွေကို သဘောတရား ထုတ်ထားတဲ့ လောကီရေး သက်သက် ၀ါဒဖြစ်တယ်။ ဦးညွန့်ရွှေ ကိုးကားနေတဲ့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူ့ရဲ့စာအုပ်တအုပ် (အနာဂါတ်သာသနာရေး ထင်ပါတယ်) မှာ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒကို လောကီးရေးမှာ သမမျှတ အရှိဆုံးလို့ ပြောထား ခဲ့ပါတယ်။ ဒါကြောင့် ဖေါက်ပြန်တဲ့အုပ်စိုးသူတွေက ဆရာတော်ကြီးကို ကွန်မြူနစ်လို့စွပ်စွဲ ခဲ့ကြောင်း ဆရာတော်ရဲ့ တဘ၀ သာသနာ စာအုပ်မှာ ဖော်ပြထားတယ်။ ဒီလိုပဲ ဗုဒ္ဓ၀ါဒနဲ့ မာ့က်စ်ဝါဒရဲ့ အခြေခံ တူညီချက်တွေကို နှိုင်းယှဉ်ပြခဲ့တဲ့ ဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ကမ္ဘာမှာရော ဗမာမှာပါ အမြောက်အများ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီထဲမှာ ရာဟုလာသံကစ္စည်းတို့ ဆရာကြီး ရွှေဥဒေါင်းတို့ဟာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေ မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကွန်မြူနစ်ဝါဒ လက်ခံသူ ခေါင်းဆောင်များနဲ့ ထေရ်ကြီး ၀ါကြီး ဆရာတော်တွေ လက်တွဲ လုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗမာပြည်လို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် သီရီလင်္ကာမှာ မာက်စ့်ဝါဒီ JVP ပါတီမှာ ဘုန်းကြီး အမြောက်အများ ပါတီဝင် ဖြစ်နေတာ တွေ့ရတယ်။
ကွန်မြူနစ်တွေဟာ ကိုးကွယ်ရာဘာသာမရှိပေမဲ့ သူတို့သက်ဝင်ယုံကြည်ရာ အတွေး အခေါ်ရှိတယ်၊ ၀ါဒရှိတယ်။ လောကလူ့ရွာမှာ အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှုကို အခြေခံတဲ့ လူမူအကျင့်အကြံ စည်းကမ်းတွေ စံတွေရှိတယ်။ လောကအကျိုး အများအကျိုး အတွက် ဘ၀ကို တိတိကျကျ ထိထိရောက်ရောက် အသုံးချဖို့ လမ်းညွန်ပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီ နိုင်ငံဖြစ်ပါတယ်။ ဗဟိုနဲ့ ပြည်နယ် အစိုးရတွေကို လူထု ရွေးကောက်ပွဲတွေနဲ့ ရွေးချယ် တင်မြောက် ဖွဲ့စည်းပါတယ်။ မကြာသေးမီက အသက် (၉၅) နှစ်အရွယ်မှာ ကွယ်လွန် သွားတဲ့ ကွန်မြူနစ်ခေါင်းဆောင် မစ္စတာ ဂျိုတီဘာဆူး (Jyoti Basu) ဟာ အနောက်ဘင်္ဂလား ပြည်နယ်မှာ လူထု ရွေးကောက်ပွဲနဲ့ (၁၉၇၇) ခုနှစ်မှာ အာဏာရခဲ့တယ်၊ (၂၀၀၁) ခုနှစ်မှာ သူ့ပါတီက တခြားရဲဘော်ကို အာဏာ လွဲပြောင်းပေးသည် အထိ (၂၃) နှစ် အုပ်ချုပ်ခဲ့ပါတယ်။ ခုထိလည်း သူ့ပါတီက အာဏာရထား ဆဲပါပဲ။ အယူအစွဲကြီးတဲ့ ဟိန္ဒူတွေက (၇)ကြိမ်ဆက်တိုက် ရွေးကောက်တာကို ခံယူခဲ့ရပါတယ်။
ပြည်သူလူထုအများစုရဲ့ ယုံကြည်မှုကို (၇)ကြိမ် ဆက်တိုက် နှစ်အားဖြင့် (၃၅)နှစ် အပ်နှင်း ခံရတယ်ဆိုတာ အံ့မခန်း မှတ်တမ်း ဖြစ်ပါတယ်။ သူ မကွယ်လွန်မီ နာမကျန်း အချိန်မှာရော၊ ကွယ်လွန်ပြီး အချိန်မှာပါ ကွန်မြူနစ် မဟုတ်တဲ့ သမ္မတ တို့၊ ၀န်ကြီးချုပ်တို့ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ အပါအ၀င် နိုင်ငံတ၀ှန်းက ခေါင်းဆောင်တွေ တတ်သိ ပညာရှင်တွေက လာရောက် သတင်းမေးကြ၊ ဂါရ၀ပြုကြပါတယ်။
