Friday, September 30, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရသစ် လက်ထက်တွင် တတိယ အကြိမ်မြောက် တွေ့ဆုံမှု





ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ အရပ်သား အစိုးရသစ် လက်ထက်တွင် တတိယ အကြိမ်မြောက် တွေ့ဆုံမှု အဖြစ် ယနေ့ မွန်းလွဲပိုင်း ၁ နာရီမှ ၂ နာရီ ၁၇ မိနစ်အထိ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီး လွတ်ငြိမ်း ချမ်းသာခွင့်၊ ထာဝရ ငြိမ်းချမ်းရေး အပါအဝင် အရေးကိစ္စ လေးခု ဆွေးနွေးခဲ့ကြသည်။

Ref: The Voice

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို

သတင်းစာဆရာကြီးများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို

Thursday, 29 September 2011

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာ ဆရာကြီးများ၊ တက်ကြွစွာ လှုပ်ရှားသူများ၊ ပြည်သူများ အားလုံးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သတင်း ရရှိပါသည်။

ယနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ရက်စွဲဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မ၏ သ၀ဏ်လွှာ သတင်းကို သိရှိရပြီးနောက် ယခုကဲ့သို့ ၀မ်းမြောက်စကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူထုစိန်ဝင်း

အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် တန်ဖိုးထား လေးစား၊ ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင်တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။ နှစ် ၅၀ အစိုးရနဲ့ ပြည်သူအကြား အတားအဆီး ဖြစ်နေတဲ့ နံရံတွေကို ဖြိုလှဲချနိုင် လိမ့်မယ်လို့ ယူဆပါတယ်။ ဒီ ဧရာဝတီ ကိစ္စကို အခုလို မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက် ချခဲ့တာဟာ ပြည်သူ တစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံး ညီညွတ်မှု ပြသနိုင်လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့ စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ဖော်ထုတ် ခဲ့ကြတာဟာ အားလုံးသော ပြည်သူ တစ်ရပ်လုံး အတွက် တူညီသော အမျိုးသား အကျိုး စီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလို စည်းရုံးမိကြတာ ဖြစ်တယ်။ ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ ပြည်သူတစ်ရပ်လုံးက ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော် သီချင်းကို တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ် မှန်သမျှရဲ့ အန္တရာယ်က တွန်းလှန်ကြပါလို့ နှိုးဆော် လိုက်ချင်ပါတယ်။

Read More...

လယ်သမားများပိုင်မြေ ဗိုလ်မှူး တစ်ဦး ရောင်စား၍ လယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်

9/29/2011

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပျားတဲရွာအနီးမှ လယ်သမားများပိုင် မြေများကို မြေစာရင်းဦးစီးဌာနတွင် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက သူ့အမည်ဖြင့် နာမည် ဖေါက်ပြီး ရောင်စားသွားသဖြင့် လယ်သမားများမှာ လယ်မဲ့ယာမဲ့ ဘ၀သို့ အလိုလိုနေရင်း ရောက်ရှိ သွားကြရသည်ဟု သတင်း ရရှိသည်။

Read More...

KNU, KIA အဖွဲ့များ၏ ဖွံ့ဖြိုးရေးစီမံကိန်းအပေါ် တားမြစ်နေမှုများကို LDB မှ ထောက်ခံ

30 September 2011
နန်းသူးလေ

ထားဝယ်-ကန်ချနဘူရီ အဝေးပြေး လမ်းမ ဆောက်လုပ်ရေး ရပ်ဆိုင်းရန် တားမြစ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ခဲ့သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့၏ ဆောင်ရွက်မှုများကို ထောက်ခံကြောင်း ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB)မှ ယမန်နေ့က ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သည်။

LDB ၏ ထုတ်ပြန်ကြေညာချက်များသည် မှန်ကန်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်အကျိုးထိခိုက်စေမည့် လုပ်ဆောင်ချက်များကို ၀ိုင်းဝန်းတားမြစ် ပိတ်ပင်သွားရခြင်းမှာ ပြည်သူအကျိုးအတွက်သာဖြစ်ကြောင်း KNU ၏ တွဲဖက်အ တွင်း ရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ယခုလို ပြောသည်။

Read More...

