Friday, May 15, 2009

လေတပ်မှ အရာရှိငါးဦး ကိုဖမ်းဆီးထိန်းသိမ်းထား

၁၂ မေ ရန်ကုန်၊

Burma:Air force officers detainees

မင်္ဂလာဒုံ လေတပ် စခန်းနှင့် လေကြောင်းရန် ကာကွယ်ရေး ဌာနမှ အရာရှိ စစ်သည် ငါးဦးထက် မနည်း ကို ယခု လ ၈ ရက် နေ့ က ဖမ်းဆီးထိန်း သိမ်းထားကြောင်း မင်္ဂလာဒုံ လေတပ်စခန်းမှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

လေတပ် အရာရှိ ငါးဦးအပါအ၀င် အခြားအဆင့် နှစ်ဦး အဖမ်းခံရသည့် အကြောင်းအရင်းမှာ မည်သည့် အတွက်ကြောင့် ဖြစ်သည် ဆိုသည်ကိုမူ ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များပင် မသိရှိသေးဟု အမည်မဖေါ်လိုသော ထိုအရာရှိက ပြောသည်။

လေတပ် အရာရှိများ ဖမ်းဆီးခံရမှုသည် မကြာသေးခင် က ဖြစ်ပွားခဲ့သည့် လေတပ်ဗိုလ် ဖုန်းဇော်
အေးနှင့် ဆက်နွယ်မှု ရှိသည် ဟု လေတပ်အရာရှိ များကြားတွင် ထင်မြင်ချက် ပေးနေမှု များရှိသည်။

အမည်မဖေါ်လိုသော လေတပ်အရာရှိ ကမူ “နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချူပ်ကြီးသိန်းစိန် ၏ မကြာခင်က ကချင်ပြည်နယ် ခရီးစဉ် တွင် လေတပ်အရာရှိ များ၏ တာဝန် လစ်ဟင်းမှု တစ်ချို့ ကြောင့်ယခုကဲ့သို့ ဖမ်းဆီး ထိန်းသိမ်းခြင်း” ဖြစ်နိုင်သည် ဟု သုံးသပ်သည်။

ယခု ဖမ်းဆီးခံရသည့် လေတပ်အရာရှိများတွင် ယခင် လေတပ် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှုးချူပ် သိန်းဆွေ ၏ ချွေးမ ဖြစ်သူ ယခင်မြန်မာ တိုင်း ဂျာနယ် ပူးတွဲ ပိုင်ရှင်ဟောင်း ကိုမြတ်ဆွေ ဆန်နီဆွေ(ယခု ထောင်ဒဏ်ကျခံနေရသူ) နှင့် မယမင်းတို့၏ သူငယ်ချင်း ဖြစ်သူ အရာရှိ တစ်ဦးလည်း လည်းပါဝင်သည် ဆိုသဖြင့် အခြေအနေများမှာ ခန့်မှန်းရ ခက်နေသည် ဟု သိရသည်။

ဗိုလ်မှုးချူပ် သိန်းဆွေ မှာ စစ်ထောက်လှမ်းရေးကို ၂၀၀၄ ခုနှစ်က ဖယ်ရှားစဉ်က ပထမ ဦးဆုံး ရန်ကုန်တွင် ဖမ်းဆီး ခံရသောသူ ဖြစ်ပြီး ထောင်ဒဏ် ၅၄ နှစ် အပြစ်ပေး ခံထားရသည်။

လေတပ်အရာရှိများ ဖမ်းဆီးခံခြင်း မတိုင်ခင် နှစ်ပတ်အလို က ရုရှားမှာ လေသူရဲ နှစ်ဦးက မြန်မာ လေသူရဲများအား လေယာဉ်မောင်းနှင်မှု လေ့ကျင့် ပေးခဲ့သည်ဟု သိရသည်။ ဖမ်းဆီး ခံရသည် အရာရှိများကို မည်သည့်နေရာတွင် စစ်ဆေး မေးမြန်းနေသည်ကို မသိရှိရသေးချေ။ လက်ရှိ လေတပ် ဦးစီးချူပ်မှာ ဒုတိယဗိုလ်ချူပ်ကြီး မြတ်ဟိန်းဖြစ်သည်။ လေကြောင်းရန် ကာကွယ်ရေး ဌာန ဦးစီးချူပ်မှာ ဒုတိယ ဗိုလ်ချူပ်ကြီး မြင့်လှိုင်ဖြစ်သည်။

Ref: Freedom News Group

0 comments:

အပေါ်သို့