ဒီလို ကာလရှည်ကြာလူထုရဲ့ ယုံကြည်ကိုးစားမှု၊ တတ်သိနားလည်တဲ့ ခေါင်းဆောင် တွေရဲ့ ကြည်ညို ဂါရ၀ပြုမှု ဆိုတာ လူမှု ဆက်ဆံရေး ဘ၀ရဲ့ အမြင့်ဆုံး တန်ဘိုး ဂုဏ်တွေ မဟုတ်ပါလား။ ဒီလိုအမြင့်ဆုံး လူမှုတန်ဘိုးတွေ ဂုဏ်တွေကို ရယူနိုင်ခဲ့တဲ့ မစ္စတာ ဘာဆူးကို ထောက်ချင့်ခြင်း အားဖြင့် တချိန်က ဦးညွန့်ရွှေ အထင်ကြီးခဲ့တဲ့ ကွန်မြူနစ်တွေရဲ့ နေထိုင်မှု စံစည်းကမ်း ဆိုတာ အခု ဦးညွန့်ရွှေ တွေးထင်နေသလို ကဲ့ရဲ့ ရှုတ်ချဖွယ် မဟုတ်၊ လေးစား ကြည်ညိုဖွယ်တွေ ရှိနေတယ် ဆိုတာကို လက်ခံ သင့်ပါတယ်။
ဘာသာမဲ့တွေကိုလည်း ကဲ့ရဲ့စရာလို့ ဦးညွန့်ရွှေ မြင်ပုံရတယ်။ ကမ္ဘာမှာ ကွန်မြူနစ်မဟုတ်တဲ့ ကိုးကွယ်ရာ ဘာသာမထား၊ မရှိတဲ့ ဘာသာမဲ့တွေ သန်းနဲ့ချီပြီး ရှိပါတယ်။ ခေတ်မီ သိပ္ပံနည်း ပညာတွေ တိုးတက်လာလေ တိုးပွားလေပါပဲ။ ဘာသာမဲ့( Non-Religion, Atheist, Free Thinker ) ဆိုတာကိုက ဘာသာတခု၊ ဘ၀နေထိုင်မှု ပုံစံတခုအနေနဲ့ တစထက်တစ လက်ခံ လာကြပါပြီ၊ အဲဒီပုဂ္ဂိုလ်များဟာ ပညာအခြေခံလည်း ကောင်းပြီး ကြွယ်ဝတဲ့ အသိတရားနဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရားတွေ အပေါ်မှာ သူတို့ရဲ့ ဘ၀ကို တည်ဆောက် ထားကြတယ်။ သဘာဝတရားကို ချစ်မြတ်နိုးတယ်၊ လူသားဖြစ်မှုကို တန်ဘိုး ထားတယ်၊ သက်ရှိသက်မဲ့တွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြု လေးစားတယ်၊ ဒီအချက်တွေ အပေါ် အခြေခံပြီး သူတို့ရဲ့ ဘ၀နေထိုင်မှု စံကို ထူထောင်ထားတယ်။ နှစ်ဆယ်ရာစုရဲ့ အတော်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်းတို့၊ တွေးခေါ်ရှင် ယန်းပေါဆတ်တို့၊ ဘာထရန်ရတ်ဆယ်တို့ဟာ ဘာသာမဲ့တွေဖြစ်တယ်။
အများထင်နေတဲ့ အနောက်တိုင်းရုပ်ရှင်တွေထဲက အရူးချီးပန်း ပရမ်းပတာ လူရမ်းကား တွေဟာ စံကျတဲ့ ဘာသာမဲ့တွေ မဟုတ်ပါဘူး။ အကြမ်းစား ဘာသာမဲ့ လို့ ပြောရင်တော့ ရလေ မလားမသိပါ။ အဲဒီပုဂ္ဂိုလ်များဟာ ဘုရားစကားနဲ့ ပြောရရင် စစ်အုပ်စုလို သံသရာ ၀န်လေးတဲ့ နိဗ္ဗာန်မှ အချည်းနှီးသော ဗာလာနံ လူမိုက်တွေပဲ ဖြစ်ပါတယ်။ စိတ်အား ကိုယ်အား သန်စွမ်းတဲ့ ဘ၀အစိတ်အပိုင်းမှာ တရားလက်လွတ် စိတ်ထင်တိုင်းကြဲ နေထိုင် ကျင့်ကြံတယ်၊ အစွမ်းအစ ခွန်အားတွေ ယုတ်လျော့ လာချိန်မှာ ကိုယ့်ရဲ့မကောင်းမှု အကုသိုလ် တွေကို သတိရ ကြောက်ရွံ့လာပြီး နီးစပ်ရာဘာသာတရားတွေမှာ ခိုလှုံလေ့ရှိကြပါတယ်။ သူတို့ကို ဘာသာမဲ့ လို့ ပြောလို့မရပါဘူး၊ ဘ၀ကို တိရိစ္ဆာန်များလို ကောင်းမှု( ကုသိုလ် ) မကောင်းမှု (အကုသိုလ်) မခွဲခြား စိတ်ကြိုက် ပျော်ပါးမှု သက်သက် ပရမ်းပတာ အသက်ရှင်နေထိုင်တဲ့ အန္ဓပုထုဇဉ်များ လို့ပဲ ပြောရမှာဖြစ်ပါတယ်။
တကယ်စံကျတဲ့ ဘာသာမဲ့ဆိုတာ ဘ၀လမ်းညွန် အတွေးအခေါ်ရှိတယ်။ ကိုယ်ပိုင်ဘ၀ နေထိုင်မှု စံ စည်းကမ်းတွေ ရှိတယ်။ တမလွန် အကျိုးကို မမျှော်ကိုးဘဲ ယုံကြည်ချက်အတွက် အရာရာကို စွန့်လွှတ်ဖို့ အဆင်သင့်ရှိတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို တိုက်ရိုက်ကြားနာခွင့် မရ သော်လည်း ဗုဒ္ဓ၀ါဒအနှစ်ချုပ် သူတော်ကောင်းတရားတွေကို သူ့နည်းသူ့ဟန်နဲ့ ဆင်ခြင် တွေ့ရှိ ပြီး ကျင့်ကြံ နေထိုင်နေကြသူ အများ လောကကြီးထဲမှာ ရှိနေတတ်ပါတယ်။ ဘုရားဟော ကျမ်းဂန်များမှာလည်း သာသနာပ ကာလမှာ ပေါ်ထွန်းခဲ့ကြတဲ့ ပစ္စေကဗုဒ္ဓတွေ အကြောင်း၊ သူတော်ကောင်းတရား ကျင့်ကြံသူတွေ အကြောင်း