Friday, February 17, 2012

အဆင်မြင့် နျူကလီးယားစွမ်းရည် အီရန်ပိုင်ဆိုင်

ဗုဒ္ဓဟူး, 15 ဖေဖော်ဝါရီ 2012

အီရန်နိုင်ငံက သူ့ရဲ့ နျူကလီးယား လုပ်ငန်းတွေမှာ ထူးထူးခြားခြား တိုးတက်မှု ရနေတဲ့အကြောင်း ကြေငြာ လိုက်ပါတယ်။ ယူရေနီယံ သန့်စင်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်နိုင်မယ့် ဗဟိုခွာအားစက် အမျိုးအစား သစ်နဲ့ ပြည်တွင်းမှာ ပထမဆုံး အကြိမ် နျူကလီးယား လောင်စာ ချောင်းတွေ ထုတ်လုပ်နိုင်ပြီ ဖြစ်တဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Natanz က စက်ရုံမှာ ကာဗွန်ဖိုင်ဘာ ဗဟိုခွာအားစက်သစ်ကို တပ်ဆင်ပြီး ဖြစ်ကြောင်းနဲ့ ယူရေနီယံ သန့်စင်မှု တွေလည်း စတင်ဆောင်ရွက် နေပြီဆိုပြီး အစိုးရနဲ့ နီးစပ်တဲ့ Fars သတင်းဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

Read More...

Thursday, February 16, 2012

တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ

ကျော်ခ
ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၂ ခုနှစ်

ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံ နယ်စပ် တာချီလိတ်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော်နှင့် လက်နက်များကို တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်အာဏာပိုင် အသိုင်းအဝိုင်းထံမှ သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာစု ပါခါ ကျေးရွာရှိ မသင်္ကာဖွယ် အိမ်သုံးလုံးကို မြို့နယ်မူးယစ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်လုံခြုံရေး-စရဖ အဖွဲ့များက ပူးပေါင်း စီးနင်းရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော် အပါအဝင် သေနက် ၄ လက်နှင့် ထိုဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်း ရမိခြင်း ဖြစ်ကြောင်း မူးယစ်အဖွဲ့နှင့် နီးစပ်သူ တဦး ထံမှ သိရသည်။

“သူတို့အဖွဲ့တွေထဲက တယောက်ကပဲ ဖုန်းနဲ့ လှမ်းအကြောင်းကြားတာကနေ ဝင်ရှာတာ။ ပိုင်ရှင် ၃ ဦးလုံးက အခါလူမျိုးတွေ။ ဝင်စီးတဲ့ အချိန်မှာ ပိုင်ရှင်တွေ အကုန်လုံးက ထွက်ပြေးကုန်ပြီ။ ပစ္စည်းပဲ မိတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

Read More...

ဘုရားသုံးဆူ လူလေးဦး ပြန်ပေးမှု

ကွန်းချမ်း
ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၂ ခုနှစ်

လူ ၄ ဦးကို ဖမ်းဆီးပြီး ထိုင်းဘတ်ငွေ သုံးသိန်းဖြင့် ရွေးယူရန် ပြန်ပေးဆွဲ ခေါ်ဆောင်သွား သည့် ဖြစ်ရပ်တခု အင်္ဂါနေ့ည ၇ နာရီကျော် တွင် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ဖြစ်ပွားခဲ့သည်။

ပြောက်ကျားဝတ်စုံဖြင့် လက်နက်ကိုယ်စီ ကိုင်ထားသည့် ၇ ဦးပါ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ရပ်ကွက် ၁ ဓမ္မဂီရိဘုရား တောင်ခြေတွင် နေထိုင်သည့် အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဝတုတ် (ခ) ဦးသိန်းမြင့်နှင့် တူမ ဖြစ်သူ အသက် ၃၅ နှစ်ရှိ မိစုတို့အပြင် ဘုရားဖူး လူငယ် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“မနက်ကတည်းက ညှိနှိုင်းနေတယ်၊ ပြေလည်သွားပြီ၊ ဒါပေမယ့် အခုထိတော့ အိမ်မရောက်သေးဘူး” ဟု ဦးသိန်းမြင့် နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

Read More...

အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော

မျိုးသန့်
ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဟု ဗုဒ္ဓဟူးနေ့မနက်က မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

“ကျမတို့နိုင်ငံရဲ့ အဓိက ပြဿနာကြီးကတော့ ဆင်းရဲမွဲတေမှုပါပဲ။ ဒီပြဿနာနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားသလဲလို့ မေးလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ကူညီချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေနဲ့ ဒီကိစ္စတွေကို ကျမတို့ ဆွေးနွေးပြီးပါပြီ။ ကျမတို့ ဘယ် လိုပုံစံနဲ့ အကောင်းဆုံး လုပ်မလဲဆိုတာကို စတင်ပြီးတော့ ကျမတို့ တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသွားသည်။

Read More...

