Friday, August 24, 2012

အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ခ်ျတွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ

August 23, 2012
ထွန်းထွန်း

ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဉ်တိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သြဂတ်စ်လ ၂၀ နေ့က ပီးဆုံးခဲ့သော တစ်လကြာ ရာမန်ဒန် ဥပုသ်လ ပြီးဆုံး ပြီးနောက် မူဆလင် ဘာသာဝင် တို့၏ ထုံးတန်း စဉ်လာအရ တရွာနှင့်တရွာ တမြို့နှင့်တမြို့ အလည်အပတ် သွားကြရာတွင် ၅ ရက်အတွင်း ယာဉ်မတော်တဆ တိုက်မူကြောင့် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မတော်တဆမူများမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအတွင်း မြို့နယ် ၁၃ ခုတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဘတ်စကား တိမ်းမှောက်၍ သေဆုံးသူများရှိသလို ကားများ တစ်စီးနှင့် တစ်စီး ခေါင်းချင်းဆိုင် တိုက်ရာမှ သေဆုံးမူများလည်း ရှိကြောင်း၊ ဆိုင်ကယ်နှင့်ကားတိုက်ရာမှလည်း သေဆုံးခဲ့သူများ ရှိကြောင်း ဘင်္ဂလာဒေခ်ျ့ ထုတ် သတင်းစာများက ဆိုသည်။

သန်းနှင့် ချီသော ဘင်္ဂလာဒေခ်ျ့ ပြည်သူများမှာ ရမန်ဒန် ကာလ အပြီး အိဒ် ပွဲတော်အတွင်း ပါဝင် ဆင်နွဲနေကြပြီး ဒက္ကားမြို့ တော်တွင်လည်း နယ်မှ အလုပ်လာလုပ်သူများ မိမိနေရပ်သို့ ပြန်သွားကြသဖြင့် ကားအသွား အလာ ရှင်းကာ တိတ်ဆိတ်ငြိမ် သက်နေကြောင်း သိရသည်။

အစိုးရရုံးများကို ယမန်နေ့ကတည်းက ပြန်လည် ဖွင့်လှစ်ခဲ့သော အများစု ၀န်ထမ်းများမှာ အိဒ်ပွဲတော်တွင် ပါဝင် ဆင်နွဲနေကြ သဖြင့် ရုံးများမှာ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Ref: နိရဉ္စရာ

Read More...

ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် မဇ္ဈိမ သတင်း အမှန်ပြင်ရေး

August 23, 2012


သြဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ် သက်ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အင်္ဂလိပ်ပိုင်း ၀က်ဆိုက်စ် စာမျက်နာတွင် Anti Rohingya demonstration Held in Rangoon (ရိုဟင်ဂျာများကို ဆန့်ကျင် ဆန္ဒပြ) ဟု ခေါင်းစည်းတွင် အစပိုင်းတွင် ရေးသား ဖေါ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် Arakanese demonstrate against UN, INGOs ရခိုင်အမျိုးသားများက ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြ ဟု ရေးသား ဖေါ်ပြခဲ့သည်။

စာသားတွင်လည်း ရခိုင် ၅၀ ခန့်က ရိုဟင်ဂျာများကို ယူအန်နှင့် အိုင်အန်ဂျီအိုများက အကူအညီ ပေးနေမူများကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုခဲ့သည် အစား ရခိုင်အမျိုးသား ၁၀၀ ခန့်က ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ယူအန်နှင့် အိုင်အန်ဂျီအိုများ ဆန္ဒပြတောင်းဆိုဟု ပြန်လည် ပြင်ဆင် ရေးသားခဲ့သည်။

ယခုကဲ့သို့ ပြင်ဆင်ရေးသားပေးမူနှင့် ပတ်သက်ပြီး ဦးဆောင်လူပ်ရှားသူ ကိုစည်သူ၏ သဘောထားကို သိရှိနိုင်ရန် အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ယနေ့ နိရဉ္စရာမှ လက်ခံ ရရှိသော စာတစ်စောင်တွင် သံဃာတပ်ပေါင်းစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ အဆိုပါ အမှားများ ရေးသား ဖေါ်ပြမူနှင့် ပတ်သက်ပြီး မဇ္ဈိမ တာဝန်ရှိသူများ အနေဖြင့် တောင်းပန်ရန်နှင့် မတောင်းပန်ပါက သံဃာတော်များ၏ သပိတ်မှောက်မူကို ခံရလိမ့်မည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

၎င်းပြင် စာထဲတွင် သတင်းဌာနများ အနေဖြင့် ရိုဟင်ဂျာအသုံး အနုန်းကို မသုံးဖိုအတွက် ပန်ကြား အပ်ကြောင်းနှင့် နိုင်ငံတော် သမ္မတ သုံးခဲ့သည့် အသုံးအနူန်း ဘင်္ဂလီများဟုသာ သုံး သင့်ကြောင်း ဖေါ်ပြထားသည်။

Ref: နိရဉ္စရာ

Read More...

ဒုက္ခသည်ကာကွယ်ရေး ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း

23.08.2012

နိုင်ငံတကာက ထောက်ပံ့ကူညီရေးအဖွဲ့တွေအပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်ကန့်သတ်မှုတွေ လုပ်နေတာဟာ မြန်မာနိုင်ငံ ဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေခံလိုအပ်မှု အခြေ အနေတွေ ပိုဆိုးစေတယ်လို့ လူ့အခွင့်အရေးလေ့လာ မှတ်တမ်း တင်နေတဲ့ Human Rights Watch အဖွဲ့က ပြောလိုက်ပါတယ်။

နယ်စပ်ကနေ ရိုဟင်ဂျာတွေ ထပ်မံဝင်ရောက်လာဖို့ အားပေးရာရောက်တဲ့အတွက် ကူညီထောက် ပံ့မှုတွေ ပေးနေတဲ့ ပရဟိတ အဖွဲ့ သုံးခုကို အကူအညီပေးတာရပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

Read More...

ဖွဲ့စည်းပုံခုံရုံး ကြေညာချက်ကိစ္စ လွှတ်တော်မှာဆွေးနွေး

ကိုဇော်ဝင်းလှိုင်
23.08.2012

လွှတ်တော်ကော်မရှင်တွေနဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ် ချက်ဟာ တည်ဆဲ ဥပဒေတွေကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ကြောင်း အခြေခံဥပဒေခုံရုံးက ပြန်လည်ကြေညာပေးရေးအဆိုကို ပြည် ထောင် စုလွှတ်တော်မှာ ဆွေးနွေးဖို့ ကြာသတေးနေ့မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုကိုတော့ ပျော်ဘွယ်မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်စိုးက ကြားဖြတ် အရေးပေါ်အဆိုအဖြစ်နဲ့ တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်လိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လွှတ်တော်ကော်မရှင်တွေဟာ နိုင်ငံတော်အဆင့် ဟုတ်မဟုတ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ လွှတ်တော်နဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတို့အကြား အပြန်အလှန် ငြင်းခုန် မှုတွေ ဖြစ်ပေါ်နေတာမှာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်တဲ့ ဆုံးဖြတ် ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပေးရေး အဆိုကို ဆွေးနွေးကြဖို့ ပြည်ထောင် စုလွှတ်တော် မှာ အများစုရဲ့ မဲဆန္ဒနဲ့ အတည်ပြုလိုက်ကြပါတယ်။

လွှတ်တော်အတွင်း ကြာသပတေးနေ့က မဲခွဲ ဆုံးဖြတ်ခဲ့တဲ့ အခြေအနေတွေကိုတော့ ကျောက်မဲမြို့ မဲဆန္ဒနယ်မြေ ကိုယ်စားပြု SNDP ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့ လွှတ်တော် အမတ်ဦးရဲထွန်းက ပြောပြပါတယ်။

“အဆိုတင်လိုက်တယ်ဆိုတာ ပထမဆုံး အရေးတကြီးအဆိုဖြစ်တဲ့အတွက်ကြောင့် လက်ခံ ဆွေးနွေး မလား၊ မဆွေးနွေးဘူး လား ဆိုတာကို လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူတဲ့အနေနဲ့ မဲခွဲတာ။ မဲခွဲတော့ သုံးပုံတစ်ပုံ ရလို့ရှိရင် ဒါကို လက်ခံပြီး ဆွေးနွေး ရမယ်၊ အခုရတဲ့မဲက အများကြီး ရတယ် ဆိုတဲ့ အခါကျတော့ ဒါကို လက်ခံဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါပြီဆိုပြီး တော့ လွှတ်တော် နာယက-က ကြေညာလိုက်ပြီးတော့ ဆွေးနွေးချင်တဲ့သူတွေ စာရင်း လာပေးနိုင်ပါတယ်၊ တနင်္လာနေ့အထိပေါ့ အဲဒီလို သူက Target Date ပေးလိုက်တယ်။”

တနည်းအားဖြင့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ မှားယွင်းကြောင်း ၀န်ခံပြော ဆိုဖို့ လွှတ်တော်ဘက်ကနေ နောက်ထပ် အခွင့်အရေးတခု ထပ်ပေး လိုက်တာပဲလို့ ဦးရဲထွန်းက ပြောပါတယ်။

“အရေးကြီးတာကတော့ တစ်ချက်ပဲ၊ သူတို့ ဆုံးဖြတ်ခဲ့တာ မှားယွင်းပါတယ်၊ လုပ်ထုံးလုပ်နည်း အရပဲ ဖြစ်စေပေါ့လေ- မှားယွင်း ပါတယ်လို့ ဝန်ခံလိုက်လို့ရှိရင် ဒီပြဿနာဟာ အေးအေးဆေးဆေးနဲ့ ပြီးသွားမှာပါ။”

ကြာသပတေးနေ့က လွှတ်တော်အတွင်း အဆိုတင်သွင်းခဲ့တဲ့သူကတော့ ပျော်ဘွယ် မဲဆန္ဒ နယ်မြေကိုယ်စားပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်စိုး ဖြစ်ပါတယ်။

ဒီအဆိုကို ဆွေးနွေးပြီးတဲ့အချိန်ထိ ဖွဲ့စည်းပုံ အခြေခံဥပဒေခံရုံးက အမှား ပြင်ဆင်ချက် မထုတ်ပြန်တော့မှသာ လွှတ်တော်ဘက်က Impeachment လို့ခေါ်တဲ့ စွပ်စွဲ ပြစ်တင်ခြင်းကဏ္ဍကို လုပ်ဆောင်မှာဖြစ်တယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

