■ ရွေးကောက်ပွဲကာလ နိုင်ငံရေးအခြေအနေ CRPP ခေါင်းဆောင်များ ဆွေးနွေး သတင်း
■ နိုင်ငံရေးအကျဉ်းသား မိသားစုများကို NLD ခေါင်းဆောင်များ လိုက်လံအားပေး သတင်း
■ မြန်မာအလုပ်သမား (၂၀၀) ထိုင်းတွင် အဖမ်းခံရ သတင်း
■ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း စာအုပ် စတင်ဖြန့်ဝေ သတင်း
■ ကြံ့ဖွံ့အသင်းဝင် ကချင်ပါတီသစ် ထောင်မယ် သတင်း
■ - မိုးရွာသွန်းမှုကြောင့် ဥရုချောင်းရေလျှံပြီး ဖားကန့်မြို့တွင် ရေကြီးခဲ့ သတင်း
■ စစ်တွေမြို့ရှိ ယာဉ်ထိန်းရဲများ ငွေသာမြင်ပြီး တာဝန်ကျေပွန်မှု မရှိကြ သတင်း
■ စစ်တွေမြို့တွင် လမ်းဘေး ပြည့်တန်ဆာများ ပေါများလာ သတင်း
■ စပါးပင်များကို ကြွက်များ ကိုက်ဖြတ် သတင်း
■ မြန်မာနိုင်ငံ သစ်တောပြုန်းတီးမှု စိုးရိမ်ရ သတင်း
■ ပြည်သူပိုင်သိမ်းခံရသူတွေ ဘယ်လောက်နစ်နာသလဲ သတင်း
■ အမျိုးသမီးနဲ့ HIV ရောဂါ သတင်း
■ တောင်ကိုရီးယား သတင်းမှတ်စု သတင်း
■ ခမောက်တံဆိပ် အငြင်းပွားမှု နှစ်ဘက်စလုံးက ရင်ဆိုင်သွားမည်ဟု ပြောဆို သတင်း
■ ခမောက်အငြင်းပွားမှု နယ် NLD များ ပါဝင်လာ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို CALD ဂုဏ်ထူးဆောင်အဖွဲ့ဝင် တင်မြှောက် သတင်း
■ ဦးဟံသာမြင့်နှင့် မုံရွာအောင်ရှင်တို့ မိုးညှင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ သတင်း
■ နအဖကို အမေရိကန်က အရေးယူမှု တနှစ်သက်တမ်း ထပ်တိုး သတင်း
■ ရွေးကောက်ပွဲ ကျင်းပရက်အပေါ် ခန့်မှန်းချက်အမျိုးမျိုး ပေါ်ထွက် သတင်း
■ စိစစ်ရေးကြောင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရွေးကောက်ပွဲဝင်ရေး ပြန်သုံးသပ်မည် သတင်း
■ ကော်မရှင်က ပါတီခေါင်းဆောင်များ ကိုယ်ရေးအချက်များ ထပ်တောင်း သတင်း
■ မြို့နယ်ရွေးကောက်ပွဲကော်မရှင် တံဆိပ်တုံးများကို ကျေးရွာကော်မရှင်သို့ ရောင်းချပြီး ဝင်ငွေရှာ သတင်း
■ ဗိုလ်ချုပ်မှူးကြီး အတ္ထုပ္ပတ္တိစာအုပ် ထွက်ရှိ သတင်း
■ အာဏာရှင်၏ ရုပ်ပုံလွှာ သတင်း
■ ရန်ကုန်သင်္ကြန်ဗုံးကွဲမှုနှင့် ဖမ်းထားသူကို ခုံရုံးတင် သတင်း
■ အင်းလေးကန်အတွက် စကားပြောကြပြီ သတင်း
■ နယ်စပ်အငြင်းပွားမှု ထိုင်း-မြန်မာ ဆွေးနွေးရန်ရှိ သတင်း
■ အင်းပေါက်ဝကုမ္ပဏီမှ ဆန်အိတ် (၃၀၀၀) နောက်ထပ် မောင်တောသို့ ရောက်ရှိ သတင်း
■ ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ (၂) ထောင်ကျော် ရောင်းရ သတင်း
■ လိုင်စင်မဲ့ကား ဖမ်းသဖြင့် မြ၀တီ-ဘားအံ ကားလိုင်း ထက်ဝက်သာ ပြေးဆွဲ သတင်း
■ ဆိုင်ကယ်တစီး လိုင်စင်သုံးခု လုပ်ရသဖြင့် ဆိုင်ကယ်ပိုင်ရှင်များ အခက်ကြုံ သတင်း
■ အထက်တန်းကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံနေရ သတင်း
■ ဆင်ကြောင့် မြန်မာပြည် ကံကောင်းမည်လော သတင်း
■ ထိုင်းတောင်ပိုင်းတိုက်ခိုက်မှု (၈) ယောက်သေ သတင်း
■ ရှပ်နီတွေ ဝါရှင်တန်ကို စည်းရုံးနေ သတင်း
■ ကျနော်နှင့် ကညင်ဒုံ တိုက်ပွဲ (ဆောင်းပါး)
Saturday, July 3, 2010
နေ့စဉ်သတင်းများ (၂ - ၀၇ - ၁၀)
Friday, July 2, 2010
“နိုင်ငံရေးသမား ဆိုသူများ စာများများ ဖတ်ရန်လိုသည် ”
2 July 2010
မကြာသေးခင်က တွေ့ ဆုံမေး မြန်းခန်း တစ်ခုမှာ “ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာ လွှဲပေးမယ်လို့ ယုံကြည်ပါသလား” လို့ မေးတယ်။ မေးသူ စာနယ်ဇင်းသမားဟာ ၂၀၀၈ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာမယ့် နိုင်ငံရေး စနစ်ဟာ ပါလီမန် ဒီမိုကရေစီလား၊ သမ္မတ အုပ်ချုပ်ရေးလား၊ ကွဲကွဲပြားပြား နားလည်ဟန် မတူဘူး။ ဖြေဆိုတဲ့ နိုင်ငံရေး သမားကြီး ဆိုသူကလည်း `“ဟုတ်ကဲ့- အနိုင်ရတဲ့ ပါတီကို အာဏာ လွှဲအပ်မယ်လို့ ယုံကြည်ပါတယ်လို့” ဖြေလိုက်တာ ကြားရတယ်။ တယ်ခွကျ ပါလားဗျာ။
၂၀၀၈ အခြေခံဥပဒေဟာ ပါလီမန် ဒီမိုကရေစီ စနစ် မဟုတ်ဘူး။ သမ္မတ အုပ်ချုပ်ရေး ဆိုတာလောက်တော့ သိဖို့ ကောင်းပါတယ်။ အနိုင်ရတဲ့ ပါတီကို အာဏာ လွှဲအပ်တဲ့ ဖြစ်စဉ်မျိုးနဲ့ ဘာမှ မဆိုင်ဘူးလေ။ အမေရိကန် ပြည်ထောင်စုမှာ ရီ ပတ်ဗလီကင် ပါတီ အစိုးရက သမ္မတ ရွေးကောက်ပွဲမှာ ရှုံးသွားပြီး ဒီမိုကရက်တစ် ပါတီကို အာဏာ လွှဲပြောင်း ပေးအပ်လိုက်တယ် ဆိုတာမျိုးမှ မရှိတာ။
ပါလီမန် ဒီမိုကရေစီ ကျင့်သုံးမှု
ဝက်စ်မင်စတာ ပုံစံလို့ ခေါ်တဲ့ ပါလီမန် ဒီမိုကရေစီ စနစ်က ဗြိတိသှ စနစ်ပါ။ အာဏာရပါတီ ဟာ လေဘာ ပါတီ ဖြစ်ချင်ဖြစ်မယ်၊ ကွန်ဆာဗေးတစ် ပါတီ ဖြစ်ချင်ဖြစ်မယ်။ သည်တော့ ပါလီမန် (အောက်လွှတ်တော်)မှာ အမတ်နေရာ အများစုရတဲ့  ပါတီခေါင်းဆောင်က ၀န်ကြီးချုပ် တာဝန်ယူပြီး ၀န်ကြီး အဖွဲ့ကို ဦးစီး ဖွဲ့တယ်။
အဲဒီနောက် အုပ်ချုပ်ရေး အာဏာကို အာဏာရ ပါတီရဲ့ မူဝါဒများနဲ့ အညီ ကျင့်သုံး သွားတာပါ။
အာဏာရ ပါတီဟာ ကိုယ့် တစ်ပါတီ တည်း အများစု မဲ မရခဲ့ရင် ပါတီငယ် အချို့ကို ၀န်ကြီးရာထူး ခွဲတမ်းတွေ ပေးပြီး သိမ်းသွင်းရတယ်။ အဲသလို ညွန့် ပေါင်း အစိုးရ အဖြစ် အာဏာ ရယူထားရာက တစ်ချိန်ချိန် အမှား အယွင်း ရှိလာပြီ ဆိုရင် အတိုက်အခံ ပါတီတွေက ညီညွတ်ရေး ရယူပြီး လက်ရှိ အစိုးရကို အယုံ အကြည်မရှိ အဆို တင်သွင်း နိုင်တယ်။ အစိုးရ ပြုတ် ကျသွားနိုင်တယ်။
ပြုတ်မကျရင်တာင်မှ ရွေးကောက်ပွဲကိုစောပြီး ကျင်းပ ပေးရတာမျိုး ဖြစ်လာတတ်တယ်။ ဂျာမဏီ၊ အီတလီ၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည်တို့ဟာ ဗြိတိသျှ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ သွားနေကြတာပါ။ မြန်မာ နိုင်ငံမှာလည်း ၁၉၄၈- ၁၉၆၂ ကာလ တလျှောက်လုံး အဲဒီ အတိုင်းပါပဲ။
သမ္မတ ရွေးကောက် တင်မြှောက်တဲ့ စနစ်
အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမှာက သမ္မတ စနစ် ဖြစ်တယ်။
လွှတ်တော် ၂-ရပ်က ရွေးကောက်ခံ ကိုယ်စား လှယ်များက ဒု-သမ္မတ တစ်ယောက်စီ ရွေးပေးမယ်။
လွှတ်တော် ၂-ရပ်က တပ်မတော်သား ကိုယ်စားလှယ်များက ဒါတိယ သမ္မတ တစ်ယောက်ရွေးပေးမယ်။
ဒုတိယ သမ္မတ သုံးဥိးဟာ လွှတ်တော် ကိုယ်စား လှယ်တွေ ဟုတ်ချင်မှ ဟုတ်မယ်။
လွှတ်တော်ကိုစားလှယ် မဟုတ်သူ ဖြစ်ချင်လည်း ဖြစ်မယ်။
အဲဒီ သုံးဦးထဲက တစ်ယောက်ကို လွှတ်တော် ၂ -ရပ်ပေါင်း ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။
ကျန် နှစ်ယောက်က ဒုတိယ သမ္မတများ အဖြစ် ဆက်လက် တာဝန် ယူရမယ်။ အရွေး ခံပြီး အချိန်က စပြီး သူတို့ သုံးဦးဟာ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ခဲ့ရင် လည်း နှုတ်ထွက်ပြီးသား ဖြစ်ရမယ်။
နိုင်ငံရေး ပါတီကဆိုရင် လည်း ရာထူး သက်တမ်းအတွင်း သက်ဆိုင်ရာ ပါတီ လုပ်ငန်းတွေကို ဆောင်ရွက်ခြင်း မပြုရလို့ ပါရှိတယ်။ အစိုးရ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ပြည်ထောင်စု ၀န်ကြီးများကို နိုင်ငံတော် သမ္မတက ခန့် အပ်မှာ ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကိုလည်း ၀န်ကြီး ခန့် နိုင်တယ်။
တကယ်လို့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို ၀န်ကြီး ခန့် လိုက်ရင် အဲဒီ အချိန်က စလို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ပြီးသား ဖြစ်ရမယ်။ နိုင်ငံရေး ပါတီ ၀င်တစ်ယောက်က ၀န်ကြီး ဖြစ်လာရင်တော့ ရာထူး သက်တမ်း အတွင်း ယင်းပါတီ လုပ်ငန်း များတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရလို့ ပါရှိတယ်။
အာဏာရ ပါတီ ဆိုတာ မရှိဘူး
အထက်ပါ အကြောင်း အရာများကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီး ပေါ် ပေါက်လာမည့် နိုင်ငံရေး ပုံစံမှာ အာဏာရပါတီ ဆိုတာ မရှိပါဘူး။ လွှတ်တော်ဟာ ဥပဒေ ပြုရေး အလုပ် ကိုသာ ပဓာန တာဝန် အဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေး မဏ္ဍိုင်ဆို တဲ့ အစိုးရ လုပ်ငန်းနဲ့ ဘာမှ မဆိုင်တော့ပါဘူး။
အမေရိကန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား တို့လို သမ္မတ အုပ်ချုပ်ရေး စနစ်မှာ သမ္မတ ဖြစ်လာ သူနဲ့ သူ့ရဲ့ နောက်ခံပါတီက အရေး မကြီးဘဲ သမ္မတ ရဲ့ ကိုယ်ရည် ကိုယ်သွေးက ပို အရေး ကြီးပါတယ်။
(တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့ဟာ သမ္မတ ရွေးချယ်ရေး အဖွဲ့နဲ့ ရွေးချယ်ရာ ကနေ လူထု တိုက်ရိုက် ဆန္ဒမဲပေး ရွေးချယ်တဲ့ စနစ်သို့ ပြောင်းလဲ ခဲ့ပါတယ်။)
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေး ပါတီ များမှ ရွေးကောက် တင်မြှောက် ခံရမယ့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ အဓိက တာဝန် ပိုင်းဟာ တိုင်းပြည်အတွက် ထူးထူးခြားခြား အကျိုး ဖြစ်ထွန်းစေမယ့် ဥပဒေများကို အဆိုပြု တင်သွင်းခြင်း၊ အခြား ကိုယ်စားလှယ်များက တင်သွင်း လာသည့် ဥပဒေ ကြမ်းများကို ပါဝင်ဆွေး နွေးခြင်းတို့ သာလျှင် ဖြစ်ပါလိမ့်မယ်။ ဥပဒေ ပြုရေး မဏ္ဍိုင်နဲ့ သာ သက်ဆိုင်ပါတယ်။
ဝန်ကြီး ဖြစ်ဖို့ကတော့ လွှတ်တော် ကိုယ်စားလှယ်ထဲက ရွေး ချင်မှရွေးမယ်။
တက္ကသိုလ် ပါမောက္ခတစ်ယောက်ကို သမ္မတက မျက်စိကျပြီး ခန့် ချင် ခန့် မယ်။
( ၁၉၆၉ မှာ ဟားဗတ် ပါမောက္ခ ဒေါက်တာ ဟင်နရီ ကစ်ဆင်ဂျားကို နစ်ဆင်က ဖိတ်ခေါ်ပြီး အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ၊နောက်တော့ နိုင်ငံခြားရေး ၀န်ကြီး ခန့်ခဲ့တာမျိုး)
စီးပွါးရေး လုပ်ငန်း ရှင်ကြီးများထဲက သင့်တော်မယ်ထင်တဲ့ လူကိုခေါ်ပြီး ၀န်ကြီး လုပ်ခိုင်းချင် လုပ်ခိုင်းမယ်။
တပ်မတော် ကိုယ်စားလှယ်ထဲက ရွေး ပြီး ခေါ်ချင်ခေါ်မယ်။
ကမ္ဘာမှာ သမ္မတ အုပ်ချုပ်ရေး ပုံစံနဲ့  ပါလီမန် ဒီမိုကရေစီ ပုံစံ နှစ်မျိုး စလုံးကို ကိုယ့် နိုင်ငံ ကိုယ်လူမျိုးနဲ့ လိုက်ဖက်အောင် ရွေးချယ် ကျင့် သုံးနေကြတာပဲ။ သမ္မတ စနစ်က လူပုဂ္ဂိုလ် တစ်ဥိးချင်းရဲ့ အရည်အသွေးနဲ့ ကြဇာ တိက္ကမ အပေါ် အားပြုတာ များတယ်။
၁၉၄၅- ခုနှစ်ကသြဂုတ်လက ဂျပန်မြို့ ကြီး ၂ မြို့ပေါ် အနုမြူဗုံး ကြဲချ ခိုင်းတာ အမေရိကန် သမ္မတ ထရူးမင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ တကယ်လို့ ၁၉၇၇ မှာ သမ္မတ ဖြစ်ခဲ့တဲ့ ဂျင်မီကာတာ လို လူမျိုးသာ အဲဒီအချိန်မှာ သမ္မတ ဖြစ်ခဲ့ရင် အနုမြူဗုံး အသုံးပြုခွင့် ပေးမှာ မဟုတ်ဘူးလို့ တွက်ဆကြတယ်။ အလားတူပဲ ဂျော့ဒဗလျူဘုရှ်နေရာမှာ အိုဘားမား ရှိခဲ့ရင် အီရတ်စစ်တိုက်ခဲ့မှာ မဟုတ်ဘူးလို့ မှန်းဆကြတယ်။
ဆိုလိုတာက သမ္မတ စနစ်မှာ တာဝန်ယူတဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းမှာ အာဏာတွေ အများကြီး ရှိလေတော့ ကောင်းခြင်း ဆိုးခြင်းဟာ အဲဒီပုဂ္ဂိုလ် တဦးတည်း အပေါ်မှာ အများကြီး တည်တယ်လို့ ပြောချင်တာပါ။ အမေရိကန် သမ္မတ တစ်ယောက်ဟာ ရှင်ဘုရင် တစ်ပါးရဲ့ အာဏာထက် ပိုပြီး ပြင်းထန်တဲ့ အာဏာ ရှိတယ်လို့ အဆိုရှိတယ် မဟုတ်လားဗျာ။
နိုင်ငံရေး ဆောင်ရွက်မယ့် သူများဟာ စာဖတ်ကြစေချင်ပါတယ်။
အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ကြေညက်အောင် ဖတ်သင့်ပါတယ်။
တလွဲတချော်တွေ ပြောနေကြတာ ကြားရပြီး အနေသာလို့ ခုလို ရေးလိုက်ရတာပါ။
မောင်ဝံသ
ညွှန်း။။-- အတွေး အမြင် အမှတ် ၂၁၉
------ပေါ်ပြူလာနယူးစ် ဂျာနယ် တွဲ-၂၊ အမှတ် ၁၃၊ ဧပြီ ၂၀၁၀
Ref: ဟစ်တိုင်
နေ့စဉ်သတင်းများ (၁ - ၀၇ - ၁၀)
■ နအဖအရာရှိများ ခြစားမှုကြောင့် နမ့်ခမ်းတွင် မူးယစ်ဆေးဝါး ပေါများ သတင်း
■ မြစ်ဆုံအနီး ရွှေမှော်များမှာ မူးယစ်ဆေးဝါးသုံးစွဲသူ များလာခြင်းကြောင့် ဆေးထိုးအပ် ရောင်းကောင်း သတင်း
■ မြန်မာအပေါ် ပိတ်ဆို့မှုသက်တမ်းတိုးရေး လွှတ်တော်အမတ်များ အတည်ပြု သတင်း
■ ဖိလစ်ပိုင် သမ္မတသစ်ကို မြန်မာ့အရေး အရှိန်မြှင့်လုပ်ကိုင်ရန် တောင်းဆို သတင်း
■ စစ်အစိုးရရဲ့ ရုရှားပညာတော်သင်စာရင်းနဲ့ အဏုမြူနည်းပညာ ရည်မှန်းချက် သတင်း
■ သင်္ကြန် ဗုံးတရားခံတွေကို ရုံးထုတ် သတင်း
■ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး နေပြည်တော်တွင် ဆွေးနွေးမည် သတင်း
■ PNO အာဏာသုံး မဲဆွယ်စည်းရုံး၊ ကျေးလက်ပအိုဝ်းလူထု မကျေနပ် သတင်း
■ NDF ခမောက်တံဆိပ် NLD အဖွဲ့ဝင်များ မကျေနပ် သတင်း
■ ခမောက်ကို ဘယ်သူပိုင်သလဲ သတင်း
■ ကလေးမြို့တွင် ရွေးကောက်ပွဲ ရန်ပုံငွေကောက် သတင်း
■ စည်ပင်အလုပ်ကို ကြံ့ဖွံ့အမည်ဖြင့် လုပ်ကိုင်မည်ဟု မြို့တော်ဝန် ပြော သတင်း
■ ရန်ကုန်-ဟိုချီမင်း တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲမည် သတင်း
■ ရန်ကုန်လေဆိပ်အခွန် (၆) ဆ ထပ်တိုး သတင်း
■ မြန်မာ့ရွှေဈေး ကျဆင်းရန် အာဏာပိုင်များ ဖိအားပေး သတင်း
■ မလေးတွင် မြန်မာပြန်ပေးဆွဲဂိုဏ်းအား ဖမ်းဆီးမိ သတင်း
■ လိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးမည့် သတင်းကြောင့် ကားတချို့ တောထဲ သွားရောက်ဝှက်ထား သတင်း
■ လိုင်စင်မဲ့ကား သိမ်းပြီး လူကို ဖမ်း၊ သိန်း (၂ဝဝ) အာမခံပေးရ သတင်း
■ ပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ သတင်းများကို စိစစ်ရေးက ပိုကန့်သတ် သတင်း
■ ထောက်ခံစာ တစောင်လျှင် ကျပ် (၁၀၀၀) မှ (၁၅၀၀) အထိ ပေးကာ ၀ယ်ယူနေကြရ သတင်း
■ အာဏာပိုင်များက လယ်သမားများထံမှ စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်ယူ သတင်း
■ ပဲဈေး အတက်အကျ ကြမ်း၊ ဈေးကွက်ပျက် သတင်း
Thursday, July 1, 2010
“ ခေါင်းဆောင်မှု ရှာပုံတော်”
1 July 2010
(ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ ဆောင်းပါးမှ)
ခေါင်းဆောင်မှု ဆိုသည်နှင့် စွန့် စားမှု အမြဲ တွဲပါနေသည်။
နယ်ပယ်တိုင်း လိုလိုတွင် ခေါင်းဆောင်သည် စွန့် စားရဲသူ ဖြစ်ရန်လိုသည်။
ရည်မှန်းချက် မြင့်မားလေလေ ခက်ခဲကြမ်းတမ်း မှုတို့ ကြုံရလေလေ ဖြစ်ပြီး ပိုမို စွန့် စားရလေလေ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ ပဒေသရာဇ်ခေတ် နောက်ပိုင်း ခေတ်သစ် မြန်မာ့ တပ်မတော်ကို တည်ထောင်သူ ဖြစ်ခဲ့သည်။ အင်္ဂလိပ်လက်အောက်သို့ ၁၈၈၅ ခုနှစ်တွင် လုံးဝ ကျ ရောက်ခဲ့ ချိန်မှ စပြီး တပ်မတော် ကင်းမဲ့ခဲ့သော မြန်မာတို့ အဖို့ တပ်မတော် တည်ထောင်ရန်မှာ လုံးဝ မတွေးဝံ့သော အရာ ဖြစ်သည်။
သို့သော် စွန့်ဦး တည်ထွင်သူ ဗိုလ်ချုပ်သည် မြန်မာတို့ အတွက် တပ်မတော်သစ်ကို ထူထောင်နိုင်ခဲ့သည်။
၁၈၂၄ ခုနှစ် မှစကာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သော မြန်မာတို့ အဖို့ လွတ်လပ်ရေး ရယူရန် အကြံအစည် မှာလည်း စွန့်ဦး တီထွင်ခြင်း ဖြစ်သည်။ ကမ္ဘာစစ်ကြီး ဖြစ်နေချိန် နိုင်ငံရပ်ခြားသို့ အဆက်အသွယ် မရေရာ မသေချာဘဲ သင်္ဘော တစ်စီးတွင် ပုန်းအောင်းကာ လိုက်ပါပြီး လွတ်လပ်ရေး အတွက် ပြည်ပ အဆက်အသွယ် ရှာရန် ငွေမပါ ကြေးမပါ ထွက်ခွါ သွားနိုင်သောသူ၊ တစ်ခါမှ နိုင်ငံခြား မရောက်ဖူးသည့် ဗိုလ်ချုပ်သည် စွန့်စားရဲသူပင် ဖြစ်သည်။
“တရုတ်ပြည်ရှိ တော်လှန်ရေး အဖွဲ့အစည်းများနှင့် သွားရောက်၍ ဆက်သွယ်ယူရန် အောင်ဆန်းသည် နိုင်ငံခြားသို့ ထွက်ခွါသင့်သည်ဟု ကျွန်တော်တို့ အားလုံးက ဆုံးဖြတ် လိုက်ကြ၏။ အောင်ဆန်းသည် ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို လက်ခံခဲ့၏။ သူသည် နောက်တွန့်သည့် အမူအရာ လုံးဝ မပြခဲ့ပေ။ ကျွန်တော် ဤကဲ့သို့ ထုတ်ဖော် ပြောနေရခြင်းမှာ ကျွန်တော် အပါအ၀င်ဖြစ်သော ကျွန်ုပ်တို့သည် အပြော ဘက်တွင် အလုပ်ထက် ပိုပြီး အစွမ်းပြလေ့ ရှိသောကြောင့် ဖြစ်သည်။ သို့သော် အောင်ဆန်းသည် ဤ လူစားမျိုး ထဲတွင် မပါဝင်ချေ။ သခင်လှမြိုင်က နောက်သို့ လှည့်ကြည့်နေ၏။ သို့သော် အောင်ဆန်းမှာ မလှုပ်မယှက်ဘဲ ရှေ့တူရူသို့ မျက်နှာမူကာ သွားရမည့် ပင်လယ် ရေပြင်ကိုသာ အာရုံ စူးစိုက်နေဟန် ရှိပေ၏။”
( ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လက်ျာ)
ဖက်ဆစ် ဂျပန် တော်လှန်ရေး မတိုင်မီကပင် ဂျပန်များက အထူးသတိထား စောင့်ကြည့် နေကြသည် ဖြစ်ရာ တစ်စုံတစ်ရာ လွဲချော်သွားပါက ဗိုလ်ချုပ်အပါအ၀င် တပ်မေတော် တစ်ခုလုံးအတွက် မတွေး ၀ံ့စရာပင်။
ထိုသို့သော အန္တရာယ်ကြီးစွာ ရှိသည်ကို သိသော်လည်း မြန်မာ့ လွတ်လပ်ရေးအတွက် ထိုသို့ စွန့်စားမှ ဖြစ်မည်ဟု သိသော ဗိုလ်ချုပ်သည် ပိုင်နိုင်စွာ စွန့်စားနိုင်ခဲ့သည်။
အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ရေး၊ နိုင်ငံ လွတ်လပ်ရေး ကိစ္စများကို ထိပ်ဆုံးက ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် သူ့ဘ၀ တသက်တာတွင် ၁၅- ရက်သာ ထောင်အကျ ခံခဲ့ဖူးသူ ဖြစ်သည်။
နောင်တွင် သူ့အား ငွေ ၅-ကျပ် ဆုငွေ ထုတ်သော အခါတွင် အဖမ်း မခံရအောင် ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့သော်လည်း သူသည် ထောင်ကြောက်သူ မဟုတ်၊ မစွန့်စားဝံ့သူ မဟုတ်ပေ။ ထောင် အတွင်းတွင် နေရခြင်းနှင့် အပြင်တွင် နေရခြင်း၏ အကျိုးကို အဖန်ဖန် တွက်ဆပြီး နောက်တွင်သာ တိမ်းရှောင်နေရန် ဆုံးဖြတ်ခဲ့သည်။ ဗိုလ်ချုပ်သည် မျက်စိမှိတ် စွန့်စားခဲ့သူ မဟုတ်ဘဲ တွက်ချက် စွန့်စားခဲ့ သူဖြစ်သည်။
“ ခုနေခါမှာ အင်မတန် အရေးကြီးတယ်။ ထောင်ထဲ သွားနေတယ်ဆိုရင် အပြင်ဘက် အလုပ်တွေ ဟာကုန် မှာပဲ။ အခုလို အရေးကြီးတဲ့ အခါမှာ တိုင်းပြည် အတွင်းမှာပဲ ဗြိသျှ နယ်ချဲ့ စနစ်ကို တိုက်ဖျက်ရမယ်။ နိုင်ငံခြား သွားပြီးတော့ အကူအညီ ရှာတန် ရှာပြီးတော့ အလုပ်လုပ်ရမယ်။ ” ဟု အဖမ်းခံသင့် မခံသင့် ကိစ္စကို ပြောကြားရင်း သခင်အောင်ဆန်းက သခင်နုကို ပြောကြားသည်။ (ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိ ပေါင်းချုပ်)
တွက်ချက်ကာ စွန့်စားဝံ့သူ ဗိုလ်ချုပ်အောင်ဆန်းကြောင့် လွတ်လပ်ရေး ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိ ခဲ့သည်။
ဇေယျသူ
ညွှန်း။။ The Voice 6/ 27
Ref: ဟစ်တိုင်
နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသထွက်
Wednesday, June 30, 2010
နျူကလီးယား စစ်ဆေးရေးမှူးဟောင်း ရေးသား ပြုစုသည့် စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက် ဆိုင်ရာ အစီရင်ခံစာကို ဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသ ထွက်လျက် ရှိကြောင်း သိရသည်။
ပြည်ပသို့ တိမ်းရှောင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင်လာသည့် အထောက်အထားများ အပေါ် မူတည်၍ နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ ဦးဆောင်ပြုစုပြီး ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလ အစောပိုင်းတွင် အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။