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

29 September 2011

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော် သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့် အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

Read More...

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ၀ါရှင်တန်မှာ ဆွေးနွေး

29 စက်တင်ဘာ 2011
ဒေါ်ခင်မျိုးသက်

နယူးယောက်မှာ ကျင်းပနေတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လာပြီးတက်တဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ကြာသပတေးနေ့မှာ ၀ါရှင်တန်ဒီစီက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) အပြင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတွေ ဖြစ် တဲ့ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) နဲ့ မိုက်ကယ် ပေါ့စ်နာ (Michael Posner) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

Read More...

ယီမင်သမ္မတ အာဏာစွန့်ဖို့ ငြင်းဆို

29 စက်တင်ဘာ 2011

ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလိခ် (Ali Abdullah Saleh) က သူ့ရဲ့ပြိုင်ဘက်တွေ ရှိနေသ၍ အာဏာမစွန့်ဘူးလို့ ပြော လိုက် ပါတယ်။

အတိုက်အခံတွေဘက်ကို ကူးပြောင်းသွားတဲ့ အဆင့်မြင့် ဗိုလ်ချုပ်နဲ့ တောင်ပေါ် တိုင်းရင်းသား ခေါင်းဆောင် သူဌေးကြီးတို့က တိုင်း ပြည်မှာ လွှမ်းမိုးမှု ရှိနေသ၍ အာဏာကို မစွန့်ဘူးလို့ The Washington Post သတင်းစာနဲ့ Time မဂ္ဂဇင်းတို့နဲ့ သီးသန့် မေးမြန်း ခန်းမှာ ပြောခဲ့တာပါ။

Read More...

ဆီးရီးယားမှာ အမေရိကန် သံတမန် တိုက်ခိုက်ခံရမှု ကလင်တန် ရှုတ်ချ

29 စက်တင်ဘာ 2011

ဆီးရီးယားနိုင်ငံ ဒမတ်စကတ် (Damascus) မြို့တော်မှာ ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ လာရောက်ခဲ့တဲ့ အမေရိကန် သံအမတ် ရောဘတ် ဖို့ဒ် (Robert Ford) နဲ့ တခြား အမေရိကန် သံတမန်တွေကို ဆီးရီးယား အစိုးရ လိုလားသူ တွေက တိုက်ခိုက်ဖို့ ကြိုးစားမှုအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒီလို သံတမန်တွေကို တိုက်ခိုက်မှုဟာ မလုပ်သင့်၊ မလုပ်အပ်တဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ၀န်ကြီး ကလင်တန်က ပြောဆိုလိုက်သလို ဆီးရီးယား အာဏာပိုင်တွေ အနေနဲ့ နိုင်ငံတကာကနေ လေးစားရမယ့် ကျင့်ထုံး ဥပဒေအရ နိုင်ငံခြား သံတမန်တွေနဲ့ သံတမန်ရေး ရာ ပိုင်ဆိုင်မှုတွေကို အကာအကွယ် ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၃ ကြိမ်မြောက် တွေ့မည်

29 စက်တင်ဘာ 2011
ဒေါ်ခင်စိုးဝင်း

မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ မနက်ဖြန် စက်တင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အတည်ပြု ပြောဆိုလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို နောက်ပြန်လှည့်လို့ မရတဲ့ အခြေအနေ ရောက်တဲ့အထိ ဒီ့ ထက် မက အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်း နေချိန်မှာပဲ အခုလို တွေ့ဆုံကြမှာပါ။ မနက်ဖြန် တွေ့ဆုံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘန်ကောက်ရောက် ၀ိုင်းတော်သူ ဒေါ်ခင် စိုးဝင်းက NLD ကို ဆက်သွယ် မေးမြန်းရာမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလို အတည်ပြုပါတယ်။

“ဟုတ်ပါတယ်၊ မနက်ဖြန် နေ့ခင်း ခါတိုင်းလိုပဲ စိမ်းလဲ့ကန်သာမှာပါ။ နေ့ခင်း ၁ နာရီပါ။ သူတို့ ၂ ဦးတည်းပါ။ ဒါက အရင်ဟာ တွေရဲ့ အဆက်ပေါ့နော။ ရှေ့ကဟာ ဘာလဲဆိုတာလည်း ကျနော်တို့ မပြောနိုင်ဘူးလေ။ ဒီဟာရဲ့ နောက်ဆက်တွဲပေါ့။”

Read More...