“ဆွေးနွေးဖို့အတွက် တနင်္လာနေ့ရဲ့နောက်ပိုင်းမှာ သူတို့ သတ်မှတ်လိမ့်မယ်။ သတ်မှတ်ပြီးတဲ့အခါ အပြန်အလှန်ဆွေးနွေး၊ ဆွေးနွေး ပြီးတဲ့အခါ မဲပြန်ခွဲမှာ။ အဲဒီ မဲခွဲတဲ့နေ့ကျတော့မှ ဒီ အဆို ကို ထောက်ခံတာလား၊ ကန့်ကွက်တာလားဆိုတာ ဆုံးဖြတ်မှာ။ အဲဒီ အဆိုကို ထောက်ခံ၊ ကန့်ကွက် ကြတော့ ရိုးရိုး အသာမဲနဲ့ပဲ ဆုံးဖြတ်မှာဖြစ်တယ်။ ကြားနေတဲ့လူလည်းရှိမယ်၊ ကန့်ကွက်တဲ့လူ လည်း ရှိမယ်၊ အဲဒီမှာ ရိုးရိုးအသာမဲနဲ့ နိုင်သွားတယ် ဆိုရင် ဒီအဆိုဟာ လွှတ်တော်ရဲ့အဆို ဖြစ်သွားပြီးတော့ လွှတ်တော် ကနေ ပြီးတော့ ဒီအဆိုကို သက်ဆိုင်ရာခုံရုံးကို လှမ်းပြီးတော့ အကြောင်းကြားရမယ်။ အကြောင်းကြားတဲ့အခါကျတော့မှ ခုံရုံးကနေ ရပြီး တော့ လွှတ်တော်ရဲ့ အဆိုပြုချက်ကို သူတို့ လက်ခံတယ်ဆိုရင် သူတို့ မှားပါတယ်ဆိုတာကို ဝန်ခံကြေညာချက် ထုတ်လိုက်လို့ရှိရင် ဒီကိစ္စ ဟာ ယေဘုယျအားဖြင့် ချောမွေ့သွားပြီလို့ ပြောနိုင်တယ်။ အဲဒီတော့ ဒီ ခုံရုံးအဖွဲ့ဝင်တွေက မာန်မချဘူးဆိုရင်တော့ သူတို့ လုပ်တာ မှန်တယ်၊ မမှားဘူးဆိုပြီးတော့ ဆက်ပြီးတော့ တင်းခံနေမယ်ဆိုရင်တော့ လွှတ်တော်ကနေပြီးတော့ သူတို့ကို စွပ်စွဲပြစ် တင်တဲ့လုပ်ငန်းကို ဆက်လုပ်ဖို့ အလားအလာ များတယ်။”

ဒီအဆိုကိုတော့ ပြည်ထောင်စုလွှတ်တော်အတွင်း ကြာသပတေးနေ့က မဲပေးခွင့်ရှိသူ လွှတ်တော်အမတ် ၆၂၂ ဦးကနေ ထောက် ခံမဲ ၄၅၂ မဲ၊ ကန့်ကွက်မဲ ၁၅၃ မဲ၊ ကြားနေမဲ ဆယ်မဲနဲ့ အတည်ပြုလိုက်ကြတာပါ။

ဒီအဆိုကို ဆွေးနွေးဖို့ကိစ္စမှာ လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမဲတွေ ရရှိခဲ့ပေမယ့်လည်း တကယ့်တကယ် အရေးယူရေး အတွက် မဲခွဲ ဆုံးဖြတ်တဲ့အခါမှာ လွှတ်တော်ရဲ့ အမတ်အရေအတွက် ၂၅ % ကို ရယူထားတဲ့ တပ်မတော်ကိုယ်စားပြု လွှတ် တော်အမတ်တွေရဲ့ ထောက်ခံမှုပါမှ ဖြစ်နိုင်မှာမို့ သူတို့ရဲ့ ထောက်ခံမှု ရနိုင်ပါ့မလားလို့ လွှတ်တော်အမတ်တွေကြား စိုးရိမ်မှုတွေ ကတော့ ထွက်ပေါ်နေ ပါတယ်ခင်ဗျား။

Ref: ဗွီအိုအေ

Read More...

သမ္မတသဝဏ်လွှာ မှတ်တမ်းတင်ရေး ဆိုင်းငံ့

ကိုဇော်ဝင်းလှိုင်
23.08.2012

ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက လွှတ်တော်ကို သ၀ဏ်လွှာနဲ့အတူ သတင်း သုံးသပ်ချက်ကို ပြည်တောင်စုလွှတ်တော်မှာ မှတ်တမ်းတင်မယ့် အစီ အစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေပါတယ်ဆိုတဲ့ သတင်း သုံးသပ်ချက်ကို သ၀ဏ် လွှာ နဲ့အတူ ပူးတွဲ တင်ပြခဲ့တဲ့ သတင်းသုံးသပ်ချက်ကို ပြည်ထောင်စုလွှတ်တော် အစည်းဝေးမစခင် RNDP က ကန့်ကွက်လွှာ တင် သွင်းလိုက်တာကြောင့် အခုလို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Read More...

လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေး

23.08.2012

လူမှုဆက်ဆံရေးကွန်ယက် အင်တာနက်စာမျက်နှာတခုဖြစ်တဲ့ Twitter အနေနဲ့ လူမျိုးစု တင်းမာမှုတွေကို နောက်ထပ်မီးထိုး ပေးနိုင်တယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်တဲ့ ဖော်ပြချက်တွေကို မဖြုတ်ပစ်ဘူးဆိုရင် အရေးယူလုပ်ဆောင်မယ်လို့ အိန္ဒိယ အစိုးရ က ခြိမ်းခြောက်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသမ်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို လက်စားချေတဲ့ အနေနဲ့ မူစလင်တွေက တိုက် ခိုက်မယ်ဆိုတဲ့ ကောဠာဟလတွေ အင်တာနက်ပေါ်မှာ ပြန့်နေခဲ့ပြီး တဲ့နောက် အခု ညွှန်ကြားချက်ထွက်လာတာပါ။

Read More...

ရခိုင်အရေး ဒလိုင်လားမား စိုးရိမ်

23.08.2012

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမား က ပြောလိုက်ပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆီ ရေးသားပေးပို့ခဲ့တဲ့ စာတစောင်ထဲမှာ အဲဒီလို ဖော်ပြထားတဲ့အကြောင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ကလာတဲ့ သတင်း တပုဒ်ထဲမှာ ရေးထားတာပါ။

Read More...

မြန်မာအရာရှိများ ဘိန်းရာဇာနော်ခမ်းကို စစ်ဆေး

ကိုသားညွန့်ဦး
23.08.2012

မြန်မာဘက်က စစ်ဘက် အရာရှိတွေဟာ တရုတ်က ဖမ်းဆီးမိထားတဲ့ မူးယစ်ရာဇာ နော်ခမ်း ကို ယူနန်ပြည်နယ်ကို လာ ရောက်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေ က မနေ့က ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနဲ့ ဆက်လျဉ်းပြီး ရှမ်းအမျိုးသား နော်ခမ်းကို မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံအတော် များ များက အလိုရှိနေကြတာပါ။ သူ့အပါအ၀င် ဖမ်းမိထားသူတွေကို တရုတ် သင်္ဘောသားတွေကို သတ်ဖြတ်မှုနဲ့ တရားစီရင်စစ်ဆေး တော့မယ်လို့လည်း တရုတ် အာဏာပိုင်တွေ က ပြောပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထား ပါတယ်။

မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု လူသတ်မှုတွေနဲ့ စပ်လျဉ်းပြီး မြန်မာ၊ တရုတ်၊ ထိုင်း၊ လော နိုင်ငံတို့က အလိုရှိနေတဲ့ မူးယစ်ရာဇာနော်ခမ်းကို မြန်မာအရာရှိတွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို သွားရောက်ပြီး စစ်ဆေးမေးမြန်းမှု တွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို တရုတ် ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။

မနှစ် အောက်တိုဘာလ ၅ ရက်နေ့ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု မှာ နော်ခမ်းဟာ အဓိက တာဝန်ရှိသူလို့ တရုတ်အာဏာပိုင်တွေဘက်က ယူဆထားကြတာ ပါ။ နော်ခမ်းဟာ ဒီနှစ် ဧပြီလ ၂၅ ရက်နေ့ လောနိုင်ငံတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်တာခံရပါတယ်။ တရုတ်နိုင်ငံအနေနဲ့တာ့ သူ့ကို ရှေ့လထဲ တရားစီရင် ကြား နာဖို့ ရှိတယ်လို့ ယူနန်ပြည်နယ် ရဲဌာန ဒုတိယအကြီးအကဲ Xian Yanming က ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ ၅ ရက် အမှုကိစ္စနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့မှာ ပတ်သက်နေ တဲ့ နော်ခမ်း၊ ရှော်ခမ်း၊ ယင်းလန် နဲ့ အခြားသံသယရှိသူတွေကို နောက်လကျရင် တရုတ်နိုင်ငံထဲမှာ တရားစီရင်ကြားနာသွားမှာ ဖြစ်ပါတယ်။”

အသက် ၄၈ နှစ်အရွယ် မူးယစ်ရာဇာ နော်ခမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အလိုရှိတဲ့စာရင်းမှာပါ ထည့်သွင်းဖော်ပြထား တာဖြစ်ပါ တယ်။ နော်ခမ်းဟာ မဲခေါင်မြစ်အတွင်း သင်္ဘောတွေကို တိုက်ခိုက်တာ၊ သင်္ဘောသားတွေကို သတ်ဖြတ်တာတွေကြောင့် ရွှေတြိဂံ ဒေသမှာ ပြီးခဲ့တဲ့နှစ် ကာလက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

မြန်မာဘက်က အဲဒီ လူသတ်မှုတွေအတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင် ရွက်ခဲ့ပြီး မဲခေါင်မြစ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ နယ်စပ်တကြောဖြစ်နေတဲ့ ရာဇ၀တ် မှု နှိမ်နင်းရေး ကိစ္စရပ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်ကို ရောက်နေတဲ့ မြန်မာ စစ်အရာရှိတွေက ပြောခဲ့ပါတယ်။

တရုတ် သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာတော့ နော်ခမ်းအပါအ၀င် သူ့ရဲ့အမာခံ အဖွဲ့ ၀င်တွေနဲ့ ထိုင်းစစ်သားအချို့ ပူးပေါင်း ပတ်သက်နေတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါ တယ်။ နော်ခမ်းဖမ်းဆီးခံရပြီးတဲ့နောက်တော့ သူ့ရဲ့လက်ထောက် စိုင်းအောင်မြတ်နဲ့ နောက်ပါ အဖွဲ့ဝင်အတော်များများဟာ တာချီလိတ်အခြေစိုက် မြန်မာစစ်တပ်ထံမှာ လက်နက်ချခဲ့ကြပါ တယ်။ နောက်လိုက်အဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ခဲ့ပေမယ့်၊ စိုင်းအောင်မြတ်ကိုတော့ ကျိုင်းတုံအကျဉ်းထောင်မှာ ဖမ်းဆီး ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။

တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာ စိုင်းအောင်မြတ်လည်း ပတ်သက်တယ်ဆိုပြီး တရုတ် နိုင်ငံဘက်က လွှဲပြောင်း ပေးအပ်ဖို့ မြန်မာဘက်ကိုတောင်းခံပေမယ့် မြန်မာ အာဏာပိုင်တွေ က ငြင်းပယ်ခဲ့ပါတယ်။ စိုင်းအောင်မြတ်ဖမ်းမိပြီးနောက် မြန်မာနယ်စပ်မှာရှိတဲ့ နော်ခမ်းရဲ့ ပိုင်ဆိုင်မှု အချို့ကိုလည်း မြန်မာစစ်တပ်က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

