Friday, February 22, 2013

အိန္ဒိယဗုံးကွဲမှု အမေရိကန် ပြစ်တင်ဝေဖန်

21.02.2013

India နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၁၂ ယောက်ထက် မနည်းသေဆုံးပြီး ၇၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မြို့ထဲက လူစည်ကားတဲ့ Dil Sukh ရပ်ကွက်က ရုပ်ရှင်ရုံတခု အပြင်ဖက်နဲ့ အနားက ကားမှတ်တိုင် တခုမှာ ကြာသပတေးနေ့ညပိုင်းက မိနစ်ပိုင်းပဲခြားပြီး ဗုံး ၂ လုံးထက် မနည်းပေါက်ကွဲခဲ့တယ်လို့ ရဲကပြောပါတယ်။ စက်ဘီးတွေမှာ ဗုံးတွေ ထောင်ထားတာဖြစ်တယ်လို့ ရဲကဆိုပါတယ်။

Read More...

ဆီးရီးယား မြို့တော်တွင်း ဗုံးကွဲမှု လူ ၅၀ ထက် မနည်း သေဆုံး

21.02.2013

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့လည်မှာ ရှိတဲ့ အာဏာရ Baath ပါတီ ဌာနချုပ်အနီးမှာ၊ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ကြောင့်မို့လို့ လူငါးဆယ်သုံးဦးထက်မနည်းသေဆုံးသွားပြီးတော့ လူပေါင်း ၂၀၀ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ဆီးရီးယား ပြည်တွင်းစစ် နှစ်နှစ်ကာလအတွင်းမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ လူနေထူထပ်တဲ့ al-Mazraa အရပ်နားမှာဖြစ်တဲ့ အဲ့ဒီ့တိုက်ခိုက်မှုဟာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်တယ်ဆိုပြီးတော့ ဆီးရီးယား ရုပ်သံဌာနတွေမှာ လွှင့်ထုတ်ပါတယ်။ အစိုးရရုပ်သံရဲ့ လွှင့်ထုတ်ချက်မှာတော့ လမ်းမတွေပေါ်မှာ သွေးတွေနဲ့ အလောင်းတွေ ပြန့်ကျဲနေပုံတွေကို မြင်ရပါတယ်။

Read More...

ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်

ဒေါ်ခင်စိုးဝင်း
21.02.2013

၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့ ပွင့်လင်းအစိုးရများ မဟာမိတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ မြန်မာနိုင်ငံက အဆိုပြုထားတာကြောင့် ပွင့်လင်းမြင်သာမှု ဆိုတဲ့ OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက် ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်နိုင်ငံ ကနေ ပြောကြား လိုက်ပါတယ်။ OGP အဖွဲ့ဝင်ဖြစ်ဖို့ ထိပ်တန်းအစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ လိုအပ်ပြီး အဂတိ လိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ် လို့လည်း ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်စိုးဝင်း က ပြောပြပေးမှာပါ။

Read More...

စာနာမှု အထောက်အပံ့ ကချင်ဒုက္ခသည်တွေ ဆီ ရောက်မလာသေး

ကိုမိုးဇော်
21.02.2013

ကုလသမဂ္ဂကနေ ပေးပို့တဲ့ စားနပ်ရိက္ခာနဲ့ လူသုံးပစ္စည်းတွေ ဖားကန့်ဒေသက ဒုက္ခသည်စခန်းကို ရောက်ရှိလာပေမဲ့ ကူညီထောက်ပံ့မှုတွေဟာ အကြီးအကျယ် လိုအပ်နေဆဲဖြစ်ပြီး အထူးသဖြင့် ဒုက္ခသည်ဦးရေ ပိုမိုများပြားတဲ့ သူပုန်နယ်မြေထဲမှာ ပိုပြီးလိုအပ်နေတာပါ။ ဖားကန့်ဒေသမှာတော့ လောလောဆယ် တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဒုက္ခသည်တချို့ကတော့ အခုချိန်ထိ အိမ်မပြန်ရဲဘဲ ရှိနေကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာပါ။

Read More...

