Friday, May 15, 2009

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကြာသပတေးနေ့၊ မေလ 14 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ်မှ အင်းစိန်ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင် ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရက ယနေ့ စွဲတင်လိုက်သည့် အမှုကို မကျူးလွန်ကြောင်း သူ၏ ရှေ့နေမှတဆင့် ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးသို့ ရုံးထုတ်ရာတွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ပြောဆိုခဲ့ကြောင်း ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

Read More...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်

ကြာသပတေးနေ့၊ မေလ 14 2009

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် မြန်မာစစ်အစိုးရက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ တရားစွဲဆိုသည့်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် ကြေညာချက်ကို တင်ပြလိုက်ပါသည်။

ကြေညာချက်ကို ဦးအုန်းကြိုင် (ဗဟို သုတေသနအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်။ ၈/၀၅/၀၉

ရက်စွဲ - ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူလကနဦး စတင် ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာရေးကို အစဉ်တစိုက် ကြိုးပမ်းနေသူ ဖြစ်ပါသည်။ နိုင်ငံရေးအရ အပေးအယူ ပြုလုပ်သည့် ပြုပြင် ပြောင်းလဲနိုင်စွမ်း ရှိသူ ဖြစ်ပါသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများ အားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန်အတွက် တိုက်တွန်းနှိုးဆော်လျက် ရှိပါသည်။

သို့ပါလျက် အာဏာပိုင်တို့က နေအိမ်အတွင်း ထိန်းသိမ်းထားခြင်းမှ အပြီးအပြတ် လွတ်ရက် စေ့ခါနီးနေသော ဒေါ်အောင်ဆန်းစုကြည်အား မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ နောက်ဆုံး အင်းစိန် ထောင်အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိသည်ဟု ကြားသိရပါသည်။

ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။

ထို့ကဲ့သို့ တရားစွဲဆိုခြင်းမှာ မလုပ်သင့်၊ မလုပ်ထိုက်သောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာလိုက်သည်။

၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ -

(ဗဟိုအလုပ်အမှုဆောင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

Ref: မဇ္ဈိမ

နေ့စဉ်သတင်းများ (၁၄ - ၅ - ၀၉ )

အမှုမစစ်ဆေးမီ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်အတွင်း ထာ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထား၊ ပုဒ်မ ၂၂ ဖြင့် စစ်အစိုးရက တရားစွဲ သတင်း
ရန်ကုန်မြို့ခံများ ဒေါ်အောင်ဆန်းစုကြည်သတင်းကြောင့် အံ့သြဒေါသထွက် သတင်း
ထိန်းသိမ်းခံ အမေရိကန်လူမျိုးအတွက် အကျိုးဆောင်လိုက်ပါခွင့်ရရေး သံရုံးမှ ကြိုးစားနေ သတင်း
ဗီးစပ်ရွက်သောက်သုံးသည့် အေအိုင်ဒီအက်စ်ဝေဒနာရှင်များ အသက်အန္တရာယ် ကြီးမား သတင်း
တပ်ဖွဲ့စည်းပုံပြင်ဆင်ရေးကို အန်ဒီအေ(ကချင်) မူအရသဘောတူ သတင်း
လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်မှုကြောင့် ငါးရှဥ့်မှောင်ခိုဖြစ် သတင်း
အကြီးဆုံး မြေရှင်နအဖစစ်အစိုးရနဲ့ သူတို့ရဲ့ ချစ်တီးလက်သစ်များ (ဆောင်းပါး)

လေတပ်မှ အရာရှိငါးဦး ကိုဖမ်းဆီးထိန်းသိမ်းထား

၁၂ မေ ရန်ကုန်၊

Burma:Air force officers detainees

မင်္ဂလာဒုံ လေတပ် စခန်းနှင့် လေကြောင်းရန် ကာကွယ်ရေး ဌာနမှ အရာရှိ စစ်သည် ငါးဦးထက် မနည်း ကို ယခု လ ၈ ရက် နေ့ က ဖမ်းဆီးထိန်း သိမ်းထားကြောင်း မင်္ဂလာဒုံ လေတပ်စခန်းမှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