စိုင်းအောင်မြတ်ကိစ္စနဲ့ပဲ စပ်လျဉ်းပြီး တရုတ်နိုင်ငံရဲ့ အများပြည်သူလုံခြုံမှုဆိုင်ရာဝန်ကြီး Meng Jianzhu ဟာ ပြီးခဲ့တဲ့ ဇူလိုင် လက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ တရုတ်သင်္ဘောသားတွေကို သတ်ဖြတ်မှု ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေး ရာမှာ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်း ဆောင်ရွက်ပေးဖို့ တရုတ်ဝန်ကြီးက တိုက်တွန်းသွားခဲ့ပါတယ်။ နော်ခမ်းနဲ့အဖွဲ့ဟာ ၂၀၀၈ ခုနှစ် ကတည်းကဆိုရင် တရုတ်သင်္ဘောတွေ၊ တရုတ်နိုင်ငံသားတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လက်နက် ကိုင် ရာဇ၀တ် မှု ၂၈ မှုကို ကျူးလွန်ခဲ့တယ်လို့ တရုတ်ဝန်ကြီးက ပြောပါတယ်။ အဲဒီ အမှုတွေအတွင်းမှာပဲ ၁၆ ဦးသေဆုံးပြီး၊ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

မနှစ် အောက်တိုဘာလ ကုန်ပိုင်းကတော့ နိုင်ငံ လေးနိုင်ငံက အဆင်မြင့်ဝန်ကြီးတွေဟာ တရုတ်နိုင် ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံပြီး နယ်စည်းဖြတ်ကျော် ရာဇ၀တ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့နဲ့ မဲခေါင်မြစ် အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုံခြုံရေးကိစ္စ ရပ်တွေအတွက် ဆွေးနွေး သဘောတူညီမှုတွေ ရခဲ့ပါတယ်။ မဲခေါင်းမြစ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ လောနိုင်ငံတွေဟာ အခုအခါ ထောက်လှမ်းရေး သတင်းအချက်အလက်ဖလှယ်တာ၊ မဲခေါင် မြစ်ကြောင်းတ လျှောက် လုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်တာနဲ့ နယ်စည်းဖြတ်ကျော် ရာဇ၀တ် မှုနှိမ်နင်းရေးကိစ္စတွေကို ပူးတွဲဆောင်ရွက်နေ ပါတယ်။


Ref: ဗွီအိုအေ

Read More...

သတ္တုတွင်း ၀န်ကြီးဋ္ဌာနနှင့် The Voice ဂျာနယ်အမှု စက်တင်ဘာ ၆ ရက် အပြီးသတ် စီရင်ချက်ချမည်

2012-08-23

သတ္တုတွင်း ၀န်ကြီးဋ္ဌာနက The Voice ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုမှုအပေါ် စွပ်စွဲချက် တင်သင့် မ တင်သင့်ကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချမှတ်မယ်လို့ ဒီကနေ့ ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်ခဲ့တယ်လို့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက RFA ကို အခုလို ပြောပါတယ်။

"တရားလို အကျိုးဆောင်ကလည်း တင်သင့်တယ်ဆိုတဲ့အကြောင်း လျှောက်ထားတယ်ပေါ့။ ဒီဘက်က ကျွန်တော့် အကျိုးဆောင် ကလည်း ဒါစွဲချက်မမြောက်ဘူး ဆိုတဲ့အကြောင်း၊ မတင်သင့်ဘူး ဆိုတဲ့အကြောင်း နှစ်ဖက် လျှောက်ထားကျတာပေါ့။ လျှောက် လဲချက် ပေးတာပေါ့၊ အဲဒီ ပြန်လည် လျှောက်ထားတဲ့ဟာကို တရားသူကြီးက လက်ခံနားထောင်တယ်။ နားထောင်ပြီးတော့မှ သူ က ဒါတွေကို သူက ပြန်ပြီးတော့သုံးသပ် စိစစ်ပြီးတော့မှ စက်တင်ဘာ ၆ရက်နေ့ မှာ အဓိက ဆုံးဖြတ်မှာပေါ့။ ဒီဟာကို စွဲချက် တင်သင့် မတင်သင့်ပေါ့"

သတင်းရင်းမြစ်ရယူတဲ့ နေရာက ပြည်သူ့လွှတ်တော် ဖြစ်နေတဲ့အတွက် တကယ်တမ်း ဥပဒေကြောင်းက ကြည့်ရင် အဖြေရှိပြီးသား ပါလို့ ကိုကျော်မင်းဆွေက ဆက်လက်ပြောပါတယ်။

"ကျွန်တော်တို့ရတဲ့ သတင်းရင်းမြစ်က လွှတ်တော်ရဲ့ သတင်းရင်းမြစ်ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဖြစ်နေ တယ်။ သတင်းအကြောင်းအရာကလည်း စာရင်းချုပ်ရုံးက ဝန်ကြီးဋ္ဌာနတချို့ရဲ့ ငွေစာရင်းမမှန်မကန် ဖော်ပြမှုတို့ ငွေကြေး အလွှဲ သုံးစားမှုတွေကို သူက စစ်ဆေးပြီးတော့ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို တင်ထားတဲ့ကိစ္စ။ ကျွန်တော်တို့ဘက် က တော့ ရိုးရိုးစဉ်းစားပြီး လုပ်ထားတဲ့ကိစ္စပေါ့။ တဘက်ကတော့ အဲလိုမဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ဆိုလို့ရှိရင် ဥပဒေကြောင်းအရသာ ဆုံးဖြတ်လို့ရှိရင် ဒီကိစ္စဟာ စွဲချက်တင်သင့်လား မတင်သင့်လားဆိုတာ အစကတည်း က ထွက်နေတဲ့ အဖြေပေါ့"

ဒီကနေ့ ရုံးချိန်းဟာ ၁၂ ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး အဲဒီရုံးချိန်းကို ပြည်တွင်း ပြည်ပ မီဒီယာ ၅၀ နီးပါးက press freedom စာတမ်းပါ ဦးထုပ်တွေ ဆောင်းပြီး လာရောက် သတင်းယူခဲ့ကြပါတယ်။

ဒီနှစ်ပိုင်းအတွင်းက မတ်လ ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်စာစောင်မှာ အစိုးရ ၀န်ကြီးဌာနတချို့၏ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ ဆိုတဲ့သတင်းကို ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနက မဟုတ်မမှန် စွပ်စွဲရေးသားချက် ဆိုပြီး ထုတ်ဝေသူ အယ်ဒီတာချုပ်နှင့် သတင်းရေးသားသူတွေကို အရေးယူဖို့ ဒဂုံမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါ တယ်။

Ref: အာရ်အဖ်အေ

Read More...

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ပထမဆုံးအကြိမ်အမှုရင်ဆိုင်

2012-08-23

ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခြင်း ခံနေရတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဒီကနေ့  နေ့လည်က မင်္ဂလာဒုံ မြို့နယ်တရားရုံး တရားသူကြီး ဦးကိုကိုနိုင်ရဲ့ တရားခုံမှာ ပထမဆုံးအကြိမ် ရုံးရှေ့ရောက် အမှုရင်ဆိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ဦးနေမျိုးဝေရဲ့ ရှေ့နေ တစ်ဦးဖြစ်သူ ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦးက အခုလို ပြောပြပါတယ်။

"ကနေ့ ကျွန်တော်တို့ ကိုနေမျိုးဝေကို ရုံးရှေ့ရောက်ရပါတယ်၊ မင်္ဂလာဒုံ မြို့ နယ် တရားသူကြီး ဦးကိုကိုနိုင်ရဲ့ခုံမှာ၊ တရားခွင်မှာ ကျပါတယ်။ နောက် ပြစ်မှုကြီး အမှတ် ၇၆၁/၂၀၁၂ ပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့ ဒီနေ့ အခု ရုံးရှေ့ကို စွပ်စွဲခံရသူ ဦးနေ မျိုးဝေ ရောက်ပြီးတော့ ကျွန်တော်တို့ အာမခံ လျှောက်တော့လည်း အာမခံပေးရမယ့် အမှုဖြစ်တဲ့အတွက် အာမခံပေးလိုက် ပါ တယ်။ ပေးလိုက်ပြီးတော့ ကျွန်တော်တို့ တရားခွင်မှာ နှစ်ဖက်ရှေ့နေ ညှိနှိုင်းပြီးတော့ နောက် ကျွန်တော်တို့ ၆ ရက်နေ့  စက် တင် ဘာလ ၆ ရက်နေ့ ကို တရားလို စစ်ဆေးဖို့အတွက် ကျွန်တော်တို့ ချိန်းလိုက်ပါတယ်"

ဒီကနေ့ ရုံးချိန်းကို လယ်သမား ၁၅၀ ခန့်အပြင် ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်၊ မနီလာသိန်းတို့  ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ အခြားထောက်ခံသူများ စုစုပေါင်း လူ ၂၀၀ ကျော် တက်ရောက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ရုံးချိန်းကို မူလက တက်ရောက်ဖို့ စီစဉ်ထားပေမဲ့ အကြောင်းကြောင်းကြောင့် မတက်ဖြစ်ခဲ့တဲ့ ကိုမင်းကိုနိုင်က ပေးပို့တဲ့ စာလွှာကို ဦးနေမျိုးဝေက အခုလို ဖတ်ပြပါတယ်။

"ကိုနေမျိုးဝေ၊ လေးစားဂုဏ်ယူလျက်ပါဗျာတဲ့၊ ကျွန်တော်ကိုယ်တိုင် မလာတာကလွဲလို့ အားလုံး ခင်ဗျားဘက်က ရှိနေတာ ယုံပါ။ အားမငယ်တတ်တဲ့ ခင်ဗျားအတွက် အားပေးဖို့ မလိုဘူးနော်။ ချစ်ခင်လျှက် မင်းကိုနိုင် ဆိုတဲ့ လက်မှတ်လေးနဲ့"

အာမခံငွေ ဆယ်သိန်းအတွက် တောင်သူလယ်သမား ဦးကျော်စိန်နဲ့ ဦးကျော်မြင့်တို့က ငါးသိန်းစီ အာမခံ သွားကြတယ်လို့ သိရ ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

သာဓုကန်လယ်ယာမြေ လျော်ကြေးကိစ္စ ပြေလည်မှုမရသေး

2012-08-23

ရန်ကုန်မြို့ ရွှေပြည်သာ သာဓုကန်ဒေသက လယ်သမား ၇၆ ဦးပိုင် လယ်ယာမြေတွေ သိမ်းယူခံထားရမှုနဲ့ ပတ်သက်လို့ သက် ဆိုင်ရာ ကုမ္ပဏီ ၄၀ က ပိုင်ရှင်တွေနဲ့ လယ်သမားကိုယ်စားလှယ် ၁၁ ဦးတို့ ဒီကနေ့ ဗဟန်းမြို့နယ်က M-3 စားသောက်ဆိုင်မှာ လျော်ကြေးကိစ္စ ညှိနှိုင်းခဲ့ကြရာမှာ ပြေလည်မှု မရခဲ့ဘူးလို့ RFA က စုံစမ်းသိရပါတယ်။

လယ်သမားတွေက လယ်တစ်ဧကကို သိန်း ၅၀ ပေးဖို့ လျော်ကြေး တောင်းဆိုပေမယ့် ကုမ္ပဏီတွေဘက်က ၁၀ သိန်းပဲပေးဖို့ သဘောတူတာကြောင့် ညှိနှိုင်းလို့ မရဖြစ်သွားခဲ့တာလို့ အဲဒီညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တောင်သူကိုယ်စားလှယ် မထက် ထက်ဦးဝေက RFA ကို ပြောပါတယ်။

Read More...