ကန် - တောင်ကိုရီးယား ပူးတွဲ စစ်လေ့ကျင့်မည်

21.02.2013

ဒေသထဲမှာ စိုးရိမ်ပူပင်မှုတွေ ကြီးထွားစေခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်ချက် အပြီး မကြာခင်မှာပဲ တောင်ကိုရီးယားနိုင်ငံကလည်း အမေရိကန်နိုင်ငံ နဲ့အတူ ဒေသထဲမှာ နောက်လထဲမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် လုပ်ဆောင်မယ့် အစီအစဉ်ရှိတယ် ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ နှစ်နိုင်ငံ တပ်မတော် ပူးတွဲ ကြေ ညာတဲ့ ကြာသာပတေးနေ့ ထုတ် ကြေညာချက်ထဲမှာ နှစ်စဉ် ကျင်းပတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို မတ် လ ၁ရက်နေ့ မှာ စမှာ ဖြစ်ပြီး Foal Eagle လို့ ခေါ်တဲ့ ၁လ ကြာ စစ်ရေး လေ့ကျင့်မှု က ကြည်း၊ ရေ၊ လေတပ်ဖွဲ့ လေ့ကျင့်မှုတွေ ပါမယ်လို့ ဖော်ပြထား ပါတယ်။

Read More...

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ထိုင်းလိုလား

အေးအေးမာ
21.02.2013

ထိုင်းနိုင်ငံ တွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေး ဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာ ဘက်က ကော်မတီ ဖွဲ့ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့ ထိုင်းမြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ၊ နေရပ်ရင်းပြန်ဖို့ နီးနေ ပါပြီလား၊ ဒီလိုပြန်သွားမယ် ဆိုရင်ရော ဒုက္ခသည်တွေ အတွက် လုံခြုံစိတ်ချမှုရှိပါ့မလားဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မအေးမာက အကြောင်းစုံပြောပြပါမယ်။

ထိုင်းနိုင်ငံတွင်းမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ရင်းပြန်ဖို့အတွက် လိုလားနေတဲ့ အကြောင်းကို ထိုင်းနိုင်ငံ တက်ခ်ခရိုင်ဝန် မစ္စတာ ဆူရိယ ပရာဆန်ဘန်ဒစ်က သတင်းထောက်တွေနဲ့ တွေဆုံချိန်မှာ အခုလိုပြောသွားတာပါ။

Read More...

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

2013-02-21

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အဆောက်အအုံ ၀င်းအတွင်းက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးစဉ်အဖြစ် မနေ့က ရောက်ရှိလာခဲ့တာပါ။

Read More...

ကိုနေမျိုးဇင်နဲ့ ငြိမ်းချမ်းရေးအဖွဲ့ လိုင်ဇာမြို့အနီး ရောက်ရှိ

2013-02-21

အဖွဲ့ဝင် ၃၀ ကျော်ပါဝင်တဲ့ ကိုနေမျိုးဇင်နဲ့အဖွဲ့ဟာ ဗန်းမော်မြို့ ကနေတဆင့် မနေ့ ညနေ ၅ နာရီလောက်မှာ လိုင်ဇာမြို့နဲ့ သိပ်မဝေးတော့တဲ့ လက်ဝါးယန်ရွာကို ရောက်ရှိခဲ့ကြ ပါတယ်။

ခရီးတလျောက် အတားအဆီးအခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်လို့ ကိုနေမျိုးဇင်က RFA ကို ပြောပါတယ်။

Read More...

