Saturday, September 10, 2011

ဧရာဝတီနှင့် ပတ်သတ်သော အကြောင်းအရာများ









Friday, September 9, 2011

Monthly Chronology (August 2011)

လစဉ် ပြည်တွင်းလူထုလှုပ်ရှားမှု သတင်းမှတ်တမ်း

ဦးဥတ္တမ ရုပ်ထုရှေ့ ပြည်သူများ ပန်းခွေချ

9/9/2011
မောင်အေး

ယနေ့ ကျရောက်သော ၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့တွင် ပြည်သူများ အနေဖြင့် စစ်တွေမြို့ရှိ ဆရာတော် ဦးဥတ္တမ ရုပ်ထုရှေ့တွင် လွှမ်းသူပန်းခွေများ ချခဲ့ကြသည်ဟု သိရသည်။

" လူတွေ ပန်းခြံထဲကို လာပြီး ဆရာတော် ရုပ်ထု ရှေ့မှာ ပန်းခွေတွေ လာချသွားကြတယ်။ ဟန့်တား နှောင့်ယှက်တာမျိုးတော့ မရှိသေးဘူး။ အခုအချိန်ထိတော့ လူတွေ လာနေကြတုန်းဘဲ" ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ လူငယ် တစ်ဦးက နိရဉ္စရာသို့ ပြော သည်။

Read More...

RNDP မှ ဆရာဦးဥတ္တမ စာစောင်များ ဖြန့်ဝေမူ နှောင့်ယှက်ဟန့်တားမူ မရှိ

9/8/2011

RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာတော်ဦးဥတ္တမ လက်ဆင့်ကမ်း စာစောင်များကို စစ်တွေ အပါအ၀င် ရခိုင်တပြည်နယ်လုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေရာ အာဏာပိုင်များက တစုံတရာ နှောင့်ယှက် ဟန့်တားမူ ပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

စစ်တွေမှ လူငယ် တစ်ဦးက " ဆရာတော် ဦးဥတ္တမ စာစောင်တွေ ရပါတယ်။ ရခိုင်ပါတီက ဖြန့်ဝေတာ ဖြစ်ပါတယ်။ လွတ်လွတ် လပ်လပ်လို့ ဖြန့်နေကြပါတယ်။ အခု အချိန်ထိတော့ ဘာမှ ပြဿနာ မရှိပါဘူး" ဟု ပြောသည်။

Read More...

ဆရာတော် ဦးဥတ္တမကြေးရုပ်တွင် ပန်းခွေချ ပူဇော်မည့် အစီအစဉ် ခွင့်ပြုချက် မရသေး

9/8/2011

စစ်တွေမြို့ရှိ ဆရာတော် ဦးဥတ္တမ ပန်းခြံရှိ ဆရာတော်ကြေးရုပ်ရှေ့တွင် လွှမ်းသူပန်းခွေချ ပူဇော်မည့် အခမ်းအနား အစီအစဉ်ကို ရခိုင် ပြည်နယ် အစိုးရမှ ယခု အချိန်ထိ ခွင့်ပြုချက်မပေးသေးကြောင်း သတင်း ရရှိသည်။

" ကျွန်တော်တို့ပါတီက ဆရာတော် ဦးဥတ္တမနေ့ မှာ ဆရာတော်ကြေးရုပ်ရှေ့မှာ လွှမ်းသူပန်းခွေချ အလေးပြုဖို့ အစီအစဉ်တွေ လုပ်ထားတယ်။ ဆီးမီး ပူဇော်ပြီး ဆရာတော်ကို ဂုဏ်ပြုဖို့ လုပ်ထားတယ်။ ဒီလို အစီအစဉ်တွေကို ပြည်နယ် အစိုးရဆီ တင်ပြပြီး ခွင့်ပြုချက်တောင်းခံထားပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ခွင့်ပြုချက် မရသေးပါဘူး" ဟုပါတီ ထိပ်တန်း ခေါင်းဆောင် တဦးက ပြောသည်။

Read More...