“မြန်မာ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရ၏ နျူကလီးယား အစီအစဉ် များသည် “ကျွမ်းကျင် သေသပ်မှု မရှိ”၊ “အကြမ်းထည် ဆန်လွန်းသည်” ဟု ရောဘတ် ကယ်လီက ကောက်ချက် ချထားသည်။
“နျူကလီးယား ထုတ်လုပ်ရေးနှင့် ဆက်စပ်သည့် စစ်ဌာနချုပ် များတွင် လက်တွေ့ သုတေသန ဆောင်ရွက်မှု ရှိပုံမရ။ အနည်းဆုံး အားဖြင့် နျူကလီးယား ဆိုင်ရာ အစိတ် အပိုင်းများ၊ စမ်းသပ်မှု များကိုပင် လုပ်နိုင်ပုံ မရသေး”ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
စနစ်တကျ အသေးစိတ် သုံးသပ်ထားသော အစီရင်ခံစာကို ဖတ်ရှုပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် နီးစပ်လာပြီဟု အစဉ်တစိုက် သတင်း ပို့နေခဲ့သော သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဦးသောင်း စသည့် ထိပ်တန်း အစိုးရ အရာရှိများ၏ လိမ်ညာထားချက် များကို သိမြင်လာသဖြင့် ဗိုလ်ချုပ်မှူးကြီးက ဒေါသ ထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် စစ်အသိုင်းအဝိုင်းက ဆိုသည်။
စစ်ဗိုလ်ချုပ်များ အနေဖြင့် နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီး နိုင်ငံဖြစ်ရေး အောင်မြင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိကြောင်း၊ စစ်အစိုးရသည် နျူကလီးယားဗုံး ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပြီး နိုင်ငံတကာ သဘော တူညီချက်များကို ချိုးဖောက်နေကြောင်း ရောဘတ် ကယ်လီက အစီရင်ခံစာထဲတွင် သုံးသပ်ထားသည်။
“အထောက်အထားများကို ကြည့်ခြင်းအားဖြင့် နျူကလီးယား တပ်ဖွဲ့က ရေးဆွဲထားသည့် ပုံစံ မူကြမ်းများမှာ ကျွမ်းကျင်မှု မရှိခြင်းကို ပြနေသည်။ အချက်အလက်များ စိစစ်မှုအရ မြန်မာ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်မှာ ခေတ်နောက်ကျလွန်း လှပေသည်” ဟု ရောဘတ် ကယ်လီက ဆိုထားရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက အာဏာရှင် ဦးနေဝင်းကို အောက်ခြေ အရာရှိများက လိမ်ညာ ဖုံးဖိထားသည့် အစီရင်ခံစာများ၊ အာဏာရှင် အကြိုက်ဖြစ်မည့် သတင်းလွဲများသာ တင်ပြခဲ့ကြသဖြင့် နောက်ဆုံးတွင် မည်သည့် စီမံကိန်းမျှ အကောင်အထည် မပေါ်ခဲ့ခြင်းကို ဗိုလ်ချုပ်မှူးကြီး စေ့စေ့တွေးရင်း အံတကြိတ်ကြိတ် ဖြစ်နေမည်မှာ မလွဲဟု ဝေဖန် သုံးသပ်သူများက ဆိုကြသည်။
Ref: ဧရာဝတီ်
နေ့စဉ်သတင်းများ (၃၀ - ၀၆ - ၁၀)
■ ကျောင်းသားခေါင်းဆောင်များ နေအိမ်သို့ NLD သွားရောက် သတင်း
■ နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသထွက် သတင်း
■ အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်ကားသူကို ရုံးတင်တရားစွဲ သတင်း
■ သာသနာရေးရုံး ၀န်ထမ်းများ အလုပ်ကြမ်း လုပ်နေကြရ သတင်း
■ သြစတြေးလျ ပညာတော်သင် စစ်ဗိုလ်သမီး အိမ်ပြန်ရမည် သတင်း
■ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက လူထုမဲဆန္ဒခံယူသည့် ဆုချီးမြှင့်ရေးလုပ်ငန်းအပြင် ပြည်တွင်းကူညီသည့် အ လှူခံလုပ်ငန်းကိုပါ တိုးချဲ့မည်ဟု ပြောကြား သတင်း
■ မြန်မာနိုင်ငံတွင် မဲပေးနိုင်သူ သန်း (၃၀) ကျော်ရှိဟု ထုတ်ပြန် သတင်း
■ မီးသင့် မင်္ဂလာဈေးဆိုင်ရှင်များကို ကြံ့ဖွံ့ပါတီ ငွေချေးမည် သတင်း
■ တရားဝင် အလုပ်သမားလက်မှတ် ကိုင်ထားသည့် မြန်မာမိသားစု (၂၀) ကျော် အဖမ်းခံရ သတင်း
■ မြဝတီစက်မှုဇုန်အနီး ပေါက်ကွဲမှုထပ်မံဖြစ် သတင်း
■ ကူးသန်းရောင်းဝယ်ခွင့် ကျဆင်းသဖြင့် နယ်စပ်မြို့ ခြောက်ကပ် သတင်း
■ ဝေါမြို့နယ်အာဏာပိုင်များ အမတော်ကြေးငွေ ဖြတ်တောက်ယူ သတင်း
■ ဦးပိုင် ကားပြပွဲ အရောင်းသွက် သတင်း
■ ဆိပ်ကမ်း ပတ်လမ်းသစ် စီမံကိန်း စတင် သတင်း
■ ကမ္ဘာ့ဖလားကြောင့် ထီလက်မှတ် ရောင်းအားကျ သတင်း
■ ဆိုက်ကားတစ်စီး ညီမျှခြင်း ဆိုင်ကယ် နှစ်စီး (ဆောင်းပါး)
■ မျိုးဆက်သစ်လို့ ဆိုကြရာမှာ (ဆောင်းပါး)
■ မွန်အပစ်ရပ်အဖွဲ့၏ (၁၅) နှစ်တာခရီး (ဆောင်းပါး)
■ စည်းဝိုင်းထဲက နိုင်ငံရေး (ဆောင်းပါး)
■ စာသင်ခြင်း (ဆောင်းပါး)
■ ကစားပွဲအသစ် ဖန်တီးကြဖို့ (ဆောင်းပါး)
■ “ကျနော်တို့ပါတီကိုပဲ ကွက်ချန်မထားဘူး ထင်ပါတယ်” (အင်တာဗျူး)
Wednesday, June 30, 2010
မျိုးဆက်သစ်လို့ဆိုကြရာမှာ
ရဲဘော်ဖိုးသံချောင်း
၃၀ ဇွန် ၂၀၁၀
နအဖ အစိုးရဟာ ရွေးကောက်ပွဲလုပ်မယ့် ရက်ကိုတော့ မကြေညာ၊ ကန့်သတ် ချုပ်ချယ်မှုတွေပဲ တခုပြီးတခု ကြေညာ နေပါတယ်။ တနေ့ တုန်းကပဲ နအဖ “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက် အမှတ် (၂)” ဆိုတာကို ကြေညာ လိုက်တော့ ရွေးကောက်ပွဲ ၀င်မယ်လို့ အားခဲ ထားသူတွေဆီက စိတ်ပျက်သံတွေ စီကနဲ ထပ်ပေါ်ထွက် လာပါတယ်။ နအဖရဲ့ ၀ှက်ဖဲတွေက ကုန်-မကုန်နိုင်ဘူးလို့ ပြောရ မလိုပါပဲ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီက ပေးတဲ့ စပေ့စ်လေးကို လည်ပင်း ကိုးတောင်ကျော် မျှော်ကိုးနေသူတွေမှာ လည်ပင်းကို တပတ်ပြီးတပတ် မြွေပတ် ခံရသလို ဖြစ်နေပါတယ်။
ဒီလိုအခါမှာ နအဖရဲ့ပိုက်ဆံမပေးရတဲ့ ရှေ့နေတွေဟာ ဒီအချင်းအရာတွေကို မသိကျိုးကျွန် ပြုပြီး တခြား အကြောင်း အရာ တွေကိုပဲ ပုံကြီးချဲ့ ပြောဆို နေကြပါတယ်။ အခုတလော သူတို့ပြောတဲ့ အထဲမှာရော၊ တချို့အလားတူ “ပညာရှင်" များထဲကရော အတော် အပြောများလာတဲ့ အသုံးအနှုန်းသစ် တခုကို သတိထားမိပါတယ်။ အဲဒါကတော့ “မျိုးဆက်သစ်" ဆိုတာ ဖြစ်ပါတယ်။ မြန်မာ “နိုင်ငံရဲ့ ကံကြမ္မာဟာ မျိုးဆက်သစ်တွေ အပေါ် တည်နေတယ်” လို့ ပြောတဲ့ လေသံမျိုးတွေရဲ့ နောက်ကွယ်မှာ စဉ်းစားစရာတွေ အများကြီး ရှိနေပါတယ်။
နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကြီး ဖြစ်ပြီဆိုရင် မျိုးဆက်သစ် ဆိုတဲ့ အသုံးအနှုန်းကို အတော်လေး ကြားလာရ တတ်ပါတယ်။ တော်တော် အသုံးတည့်တဲ့ ဝေါဟာရ တခုပါပဲ။ ဒါပေမယ့်ေ၀၀ါးလှတယ်၊ ရှင်းဖို့လိုတယ်လို့ ထင်ပါတယ်။ မျိုးဆက်သစ် ဆိုတာ ဘယ်လိုလူတွေကို ရည်ညွှန်းတာလဲ။ နောက်ပြီး ဘယ်မျိုးဆက်ရဲ့မျိုးဆက်သစ်လဲ။ နအဖက မပြတ် မွေးမြူနေတဲ့ စစ်အာဏာရှင် စနစ်ရဲ့ မျိုးဆက်သစ်တွေကို ပြောတာလား။ ခေတ်အဆက်ဆက်မှာ ဖိနှိပ်မှု အမျိုးမျိုးနဲ့ စစ်အာဏာရှင် စနစ်တွေကို ဆန့်ကျင် တိုက်ပွဲ ၀င်ခဲ့သူတွေနဲ့ လုံးဝ မပတ်သက်တဲ့ အုတ်ကြားမြက်ပေါက် မျိုးဆက်သစ်လား။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မပတ်သက်ဖူးတဲ့ လူကို မျိုးဆက်သစ်လို့ ဆိုချင်တာလား။ အဲဒီလူတွေဆိုလိုတဲ့ မျိုးဆက်သစ် ဆိုတာက မြန်မာပြည်ရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အာဏာရှင် ဆန့်ကျင်ရေး အစဉ်အလာတွေ ကနေ ခွဲထွက်တဲ့၊ အဲဒီ မျိုးဆက်တွေနဲ့ ကင်းလွတ်တဲ့ နအဖ အုပ်စိုးမှုနဲ့ ရင်အုပ်မကွာ ကြီးပြင်းတဲ့ မျိုးဆက်ကို ပြောနေတာလို့ တွေးစရာ ဖြစ်နေပါတယ်။
ဒါဖြင့် သူတို့ရည်ညွှန်းတဲ့ မျိုးဆက်သစ်နဲ့မတူတဲ့ တခြားမျိုးဆက် ဆိုတာကကော ရှိပါသလား။ ဒီနေ့လို အခြေအနေမှာ ရှိနိုင် ပါသလားလို့ မေးကောင်း မေးလာပါမယ်။ ရှိပါတယ်။ တောက်လျှောက် ပေါ်နေမှာပါလို့ပဲ ဖြေရပါမယ်။ ဆရာဗန်းမော် တင်အောင် ပြောတဲ့ ခေတ်က ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်မယ့် မျိုးဆက်သစ် ဆိုတာ ခေတ်ရဲ့လိုအပ်ချက်၊ တောင်းဆိုချက် အရ မုချ ပေါ်ကို ပေါ်နေမှာ ဖြစ်ပါတယ်။ နည်းတာ၊ နှေးတာတော့ ရှိကောင်း ရှိပါမယ်။
မြန်မာပြည် ပြည်သူတွေရဲ့အရေးတော်ပုံဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်ကြီးကို ရာစုနှစ်နဲ့ချီပြီး မျိုးဆက် တဆက်ကို နောက်တဆက်က ဆက်ခံပြီး တိုက်ပွဲ ၀င်ခဲ့ကြတာ ဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားကို မျိုးဆက် တဆက်ပြီး တဆက် ဆယ်စုနှစ်နဲ့ ချီပြီး တွန်းလှန် ခဲ့ရသလို စစ်အာဏာရှင်တွေ ကိုလည်း ဆယ်စုနှစ်နဲ့ချီ တိုက်ပွဲ ၀င်နေကြပါတယ်။ ရှေ့မှာလည်း အဲဒီလိုပဲ ဆက်ပြီး တိုက်ချင် တိုက်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို တိုက်ပွဲ ၀င်ကြရာမှာ ရှေ့က တိုက်ပွဲ ၀င်သွားသူတွေ၊ စွန့်လွှတ်မှုမျိုးစုံ ပြုသွားသူတွေနဲ့ အဆက်ဖြတ်လို့ ဖြစ်ပါ့မလား။ အလွယ်လေး စဉ်းစားကြည့်ပါ။ ရှေ့က တိုက်ပွဲ ၀င်ခဲ့တာတွေ မရှိဘဲနဲ့ ဒီနေ့ တိုက်ပွဲတွေ ရှိနိုင်ပါ့မလား။ ရှစ်လေးလုံး အရေးတော်ပုံ မရှိခဲ့ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့၊ န၀တ-နအဖတို့ ရှိနိုင်ပါ့မလား။ ၁၉၇၄-၇၅-၇၆ တိုက်ပွဲတွေနဲ့ တခြားမြေအောက်-တောတွင်း လှုပ်ရှားမှုတွေ မရှိရင် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်နိုင်ပါ့မလား။ အကုန်လုံးဟာ ဆက်နေတာပါ။ သမိုင်းကြောင်းကို ဖြတ်တောက်ဖို့ ကြံစည်-ကြံဆတဲ့ အာဏာရှင်တွေ အနိုင်နိုင်ငံမှာ ပေါ်ခဲ့ဖူးပါတယ်။ တခြားမပြောနဲ့ ဗိုလ်နေ၀င်းက အစ ဗိုလ်သန်းရွှေအထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း အခန်းကို ဖျောက်ဖျက်ဖို့ ကြိုးပမ်း ခဲ့ကြတာ အသေအလဲပဲ မဟုတ်လား။ ဒါပေမယ့် ဒင်းတို့ ဘယ်မှာ အောင်မြင်လို့လဲ။ အခုဆိုရင် နအဖဟာ ဒါကို လက်တောင် လျှော့လိုက်ရပြီ မဟုတ်ပါလား။