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း ကင်တားနားပြော

2013-02-21

မြန်မာနိုင်ငံမှာ ဆောင်ရွက်နေ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုသော်ငြားလည်း၊ အဓိကဖြေရှင်း ရမယ့် လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မနေ့က ပြောလိုက်ပါ တယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ထွန်းနေတာဟာ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့အတွက် ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ပါတယ်၊ ဒါပေမဲ့ မတို့မထိ၊ မဖြေရှင်းရသေးတဲ့ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေကလည်း ရှိနေဆဲပါ၊ အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေအရေးဟာ အထူးစိုးရိမ်စရာဖြစ်ပါတယ်လို့ မကြာခင်က မြန်မာနိုင်ငံကို ငါးရက်ကြာ လာရောက်ခဲ့တဲ့ Mr. Quintana ကပြောပါတယ်။

Read More...

တပ်မတော် အရာရှိကြီးတွေအတွက် ILO က သင်တန်းဖွင့်မည်

2013-02-21

မြန်မာနိုင်ငံအတွင်းမှာ အတင်းအဓမ္မ လယ်ယာမြေ သိမ်းဆည်းတာတွေနဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်စေဖို့အတွက် တပ်မတော် အရာရှိကြီးတွေကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က လာမယ့် မတ်လဆန်း မှာ ပထမဆုံးအကြိမ် သင်တန်းပေးဖို့ရှိတယ်လို့ စုံစမ်း သိရပါတယ်။

ဒီသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့က စစ်ဦးစီးတက္ကသိုလ်မှာ ပို့ချပေးမှာဖြစ်ပြီး ဒီသင်တန်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ILOရဲ့ စီမံချက်အရာရှိ ဦးချစ်တင်က RFA ကိုအခုလိုပြောပါတယ်။

Read More...

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ပြည်ပ ဧည့်သည်တော်များ တွေ့ဆုံ

2013-02-21

ဗြိတိန်နိုင်ငံ အစိုးရအဖွဲ့ဝန်ကြီး မစ္စတာ ဖရန်စစ်မော့ဒ် (Mr.Francis Maude) နဲ့အဖွဲ့က ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုကိုကြီး၊ ကိုစိုးထွန်းတို့နဲ့ ဒီနေ့ မနက်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရဲ့ ဗြိတိန် သံအမတ်ကြီးနေအိမ်မှာတွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး၊ စီးပွါးရေးအခြေအနေ တချို့ကို ဆွေးနွေး ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုအံ့ဘွယ်ကျော်က RFA ကို ခုလိုပြောပါတယ်။

Read More...

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် ကချင်ဒုက္ခသည် စခန်းတွေကို သွားရောက်

2013-02-21

ဗိုလ်ကြီးဟောင်းနေမျိုးဇင် ဦးဆောင်တဲ့ မြန်မာ့လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် နဲ့ ဒေသခံတွေ ဒီကနေ့ KIO ဌာနချုပ် ရှိရာ လိုင်ဇာမြို့ကို ရောက်ရှိသွားပြီး ကချင် ဒုက္ခသည်စခန်း တွေကို သွားရောက်ကြည့်ရူပြီး လိုအပ်တဲ့အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

Read More...

ထိုင်းတက္ကသိုလ် ပညာတော်သင်ဆု မြန်မာ တို့ လျှောက်ထားနိုင်

2013-02-21

ပညာတော်သင်ဆုကို ဒီနှစ်အတွက် ၁၀ ယောက် ရွေးချယ် မှာဖြစ်ပြီး လျှောက်လို့ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့  အဲဒီတီမာဆတ် တက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ပညာသင် ယူနေတဲ့ ကျောင်းသူတဦးက RFA ကို အခုလိုပြောပြပါတယ်။