မြန်မာပြည်မှာ အထင်ကြီး​စရာ အ​ခြေအ​နေ ​တွေ့​ခဲ့​ရဟု ဂျိုး​ဇက်စတစ်ဂလစ် ​ပြော

February 15, 2012
နေသွင်

မြန်မာပြည်ကို စီး​ပွား​ရေး​အကြံ​ပေး​ဖို့​ သွား​ရောက်ခဲ့​တဲ့​ ထင်ရှား​တဲ့​ စီး​ပွား​ရေး​ပညာရှင် ဂျိုး​ဇက်စတစ်ဂလစ်က မြန်မာပြည်မှာ အရင်နဲ့​မတူ အထင်ကြီး​လောက်စရာ အ​ခြေအ​နေ​တွေကို ​တွေ့​ခဲ့​ရတယ်လို့​ ​ပြောပါတယ်။

မြန်မာသမ္မတ ဦး​သိန်း​စိန်၊​ အစိုး​ရပိုင်း​က ဝန်ကြီး​တွေ၊​ အရပ်ဘက် အဖွဲ့​အစည်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ ဂျိုး​ဇက်စတစ်ဂလစ်က အခုခရီး​စဉ်မှာ ၂၀၀၉ ခုနှစ် ခရီး​နဲ့​ မတူတဲ့​ တိုး​တက်မှု​တွေကို ​တွေ့​ခဲ့​ရတဲ့​အ​ကြောင်း​ ဒီဗွီဘီနဲ့​ သီး​သန့်​ ​မေး​မြန်း​ခန်း​မှာ ​ပြောပါတယ်။

“ဥပမာအ​နေနဲ့​ လိုင်စင်​တွေ ​တော်​တော်များ​များ​ ထုတ်​ပေး​ထား​လို့​ ​ဈေး​ကွက်ထဲမှာ ပြိုင်ဆိုင်မှုကလည်း​ ​တော်​တော်​လေး​ ရှိလာပါတယ်၊​ အရင်တုန်း​က ဒီလို ပြိုင်ဆိုင်မှု မရှိတဲ့​ ဒဏ်​တွေ ခံခဲ့​ရတယ်​လေ။ အခု​နောက်ပိုင်း​မှာ​တော့​ ​ဈေး​ကွက်ကို ​စောင့်​ကြည့်​နေသူ​တွေက ​ဈေး​နှုန်း​တွေ ကျသွား​တဲ့​ အ​ကြောင်း​ ​ပြောကြပါတယ်။ ဒါမျိုး​တွေကို သူတို့​ ​တော်​တော်​လေး​ကို လုပ်ထား​တာ ရှိပါတယ်” လို့​ ​ပြောပါတယ်။

Read More...

လယ်သမား​က ​ဇေကမ္ဘာဦး​ခင်​ရွှေကို တရား​စွဲ​တော့​မည်

February 15, 2012
အေး​နိုင်

ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေက ​ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦး​ခင်​ရွှေကို နိုင်ငံ​တော် အခွင့်​အာဏာ အလွဲသုံး​စား​မှုနဲ့​ တရား​စွဲဆိုဖို့​ ပြင်ဆင်​နေပါတယ်။

ဇေကမ္ဘာ ကုမ္ပဏီက ​ရွှေနံ့​သာ​ကျေး​ရွာလယ်သမား​တွေရဲ့​ ​မြေ​တွေ​ပေါ်မှာ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပြီး​ လတ်တ​လောမှာ ရပ်နား​ထား​ပါတယ်။

လယ်​တွေသိမ်း​ တုန်း​က အစိုး​ရသိမ်း​မှာမို့​လို့​ ​ဇေကမ္ဘာကုမ္ပဏီက ကြား​ဝင် ကရုဏာ​ကြေး​ ​ပေး​တယ်လို့​ ​ပြောပြီး​ တဧကကို သုံး​သိန်း​ပေး​လို့​ ဒီအ​ပြောကို လယ်သမား​တွေက ယုံကြည်ပြီး​ လယ်​တွေဆုံး​ခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ ​ဇေကမ္ဘာကုမ္ပဏီရဲ့​ လှည့်​ဖြား​တာခံရတယ်လို့​ လယ်သမား​တွေက ယူဆပြီး​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ကို တိုင်လို့​ စိမံကိန်း​ကို ရပ်ခိုင်း​ထား​ပါတယ်။

Read More...

သတင်း​စာဆရာများ​အသင်း​ မြန်မာနိုင်ငံတွင် ဖွဲ့​စည်း​မည်

February 15, 2012
မင်းလွင်

လက်ရှိ ရှိ​နေတဲ့​ မြန်မာနိုင်ငံ စာ​ပေနဲ့​စာနယ်ဇင်း​အဖွဲ့​က​နေ သတင်း​စာဆရာ​တွေအတွက် မြန်မာနိုင်ငံသတင်း​စာဆရာများ​ အသင်း​ကို သီး​ခြား​ခွဲထုတ်ပြီး​ ဖွဲ့​စည်း​ဖို့​ပြင်ဆင်​နေတယ်လို့​သိရပါတယ်။

အရင်က မြန်မာနိုင်ငံ စာ​ပေနဲ့​စာနယ်ဇင်း​အသင်း​မှာ သုတ၊​ ရသ စာ​ရေး​ဆရာများ​အပြင် သတင်း​သမား​တွေ ပါဝင်ကြပါတယ်။

သတင်း​စာ ဆရာများ​အဖွဲ့​ ဖွဲ့​ပြီး​ရင်​တော့​ သုတ၊​ ရသ စာ​ရေး​ဆရာ​တွေအတွက် မြန်မာနိုင်ငံ စာ​ရေး​ဆရာများ​အသင်း​နဲ့​ သတင်း​သမား​တွေအတွက် မြန်မာနိုင်ငံ သတင်း​စာဆရာများ​ အသင်း​ဆိုပြီး​ သီး​ခြား​နှစ်ဖွဲ့​ ဖြစ်သွား​လို့​ အမည်မ​ဖော်လိုတဲ့​ မြန်မာနိုင်ငံ စာ​ပေနဲ့​ စာနယ် ဇင်း​အသင်း​ရဲ့​ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။

ရန်ကုန် သတင်း​မီဒီယာသမား​တွေက​တော့​ ဒါဟာ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က ခွင့်​ပြုလို့​ ဖွဲ့​စည်း​နိုင်တာလို့​လည်း​ ​ပြောပါတယ်။

Read More...