ဒါကြောင့် နအဖနဲ့ သူတို့တပည့်လက်သားတွေနဲ့ မတူဘဲ မျိုးဆက်သစ်လို့ ပြောနေကြသူတွေက ဒီမျိုးဆက်သစ် ဆိုတဲ့ အသုံး အနှုန်းကို ဒီလို အဓိပ္ပာယ် ဖွင့်ပါတယ်။ အဓိက အားဖြင့် အရင် မျိုးဆက်ဟောင်းတွေဟာ အသက်အရွယ်ကြောင့် အပါအ၀င် အကြောင်း အမျိုးမျိုးကြောင့် ဆက်လက် တိုက်ပွဲဝင်ရာမှာ အကန့် အသတ် အမျိုးမျိုး ရှိနေလို့ သူတို့ထက်ပိုပြီး ထက်ထက် မြက်မြက် လုပ်ကိုင်နိုင်မယ့် လွန်ခဲ့တဲ့ အရေးတော်ပုံတွေရဲ့ အစဉ်အလာတွေ၊ ကောင်းမွန်ချက်တွေနဲ့ သင်ခန်း စာတွေကို ဆက်ခံထားတဲ့ မျိုးဆက်သစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ သမိုင်းပေး တာဝန်လို့ ပြောလေ့ရှိကြတဲ့ အရာဟာ ရှေ့က သွားနှင့် သူတွေနဲ့ ပြည်သူလူထု တရပ်လုံးက ပေးတဲ့တာဝန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ လိုလားတဲ့ မျိုးဆက်သစ် ဆိုတာက ရှစ်လေးလုံး အရေးတော်ပုံနဲ့ ချက်ကြိုး ပြတ်ပါတယ်လို့ အသားယူ ပြောနေတဲ့၊ (၇) ရက် ဇူလိုင် အရေးတော်ပုံနဲ့ ၁၉၇၄ အလုပ်သမား အရေးတော်ပုံ၊ ဦးသန့် ဈာပနတိုက်ပွဲ၊ ဆရာကြီး မှိုင်းရာပြည့် လှုပ်ရှားမှုတွေဟာ တောထဲက သွေးထိုး လှုံ့ဆော်လို့ ဖြစ်ပေါ်တာလို့ သခင်အားရ ကျွန်ပါးဝ ပြောနေတဲ့ “မျိုးဆက်သစ်” မျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီဟာတွေက ခေတ်အဆက်ဆက် လက်နက်ချတွေရဲ့ ဆိုးမွေနဲ့ အစဉ်အလာကို ဆက်ခံထားကြတဲ့ အလိုတော်ရိ မျိုးဆက်သစ်တွေသာ ဖြစ်ပါတယ်။
ဒီသမိုင်းအကွေ့မှာ လူငယ်တွေကို ဘယ်လိုမျိုးဆက်သစ်လဲလို့ စမ်းသပ်မယ့် အဓိက မှတ်ကျောက်ကတော့ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် ဘယ်လို သဘောထားသလဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီ တနိုင်ငံလုံး မျိုးဆက်ပေါင်းများစွာ စစ်ကျွန် ဖြစ်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုက်ဖျက်မလား၊ ဒါကြီးကိုမှီပြီး ကိုယ့်တကိုယ် ကောင်းစားမယ့်လမ်းကို ရှာမလား ဆိုတာဟာ နိုင်ငံရေး အင်အားစုတွေ အားလုံးအတွက် ဓာတုဗေဒ စမ်းသပ်ခန်းထဲက လစ်တ်မတ်စ်ပေပါ ပါပဲ။ ဗိုလ်သန်းရွှေတို့ နအဖ စစ်အုပ်စုရဲ့ အရေးတော်ပုံကို ဆက်ခံမယ့် မျိုးဆက်သစ်လား၊ အာဇာနည် သူရဲကောင်း အထောင် အသောင်းရဲ့ အရေးတော်ပုံကို ဆက်ခံမယ့် မျိုးဆက်သစ်လား ဆိုတာ ကိုယ့်အခန်းကိုယ် ရွေးချယ် ဆုံးဖြတ်ရမှာပါ။
ပြန်ကြည့်လိုက်ရင် မြန်မာပြည်ရဲ့သမိုင်းမှာ ဖွဲ့စည်းပုံတွေဟာ ဖြိုဖျက်လို့ ပြိုပျက်ရတာတွေ ချည်းပါပဲ။ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေဟာ ဗိုလ်နေ၀င်းတို့ ခြေနဲ့ဖျက်လို့ ပျက်သွားတာဖြစ်ပြီး မဆလ စစ်အစိုးရရဲ့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ မျိုးဆက်သစ်တွေက တိုက်ဖျက်လိုက်လို့ ပျက်သုဉ်းသွားတာ ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မှာ အင်္ဂလိပ် ကိုလိုနီ အစိုးရက ချမှတ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေလို့ ဆိုရမယ့် ဥပဒေဟာလည်း (ကမ္ဘာစစ်ကြီးကို ကျော်ပြီးနောက်) ၁၉၄၆ ခုနှစ်မှာ ပျက်သွားခဲ့ပါတယ်။ အဲဒီလို ပျက်စေခဲ့တာမှာ အဲဒီတုန်းက မျိုးဆက်သစ် နိုင်ငံရေး သမားတွေလို့ ပြောရမယ့် သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသူတွေ ဦးဆောင် တိုက်ပွဲဝင်ခဲ့လို့ ဖြစ်ပါတယ်။ အခုနအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့တာဝန်ဟာ မျိုးဆက်သစ်တွေရဲ့ ခေါင်းပေါ်ကို ရောက်လာပါပြီ။
မြန်မာပြည်လိုနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ မဖျက်ရင် မပျက်ပါဘူးဆိုတာ ရှင်းနေပါတယ်။ နအဖက လှံစွပ်နဲ့ ရေးထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြည်သူတွေဟာ ညီညွတ်မှု အင်အားနဲ့ တိုက်ဖျက်ရပါလိမ့်မယ်။ ဒီတာဝန်ဟာ ပြည်သူ တရပ်လုံးမှာ သာမက အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ပခုံးပေါ်မှာ အထင်အရှား ကျရောက်နေပါတယ်။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၂၉ - ၀၆ - ၁၀)
■ နေပြည်တော်တွင် ကြွက်များ ထောင်နှင့်ချီ ရွှေ့ပြောင်း သတင်း
■ မန္တလေး မြို့တော်ဝန် ပါးရိုက် အပြစ်ပေး သတင်း
■ စိတ်ကြွဆေး ထုတ်လုပ် ဖြန့်ဖြူးခြင်းမရှိဟု UWSA ငြင်း သတင်း
■ မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချ ဖျက်ဆီး သတင်း
■ တရုတ်နယ်စပ် မြန်မာရဲကင်းကို ရွာသားများ တိုက်ခိုက် သတင်း
■ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် (NLD) ဗဟိုနှင့် မြို့နယ်စည်းများ တွေ့ဆုံ သတင်း
■ ကချင်ပါတီအသစ် တည်ထောင်ရန် စစ်အစိုးရ တိုက်တွန်း သတင်း
■ ရပ်ကွက်ကော်မရှင်တွင် ကြံ့ဖွံ့များ ဦးစားပေး ထည့်သွင်း သတင်း
■ အမတ်လောင်းမှတဆင့် လူထုကို စည်းရုံးနေရ သတင်း
■ ရခိုင်ပြည်နယ်အတွင်း ဆင်ဖြူ ဖမ်းမိပြန် သတင်း
■ စာပေစိစစ်ရေး ပိုမိုတင်းကျပ်စွာ တားမြစ် သတင်း
■ စာပေစိစစ်ရေး စာစစ်အဖွဲ့ပြင်သည်ကို ဂျာနယ်လောက စိုးရိမ် သတင်း
■ ရှပ်နီဆန္ဒပြပွဲနှင့် ဆက်စပ်ကာ မြန်မာလုပ်သား (၁၅) ဦး အဖမ်းခံရ သတင်း
■ မြန်မာပြည်သားများ တင်လာသည့် ကား ပစ်ခတ်ခံရ သတင်း
■ မလေးရှားရောက် မြန်မာကလေးငယ်များအတွက် စာသင်ကျောင်း ဖွင့်လှစ်ပေး သတင်း
■ မှောင်ခိုလမ်းကြောင်းပေါ်ရှိ ကျွဲ၊ နွားများ ပျောက်ဆုံး သတင်း
■ ဘုရားသုံးဆူမြို့တွင် တရားမ၀င် လောင်းကစားဝိုင်းမျိုးစုံ သောင်းကျန်းနေ သတင်း
■ စစ်တွေ အဝေးပြေးကားဂိတ် အနီးတ၀ိုက်ရှိ ရပ်ကွက်များ အစည်ကားဆုံးနေရာအဖြစ် ပြောင်းလဲလာ သတင်း
■ မိုးခေါင်ရေရှားမှုကြောင့် တောင်သူများ အခက်တွေ့ သတင်း
■ Road Map မရှိတဲ့ ဒီအပစ်ရပ်ဇာတ်မျောမှာ သမိုင်းရေးကြ (ဆောင်းပါး)
■ ရွေးကောက်ပွဲနှင့်အတူ (ဆောင်းပါး)
■ ခေတ်စမ်းနှင်းဆီတပွင့်၏ ဘဝနှင့် စာပေ (ဆောင်းပါး)
Tuesday, June 29, 2010
မြန်မာပြည်မှ နျူကလီးယား အန္တရာယ်
ရဲနည်
Monday, June 28, 2010
မြန်မာ အစိုးရ၏ နျူကလီးယား ရည်မှန်းချက်နှင့် မြေအောက် လိုဏ်ဂူများ တည်ဆောက်ရေး စီမံကိန်း သတင်း မှတ်တမ်းကား တခုကြောင့် မြောက်ကိုရီးယား - မြန်မာ စစ်ရေး ဆက်နွယ်မှု အကြောင်းကို ဒေသတွင်း ပြန်လည် သတိထား လာစေရေး လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။
ပြသချိန် တနာရီခန့် ကြာမြင့်သည့် ထိုမှတ်တမ်းကားကို နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက ရိုက်ကူးထားပြီး အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားလိုင်းတွင် မကြာသေးခင်က ထုတ်လွှင့်ခဲ့သည်။
သတင်းမှတ်တမ်းကားတွင် ပါရှိသည့် အချက်အလက်များကြောင့် အာဆီယံနိုင်ငံများအတွင်း စိုးရိမ် ပူပန်လာကြသည်။ အကြောင်းမှာ အာဆီယံ နိုင်ငံများက အရှေ့တောင်အာရှ ဒေသကို နျူကလီးယား လက်နက် ကင်းမဲ့ဇုန်အဖြစ် ထားရှိရန် သဘောတူ ပြီးသောကြောင့် ဖြစ်သည်။
သို့ရာတွင် စစ်အစိုးရက နျူကလီးယား ပိုင်ဆိုင်ရေး ကြိုးပမ်းမှုသည် မြန်မာနိုင်ငံနှင့် အလွန် အလှမ်း ဝေးလွန်းသည့် အတွက် အောင်မြင်ရန် ခက်ခဲလွန်းလှသည်ဟု ကုလသမဂ္ဂ နျူကလီးယား စစ်ဆေးရေး အငြိမ်းစား အရာရှိ ရောဘတ် ကယ်လီက ဆိုထားသည်။ “အဓိပ္ပာယ်မဲ့သော ကြိုးပမ်းချက်” ဖြစ်သည်ဟုလည်း သူက ပြောသည်။
သို့သော်လည်း သူက “နျူကလီးယား ဆိုင်ရာ နိုင်ငံတကာ သဘော တူညီချက်များကို အနှောက်အယှက် ပေးသလို ဖြစ်နေတာ ကတော့ အမှန်ပါပဲ” ဟု ကောက်ချက် ချခဲ့သည်။
DVB ၏ မှတ်တမ်းကားတွင် ပါဝင်သူ အဓိက မျက်မြင်သက်သေသည် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတဦး ဖြစ်၍ ဒုံးပျံ တည်ဆောက်ရေး အင်ဂျင်နီယာလည်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလက ထွက်ခွာခဲ့စဉ် နျူကလီးယား အစီအစဉ်၌ လိုအပ်သော နည်းပညာနှင့် ပစ္စည်းများဆိုင်ရာ အချက်အလက်များကို တပါတည်း ယူဆောင်ခဲ့သည်။ ထိုအချက် အလက်များထဲတွင် မြောက်ကိုရီးယား၏ အကူအညီဖြင့် ယူရေနီယမ် သန့်စင်ခြင်း၊ တာဝေးပစ်ဒုံးကျည်များ တည်ဆောက်ခြင်း တို့လည်း ပါဝင်သည်။
မြန်မာစစ်အစိုးရသည် နိုင်ငံ အနှံ့အပြားတွင် လျှို့ဝှက် လိုဏ်ခေါင်းများ၊ ဘန်ကာများကို ကွန်ရက်သဖွယ် တည်ဆောက် နေသည်ဟုလည်း ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင် လာသည့် ထိုအချက် အလက်များကို ကိုးကားပြီး DVB က ဆိုထားသည်။
လေကြောင်းမှ တိုက်ခိုက်ခံလာရပါက ဘန်ကာများတွင် စစ်လက်နက် ပစ္စည်းများ သိုလှောင်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု စခန်းများ အဖြစ်လည်း အသုံးပြုမည်ဟု သူနှင့် အခြား ထွက်ပြေးလာသော အရာရှိများက ပြောဆိုကြသည်။ မြေအောက်ဥမင် တချို့တွင် ဖိုင်ဘာ ကေဘယ်ကြိုးများ သွယ်တန်းမည် ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော်၏ နိုင်ငံတဝန်း လုံခြုံ စိတ်ချရသော သတင်းကွန်ရက် တည်ဆောက်ရေး အစီအစဉ် ဖြစ်ကြောင်း ထိုမှတ်တမ်းကားတွင် ဖော်ပြထားသည်။
နျူကလီးယားစီမံကိန်း လျှို့ဝှက် လိုဏ်ခေါင်းနှင့် ဒုံးကျည်တည်ဆောက်ရေး အစီအစဉ်များအတွက် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကုန်ကျလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ စစ်အစိုးရသည် စွမ်းအင် တင်ပို့ ရောင်းချခြင်းကို ပိုမို မြှင့်တင်ခြင်းဖြင့် ထိုကြီးမားလှသော စရိတ်ကို ထေမိ နိုင်သည်ဟုလည်း သိရသည်။