ပုံဝတ္ထုတွေ အများကြီးရှိ ပါတယ်။ ဂေါတမ မြတ်စွာဘုရားရှင်ကိုယ်တိုင်က သစ္စာလေးပါး အမြိုက်တရားကို ဆရာမကူဘဲ သယမ္ဘူဥာဏ်နဲ့ ထိုးထွင်းသိမြင် ရှာဖွေ တွေ့ရှိခဲ့တာပါ။ ဗုဒ္ဓ၀ါဒ အနှစ်သာရ သစ္စာလေးပါး တရားဆိုတာ ဗုဒ္ဓက ဖန်တီးခဲ့တာ ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး၊ ရှာဖွေ တွေ့ရှိခဲ့တာပါ။ သစ္စာလေးပါး အမြိုက်တရားဆိုတာ မူလကတည်းက ရှိနေပြီးသား ပရမတ်တရား ဖြစ်ပါတယ်။ ဒီအခြေခံကို နားလည်လက်ခံတယ်ဆိုရင် ဗုဒ္ဓထားခဲ့တဲ့ သာသနာရဲ့ အပြင်အပမှာလည်း သူတော်ကောင်း တရားတွေ (အပြည့်အစုံမဟုတ်သော်လည်း) ကို သိမြင် ကျင့်ကြံနေသူတွေ ရှိနေတယ်ဆိုတာ ကို လက်ခံယုံကြည်ဖို့ မခက်တော့ပါဘူး။ ရေဆိုတာ ရေပါပဲ၊ မြစ်ချောင်းကပဲရရ ရေတွင်း ရေကန်ကပဲရရ ရေရဲ့သဘာဝကတော့ အတူတူပါပဲ။
ဒီတော့ ကွန်မြူနစ်တွေ ဘာသာမဲ့တွေ အပါအ၀င် ကိုယ်မသိတဲ့၊ ကိုယ်နဲ့ အယူကွဲပြား တဲ့ သူတွေကို ဝေဘန်ချင်ရင် သူတို့ အကြောင်း သူတို့အယူကို အရင် သိအောင်လုပ်ပါ ပြီးမှ အဆိုးအကောင်းကို အတ္တစွဲ ကင်းကင်းနဲ့ ဝေဘန်ပါ၊ ချီးမွမ်းပါ၊ ကဲ့ရဲ့ပါ။ ဒီလိုမှ မဟုတ်ရင်တော့ အတိတ်ဘ၀က ပစ္စေကဗုဒ္ဓါကို(မသိဘဲ) မီရှို့သတ်မိခဲ့တဲ့ ဥတိန္နမင်းမိဘုရား သာမာဝတီနဲ့ အပေါင်းအပါတွေရဲ့ ကံကြမ္မာဆိုးမျိုးနဲ့ ကြုံရပါလိမ့်မယ်။ သိမှတ်ခြင်း၊ ဆင်ခြင်ခြင်း၊ တွေးခေါ် ခြင်း၊ ကောက်ချက် ဆွဲယူဆခြင်း၊ သဘောတရား ထုတ်နုတ်ခြင်းဆိုတာ သတ္တ၀ါအားလုံးထက် ထူးကဲတဲ့ လူသားရဲ့ ၀ိသေသအရည်အသွေးပါ။ ဒီလို မြင့်မားတဲ့ ကိစ္စတွေကို ဆွေးနွေးတင်ပြ နေတဲ့ ဦးညွန့်ရွှေဟာ ကိုယ်ဥာဏ်မမီလို့ ဒါမှမဟုတ် ကိုယ်သိတာနဲ့ မကိုက်လို့ တခြားကွဲပြားတဲ့ အမြင်တွေ ဘ၀စံတွေကို ကဲ့ရဲ့ရှုတ်ချစရာလို့ မြင်နေရင် " မြောက်ကျောင်းဘုန်းကြီးက ကကြီး ရေးကသတ်ရှိသေးတယ်" ဆိုတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်ပါတယ်။
ဖေါက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ဟာ သူတို့နဲ့ မပေါင်းတဲ့ နိုင်ငံရေးစကား ပြောတဲ့သူတွေကို ကွန်မြူနစ်လို့ တံဆိပ်ကပ်တယ်၊ ကိုယ်အခွင့်အရေး ပြောတဲ့ တိုင်းရင်းသားကို ခွဲထွက်ရေး သမား နယ်ချဲ့ အလိုတော်ရိလို့ သမုတ်တယ်။ လွတ်လပ်ရေးရပြီး ထဲက အုပ်စိုးသူ အဆက်ဆက်က ပြည်သူကို မှိုင်းတိုက်တဲ့ တံဆိပ်ကပ် အပုပ်ချ နိုင်ငံရေး ဖြစ်တယ်။ သူတို့ရဲ့ ဖေါက်ပြန်မှုတွေကို ဖုံးကွယ်ဖို့ ပြည်သူကို ကွန်မြူနစ်တစ္ဆေ ခွဲထွက်ရေး သရဲနဲ့ ခြောက်လှန်ခဲ့တယ်။ ပြည်သူအများက ဒီဖေါက်ပြန်ရေး သမားတွေရဲ့ တံဆိပ်ကပ် အပုတ်ချ နိုင်ငံရေးက မလွတ်မြောက်နိုင်သေးပဲ၊ ကွန်မြူနစ်တစ္ဆေ ခွဲထွက်ရေးသရဲကို ဘုမသိဘမသိ အခုထိ ကြောက်လှန့် နေဆဲပဲ။ ပြည်သူများအကြားက သွေးကွဲမှုရဲ့အရင်းခံ အကြောင်းတရားပဲ ဖြစ်ပါတယ်။ ဦးညွန့်ရွှေ ကိုယ်တိုင်လည်း ဒီအပုပ်ချ နိုင်ငံရေးက မလွတ်မြောက်နိုင်သေးဘူး လို့ ယူဆတာကြောင့် ဦးညွန့်ရွှေ စကားနဲ့ပြောရရင် လေနဲ့ ၀မ်းနဲ့ ကွဲသွားအောင် ဒီလောက် ရှည်ရှည်ပြောနေရတာပါ။