ထိုင်းဝန်ကြီးချုပ် မြန်မာပြည် သွားမည်

29 စက်တင်ဘာ 2011

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ခ် ရှင်နာဝပ် (Yingluck Shinawatra) ဟာ မြန်မာနိုင်ငံကို အောက်တိုဘာလ ၅ ရက်နေ့ သွားရောက် လည်ပတ်တဲ့အခါ မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ ၀န်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ခ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ် ခွန် ခန်နစ် (Khun Kanit) က အခုလို ပြောပြပါတယ်။

Read More...

အင်ဒိုနီးရှား လေယာဉ်ပျက်၊ ၂၀ နီးပါးသေ

29 စက်တင်ဘာ 2011

ခရီးသည် ၁၈ ယောက် တင်လာတဲ့ လေယာဉ်အသေးတခု အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက တောင်တွေ ထူထပ်တဲ့ နေရာ မှာ ပျက်ကျသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စပိန်နိုင်ငံလုပ် CASA 212 လေယာဉ် အမျိုးအစားဟာ ကြာသပတေးနေ့မှာ ဆူမားတြား မြောက်ပိုင်းကနေ အာချေး (Aceh) ဒေသ ကိုအသွား လေယာဉ် ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။ လေယာဉ် ပျက်မကျခင် လေး မှာ အရေးပေါ်ခလုပ်ကို နှိပ်ခဲ့တယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာကို ကယ်ဆယ်ရေး ၀န်ထမ်းတွေ ပို့ထားတယ်လို့ ဆိုပါတယ်။

Read More...

အာကာသစခန်း တည်ဆောက်ရေး ပထမအဆင့် တရုတ် စတင်

29 စက်တင်ဘာ 2011

အာကာသထဲမှာ တရုတ်က အာကာသစခန်း တည်ဆောက်နိုင်ရေး ရည်မှန်းချက်ရဲ့ ပထမခြေလှမ်းအဖြစ် လူမပါတဲ့ အာကာသ ယာဉ် တစင်းကို မကြာခင် အချိန်ကပဲ လွှတ်တင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီ (Gobi) သဲကန္တာရထဲကနေ ကောင်းကင်ဘုံ နန်းတော်လို့ အဓိပ္ပာယ်ရပြီး တန်ချိန် ၈ တန်ခွဲ လေးတဲ့ တီယန်ဂွန်း (Tiangong) အမှတ် ၁ အာကာသယာဉ်ကို ဒီနေ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ လွှတ်တင်ခဲ့တာပါ။

ဒီအာကာသယဉ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို တရုတ်သတင်းစာတွေ၊ ရုပ်သံလွှင့်ဌာနတွေက ရွှန်းရွှန်းဝေအောင် ဖော်ပြ နေကြ ပါတယ်။

Read More...

ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်းအနီး အသတ်ခံရ

29 စက်တင်ဘာ 2011
ဦးဝင်းမင်း

ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ ပုဂံ၊ ညောင်ဦး ဒေသနားမှာ ဂျပန်အမျိုးသမီး ကမ္ဘာလှည့် ခရီးသည်တယောက် စက်တင်ဘာလ ၂၈ ရက်နေ့တုန်းက အသတ်ခံလိုက်ရပါတယ်။ ပုဂံကို လာလည်တဲ့ အသက် ၃၁ နှစ်အရွယ် ဂျပန်အမျိုးသမီးကို ဆိုင်ကယ် အငှားမောင်းသမား တယောက်က အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့ပုံရတယ်လို့ ဒေသခံ လုံခြုံရေး အရာရှိတယောက်က ပြောပြ ပါတယ်။ အဲဒီ မသင်္ကာသူကို အနီးအနားမှာရှိတဲ့ ကျေးရွာသားတွေက ၀ိုင်းဖမ်းပြီး ရဲလက် အပ်ခဲ့ကြတယ်လို့ သတင်းတွေ မှာလည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဒီအမှုမျိုးက ဖြစ်ခဲလှတာမို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ထိခိုက်သွားနိုင်တယ်လို့ စိုးရိမ် ပူပန်စရာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေ အသွားများတဲ့ ပုဂံဘုရားဒေသမှာ အခုလို နိုင်ငံခြား ခရီးသွားတဦး သတ်ဖြတ်ခံရတာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ဒေသခံ အရာရှိတွေနဲ့ Tourist Guide ဧည့်လမ်းညွှန်တွေက ဆိုကြပါတယ်။ သူ့လုံခြုံရေးအတွက် အမည်မဖော် လိုတဲ့ ဒေသခံ အရာရှိတဦးက ညောင်ဦးနဲ့ ကျောက်ပန်းတောင်းကြား ညောင်နီကျင်း ကျေးရွာလမ်းခွဲမှာ လူသူပြတ်လပ်ချိန် ဂျပန် အမျိုးသမီး ချိဟာရု ချီအီးရာမတ်ဆုကို အသက် ၃၉ နှစ်အရွယ် မင်းသိုက်က သတ်ခဲ့တာလို့ ဆိုပါတယ်။

Read More...

မီးမလာသဖြင့် ဒေသခံ ၃၀၀ ကျော် လျှပ်စစ်ဌာနကို သွားရောက် တောင်းဆို

September 29, 2011
နော်နိုရင်း

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အမှတ်၂ ယုဇနရပ်ကွက်က ပြည်သူတွေ ၃၀၀ ကျော်ဟာ လျှပ်စစ်မီးမလာတာ ၁၅ ရက် လောက်ရှိတဲ့အတွက် မနေ့ စက်တင်ဘာလ ၂၈ ရက်ညပိုင်းက လျှပ်စစ်ရုံးဆီ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

မြောက်ဥက္ကလာ ယုဇနရပ်က ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်းက လူတွေဟာ မီးမလာတာကြောင့် လျှပ်စစ်ရုံးကို မီးမလာတဲ့ကြောင်း ဖုန်းဆက် အကူအညီ တောင်းခံခဲ့ပေမယ့် လုပ်ဆောင်ပေးတာ မရှိတဲ့အတွက် ချီတက်ပြီး တောင်းဆိုခဲ့တာလို့ ပါဝင်ခဲ့တဲ့ ဒေသခံ တဦးက အခုလို ပြောပါတယ်။

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံထပ်တင်ရေး မဆုံးဖြတ်ရသေးပါ

September 29, 2011
အေး​နိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ရေးကို ဘာမှ မဆုံးဖြတ်ရ သေးပါဘူးလို့ ပါတီပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဦးဉာဏ်ဝင်းကို ကိုအေးနိုင်က မေးမြန်းထားပါတယ်၊။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ နီးကပ်လာပြီဆိုပြီး တချို့သတင်းတွေမှာ သဘောဆောင်ပြီး တော့ ရေးပါတယ်။ အဲဒါတွေ ဘယ်လောက်ထိအောင် မှန်လည်းဆိုတာ ဦးဉာဏ်ဝင်း ရှင်းပြပေးပါလား။

Read More...

ဂျပန်အမျိုးသမီးတဦး ကျောက်ပန်းတောင်းမှာ သတ်ဖြတ်ခံရ

September 29, 2011
နော်နိုရင်း

နိုင်ငံခြားခရီးသွား ဂျပန်အမျိုးသမီး တဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နဲ့ ၁၂ မိုင်အကွာ တောတွင်းတနေရာမှာ သတ်ဖြတ် ခံရတယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက အတည်ပြု ပြောဆိုပါတယ်။

လည်ပင်းမှာ ညိုမဲတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဂျပန်အမျိုးသမီးရဲ့ အလောင်းကို ကျောက်ပန်းတောင်းကနေ ညောင်ဦးအသွား လမ်းဘေးက တောတွင်း တနေရာမှာ ၂၈ ရက်နေ့ညနေက တွေ့ရှိတယ်လို့ ရဲက ဒီဗွီဘီကို ပြောပါတယ်။

Read More...