ညှိနှိုင်းဆဲကာလမှာ စီမံကိန်းလုပ်ငန်း အကောင်အထည်မဖော်ဖို့ ဒေသခံများတောင်းဆို

2012-08-23

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင် အထည်ဖော်ဖို့ အာဏာပိုင်တွေဘက်က ခြံစည်းရိုး ကာရံနေတာကို ဒီကနေ့ ဒေသခံရွာသား ၆၀၀ ကျော်လောက် သွားရောက်ပြီး တည်ဆောက်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ အဲဒီ စီမံကိန်းကို ဆက်လုပ် မဆောင်ရွက်ဖို့ ဒေသခံတွေနဲ့ နှစ်ဖက်သဘောတူညီမှု ရရှိထားပေမယ့် မကြာသေးမီ ရက်ပိုင်းလောက်မှာ မြေနီတောင်ခြေ အနီးအနားက သိမ်းဆည်းထားတဲ့ မြေနေရာ ၁၀ ဧက ကျော်လောက်ကို ဆက်လက် ခြံစည်းရိုးခတ်နေ တဲ့အ တွက် ဒေသခံတွေက သွားရောက် တားမြစ်ရတာဖြစ်တယ်လို့ တားမြစ်ရာမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

Read More...

ဒုတိယမြောက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား တည်ဆောက်မည်

2012-08-23

ထိုင်း မြန်မာနယ်စပ် မြ၀တီနဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည် ဆောက် တော့မယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြ ပါတယ်။

လက်ရှိ ချစ်ကြည်ရေးတံတားမှာ အသေးစားနဲ့ အလတ်စား မော်တော်ယာဉ်တွေသာ သွားလာနိုင်ပြီး မကြာခင် တည်ဆောက်မယ့် ချစ်ကြည်ရေး တံတားသစ်မှာ တန် ၆၀ အထိ အကြီးစား မော်တော်ယာဉ်တွေ ဖြတ်သန်းနိုင်မယ်လို့ မြန်မာ ဆောက်လုပ်ရေး ၀န်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောဆိုပါတယ်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လွင်ကလည်း ဆောက်လုပ်မယ့် နေရာကို သတ်မှတ်ပြီးပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ဇွန်လက နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ အဆိုပြုခဲ့တဲ့နေရာ သုံးနေရာထဲက လက်ရှိ တံတားရဲ့ မြောက်ဘက် သုံးမိုင် အကွာ နေရာကို ရွေးချယ်ထားကြောင်း ပြောဆိုပါတယ်။


Ref: အာရ်အဖ်အေ

Read More...

ညမထွက်ရအမိန့် ချိုးဖောက်သူ ၆၀ ကို ထောင်ဒဏ်ချ

2012-08-23

အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ညမထွက်ရ အမိန့်ကို ချိုးဖောက်မှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ ရခိုင် တိုင်းရင်း သား ၆၀ လောက်ကို ပြည်နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်း ဌာနက ဖော်ပြပါတယ်။

ဇွန်လ ၈ ရက်နေ့ ကစလို့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၆ မြို့နယ်မှာ ညမထွက်ရ ကာဖျူး အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့ပြန်တဲ့ အတွက် ဒီလအစောပိုင်းက နောက်ထပ် မြို့ နယ် ၃ ခုမှာလည်း ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ညမထွက်ရ ကာဖျူးအမိန့်ကို ချိုးဖောက်မှုနဲ့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP အဖွဲ့ဝင် ၄ ဦး အပါအ၀င် ထိန်းသိမ်း ခံရသူ ရခိုင် တိုင်းရင်းသား ၈၀၀ လောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲက ၆၀ လောက်ကို ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ် ကြောင်း ဒေသခံတွေကပြောပါတယ်။

RNDP ဗဟိုကော်မတီအဖွဲ့ဝင် ဦးစံလှကျော်ကလည်း ထိန်းသိမ်းခံရသူတွေထဲက အများစုကို ပြန်လွှတ်လိုက်ကြောင်း၊ တချို့ကိုတော့ တရားရုံး ဆိုင်းငံ့အမိန့်နဲ့ နှစ်လလောက် ထိန်းသိမ်း ခံခဲ့ကြရကြောင်း ပြောဆိုပါတယ်။

အလားတူ ရိုဟင်ဂျာဆိုသူ ၁၀ ယောက်လောက်လည်း ထောင်ချခံရကြောင်း၊ တချို့ကို အကြမ်းဖက် ဆူပူအောင် လှုံ့ဆော်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ရရှိကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ပြည်ပပို့ကုန်မူဝါဒမပြောင်းလဲသေးသ၍ ပို့ကုန်လုပ်ငန်းရှင်များနစ်နာနေ

စောဇင်ညီ (မြစ်မခ)
23 Aug, 2012

ပြည်ပပို့ကုန်မူဝါဒနှင့်  ပတ်သက်၍ အချို့အချက်များအား ပြုပြင်ပြောင်းလဲသင့်ကြောင်း လွှတ်တော်သို့ တင်ပြထားသော်လည်း ပြုပြင် ပြောင်းလဲခြင်းမရှိသေးသည့်အတွက် ပြည်ပပို့ကုန်လုပ်ငန်းရှင်းများအနေဖြင့် ငွေကြေးနစ်နာမှုများရှိနေကြောင်း သိရှိရသည်။

ပို့ကုန်လုပ်ငန်းရှင်များ နစ်နာသည့် အချို့ အချက်များမှာ ပို့ကုန်တင်ပို့ရန် ကုန်ပစ္စည်းတန်ဖိုးအား နိုင်ငံခြားငွေရှာကာ တင်ပို့မည့် ကုမ္မဏီ အကောင့်ထဲသို့ ထည်သွင်းပြီးမှ တင်သွင်းခွင့်ပြုနိုင်သည့်အချက်ကြောင့်ဖြစ်ကြောင်း ရေထွက်ပို့ ကုန်လုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

''ပိုက်ဆံသွင်းပြီးမှ export တင်ရတယ်ဆိုတာ နိုင်ငံတကာမှာလည်းမရှိဘူး။ဒီနိုင်ငံမှာပဲရှိတယ်။ဒီမူဝါဒကြောင့် လည်း လုပ်ငန်း ရှင်တွေဘက် ကအရှုံးပေါ်တာတွေ အများကြီးရှိနေတယ်။ အမှန်က ပိုက်ဆံနောက်မှ သွင်းရတဲ့ မူဝါဒကို ပြောင်းရမှာပါ'' ပာု အ ထက်ပါတာဝန်ရှိသူကပြောသည်။

ပြည်ပပို့ကုန်တင်ပို့ရသည့် ဈေးနှုန်းမှာ တစ်ရက်နှင့် တစ်ရက်ပြောင်းလဲမှုများရှိနေပြီး မြန်မာနိုင်ငံတွင် ငွေစာရင်းသွင်းပြီး တစ်ပတ် ကြာမှ ပြုလုပ်ရသဖြင့် ဈေးနှုန်းကျဆင်းချိန်တွင် နစ်နာမှုများကြုံတွေ့နေရခြင်းဖြစ်သည်ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ထို့အပြင်ဘဏ်များမှ နိုင်ငံခြားငွေဝယ်/ရောင်းလုပ်ငန်များတွင် ဈေးကွာပာမှုများများပြားနေခြင်း၊ ပို့ကုန်အတွက် ချေးငွေအတိုးနှုန်း မသက်သာခြင်း တိုကြာင့် လုပ်ငန်းအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းကိုလည်း သိရှိရသည်။

'အိတ်စပိုစ်က ကမ္ဘာဈေးကွက်နဲ့ အလုပ်လုပ်နေတာလေ။ အဲဒီတော့ ငွေသွင်းပြီးမှ ကမ္ဘာဈေးကျသွားရင် ကျွန်တော်တို့ဘက်က အနာချည်းပဲ၊ ဥက္ကဌ တင်ပြတော့လည်း အခုချိန်ထိုဘာမှမထူးဘူး'' ပာု ရေထွက်သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဦးထွန်းပိာန်က ပြောသည်။

ပြည်ပပို့ကုန်မူဝါဒပြောင်းလဲပေးရန် လွှတ်တော်သို့ တင်ပြထားသော်လည်း ထူးခြားမှုမရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ နစ်နာနေရခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တို့က ဆိုသည်။

Ref: မြစ်မခ

Read More...

ဘတ်စ်ကားတစ်စီး ပျမ်းမျှလူဦးရေ(၁၁၇)ဦး တင်ဆောင်နေရ၍ မြို့ပတ်ရထားကို အားကိုးသင့်ဟု မထသအကြံပြု

ကောင်းမြတ်ဖြိုး ( မြစ်မခ )
23 Aug, 2012

ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားတစ်စီးလျှင် ပျမ်းမျှခရီးသည်(၁၁၇)ဦး တင်ဆောင်နေရသည့် အတွက် မြို့ပတ်ရထားများအား အဆင့်မြှင့်တင်၍ အချိန်မှန်ထပ်မံတိုးချဲ့ ပြေးဆွဲသင့်ကြောင်းကိုမထသ(ဗဟို)မှ အကြံပြုပြောကြားသည်။

ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားမလုံလောက်မှုတို့ကြောင့် နေ့စဉ်လူကြပ်မှုဒုက္ခများကို ဖြေရှင်းရန် မြို့ပတ်ရထားများကို အားကိုးရန် ဆိုလိုခြင်းဖြစ်သည်။

'မြို့ပတ်ရထားတွေကို အချိန်သတ်မှတ်ချက်လေးနဲ့သွားမယ်၊ ထပ်ပြီးတိုးချဲ့မယ် အဲ့ဒါဆိုရင်ဘတ်စ်ကားကြပ်တာ လျော့နည်းသွား စရာ အကြောင်းရှိပါတယ်၊ ကျွန်တော်ဥာဏ်မှီသလောက်အကြံပြုပြောတာပါ''ဟု မထသ(ဗဟို) တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင်တစ်နေ့တာကာလအတွင်း၌ပြေးဆွဲနေသော ဘတ်စ်ကားစီးရေများမှာ မထသ(ဗဟို)မှ ကောက်ယူထားသော စာရင်း များအရ (၄၅ဝဝ)ဝန်းကျင်ခန့်ရှိပြီး ဘတ်စ်ကားစီးသောလူဦးရေမှာ (၂. ၆)သန်းဝန်းကျင်ခန့်ရှိကြောင်းသိရသည်။