တကယ်တမ်း ကဲ့ရဲ့ရှုတ်ချရုံတင်မက ဆန့်ကျင်တိုက်ဖျက်ပစ်ရမှာက ကိုယ့်ကိုကိုယ် ဘုန်းရှင် ကံရှင်လို့ တလွဲထင်ပြီး ငါသာပဓာန၊ တိုင်းပြည်တွင်းက လောကသဘာဝ ဓနမှန်သမျှ ငါသာ လျှင်စံစားမယ်၊ အာခံသူမှန်သမျှ ရက်စက်ယုတ်မာ နည်းစုံစွာနဲ့ ချေမှုန်းတာဟာ တရား တယ်လို့ ယူဆနေတဲ့ လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေတဲ့ န၀တ/ နအဖလို အတ္တ၀ါဒီ၊ အဓမ္မ၀ါဒီ မိစ္ဆာတွေပဲဖြစ်တယ်။ အဲဒီမိစ္ဆာတွေကို မင်းလိုလိုက် မင်းကြိုက်ဆောင် နေတဲ့ ဒုဿီလ အလဇ္ဇီတွေပဲဖြစ်တယ်။
ဒီနေ့ တိုင်းပြည်နဲ့လူမျိုးပေါ်သာမက သာသနာနဲ့ ရဟန်းသံဃာတွေ အပေါ်မှာပါ သတ်ဖြတ်ခိုးဆိုး အဓမ္မ အမှုတွေကို ကျူးလွန် နေသူဟာ န၀တ/ နအဖ စစ်အုပ်သာ ဖြစ်ပါတယ်။ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ် လယ်ယာမြေတွေကို သတ်ဖြတ် လုယက်တယ်။ အာခံတယ် ထင်ရင် ရဟန်းသံဃာကအစ ဖမ်းဆီးသတ်ဖြတ် နှိပ်ကွပ်တယ်။ ရှေးဘုရားတွေကို ပြုပြင်သလို နဲ့ ဋ္ဌာပနာတိုက်ဖောက် လူထုကို အဓမ္မပြင်ခိုင်း ခြောက်လုံးပြူး ခါးထိုး ရေစက်ချတယ်။ တန်ခိုးကြီး ဘုရားမှန်သမျှက ဂေါပကတွေမှာ လက်ပါးစေတွေ သွင်းပြီး ဘုရားဘဏ္ဍာတွေကို ခိုးဝှက်နေတယ်။ ပရိယတ္တိစာမေးပွဲတွေမှာ ၀င်စွက်ဖက်တယ် ဖျက်ဆီးတယ်။ သံဃာ့အစည်း အရုံးထဲမှာ သူလျိုသွင်းပြီး ဖြိုခွဲတယ်။ ဒုဿီလတွေကို ချီးမြောက်ပြီး၊ သုသီလ ရဟန်းတွေကို ချိုးနှိမ်တယ်။ ဒီလို ဒုစရိုက်တွေကို ကျူးလွန်နေတာ ကွန်မြူနစ်တွေ ဘာသာမဲ့တွေ ဘာသာခြားတွေ မဟုတ်ပါဘူး၊ န၀တ/ နအဖ စစ်အုပ်စုသာ ဖြစ်တယ်။ သာသနာကိုဖျက်ဆီး နေတဲ့ မိစ္ဆာဟာ ဗိုလ်သန်းရွှေနဲ့ အပေါင်းပါ များသာဖြစ်တယ်။
တကယ်တော့ အဆက်ဆက်သော ဗမာစစ်အုပ်စုခေါင်းဆောင်များဟာ ဗုဒ္ဓဘာသာကို အရေခြုံပြီး ဗမာ လူ့ဘောင် လောကကြီးကို အရုပ်ဆိုး အကြည်းတန်အောင် ဖျက်ဆီးနေတဲ့ အဓမ္မ၀ါဒီ မိစ္ဆာတွေဖြစ်တယ်။ သာသနာဖျက်တွေ ဖြစ်တယ်။
သို့သော်လည်း သူတို့ဟာ မီရိုးဖလာဗုဒ္ဓဘာသာမိဘများက ပေါက်ဖွားခဲ့တော့ ဗုဒ္ဓရဲ့ အဆုံးအမကို တစုံတရာ သိမှတ် ယဉ်ပါးကြတယ်။ သူတို့ရဲ့ အဓမ္မလုပ်ရပ်တွေကို ဒုစရိုက်အဖြစ် သိမြင်ပြီး သူတို့အတွင်းစိတ် (လိပ်ပြာ)က ခြောက်လှန့်တယ်။ ဒီတော့ သူတို့အတွက် စိတ်သက်သာရာ ရဖို့ စိတ်ဖြေဖို့ ဦးအံ့မောင်လို ဘုန်းကြီးလူထွက် သာသနာဖျက်တွေ၊ သားသုံးသားနဲ့ သတ်ဖြတ်ကွပ်ညှပ် သြ၀ါဒပေးခဲ့တဲ့ စာသာသိ၊ တရားမရှိတဲ့ ကြက်ခတ်ဝိုင်း ဘုန်းကြီးလို ပုဂ္ဂိုလ်တွေကို အားထားရပါတယ်။ မင်းပါးစိုးကပ် အတ္တ၀ါဒီ အလဇ္ဇီများကလည်း မိစ္ဆာတွေရဲ့ ဒုစရိုက်မှုတွေကို ကျမ်းကိုးကျမ်းခံတွေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင် ထောက်ခံ ပေးကြတယ်။ ဦးညွန့်ရွှေ ယူကောက်တဲ့ လူသတ်သမား နိဗ္ဗာန်ရောက်တယ်ဆိုတာ အဲဒီအလဇ္ဇီ တွေက မိစ္ဆာတွေကိုပေးတဲ့ တရားအယူအကောက်နဲ့ တထပ်တည်းတူပါတယ်။ သတိထားပါ အယူအကောက်မှားရင် အပယ်လားတတ်ပါတယ်။
ဦးညွန့်ရွှေပြောတဲ့ လူသတ်သမား အရက်သမားနဲ့ ကာမဂုဏ်သမားတွေလည်း အမြင် မှန်ရလို့ တရားကျင့်ရင် နိဗ္ဗာန် ရောက်နိုင်တယ် ဆိုတာ မှန်သယောင်နဲ့ တက်တက်စင်လွဲပါ တယ်၊ မှားပါတယ်။ ဦးညွန့်ရွှေရဲ့ စကားထဲမှာကိုဘဲ " အမြင်မှန်ရပြီး အကျင့်မှန်ရင်" ဆိုတဲ့ စကား ကတ္တားခြား ထားတာကို သတိမူပါ။ လူသတ်သမား နိဗ္ဗာန် မရောက်နိုင်ပါဘူး။ လူသတ် သမား အဖြစ်ကနေ ပြောင်းလဲသွားတဲ့ အမြင်မှန်ရသူ အကျင့်မှန်သူသာ နိဗ္ဗာန်ရောက်နိုင် ပါတယ်။ အမြင်မှန်ရသူ အကျင့်မှန်သူဟာ လူသတ်သမား မဟုတ်တော့ပါဘူး။ လူသတ်သမား ဆိုတာ သူ့ရဲ့ အတိတ်ဖြစ်ပါတယ်။ သူတော်စင်တိုင်းမှာ အတိတ်ရှိသလို ဒုစရိုက်ရာဇ၀တ်သား တွေမှာလည်း အနာဂါတ်ရှိတယ် (Every Saint has past, Every criminal has future) ဆို တဲ့ စကားလိုပေါ့။ သို့သော် အဲဒီသူတော်စင်၊ အမြင်မှန်ရလို့ အကျင့်မှန်သူဟာ သူ့ရဲ့အတိတ်နဲ့ ကင်းလွတ်ခွင့်ရှိသလား၊ မရှိပါဘူး။ သူ့ရဲ့အတိတ်က ကောင်းမှု မကောင်းမှုအလိုက် စံစား ခံစား ရပါတယ်။ ၀ဋ်ကြွေးကြမ္မာကို ဘုရား ရဟန္တာများသော်မှ မရှောင်လွဲနိုင်ဘူးလို့ ကျွန်တော်တို့ ဆရာများ က မပြတ်သွန်သင်တာခံခဲ့ ရပါတယ်။ မဟာ ပရိနိဗ္ဗာန သုတ်မှာ အတိတ်ကံကြွေး ကြောင့် မြတ်စွာဘုရားရှင်ကိုယ်တိုင် ပရိနိဗ္ဗာန် စံဝင်ခါနီးမှာ ရေကြည်တော်သောက်ခွင့် မရခဲ့ ဘူးလို့ ဆိုပါတယ်။
ဗုဒ္ဓသာသနာ ဗုဒ္ဓ၀ါဒဟာ ခိုလှုံကိုးကွယ်ရာသက်သက် ဘာသာမဟုတ်၊ ကျင့်ကြံပွားများရာ လမ်းစဉ်လို့ အထက် တနေရာမှာ ပြောခဲ့ပြီးပါပြီ၊ လူပိန်းပြောနဲ့ ဥပမာဆောင် ရရင် ရလာတဲ့ ကိုယ့်ဘ၀ ကိုယ့်အစွမ်းအစကို အဟုတ်ကြီးထင်ပြီး ကျားဆိုးကြီးတွေကို သွားစ သွားကစား ကျားဆိုးကြီး ၏တွေ နိုးလာမှ ကြောက်လန့်တကြား ပြေးဝင်ခိုလှုံစရာ ရဲတိုက် (ကိုးကွယ်ရာ ဘာသာ) မဟုတ်ပါဘူး။ ဗုဒ္ဓတရား ဗုဒ္ဓ၀ါဒဟာ လောဘ၊ ဒေါသ၊ မောဟ မာန်မာန ဆိုတဲ့ ကျားဆိုးကြီးတွေရဲ့ လက္ခဏာက ဘယ်လိုရှိတယ်၊ ဘယ်လိုနေရာမျိုးမှာ ရှိတတ်တယ်၊ ဘယ်လိုရှောင်ကွင်းပြီးတော့ လိုရာခရီး (နိဗ္ဗာန်)ကို ဘယ်လို သွားရတယ်ဆိုတာ လမ်းညွန် ဟောကြားထားတဲ့ လမ်းညွန်တရားဖြစ်ပါတယ်။ ဘယ်သူမဆို ဗုဒ္ဓဘုရားရှင်ရဲ့ သွန်သင်ချက် တွေကို မျက်ကွယ်ပြုပြီး ထင်ရာကြဲကျင့်ကြံ၊ ဒီ ကျားဆိုးကြီးတွေကို သွားစ သွားကစားလို့ သူတို့ရဲ့ အကိုက် ခံရရင်တော့ ဒုစရိုက်ဆယ်ပါး အကုသိုလ် ဒဏ်ရာ အနာများနဲ့ ဘ၀ဆုံးပါး အပါယ် လားရတော့တာပါပဲ။ ဗုဒ္ဓ၀ါဒဟာ အရပ်စကားနဲ့ ပြောရရင် လောကဓံမှာ ကိုယ်ဖြစ် ကိုယ်ခံပါပဲ။ ကိုယ်လုပ်ရင် ကိုယ်ခံရမှာ မလွဲပါဘူး။ ဒီတော့ ဦးညွန့်ရွှေရဲ့ လူသတ်သမား နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘုရားဝါဒ နဲ့ လုံးဝ ဆန့်ကျင်တဲ့ သံသရာဝန်လေးကြောင်း လူသတ် အားပေးမိစ္ဆာ အယူဝါဒ သာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး ဓမ္မပဒ၀တ္ထုတော် ယမက၀ဂ် စက္ခုပါလမထေရ် ၀တ္ထုမှာ မြတ်စွာဘုရားရှင်က..
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနုဿာစေ ပဒုဋ္ဌေန၊ ဘာသတိဝါ ကရောတိဝါ။
တတောနံ ဒုက္ခမနွေတိ၊ စက္ကံ ၀ဟတော ပဒံ။ လို့ ဟောခဲ့ပါတယ်။
အဓိပ္ပါယ်က လောကဖြစ်စဉ်တရားတို့တွင် စိတ်သာလျှင် ပြဋ္ဌာန်းခြင်းရှိကုန်၏။ စိတ် သာလျှင် ရှေ့ဆောင် အကြီးအမှုး ဖြစ်၏၊ စိတ်ဖြင့်သာ ပြီးကုန်၏။ ဖျက်ဆီးလိုသော စိတ်ဖြင့် ပြောဆိုခြင်း၊ ပြုမူခြင်း၊ ရှိသည်ဖြစ်အံ့။ ထိုသို့သောပြောဆို ပြုမူခြင်း၏ မကောင်းမှုသည် ထမ်းပိုး ထမ်းသော နွား၏ ခြေရာခွက်နောက်သို့ လှည်းဘီးသည် ထပ်ကြပ်မကွာ လိုက်သည့် နည်းတူ ဒုက္ခဆင်းရဲသည် ထိုမကောင်းမှု၏ နောက်သို့ အစဉ်သဖြင့်လိုက်၏။ အလားတူပဲ ကောင်းမှု ကုသိုလ်နဲ့ ပတ်သက်လို့ မဋ္ဌကုဏ္ဍရီ ၀တ္ထုမှာ..