လာမည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သည့် စွမ်းအင်ပမာဏမှ ရရှိလာမည့် ဝင်ငွေသည် ၂ ဆ တက်လာဖွယ် ရှိသည်ဟု ဝါရှင်တန် အခြေစိုက် လေ့လာရေး အဖွဲ့တခု ဖြစ်သော အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့က ခန့်မှန်းထားသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့မည့် ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း ပြီးစီးသွားပါက ထိုဝင်ငွေ ရလာမည် ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်က မြန်မာနိုင်ငံ၏ စုစုပေါင်း ဝင်ငွေမှာ ဒေါ်လာ ၆ ဒဿမ ၆ ဘီလီယံ ဖြစ်ရာ ထိုအထဲတွင် သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချရာမှ ရရှိသည့် ဝင်ငွေမှာ အနည်းဆုံး ၄၅ ရာခိုင်နှုန်း ရှိခဲ့သည်။
နေပြည်တော် စစ်အစိုးရသည် နိုင်ငံ၏ အသုံးစရိတ် အများစုကို စစ်တပ် တည်ဆောက်ရေး အတွက်သာ အသုံးပြုသည်မှာ အများ သိသော အချက်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူထု လုပ်ငန်းများတွင် သုံးစွဲသော ငွေပမာဏမှာ မဆိုသလောက်သာ ရှိသည်။
စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုမှုမှာ နိုင်ငံဘတ်ဂျက်၏ ၄ဝ မှ ၆ဝ ရာခိုင်နှုန်း အထိ ရှိနေချိန်တွင် မြန်မာ ပြည်သူများက နေ့စဉ် ဘဝ ရပ်တည်မှုအတွက် အပြင်းအထန် ရုန်းကန် နေကြရသည်။
ဥပမာ ဆိုရလျှင် နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောဖြစ်သော ရန်ကုန်မှ မန္တလေး ဒေသတ ကြောလုံးတွင် လျှပ်စစ်မီး ပြတ်တောက်သည့် ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသည်။ ရေအားလျှပ်စစ် စက်ရုံများတွင် လိုအပ်သည့် ရေပမာဏ မရသဖြင့် အာဏာပိုင်များက စက်မှု လုပ်ငန်းရှင်များကို လျှပ်စစ်ဓာတ်အား ဖြတ်လိုက်သောကြောင့် လုပ်ငန်းများ ရပ်ဆိုင်းရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတ ထွက်ရှိမှု ပမာဏသည် ကြီးမား လှသော်လည်း မြန်မာနိုင်ငံသည် ယခုအထိ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေသေးသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ် တိုးတက်မှု နှုန်းထားသည် ၂ ဒဿမ ၉ ရာခိုင်နှုန်းသာ ရှိ၍ မဲခေါင်ဒေသတွင် အနိမ့်ဆုံး ဖြစ်နေသည်။
ထိုကဲ့သို့ ဆိုးရွားရက်စက်သည့် စစ်အာဏာရှင် အုပ်ချုပ်မှုအောက်တွင် ဘဝရပ်တည်မှု ခက်ခဲ ပြင်းထန် လွန်းသောကြောင့် ဗိုလ်မှူး စိုင်းသိန်းဝင်း ကဲ့သို့ တပ်မတော်သားများ ပြင်ပသို့ မကြာခဏ ဆိုသလို ထွက်ပြေး နေကြပုံရသည်။
ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေစဉ် မကြာသေးခင်က ပြုလုပ်ခဲ့သော နေပြည်တော် လေးလပတ် အစည်းအဝေး အပြီးတွင် တပ်မတော် အတွင်း ရာထူးကြီးနေရာများ အပြောင်းအလဲ ဖြစ်ခဲ့သည်ကိုလည်း မတွေ့ရပေ။
တပ်တွင်း ခေါင်းဆောင်မှုကို ပြောင်းလဲမှု မပြုသည့် အဓိပ္ပာယ်မှာ အသက် ၇၇ နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အသက် ၇၂ နှစ် ရှိပြီ ဖြစ်သော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အသက်အရွယ် ကြီးနေပြီဖြစ်သည့် အခြားသော တပ်မတော် ခေါင်းဆောင်များ အနားယူရန် အစီအစဉ် မရှိသေးသည့် သဘောဟု ဆိုနိုင်သည်။ လက်ရှိ စစ်ရာထူးများမှ အနား မယူနိုင်သေးသည်မှာ အာဏာကို ငန်းဖမ်း နေရုံသာမက အကယ်၍ အာဏာ လက်လွှတ်လိုက်ပြီးနောက် အောက်ခြေအရာရှိများ သူတို့အပေါ် သစ္စာ ရှိမရှိ ဆိုသည်ကို သံသယ ဝင်နေသောကြောင့်လည်း ဖြစ်သည်။
တချိန်တည်းတွင်လည်း ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီး အများအပြားသည် စစ်ဘက်ရာထူးများမှ အနားယူ၍ နိုင်ငံရေး ပါတီတခု တည်ထောင် လိုက်သည်။ ၎င်းတို့ တည်ထောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်အစိုးရ ချုပ်ကိုင်မည့် ရွေးကောက်ပွဲတွင် စိန်ခေါ်မည့် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်မည် ဖြစ်သည်။
ထိုသို့ ထိပ်တန်းစစ်ခေါင်းဆောင်များက အာဏာ လက်မလွတ်ရေး ကြိုးစားနေချိန်တွင် မြန်မာ့အရေး ကျွမ်းကျင်သူဟု ဆိုသူများက ရွေးကောက်ပွဲအပြီး မြန်မာပြည်၏ နိုင်ငံရေးမြင်ကွင်း ပြောင်းလဲ လာလိမ့်မည်ဟုပင် မိုက်မိုက်မဲမဲ ယုံကြည်နေကြသည်။
နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ရွေးကောက်ပွဲသည် နိုင်ငံ၏အနာဂတ် အပြောင်းအလဲ အတွက် အကောင်းဆုံးသော အခွင့် အလမ်းဖြစ်သည်ဟု မကြာသေးခင်က သုံးသပ်ထားသည်။
ICG သည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပုံပေးခဲ့ကြသော တပ်မတော် အကြပ်တပ်သားများ အပါအဝင် မဲဆန္ဒရှင်များကို လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ပါမည်လားဟု မေးကြည့်သင့်သည်။
ဗိုလ်မှူး စိုင်းသိန်းဝင်းကမူ ပြတ်ပြတ်သားသား အဖြေပေးခဲ့ပြီး ဖြစ်သည်။ အန္တရာယ် ကြီးမားပြီး ငွေကြေး အလွန်အမင်း ဖြုန်းတီးပစ်ရာ ရောက်သည်ဟု သူ ယူဆသော မြန်မာ့ နျူကလီးယား အစီအစဉ် ရပ်တန့်စေရေးအတွက် ယခုကဲ့သို့ လျှို့ဝှက်ချက်များကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
ရဲနည် ရေးသားသည့် Alarm Bells Ring Over New Nuclear Evidence ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
Ref: ဧရာဝတီ်
နေ့စဉ်သတင်းများ (၂၈ - ၀၆ - ၁၀)
■ သြစတြေးလျ၏ မြန်မာအပေါ်မူဝါဒ အပြောင်းအလဲ မရှိနိုင် သတင်း
■ ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ် သတင်း
■ ကရင်အချင်းချင်း မတိုက်တော့ဟု DKBA တပ်မှူး ပြော သတင်း
■ ကုန်သွားထမ်းတဲ့ ကလေး စစ်တပ်ထဲရောက် သတင်း
■ တရုတ်ဖိအားကြောင့် ရခိုင်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင် လုံခြုံရေးတိုးမြှင့်တော့မည် သတင်း
■ ဗန်းမော် စကခ ရန်ပုံငွေအတွက် ဖွင့်လှစ်ခဲ့သည့် ရွှေလုပ်ကွက်ကို မပခ တားမြစ် သတင်း
■ တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခိုင်း သတင်း
■ ငွေထုတ်ချေးပြီး ကြံ့ဖွံ့မဲဆွယ် သတင်း
■ ကချင်အမျိုးသားကိုယ်စားပြုပါတီ ရှိသင့်သည်ဟု ဒေသခံ ရှမ်းခေါင်းဆောင်တဦး ပြော သတင်း
■ ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ရန် ချဉ်းကပ် သတင်း
■ ဦးဇခုန်တိန့်ယိန်း၏ KIO သို့ တိုက်တွန်းချက်အား ကချင်အဖွဲ့အစည်းအသီသီးမှ ကန့်ကွက် သတင်း
■ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ရန်ကုန်တိုင်း စည်းရုံးရေးကော်မီတီကို အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့ စည်း သတင်း
■ စာပေစိစစ်ရေး နိုင်ငံရေးသတင်းများကို ပိုမိုတင်းကျပ် သတင်း
■ ဗိုလ်ချုပ်ထွန်းကြည် အတ္ထုပ္ပတ္တိ အရောင်းသွက် သတင်း
■ ဆိုက်ရောက်ဗီဇာကြောင့် ခရီးသည် ပိုဝင် သတင်း
■ တရုတ်လုပ်ကားများ ဦးပိုင်က ရောင်းချ သတင်း
■ ငရဲတံခါးဝသို့ (၅၂) ကီလို (ဆောင်းပါး)
■ အတိမ်းအစောင်းမခံသူ (သို့မဟုတ်) ဒေါက်တာ နိုင်ပန်းလှ (ဆောင်းပါး)
■ စပယ်ရနံ့၊ ဥသြငှက်မြည်သံနှင့် နေထွက်သည်ကို စောင့်ကြည့်ခြင်း (ဆောင်းပါး)
■ မြန်မာပြည်မှ နျူကလီးယားအန္တရာယ် (ဆောင်းပါး)
Monday, June 28, 2010
ငရဲတံခါးဝသို့ (၅၂) ကီလို
“ကိုသောင်းရေး … ဥသျှစ်သီးလောက်ပဲဖြစ်ဖြစ်၊ နျူကလီးယားဗုံး တလုံးတော့ ရအောင်လုပ်ဗျာ”
(ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းကို မှာကြားချက်)
ဗိုလ်ချုပ်ကြီး သန်မာ၏ စကားဆုံးသည်နှင့် ပြည်တော်ချစ် အစိုးရ၏ တိုက်စစ်ဘက်မှ ပစ်လွှတ်လိုက်သော အမြောက်ဆန်သည် အနုမြူ သိုလှောင်ကန်ကြီးကို တိုက်ရိုက် လာရောက် ထိမှန်၏။ ထို့နောက် ရွှေဝါပြည်ကြီးသည် မိနစ်ပိုင်းအတွင်း တပြည်လုံး ဆက်ကာဆက်ကာ ပေါက်ကွဲပြီးနောက် အလွန်လှပစွာ ပျောက်ကွယ်သွား၏။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အလှဆုံး ပေါ်ပေါက်လာသော မီးခိုးလုံးကြီး ပျောက်ကွယ် သွားသောအခါ ထိုနေရာ၌ ရေပြင်ကြီး ကျန်ရစ်ခဲ့သည်။ ထိုနေရာကား အချို့က ဘင်္ဂလား ပင်လယ်အော်ကြီး နေရာ ဖြစ်မှာပေါ့ဟု ဆိုကြ၏။
လူကြီးတွေအတွက်ပြောသော ရွှေဝါပြည်ပုံပြင်ကား ပြီးဆုံးပါပြီ။
(စာရေးဆရာ ရန်ကုန်ဘဆွေ၏ ၁၉၆၅ ခုနှစ်ထုတ် ‘ရွှေဝါပြည်’ ဝတ္ထု ဇာတ်သိမ်းခန်း)
နျူကလီးယားဗုံး ပေါက်ကွဲတဲ့အခါ မြေကြီးပေါ်မှာ လူလုပ်ငရဲဘုံတခု ချက်ချင်း ဖြစ်ပေါ်လာတယ်။ အပူချိန် စင်တီဂရိတ် ဒီဂရီ (၁၀) သန်းကျော်ကို တမုဟုတ်ချင်း ရောက်သွားပြီး ပစ်မှတ်နဲ့ အနီးကပ်ဆုံး အရာဝတ္ထုတွေ ချက်ချင်း အငွေ့ပျံ ပျောက်ကွယ် သွားပါတယ်။ လေထုဖိအားက ပုံမှန် အခြေအနေထက် အဆပေါင်း (၆၀၀) မြင့်တက်သွားပြီး တနာရီကို ကီလိုမီတာ (၁,၀၀၀) နှုန်း သိမ့်လှိုင်းအဖြစ် ပျံ့ထွက် ရိုက်ခတ် သွားပါတယ်။ ဒါတွေအပြင် သေမင်းတမန် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ကလည်း သက်ရှိ ကလပ်စည်းတွေကို ဖျက်ဆီးပစ်ပြီး ပြင်းထန်တဲ့ ကင်ဆာရောဂါ အမျိုးမျိုးအဖြစ် အသက်ဆုံး စေပါတော့တယ်။