အဆိုပါ လူဦးရေနှစ်သန်းကျော်အား ဘတ်စ်ကားများဖြင့် အချိုးကျကြည့်လျှင် ဘတ်စ်ကားတစ်စီးလျှင် ခရီးတစ်ကြောင်း၌ ခရီး သည်(၁၁၇)ယောက်ခန့်တင်၍ ပြေးဆွဲနေရကြောင်းသိရသည်။

ရန်ကုန်မြို့တွင်းရှိသော ခရီးသည်များနှင့် လက်ရှိပြေးဆွဲနေသောဘတ်စ်ကားများ မညီမျှမှု၏ဘေးထွက်ဆိုးကျိုးအချို့မှာ အထူးကား များလည်း လူပိုတင်နေခြင်း အချို့နေရာများသွားလျှင်ဘတ်စ်ကားအားအချိန်ကြာကြာစောင့်ရခြင်းတို့ ဖြစ်ပေါ်နေကြောင်းသိရသည်။

''ဘတ်စ်ကားစီးရတာက တော်တော်ကြပ်တယ်ဗျ အထူးကားကော၊ရိုးရိုးကားကော ခါတိုင်းဆိုမနက်နဲ့ညနေပဲ ကျပ်တာ၊ အခု ဆိုနေ့လည်နေ့ခင်းပါကျပ်လာတယ်''ဟု ကမာရွတ်မြို့နယ်နေလူငယ်တစ်ဦးကပြောသည်။

ယခုအချိန်၌ ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ပတ်ရထားမှာ တစ်နေ့လျှင် စုစုပေါင်းအသွားအပြန်အကြိမ်ရေ(၇ဝ) ပြေးဆွဲလျက်ရှိပြီး လတ်မှတ်တစ်စောင်လျှင် (၁ဝဝ)ကျပ် ပေးရကာ အသွားအပြန်စီး၍ရကြောင်း မြန်မာ့မီးရထားက သိရှိရသည်။

ထိုကဲ့သို့ ရထားများအချိန်မှန်ပြေးဆွဲခြင်း၊လမ်းကြောင်းများထပ်တိုးခြင်းနှင့် ရထားများအားအဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လျှင် ပြည် သူများအနေဖြင့်လည်း ရထားကိုသာအားထား၍စီးကြမည်ဖြစ်ကြောင်း ပြည်သူများထံက သိရှိရသည်။

Ref: မြစ်မခ

Read More...

ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်ကြောင့် ယာယီ အလုပ်လက်မဲ့ဦးရေမြင့်တက်

ကျော်ဇင်မန်း(မြစ်မခ)
23 Aug, 2012

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လမ်းဘေးခိုးကူးခွေနှိမ်နှင်းရေးစီမံချက်ကြောင့် ယခင်က နိုင်ငံခြားခွေရောင်းချသူအများစုမှာ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း နှင့် ယာယီအလုပ်လက်မဲ့ဦးရေ တိုးပွားနေကြောင်း အခွေ ရောင်းသူ များထံက သိရသည်။

“ကျွန်တော်ဆိုရင် အရင်ကတည်းက မြန်မာနဲ့ပတ်သက်တာ ဘာတစ်ခုမှမရောင်းဘူး။ညစ်ညမ်းခွေလည်း မရောင်းခဲ့ဘူး။ ကိုယ့်ဘာ သာကို နိုင်ငံခြားဇာတ်လမ်းတွေ သီးသန့်ရောင်းခဲ့တာပါ။ အခုလိုမျိုး သိမ်းကျူံးပြီး အကုန်ပိတ်ခိုင်းလိုက်တော့ ဒုက္ခရောက်သွား တယ်။ လမ်းဘေးဆိုင်တွေတော့ပိတ်ခိုင်းပြီး ကုန်တိုက်တွေမှာ ရောင်းတာကြတော့ ဘာမှမပြောဘူး။”ဟု ဗိုလ်ချုပ်လမ်းပေါ်တွင် အခွေဆိုင်ဖွင့်ခဲ့သူတစ်ဦးက ပြောသည်။

Read More...

အနာဂါတ်ပြင်ဆင်မှုအနေဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု အနှစ်(၄ဝ)စီမံကိန်းစတင်

ဝင့်သင်ဇာကျော် (မြစ်မခ)
23 Aug, 2012

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအား နှစ် (၄ဝ)စီမံကိန်းဖြင့် မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) နှင့် JICA (Japan International Cooperation Agency)တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

စီမံကိန်းရေးဆွဲရာတွင် ၂ဝ၁၂ခုနှစ် သြဂုတ်လမှ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအတွင်း အပြီးရေးဆွဲမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ (၃၃)မြို့နယ်တွင် ရေဆိုးသန့်စင်သောစက်ရုံများ ၊ ဂုံးကျော်တံတားများတည်ဆောက်ခြင်း ၊ ရေကြီး ရေလျှံခြင်းများ မဖြစ် ပေါ် အောင် ရေမြောင်းများတိုးချဲ့ခြင်း ၊ ဆိပ်ကမ်းများတိုးချဲ့တည်ဆောက်ခြင်းများနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော ကိစ္စရပ်များကို ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။

''နှစ်(၄ဝ)စီမံကိန်းကို နှစ်ဖက်ပူးပေါင်းရေးဆွဲပြီးရင် လုပ်ငန်းစလုပ်လို့ရပါပြီ၊ အရင်ဆုံးတော့ ဘယ်ဟာတွေကို ဘယ်လို ပြင်ဆင် ဖို့လိုတယ်ဆိုတာတွေကို စီမံကိန်းအဖြစ် ရေးဆွဲတုန်းရှိသေးတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်းမှာ နှစ် (၄ဝ)တွင်း မြန်မာနိုင်ငံတွင် လူဦးရေတိုးပွားသာနိုင်သည့် အခြေအနေများ ကြောင့် မြို့ပြစီမံကိန်းအဖြစ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“မြန်မာနိုင်ငံမှာ လူဦးရေကတိုးလာတော့မယ် အဲ့ဒါတွေအတွက် ပြင်ဆင်တဲ့အနေနဲ့ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ဖို့ရယ် ၊ သောက်ရေ၊သုံးရေတွေ လုံလုံလောက်လောက်ရဖို့ ရေအရင်းအမြစ်ရရှိအောင် အဓိက ကြိုးပမ်းထားဖို့လိုတယ် ” ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် JICA အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုသော်လည်း ငွေကြေးအားဖြင့် မည်မျှထည့်ဝင်မည်ကိုမူ မသိရှိရသေးပေ။

''အခုက စီမံကိန်းရေးဆွဲနေတဲ့ကာလပဲရှိသေးတယ်ဆိုတော့ JICA အနေနဲ့ ဘယ်လောက်ငွေကြေးကုန်ကျမယ်ဆိုတာလဲ အတိ အကျမသိသေးတော့ ဘယ်လောက်ထည့်ဝင်မယ်ဆိုတာလဲ ပြောလို့မရသေးပါဘူး ''ဟု JICA ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ဖြေကြားပေးခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ကနဦးအနေဖြင့် ရန်ကုန်မြို့ရှိ (၈)မြို့နယ်တွင် ရေဆိုးသန့်စင်စနစ်ကို ကျင့်သုံး လျက်ရှိပြီး ကျန်(၂၅)မြို့နယ်ကို JICA ကုမ္ပဏီနှင့် ပူးပေါင်းပြီး ရေဆိုးသန့်စင်စက်ရုံ ဆောက်ပေးရန် အစီအစဉ် ရှိကြောင်း သိ ရှိရပြီး ရေဆိုးသန့်စင်စနစ်အား လသာမြို့နယ် ၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွှန့် ၊ ဗိုလ်တထောင် ၊ ပန်းပဲတန်း ၊လမ်းမတော် ၊ ပုစွန်တောင်နှင့် ဒဂုံမြို့နယ်တို့တွင် အသုံးပြုလျက်ရှိသည်။

Ref: မြစ်မခ

Read More...

မြန်မာဆီးဂိမ်းတွင် တိုက်ကွန်ဒိုရွှေရပါက ခိုင်စေရမည်ဟု အဖွဲ့ချုပ်ကတိပြု

စည်သူနိုင် (မြစ်မခ)
23 Aug, 2012

၂ဝ၁၃ခုနှစ် ဆီးဂိမ်းတွင် တိုက်ကွမ်ဒိုကစားနည်းအားကစားပြိုင်ပွဲ၌ မြန်မာ နိုင်ငံကိုယ်စားပြုအား ကစားသမားများအနေဖြင့် ရွှေတံဆိပ် ဆုရရှိခဲ့ပါက ဘဝတစ်သက်တာ အာမခံချက်ရစေမည့် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တိုက်ကွမ်ဒို အားကစား အဖွဲ့ချုပ်က ဆိုထားသည်။

''ဆီးဂိမ်းမှာရွှေရတဲ့အားကစားသမားကို ကျပ်သိန်း ၁၅ဝ ဝန်းကျင်လောက် တန်ကြေးရှိတဲ့ အစုရှယ်ယာတွေ ချီးမြှင့်မှာပါ။ သူတို့ အနေနဲ့ တစ်လကို (၂) သိန်းဝန်းကျင်လောက် ထုတ်သုံးနိုင်ပါ လိမ့်မယ်''ဟု တိုက်ကွမ်ဒို အားကစား အဖွဲ့ချုပ်မှ တွဲဖက်အ တွင်း ရေးမှူး ဦးမြသိန်းက ပြောသည်။

အဆိုပါကစားနည်းတွင် Fin ၊ Fly၊ Bantam၊ Feather ၊Light ၊Welter၊ Light Heavy နှင့် Heavy ဟူ၍ ဝိတ်တန်း (၈)တန်းပါဝင်ပြီး Light Heavy နှင့် Heavy ဝိတ်တန်းအတွက် မျိုးဆက်သစ် အားကစားသမား များခေါ်ယူလျက်ရှိကြောင်း သိရသည်။

''ဝိတ်တန်းအားလုံးအတွက်စခန်းသွင်းလေ့ကျင့်ပေးမှာပါ။ အခု ဝိတ်တန်း နှစ်ခုအတွက် အားကစား သမားတွေခေါ်ယူနေပါတယ်။ စခန်းသွင်း လေ့ကျင် နေချိန်မှာလဲ အထွေထွေသုံးဖို့ အတွက် အပို ထောက်ပံ့ငွေပေးအပ်သွားမှာပါ''ဟု ဦးမြသိန်းက ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် မျိုးဆက်သစ်အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ချိန်တွင် နေထိုင်စားသောက်စရိတ်အပြင် အပိုထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင်(တစ်လ)ငါးသောင်းကျပ် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ကိုလည်း သိရသည်။

Light Heavy နှင့် Heavy ဝိတ်တန်းနှစ်ခုအတွက် အသက် ၂၄ နှစ် ဝန်းကျင်ရှိ တိုက်ကွမ်ဒို အားကစားနည်း စိတ် ပါဝင်စားသူ မည်သူမဆို စာရင်းသွင်းနိုင်ပြီး အမျိုးသားများအနေဖြင့် အရပ် ၅ ပေ ၁၁ လက်မ ၊ ကိုယ်အလေးချိန် ၁၆၇ ပေါင် ရှိရမည်ဖြစ်ကာ အမျိုးသမီးများအနေဖြင့် အရပ်အမြင့် ၅ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၁၅ဝ ပေါင် ရှိရမည် ဖြစ်ကြောင်းသိ ရသည်။

စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် အောင်ဆန်း အားကစားပြိုင်ဝင်း ရန်ကုန်မြို့သို့ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထား စာရင်းပေးသွင်း နိုင်ကြောင်းသိရသည်။

Ref: မြစ်မခ

Read More...