“အာဆီယံ၁၀ နိုင်ငံက ဘယ်သူမဆိုပေါ့နော်၊ အကုန်လျှောက်ခွင့်ပေးတယ်၊ အဲဒါကျမက မြန်မာက ကျောင်းသားဆိုတော့ မြန်မာပြည် က ကျောင်းသားတွေအတွက် ဒါတွေကို လက်ဆင့်ကမ်းပေးပါပေါ့၊ ကျမတို့ဆရာက ပြောတယ်၊ ပေးမှာက ၁၀ ယောက်ဆိုတော့ တကယ်လို့ ဒီ့ပြင်နိုင်ငံတွေက မလျှောက်ပဲနဲ့ မြန်မာဖက်က များမယ်ဆိုရင်လည်း သူတို့ ၁ဝ ယောက်ပြည့်အောင်တော့ ရွေးမှာပေါ့နော်၊ ကျောင်းအပ်ခကို တက်တဲ့ကာလအထိ Graduate Program အကုန်လုံး အတွက်ပေါ့နော်။ ကျောင်းကတာဝန်ယူပေးမှာပါ”

Read More...

ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို UNHCR နဲ့ ဒိန်းမတ်အဖွဲ့က ပစ္စည်းများ စတင်ဖြန့်ဝေ

2013-02-21

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မစ္စတာ ဒင်စီနဲ့ ဒိန်းမတ်နိုင်ငံက မစ္စတာ မက်ကောနားတို့ ဦးဆောင်တဲ့ အဖွဲ့က ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာက ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

Read More...

ဖွဲ့စည်းပုံ ဥပဒေခုံရုံး ဥက္ကဌ နေရာ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ အကြံပြု

2013-02-21

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဥက္ကဌ သူရဦးရွှေမန်း က ယခုလိုပြောကြားခဲ့ပါတယ်။

"နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်တာကြောင့် ဥက္ကဌ ရာထူးရွေးချယ်မှုတွင် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များအား ရွေးချယ်တာဝန်ပေးအပ် သင့်သည်ဟုယူဆပါသည်၊ သို့ပါသောကြောင့် ဥက္ကဌ ရာထူးတွင် အမည်စာရင်း ပေးပို့ထားသူများမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဦးမြသိန်းအား တာဝန်ပေးအပ်ပါက ပိုမိုသင့်တော်မည်ဟု ယူဆပါတယ်"

Read More...

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ မြန်မာနဲ့ အမေရိကန် ပူးပေါင်းဖို့ ဆွေးနွေး

2013-02-21

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ပြန်လည် ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနဲ့ အမေရိကန် အစိုးရတို့ နေပြည်တော် မှာ မနေ့က တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ကြ ပါတယ်။

၉ နှစ်ကြာလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့အပြီး၊ ဒီနှစ်အစောပိုင်းမှာ ပြန်လည်စတင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ မြန်မာအရာရှိတွေ သဘောတူညီ ခဲ့ကြတာပါ။

Read More...

မီဒီယာဥပဒေအတွက် မြန်မာကိုယ်စားလှယ် အဖွဲ့ အမေရိကန်မှာ သွားရောက်လေ့လာ

2013-02-21

မြန်မာနိုင်ငံမှာ ပြဌာန်းမယ့် မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု မှာ လေ့လာဖို့အတွက် မြန်မာပြည်က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဝါရှင်တန်ဒီစီမြို့တော်ကို အခုရောက်ရှိနေပါတယ်။

မြန်မာပြည်ရဲ့ စာနယ်ဇင်းလောက ပြောင်းလဲမှုတွေကို အမေရိကန် စာနယ်ဇင်းသမားတွေက စိတ်ဝင်စားနေကြတယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်သူတဦးဖြစ်တဲ့ မြန်မာ့ဓနမဂ္ဂဇင်း အယ်ဒီတာချုပ် စာရေးဆရာ သီဟစောက RFA ကို ပြောပါတယ်။

Read More...