အခု နအဖက နျူကလီးယားဗုံးရဖို့ ကြိုးစားနေတာ မငြင်းနိုင်တဲ့ အထောက်အထားတွေ ပေါ်လာပါပြီ။ တပ်မတော် သူရဲကောင်း ဗိုလ်မှူး စိုင်းသိန်းဝင်း သက်စွန့်ဆံဖျား ယူလာတဲ့ အထောက်အထား တပုံတပင်ကြီးထဲမှာ နအဖရဲ့ ရန်သူတော် အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ၊ နအဖရဲ့ မဟာရန်သူတော် အမေရိကန်နိုင်ငံရဲ့ ဒေဂိုဂါးစီးယား စစ်စခန်းနဲ့ အိုကီနာဝါ စစ်စခန်းတွေအပေါ် (ကီလိုမီတာ ၃,၅၀၀ အထိ ပစ်နိုင်မယ့် တာလတ်ပစ်ဒုံးပျံ အောင်မြင်သွားတဲ့အခါ) ငရဲမီးကျမှာကနောက်၊ ကျနော်တို့ မြန်မာပြည်သူတွေနဲ့ မြန်မာ့ တပ်မတော်သားတွေ အတွက် ငရဲတံခါး ပွင့်သွားမှာက အရင် ဖြစ်မှာကို တွေ့နေရပါတယ်။
နအဖကတော့ ထုံးစံအတိုင်း နျူကလီးယားဗုံး မဟုတ်ပါဘူး၊ မုံလာဥပါလို့ မျက်စိမှိတ်ပြီး ဇွတ်ငြင်းမှာပါပဲ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒီအထောက်အထား တပုံကြီးကို အသေအချာ ခွဲခြမ်းစိတ်ဖြာပြီး အန္တရာယ်ကို အခိုင်အမာ ထောက်ပြနိုင်ဖို့ အရေးကြီးပါတယ်။
နျူကလီးယားလောင်စာသံသရာမှာ မြေကြီးထဲ ယူရေနီယမ် သတ္တုရိုင်း တူးတဲ့ အဆင့်ကနေ နျူကလီးယားဗုံးမှာ ထည့်ဖို့ သန့်စင်ပြီး ယူရေနီယမ် သတ္တုခဲဖြစ်အောင် ဓာတုဗေဒ ပိုင်းအရ လုပ်ဆောင်ရာမှာ အဆင့် (၉) ဆင့် ရှိပါတယ်။
အဆင့် ၁။ ယူရေနီယမ်သတ္တုရိုင်း တူးဖော်ခြင်း (ယူ-၂၃၈)
အဆင့် ၂။ ယူရေနီယမ်သတ္တုရိုင်း စစ်ယူခြင်း (ယူ-၂၃၈)
အဆင့် ၃။ အဝါရောင်ကိတ်မုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၄။ ယူရေနီယမ်အောက်ဆိုက်အမှုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၅။ ယူရေနီယမ်တက်ထရာဖလိုရိုက်အမှုန့်ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၆။ ယူရေနီယမ်ဟက်ဆာဖလိုရိုက် ဓာတ်ငွေ့ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၇။ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ကို ယူ-၂၃၈ မှ ယူ-၂၃၅ ဖြစ်အောင် သန့်စင်ခြင်း
အဆင့် ၈။ ယူရေနီယမ်တက်ထရာဖလိုရိုက်အဖြစ်သို့ ပြန်လည်ဓာတ်လျှော့ခြင်း (ယူ-၂၃၅)
အဆင့် ၉။ မဂ္ဂနီဆီယမ်သတ္တုနှင့် ဗုံးဓာတ်လျှော့မှုလုပ်ပြီး ယူရေနီယမ်သတ္တုခဲ ပြန်လုပ်ခြင်း (ယူ-၂၃၅)
အဆင့် ၁၀။ ယူရေနီယမ်သတ္တုခဲကို နျူကလီးယားဗုံးတွင် တပ်ဆင်ခြင်း (ယူ-၂၃၅)
အခုရတဲ့ အထောက်အထားအရ နအဖဟာ အဆင့် (၉) မှာ သုံးတဲ့ ‘လေဟာနယ်သေတ္တာ’ နဲ့ ‘ဗုံးဓာတ်ပေါင်းဖို’ တို့ကို စမ်းသပ်ခဲ့တာ သေချာနေပါတယ်။ လေဟာနယ် သေတ္တာဆိုတာ ထိတဲ့အရာတွေကို လောင်လွယ်၊ စားလွယ်တဲ့ ယူရေနီယမ် တက်ထရာဖလိုရိုက် (ယူ-၂၃၅) နဲ့ မီးလောင်လွယ်၊ ဓာတ်ပြုလွယ်တဲ့ မဂ္ဂနီဆီယမ် သတ္တုတို့ကို လက်နဲ့ တိုက်ရိုက်မထိစေဘဲ လေစုပ်ထုတ်ပြီး ကြားနေ ဓာတ်ငွေ့ ထည့်ထားတဲ့ သေတ္တာထဲမှာ သမအောင် ရောစပ်ပေးဖို့ ဖြစ်ပါတယ်။ စပ်ပြီးရင် ဗုံးဓာတ်ပေါင်းဖိုထဲထည့် အပူပေးပြီး ပြင်းထန်တဲ့ ဓာတ်ပြုမှုဖြစ်အောင် လုပ်ရပါတယ်။ အဲဒီမှာ ထွက်လာတဲ့ ယူရေနီယမ်ဟာ ယူ-၂၃၅ အဖြစ် သန့်စင်ပြီး သတ္တုခဲ ဖြစ်နေပါပြီ။ ဓာတုဗေဒ နည်းပညာပိုင်း ပြီးသွားလို့ နျူကလီးယားဗုံးထဲ ထည့်ဖို့ စက်မှု နည်းပညာပိုင်းပဲ ကျန်ပါတော့တယ်။
ဓာတ်ပုံတွေထဲမှာ ‘ဗုံးဓာတ်ပေါင်းဖို’ bomb reactor တခုကို အသုံးပြုထားလို့ မီးကျွမ်းနေတာ တွေ့ရပါတယ်။ အဓိပ္ပာယ်ကတော့ ယူရေနီယမ် အရိုင်းကို အဆင့်ဆင့် ဓာတ်ပြောင်းတာတွေ သန့်စင်တာတွေ လုပ်ခဲ့ပြီးလို့ နောက်ဆုံးအဆင့် (၉) ကို ရောက်သွားပြီ၊ ယူ-၂၃၅ အဖြစ် သန့်စင်အောင်လုပ်ပြီးတဲ့ ယူရေနီယမ် တက်ထရာဖလိုရိုက်ကို ယူ-၂၃၅ အဖြစ် သန့်စင်တဲ့ ယူရေနီယမ် သတ္တုဖြစ်အောင် ဓာတ်ပြောင်းတဲ့ စမ်းသပ်မှု လုပ်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါ့အပြင် မေမြို့ စက်ရုံ (၁) က ထုတ်လုပ်ပေးခဲ့ရတဲ့ ဖိအားမြင့် ရေနွေးငွေ့ပေါင်းစက် autoclave ကလည်း အဆင့် (၇) က ထွက်လာတဲ့ သန့်စင်ပြီးသား ယူရေနီယမ် ဟက်ဆာဖလိုရိုက်ကို အဆင့် (၈) မှာ သုံးဖို့ တနေရာက တနေရာ ပို့ဆောင်ရာမှာ သုံးတဲ့အတွက် နအဖမှာ သန့်စင်ပြီးသား ယူ-၂၃၅ ရထားပြီဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။
(၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ယူရေနီယမ်ဒြပ်ပစ္စည်းဟာ သာမန်နည်းပညာနဲ့ နျူကလီးယားပေါက်ကွဲမှုဖြစ်ဖို့ အတွက် (အလုံးပုံသဏ္ဌာန်မှာ) အခြေပြောင်းဒြပ်ထု (၅၂) ကီလို လိုအပ်ပါတယ်။ ဆိုလိုတာက ယူ-၂၃၅ (၅၀) ကီလိုအလုံးကို ယူ-၂၃၅ (၂) ကီလို အလုံးတလုံးက ပြေးဆောင့်လိုက်ရင် အနုမြူပေါက်ကွဲမှု ဖြစ်သွားပါလိမ့်မယ် (နည်းပညာမြင့်ရင်တော့ ၂၉ ကီလိုလောက်နဲ့ ဗုံးလုပ်နိုင်တယ် လို့လည်း ဆိုပါတယ်)။
ဗုံးဓာတ်ပေါင်းဖိုတခုကနေ ယူ-၂၃၅ ယူရေနီယမ်သတ္တု (၂၀) ကီလိုက (၂၅) ကီလိုအထိ ထွက်နိုင်ပါတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ဓာတ်ပုံတွေအရ သပိတ်ကျဉ်း နျူကလီးယား တပ်ရင်းမှာ ဗုံးဓာတ်ပေါင်းဖိုကို အသုံးချခဲ့လို့ နအဖဆီမှာ ယူ-၂၃၅ သတ္တု အနည်းဆုံး ကီလို (၂၀) ရှိနေပြီဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။ တကယ်လို့ အဲဒီ ဗုံးဓာတ်ပေါင်းဖို တခုတည်းကို (၃-၄) ခါ သုံးခဲ့တယ် သို့မဟုတ် အဲသလို ဗုံးဓာတ်ပေါင်းဖိုမျိုး (၃-၄) ခု သုံးခဲ့တယ်၊ အောင်လည်း အောင်မြင်ခဲ့တယ် ဆိုရင် နအဖလက်ထဲမှာ နျူကလီးယားဗုံး အဖြစ် ပုံသွင်းလို့ ရပြီဖြစ်တဲ့ ယူ-၂၃၅ ကီလို (၅၀) မက ရှိနေပြီ ဖြစ်ပါတယ်။ ဗုံးဓာတ်ပေါင်းဖိုနဲ့ စမ်းသပ် ထုတ်လုပ်တာ မအောင်မြင်ဘူး ဆိုရင်တော့ ဗုံးလုပ်လို့ရတဲ့ ယူရေနီယမ်သတ္တု နအဖလက်ထဲ မရသေးတဲ့သဘော ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် ယူရေနီယမ်သန့်စင်ရေး အဆင့် (၇) ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာ မြှုပ်ကွက် ဖြစ်နေပါတယ်။ နျူကလီးယား လောင်စာ သံသရာရဲ့ ဓာတုဗေဒပိုင်းမှာ ယူ-၂၃၅ ဖြစ်အောင် လုပ်ရတဲ့ အဆင့် (၇) ဟာ အရေးအပါဆုံး ဖြစ်ပါတယ်။ နအဖဟာ ဖြစ်နိုင်ခြေ မရှိတဲ့ လေဆာရောင်ခြည်သုံးပြီး အိုင်ဆိုတုပ် ခွဲထုတ်နည်း LIS ကို ကျင့်သုံးခဲ့တယ်လို့ ဗိုလ်မှူးစိုင်းသိန်းဝင်းနဲ့ နျူကလီးယား ပါရဂူ IAEA ဒါရိုက်တာဟောင်း ရောဘတ်ကယ်လီတို့က ဆိုပါတယ်။ အီရန်၊ မြောက်ကိုရီးယား အပါအဝင် ကမ္ဘာမှာ အသုံးများတာက ဓာတ်ငွေ့ဗဟို ခွာအားနည်း Gas centrifuge ဖြစ်ပြီး အနည်းစုကတော့ ဓာတ်ငွေ့အမှေးပါး ဖြတ်စိမ့်ဝင်ခွဲထုတ်နည်း Gas diffusion နဲ့ လျှပ်စစ်သံလိုက်ဓာတ် သုံးပြီး အိုင်ဆိုတုပ်ခွဲထုတ်နည်း EMIS ကျင့်သုံးကြပါတယ်။
၂၀၀၉ ခု ဒီဇင်ဘာလမှာ ရခဲ့တဲ့ အတွင်းသတင်းတပုဒ်မှာ သပိတ်ကျဉ်း နျူကလီးယား တပ်ရင်းဟာ ယူရေနီယမ် သန့်စင်မှု enrichment (၈၅) ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ကြားခဲ့ရပါတယ်။ အခု ဗိုလ်မှူးသိန်းဝင်းဆီက သိရတာနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့ အခါ နအဖ အနေနဲ့ ရှေ့ပြေးနမူနာ prototype တခုအတွက် လောက်တော့ သန့်စင်မှုကို တနည်းနည်းနဲ့ ဖြစ်မြောက်ခဲ့ပုံရပါတယ်။ နအဖ စစ်တပ်ဟာ compartment system ခေါ် အကန့်လိုက် ခွဲတဲ့ စနစ်ကို အင်မတန် တင်းတင်းကျပ်ကျပ် ကျင့်သုံးတဲ့အတွက် တပြည်လုံးမှာ လှိုဏ်ခေါင်းတွေ အကြီးအကျယ် တူးနေတာကိုတောင် နအဖ စစ်တပ်ထဲမှာ မသိသေးတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေ အများကြီး ရှိနေပါသေးတယ်။
မေမြို့အရှေ့ဘက် နောင်လိုင်မှာရှိတဲ့ နည်းပညာအလုပ်ရုံ (၁) ကို ဗုံးဓာတ်ပေါင်းဖို လုပ်ခိုင်းတဲ့ ညွှန်ကြားချက် အမိန့်စာမှာ ဒီဗုံး ဓာတ်ပေါင်းဖိုကို ‘နည်းပညာအလုပ်ရုံ (၅)’ ရဲ့ ‘အထူးဒြပ်ပစ္စည်း ထုတ်လုပ်ရေး သုတေသနဌာန’ မှာ သုံးဖို့ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါကြောင့် အခု ဟိုးလေးတကျော်နဲ့ ဘွားဘွားကြီး ပေါ်သွားတဲ့ မေမြို့-နောင်လိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၁)၊ ပခုက္ကူ-မြိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၂) အပြင် နောက်ထပ်စက်ရုံ (၃) ရုံရှိနေသေးတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီစက်ရုံတွေမှာ အဆင့် (၇) ယူရေနီယမ် သန့်စင်မှုတွေ တနည်းနည်းနဲ့ လုပ်တာ၊ အဆင့် (၉) ယူရေနီယမ် ဓာတ်လျှော့မှုက ထွက်လာတဲ့ ယူ-၂၃၅ သတ္တုကို ဗုံးအဖြစ် တပ်ဆင်တာတွေ လုပ်နေနိုင်ပါတယ်။
အဆင့် (၇) နဲ့ အဆင့် (၉) မှာ ထွက်လာတဲ့ ယူရေနီယမ်က (၂၀) ရာခိုင်နှုန်းအောက်ပဲ သန့်စင်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုသုံး ယူ-၂၃၅ လည်း ဖြစ်နိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် ဆိုရင် သန့်စင်မှုနိမ့် ယူ-၂၃၅ ကီလို (၄၀၀) လောက် လိုမှာ ဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုကနေ ပလူတိုနီယမ် ထွက်လာရင်တော့ နျူကလီးယား ဗုံးလုပ်ဖို့ ပလူတိုနီယမ် (၁၀) ကီလို ဆိုရင် အခြေပြောင်း ဒြပ်ထုရပါပြီ။ ဒါပေမယ့် ဓာတ်ပေါင်းဖိုက မြောက်ကိုရီးယားကနေ ရောက်မလာသေးပါဘူး။ နျူကလီးယားဗုံး အင်မတန် ရချင်နေတဲ့ နအဖဟာ ရှေ့ပြေးစမ်းသပ်မှုအတွက် (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ကိုပဲ (ဥသျှစ်သီးလောက်ဖြစ်ဖြစ်) အရင်ဆုံး ရသလောက်လုပ်မှာ သေချာပါတယ်။
နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ (IAEA) က နျူကလီးယား ပစ္စည်း နည်းနည်းပါးပါးကို နိုင်ငံတွေမှာ ထားခွင့် ပေးထားပါတယ်။ အဲဒီ သတ်မှတ်ချက်ထက် ကျော်ရင် IAEA ကို သတင်းပို့ရမှာ ဖြစ်ပါတယ်။ သတင်းမပို့ဘဲ လက်ဝယ်ထားနိုင်တဲ့ ပမာဏတွေက သဘာဝ ယူရေနီယမ် (၁၀) တန်အောက်၊ (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၁.၁၁) ကီလိုအောက်၊ (၂၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၅) ကီလိုအောက်၊ ပလူတိုနီယမ် (၁) ကီလိုအောက် ဖြစ်ပါတယ်။ သတင်းမပို့ဘဲ ဒီထက် ကျော်ပြီးထားရင် IAEA က ကိုင်မှာဖြစ်ပါတယ်။ နျူကလီးယားဗုံး လုပ်နိုင်တဲ့ (၉၀) ရာခိုင်နှုန်း သန့်စင် ယူ-၂၃၅ အမျိုးအစား ယူရေနီယမ် (၁) ကီလိုရဖို့ သဘာဝ ယူရေနီယမ် အရိုင်း (၁) တန် လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် IAEA က မြန်မာနိုင်ငံကို ကိုင်မယ့် အန္တရာယ်ထက် ပိုစိုးရိမ်ဖို့ကောင်းတဲ့ ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်၊ မတော်တဆ ပေါက်ကွဲမှုဖြစ်မယ့် အန္တရာယ်တွေကို တပ်မတော်သားတွေနဲ့ ပြည်သူတွေ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင် နေရပါပြီ။ သဘာဝ ဓာတ်ရောင်ခြည် ပမာဏဟာ လူတွေအပေါ် တနှစ်ကို (၃၀၀) မီလီရင်မ် ကျရောက်နေပြီး လူလုပ်ပစ္စည်းတွေက ထွက်တဲ့ ဓာတ်ရောင်ခြည်က တနှစ်ကို (၆၀-၇၀) မီလီရင်မ် ကျနော်တို့အပေါ် ရိုက်ခတ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နျူကလီးယား ထိန်းချုပ်ရေး ကော်မရှင်က နျူကလီးယား အလုပ်သမား တယောက်ဟာ တနှစ်မှာ မီလီရင်မ် (၅,၀၀၀) ထက် ပိုမထိတွေ့ဖို့ ပြဋ္ဌာန်း ထားပါတယ်။ ဟီရိုရှီးမား အနုမြူဗုံး ကွဲတုန်းက ဓာတ်ရောင်ခြည် မီလီရင်မ် (၇) သိန်းကျော် ထွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံ ချာနိုဘိုင်လ် ဓာတ်ပေါင်းဖို ပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ပမာဏ မီလီရင်မ် (၈) သောင်းက (၁) သန်းခွဲထိ ထွက်ခဲ့လို့ လူ (၂၈) ယောက် သုံးလမပြည့်ခင် သေသွားခဲ့ပါတယ်။ ဓာတ်ရောင်ခြည် မီလီရင်မ် (၃) သိန်းခွဲက (၅) သိန်းအထိ မိနစ်ပိုင်းလောက် ထိတွေ့ခဲ့သူဟာ တလအတွင်း သေဖို့ (၅၀) ရာခိုင်နှုန်း သေချာပါတယ်။ မီလီရင်မ် (၁) သောင်းဝန်းကျင် ရေရှည် ထိတွေ့နေရသူတွေဟာ (၅) နှစ်က အနှစ် (၂၀) အကြာမှာ ကင်ဆာ ဖြစ်လာနိုင်ပါတယ်။ မီလီရင်မ် (၅) သောင်းကျော်ထိရင် ကင်ဆာဖြစ်ဖို့ သေချာပါပြီ။ အပြင်ကလာတဲ့ ဓာတ်ရောင်ခြည် ပမာဏနည်းလို့ မထိခိုက်နိုင် ပေမယ့်လည်း အစာထဲမှာ ပါသွားလို့ ခန္ဓာကိုယ်ထဲ ဝင်သွားရင် ထိခိုက်နိုင်တာမျိုးလည်း ရှိပါတယ်။
နအဖရဲ့ နျူကလီးယားစီမံကိန်း နေရာတွေက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်၊ တောင်ကြီး၊ ဆော၊ စေတုတ္တရာ၊ ပွင့်ဖြူတို့ ဖြစ်ပါတယ်။ စစ်အုပ်စု အဆက်ဆက် သမိုင်းတလျှောက်မှာ လုပ်ရည်ကိုင် ရည်ညံ့ဖျင်းလှပြီး ငစနူကျလှတဲ့ မဆလ-နဝတ-နအဖဟာ ဒီနေရာတွေမှာ ဓာတ်ရောင်ခြည် ကာကွယ်ရေး၊ မတော်တဆ ပေါက်ကွဲမှု ကာကွယ်ရေးတွေ ဘယ်လောက် အာမခံချက် ပေးနိုင်ပါသလဲ။ အခုလို တနေရာနဲ့ တနေရာ ဝေးလံလှတဲ့ စက်ရုံတွေဆီ ယူရေနီယမ် ဓာတ်ပစ္စည်းတွေကို စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ကားလမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေလမ်းတွေပေါ် စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ယာဉ်တွေနဲ့ အသိပညာ နိမ့်ကျအားနည်းသူတွေက သယ်ယူ ပို့ဆောင်ရာမှာ ဘယ်လောက် အန္တရာယ်ကင်း စိတ်ချရမလဲ။
ဓာတ်ရောင်ခြည်တိုင်းတဲ့ ဂိုင်ဂါကောင်တာ Geiger Counter စက်တလုံးကို ဒေါ်လာ (၃၀၀) ပေးရပါတယ်။ ဒါတွေကို မြန်မာပြည်မှာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးထားသလဲ။ အပျော့စား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁,၀၀၀) ဝန်းကျင် ဈေးရှိပြီး အပြင်းစား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁၀,၀၀၀) အထက် ပေးရပါတယ်။ နအဖက ဘယ်နှစ်စုံ ဝယ်ထားသလဲ။ နျူကလီးယား လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆောက်အဦတွေ ဓာတ်ခွဲခန်းတွေကရော မတော်တဆ ပေါက်ကွဲမှု ဓာတ်ရောင်ခြည် ယိုစိမ့်မှုတွေကို ခံနိုင်ရည်ရှိအောင် ဒေါ်လာ သိန်းချီတန်တဲ့ အကာအရံတွေ၊ အင်ဆူလေတာတွေ၊ သတိပေးစနစ်တွေ ဘယ်လောက်အထိ တပ်ဆင်ထားသလဲ။
တိုင်းပြည်နဲ့လူမျိုးအတွက် ကင်ဆာအဖြစ်ခံကြဆိုပြီး ကျောက်ခေတ် စဉ်းစားနည်းနဲ့တော့ (၂၁) ရာစုမှာ အလုပ် မဖြစ်ပါဘူး။ အဲသလို ဆိုရင်တော့ တပ်ချုပ်ကြီး အိမ်တော်နဲ့ ကြပ်ပြေးမြို့တော်ကို သပိတ်ကျဉ်း နျူကလီးယား စက်ရုံဘေး အရင်ရွှေ့လာခဲ့ပါ။ ငရဲပြည်ရဲ့ တံခါးဝကို ရောက်ဖို့ သန့်စင်ပြီး ယူရေနီယမ် (၅၂) ကီလိုပဲ လိုပါတယ်။ ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၂၇ - ၀၆ - ၁၀)
■ စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်ရေး ကော်မတီတရပ်ဖွဲ့ဖို့ တောင်းဆို သတင်း
■ ဂျီ-၈ ဆွေးနွေးပွဲက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို သတင်း
■ ဥရောပသမဂ္ဂနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်မပြုသည့်အပေါ် NCUB ရှုတ်ချ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရေး စက်မှုထိပ်သီးတွေ တိုက်တွန်း သတင်း
■ လူငယ်များ နိုင်ငံရေးစိတ်ဝင်စားမှု ကျဆင်း သတင်း
■ ကချင်ကိုယ်စားပြု ပါတီများရဲ့ ရှေ့အလားအလာ သတင်း
■ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုင်ရာ သိကောင်းစရာ သတင်း
■ ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့က ကလေးစစ်သား မှတ်တမ်း (၂) ခု တင်ပြထား သတင်း
■ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဇွန်လတတိယပတ် မှတ်စုများ သတင်း
■ လယ်သမားများ ပိုင်ဆိုင်သည့် ယာမြေကို မယက အတွင်းရေးမှူးက မတရား သိမ်းပိုက် သတင်း
■ ဗိုလ်ချုပ်ကြီးတို့၏ ချင်းတွင်းမြစ် ရွှေတူးဖော်ရေးလုပ်ငန်း အကျိုးအမြတ် များပြား သတင်း
■ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား သြစတြေးလျ၌ ကျင်းပပြီးစီး သတင်း
■ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူတဦးနှင့် တွေ့ဆုံမေးမြန်းခြင်း သတင်း
■ ‘Ex Tiger Shark 3’ စစ်ရေးလေ့ကျင့်မှု စတင်ပြီ သတင်း
■ အမေရိကန် ရိုးရာပွဲတော် မြန်မာတွေ ဆင်နွှဲ သတင်း
■ ကာဂစ္စတန်မှာ လူထုဆန္ဒခံယူပွဲ ကျင်းပ သတင်း
■ မွှေးသည့်ပန်းများထဲမှ ဦးငြိမ်း (ဆောင်းပါး)
Sunday, June 27, 2010
မြေကြီးက ရွှေသီးတဲ့ ဘူမိနက်သန်
June, 27, 2010
မချိပြုံးနဲ့သွား ...
ငါးနှစ်ကာလအတွင်း ကမ္ဘာကို တော်တော်နှံ့သွားပြီ။ ပိုက်ဆံလည်း အသင့်အတင့် စုမိပါတယ်။ မိဘတွေက စုဆောင်း ပေးထားတယ်လို့ ပြောကြတယ်။ သူက အိမ်ထောင် မရှိသေးပါဘူး။ တသက်လုံး သင်္ဘောသား လုပ်တော့မှာလားလို့ မေးတော့ ဒီအတိုင်းပဲ ဆက်လုပ်ရမှာပေါ့ ဆရာရယ်လို့ မချိပြုံးနဲ့ ဖြေပါတယ်။ နှစ်နာရီလောက် ကြာအောင် စကားတွေ ပြောပြီးတော့ သူပြန်သွားပါတယ်။ သူပြန်သွားပေမယ့် သူမျက်နှာမှာ တဒင်္ဂ မြင်တွေ့လိုက်ရတဲ့ မချိပြုံးလေးက မျက်စိထဲမှာ ကျန်နေရစ်တယ်။ သင်္ဘော တက်ခါနီး သူလာကန်တော့ နှုတ်ဆက် တုန်းကလည်း ဒီ မချိပြုံးလေးနဲ့ပါပဲ။
မချိပြုံးနဲ့ပြန် ...
သူက စက်မှုတက္ကသိုလ်က ဗိသုကာဘွဲ့ ရသူပါ။ အပျော်တမ်းပန်းချီဆရာလည်း ဖြစ်တယ်။ ဒါပေမဲ့ အခြေအနေက တွန်းပို့ လိုက်တော့ သင်္ဘော တက်သွားရတယ်။ အခုငါးနှစ်ကြာမှ ပြန်ရောက်လာတယ်။ မချိပြုံးနဲ့ သင်္ဘော တက်သွားသူဟာ ပြန်ဆင်းလာတော့လည်း မချိပြုံးနဲ့ပဲ တွေ့ရတော့ စိတ်မကောင်း ဖြစ်မိတယ်။ ရေကြောင်း ပညာနဲ့ ရေကြောင်း အလုပ်ကို စိတ်ဝင်စားလို့ လုပ်တာဆိုရင် ဘာမှ စိတ် မကောင်းဖြစ်စရာ အကြောင်း မရှိပါဘူး။ အတွေအကြုံလည်းစုံ ၀င်ငွေကောင်းကောင်းလည်း ရတဲ့ အလုပ်ပဲ။ ကောင်းပါတယ်။ ဒါပေမဲ့ သူကတော့ ဗိသုကာနဲ့ ပန်းချီကို စိတ်ဝင်စားပြီး အနုပညာသမား ဖြစ်ချင်တဲ့သူမို့ စိတ်မကောင်း ဖြစ်မိတာပါ။
အတွင်းဦးနှောက်ယိုစီးမှု ...
သတင်းစာဖတ်တဲ့အခါ ကြော်ငြာတွေကို စေ့စေ့စပ်စပ် ဖတ်သူဆိုတော့ အမြီးအမောက် မတည့်တာမျိုးတွေ တော်တော် များတာကို သတိပြုမိပါတယ်။ ဆရာဝန်က ကျူရှင်ကျောင်းဖွင့်တာ၊ ဆောက်လုပ်ရေး လုပ်ငန်းလုပ်တာ၊ သတ္တုတွင်းအင် ဂျင်နီယာက အရက်ချက် စက်ရုံ မန်နေဂျာ ဖြစ်နေတာ။ ချည်မျင်နဲ့ အထည်အလိပ် လုပ်ငန်း အင်ဂျင်နီယာက ရေသန့်စက်ရုံ ထောင်တာ စတဲ့စတဲ့ ယူခဲ့တဲ့ဘွဲ့နဲ့ လုပ်တဲ့ အလုပ် မအပ်စပ်တာမျိုးတွေ နေ့စဉ်လိုတွေ့ရတယ်။ ပညာတတ်တွေ နိုင်ငံခြား ထွက်သွားကြတာမှ 'ဦးနှောက်ယိုစီးမှု' မဟုတ်ဘဲ ဒါမျိုးတွေလည်း ဦးနှောက် ယိုစီးမှုတွေပါလားလို့ တွေးမိတယ်။ ဒီလို 'အတွင်းဦးနှောက်ယိုစီးမှု' (internal braindrain) က ပိုများမယ် ထင်တယ်။ မင်္ဂလာဆောင် ကြော်ငြာတွေကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။
လူဆိုတာ ကိုယ်ဝါသနာပါရာ၊ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အလုပ်အကိုင်မျိုးကို လုပ်ကိုင်နေရမှ ကျေနပ်အားရမှု၊ ပျော်ရွှင်ကြည်နူးမှု တို့ကို ရရှိ ခံစားနိုင်တာ ဖြစ်တယ်။ ပိုက်ဆံကြောင့် မလုပ်ချင်ဘဲ လုပ်ရတဲ့ အလုပ်မျိုးမှာ ဘယ်သူမှ မပျော်ပိုက်ပါဘူး . . .
ဘူမိနက်သန်ဒေသ ...