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီး

September 29, 2011
ရွှေအောင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေပါတယ်။ ချင်းမိုင်ရေကြီးမှုနဲ့ ပတ်သက်ပြီး ချင်းမိုင်အခြေစိုက် ဒီဗွီဘီသတင်း ထောက် မန်းဆိုင်းမွန်ကို ကိုရွှေအောင်က မေးကြည့်ထားပါတယ်။

မနေ့ကတည်းက ရေကြီးနေတာ၊ အခုထိလည်း ကြီးနေတုန်းပဲပေါ့။ ဘာဖြစ်လို့ ဒီလောက်ရေကြီးတာလဲ ခင်ဗျ။

ချင်းမိုင်အထက်မှာ မိုးရွာတယ်။ မုန်တိုင်းတခု ဖြတ်သွားတယ်။ တောင်တရုတ်ကနေ ဖြတ်လာတဲ့ မုန်တိုင်းပေါ့။ အဖျားခတ်သွား တယ်။ အဖျားခတ်သွားတော့ ချင်းမိုင်ရဲ့ မြောက်ပိုင်းမှာ မိုးရွာတယ်။ ချင်းမိုင် အထက်မှာ ရေကာတာ ရှိတယ်လေ။ အဲဒါရေ ကာ တာ ဖွင့်ချလိုက်ရတယ်။ အဓိကတော့ မိုးကြောင့်ပါ။ မုန်တိုင်း အဖျားခတ်သွားတာပေါ့။”

Read More...

မြန်မာစစ်ပြေးဒုက္ခသည်များ မ ၀င်နိုင်ရန် တရုတ်ရဲများ နယ်စပ် စောင့်ကြပ်

29 September 2011

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံထဲ မ ၀င်နိုင်ရန် တရုတ်ရဲများက နယ်စပ်တစ်လျှောက် စောင့်ကြပ် နေသည်ဟု ဒုက္ခသည်များ ပြောသည်။

သံလွင်မြစ်အနောက်ဘက်ခြမ်း တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် ဖောင်းဆိုင်၊ မုန်ကိုး၊ ၀မ်ဒင်၊ ပန်ဆိုင်း၊ မူဆယ်၊ နောင်းတောင် နှင့် နမ့်ခမ်းမြို့အထိ တရားဝင် ၀င်/ထွက်ပေါက်များအပြင် တရားမ၀င် ခိုးပေါက်များကိုပါ တရုတ်ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ် လျက်ရှိသည်ဟု ၎င်းဒေသခံများ ပြောသည်။

Read More...

ချင်းမိုင်ရေကြီးသဖြင့် မြန်မာအလုပ်သမားများ အလုပ်ပျက်

29 September 2011

ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ချင်းမိုင်မြို့ မြစ်ရေလျှံကာ အနိမ့်ပိုင်းနေရာများ ရေလွှမ်းမိုးသွားသည့်ထဲ မြန်မာနိုင်ငံသားများ အများ စု လုပ်ကိုင်သည့် ညဈေးတန်း(Night Bazaar) ပါဝင်သည်။

စက်တင်ဘာ ၂၈ ရက်တွင် ပိန်မြစ်ရေလျှံလာသဖြင့် ဆိုင်ခန်းများအားလုံးနီးပါး ပိတ်လိုက်ရကာ ဆုံးရှုံးမှု အနည်းဆုံး ထိုင်းဘတ်ငွေ သန်း ၁၀၀ ရှိမည်ဟု Night Nazaar အုပ်ချုပ်ရေးကော်မတီမှ အရာရှိတစ်ဦး The Nation သတင်းတွင် ပြောဆိုထားသည်။

Read More...