စင်ကာပူ စီး​ပွား​ရေး​ကုမ္ပဏီများ​ မြန်မာပြည်တွင် အခွင့်​အလမ်း​ရှာ

February 15, 2012
နေသွင်

မြန်မာပြည်မှာ လာ​ရောက်ရင်း​နှီး​မြှုပ်နှံဖို့​ ရည်ရွယ်ချက်နဲ့​ စင်ကာပူ စီး​ပွား​ရေး​ကုမ္ပဏီ ၇၀ ​ကျော်က ကိုယ်စား​လှယ်​တွေ ၁၀၀ ​ကျော် ပါဝင်တဲ့​ အဖွဲ့​ဟာ အစိုး​ရ ရုံး​စိုက်တဲ့​ ​နေပြည်​တော် ကို ​ရောက်​နေပါတယ်။

ခရီး​သွား​ဝန် ​ဆောင်မှု ကုမ္ပဏီ၊​ ​ငွေ​ကြေး​စီမံခန့်​ခွဲမှုလုပ်ငန်း​၊​ ကုန်သွယ်​ရေး​၊​ စက်မှုလုပ်ငန်း​၊​ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ထုတ်လုပ်မယ့်​ စွမ်း​အင်ကုမ္ပဏီ​တွေက ကိုယ်စား​လှယ်​တွေဟာ ဒီက​နေ့​ သမ္မတဦး​သိန်း​စိန်၊​ ဝန်ကြီး​ဌာန​တွေက အရာရှိ​တွေနဲ့​ သီး​ခြား​ ​တွေ့​ဆုံခဲ့​တယ်လို့​ သိရပါတယ်။

မနက်ပိုင်း​ မှာ သမ္မတနဲ့​တွေ့​အပြီး​ ​နေ့​လယ်ပိုင်း​မှာ ​နေပြည်​တော် ကွန်ဗင်း​ရှင်း​စင်တာမှာ သက်ဆိုင်ရာ ဝန်ကြီး​ဌာန​တွေက စင်ကာပူ ကုမ္ပဏီ​တွေကို မြန်မာပြည်က စီး​ပွား​ရေး​ အခွင့်​အလမ်း​တွေကို ရှင်း​ပြတယ်လို့​ ဒီ​တွေ့​ဆုံပွဲကို စီစဉ်​ပေး​ခဲ့​တဲ့​ မြန်မာနိုင်ငံ ကုန်သည်များ​နှင့်​စက်မှုလက်မှု လုပ်ငန်း​ရှင်များ​ အသင်း​ချုပ် (UMFCCI)က အတွင်း​ရေး​မှူး​ ​ဒေါက်တာမျိုး​သက်က ​ပြောပါတယ်။

Read More...

ပဒိုမန်း​ငြိမ်း​မောင်အမှုတွင် တာဝန်ရှိသူများ​၏ ​ပြောကြား​ချက်သည် တရား​ရုံး​ကို မထီမဲ့​မြင် ပြုလုပ်ဟုဆို

February 15, 2012
အေး​နိုင်

ပဒိုမန်း​ငြိမ်း​မောင်အမှုနဲ့​ ပတ်သက်လို့​ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေရဲ့​ ဂျာနယ်​တွေမှာ ​ပြောဆိုချက်​တွေဟာ တရား​ရုံး​ကို မထီမဲ့​မြင်ပြု လုပ်ချက်​တွေ ဖြစ်တယ်လို့​ ပဒိုမန်း​ငြိမ်း​ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ ဥပ​ဒေအကြံ​ပေး​ ဦး​အောင်သိန်း​က ​ဝေဖန် ​ပြောဆို လိုက်ပါတယ်။

“တရား​စီရင်​ရေး​ရဲ့​ လမ်း​ကြောင်း​ပေါ်မှာ သွား​နေတဲ့​အတွက် အုပ်ချုပ်​ရေး​ပိုင်း​ ဆိုင်ရာ​တွေက​နေ အစိုး​ရအဖွဲ့​နဲ့​ ဝင်​ရောက် မစွက်ဖက်ဘူး​ဆိုတဲ့​ သ​ဘောမျိုး​နဲ့​ သူတို့​ လွှတ်ထား​တယ်။ ​နောက်ပြီး​တော့​ သူတို့​ ဒီကိစ္စက လွတ်နိုင်ပါတယ် ဆိုပြီး​တော့​ ဂျာနယ်၊​ မီဒီယာက​နေပြီး​တော့​ ထုတ်ပြီး​တော့​ တာဝန်ရှိသူ​တွေက ပြီး​တော့​လွတ်သွား​မှာပါ ဆိုတဲ့​စကား​လုံး​ကို သုံး​တာဟာဖြင့်​ ရှင်း​ရှင်း​ပြောရင် တရား​ရုံး​များ​ကို မထီ​လေး​စား​ ပြုလုပ်တယ်။ တရား​စီရင်​ရေး​ပေါ်မှာ လမ်း​ကြောင်း​က သွား​နေတဲ့​ အလုပ်​ပေါ်မှာ ဒီလို တာဝန်ရှိသူ​တွေက လက်လွတ်စပယ် ​ပြောတာကဖြင့်​ မ​ပြောသင့်​ဘူး​လို့​ အန်ကယ်တို့​ဘက်က မြင်တယ်။ ”

Read More...