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာစေ ပသန္နေန၊ ဘာသတိဝါ ကရောတိဝါ။
တတောနံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။
အဓိပ္ပါယ်က တရားဓမ္မက္ခန္ဓာအပေါင်းတို့တွင် စိတ်သာလျှင် ပြဋ္ဌာန်းခြင်းရှိကုန်၏၊ စိတ်သာလျှင် အကြီးအမှုး ရှိကုန်၏၊ စိတ်ဖြင့်သာ ပြီးကုန်၏။ သဒ္ဓါ၊ စေတနာစိတ်ဖြင့် ပြောဆိုခြင်း ပြုမူခြင်းရှိ သော ထိုကောင်းမှုသည်၊ အရိပ်သည် ကိုယ့်နဲ့မကွာ လိုက်ပါသကဲ့သို့ သုခချမ်းသာသည် ထိုကောင်းမှုနှင့် အစဉ်သဖြင့်လိုက်၏။
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ။ ကိုယ့်ရဲ့ အကုသိုလ်တရားများမှ ပြေငြိမ်းလွတ် မြောက်ရာ မရှိဆိုတာ ထင်ရှားလောက်ပါပြီ။ ဒီတော့ လူသတ်သမား နိဗ္ဗာန်မသွားနိုင်၊ သွားနိုင်တယ် ဆိုတဲ့ တရား မှားတယ်ဆို ထင်ရှားပါတယ်။
(နောက်တပိုင်းမှာ ရဟန်းသံဃာတွေ နိုင်ငံရေး လုပ်သင့် မလုပ်သင့် ဆက်လက် ဆွေးနွေးပါမယ်)
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
နေ့စဉ်သတင်းများ ( ၁၄ - ၂ - ၁၀ )
■ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး မျှော်လင့် သတင်း
■ ဦးတင်ဦး လွတ်မြောက်မှု ကုလသမဂ္ဂကြိုဆို သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဦးတင်ဦး တိုက်တွန်း သတင်း
■ သက်ကြီးခေါင်းဆောင်များထံ ဦးတင်ဦး သွားရောက် ဂါရဝပြု သတင်း
■ ၀န်ကြီးချုပ်ဟောင်း ဦးနုကွယ်လွန်ခြင်း (၁၅) နှစ်ပြည့် သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနားများ သတင်း
■ လှိုင်သာယာစက်မှုဇုန် လုံခြုံရေး ရုပ်သိမ်း သတင်း
■ ကလေးစစ်သားနဲ့ လုပ်အားပေး ပညာပေးစာပေ အိုင်အယ်လ်အို ထုတ်ဝေမည် သတင်း
■ ရခိုင်ပြည်တိုက်ပွဲ စစ်အစိုးရဘက်က တဦးသေ သတင်း
■ ဆစ်ဒနီမှာ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ သတင်း
■ နျူကလီးယား လုပ်နေသမျှ အီရန်ကို အမေရိကန် ဆက်ဆံမည်မဟုတ် သတင်း
■ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို ထိုးစစ်ဆင်တိုက်ခိုက် သတင်း
ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု ဦးတင်ဦးပြောကြား
NEJ / ၁၄ ဖေဖော်ဝါရီ၂၀၁၀
ဖေဖော်ဝါရီ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ည (၁၀) ခန့်တွင် သွားရောက်တွေ့ဆုံ စကားပြောဆိုခဲ့သည့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းကာ ဦးဝင်းတင်၏ ပြန်လည် ပြောကြားချက်များကို တင်ပြထားပါသည်။
ပထမဆုံး ကျနော်ပြောချင်တာကတော့ သူ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ်တဲ့။ သူ့မှာ မျက်စိထဲကနေ သွေးယိုတာ ပေါ့ဗျာ။ အဲဒါ ရှိတာက အပ သူ့ကျန်းမာရေး ကောင်းပါတယ်တဲ့။ ကျနော်လည်း ၀မ်းသာ ရတာပေါ့ဗျာ။
နောက်တခုက သူပြင်ပနိုင်ငံရေးတွေနဲ့ ပတ်သက်ပြီး in touch ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ စလောင်းတို့ ဘာတို့ ရှိနေတဲ့ အခါကျတော့ ပြည်သူလူထုက လွှင့်တဲ့ ဟာတွေရော၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့ ဘာတို့က လွှင့်တာတွေရော မပြတ် နားထောင်နေပြီးတော့ ပြည်ပ နိုင်ငံရေးကို သိရှိနေပါတယ်တဲ့။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရပ်တည်ချက် တွေကိုလည်း သူကောင်းကောင်း သဘောပေါက်တယ်လို့ ပြောသွားပါတယ်။ ဦးတင်ဦးဟာ နိုင်ငံရေးနဲ့ မပြတ်မလပ် မကင်းမကွာ ရှိနေတယ် ဆိုတာ သိရပါတယ်။
နောက်တခုက သူ ဒီပဲယင်းကိစ္စကို တော်တော်များများ ပြောပါတယ်။ ဒီပဲယင်းမှာ သူပုန် သတ်ဖြတ်မှုကြီးကို ကျော်လွှားတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ နှစ်ယောက် ရှိတာကိုး။ သူ့ရဲ့ သုံးသပ်ချက်က ဘာလဲဆိုတော့ ဒီ ဒီပဲယင်းဖြစ်ရပ်ဟာ အမှန်တော့ နိုင်ငံရေး လှုပ်ကြံမှုပဲတဲ့။ ဘာလို့လဲဆိုတော့ သူတို့ ရန်ကုန်၊ မန္တလေး၊ မုံရွာတို့ကို ကျော်ဖြတ်လိုက်တဲ့ အခါကျတော့ ဘာသွားတွေ့သလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ စာတမ်းတွေ၊ နယ်ချဲ့ လက်ကိုင်တုတ်တို့ ပုဆိန်ရိုးတို့ ဆိုတဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေ၊ စာတမ်းတွေ ကိုင်ဆောင်ပြီးတော့ ကြံ့ဖွံ့တွေက ကန့်ကွက် ကြတယ်ပေါ့။ ကန့်ကွက် ပေမယ့်လို့ ဒီမြို့ သုံးမြို့ကို ကျော်ဖြတ်လိုက်တဲ့ အခါကျတော့ သူဘာသွား သတိထားမိလည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရတိုင်း အဲဒီအဖွဲ့အစည်းရဲ့ နောက်မှာ တယောက်မှ မရှိလောက်အောင် ဒေါ်အောင်ဆန်းစုကြည်ဘက် ပါလာတယ်တဲ့၊ နောက်တခါ အဖွဲ့ထဲက အဖွဲ့ဝင်များ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် နောက်ကို လိုက်လာတယ်။ လူငယ်တွေ ကျောင်းသားတွေ ဆိုတာကို သူတို့ အကြောင်းအမျိုးမျိုးနဲ့ စည်းရုံးပြီး ခိုင်းစေထားသော် ငြားလည်း အဲဒီ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ထဲမှာ ပါနေတဲ့ လူငယ်တွေကိုက လိုက်လာကြတယ် ဆိုတာ သူတွေ့တယ်ပေါ့၊ ဒါက သူရဲ့ သုံးသပ်ချက်ပေါ့။