KIA တပ်ရင်း (၈)နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာစစ်သား ၁၅၀ ကျ

29 September 2011

ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်ရင်း (၈) အား ၆ ရက်ကြာ ထိုးစစ်ဆင်လာချိန် မြန်မာ အစိုးရတပ်သား အနည်းဆုံး ၁၅၀ ကျဆုံးသည်ဟု မျက်မြင်များ ပြောသည်။

ယင်းအရေအတွက်မှာ မန်တုံမြို့နယ်ရှိ KIA တပ်ရင်း (၈) ဒေသအား စက်တင်ဘာ (၂၄) ရက် မှ စ ၍ မြန်မာအစိုးရတပ်က ထိုးစစ် ဆင်လာချိန် ပေါ်တာအဖြစ် မြန်မာအစိုးရတပ်က ခေါ်ဆောင်ခဲ့သော ပြည်သူများ ပြောဆိုချက်အရ သိရခြင်းဖြစ်သည်။

Read More...

Thursday, September 29, 2011

မြန်မာအစိုးရကို ဖိအားပေးဖို့ အမေရိကန် အိန္ဒိယကို တိုက်တွန်း

28 စက်တင်ဘာ 2011
ဒေါ်လှလှသန်း

အာရှမှာ တနေ့တခြား အင်အားကြီးထွားလာနေတဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်း ကြာရှည် ရှိခဲ့တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေပြုပြီးတော့ ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးဖို့အတွက် ဖိအား ပေးဖို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တုန်းက တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အိန္ဒိယ အနေနဲ့ အရှေ့အာရှ ပစိဖိတ်ဒေသရှိ အမေရိကန် ပြည်ထောင်စုရဲ့ သမားရိုးကျ မဟာမိတ် နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊တောင် ကိုရီးယားနဲ့ သြစတြေးလျအပြင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့နဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ လုံခြုံရေး သဘော တူညီချက်တွေကို ရယူခဲ့တာကြောင့် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ အရှေ့မျှော် ပေါ်လစီဟာ မျှော်ရုံအဆင့် မဟုတ်တော့ဘဲ လက်တွေ့ ဖော်ဆောင်တဲ့ ပေါ်လစီအဆင့် ရောက်နေတာ တွေ့ရတဲ့အတွက် အခုလို အင်အား ကြီးထွားလာတာနဲ့အတူ ဒေသ တွင်း လူ့အခွင့်အရေး စောင့်ရှောက်မှု တာဝန်ကိုလည်း အလားတူ ဒွန်တွဲ ရယူရမှာ ဖြစ်တယ်လို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယမ် ဘန်းစ် (William Burns) က အမေရိကန်နဲ့ အိန္ဒိယ မိတ်ဘက် ဆက်ဆံရေး အနာဂတ် အခြေအနေ သုံးသပ် ချက် မှာ အခုလို ပြောကြားသွားပါတယ်။

Read More...

မြန်မာ့ဒီမိုကရေစီရေး အခြားနိုင်ငံတွေနဲ့ ကနေဒါ ပူးပေါင်းဖိအားပေးမည်

28 စက်တင်ဘာ 2011
သားညွန့်ဦး

မြန်မာ့ဒီမိုကရေစီရေးအတွက် ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှု ချမှတ်ထားသလို၊ အခြား နိုင်ငံတွေနဲ့လည်း မြန်မာ့အရေးအတွက် နီးနီးကပ်ကပ် ဆောင်ရွက်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက အထွေထွေ ညီလာခံ မှာ တနေ့က ပြောပါတယ်။

မန်မာ့ဒီမိုကရေစီရေးအတွက် ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှု ချမှတ်ထားသလို၊ အခြား နိုင်ငံ တွေနဲ့လည်း မြန်မာ့အရေးအတွက် နီးနီးကပ်ကပ် ဆောင်ရွက်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက အထွေထွေ ညီလာခံ မှာ တနေ့က ပြောဆိုပါတယ်။

Read More...

ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီ ကော်မတီဖွဲ့ စဉ်းစား

28 စက်တင်ဘာ 2011

ပါလက်စတိုင်းကို ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင်အဖြစ် လက်ခံရေး စဉ်းစားဖို့ ပထမအဆင့် အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က လက်ခံထားပါတယ်။ ပါလက်စတိုင်းရဲ့ မေတ္တာရပ်ခံချက်ကို လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံလုံး ပါဝင်တဲ့ အထူးကော်မတီဆီကို ဒီကိစ္စကို စဉ်းစားဖို့ လွှဲပေးထားပါတယ်။

သောကြာနေ့ကျရင် အဲဒီ အထူးကော်မတီက ပါလက်စတိုင်းကို နိုင်ငံတခုအဖြစ် အသိအမှတ်ပြုရေး၊ မပြုရေး ပထမဆုံးအကြိမ် ဆွေးနွေးမှုကို လုပ်ပါလိမ့်မယ်။ ဆုံးဖြတ်ချက်ကတော့ သီတင်းပတ်တွေနဲ့ချီပြီး ကြာမယ့်သဘော ရှိပါတယ်။

Read More...