ဒေါက်တာတူးဂျာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ကျပြီ

2012-02-15

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာတူးဂျားဟာ အခုအခါ မှတ်ပုံတင် ကျပြီဖြစ်တာကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သူ့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဝင်ခွင့်မရခဲ့ဘဲ ဒီတစ်ကြိမ်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် ချပေးလိုက်တာကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရတော့မယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

Read More...

ဆန္ဒပြ အလုပ်သမားများ တနာရီလုပ်ခ ၂၅ ကျပ် တိုးရ

2012-02-15

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကစပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ စက်မှုဇုံ ၃ က တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေကို မူလပေးထားတဲ့ လစာကနေ တစ်နာရီကို ၂၅ ကျပ် တိုးပေးခဲ့တယ်လို့ ဒီကနေ့ အလုပ်ရှင်နဲ့ သွားရောက် ဆွေးနွေးတဲ့ အလုပ်သမားတွေက အာအက်ဖ်အေ ကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းကစပြီး စက်ရုံအတွင်း ပိုင်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ် ၃၈ ဦးတို့ ၃ နာရီခန့်ကြာ ဆွေးနွေးပြီးတဲ့နောက် အလုပ် ရှင်က မူလ လုပ်အားခ တစ်နာရီ ၇၅ ကျပ်ကို ၂၅ ကျပ် တိုးပေးခဲ့တာပါ။ အစည်းအဝေး မပြီးသေးကြောင်း၊ အလုပ်သမား ကိုယ်စားလှယ် တွေက လက်မှတ်ထိုး မပေးသေးကြောင်း သွားရောက်ဆွေးနွေးတဲ့ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

Read More...

Wednesday, February 15, 2012

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်

မျိုးသိဏ်း
ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွား ရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။

နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး ၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။

Read More...

ခမရ ၃၂၁ အား တရားစွဲဆိုမှု ရုံးချိန်းရွှေ့ဆိုင်း

ဇော်ရှန်
ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မရွယ်ဂျာ အား လေးလကြာ မတရား ဖမ်းဆီးထား ခြင်းနှင့် ပတ်သက်၍ ခမရ ၃၂၁ အား တရားစွဲ ဆိုထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သုံးရက်တာ ကြားနာအပြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့သို့ ရုံးချိန်း ရွှေ့ဆိုင်းလိုက် ကြောင်း သိရသည်။

မဆွမ်လွတ်ရွယ်ဂျာ အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ လွယ်ဂျယ်တပ်စခန်းမှ ဥပဒေမဲ့ ဖမ်းဆီးထားသည့် အပေါ် ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က သက်ဆိုင်ရာ တပ်ရင်းအား တရားစွဲဆိုထားခြင်း ဖြစ်သည်။

အမှုအား ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှ စတင်ကြားနာခဲ့သော်လည်း တဖက်မှ ပြင်ဆင်မှု အဆင်သင့် မဖြစ်သေးသည့် အတွက် ဤသို့ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဇောင်းခေါင် ၏ ရှေ့နေ ဦးဇော်ဆမ် က ပြောသည်။

Read More...

မြန်မာ-KIO တွေ့ဆုံပွဲမစခင် တိုက်ပွဲပိုများလာ

10 Feb 2012

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် လာမည့်ရက်သတ္တပတ်တွင် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံမည်ဟု မျှော်လင့်ရချိန် လွန်ခဲ့သည့် ၉၆ နာရီအတွင်း နှစ်ဖက်ကြား တိုက်ပွဲများ စိပ်လာသည်။



ရှမ်းပြည်မြောက်ပိုင်း နမ်တူမြို့နယ်တွင် မိုင်ပေါင်း ၅၀၀ အရှည်ရှိသော ရွှေရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းမည့် နေရာ နှစ်ခုတွင် ဖေဖော်ဝါရီလ ၉ ရက် ကြာသပတေးနေ့၌ အစိုးရ တပ်နှင့် KIO ကြား တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ဒေသခံများက ကချင် သတင်းဌာနသို့ပြောသည်။

Read More...

ဝန်ကြီးတားမြစ်သော ဒေါ်စုဟောပြောပွဲ ကော်မရှင်မှ ပြန်လည်ခွင့်ပြု

မျိုးသန့်
ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစား ဝန်ကြီးမှ တားမြစ် သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေး လိုက်သည်။

အားကစားဝန်ကြီး ဦးတင့်ဆန်း ကိုယ်စား ရုံးအဖွဲ့မှူး လက်မှတ် ရေးထိုးထားသည့် ဖေဖေါ်ဝါရီ ၁၄ ရက်စွဲပါ တားမြစ်စာ တွင် “အားကစား ကိစ္စမှ လွဲ၍ အခြားကိစ္စများကို အသုံးပြုခွင့် မပြု” ဟု ပါရှိကြောင်း NLD လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုး မင်းသိန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ တားမြစ်မှုနှင့် ပတ်သက်၍ NLD က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြား အကူအညီ တောင်းခံရာ မှ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီး အားကစားဝန်ကြီး၏ တားမြစ်မှုကိုလည်း ပယ်ဖျက်ပေး လိုက်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

Read More...