နွေအတွက် လျှပ်စစ်မီးလိုအပ်ချက် မဂ္ဂါဝပ် ၅၀၀ ကျော်ရှိဟု ဝန်ကြီးပြော

ငြိမ်းပြည့်စုံ
February 21, 2013

လာမည့် နွေရာသီတွင် နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၂၀၆၀ မဂ္ဂါဝပ်အထိ ရှိမည် ဖြစ်သော်လည်း လက်ရှိ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မေလအထိ ၁၅၅၀ မဂ္ဂါဝပ်ခန့်သာရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောလိုက်သည်။

၁၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။

Read More...

ဒုက္ခသည်များကို ကော်မတီဖွဲ့ လက်ခံရန် စီစဉ်နေ

လင်းသန့်
February 21, 2013

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာ အာဏာပိုင်များက ကော်မတီဖွဲ့၍ လက်ခံရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ထိုင်း အစိုးရတာဝန်ရှိသူများက နိုင်ငံတကာမှ အကူအညီပေးနေသည့် အဖွဲ့များဖြင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်နိုင်ရေး စတင် ဆွေးနွေးနေကြောင်း သိရသည်။

Read More...

စစ်အစိုးရလက်ထက် ဥပဒေမဲ့ပြုကျင့်မှုများ တိုင်ကြားနိုင်

သာလွန်ဇောင်းထက်
February 21, 2013

ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အာဏာအလွဲသုံးစားမှုများ အပါအ၀င် မတရားမှုများကို အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနား ခံစာဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ပြောသည်။

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ ရုံးခန်း တွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ငြိမ်း က ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်ကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Read More...

သိမ်းထားသည့် လယ်မြေများ တပ်က ဘယ်လိုပြန်ပေးမလဲ

မေစစ်ပိုင်
February 21, 2013

စီမံကိန်းများ အတွက် အသုံးပြုရန် ဟု ဆိုကာ တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေ များကို တောင်သူ လယ်သမားများ သို့ ပြန်ပေးနိုင်ရန် စီစဉ်နေသော်လည်း ပြန်ပေးအပ်နိုင်မည့် အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း သမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေများ အနက် အသုံးပြုခြင်း မရှိသေးသည့် မြေယာများကို တောင်သူ လယ်သမားများသို့ ပြန်လည်ပေးအပ် သွားမည် ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဌ သို့ ပြောကြားခဲ့ရာ ယင်းကိစ္စ နောက်ဆက်တွဲ မည်သို့ ဆောင်ရွက်နေကြောင်း ဧရာဝတီက စုံစမ်းရာ ဦးရဲထွဋ်က “လက်တွေ့အသုံးပြုခြင်း မရှိဘူးဆိုတဲ့ မြေယာများကို ပြန်ပေး နိုင်ဖို့ အတွက် စိစစ်ပြိး ဆောင်ရွက်မယ်လို့ပဲ ကျနော် နားလည်ပါတယ်။ ဒါက ကိစ္စတစ်ခုချင်းကို စိစစ်ဆောင်ရွက်မှာဖြစ်လို့ ဘယ်အချိန်မှာ ပေးမယ်ဆိုတာ အတိအကျပြောဖို့ ခက်ပါတယ်” ဟု ဖြေကြားသည်။

Read More...

ကရင်မိန်းကလေးငယ် ဆေးကုစရိတ် ထိုင်းအစိုးရ တာဝန်ယူမည်

သန်းထိုက်ဦး
February 21, 2013

ထိုင်း လုပ်ငန်းရှင် လင်းမယား ညှဉ်းပန်း နှိပ်စက်ခံထားရသည့် အသက် ၁၂ နှစ် အရွယ် ကရင် အမျိုးသမီးငယ်ကို ထိုင်း အစိုးရက ကုန်ကျစရိတ် တာဝန်ယူပြီး ဆေးဝါး ကုသပေးမည်ဟု သိရှိရသည်။

ကရင် အမျိုးသမီးငယ်နှင့် အတွက် ကုန်ကျငွေများကို ဆေးရုံမှ တာဝန်ရှိသူနှင့် ထိုင်း အစိုးရ ပူးပေါင်းပြီး ပုံမှန် အခြေအနေသို့ ပြန် ရောက်သည်အထိ တာဝန်ယူပေးမည်ဟု ထိုင်း အစိုးရ ၀န်ကြီးချုပ်ရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ Thossa porn Serirakက ပြော သည်။

Read More...