လေတပ် အရာရှိ ငါးဦးအပါအ၀င် အခြားအဆင့် နှစ်ဦး အဖမ်းခံရသည့် အကြောင်းအရင်းမှာ မည်သည့် အတွက်ကြောင့် ဖြစ်သည် ဆိုသည်ကိုမူ ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များပင် မသိရှိသေးဟု အမည်မဖေါ်လိုသော ထိုအရာရှိက ပြောသည်။

လေတပ် အရာရှိများ ဖမ်းဆီးခံရမှုသည် မကြာသေးခင် က ဖြစ်ပွားခဲ့သည့် လေတပ်ဗိုလ် ဖုန်းဇော်
အေးနှင့် ဆက်နွယ်မှု ရှိသည် ဟု လေတပ်အရာရှိ များကြားတွင် ထင်မြင်ချက် ပေးနေမှု များရှိသည်။

အမည်မဖေါ်လိုသော လေတပ်အရာရှိ ကမူ “နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချူပ်ကြီးသိန်းစိန် ၏ မကြာခင်က ကချင်ပြည်နယ် ခရီးစဉ် တွင် လေတပ်အရာရှိ များ၏ တာဝန် လစ်ဟင်းမှု တစ်ချို့ ကြောင့်ယခုကဲ့သို့ ဖမ်းဆီး ထိန်းသိမ်းခြင်း” ဖြစ်နိုင်သည် ဟု သုံးသပ်သည်။

ယခု ဖမ်းဆီးခံရသည့် လေတပ်အရာရှိများတွင် ယခင် လေတပ် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှုးချူပ် သိန်းဆွေ ၏ ချွေးမ ဖြစ်သူ ယခင်မြန်မာ တိုင်း ဂျာနယ် ပူးတွဲ ပိုင်ရှင်ဟောင်း ကိုမြတ်ဆွေ ဆန်နီဆွေ(ယခု ထောင်ဒဏ်ကျခံနေရသူ) နှင့် မယမင်းတို့၏ သူငယ်ချင်း ဖြစ်သူ အရာရှိ တစ်ဦးလည်း လည်းပါဝင်သည် ဆိုသဖြင့် အခြေအနေများမှာ ခန့်မှန်းရ ခက်နေသည် ဟု သိရသည်။

Read More...

Thursday, May 14, 2009

နေ့စဉ်သတင်းများ (၁၃- ၅- ၀၉)

အဖမ်းခံထားရသူ အမေရိကန်နိုင်ငံသား သံရုံးနှင့် တွေ့ပြီ သတင်း
အင်တာနက်စာမျက်နှာတချို့တွင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် သတင်း
လက်နက်တိုက်ဖောက်ခံရမှုကို စစ်ဆေးရာ အရပ်သားတဦး စိတ်ဖောက်ပြန်သွား သတင်း
စစ်ပြေးဒုက္ခသည်တွေအတွက် ပါကစ္စတန် အကူအညီတောင်း သတင်း
အကြွေးမဆပ်နိုင်သည့် လယ်သမားများ လယ်ထွက်ပစ္စည်းနှင့် လယ်များအသိမ်းခံရ သတင်း
စစ်အစိုးရ၀န်ကြီးချုပ်ညွှန်ကြားတဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအပေါ် AHRC အမြင် သတင်း
ဆိတ်ကွယ်ရာက လူသတ်ကွင်း အစီရင်ခံစာ အေအေပီပီ ထုတ်ပြန် သတင်း
ပဲခူးတွင် ဟိန္ဒူနှင့် တမီးလ်လူမျိုးများကို မှတ်ပုံတင်ထုတ်ပေး သတင်း
မြေပုံမြို့နယ်မှ ကျေးရွာသားများကို နအဖစစ်သားများက လုပ်အားစေခိုင်းပြန်ပြီ သတင်း
စီပွားရေးကျဆင်းမှုကြောင့် ကျောင်းသားမိဘများက သားသမီးများကို အဆောင်မထားပေးနိုင် သတင်း
ရွှေတြိဂံဒေသ မူးယစ်ဂိုဏ်းခေါင်းဆောင် အခုထိမမိ ဖမ်းထားသည့် သူ့အဆက်များ အာမခံငွေဖြင့် စစ်အစိုးရ ပြန်လွှတ်ပေး သတင်း
ဗမာ့တပ်မတော် စစ်တပ်/စစ်ကြောင်းများ၏ မူအမျိုးမျိုးကြောင့် ဆင်းရဲသည့်ပြည်သူများ ပိုဒုက္ခရောက် သတင်း
မြန်မာနယ်စပ်အနီး ဘင်္ဂလားမှ စစ်ရေးလေ့ကျင့် သတင်း
အိန္ဒိယ တလကြာ ရွေးကောက်ပွဲ ပြီးဆုံး သတင်း
သီရိလင်္ကာဆေးရုံ တိုက်ခိုက်ခံရမှု အရပ်သား ၅၀ဦး သေဆုံး သတင်း