နိုင်ငံရေး၁၄ပါတီ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ

မအေးသန္တာကျော်
အင်္ဂါ, 14 ဖေဖော်ဝါရီ 2012

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေးပါတီ ၁၄ ပါတီနဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံ ခဲ့ပါတယ်။

လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ၊ ရွေးကောက်ပွဲမှာ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားတာမို့ ဒီကနေ့ နေပြည်တော်မှာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံမှုက အကျိုး ရှိပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေး ပါတီ ၁၄ ပါတီနဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကို စုံစမ်းထားတဲ့ မအေးသန္တာကျော်က ပြောပြပေးပါရှင်။

ဟုတ်ကဲ့ပါရှင်။ ဒီနေ့ နေပြည်တော်မှာ ရွေးကောက်ပွဲကော်မရှင် နဲ့ တွေ့ဆုံတော့ အရင် ရွေးကောက်ပွဲမှာ ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲ တွေကို တင်ပြ ဆွေးနွေး ခဲ့ကြပါတယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်တဲ့ အန်အယ်ဒီ (NLD)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဟံသာမြင့်က ပြောပါတယ်။

Read More...

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ ခွင့်ပြုရေး ကော်မရှင် နှုတ်ဆိတ်နေ

ဖနိဒါ
ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ လာရောက်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ခုက တင်ပြခဲ့သော်လည်း ကော်မရှင်က တစုံတရာ ဖြေကြားခဲ့ခြင်း မရှိ ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ အင်္ဂါနေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ လာရောက်ခွင့် ပြုသင့်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP မှ တင်ပြခဲ့သည်ဟု ယင်းပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောသည်။

ယင်းအချက်ကို SNDP ကိုယ်စားလှယ် ဦးစိုင်းဖုန်းအောင်က မေးမြန်း တင်ပြခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တစုံတရာ ဖြေကြားခြင်း မရှိခဲ့ဟု ဦးစိုင်းမောင်တင်က ပြန်ပြောပြသည်။

Read More...

အပေါ်ယံ အပစ်အခတ် ရပ်စဲရေး ဖြစ်မှာကို WLB စိုးရိမ်

ကျော်ခ
ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများ၏ ရလဒ်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်မလာမည်ကို စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန် လိုက်သည်။

အမျီုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် WLB ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်ထဲတွင် “အပေါ်ယံ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်း ကိုသာ ဦးတည်သွားမည်ကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိသည်” ဟု ဖေါ်ပြပါရှိသည်။

တိုင်းရင်းသားအားလုံး စုစည်းပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုမျိုးမဟုတ်ဘဲ တဖွဲ့ချင်းစီ ခွဲထုတ် ဆွေးနွေးနေမှုကို ထောက်ပြ ကာ “အဲလိုတွေလုပ်နေတဲ့ တပြိုင်တည်းမှာပဲ စစ်ပွဲတွေ ဖြစ်နေတာတွေကိုလည်း တွေ့မြင်နေရတော့ စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေးတွေ မဖြစ်မှာကို စိုးရိမ်မိတယ်” ဟု WLB မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က မဇ္ဈိမကို ပြောသည်။

Read More...

ဒေါ်စု၏ ခဲအို မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီလို

ကိုဝိုင်း
ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်၏ အမွှာအစ်ကို အန်ထော်နီ အဲရစ် သည် မြန်မာ ရွှေ့ပြောင်းအလုပ် သမားများအား ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ GHRE သို့ တနင်္လာနေ့က သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။

GHRE အဖွဲ့ဒါရိုက်တာ ဦးထူးချစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အလုပ်သမားများအား မည်သို့ ကူညီနိုင်မည်ကိုမူ ဆက်လက် လေ့လာသွားရဦးမည်ဟု အန်ထော်နီ အဲရစ်က ပြောသည်။

“သူလုပ်နေတဲ့ လုပ်ငန်းတွေကို ဘယ်လို ကူလို့ရမလဲ ဆိုတာ လေ့လာတာပါ။ သူ့ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ရပါ တယ်။ သူလုပ်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ အားရကျေနပ်ပါတယ်။ ဘယ်လို ကူနိုင်မလဲဆိုတာ သူနဲ့ ပုံမှန် ဆက်သွယ်ထားမှာပေါ့” ဟု အန်ထော်နီ အဲရစ်က မဇ္ဈိမကို ပြောသည်။

Read More...

ကိုယ့်လက်မှတ်တော့ ထိုးရမယ်

Tuesday, February 14, 2012

ခရီးသည်ယဉ်တိမ်းမှောက်မှုကြောင့် ကရင်အမျိုးသမီး တဦးသေဆုံး

13 February 2012
နန်းသူးလေ

ထိုင်းနိုင်ငံ မြောက်ပိုင်းကန်ဖယ်ဖဲခ်ျခရိုင် ခေါင်ခွန်ရွာအနီး တွင် ခရီးသည်တင် မှန်လုံကားတစီး ယမန် နေ့က တိမ်းမှောက်ခဲ့ရာ ကရင် အမျိုး သမီးတဦး အပါအ၀င် ၂ ဦးသေဆုံးပြီး မြန်မာအလုပ်သမား အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။

မဲဆောက်မြို့ ဟိုးဆန်ဂရွတ် ကားကုမ္ပဏီမှ ဘန်ကောက်မြို့သို့သွားသည့် ခရီးသည်တင် မှန်လုံကား သည် ထိုင်းလူမျိုး ယာဉ်မောင်းသူ ၁ဦးနှင့် မြန်မာလုပ်သားခရီးသည် ၁၇ ဦး(ကရင်၃ဦးအပါ)တို့ လိုက် ပါစဉ် ခေါင်ခွန်ရွာအနီးတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒဏ်ရာ ရရှိခဲ့သူ့ ကိုထွန်းလှိုင်က ပြော သည်။

Read More...

