Monday, April 12, 2010

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

ဧပြီ ၁၁၊ ၂၀၁၀

ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေရဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး

မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ အလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာ မလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

အဲသည်နောက်မှာ မိုးမခမှာ မောင်ရစ်က မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ သဘောထားဟာ တထပ်တည်း ကျတယ်။ လူထုရဲ့ သဘောထားကို ထင်ဟပ်တယ်။ အဲသည် မတ် ၂၉ ဆုံးဖြတ်ချက်ဟာ ဦးဝင်းတင် ပြောသလို မြန်မာပြည် ဒီမိုကရေစီရေး အတွက် အောင်ပွဲတခု ဖြစ်တယ်လို့ ဆိုတာကို ကောက်နုတ်တယ်။ ပြီးတော့ ဒေါ်စု၊ ပါတီ၊ ပါတီဝင်နဲ့ ပြည်သူတွေရဲ့ အများစုဆန္ဒကို ကြားထဲကနေပြီး ၀င်နှောက်နေစရာ၊ သံသယ သွေးထိုးစကားတွေ ပြောနေစရာ မလိုဘူး ဆိုပြီး ဆောင်းပါးက ရေးထားပါသေးတယ်။

နောက် မိုးမခမှာပဲ နောက်ဆောင်းပါးတခုမှာ (မိုက်ခဲစိန်) က အင်န်အယ်ဒီပါတီရဲ့ ပြည်သူလူထုထံ ပြန်ကြားချက် ( အနှစ် ၂၀ လုံးလုံး ဒီမိုကရေစီရေးကို စွန့်လွှတ်အနစ်နာခံပြီး ဆောင်ရွက်ခဲ့ကြတဲ့ အင်န်အယ်ဒီ ပါတီဟာ ပြည်သူလူထုကို တောင်းပန်ပါတယ် ဆိုတဲ့စာ) ကို ပြန်ပြီး သုံးသပ်ပြရာမှာ အင်န်အယ်ဒီ ပါတီဟာ စစ်အစိုးရ ကမ်းလှမ်းခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲလမ်းကြောင်းကို လက်ခံပြီး စစ်အစိုးရရဲ့ စကားအတိုင်း ရွေးကောက်ပွဲဝင်ခဲ့တယ်၊ အနိုင်ရတဲ့နောက်ပိုင်းမှာလည်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အမြဲကြိုးစားတယ်။ အနှစ် ၂၀ လုံးလုံး မှာ စစ်အစိုးရချပေးတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းဟာ မအောင်မြင်တဲ့ လမ်းကြောင်း၊ ဆုံးရှုံးနစ်နာမှုနဲ့ ထိခိုက်ပျက်စီးစေတဲ့ ငရဲလမ်းကြောင်းပဲ ဖြစ်တယ်ဆိုတာကို အင်န်အယ်ဒီက မီးမောင်းထိုးပြပြီးတော့ သတ္တိရှိရှိနဲ့ စစ်အစိုးရရဲ့ ငရဲလမ်းကြောင်းကနေ လမ်းခွဲ လိုက်တာဖြစ်လို့ တောင်းပန်နေစရာ မလိုပါလို့ ဆိုထားခဲ့ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၁ - ၄ - ၁၀ )