ဦးပိုင် သိမ်းထားသည့်မြေ ပြန်ပေးရန် ဥက္ကံတောင်သူများ ဆန္ဒပြမည်

ထက်နိုင်ဇော်
February 21, 2013

တောင်သူများ၏ ကြံစိုက်ဧက ၃၀၀ ခန့်ကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ပိုင် ဥက္ကံသကြားစက်က သိမ်းယူ ထားခြင်းကြောင့် တောင်သူများအား ပြန်လည် လွှဲပြောင်းပေးရန် တရားဝင် ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ကြံစိုက် တောင်သူများ အနေဖြင့် ကြံစိုက်ဧကများ ပြန်လည်ရရှိရန် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တရားဝင် ဆန္ဒ ထုတ်ဖော် ကြမည် ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရခြင်း ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်လုံးညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

Read More...

နိုင်ငံခြားသား ခရီးသွားဧည့်များ အတွက် လုံခြုံရေး အားနည်းနေ

နန်းဆိုင်နွမ်
February 21, 2013

ခရီးသွားဧည့်သည် အများဆုံး ဖြစ်သော ပုဂံဒေသတွင် နိုင်ငံခြားသားများ၏ ငွေ၊ ပစ္စည်းများ လုယက်မှု ဖြစ်ပွားလာ နေသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ တာဝန်ယူ ဖြေရှင်းပေးမှု အားနည်းနေသေးကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွားများ၏ ပစ္စည်းများကို လုယက်မှု ဖြစ်ပွားလာခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာနှင့် စီးပွားရေးကို ထိခိုက်စေနိုင် သဖြင့် ရဲတပ်ဖွဲ့များက ထိရောက်စွာ အရေးရေးယူရန်နှင့် မပေါ့ဆသင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ များက ဆိုသည်။

Read More...

မင်းကိုနိုင်၊ ကျောင်းသားအရေးနဲ့ အော်စလို ဆွေးနွေးဝိုင်း

ထက်အောင်ကျော်
February 21, 2013

နော်ဝေနိုင်ငံကို ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဟာ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က အော်စလိုတက္ကသိုလ်မှာ ဟောပြောပွဲတခု ကျင်းပခဲ့ပါတယ်။ ”The role of students in Burma’s development” မြန်မာနိုင်ငံ ဖွံ့ဖြိုးတက်ရေးနဲ့ ကျောင်းသားများရဲ့ အခန်းကဏ္ဍလို့ အမည်ပေးထားတဲ့ ဒီဟောပြောပွဲဆီ မြန်မာအပါအ၀င် ပရိဿတ် ၁၀၀ နီးပါးတက်ပါတယ်။

ထူးခြားတာကတော့ အဖွင့်စကားပြောသွားတဲ့ အော်စလိုတက္ကသိုလ် ပါမောက္ခဟာ ပြီးခဲ့တဲ့လအတွင်းကမှ မြန်မာနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေးဖွံ့ဖြိုးဖို့၊ မြန်မာနဲ့ နော်ဝေးတက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ သွားရောက်ဆွေးနွေးခဲ့သူဖြစ်ပါတယ်။ တခါ ထူးထူးခြားခြား မြန်မာနိုင်ငံမှာ ဆရာဝန်ဘွဲ့ရပြီး အော်စလိုတက္ကသိုလ်မှာ မဟာတန်း လာတက်နေတဲ့ မန္တလေးက ကျောင်းသားတဦးကိုလည်း ဟောပြောပွဲမှာ တွေ့ရပါတယ်။

Read More...