မြောင်းမြ၊ ပုသိမ် လယ်သမားများ သမဂ္ဂ ဖွဲ့ကြမည်

ကိုကိုအောင်
သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

တောင်သူလယ်သမားများ၏ နစ်နာချက်များ အရေးဆိုရန်နှင့် လယ်သမားဘဝ တိုးတက်ရေး ဆောင်ရွက်ရန်အတွက် ဧရာဝတီ တိုင်း၊ မြောင်းမြနှင့် ပုသိမ် မြို့နယ်များတွင် တောင်သူလယ်သမား သမဂ္ဂများ ဖွဲ့မည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် သမဂ္ဂ ခေါင်း ဆောင်တဦးက ပြောသည်။

တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖူလုံ တိုးတက်မြင့်မားရေး၊ ဆုံးရှုံးလျက်ရှိသော အခွင့်အရေးကို တောင်းဆို ကာ တိုးတက်သော ခေတ်မီစိုက်ပျိုးရေးစနစ် ဖြစ်လာရေးစသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းသွားမည်ဟု မြောင်းမြ မြို့နယ် တောင်သူ လယ်သမားများ သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်ဇော်ဦး က ပြောသည်။

Read More...

The voice နှင့် သတ္တုတွင်းအမှု စက်တင်္ဘာ ၆ ရက်နေ့ အမိန့်ချမည်

ဖနိဒါ
သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အချို့တွင် ငွေကြေး အလွဲသုံးစားမှုများ ရှိနေသည်ဟု ရေးသားသည့် အပတ် စဉ်ထုတ် The Voice Weekly ဂျာနယ်အား သတ္တုတွင်း ဝန်ကြီးဌာနမှ အသရေဖျက်မှုဖြင့် စွဲဆိုထားခြင်းကို စက်တင်္ဘာလ ၆ ရက်နေ့တွင် အမိန့်ချမည် ဖြစ်သည်။

ထိုရေးသားချက်များသည် စွပ်စွဲရေးသားထားခြင်း မဟုတ်ကြောင်းနှင့် ချမှတ်မည့် အမိန့်သည် လက်ရှိအစိုးရအား မှတ်ကျောက် တင်မည့် အရေးပါသည့် အချက်ဖြစ်သည်ဟု The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။

Read More...

ကဝ မြို့နယ်၏ သုံးပုံတပုံ တလခန့် ရေလွှမ်းနေဆဲ

ကွန်းချမ်း
သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

မိုးများ ဆက်တိုက် ရွာသွန်းနေခြင်းနှင့် စစ်တောင်း မြစ်ရေ လျှံခြင်းကြောင့် ပဲခူးတိုင်း၊ ကဝမြို့နယ် သုံးပုံတပုံမှာ တလခန့် ရေလွှမ်းမိုးမှု ခံနေရဆဲ ဖြစ်ကြောင်း ရေဘေးဒုက္ခသည်များကို အကူအညီပေးနေသူ များနှင့် ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၆ ရက်နေ့မှ စတင် ရေလွှမ်းခံရခြင်းကြောင့် ကဝမြို့နယ်အတွင်းရှိ ရွာ ၁၃၆ ရွာအနက် ၄၅ ရွာ ရေလွှမ်းခံရ ကာ လယ်မြေ ဧကပေါင်း ၃ဝ,ဝဝဝ ကျော် ပျက်စီးသွားသည်ဟု ခန့်မှန်းရကြောင်း ရေဘေးသင့် ဒုက္ခသည်များကို အကူအညီ ပေး နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) မှ ပဲခူးခရိုင် ကော်မတီဝင် ဦးတင့်လွင် က ပြောသည်။

Read More...

‘Burmese Shadows’ စာအုပ် မိတ်ဆက်ပွဲ ဘန်ကောက်တွင် လုပ်မည်

သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

ဝါရင့် သတင်းစာဆရာ Thierry Falise ရေးသားထားသော Burmese Shadows ဟု အမည်ရသည့် မြန်မာပြည် အကြောင်း စာအုပ် မိတ်ဆက်ပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက် များ ကလပ်၌ စက်တင်္ဘာလ ၆ ရက်နေတွင် ကျင်းပမည် ဖြစ်သည်။

ဘယ်လ်ဂျီယံ ဇာတိဖြစ်သူ Falise သည် မြန်မာ့အရေးတွင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနှင့် ဒုက္ခသည်
ရေးရာ များတွင် အထူးလေ့လာထားသူ ဖြစ်သည်။

သူသည် ၁၉၉၁ ခုနှစ် ကတည်းက ဘန်ကောက်မြို့တွင် အခြေချ နေထိုင်ခဲ့ပြီး AP ၊ Times ၊ Newsweek ၊ New York Times The Sunday Express၊ The Sunday Times၊ Far Eastern Economic Review ၊ South China
Morning Post ၊ Asiaweek ၊ L’Express ၊ Le Point ၊Le Monde ၊ Marie Claire ၊ Der Spiegel ၊ Die Welt အပါအဝင် သတင်းစာ ဂျာနယ် များစွာအတွက် သတင်းများ ရေးသားပေးပို့နေသူ ဖြစ်သည်။ ဓါတ်ပုံ အေဂျင်စီ နှစ်ခုဖြစ်သည့် ပဲရစ် ရှိ Gamma နှင့် ဘန်ကောက်အခြေစိုက် OnAsia တို့ကို ကိုယ်စားပြု၍လည်း လုပ်ကိုင်နေသူ ဖြစ်သည်။

သူ၏ အခြား လက်ရာတခုမှာ ပြင်သစ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ Le Jasmin ou la Lune စာအုပ် ဖြစ်သည်။ သူသည် ၂ဝ၁ဝ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသည့် လူမျိုးစု ပြဿနာများ အကြောင်းကို ဥရောပ ပါလီမန်တွင် ထွက်ဆိုပေးခဲ့ဖူးသည်။

ယခု ထုတ်ဝေမည့် စာအုပ်မှာ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဖြစ်စဉ်များကို အခြေခံ ရေးသားထားပြီး ယခု ကြုံတွေ့နေသည့် အပြောင်းအလဲ ဖြစ်စဉ်များနှင့် ပြည်သူများအပေါ် အကျိုးသက်ရောက်မှုကိုလည်း သရုပ်ဖော် ရေးသားထား သည်။
အရှိအတိုင်းဖြစ်သည့် သရုပ်မှန် အဖြစ်အပျက်များအား ရိုးရိုးရှင်းရှင်း အခိုက်အတန့်များနှင့် ယှဉ်တွဲကာ ပေါ်လွင်အောင် ဖော်ပြ ထားပြီး ပြည်သူများ၏ သတ္တိနှင့် စိတ်ဓါတ် အတိမ်အနက် ကိုလည်း ထုတ်ဖော်ရေးသားထားသည်။

ထို့ပြင် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် ဓါတ်ပုံများတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ တိုင်းရင်းသား တပ်ဖွဲ့ခေါင်း ဆောင်များ၏ ခံစားချက်များ ထပ်ဟပ်နေသည့်အပြင် အစိုးရစစ်တပ်က တွေ့သည်နှင့် ပစ်ခတ်နိုင်သည့် မူဝါဒ ကျင့်သုံးနေခဲ့သော ဒေသများတွင် စွန့်စွန့်စားစား လုပ်ကိုင်နေသည့် လူမှုကူညီရေး လုပ်သားများ၏ စိတ်ဓါတ်များ၊ တောတွင်း စာသင်ကျောင်းများ၏ ပုံရိပ်များနှင့် မြန်မာ့ လူ့အဖွဲ့အစည်းတွင် ဗုဒ္ဓဝါဒက အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်နေကြောင်းလည်း ပုံရိပ်များတွင် ထင် ဟပ်နေပေသည်။

စာအုပ်ဖွင့်ပွဲတွင် Falise က သူ၏ စာအုပ်အကြောင်း အကျဉ်းချုပ် တင်ဆက်မည် ဖြစ်ပြီး ထို့နောက်တွင် အမေးအဖြေ ကဏ္ဍ လည်း ပါဝင်မည်ဖြစ်ကာ ထုတ်ဝေသူ McNidder & Grace စာအုပ်တိုက်မှ Burmese Shadows စာအုပ်များအား
လျှော့ ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

တွဲဘက်ဓါတ်ပုံပြပွဲကိုလည်း စက်တင်္ဘာလထဲတွင်ပင် ပြုလုပ်သွားမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ရခိုင်ပြည် ပဋိပက္ခနှင့် ပတ်သက်သည့် သမ္မတ သဝဏ်လွှာ ကန့်ကွက်ခံရ

မျိုးသန့်
သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်တွင် ကြာသပတေးနေ့က ဖတ်ကြားရန် စီစဉ်ထားခဲ့သော်လည်း သဝဏ်လွှာနှင့်အတူပါရှိသည့် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် မှတ်တမ်းတွင် ရခိုင်အမျိုးသားများကို အကြမ်းဖက်လုပ်ဆောင်နေဟန် စွပ်စွဲချက်ကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က သဘောမတူကြောင်း ကန့်ကွက်သဖြင့် ပျက်ပြားသွားခဲ့သည်။

မဇ္ဈိမက လက်ခံရရှိထားသော မှတ်တမ်းမိတ္တူတွင် အသေအပျောက်ရှိခဲ့သော လူမှုအဖွဲ့ ပဋိပက္ခကြီးနှင့် ပတ်သက်၍ ရခိုင်နှင့် ဘင်္ဂါလီများအပေါ် သုံးသပ်ချက်များနှင့် အစ္စလာမ် အစွန်းရောက်ဝါဒကို တိုက်ဖျက်ပြီး လူသားဝါဒ ထွန်းကား စေလိုသော သမ္မတ ဦးသိန်းစိန်၏ ဆန္ဒကိုလည်း ရေရှည်အစီအမံများအဖြစ် တွေ့ရသည်။

အငြင်းပွားစရာ ဖြစ်ခဲ့သော သုံးသပ်ချက်အနက် "ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဟူသော" ခေါင်းစဉ်အောက်တွင် စုစုပေါင်း အချက်ကိုးချက် ပါရှိသည့်အနက် ပဋိပက္ခကြောင့် နှစ်ဘက်လုံးတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားလျှက်ရှိပြီး အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်ဆိုသော အချက်မှတပါး ကျန်အချက်များကို အတိုက်အခံ ရခိုင်ပါတီမှ အမတ် ၁၄ ဦးက သဘောမကျခြင်း ဖြစ်သည်။

"နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။" ဟု ဖော်ပြထားသလို "ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန် အဆက်မပြတ် ကြံစည်လုပ်ဆောင်လျှက်ရှိသည်"ဟု စွပ်စွဲထားသည်။