ရေပိုင်နက်ပြဿနာ အာဆီယံနဲ့ ဂျပန် ဆွေးနွေး

28 စက်တင်ဘာ 2011

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့ အစည်းအဝေးမှာ ဂျပန်နိုင်ငံက ကမကထလုပ်ပြီး အာဆီယံ နိုင်ငံတွေက ကိုယ်စားလှယ်တွေ မနေ့က တက်ရောက်ကြပါတယ်။

အခုဆွေးနွေးပွဲဟာ ဒု-၀န်ကြီးအဆင့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က စတင်ခဲ့ပြီး ဒါနဲ့ပါဆို တတိယအကြိမ်မြောက် ဆွေးနွေး ပွဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်နဲ့ ရေပိုင်နက်ဆိုင်ရာ ဥပဒေ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေမှာ အများသဘောနဲ့ အကျုံးဝင်ဖို့ လိုအပ်နေတာတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။

Read More...

ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း

28 စက်တင်ဘာ 2011
ဦးအောင်လွင်ဦး

မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့် ရစေဖို့ နိုင်ငံတကာ အသိုင်းအ၀န်းက လိုလားနေတဲ့ တချိန်တည်းမှာပဲ မြန်မာ နိုင်ငံမှာ အဓိက နိုင်ငံရေး အင်အားစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေနဲ့ တရားဝင် မှတ်ပုံတင် နိုင်ရေးကို မျှော်လင့်နေပါတယ်။ အစိုးရသစ် တက်လာချိန်ကစလို့ အပြောင်းအလဲတွေ လုပ်သွားမယ်လို့ ကတိပေးထားတဲ့အတိုင်း အစိုးရသစ် အကောင်အထည်ဖော်တဲ့ နေရာမှာ တချိန်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လို ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံ ရေး အင်အားစု တွေ ကို ဘေးဖယ်မထားဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လိုလားနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

Read More...

အယ်လ်ဂျီးရီးယား နယ်စပ်မှာ ဂဒါဖီ ပုန်းအောင်းနေ

28 စက်တင်ဘာ 2011

လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) ဟာ နိုင်ငံရဲ့ အနောက်ပိုင်း အယ်လ်ဂျီးရီးယားနိုင်ငံ နယ်စပ် မြို့ဖြစ်တဲ့ ဂါဒါမစ်စ် (Ghadamis) မြို့မှာ ပုန်းအောင်း နေနိုင်ဖွယ် ရှိတယ်လို့ လစ်ဗျား ယာယီအုပ်ချုပ်ရေးအဖွဲ့ရဲ့ တပ်ဖွဲ့က ယုံကြည်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မစ္စတာ ဂဒါဖီကို တော်ရက်ဂ်စ် (Tuaregs) တိုင်းရင်းသား လူမျိုးစုတွေက အကာအကွယ် ပေးထားတယ်လို့ ယုံကြည်ရကြောင်း လည်း တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

Read More...

ကွန်ဖြူးရှပ်စ် နှစ် ၂၅၀၀ ပြည့်မွေးနေ့ ဘေဂျင်းမှာ ကျင်းပ

28 စက်တင်ဘာ 2011

တရုတ် အတွေးအခေါ် ဒဿနပညာရှင် ကွန်ဖြူးရှပ်စ် (Confucius) ရဲ့ မွေးနေ့ အခါသမယ အခမ်းအနားကို တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပြီး ကွန်ဖြူးရှပ်စ်ရဲ့ တိုက်ရိုက် ဆင်းသက်လာသူတွေ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။

တာဝန်ရှိသူတွေရော ပညာရှင်တွေပါ တက်ရောက်ခဲ့တဲ့ အဲဒီ အခမ်းအနားမှာ အများစုက နှစ်ပေါင်း ၂၅၀၀ ကျော် ကွန်ဖြူးရှပ်စ် ခေတ်က ရိုးရာ အ၀တ်အစားတွေကို ၀တ်ဆင်ခဲ့ကြပါတယ်။

Read More...