Wednesday, May 13, 2009

ကစထ မှူး (၃) နေရာအား အပြောင်းအလဲပြုလုပ်

၂ဝဝ၉ ခုနှစ် မေလ ၁၃ ရက်

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) (၃) ဦးအား နေရာလဲလှယ် ပြောင်းရွှေ့လိုက်ကြောင်း စစ်ဖက် သတင်းများအရ သိရသည်။

လဲလှယ် ပြောင်းရွှေခဲ့သည့် ကစထမှူး နေရာ (၃) နေရာတွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရပ်တည် လှုပ်ရှားနေသည့် ပြည်နယ်၊ တိုင်းများကို ကိုင်တွယ် ကွပ်ကဲရသည့် ကစထ မှူးများ ပါဝင်သည်။ အပစ်ရပ် အဖွဲ့များ၏ လက်နက်ကိုင် တပ်ဖွဲ့များကို အသွင် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာ စစ်အစိုးရက အဆိုပြု ပြောဆိုနေချိန်နှင့် တပြိုင်နက် ကစထ မှူးများကို လဲလှယ် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ယခင် အမှတ် (၄) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး သာအေးကို ကချင် အပစ်ရပ် အဖွဲ့များကို ကိုင်တွယ် ကွပ်ကဲရမည့် အမှတ် (၁) ကစထမှူး အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ယခင် အမှတ် (၆) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ကို ကရင်၊ မွန် အပစ်ရပ် အဖွဲ့များကို ကိုင်တွယ် ကွပ်ကဲရမည့် အမှတ် (၄) ကစထ မှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ယခင် အမှတ် (၁) ကစထ မှူး ဗိုလ်ချုပ် အုန်းမြင့်ကို အမှတ်
(၆) ကစထ မှူး အဖြစ် လဲလှယ် ပြောင်းရွှေ့ခဲ့သည်။

၂ဝဝ၆ ခုနှစ်မှစတင်၍ ကစထမှူး (၄) ဦးအား (၆) ဦးအထိ တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂ဝဝ၁ ခုနှစ် နိုဝင်ဘာလ တွင် “စစ်ဆင်ရေး အထူး အဖွဲ့မှူးများအား ပေးအပ်ထားသည့် စစ်ဆင်ရေး တာဝန်အပြင် ၄င်းတို့အမည် နှင့် ယှဉ်တွဲ ဖေါ်ပြထားသော ဒေသ အသီးသီးတွင် နယ်ဘက် တာဝန်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းများကို အစိုးရအဖွဲ့ ကိုယ်စား လှည့်လည် ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်ရန် ဖြစ်သည်” ဟု အမိန့်ကြေငြာစာ အမှတ် ၄၂/၂ဝဝ၁ ဖြင့် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

Read More...