ဒီလို အမြီးအမောက်မတည့်မှုတွေဟာ လူတဦးချင်းစီ အတွက်သာ မကောင်းတာ မဟုတ်ဘူး။ နိုင်ငံ တခုလုံး အတွက်ပါ မကောင်းတာ ဖြစ် တယ်။ မြန်မာနိုင်ငံဟာ အတော်ထူးခြားတဲ့ 'ဘူမိနက်သန်' ဒေသဖြစ်တယ်။ ဘယ်နေရာတူးတူး မြေအောက်သယံ ဇာတ အမျိုးမျိုးကတော့ ထွက်နေတာပဲ။ ရေနံထွက်တဲ့ နေရာထွက်၊ ရွှေထွက်တဲ့ နေရာထွက်၊ ကျောက်မျက်ရတနာ ထွက်တဲ့နေရာထွက်၊ သတ္တုမျိုးစုံ ထွက်တဲ့ နေရာထွက်နဲ့ မြေကြီးက ရွှေသီးဆိုတဲ့ စကားအတိုင်း တကယ်ကိုဖြစ်နေတာ။ သတ္တုတွင်း အင်ဂျင်နီယာက သတ္တုတွင်းတွေဆီ ရောက်မလာဘဲ၊ အရက်ချက်စက်ရုံ မန်နေဂျာ သွားလုပ်တော့ နိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေ အဟောသိကံ ဖြစ်တော့တာပေါ့။
ပိုက်ဆံကြောင့်လုပ်ရတဲ့အလုပ်မှာ မပျော်နိုင် ...
အရက်ချက်စက်ရုံ မန်နေဂျာလုပ်ရတဲ့ သတ္တုတွင်း အင်ဂျင်နီယာအဖို့လည်း သူ့ပညာတွေ အဟောသိကံ ဖြစ်ရရုံမက၊ သူ့ကိုယ်သူကျေ နပ်မှု(self satisfaction)နဲ့ သူ့ကိုယ်သူနဲ့ သူ့အလုပ်ကိုတန်ဖိုး ထားမြတ်နိုးမှု (self esteem) တို့ပါ ဆုံးရှုံး သွားရပါတော့တယ်။ လူဆို တာ ကိုယ်ဝါသနာပါရာ၊ ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ အလုပ် အကိုင်မျိုးကို လုပ်ကိုင် နေရမှ ကျေနပ်အားရမှု၊ ပျော်ရွှင်ကြည်နူးမှု တို့ကိုရ ရှိခံစားနိုင်တာ ဖြစ်တယ်။ ပိုက်ဆံကြောင့် မလုပ်ချင်ဘဲ လုပ်ရတဲ့အလုပ်မျိုးမှာ ဘယ်သူမှ မပျော်ပိုက်ပါဘူး။
သေမထူး နေမထူးစိတ် ...
မပျော်ပိုက်ရုံဆို ကိစ္စမရှိဘူး။ လုပ်ချင်တဲ့အလုပ်ကို ပိုက်ဆံကြောင့် လုပ်နေရတာဆိုရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုနဲ့ မြတ်နိုးတန်ဖိုး ထားမှုပါ ပျောက်ကွယ် သွားနိုင်ပါတယ်။ ဒါမကောင်းပါဘူး။ အဲဒီကဆက်ပြီး အလိုမကျ မကျေ မချမ်းဖြစ်မှု (frustration) နဲ့ သေမထူး နေမထူးဆိုတဲ့ မျှော်လင့်ချက်မဲ့ အခြေအနေ (desperatoin) တွေအထိ ကြီးထွားသွားနိုင်ပါတယ်။ လူတစ်ယောက်ဟာ 'မထူးစိတ်' ၀င်တဲ့သူ (desperados) အဆင့်ထိ ရောက်သွားရင် လုံးဝကို အဖတ်ဆယ်လို့ မရနိုင်တော့ပါဘူး။ အင်မတန် ဆိုးပါတယ်။
ဝါသနာနဲ့ ကျွမ်းကျင်ရာလုပ်နိုင်ဖို့ ...
မထူးစိတ်ဝင်တဲ့လူရမ်းကားတွေ ပေါ်ပေါက်မလာစေဖို့အတွက် လူတိုင်းလူတိုင်း ကိုယ့်ဘ၀ကိုယ် ကျေနပ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ထားမြတ်နိုးမှုရှိအောင် ဖန်တီးပေးဖို့ လိုပါတယ်။ လူတိုင်းဟာ ကိုယ်ဝါသနာပါပြီး ကိုယ်ကျွမ်း ကျင်လိမ္မာတဲ့ အတတ်ပညာနဲ့ အလုပ်လုပ် နိုင်အောင်လည်း ဆောင်ရွက် ပေးကြရပါမယ်။ အလုပ်လုပ်တယ် ဆိုတာ ထမင်းစားဖို့ အတွက် ပိုက်ဆံရှာတဲ့ သဘောသက်သက်သာ မဖြစ်စေရပါဘူး။ အလုပ်က ကျေနပ်မှုနဲ့ ပျော်ရွှင်မှုကို ပေးနိုင်ရပါမယ်။ အဲဒါမျိုးကို မပေးနိုင်သရွေ့ ပြင်ပ ဦးနှောက်ယိုစီးမှုရော အတွင်းဦး နှောက်ယိုစီးမှုပါ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
မလွှဲသာလို့သွားကြရတာ ...
မြန်မာလူမျိုးများဟာ ပင်ကိုဗီဇကိုက မေတ္တာတရားကို အလေးအနက်ထားပြီး သံယောဇဉ် အင်မတန် ကြီးတတ်တဲ့ လူမျိုး ဖြစ်တယ်။ ဇာတိရပ်ရွာနဲ့ မိဘသားချင်းများကို ခွဲပြီး တနယ်တကျေး သွားရောက် နေထိုင်လိုစိတ် နည်းပါတယ်။ မလွှဲသာမှသာ သွားကြရတာပါ။ အဲဒီလို မလွှဲသာတဲ့ အကြောင်းရပ်တွေ ထဲမှာ တချက်ကတော့ အထက်မှာ ပြောခဲ့သလို သတ္တုတွင်း အင်ဂျင်နီယာက အရက်ချက်စက် ရုံမန်နေဂျာ သွားလုပ် နေတာမျိုး ဖြစ်တယ်။ တကယ်လို့ သတ္တုတွင်းကသာ သူကျေနပ်မှုရှိပြီး ပျော်အောင် ဆွဲဆောင်ထားနိုင်ရင် သတ္တုတွင်း မှာသာ သူလုပ်ချင်မှာ သေချာတယ်။ သူဝါသနာပါပြီး သူကျွမ်းကျင်လိမ္မာတဲ့ အလုပ် မဟုတ်လား။ သူနဲ့ မဆိုင်တဲ့ အရက်ချက်စက် ရုံအလုပ်ကို သူဘယ် လုပ်ချင်ပါ့မလဲ။
ထမင်းဝဖို့ လိုတယ် ...
အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံရဖို့ တခုတည်းအတွက် မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ ဒါပေမဲ့ အလုပ် လုပ်နိုင်ဖို့ အတွက် ထမင်းဝအောင် စားရဖို့တော့ လိုပါတယ်။ အလုပ်ရှင်တွေဘက်က ဒီအချက်ကို အရေးကြီးတဲ့ အချက်အဖြစ် စဉ်းစားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အခု ထိတော့ အလုပ်ရှင်တိုင်း လိုလိုဟာ ဒီအချက်ကို သိပ် အလေးမထားကြတာ တွေ့ရတယ်။ အလုပ်သမားလစာ သတ်မှတ်ရာမှာ တူညီတဲ့ အခြေခံ စံနှုန်းတစ်ခု မရှိဘဲ အလုပ်ရှင်ရဲ့ သဘော တခုတည်းနဲ့ပဲ သတ်မှတ်လေ့ရှိတယ်။ ဒီလောက်နဲ့ ကျေနပ်ရင်လုပ်၊ မကျေနပ်ရင် မလုပ်နဲ့ ဆိုတဲ့သဘော။ အလုပ်သမား ဘက်ကလည်း မကျေနပ်ပေမယ့် အခြေအနေအရ ၀င်လုပ်တယ်။ လစာ ပိုရတဲ့ အလုပ်ပေါ်ရင် ပြောင်းလုပ်တယ်။ ဒီလိုနဲ့ သတ္တုတွင်း အင်ဂျင်နီယာက အရက်ချက် စက်ရုံမန်နေဂျာ ဖြစ်သွား ရတာပဲ။
နေရာတိုင်းမှာ နိုင်ငံတကာစံချိန် ...
ဒီနေ့ခေတ် လုပ်ငန်းခွင်တိုင်းမှာ ခေတ်မီစက်ကိရိယာတွေ၊ ခေတ်မီနည်းပညာတွေ၊ ခေတ်မီစီမံ ခန့်ခွဲမှု ပညာတွေနဲ့ နေရာတိုင်း၊ နိုင်ငံတကာ စံချိန်မီဖြစ်အောင် ကြိုးစားနေကြတာ တွေ့ရတယ်။ ဒါပေမဲ့ လုပ်ခ လစာကျတော့ နိုင်ငံတကာ စံချိန်မီ အောင်မပြုပြင်ဘဲ မြန်မာ စံချိန်နဲ့ပဲ ပေးမြဲ ပေးနေကြတယ်။ အဲဒါကြောင့် ဦးနှောက် ယိုစီးမှုတွေကို မတားဆီးနိုင်တာ ဖြစ်တယ်။ မကြာမီက ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း ပေးလိုက်ပြီးတဲ့ နောက်မှာ ကြယ်ငါးပွင့် သင်္ဘောတွေက သင်္ဘောသားတွေ အားလုံးကို နိုင်ငံတ ကာသင်္ဘောလိုင်းများက ပေးတဲ့ လစာနှုန်းထား အတိုင်း ပေးသွားမယ် ဆိုတဲ့ သတင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ ဒါဟာ နမူ နာကောင်းတခု ဖြစ်တယ်လို့ ယူဆပါတယ်။ တခြား လုပ်ငန်းခွင်တွေ အတုယူကြရင် အင်မတန် ကောင်းပါလိမ့်မယ်။
ပညာရှင်တွေအများကြီးလို ...
ဒီလိုအတုယူတာဟာ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ တိုးတက်ဖို့ အတွက် စက် ကိရိယာသစ်တွေ ၀ယ်နိုင်ရုံနဲ့ မပြီးသေးပါဘူး။ စက်သစ်၊ နည်းပညာ သစ်တွေကို သင်ယူ တတ်ကျွမ်းတဲ့ ပညာရှင်တွေ မရှိမဖြစ် လိုအပ်ပါတယ်။ ရှေးက ဆန်စက် ဟောင်းကြီးတွေက (မေဆရာ) စက်ဆရာ အိုကြီးကို ခေတ်ပေါ် ကွန်ပျူတာထိန်းချုပ် ဆန်စက်သစ်ကြီးမှာ အင်ဂျင်နီယာခန့်လို့ မဖြစ်နိုင်တာ လူတိုင်း သဘောပေါက်ပါတယ်။
ရပ်ကွက်ထဲက ရေပိုက်ပြင်တဲ့လူကို ဓာတ်ငွေ့ပိုက် သွယ်တန်းတဲ့ နေရာမှာ သုံးလို့ မရပါဘူး။ စက်မှုလုပ်ငန်းကြီးတွေ ထူထောင်ဖို့အ တွက် စက်မှုပညာရှင်တွေ အများကြီး လိုအပ်ပါတယ်။ ဒီပညာရှင်တွေရဲ့ ပညာတွေ အဟောသိကံ မဖြစ်စေဖို့အတွက် သူတို့ရဲ့စားဝတ် နေရေးကို အာမခံချက်ပေးတဲ့ လုပ်ငန်းခွင်တွေဖြစ်ဖို့ လိုပါတယ်။
အရက်ချက်စက်ရုံက သတ္တုတွင်းအင်ဂျင်နီယာကို သတ္တုတွင်းထဲ ပြန်ရောက်အောင် လုပ်ရပါလိမ့်မယ်။ ကျနော်တို့နိုင်ငံဟာ 'ဘူမိနက် သံ' ဒေသကြီးပါ။ ဘယ်နေရာတူးတူး ရတနာတွေ ထွက်နေပါတယ်။ အဲဒီအတွက် ပညာရှင်တွေ မရှိလို့ မဖြစ်ပါဘူး။
နေ့စဉ်သတင်းများ (၂၆ - ၀၆ - ၁၀)
■ အစိုးရ၏ ကြိုးပေးသတ်ခြင်းခံခဲ့ရသူ ဆလိုင်တင်မောင်ဦးအတွက် ၀က်ဘ်ဆိုက်ဖွင့် သတင်း
■ ဒုံးပျံပစ်စင်တင် ကားကြီးတွေ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တပ်စွဲ သတင်း
■ မုံရွာဒေသမှာ ကြေးနီထုတ်လုပ်ဖို့ တရုတ်လက်နက်ကုမ္ပဏီ ပြင်ဆင် သတင်း
■ ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှု များလာ သတင်း
■ မူးယစ်ဆေး အများစု အရှေ့မြောက်ဒေသမှာ ထွက် သတင်း
■ အမေရိကန်ဒေါ်လာ (၇၆) သန်းဖိုးရှိ မူးယစ်ဆေးဝါးများကို မြန်မာစစ်အစိုးရက မီးရှို့ သတင်း
■ နိုင်ငံရေးအကျဉ်းသားများကို မန္တလေးအဖွဲ့ချုပ်က လူမှုထောက်ပံ့ကြေး ပေး သတင်း
■ နိုင်ငံရေးအမြင် ပိုပွင့်လင်း ရန် ရည်ရွယ်ဟု ပါတီများ ပြော သတင်း
■ ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်သမားများကို ရောဂါစစ်ဆေးမှုများ ပြုလုပ် သတင်း
■ အင်းလေးကန် ရေခန်းမှုသတင်း တားမြစ် သတင်း
■ အာဏာပိုင်များ ကျောထောက်နောက်ခံပြုထားသည့် နွားခိုးဂိုဏ်းများကြောင့် ရခိုင်လယ်ယာလုပ်ငန်း ထိခိုက် မှုရှိနေ သတင်း
■ မိုးမမှန်လို့ မြန်မာနိုင်ငံ ဆန်စပါးအထွက် ကျဆင်းနိုင် သတင်း
■ စက်သုံးဆီသုံးစွဲသူများ ၀ယ်ယူရန် အခက်အခဲဖြစ် သတင်း
■ မြန်မာရုပ်ရှင်၊ ဗွီဒီယို - ဆပ်ပြာပူဖောင်းဇာတ်ထဲက ဖောက်ထွက်စို့ သတင်း
■ တပ်မတော်ခန်းမက ကားပြပွဲ သတင်း
■ မြောက်ကိုရီးယားဦးဆောင်မှုအဖွဲ့ အပြောင်းအလဲလုပ်မည် သတင်း
■ ရှပ်နီဆန္ဒပြပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများစွာ ပါဝင် သတင်း
■ သူ့လူ ကိုယ့်ဘက်သားတွေ လုံခြုံမှု လိုအပ် (ဆောင်းပါး)
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88