လိုင်ဇာသွား ကုလအဖွဲ့များ လုံခြုံရေးကြောင့် ကြန့်ကြာနေ

ဖနိဒါ
ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ်

ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအား ကူညီရန် လုံခြုံရေးအခက်အခဲကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့များ ကြန့်ကြာနေကြောင်း ဒုက္ခသည်များ ကူညီစောင့်ရှောက် ရေးတာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသေး၍ ကုလ အဖွဲ့အစည်းများက မြစ်ကြီးနား-လိုင်ဇာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်း အတိုင်း လာရောက်ရန် လုံခြုံမှု မရှိသေးခြင်း ဖြစ်သည်။

Read More...

ချင်းအမျိုးသာနေ့ နယူးဒေလီတွင် နှစ်နေရာ ကျင်းပ

နေမျိုး
ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ်

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် နေရာ နှစ်နေရာ၌ ကျင်းပခဲ့ကြသည်။

ချင်းကျောင်းသားများ သမဂ္ဂ (CSU)မှ ဦးဆောင်ပြီး ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်သည့် အခမ်းအနားကို မြန်မာနိုင်ငံသား အများစု နေထိုင်ရာ ရပ်ကွက်များနှင့် နီးသည့် Asalatpur ရပ်ကွက်တွင် ကျင်းပခဲ့ကြသည်။

Read More...

Thursday, February 21, 2013

စစ်တပ်သိမ်းယူထားသော မြေယာများအား ပြန်လည်ပေးအပ်မည်ပြောပြီး တောင်သူတစ်ဦး၏ လယ်မြေအား ဘောလုံးကွင်းဖောက်လုပ်နေ

ဇင်ကီး
20 February 2013

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်အစိုးရလက်ထက်တွင် စစ်တပ်မှသိမ်းယူကာ သီးစားချထားခဲ့ပြီး ရုပ်သိမ်းကာမူလပိုင်ရှင်လယ်သမားများထံ ပြန်လည်ပေးအပ်မည့် အစီအစဉ် ရှိကြောင်း ပြောကြားပြီး လုံးကောက်ကျေးရွာမှ တောင်သူတစ်ဦးပိုင်မြေအား ဘောလုံးကွင်းအဖြစ် ဖောက်လုပ်နေကြောင်း သိရသည်။

လုံးကောက်ကျေးရွာမှ ဦးရွှေမောင်၏လယ်မြေအား စစ်တပ်မှသိမ်းယူပြီး သီးစာအဖြစ်ပြန်လည်ချထားခဲ့ပြီး ဖေဖော်ဝါရီ (၁၇)ရက်နေ့မနက် (၁၀)နာရီလောက်ခန့်တွင် ဘောလုံးကွင်း လုပ်ရန် စက်ကြီးများဖြင့်ထိုးနေသဖြင့် ဦးရွှေမောင်သွားရောက် ဟန့်တားရာ ဆောင်ရွက်နေသည့် တပ်ကြပ်ကြီးက အထက်အမိန့်အရလုပ်ခြင်းဖြစ်ရာ ကျေနပ်မှုမရှိက တိုင်ကြားလိုသည့် နေရာတွင် သွားတိုင်နိုင်သည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

Read More...