၂ဝ၁ဝ၊ အရာရှိငယ်နဲ့ အသိဂလိုဘယ်

ဂါမဏိ

ရွေးကောက်ပွဲလုပ်မယ်လို့ နအဖ ကြေညာထားတဲ့ ၂ဝ၁ဝ ပြည့်နှစ် ထဲဝင်ဖို့ (၈) လပဲလိုပါတော့တယ်။ ဒါပေမယ့် စစ်အစိုးရဟာ ရွေးကောက်ပွဲဥပဒေ၊ ပါတီ မှတ်ပုံတင် ဥပဒေတွေ ဘာတခုမှ မထုတ်ပြန်သေး သလို ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့တာလည်း မရှိသေးပါဘူး။ ၁၉၉ဝ မေလ ရွေးကောက်ပွဲ အတွက် ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေကို ၁၉၈၈ စက်တင်ဘာမှာ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကို ၁၉၈၉ မေလမှာ ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ရက်ကို (၇) လအလို ၁၉၈၉ နိုဝင်ဘာမှာ ကြေညာပြီး စည်းရုံး မဲဆွယ်ခွင့်ကိုတော့ (၃) လအလို ၁၉၉ဝ ဖေဖော်ဝါရီလ ကျမှ ပေးခဲ့ပါတယ်။ ဒါပေမယ့် ၈လေးလုံး အရေးတော်ပုံ ကြီးရဲ့အရှိန်နဲ့ နိုင်ငံရေး ပါတီတွေ ရပ်တည် လှုပ်ရှားခွင့် အတော်အတန် ရထားတဲ့အတွက် ၉ဝ ဖေဖော်ဝါရီ မတိုင်ခင်ကတည်းက စည်းရုံးထားနိုင်လို့ ရွေးကောက်ပွဲကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း နအဖဟာ ရွေးကောက်ပွဲရက်နဲ့ အတူ ရွေးကောက်ပွဲဥပဒေ၊ ပါတီဥပဒေတွေကို (၄-၅) လအလိုမှာ ကြေညာ၊ မဲဆွယ်ခွင့်ကို တလ နှစ်လလောက်ပဲ ပေးမယ့် လက္ခဏာ တွေ့နေရပါတယ်။ တဖက်မှာတော့ ကြံ့ဖွံ့နဲ့ လက်ကိုင်တုတ် သို့မဟုတ် နောက်လိုက် ခွေးအဖွဲ့တွေ ကတော့ ခုကတည်းက စည်းရုံး လှုပ်ရှားခွင့် ရနေပါတယ်။


Read More...

နေ့စဉ်သတင်းများ (၁၂- ၅- ၀၉)

ဝ ထိန်းချုပ်နယ်မြေ၌ စရဖ အရာရှိတဦး ထိုးကြိတ်ခံရ သတင်း
အပစ်ရပ်များအားစည်းရုံးရန် စစ်ထိပ်တန်း ဘီအက်စ်အိုနေရာများ အပြောင်းအလဲလုပ် သတင်း
ရင်ဆိုင်တိုက်ပွဲကြောင့် စကခ(၅)မှူး ဗိုလ်မှူးချုပ်ကောင်းမြတ် ကျဆုံး သတင်း
စစ်အစိုးရရဲ့ အဆိုပြုချက်ကို အပစ်ရပ်အဖွဲ့များ အလိမ္မာသုံး ငြင်းပယ် သတင်း
ဒီကေဘီအေစစ်သား၏ သတိမဲ့မှုကြောင့် အရပ်သားလေးဦး သေနတ်ထိမှန် သတင်း
မြန်မာအလုပ်သမားများ ဖုန်းကိုင်ခွင့်မရှိဟု ထိုင်းရဲများ ခြိမ်းခြောက် သတင်း
နိုင်ငံရေးအကျဉ်းသားများအတွက် ဆုတောင်းသူများ ခြိမ်းခြောက်ခံရ သတင်း
အရံမီးသတ်တပ်ဖွဲ့သင်တန်းခေါ်ပြီး ပြည်သူ့စစ်ကဲ့သို့ စစ်ရေးလေ့ကျင့်ပေးနေ သတင်း
တပ်တွင်းကြီးနိုင်ငယ်ညှင်းမှု၊ အရာရှိငယ်ကို ချုပ်နှောင်နှိပ်စက်နေ သတင်း
၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဦးသုဝေ သတင်း
နိုင်ငံရေးအကျဉ်းသားများ အဆိုးဆုံးအခြေအနေ ကြုံနေရဟု AAPP ပြော သတင်း
သဘောတူညီချက်အတိုင်း ဆောင်ရွက်ရန် IOL ကိုယ်စားလှယ် ပြောကြား သတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ သက်သာလာ သတင်း
ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး ကုလသမဂ္ဂ အကာအကွယ်ပေးဖို့ တပ်ပေါင်းစု ၇ ခု တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ခိုးပြီးဝင်ရောက်တဲ့သူ သတင်း
နိပေါဝန်ကြီးချုပ် ပရာချန်ဒါ နှုတ်ထွက် သတင်း
ဗင်နီဇွဲလားသမ္မတ Chavez ရေနံဝန်ဆောင်မှုလုပ်ငန်းကြီးတွေ သိမ်းပစ်လိုက်ပြီ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေပါအခွင့်အရေးများကို NLD တောင်းဆိုး သတင်း
မြန်မာပြည်မှ နှင်ထုတ်ခံရသူ စာနယ်ဇင်းသင်တန်းဆရာနှင့် ဆရာမ သတင်း