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ (၁၀)ပြည့်မွေးနေ့ကို ဂုဏ်ပြု

13 February 2012
စောခါးစူးညား

ကယန်မျိုးဆက်သစ်လူငယ်- KNGY က ၎င်းတို့ အဖွဲ့၏ ဖွဲ့စည်းခြင်း ၁၀နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ထိုင်း-မြန်မာနယ်စပ် တနေရာတွင် အခမ်းအနားတစ်ခု ပြုလုပ်သကဲ့သို့ သျှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နယ်ရှိ ကယန်းဒေသ တနေရာ၌လည်း ကျင်းပခဲ့သည်။

၎င်းတို့အနေဖြင့် ၁၀နှစ်တာကာလ ခရီးတလျှောက် လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များတွင် အခက်အခဲ အမျိုး မျိုးနှင့် အားနည်းချက် အချို့ရှိသကဲ့သို့ အောင်မြင်မှုအများအပြားရှိခဲ့ပြီး ၁၀စုနှစ်တစ်ခုကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်ဟု KNGY က ပြောသည်။

Read More...

အစိုးရစစ်တပ်က ရိက္ခာတင်ကား အပြင် လက်နက်ခဲယမ်းတင်ကားပါ ပို့ဆောင်လာ

13 February 2012
စောသိန်းမြင့်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလောမြို့နယ်တွင် မြန်မာအစိုးရစစ်တပ်မှ ရိက္ခာတင်ကား ၂၀စီးပို့ ဆောင်သည့်အပြင် လက်နက်ခဲယမ်း တင်ကား ၄စီးပါ ၎င်းတို့ ခြေကုပ်စခန်း တစ်ခုဖြစ် သည့် ထီးထာစခန်းသို့ ပို့ဆောင်လာသည်ဟု စစ်ဖက်ဆိုင်ရာသတင်းအရ သိရသည်။

အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် စကခ-၂၀မှ နည်းဗျူဟာ(၂)အခြေစိုက်စခန်းဖြစ်သည့် မြိတ်မြို့အရှေ့ဖက်ခြမ်းရှိ ထီးထာစခန်းသို့ ယခုလ ၇ရက်နေ့တွင် ထားဝယ်မြို့မှ တစ်ဆင့် ရိက္ခာတင်ကားကြီး ၂၀စီးပို့ဆောင်သကဲ့သို့ ၁၁ရက်နေ့တွင် လက်နက်ခဲယမ်းတင်ကား ၄စီး အား ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

Read More...

ဒေါက်တာတူးဂျာ အမတ်လောင်း အသိအမှတ်ပြုမှု စောင့်နေဆဲ

ဖနိဒါ
ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ်

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိခဲ့သော ကချင်တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဒေါက်တာမနန်တူးဂျာ သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တသီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထားသော်လည်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ အကြောင်းပြန်ကြားမှု စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

မိုးကောင်း မြို့နယ်ရှိ မဲဆန္ဒရှင်များကို အင်္ဂါနေ့တွင် သွားရောက် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အမတ်လောင်း မဟုတ်သေးသည့် အတွက် စည်းရုံးရေးခရီးစဉ်အဖြစ် လူထုဟောပြောပွဲ မလုပ်နိုင်သေးကြောင်း ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။

“စည်းရုံးရေးခရီးစဉ် မဟုတ်သေးဘူး။ မိုးကောင်းမြို့နယ်မှာ လုပ်ရမယ့် အလုပ်တွေကို သွားလုပ်တာပဲ ရှိတယ်။ အခုထိ ကော်မရှင်က တော့ ဘာမှအကြောင်းမကြားသေးဘူး။ နည်းနည်းတော့ စောင့်ရမယ့် သဘောရှိတယ်” ဟု ပြောသည်။

Read More...

ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ်

မျိုးသန့်
ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ်

ရွှေညဝါဆရာတော်ဟု လူသိများသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်၏ ဦးဆောင်နာယက အဖွဲ့ဝင် စာချဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့မဟာနာယကမှ တရားဟောခွင့် ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်ဟု ဆရာတော် ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။

ထပ်မံပိတ်ပင်မှုတားမြစ်စာကို မြန်မာတနိုင်ငံလုံးရှိ သံဃာ့နာယက၊ သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့ ထံ ပေးပို့ထားသည်ဟု သိရကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ သို့သော် အဆိုပါစာကို ကာယကံရှင်ဖြစ်သည့် ဆရာတော်ထံ တိုက်ရိုက် ရောက်ရှိခြင်း မရှိသေးဟု ဆရာတော်က မိန့်ကြားသည်။

"၂ဝ၁၃ အထိ မြန်မာတနိုင်ငံလုံး ထပ်မံပိတ်လိုက်သည် ဆိုပြီးတော့ တခြားနေရာကနေ မိတ္တူလေး ကျုပ်ဆီ လာပို့လို့ ကျုပ်လက်ထဲ ရောက်တယ်လေ။ တနေ့က ညက ရပါတယ်။ မိတ္တူတော့ ရပြီးပြီ" ဟု ဆရာတော်က မိန့်သည်။

Read More...