ရခိုင်ပြည်နယ် အစိုးရ မြန်မာယဉ်ကျေးမူ အဆိုအက ပြိုင်ပွဲ လုပ်၍ ဆရာတော် ဦးဥတ္တမနေ့အား အာရုံပြောင်း

9/8/2011

ရခိုင်ပြည်သူများ အထူး လေးစားကြည်ညိုသော ကျေးဇူးရှင် အာရှနေ၀န်း မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့အပေါ် ပြည်သူများ စိတ်ဝင်စားမူ မရှိစေရန် ရခိုင် ပြည်နယ် အစိုးရက မြန်မာ့ ယဉ်ကျေးမူ အဆိုအက ပြိုင်ပွဲများဖြင့် အာရုံပြောင်းအောင် ပြုလုပ်နေသည်ဟု စစ်တွေမြို့ခံ လူကြီးများက ပြောသည်။

ဒေသခံ လူကြီး တစ်ဦးက သူ့အမြင်ကို ယခုလို ပြောသည်။

" ရခိုင်ပြည်နယ် အစိုးရလည်း သိပ်မထူးပါဘူး။ ဦးဥတ္တမ ပန်းခြံမှာ ဆရာတော် ဦးဥတ္တမနေ့ ရောက်ရင် ပြည်သူတွေက လွှမ်းသူ့ ပန်းခွေချတာတို့၊ ဆီးမီးပူဇော်တာတို့ လုပ်မယ်ဆိုတာကိုသိတော့ အဲဒီအရေးကြီးတဲ့နေ့ နီးကပ်လာတဲ့ အခါမှာ မြန်မာ့ ယဉ်ကျေး မူ ဆိုကရေးတီးပြိုင်ပွဲ ပြုလုပ်ပြီး လူထုကို အာရုံပြောင်းအောင် လုပ်နေတာကို တွေ့ရပါတယ်" ဟု ပြောသည်။

Read More...

အဆောတလျင် ဖြေရှင်းရမည့် ပြဿနာတွေချည်းဟု သမ္မတ အကြံပေး ပြော

ကိုပေါက်
စက်တင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

တိုင်းပြည်တွင် တည်ရှိနေသမျှ ပြဿနာ အားလုံးမှာ အဆောတလျင် ဖြေရှင်းရမည့် ပြဿနာများချည်း ဖြစ်ပြီး တခုနှင့်တခု ဆက်နွှယ်နေသည်ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။

“ဘယ်ဟာ အဆောတလျင်လုပ်ရမယ်ဆိုတာ တခုတည်း ကွက်ပြီးပြောလို့ မရနိုင်ဘူး။ လုပ်စရာရှိတာတွေ အကုန်လုံးက အဆော တလျင် လုပ်ရမှာတွေချည်း ဖြစ်နေတယ်” ဟု ဦးကိုကိုလှိုင်က မဇ္ဈိမကို ပြောသည်။

“Issue တွေက အရမ်းများပါတယ်။ အကုန်လုံးကလည်း တခုနဲ့တခုက နွယ်နေကြတာ။ ဥပမာ စီးပွားရေး ဆိုပါ တော့… Exchange rate unification နိုင်ငံခြားငွေ လဲလှယ်မှုကိစ္စပေါ့။ အဲဒါကို ကိုင်ရင် ဘဏ်နဲ့ ပတ်သက်ပြီး ပြုပြင်စရာတွေ ပါလာ တာပေါ့။ Commercial tax တွေ ချပစ်လိုက်တာတို့”

Read More...