Tuesday, May 12, 2009

စစ်အစိုးရ၏တောင်းဆိုချက် ၀ ဆွေးနွေးပွဲမှ ရာနှုန်းပြည့်နီးပါးကန့်ကွက်

တနင်္လာနေ့၊ 11 မေလ 2009

ဧပြီလနှောင်းပိုင်းက ၀ ထိပ်ပိုင်းခေါင်းဆောင် ရှောဝ်းမင်လျှံ အဖွဲ့ - သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံပြီး ဌာနချုပ်အပြန် အစုအဖွဲ့လိုက် ဆက်တိုက် စည်းဝေးပွဲ ပြုလုပ်ခဲ့ရာ စစ်အစိုးရ၏ တောင်းဆိုချက် အပေါ် ၀ ပါတီနှင့် စစ်တပ် အစည်းအဝေးမှ ဆန္ဒ ခံယူခဲ့ရာမှာ ရာနှုန်းပြည့်နီးပါး ကန့်ကွက်ကြောင်း - ၀ ဌာနချုပ် နီးစပ်သော အသိုင်း အ၀ိုင်းက ဆိုသည်။

စစ်အစိုးရတောင်းဆိုထားသည့် အချက်အပေါ် ၀ ပြည် နိုင်ငံရေးပါတီနှင့် စစ်တပ်အတွင်း၏ အမြင် သဘောထားကို အမည်မဖေါ်လိုသည့် ၀အရာရှိနှင့် နီးစပ်သူ တဦးအား သျှမ်းသံတော်ဆင့်က မေးမြန်းရာ-

“ (၁) အသွင်ပြောင်းမည့် ၀ တပ်မတော်အတွက် ဆန် စားနပ်ရိက္ခာ လက်နက်ခဲယမ်း နှင့် အထွေထွေ အသုံးစရိတ်များ အားလုံး စစ်အစိုးရမှ တာဝန်ယူပေးမည်။ (၂) ၀ တပ်အင်အား ၃၀၀၀ အထိ လျှော့ချ၍ ခေတ်မှီ တပ်မတော် ဖြစ်ဖို့အရေး စစ်အစိုးရမှ လူအင်အား ၃၀ ၀င်ရောက် အားဖြည့်မည်။ (၃) စစ်ပညာနှင့် အခြား ကျွမ်းကျင်မှု ဆိုင်ရာ ဖွံ့ဖြိုးမှု ဆိုင်ရာများကို စစ်အစိုးရက တာဝန်ယူမည်” ဟု ဆိုထားပါတယ်။

“အခုကျနော်တို့အခြေအနေက ဗမာစစ်တပ် စားနပ်ရိက္ခာ နေရာထိုင်ခင်း မစီစဉ်ပေးလဲ ကိုယ့်ဟာကိုယ် လည်ပတ်နိုင်နေ တာဘဲ၊ ပညာတတ် လူ ၃၀ က ကျနော်တို့ တပ်အဖွဲ့အကြား လာဖြည့်ပြီး အဖွဲ့အစည်း မြှင့်တင်ပေးမယ် ဆိုတာက ကျနော်တို့ တတွေ ဗမာစကားမှ မတတ်တာ။ အဲဒါကြောင့် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဒီတော့ကျနော်တို့ အစုအဖွဲ့လိုက်ခွဲပြီး အစည်းအဝေး ထိုင်ကြတယ်။ ၃ ရက် တကြိမ် အထက်ကို ပြန်တင်ပြတယ်။ အစည်းအဝေးက မပြီးပြတ်သေးဘူး။ ဒါပေမယ့် စစ်အစိုးရ၏ တောင်းဆိုချက်အပေါ် ပါတီတွင်း စစ်တပ်အတွင်း သဘောထား ကောက်ယူရာမှာ ၉၈ ရာနှုန်းက လုံးဝ မထောက်ခံဘူး၊ ကန့်ကွက်တယ်၊ ကျန် ၂ ရာခိုင်နှုန်းက ဘာမှ မပြောဘူး”

Read More...