တိုင်ရီစက်ရုံ ထိုင်သပိတ် ပြေလည်မှုမရသေး

ကျော်ခ
ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ်

တပတ်ကျော် ကြာသွားပြီဖြစ်သော တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ထိုင်သပိတ် ဆန္ဒပြပွဲမှာ အလုပ်ရှင်နှင့် အလုပ်သမား များ အကြား လုပ်ခလစာ ညှိနှိုင်းမှု မပြေလည်နိုင်သေးဘဲဖြစ်နေပြီး ဆန္ဒပြပွဲ ရက်ဆက်သွားမည့် အခြေအနေတွင် ရှိနေသည်။

တနင်္လာနေ့မနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပေ။

အလုပ်သမားများသည် မူလက စက်ရုံက သတ်မှတ်ပေးထားသည့် တနာရီလျှင် ၇၅ ကျပ်နှုန်းကို ၂၁၆ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆို ခဲ့သော်လည်း မရသဖြင့် ၁၅၀ ကျပ်သို့ လျှော့ချ တောင်းဆိုခဲ့သည်။ သို့သော် ထိုတောင်းဆိုချက်ကို အလုပ်ရှင်ဘက်မှ ၁၀၀ ကျပ်ထက် ပိုမပေးဘဲ တင်းမာနေ၍ အဆင်မပြေရခြင်း ဖြစ်သည်။

Read More...

အလုပ်အကိုင်ရရှိရေး ဦးစားပေးမယ်လို့ ဒေါ်စု ပြော

ကျော်ခ
ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အလုပ်အကိုင် ရှားပါးနေသည့် ကော့မှူးမြို့နယ်တွင်း ရှိ ပြည်သူများအတွက် အလုပ်အကိုင် ရရှိရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စနေနေ့က ကတိပေး ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ စနေနေ့က သွားရောက်သည့် မဲဆွယ် စည်းရုံးရေး ခရီး စဉ်အတွင်း ဝါးသင်္ခကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ရန် လူထုအနေဖြင့် ပါတီအား ထောက်ခံခြင်းဖြင့် ပါဝင်နိုင်ကြောင်း စည်းရုံးပြောဆိုသွားသည်။

“ကော့မှူးမြို့နယ်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စကတော့ အလုပ်အကိုင် မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေ အတွက် လုံလုံ လောက်လောက် ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံး တာဝန်တခုဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု NLD ဥက္ကဋ္ဌက ပြောဆိုသည်။

Read More...

ဗမာလည်း တိုင်းရင်းသားဖြစ်၊ စစ်မှန်တဲ့ ပြည်ထောင်စု ဒေါ်စု တည်ဆောက်လို

မင်းသက်
ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ်

ဗမာလူမျိုးများမှာ တိုင်းရင်းသား တမျိုးဖြစ်ပြီး အခြားတိုင်းရင်းသား အားလုံးနှင့် တန်းတူ ညီမျှသည့် စစ်မှန်သော ပြည်ထောင်စု တည် ဆောက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြောကြား လိုက်သည်။

တရားဝင် နိုင်ငံရေးပါတီများ ဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ကယန်းအမျိုးသားပါတီ တို့က ပူးပေါင်းကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

Read More...

ပညာ​ရေး​နှင့်​ ကျန်း​မာ​ရေး​ မူဝါဒဆိုင်ရာ နိုင်ငံတကာညီလာခံ ကျင်း​ပ

February 13, 2012
ပီတာအောင်

မြန်မာ့​ပညာ​ ရေး​နဲ့​ကျန်း​မာ​ရေး​ ပိုမို တိုး​တက်​ကောင်း​မွန်ဖို့​ရည်ရွယ်ချက်နဲ့​ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ပညာရှင်​တွေက နိုင်ငံတကာ ညီလာခံတခု ​နေပြည်​တော်မှာ ဒီက​နေ့​ စတင်ကျင်း​ပ​နေပါတယ်။

ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ ဖွံ့​ဖြိုး​တိုး​တက်မှုဆိုင်ရာ ဒီ​ဆွေး​နွေး​ပွဲကို ​နေပြည်​တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်း​ရှင်း​ စင်တာ (MICC) မှာ ​ဖေ​ဖော်ဝါရီ ၁၃ ရက် က​နေ ၁၅ ရက်ထိ ၃ ရက်ကြာ ကျင်း​ပ​နေတာပါ။

Read More...

လှိုင်သာယာ ဆန္ဒပြပွဲကို အလုပ်သမား​ညွှန်ချုပ် သွား​ကြည့်

February 13, 2012

ရန်ကုန်တိုင်း ​၊​ လှိုင်သာယာစက်မှုဇုန်၊​ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား​တွေရဲ့​ လုပ်အား​ခ တိုး​ပေး​ရေး​ ဆန္ဒပြမှုကို အစိုး​ရရဲ့​ အလုပ်သမား​ရေး​ရာ ဝန်ကြီး​ဌာနက ညွန်ကြား​ရေး​မှူး​ကိုယ်တိုင် ဝင်​ရောက်​ဖြေရှင်း​ဖို့​ ကြိုး​စား​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ဘူး​လို့​ သိရပါတယ်။

တပတ်ကြာ ဆန္ဒပြ​နေတာ ​ပြေလည်မှုရဖို့​ ဒီ​နေ့​ ​နေ့​လယ်ပိုင်း​က တိုင်ရီဖိနပ်စက်ရုံဝင်း​ထဲမှာ အလုပ်ရှင်ဘက်က ကိုယ်စား​လှယ်၊​ အလုပ် သမား​တွေရဲ့​ ကိုယ်စား​လှယ်နဲ့​ ​နေပြည်​တော်က အလုပ်သမား​ရေး​ရာ ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်တို့​ ​ဆွေး​နွေး​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ပါဘူး။

Read More...