ရှမ်းပြည် ဌာနချုပ်မှ KIA ဆုတ်ခွာ

သန်းထိုက်ဦး
28 September 2011

အစိုးရတပ်များ၏ ထိုးစစ်ကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏ အမှတ် ၄ တပ်မဟာ ဌာနချုပ် နှင့် စခန်း တချို့မှ ယခု ရက်ပိုင်းအတွင်း ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

အစိုးရတပ်၏ ၁၂၀၊ ၁၀၅ မမ အမြောက်များနှင့် ၅ ရက်ကြာ ပစ်ခတ်သည့် ဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ် သည် ဟု ဆိုသည်။

သို့သော်လည်း ထိုနေရာသည် စစ်ရေးအရ ဗျူဟာ မကျကြောင်း၊ အစိုးရတပ်က ယင်းနေရာကို သိမ်းပိုက်နိုင်ခြင်း မရှိသေး ကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

Read More...

မြစ်ဆုံအရေး NDF ပြောပြီ

ခင်ဦးသာ
28 September 2011

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ စဉ်းစားဆုံးဖြတ်ရာတွင် လွှတ်တော်တွင်သာမက ပြည်သူတရပ်လုံး ပါဝင် နိုင်သည့် ဆန္ဒခံယူသော နည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF ပါတီ) က အစိုးရကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။

စက်တင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုစီမံကိန်းသည် တမျိုးသားလုံးနှင့်သက်ဆိုင်သဖြင့် လွှတ်တော် ၏ အဆုံးအဖြတ်နှင့် လုံလောက်မည်မဟုတ်ဟု NDF ၏ ကြေညာချက်က ဆိုသည်။

Read More...

ဧရာဝတီ တော်လှန်ရေး

အောင်ဒင်
စက်တင်ဘာ ၁၃၊ ၂၀၁၁ မိုးမခ

(၁) ဧရာဝတီကို သတ်နေသူများ၏ စိန်ခေါ်သံ
သမ္မတဦးသိန်းစိန်အစိုးရက သဘောထားပျော့ပြောင်းလိမ့်မယ်လို့ တချို့ကမျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည်တော်ပြန်ဖို့ တိတ်တိတ်ကလေး ကြိုးစားနေကြ ချိန်မှာပဲ ဦးသိန်းစိန် အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာ ပြည်သူများရဲ့ ဆန္ဒကို လုံးဝ ဂရုမစိုက်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသက် သွေးကြောဖြစ်ပြီး မြန်မာ ပြည်သူများ မှီခို အားထားရာဖြစ်တဲ့ မိခင် ဧရာဝတီမြစ်ကြီး ပျက်စီး ပျောက်ဆုံး ရမှာကို စိုးရိမ် လွန်းလို့ ဧရာဝတီ မြစ်ဆုံမှာ တရုတ် အစိုးရပိုင် ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံ ဆည်ကြီးကို ဆက်လက် မဆောက်လုပ်ပဲ ရပ်တန့်ဖို့ တောင်းဆို နေကြတဲ့ မြန်မာ ပြည်သူတွေကို ဦးသိန်းစိန် အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက “ဧရာဝတီ ရောဂါသည်များ”, “ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများ” လို့ လှောင်ပြောင် သရော်လိုက်ပြီး မြစ်ဆုံ ဆည်ကြီးကို ဘယ်သူကပဲ ကန့်ကွက် ကန့်ကွက် ဆက်ဆောက် သွားမှာဖြစ်တယ် လို့ ကြိမ်းဝါး လိုက်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာ ရှိတဲ့ မီးရထား ဝန်ကြီးဌာန ဝန်ကြီး ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောဆို လိုက်တာပါ။

Read More...

အပေါ်သို့