အဲဒီအချိန်ကစပြီး ကြံ့ဖွံ့ဆိုတဲ့ စစ်အစိုးရက ခိုင်းစေထားတဲ့ လက်ကိုင်တုတ်များ ဖြစ်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံရေး အရောင်ပြများ၊ လူမှုရေး အရောင်ပြ အဖွဲ့အစည်းရဲ့ အင်အားတွေဟာ အကုန်လုံး ပြိုဆင်းသွားတယ်လို့ သူက သတ်မှတ်ပါတယ်။ ဒါက အရေးကြီးတဲ့ သုံးသပ်ချက်လို့ ကျနော် သဘောထားတယ်။
ဒီလို ပြိုဆင်းသွားတာကို သူတို့မြင်သွားတဲ့ အခါမှာ ဒီပဲယင်းလို နေရာမျိုး ညဖြတ်ရမယ့် နေရာမျိုးမှာ နိုင်ငံရေး လုပ်ကြံမှု၊ အကြမ်းဖက်မှုကို လုပ်တော့မယ်လို့ ဆုံးဖြတ်တယ်လို့ သူ ထင်မြင် ယူဆတယ်ပေါ့။ ဒါကတခုပေါ့၊ ဒီပဲယင်းရဲ့ အကြောင်းရင်းခံပေါ့။
နောက်တချက်က ဒီပဲယင်းမှာ အကုန်လုံး ၀ိုင်းရိုက်ကြတယ်။ လမ်းတလျှောက်လုံး ကြားလာခဲ့ရတဲ့ ကြွေးကြော်သံတွေကိုပဲ မှောင်ထဲမည်းထဲမှာ ကြားရတယ်။ ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကိုလည်း ရိုက်တယ်။ သူ့ကားကိုလည်း ရိုက်တယ်။ အဲဒီအခါမှာ သူ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတယ်။ လွတ်ရာကျွတ်ရာကို သွားပါလို့ ဆိုတာကို မသွားဘူးလို့ ပြောတယ်တဲ့။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီး အရိုက်ခံရတယ်။ အဲဒီ အချိန်အခါမျိုးမှာ ကျမ ထွက်မသွားနိုင်ဘူး ဆိုပြီး အကြိမ်ကြိမ်ငြင်းတယ်။ အဲလို ငြင်းနေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကားဘေးမှာ မတ်တတ်ရပ်နေတဲ့ လူငယ်တွေလည်း အရိုက်ခံရတယ်။ အကုန်လုံး ၀ရုန်းသုံးကား ဖြစ်သွားတဲ့ အခါကျတော့ အဲဒီမှာ သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကား မောင်းတဲ့ ကလေးတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်လိုက် တာပဲတဲ့။ အတင်းဖြစ်တဲ့နည်းနဲ့ ဖြတ်သန်း မောင်းသွားရတယ်ပေါ့။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသတ္တိ၊ ဓမ္မ သတ္တိကိုလည်း သူချီးမွမ်းတယ်တဲ့။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဓမ္မ ဘက်မှာ ရပ်တည်နေတဲ့ စိတ်ဓာတ် ကြောင့်လည်း ကျော်ဖြတ်နိုင်တာ ဖြစ်တယ်လို့လည်း သူသုံးသပ်ပါတယ်။
နောက်သူကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်သွားပြီ ဆိုတဲ့အခါကျမှ သူ့ကားလည်း မောင်းသွားရတယ်။ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်သူတွေနဲ့ သူကိုယ်တိုင် ရင်ဆိုင်ခဲ့ရတယ်။
အဓိက အရေးကြီးဆုံးကတော့ ဒီပဲယင်းကို သူက (၁) ကြံ့ဖွံ့လို ဟာမျိုးတွေ ဆိုးဝါးတဲ့ဟာ၊ (၂) ကတော့ ဒါဟာ နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ ကာယကံရှင် ကိုယ်တိုင် ပါးစပ်က ပြောတာ ကြားရပါတယ်။
နောက်တခုက ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပတ်သက်လို့ ပါတီရဲ့ မူဝါဒဖြစ်တယ်၊ ပါတီရဲ့ တောင်းဆိုချက်တွေ ဖြစ်တယ်လို့ သူသတ်မှတ်တယ်။ ဒါကို တစုံတရာ အကြောင်းပြန်ခြင်း မရှိသရွေ့ကာလပတ်လုံး ဒီမူပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည် သွားမယ်လို့ ပြောပါတယ်။
နောက်တခု အရေးကြီးတဲ့တချက်က လူငယ်တွေနဲ့ပတ်သက်ပြီး သူ့စကားထဲမှာ ပါလာတဲ့ ကိစ္စက ကျနော် အမှန်အတိုင်း ပြောရမယ်ဆိုရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ဆိုတဲ့ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေတာ မကြိုက်ဘူးတဲ့။ အမြန်ဆုံး သူတို့ လွတ်မြောက်ရေးကိုလည်း ကျနော်တို့ ဖော်ထုတ် ဆောင်ရွက်ပေးရမှာ ပဲတဲ့။ ဘာလို့လည်းဆိုတော့ လူငယ်တွေဟာ ရှစ်လေးလုံးကာလ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျနော် အသိအမှတ် ပြုတယ်တဲ့။ သူကိုယ်တိုင်က အငြိမ်းစားယူပြီး အိမ်မှာ ထိုင်နေတဲ့အချိန်၊ အဲဒီအချိန်မှာ ကျောင်းသားလူငယ် လှုပ်ရှားမှုတွေ၊ လူထုကြီးက နေပြီးတော့ သူ့ကို ချဉ်းကပ်လာပြီးတော့ သူ့ကို