ကြား​ဖြတ်​ရွေး​ကောက်ပွဲ လွတ်လပ်တရား​မျှတမည်ဟု ဦး​ရွှေမန်း​ ကတိ​ပေး

February 13, 2012

လာမယ့်​ဧပြီ ၁ ရက်မှာ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ လွတ်လပ်မျှတတဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်လိမ့်​မယ်လို့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က နိုင်ငံတကာကို ကတိပြု ​ပြောကြား​လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အီး​ယူ ဥ​ရောပသမဂ္ဂ ဖွံ့​ဖြိုး​ရေး​ကော်မရှင် အကြီး​အကဲ Andris Piebalgs (အန်ဒရစ်ပီ ယာဘဂ်)နဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံ ​ပြောကြား​လိုက်တာလို့​ အီး​ယူ အင်တာနက် ဝက်ဆိုက်မှာ သတင်း​ ထုတ်ပြန်ထား​ပါတယ်။

Read More...

ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် အတည်ပြုခန့်​အပ်

February 13, 2012
မင်းလွင်

ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် တာဝန်ယူ​နေတဲ့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က​နေ အတည်ပြု ခန့်​အပ် လိုက်ပါတယ်။

ကာကွယ်​ရေး​ဦး ​စီး​ချုပ်အဖြစ် တာဝန် ထမ်း​ဆောင်​နေပြီး​ တနှစ်ပြည့်​သွား​ချိန်မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ကာကွယ်​ရေး​ဦး​စီး​ချုပ် အဖြစ် ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့​ နိုင်ငံ​တော်ပြန်တမ်း​ ထုတ်ပြန်ပြီး​ သမ္မတက ပြည်လည် အတည်ပြု ခန့်​အပ်လိုက်တာပါ။

ဗိုလ်ချုပ်ကြီး ​ မင်း​အောင်လှိုင်ကို ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ ပုဒ်မ ၃၄၂ အရ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်ကို အမျိုး​သား​လုံခြုံ​ရေး​နဲ့​ ကာကွယ်​ရေး​ကောင်စီရဲ့​ ​ထောက်ခံချက် ရယူပြီး​တော့​ သမ္မတ ဦး​သိန်း​စိန် က​နေ ခန့်​အပ်ခဲ့​တာလည်း​ ဖြစ်ပါတယ်။

Read More...

အစိုး​ရက ဓာတ်ဆီ​ဈေး​ ထပ်မံတိုး​မြှင့်

February 13, 2012

အစိုး​ရစွမ်း​ အင်ဝန်ကြီး​ဌာန လက်​အောက်ရှိ မြန်မာ့​ရေနံထွက်ပစ္စည်း​ ​ရောင်း​ဝယ်​ရေး​ လုပ်ငန်း​က ​ရောင်း​ချ​ပေး​တဲ့​ ဓာတ်ဆီ​ဈေး​နှုန်း​ ၁ ဂါလန်ကို ကျပ် ၂၀၀ ထပ်မံ မြှင့်​တင်လိုက်ပါတယ်။

ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က စတင်ပြီး​တော့​ ​ဈေး​နှုန်း​တွေကို တိုး​မြှင့်​ သတ်မှတ်လိုက်တာ ဖြစ်ပြီး​ အရင်က ၁ ဂါလန် ၃,၃၅၀ ကျပ်​ပေး​ရတဲ့​ ဓာတ်ဆီ​ဈေး​နှုန်း​တွေက ကျပ် ၃,၅၅၀ ဖြစ်သွား​ပြီလို့​ ရန်ကုန် အစိုး​ရဓာတ်ဆီဆိုင်က ​ပြောပါတယ်။

ဒါ​ပေမယ့်​ ဓာတ်ဆီ ဝယ်ယူခွင့်​က​တော့​ အ​ပြောင်း​အလဲ မရှိဘဲ အရင် ခွဲတမ်း​ အတိုင်း​ပဲ ကား​တစီး​ တ​နေ့​ ၂ ဂါလန် ​ရောင်း​ချ​ပေး​နေဆဲ ဖြစ်ပါတယ်။

Read More...

ကာကွယ်​ရေး​တာဝန်ပဲ ထမ်း​ဆောင်တဲ့​ တပ်မ​တော် ဖြစ်လာနိုင်မယ်

February 13, 2012
မင်းလွင်

တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို တနှစ်ပြည့်​ပြီး​တဲ့​ ​နောက်မှာ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က​နေ ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့​ နိုင်ငံ​တော်ပြန်တမ်း​ ထုတ်ပြန်ပြီး​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် အတည်ပြု ပြန်လည်ခန့်​အပ်လိုက်ပါတယ်။

တနှစ်အတွင်း​ မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ မြန်မာတပ်မ​တော်ကို ဘာ​တွေ လုပ်​ဆောင်နိုင်ခဲ့​သလဲ ဆိုတဲ့​အမြင်နဲ့​ ပတ်သက်ပြီး​ ဒီဗွီဘီ သတင်း​ထောက် ကိုမင်း​လွင်က ပြည်ပအ​ခြေစိုက် ဒီမိုက​ရေစီနဲ့​ဖွံဖြိုး​တိုး​တက်​ရေး​အင်အား​စုမှ ဦး​ဌေး​အောင်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်အ​နေနဲ့​ တပ်မ​တော်အ​ပေါ် ဘာ​တွေလုပ်​ဆောင်ခဲ့​လဲ။

Read More...

အပေါ်သို့