"အချင်းချင်း တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းဆိုတာ အင်မတန် မြင့်မားတဲ့ စွပ်စွဲချက်ဗျ။ ကျနော်တို့မှာ အကြမ်းဖက်လိုစိတ် လုံးဝမရှိပါဘူး။ အဲဒါကို အကြမ်းဖက်ရန် ကြံစည်နေတယ်ဆိုတော့ ကျနော်တို့ကို အကြမ်းဖက်သမားအဖြစ် အပြစ်တင်နေတော့ ကျနော်တို့က ဘယ်လိုလုပ်ခံနိုင်မလဲ။ ကျနော်တို့က အကြမ်းဖက်သမားလား။ အစဉ်အလာကော ရှိလား။" ဟု RNDP ပါတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

သုံးသပ်ချက်တွင် နိုင်ငံသားဖြစ်မှု ဥပဒေအရ ရိုဟင်ဂျာဟုလည်း အသိများသော ဘင်္ဂါလီမူဆလင်များ နိုင်ငံသား ဖြစ်နိုင်သည့် အခြေအနေကိုလည်း နားလည် လက်ခံနိုင်ခြင်း မရှိဟု ပါရှိသည်။

ထို့အပြင် ရခိုင်စီးပွားရေး လုပ်ငန်းရှင်အချို့က ပဋိပက္ခကို အခွင့်ကောင်းယူကာ ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းကို အချောင်ယူ ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသည်။

လူဝင်မှုကြီးကြပ်ရေး အရာရှိများ အဂတိလိုက်ကာ ဘင်္ဂါလီများ ခိုးဝင်နေမှုကို ထိရောက်စွာ တားဆီးခြင်းမရှိဟု ရခိုင် အများက စွပ်စွဲသည်ကိုလည်း ထဲ့သွင်းဖော်ပြထားသလို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အန်ဂျီအိုများကို အငြိုးထားကာဒေသတွင် မနေရဲအောင် လုပ်ကိုင်လာသည်ဟု ပါရှိသည်။

ထို့အပြင် အာဏာရ ကြံ့ခိုင်ရေးပါတီက မဲရရေးအတွက် ဥပဒေကို မျက်ကွယ်ပြုပြီး ဘင်္ဂါလီများအပေါ် မသင့်မလျော် ဆောင်ရွက် ပေးကြောင်း စွပ်စွဲခြင်းကိုလည်း ဖော်ပြထားသည်။

မှတ်တမ်းအရ မေ ၂၈ ရက်မှ သြဂုတ် ၈ ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင်းရှိ မြို့ရှစ်မြို့နယ်တွင် ဆူပူအကြမ်းဖက်မှု များ ကြောင့် ၈၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၂၀ ရှိခဲ့သည်ဟု သိရသည်။ ဒုက္ခသည်စခန်း ၅၃ ခုတွင် ခြောက်သောင်း တ ထောင်ကျော်ကို စောင့်ရှောက်ထားရကာ အများစုမှာ ဘင်္ဂါလီများ ဖြစ်သည်။

သုံးသပ်ချက်တွင် ဘင်္ဂါလီများနှင့် ပတ်သက်၍ ဘာသာရေး အစွန်းရောက်နှင့် သာမန်လူများ ကွာခြားမှုကို အသိအမှတ်ပြုထားပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်းဖြစ်သော အမျိုးသမီးနှင့် ကလေးများ၏ အသက်မွေးဝမ်းကျောင်းမှု ခက်ခဲမှုကို ဖော်ပြထားသည်။

အစွန်းရောက် ဘင်္ဂါလီခေါင်းဆောင်များက ဘာသာရေးမှိုင်းသွတ်သွင်း၍ အပြစ်မဲ့သူများကိုဗန်းပြကာ အစ္စလာမ်နိုင်ငံများနှင့် အစွန်း ရောက် အစ္စလာမ် အဖွဲ့အစည်းများထံမှ အလှူခံစားလျက်ရှိသည်ဟု ပါရှိသည်။

"ဒုက္ခဆင်းရဲမှု အခြေအနေကို ဗန်းပြ၍ နိုင်ငံတကာ၏ အမြင်တွင် လူသားချင်းစာနာမှုရှု့ထောင့်မှ အသာစီးရရန် ကြိုးစားလျက် ရှိသည်။" ဟု စွပ်စွဲထားသည်။

ငြိမ်းချမ်းသာယာရေးအတွက် အစိုးရဘက်က ဆောင်ရွက်နေသော လတ်တလောနှင့် ရေရှည်ဖြေရှင်းချက်များကိုလည်း ဖော်ပြ ထားပါသေးသည်။

နှစ်ဘက်ကိုယ်စားလှယ်များပါသော လူဝင်မှုစာရင်းမှန် ရရှိရေးဆောင်ရွက်ခြင်း၊ လုံခြုံရေးတိုးမြှင့်ကာ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသို့ သာမက သတင်းအမှန်များ ထုတ်ပြန်ပေး ခြင်းတို့မှာ လတ်တလောလုပ်ငန်းများတွင် ပါဝင်သည်။

ရေရှည်အစီအမံများအနက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတလျောက် ကွန်ကရစ်ပတ်လမ်းများ တည်ဆောက်ရေး၊ လူမျိုးစုများ၏ ထိတွေ့မှုနှင့် ရင့်ကျက်မှုကို ပျိုးထောင်ပေးခြင်း၊ စစ်တွေမြို့ပြ စီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် စစ်တွေ-မောင်တော မြစ်ကူးတံတား တည်ဆောက်ရေးတို့ ပါဝင်သလို ဘင်္ဂါလီများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အသိပညာ ဗဟု သုတ မြှင့်တင်ပေးကာ ပိုမိုပွင်လင်းသော လူ့အဖွဲ့အစည်း ဖြစ်လာအောင် ကူညီပေးခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး ရေးများ လုပ်ရန်တို့ ပါဝင်သည်။

ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား မြေယာခွဲဝေမှု အငြင်းပွားမှု မရှိအောင် ဆောင်ရွက်ရေးနှင့် စီးပွားရေး ဘက်တွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင် ပူးပေါင်းဆောင်ရွက်ရေး စီမံထားကြောင်း ပါရှိသည်။

သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများကို အကောင်အထည် ဖော်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးအောင်လုပ်ဆောင်မည်ဟု ပါရှိသည်။

အစ္စလာလမ်ဘာသာရေး အစွန်းရောက် အရင်းအမြစ်များကို ရှင်းလင်းသွားမည်ဟု ဆိုထားပြီး အစွန်းရောက် အစ္စလာမ်ဝါဒီတို့၏ အခြေခံနယ်မြေဖြစ်သော မောင်တောတွင် "အဆမတန်များပြားနေသော ပလီများ၊ အာရဗီကျောင်းများနှင့် မော်လဝီဆရာများ လျော့ချရေး"ကို ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ဘင်္ဂါလီများအကြား လူဦးရေ အလွန်အကျွံ တိုးပွားမှုအပေါ် ကိုင်တွယ်သွားမှာဖြစ်သလို မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို လေးစား ဂုဏ်ယူလာစေရန် ဆောင်ရွက်မည်ဟုဆိုသည်။

Ref: မဇ္ဈိမ

Read More...

လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်အစည်းအဝေးဖျက်၍ သမ္မတနှင့်တွေ့

မျိုးသန့်
သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ကြာသပတေးနေ့တွင် ဆွေးနွေးရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်း၍ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေး နွေးလျက်ရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

ဆွေးနွေးမှုမှာ နံနက် ၁ဝ နာရီက စတင်ပြီး နံနက် ၁၁း၃ဝ အချိန်အထိ မပြီးပြတ်သေးဟုလည်း သတင်းရပ်ကွက်က ဆိုသည်။

Read More...

Thursday, August 23, 2012

ရသေ့တောင်မြို့တွင် မေယုမြစ်ဝှမ်း ညီလာခံကျင်းပရေး ပင်မကော်မတီဖွဲ့စည်း

2012-08-22

မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ဒေသခံ ခေါင်းဆောင်တွေဟာ ရသေ့တောင်မြို့မှာ စုဝေးပြီး မေယုမြစ်ဝှမ်း ညီလာခံလို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို များမကြာခင် ကျင်းပနိုင်ရေးအတွက် ရသေ့ တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့် ကျောင်းတိုက်မှာ သြဂုတ်လ ၂၂ ရက် မနေ့က နေ့လည်ပိုင်းက မြို့မိမြို့ဖတွေ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

2012-08-22

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ထွေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ဟာ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း ပြောပေမယ့် ဘာတွေ ပြောဆို ဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့ ဗိုလ်မှူးကြီး ဇော်ထွေးက မပြောပါဘူး။

အနှစ် ၅၀ လောက် စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဓိကကျတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ စုစုပေါင်း ၃ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ နောက်ဆုံး တွေ့ဆုံခဲ့တာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီ တုန်းကလည်း ဆွေးနွေးမှု အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

Ref: အာရ်အဖ်အေ

Read More...

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု အာဏာပိုင်က တားဆီးပိတ်ပင်

2012-08-22

စစ်ကိုင်းတိုင်း မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင် ကနေ (၄) မိုင်ခွဲ လောက် ဝေးတဲ့ ဆားလင်းကြီးမြို့ကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ အာဏာ ပိုင်တွေရဲ့ တားဆီးပိတ်ပင် ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတွေဟာ ဆားလင်းကြီးမြို့အနီး ဒူးထောက်ကျေးရွာ အရောက်မှာ ဆက်မသွားဖို့ တားမြစ်ခံရတာလို့ အဲဒီ ဒေသခံတွေအရေး ၀င်ရောက် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဟန်ဝင်းအောင်က RFA ကို ပြောပါတယ်။

ချီတက်လာတဲ့ လူထုကို အာဏာပိုင်တွေက ဟန့်တားပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဆွေးနွေးမယ် အကြောင်းပြပြီး ကျေးရွာ အသီးသီးက ကိုယ်စားလှယ်တွေ ရွေးချယ် ခေါ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ရောက်တဲ့ အခါမှာတော့ တစုံတရာ မဆွေးနွေးခဲ့တာကြောင့် ကျေးရွာ ကိုယ်စားလှယ်တွေ အပါအ၀င် ချီတက်သူအားလုံး ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ကတော့ လက်ပန်းတောင်းတောင် စီမံကိန်း ပြန်စမယ်ဆိုပြီး အာဏာပိုင်တွေဘက်က လုံခြုံရေး အယောက် (၁၀၀) လောက် နဲ့ မီးသတ်ကား တစ်စီး လာရောက် နေရာ ယူထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစီမံကိန်းကို မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေ တာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဗောက်စ်ဝက်ဂွန်နဲ့ ကိုးရီယား ကားကုမ္ပဏီ မြန်မာ့ဈေးကွက် ရှာဖွေနေ

2012-08-22

ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကားအရောင်းဋ္ဌာန ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ဒေသတွင်း တွဲဖက် လုပ်ကိုင်မယ့်သူကို ရှာဖွေနေကြောင်း Asia News Network သတင်းမှာ ဖော်ပြပါတယ်။

ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းမှာ အရောင်းဋ္ဌာန ဖွင့်လှစ်ဖို့အတွက် ထိပ်တန်း မြန်မာစီးပွားရေး လုပ်ငန်း ရှင်တွေနဲ့ ဆွေးနွေးနေပြီး မြန်မာနိုင်ငံအတွင်းမှာ စူပါ မာ့ကက်ကြီးတွေ၊ Shopping Center ကြီးတွေ၊ ကားအရောင်းပြခန်း တွေနဲ့ နိုင်ငံခြား သွင်းကုန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတချို့ဟာ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင် ရွက် ဖို့ အလားအလာ ရှိတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Read More...

ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ

2012-08-22

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကာယကံရှင် ကိုချစ်မိုးက-

"ကျွန်တော့်ကို လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့် အမေကို ဆွဲချလိုက် တော့ ကျွန်တော့်အမေ အောက်ကလဲသွားတဲ့ အချိန် ကျွန်တော်ကနေပြီးတော့ အမေ့ကို မလုပ်နဲ့ဆိုပြီးတော့ ကျွန်တော်က ဖယ် လိုက်တော့ သူကနေပြီး ကျွန်တော့်ကို ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ မြေကြီးထဲကို ခြေဆင်းခိုင်းတယ်။ ခြေမဆင်းလို့ဆိုပြီး ခြေထောက်ကို ဖနောင့်နဲ့ ပေါက်တာ။ ကျွန်တော့် နောက်ကျောတွေရော ကန်တယ်။ နားအုံတွေလည်း ရိုက် တယ်။ ခေါင်းတွေရော၊ ဆံပင်ဆွဲဆောင့်ပြီး မြေကြီးထဲမှာ ခေါင်းကို နှိမ်ထားတယ်။ ပြူတင်းပေါက်က တိုင်နဲ့ ကျွန်တော့်ခေါင်းကို ချတယ်။ နံတွေလည်း သူ့ဘွတ်ဖိနပ်နဲ့ ကျွန်တော့်ကို ကန်တယ်"

သူ့ကို ဖမ်းဆီးနှိပ်စက်နေချိန်မှာ မန္တလေးအခြေစိုက် သတင်း မီဒီယာသမားတွေ ရောက်လာတဲ့အတွက် အာဏာပိုင်တွေက လက် ထိပ်ဖြုတ်ပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် သက်သာရာ ရသွားခဲ့တယ်လို့ ကိုချစ်မိုးက ပြောပါတယ်။

မနေ့က အဓမ္မ ၀င်ရောက်စီးနင်းပြီး ရိုက်နက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူ (၇) ဦးဟာ မန္တလေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ကုသမှု ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ လူနာ ၆ ဦးက ညတွင်းချင်း ဆေးရုံ ဆင်းလာခဲ့ရပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကတော့ ဆက်လက်ကုသမှု ခံယူနေရဆဲပဲလို့ သိရပါတယ်။

သေနတ်နဲ့ အရိုက်ခံရတာကြောင့် သတိမေ့မျောသွားတဲ့ နှလုံးရောဂါသည် ဒေါ်ခင်အုန်းမြင့်ဆိုသူ အမျိုးသမီးကတော့ ဆေးကုသဖို့ စရိတ် မတတ်နိုင်တာကြောင့် မနေ့က ဆေးရုံမတက်ခဲ့ရပေမယ့် ဒီကနေ့မှာတော့ ရပ်ကွက်က ကူညီလှူဒါန်းတဲ့ စရိတ်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

မနေ့ က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကြောင့် ရပ်ကွက်သားတွေဟာ အချိန်မတော် ၀င်ရောက် အကြမ်းဖက်စီးနင်းခံရမှာ စိုးရိမ် ထိန့်လန့်နေကြတဲ့အတွက် ညလုံးပေါက် မအိပ်ခဲ့ကြဘူးလို့ ရပ်ကွက်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"နောက်တခေါက်ဝင်မယ်။ နောက်တခေါက် ဒီလိုဖြစ်ဦးမယ် ဆိုတော့ ကျွန်တော်တို့အားလုံး တအားကို စိုးရိမ်နေကြပါတယ်။ အကုန်လုံးကလည်း မအိပ်ရဘူး။ ကလေး လူကြီးကအစ ဒီလမ်းပေါ်မှာ နေနေရတယ်။ ကိုယ့်အိမ်ထဲကို ဝင်မအိပ်ရဲလောက် အောင်ကို ဖြစ်နေရတယ်"

မြရည်နန္ဒာရပ်ကွက်ကို လုံခြုံရေး ရဲတပ်ဖွဲ့တွေ ဒီကနေ့ ထပ်မံ လာရောက်စီးနင်းဖို့ ရှိတယ်လို့ မန္တလေးမြို့မှာ မနက်ပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမယ့် ညနေ (၅) နာရီအထိ လာရောက်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ

2012-08-22

လယ်ယာမြေ သိမ်းခံထားရတဲ့ လယ်သမားကြီး ၆၀၀ ခန့် ဒီလ ၂၇ ရက်ကျရင် ပြည်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့  ၁၉ ရက်နေ့က လျှောက်ထားခဲ့တာကို ငြင်းပယ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မနေ့ညက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်မယ့် သူလည်းဖြစ် ခွင့်ပြုမိန့် လျှောက်ထားသူ တစ်ဦးလည်းဖြစ်သူ ကိုရဲထင်ကျော်က အမိန့်စာ ရရှိပုံကို အခုလို ပြောပြပါတယ်။

Read More...

မြေယာ ပြဿနာဖြေရှင်းရေး NDF ဆွေးနွေးပွဲကျင်းပ

2012-08-22

မြန်မာနိုင်ငံတ၀ှမ်းက လယ်မြေ သိမ်းယူခံထားရတဲ့ တောင်သူ လယ်သမားများအတွက် နေပြည်တော် လွှတ်တော်မှာ ဖွဲ့စည်း ထားတဲ့ မြေယာ ပြဿနာ ဖြေရှင်းရေး ကော်မရှင်ကို ကူညီတင်ပြပေးဖို့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် (၂၀၀) နီးပါး လောက် ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပွဲ ကျင်းခဲ့ပါတယ်။

သိမ်းယူခံထားရပြီးနောက် အကောင်အထည် မဖော်နိုင်တဲ့ စီမံကိန်းတွေ၊ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အားလုံးကို လွှတ် တော်မှာ တင်ပြနိုင်ဖို့ ဒီဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆွေးနွေးပွဲမှာ RFA ကို ပြောကြားခဲ့ပါတယ်။

"တပ်ရင်း တပ်ဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ စက်ရုံတွေကနေပြီးတော့ကာ တကယ်တမ်း သိမ်းထားပြီးတော့ တကယ် အလုပ်မလုပ်ပဲနဲ့ ပြည်သူ့အခွင့်အရေး ဆုံးရှူံးနေတာကို ဖော်ထုတ်ပြီးတော့ ကော်မရှင်သိအောင် ပြောကြားဖို့အတွက် ဒီနေ့ပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်"

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်စတဲ့ ပြည်နယ်နဲ့တိုင်း ဒေသ အသီးသီးက NDF ပါတီဝင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း သတင်း ရယူခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

2012-08-22

မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင် တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

Read More...

ပူပန်မှု ရှိသော်လည်း အိန္ဒိယရှိ မြန်မာ ရဟန်းတော်များ အေးချမ်းစွာ ပညာသင်ကြားနိုင်

နေမျိုး
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

အိန္ဒိယနိုင်ငံတဝှမ်းတွင် ထွက်ပေါ်လျက်ရှိသော လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက် သည့် ကောလာဟလ သတင်းများကြောင့် ဗုဒ္ဓဂါယာနှင့် ဗာရာဏသီမြို့များရှိ မြန်မာ စာသင်သား ရဟန်းတော်များ အနေဖြင့် အနည်းငယ် စိတ်ပူပန်ခဲ့သော်လည်း အေးချမ်း စွာပင် စာပေသင်ကြား လျက်ရှိကြောင်း သိရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများကြောင့် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြား နေ သော ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များအကြား စိုးရိမ်ကြောင့်ကြမှု အနည်းငယ် ဖြစ်ပွားခဲ့ရကြောင်း ဥတ္တရ ပရာဒေ့ရှ် UP ပြည်နယ် ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် BHU တွင် တက်ရောက်နေသည့် ဦးနိပုဏလင်္ကာရ က မိန့်ကြားသည်။

Read More...

အမေရိကန် လုပ်ငန်းရှင်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စောင့်မျှော်

နေလင်းအောင်
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေကြေကြာင်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များက သြဂုတ်လ တတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်စဉ် ပြောကြားသွားသည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကျနော်တို့ အတွက်လည်း အရမ်းအရေးကြီးပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံလိုတဲ့ ကျနော်တို့ ကုမ္ပဏီတွေ အနေနဲ့လည်း ဘယ်လောက် အတိုင်းအတာထိ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုမယ်ဆိုတာ သိနိုင်မှာပါ” ဟု အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မစ္စတာ စီအေ မွန်ခမ် က ပြောသည်။

Read More...

တရုတ်အစိုးရ ဖိအားကြောင့် စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေ

ဖနိဒါ
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

တရုတ်အာဏာပိုင်များ၏ စေခိုင်းချက်အရ တရုတ်နိုင်ငံ နောင်တောင်းခရိုင်၊ ရွှေလီမြို့နယ် အတွင်း ခိုလှုံနေသော ကချင်စစ်ပြေး ဒုက္ခသည်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းသို့ စတင်၍ ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံများက ပြောသည်။

နောင်တောင်းခရိုင်အတွင်း ဒုက္ခသည်စခန်း ခြောက်ခုမှ လူဦးရေ ၄,ဝဝဝ ကျော် ရှိရာ ပထမဆုံး အသုတ်အဖြစ် အိမ်ထောင်စု ၁၅ဝ ကျော်မှ လူ ၆ဝဝ ကျော်မှာ KIO ၏ တပ်မဟာ ၃ နယ်မြေ လနာဇွပ် Lana Zup ဒုက္ခသည်စခန်းသို့ ဗုဒ္ဓဟူးနေ့တွင် စတင်ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

Read More...

ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီး

လင်းကိုကိုထက်
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

မြန်မာ ပန်းချီ၊ ပန်းပု အနုပညာရှင် ၇၀၀ နီးပါးရဲ့ လက်ရာတွေကို တစုတစည်းနဲ့ ကြည့်ရှု ခံစားနိုင်မယ့် ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လာမယ့် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ တပ်မတော် ခန်းမ မှာ ကျင်းပမယ်လို့ သိရပါတယ်။

ပြပွဲရက် အတိအကျ မသတ်မှတ်ရသေးပေမယ့် ငါးရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့ ဒီပြပွဲမှာ အနုပညာရှင်တွေ အနေနဲ့ ကိုယ်ဖန်တီးချင်တဲ့ လက်ရာတွေကို အရွယ်အစား ကန့်သတ်ချက် မရှိဘဲ ဖန်တီးခွင့်ရှိပြီး ဝယ်သူရှိရင် ရောင်းချ နိုင်ပါတယ် လို့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးနီပိုဦး က ပြောပါတယ်။

Read More...

အပေါ်သို့