ပုဂ္ဂလိက ကျောင်းထောင်ခွင့် ဥပဒေမူကြမ်း အထက်လွှတ်တော် အတည်ပြု

မျိုးသန့်
စက်တင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ပုဂ္ဂလိကျောင်းများ ထောင်ခွင့်ကို တရားဝင် ခွင့်ပြုမည့် ကိုယ်ပိုင်ကျောင်း ဥပဒေမူကြမ်းကို ဗုဒ္ဓဟူးနေ့ နေပြည်တော်တွင် ကျင်းပလျက် ရှိသော အထက်လွှတ်တော် အစည်းအဝေးက အတည်ပြုပေး လိုက် သည်။

ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်သော မူကြမ်းတွင် တိုင်းရင်းသားများအနေဖြင့် ယင်းတို့၏ ကိုယ်ပိုင် ဘာသာနှင့် စကား သင်ကြားခွင့်တို့အတွက် ထပ်ဆောင်း ဘာသာရပ်အဖြစ် သင်ကြားနိုင်ပြီး သက်ဆိုင်ရာ ဒေသ၏ ပညာရေး ဌာနများမှ ခွင့်ပြု ချက်ရယူရန်လိုသည်ဟု မူကြမ်းကိုဖတ်ခွင့်ရသော အမတ်များက မဇ္ဈိမသို့ ပြောသည်။

ဥပဒပေါင်း ၄၁ ခုပါရှိကာ အခန်း ၈ ခန်းဖြင့် ဖွဲ့စည်းထားသော ယင်းဥပဒေမူကြမ်းတွင် ပုဂ္ဂလိက ကျောင်းများ အနေဖြင့် ပညာရေး ဝန်ကြီးဌာမှ ချမှတ်ထားသည့် သင်ရိုးအတိုင်း သင်ကြားရမည်ဖြစ်ပြီး တပတ်စာ သင်ကြားမည့် သင်ခန်းစာများကိုလည်း မြို့နယ် ပညာရေးမှူးများထံ ကြိုတင် တင်ပြရန်လိုသည်ဟု သိရသည်။

Read More...

စာပေစိစစ်ရေး လိုအပ်ဆဲဟု ဝန်ကြီးဆို

ဖနိဒါ
စက်တင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး၏ အခန်းကဏ္ဍသည် လိုအပ်နေဆဲဖြစ်ပြီးမီဒီယာလွတ်လပ်ခွင့် မပေးနိုင်သေးဟု ဗုဒ္ဓဟူးနေ့ ပြည်ထောင်စု အောက်လွှတ်တော်အစည်းအဝေးတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှ အောက်လွှတ်တော် အမတ် ဦးသိန်းညွန့်က "သတင်းမီဒီယာများ၏ ထင်မြင် ယူဆချက် များ ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဖြန့်ဝေခွင့်စသည့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ပေးသည့် ဥပဒေ တရပ် ပြဋ္ဌာန်း ပေးရန်" အဆိုကို ဗုဒ္ဓဟူးနေ့က လွှတ်တော်ဆွေးနွေးပွဲတွင် ဝန်ကြီးဦးကျော်ဆန်းကဖြေကြားခဲ့ခြင်း ဖြစ်သည်။

Read More...

အမေရိကန် ပိတ်ဆို့မှု “ခရိုနီ” များ ကြောက်ရွံ့ဟု ဝီကီလိခ်ဆို

ကိုဝိုင်း
စက်တင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

မထိရောက်ဟု လူအများ ပြောနေကြသော်လည်း အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို မြန်မာအစိုးရလက်ရင်း လူယုံ စီးပွားရေးလုပ်ငန်းရှင်များ (ခရိုနီ) ကြောက်ရွံ့လာနေကြသည်ဟု ရန်ကုန်မြို့ အမေရိကန်သံရုံးက သုံးသပ်မှုပြုခဲ့သည်ကို ဝီကီလိခ် အင်တာနက်စာမျက်နှာများတွင် ပေါက်ကြားလာခဲ့သော အမေရိကန် နိုင်ငံခြားရေးဌာန လျှို့ဝှက်ကြေးနန်း စာတစောင် တွင် ပါရှိသည်။