နေ့စဉ်သတင်းများ (၁၁- ၅- ၀၉)

လက်နက်တိုက်ဖောက်မှု စစ်ဆေးရာမှ တပ်ကြပ်ကြီးသေဆုံး၍ ဆန္ဒပြမှုဖြစ်ပွား သတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အမေရိကန်ပြည်ထောင်စု စိုးရိမ် သတင်း
မိသားစုလက်ထောက်ဆရာဝန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဆရာဝန် ဒုတိယအကြိမ် တွေ့ခွင့်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ကျူးကျော်မှု လုံခြုံရေးအတွက် အန်အယ်လ်ဒီ စိုးရိမ် (ဗွီဒီယိုသတင်း)
အမေရိကန်သတင်းထောက် ၂ ဦး မြန်မာအစိုးရ ပြည်နှင်ဒဏ်ပေး သတင်း
ပြည်နှင်ဒဏ်ခံရသည့် အမေရိကန်သတင်းထောက် ၂ ဦး သတင်းစာရှင်းလင်းပွဲလုပ် သတင်း
ကျူးကျော်ဝင်ရောက်သူ၏ ဓာတ်ပုံ ဖော်ပြခွင့် စောင့်ဆိုင်းနေကြ သတင်း
နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းရေး တိုင်းရင်းသားတွေ စဉ်းစားဆဲ (ဗွီဒီယိုသတင်း)
မျက်ကွယ်က လူသတ်ကွင်းအကြောင်း AAPP အစီရင်ခံစာ သတင်း
သင်္ကကျွန်း အန်အယ်လ်ဒီအဖွဲ့ဝင်များကို နယ်ဝေးထောင်များသို့ ပြောင်းရွှေ သတင်း
အာဏာပိုင်အသိုင်းအ၀ိုင်းမှ ယာဉ်တိုက်မှုတရားခံကို လူစားထိုး သတင်း
GDP ၀.၃% ကို ကျန်းမာရေးအတွက် သုံးသည့်နိုင်ငံမှ ကလေးများ သတင်း
ပဲတင်ပို့ခွင့် မူဆယ်ကုန်သွယ်ရေးဇုန်က ပိတ်၊ သွင်းကုန်များ ပါမစ်လျောက်ရာတွင် အခက်ခဲများရှိ သတင်း
ဒေသခံလယ်မြေသိမ်းပြီး လေယာဉ်ကွင်းတိုးချဲ့ဖွင့်ပွဲ၌ ကျိုင်းတုံဒေသခံများ ထမင်းငတ် သတင်း
စစ်အစိုးရ၏ တောင်းဆိုချက် ၀ ဆွေးနွေးပွဲမှ ရာနှုန်းပြည့်နီးပါး ကန့်ကွက် သတင်း
မြန်မာနယ်စပ်အနီးရှိ ဘော်လီပါရာဌာနချုပ်မှ ဘင်္ဂလားရိုင်ဖယ်တပ်ဖွဲ့ဝင် ၁၀၈ ဦး ဖမ်းဆီးခံရ သတင်း
ပုံမှန်ပြန်ပျက်သွားသည့် မော်လမြိုင်မြို့က လျှပ်စစ်မီး သတင်း

Monday, May 11, 2009

၂ဝ၁ဝ စိန်ခေါ်မှုများနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

မောင်ရွှေ
မေ ၁ဝ၊ ၂ဝဝ၉

၂ဝဝ၉ခုနှစ်ရဲ့ ရက်တွေလတွေ တရွေ့ရွေ့ တိုက်စားလို့ ခရစ်နှစ် ၂ဝ၁ဝ ဆိုတာကို ချဉ်းကပ်လို့ နေပါပြီ၊ မြန်မာ့နိုင်ငံရေး ၂ဝ၁ဝ ပန်းချီကားလည်း တဖြည်းဖြည်း ပီပီပြင်ပြင် ဖြစ်လို့ လာနေပါပြီ၊ အချို့ နိုင်ငံရေး အကဲခပ် သမားများကတော့ နိုင်ငံအရေး ဆွေးနွေးစရာ အခင်းအကျင်း အသစ်တွေ ပေါ်ထွက် လာတော့မယ်၊ နိုင်ငံရေးပါတီများ အတွက် ပြောရေး ဆိုခွင့်တွေ ပိုမို ရရှိလာတော့မယ် စသည်ဖြင့် အကောင်းမြင် အတွေးများလည်း ရှိနေသလို အချို့ကလည်း ပေါ်ထွက်လာမယ့် နိုင်ငံရေး စနစ်သစ်ဟာ မြန်မာပြည် အတွက် စစ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းတဲ့ စနစ်ပါလို့ ဆိုကြ ပြန်ပါတယ်။ ဒီတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်း အသစ်က ယူဆောင်လာနိုင်တဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ပတ်သက်လို့ Scenario လေးတစ်ခု ဖန်တီးပြီး တွေးကြည့် ကြရအောင်။