ဆရာကြီး ဒေါက်တာအေးကျော် အရိုးပြာ အုတ်ဂူ တည်ဆောက်ပြီးစီး

21 February 2013

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ၌ ကွယ်လွန် အနစ္စရောက်သွားခဲ့သည့် ရခိုင်အမျိုးသား သမိုင်းပညာရှင် ဒေါက်တာအေးကျော်၏ ကြွင်းကျန်ရစ်သည့် အရိုးပြာကို သူ့ ၏ ဇာတိချက်မြှပ်ရွာဖြစ်သော တောင်ကုတ်မြို့ နယ် တန်းလွဲချောင်း ရွာမကျေးရွာ တစ်ဖက်ကမ်း ရွာသာယာရွာအနီးရှိ သိမ်တောင်ပြင် တောင်ပေါ် တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့ က အုတ်ဂူတည်ဆောက် ထည့်သွင်းပြီးစီးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အရိုးပြာကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ရှိ ဆရာကြီး ဒေါက်တာအေးကျော်၏ သမီးလတ် ဒေါ်ဥမ္မာကျော်၏ နေအိမ်တွင် တစ်နှစ်ခန့် ကြာ သိမ်းဆည်းထားခဲ့ပြီးနောက် သားကြီး ဦးအောင်မြတ်ကျော်ကိုယ်တိုင် ရခိုင်ပြည် တောင်ကုတ်မြို့ နယ် တန်းလွဲချောင်း ရွာမကျေးရွာသို့  ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံး ပတ်ထဲတွင်သယ်ယူပို့ ဆောင် အုတ်ဂူထည့်သွင်းခဲ့ခြင်းဖြစ်သည်။

Read More...

ဘင်္ဂလာဒေခ်ျ့ မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိ ဘ၀နတ်ထံ ပျံလွန်တော်မူ

February 21, 2013
မောင်အေး

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နတ်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသော မြစ်နားရွာခေါ် သော်တလီပါရာ ကျေးရွာတွင် သီတင်း သုံးနေသည့် သက်တော် ၀ါတော်ကြီး ဆရာတော် ဦးပဏ္ဍိသည် ယနေ့နံနက်ပိုင်းတွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွား ခဲ့ကြောင်း သတင်း ရရှိသည်။

ဆရာတော်ကြီး ဦးပဏ္ဍိမှာ ယနေ့အာရုံတက်အချိန် နံနက် ၄ နာရီ ၂၀ မိနစ်တွင် မိမိ သီတင်းသုံးရာ မြစ်နားရွာ အသောကာရုံ ကျောင်းတိုက်တွင် သက်ကြီးရောဂါဖြင့် ပျံလွန်တော်မူ ခြင်းဖြစ်ကြောင်း တပည့်တကာများမှ နိရဉ္စရာသို့ ပြောကြားသည်။

Read More...

အမေရိကန်တွင် ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေး ဆွေးနွေးမည်

February 20, 2013
မောင်ရမ္မာ

အမေရိကန် နိုင်ငံလုံးဆိုင်ရာ ရခိုင်အမျိုးသား ညီလာခံတစ်ခု ကျင်းပနိုင်ရေး အတွက် အကြို (ပဏာမ) ဆွေးနွေးပွဲ တစ်ခုကို ဖေဖေါ် ၀ါရီလ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ် သွားမည်ဟု သတင်းရရှိသည်။

အကြိုဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ IOWA ပြည်နယ် Des Moines မြို့ရှိ American Legion ခန်းမ ၌ ကျင်းပသွားမည်ဖြစ်သည်ဟု ဦးဆောင် လူပ်ရှားနေသူ တစ်ဦးဖြစ်သည့် ကိုခိုင်မင်းက နိရဉ္စရာသို့ ပြောသည်။

Read More...

ဒက္ကားတွင် ကျင်းပမည့် လေးနိုင်ငံ BCIM အစည်းအဝေး မြန်မာ တက်ရောက်မည်

February 20, 2013

ဘင်္ဂလာဒေခ်ျ့- တရုတ်- အိန္ဒိယ- မြန်မာ လေးနိုင်ငံဖြင့် ဖွဲ့စည်းထားသော BCIM ( Bangladesh-China-India-Myanmar) ၏ ၁၁ ကြိမ်မြောက် ဖိုရမ် ဆွေးနွေးပွဲကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မည်ဟု သတင်း ရရှိသည်။

ဆွေးနွေးပွဲသို့ တက်ရောက်မည့် တတ်သိ ပညာရှင်များ ပါဝင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်မည်ဟု ဆိုသည်။

Read More...

အပေါ်သို့