နိုင်ငံရေးလောကထဲ ပြန်ခေါ်သွားတယ်၊ နိုင်ငံရေး စင်မြင့်ပေါ် ပြန်တင်ပေးတယ် ဆိုတဲ့ အနေအထား ရှိတယ်တဲ့။ ဆိုတော့ ဒီလူငယ်တွေရဲ့ ကြိုးပမ်းမှုတွေ လူငယ်တွေရဲ့ အားထုတ်မှုတွေ၊ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို ကျနော်တို့ အသိအမှတ် ပြုရမှာပဲတဲ့။ သူတို့ ခံစားနေရတဲ့ ဒုက္ခ သုက္ခတွေကိုလည်း အမြန်ဆုံး ပြေငြိမ်းအောင် လုပ်ရမှာပဲလို့ သူက ပြောပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျနော်ကလည်း သူ့ကို ပြောပါတယ်။ ဥက္ကဋ္ဌကြီး ကျနော်လည်း ဒီအတိုင်းပဲ သဘောထားပါတယ်။ ကျနော့်ကိုယ် ကျနော်လည်း အရေးတော်ပုံ တပ်သားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခံယူပြီးတော့ လုပ်နေပါတယ်။ အရေးတော်ပုံကို ကျနော် တန်ဖိုးထားတဲ့ အတွက် ဒေါ်စုနဲ့ကျနော် ပြောဖူးတဲ့ စကားရှိပါတယ်။ အဲဒါဘာလဲဆိုရင် ကျနော်တို့ ပါတီဟာ အရေးတော်ပုံ ကနေ ပေါက်ဖွားလာတဲ့ ပါတီ ဖြစ်တယ်။ ဒေါ်စုကိုယ်တိုင်၊ ဦးတင်ဦး ကိုယ်တိုင်၊ ကျနော်တို့ ကိုယ်တိုင်ဟာ အရေးတော်ပုံကြီး ကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင် မျိုးဆက်များ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့များ ရွေးကောက်ပွဲတွေ ဘာတွေများ ၀င်ကြမယ်။ နောက်တခါ လူထုက တင်မြှောက်တဲ့ အတွက် အစိုးရ အဖွဲ့လိုမျိုး ဖြစ်မယ်ဆိုရင် ကျနော်တို့ စဉ်းစားရမှာ (၃) မျိုးရှိပါတယ်။ ပထမက ဘာလဲဆိုရင် ကျနော်တို့ အဖွဲ့ချုပ်ရဲ့ အာဏာပိုင် အဖွဲ့ဖြစ်တဲ့ စီအီးစီ အဖွဲ့လိုမျိုး သို့မဟုတ် စီစီ အဖွဲ့လိုဟာမျိုးဟာ ကျနော်တို့ အရေးတော်ပုံမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များနဲ့ အခြေခံပြီးတော့ ဖွဲ့ရလိမ့်မယ်။ အကယ်၍ အရေးတော်ပုံမှာ ရှေ့တန်းကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တာမဟုတ်တောင်မှ တစုံတရာပါဝင်မှု ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းရမယ်။ အနည်းဆုံး ဒီအရေးတော်ပုံ ထောက်ခံတဲ့သူတွေ ဒီအရေးတော်ပုံရဲ့ ရည်မှန်းချက်များကို လက်ခံတဲ့သူတွေနဲ့ ကျနော်တို့ ဖွဲ့စည်းရမယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့လို ဟာမျိုးက အရေးတော်ပုံ တပ်သားတွေနဲ့သာ ဖွဲ့စည်းရမယ်။ အရေးတော်ပုံမှာ ပါဝင် ဆောင်ရွက်ခဲ့တဲ့ သူတွေနဲ့သာ ဖွဲ့စည်းရမယ်၊ အရေးတော်ပုံ ရည်မှန်းချက်များကို လက်ခံတဲ့ သူများနဲ့သာ ဖွဲ့စည်းရမယ်။
ဒုတိယ အချက်ကတော့ လွှတ်တော်လိုဟာမျိုး၊ ရွေးကောက်ပွဲလို ဟာမျိုး လုပ်တဲ့ အခါမှာလည်း ဘာပဲပြောပြော အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ သူတွေ၊ ဦးဆောင် လှုပ်ရှားခဲ့တဲ့ သူတွေနဲ့သာ ကျနော်တို့ ကျင်းပဖို့လိုမယ်။ နောက်တချက်ကတော့ ကျနော်တို့ အာဏာတို့ ဘာတို့ ရခဲ့သော် သို့မဟုတ် ပြည်သူက လွှဲအပ်လို့ ကျနော်တို့ အစိုးရ အဖွဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ရမယ် ဆိုရင်လည်း အဲဒီ အစိုးရလိုဟာမျိုးဟာ အရေးတော်ပုံ ကက်ဘိနက်ပဲ ဖြစ်ရလိမ့်မယ်လို့ ကျနော် ဆွေးနွေးခဲ့ဖူးတဲ့ အကြောင်း သူ့ကိုလည်း ပြောပြပါတယ်။
နောက်ဆုံးအချက်အနေနဲ့ သူပြောတဲ့ဟာကတော့ သူရဲ့ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သဘောထားပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်ကို ခိုပြီးတော့ နိုင်ငံရေး လုပ်နေတာပဲ ဆိုတဲ့စကားကို၊ ဒါလည်း သူအလွန် နှိမ့်နှိမ့်ချချနဲ့ ပြောတာ တခုဖြစ်တယ်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လုံးဝဥဿုံ ခံယူတယ် ဆိုတဲ့ဟာကို ကမ္ဘာသိကို ကြေညာလိုက်တာပဲ။ ဒါက သူဘီဘီစီမှာ ပြောတဲ့စကားလည်း ပါတာကိုး။ ဒါကြောင့် ကျနော်က ဥက္ကဋ္ဌရဲ့ ပြောဆို ချက်တွေဟာ နိုင်ငံရေး ရိုးသားမှုရှိတယ်၊ နိုင်ငံရေး အမြော်အမြင်ရှိတယ်၊ ခေါင်းဆောင် တင်ရမယ့်လူကို ခေါင်းဆောင် တင်ရမှာပဲဆိုတဲ့၊ ခေါင်းဆောင် သွားတဲ့နောက်ကို လိုက်ရမှာပဲ ဆိုတာကို ထွန်းလင်းပြတဲ့ သဘောဆောင်တယ်လို့ ကျနော် ယူဆပါတယ်။
ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ရထားတာဟာ ဗုဒ္ဓဘာသာ စကားနဲ့ပြောရင် ဗုဒ္ဓဘာသာ ဒေသနာ ကျမ်းတွေမှာ သုံးလေ့ သုံးထရှိတဲ့ စကားနဲ့ ပြောရင် အတော်ကို အရ တော်တယ်လို့ ငါတို့ဘ၀မှာ အရတော်လေစွ လို့ပဲ ပြောရမှာပဲလို့ ကျနော် ပြောခဲ့ပါတယ်။
Ref: ခေတ်ပြိုင်
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88