ဒေါ်အောင်ဆန်းစုကြည် ဆေးကုသမှု ခံယူ သတင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ် သတင်း
မွန်ပြည်သစ် ပြည်သူ့စစ်အသွင်ပြောင်းရေး သင်္ကြန်လွန်မှ ညှိနှိုင်းမည် သတင်း
ထောင်ကျ ဗကသ ခေါင်းဆောင်းနှစ်ဦး ဆေးဝါးကုသမှု လိုအပ် သတင်း
မြန်မာစစ်အစိုးရ အိန္ဒိယထံ စစ်ရေးအကူအညီ တောင်း သတင်း
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ဂျပန်၌ စတင် သတင်း
ပင်လုံဒေသခံစာရင်း အာဏာပိုင်များ လိုက်ကောက်နေ သတင်း
ရွေးကောက်ပွဲအပေါ် အမြင်နှစ်မျိုးနှင့် မဲပေးသူများ ဘယ်အရာရွေးမည်နည်း သတင်း
ကရင်ပြည်သူ့ပါတီနှင့် ဆက်သွယ်မေးမြန်းချက် သတင်း
နိုင်ငံရေးပါတီ (၁၉) ခုအနက် တအာန်း (ပလောင်) ပါတီလည်း မှတ်ပုံတင် သတင်း
သီရိမင်္ဂလာဈေးအား ရွှေ့ပြောင်းရန် အစီအစဉ်မရှိဟု သက်ဆိုင်တို့ ငြင်းဆိုချက် မှားယွင်းပြီ သတင်း
သင်္ကြန်တွင် လည်ပတ်မည့် Club အဖွဲ့များ ၀န်ခံလက်မှတ် ရေးထိုးရ သတင်း
အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ (အင်တာဗျူး)
လမ်းပေါ်တိုက်ခိုက်မှုတွေမှာ (၁၈) ယောက်သေ၊ ရာကျော် ထိခိုက် သတင်း
ရှပ်နီဝတ်များနှင့် ထိုင်းစစ်တပ်တို့ တိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး (၁၉) ဦး သေဆုံး သတင်း
ဘန်ကောက်ဆန္ဒပြပွဲ သေကြေမှုနဲ့ ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေများ သတင်း
ရုရှားတွင် လေယာဉ်ပျက်ကျရာမှ ပိုလန်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်များ သေကြေမှု သတင်း
ပိုလန်လူထု ကွယ်လွန်ခေါင်းဆောင်တွေအတွက် ၀မ်းနည်းကြေကွဲ သတင်း
အာရီဇိုးနားက သန်းခေါင်းစာရင်း လှုပ်ရှားမှု၊ နယူးယောက်က မြန်မာ့အရေး ရန်ပုံငွေပွဲ သတင်း

Sunday, April 11, 2010

သိစပ်မြင်နှံ့ မြန်မာ့ ပညာတတ် အသင်းကြီး

ဘိုဘိုလန်းစင်
Saturday, April 10, 2010

(၁)

လန်ဒန်ရှိ မြန်မာမိတ်ဆွေတဦးအိမ်တွင် မြန်မာနိုင်ငံ သုတေသနအသင်း ရွှေရတုအထူး စာစောင်တအုပ် ကောက်လှန်ရာမှ စာရွက်တိုလေးတစ ထွက်ကျလာပါသည်။

၁၉၈၁ က လန်ဒန်အရှေ့တိုင်းနှင့် အာဖရိက ပညာရပ်များကျောင်းမှ မြန်မာစာ ကထိက အန္နာအဲလော့(OBE) က မြန်မာနိုင်ငံ သုတေသန အသင်းနှင့် စပ်လျဉ်းပြီး မေးမြန်းစာကို ယခု မြန်မာ စစ်အစိုးရခေတ် အဏုမြူ ဖခင်ကြီး ဦးသိန်းဦးဘိုးစော က စက်မှု(၁) ဝန်ကြီးဌာန သုတေသနဌာန ကနေ၍ ပြန်ကြားစာ ဖြစ်နေသည်။ ဖျက်သိမ်းပြီး သုတေသန အသင်းနှင့် စပ်လျဉ်းသည့် နောက်ဆက် တွဲကိစ္စ အဝဝကို ထိုသုတေသန ဌာနက ဆက်ပြီး တာဝန်ယူမည် ဟူပါသတတ်။ ဤကား အနှစ် ၇၀တိုင် စခန်းကြီးခဲ့သော သုခမိန် အသင်းတသင်း၏ ဇာတ်သိမ်းလည်း ဖြစ်ပါသည်။ အသင်းဖခင် သတိုးသီရိသုဓမ္မ ဖာနီဗယ်နှင့် ဆရာလုစ် စသည့် မျက်နှာဖြူ ဆရာကြီး များကို မရှုစိမ့်၍ သမ္မတကြီး ဦးနေဝင်းက ဖျက်ခိုင်းသည်ဆိုသော ပါးစပ်ပုံပြင် အသေးစိတ်ကို ဆရာဦးသော်ကောင်းတို့ မောင်နှမ၊ ပါမောက္ခ ဒေါက်တာ ခင်မောင်ကြည် စသည့် လူကြီးများကို မေးသင့်ပါသည်။