Xxx - - - - xxX

၂ဝ၁ဝ ပြည်ထောင်စုလွှတ်တော်

၂ဝ၁ဝပြည့်နှစ်အလွန်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ ပြည်ထောင်စု လွှတ်တော်ထဲက မြင်ကွင်း တစ်ခုပေါ့၊ ပြည်ထောင်စု လွှတ်တော် နာယကရဲ့ ရှေ့မှောက်မှာ ရွေးကောက် တင်မြောက်ခံ လွှတ်တော် အမတ်တစ်ဦးက ပြည်ထောင်စု အစိုးရ တင်ပြလာတဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို အတည်ပြု ပေးရမယ့် ကိစ္စအတွက် အရေးပါတဲ့ အစီရင်ခံစာ တစ်ခုကို တင်သွင်းနေပါတယ်၊ လွှတ်တော် အတွင်းက လူထု ကိုယ်စားလှယ်၊ တပ်မတော် ကိုယ်စားလှယ်များလည်း နားအစွင့်သားနဲ့ စိတ်ဝင်တစား နားထောင် နေကြပါတယ်။ အစီရင်ခံစာ တင်သွင်းတဲ့ ကိုယ်စားလှယ်က ဘာတွေ တင်ပြနေသလဲ ဆိုတော့ -



Read More...

နေ့စဉ်သတင်းများ (၁၀ - ၅ - ၀၉ )

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း၊ မိသားစုဆရာဝန်ကို အာဏာပိုင်တွေ ထိန်းသိမ်း သတင်း
ILO တိုင်ကြားသူ၏ မိသားစုဝင်များကို ခြိမ်းခြောက်အလုပ်ဖြုတ် သတင်း
အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေမှု ပအို့ဝ်အဖွဲ့အစည်းများ ကန့်ကွက် သတင်း
လယ်သမားများထံက လယ်မြေ၊ ကျွဲ၊ နွားများ အကြွေးရှင်တွေ သိမ်းနေ သတင်း
အဖွဲ့ချုပ်လူငယ်သုံးဦး နယ်ထောင်ပြောင်း သတင်း
စံပြကျေးရွာသားများအကြား အချင်းချင်း ဓားထိုးမှု ဖြစ်ပွား သတင်း
ဒေါ်အောင်‌ဆန်းစုကြည်‌ရဲ့ ကျန်းမာ‌ရေးအ‌ခြေအ‌နေ စိုးရိမ်‌ရ သတင်း
ခြံဝင်းအတွင်း ကျူကျော်ဝင်ရောက်သူနှင့် တွေ့ခွင့်ရရန် သံရုံးက စောင့်ဆိုင်းနေ သတင်း
တနင်္လာနေ့ကျရင် တံဆိပ်ခေါင်းဘိုး ၂ ဆင့် ဈေးတက်မယ် သတင်း
မြန်မာတံငါသည် ၂ ဦး သြစတြေးလျမှာ ခိုလှုံခွင့်ရ သတင်း
ပါကစ္စတန်တိုက်ပွဲ ပြင်းထန်၊ ဒေသခံများ ပိတ်မိနေ သတင်း
မြန်မာနိုင်ငံအကြောင်း ဇာတ်လမ်းပိုင်း NBC ရုပ်မြင်သံကြားဋ္ဌာနက ရိုက်ကူး သတင်း
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နှင့် စစ်ခေါင်းဆောင်များ မတွေ့သေး သတင်း
မန္တလေးမြို့တည် နန်းတည် နှစ် ၁၅၀ ပြည့် ဂီတပွဲတော် သတင်း

အပေါ်သို့