လန်ဒန်ကျောင်း ပိဋကတ်တိုက်တွင် ထုတ်ဝေဆဲ ယိုးဒယားအသင်း ဂျာနယ်များကို တွေ့လျှင် Burma Research Society ၏ မူလ ကျေးဇူးရှင် ခွန်ဖရဲဆွန်ဆာလရက် ခေါ် မြန်မာအမျိုးသား ဦးအောင်သိန်းကို အမှတ်ရပါသည်။ ယိုးဒယား အသင်း၏ အကျိုးဆောင် လက်ထောက် အတွင်းရေးမှူး လုပ်ရင်း အသင်းဂျာနယ်ကို ဆရာဟောင်း ဦးထွန်းငြိမ်း (စာတော်ပြန်ဝန်ထောက်) ဆီသို့ ပို့ပေးရာ မစ္စတာ ဖာနီဗယ်က တောင်းယူပြီး စိတ်ဝင်စားတန်ရာသော ပုဂ္ဂိုလ်များကို လှည့်လည်ပြသ စည်းရုံးရာမှ မြန်မာ အသင်း သန္ဓေတည်ခဲ့ပါ၏။


Read More...

နေ့စဉ်သတင်းများ ( ၁၀ - ၄ - ၁၀ )

ဝ တောင်းဆိုချက်အသစ် နအဖ ကိုယ်စားလှယ် ပယ်ချ သတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဆေးစစ်မှု ခံယူ သတင်း
နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့် NLD တွေ့ဆုံ သတင်း
NLD မှတ်ပုံမတင်တဲ့ကိစ္စ လူငယ်တာဝန်ခံတွေ လိုက်လံရှင်း ပြ သတင်း
NLD ပန်ကြားလွှာ ဘိုကလေးနယ်မှာ ထပ်ဆင့်ဖြန့်ဝေ သတင်း
မှတ်ပုံတင်တဲ့ ပါတီတွေ အခက်အခဲရှိနေ သတင်း
ကြံ့ဖွံ့ထံမှ ငွေမယူဟု ခေတ်သစ်ပြည်သူ့ပါတီ ငြင်းဆို သတင်း
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ဝတ္ထု ဂျပန် နိုင်ငံမှာ ထုတ်ဝေ သတင်း
ကချင်ဘာသာရေးဆရာတွေ ဖိအားပေးခံနေရ သတင်း
ရေနံချောင်း ကောလိပ်ကျောင်း ဘော်ဒါဆောင် မီးလောင်ပျက်စီး သတင်း
ကရင်နီဒုက္ခသည်စခန်း၌ တံခွန်တိုင်ပွဲ ကျင်းပ သတင်း
ငါးသိန်းတန် တယ်လီဖုန်းကို ကျေးရွာဥက္ကဌ မဖြစ်မနေ ၀ယ်ရမည် သတင်း
၂၀၁၀ ရွေးကောက်ပွဲ အာဆီယံခေါင်းဆောင်များ စိုးရိမ်ပူပန် သတင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရမည့် နောက်ဆုံးနေ့ရက် သတ်မှတ် သတင်း
ရခိုင်တွင် ကြံ့ဖွံ့ပါတီ အင်တိုက်အားတိုက် စည်းရုံးရေး ဆင်းပြီ သတင်း
နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက် သတင်း
သန်လျင်ရင်ခွဲရုံက အလောင်းတွေကို ဘယ်သူဖျက်ဆီးနေလဲ သတင်း
တွေ့ဆုံဆွေးနွေးမှုမလုပ်လျှင် ၂၀၁၀ ရွေးကောက်ပွဲ SNLD မ စဉ်းစား (ဦးစိုင်းလိတ်နှင့် ဆက်သွယ်မေးမြန်း) သတင်း
သူသေကိုယ်ရှင် တိုက်ပွဲဝင်သံချပ် (ဗွီဒီယို)
စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဒီရေမြင့်သစ် မြင့်တက် ချိန် (သို့) စစ်အာဏာရှင်တို့အခက် (ဆောင်းပါး) သတင်း
လူထုနဲ့အတူ ရင်ဆိုင်ရပ်တည်ခြင်း (ဆောင်းပါး)
NLD မမှားသင့်တာ မှားခဲ့လေသလား (ဆောင်းပါး)
သိစပ်မြင်နှံ့ မြန်မာ့ပညာတတ်အသင်းကြီး (ဆောင်းပါး)
ကျပျောက်သွားသော သင်္ကြန်များ (ဆောင်းပါး)

အပေါ်သို့