သြဂုတ် ၃ဝ ရက်နေ့က ပေါက်ကြားသော ကြေးနန်းစာထဲတွင် ထူးထရိတ်ဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ အေးရှားဝေါ်လ် ကုမ္ပဏီမှ စတီဗင်လောနှင့် လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏သား ဧရာရွှေဝါ ကုမ္ပဏီပိုင်ရှင် ဦးအောင်သက်မန်းတို့ကို နာမည် တပ် ညွှန်းဆိုထားပြီး သူတို့ပိုင်ငွေများကို အပ်နှံလေ့ရှိသော စင်္ကာပူ ဘဏ်ကြီးများက ပိုမိုတင်းကျပ်သော စည်းကမ်းများချမှတ် လိုက်၍ အခက်အခဲများဖြစ်လာကြောင်း ပါရှိသည်။

Read More...

မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို

08 စက်တင်ဘာ 2011
ဒေါ်ခင်မျိုးသက်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) အခုလို မြန်မာနိုင်ငံကို သွားရောက် တာဟာ အချိန်ကောင်းဖြစ်ပြီး အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားတွေကို ပြတ်ပြတ်သားသား ပြောဖို့လိုတယ် လို့ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို အစိုးရသစ်က ပြန်လွှတ်ပေးမှသာ အမေရိကန် အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားသင့်တယ်လို့လည်း ဒီအဖွဲ့ကြီးက ထောက်ပြပါတယ်။ အပြည့် အစုံကို ဒေါ်ခင် မျိုးသက်က တင်ပြပေးထားပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ အရေးယူ ဒဏ်ခတ်နေတဲ့ အမေရိကန် အစိုးရရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ပီပီပြင်ပြင် အကောင် အထည် ဖော်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံ ဒဲရက်ခ် မစ်ချဲလ် မြန်မာနိုင်ငံကို သွားရောက်နေတာပါ။ မစ္စတာ မစ်ချဲလ် အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့ အခါမှာ ပြတ်ပြတ်သားသားရှိဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက လို လား တယ်လို့ အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်အကြီးအကဲ မစ်စ် အီလိန်း ပီယာစင်က ပြောပါတယ်။

Read More...

စီးပွားရေး အစီအစဉ် အမြန်ဆုံး အတည်ပြုပေးဖို့ သမ္မတ အိုဘားမား လွှတ်တော်ကို တိုက်တွန်း

08 စက်တင်ဘာ 2011

အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲ့ ပြဿနာ ကြီးထွားလာနေပြီး ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အလုပ်အကိုင် ရရှိရေး ဖန်တီးပေးမယ့် သမ္မတ အိုဘားမား (Barack Obama) ရဲ့ အစီအစဉ်တွေကို အမေရိကန် လွှတ်တော်မှာ သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။ ဒါကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

မကြာခင်ကပဲ ထွက်ပေါ်လာခဲ့တဲ့ အလုပ်လက်မဲ့ဦးရေ တိုးပွားမှု ကိန်းဂဏန်းတွေအရ စီးပွားရေး ကျဆင်းနေတဲ့ အမေရိကန် ပြည် ထောင်စုမှာ နောက်တကြိမ် စီးပွားရေး အကျပ်အတည်း ထပ်ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်။

Read More...

မြန်မာ၊ ဘင်္ဂလား ရေပြင်ပိုက်နက် အငြင်းပွားမှု နိုင်ငံတကာခုံရုံး ကြားနာမှု စတင်

08 စက်တင်ဘာ 2011

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြား သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားနေတဲ့ ဘင်္ဂလား ပင်လယ်အော် အတွင်းက ရေပိုင် နက် ပြဿနာကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်ဂ်မြို့က ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး (ITLOS) မှာ မနေ့ကစပြီး ကြားနာစစ်ဆေးနေပါပြီ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni) က အခုအမှုရဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ကိုယ်စားလှယ်အဖြစ် ပါဝင်ပြီး အငြင်းပွားနေတဲ့ ၂ နိုင်ငံအကြားက ကမ်းဦးရေတိမ်ပိုင်းနဲ့ ရေပြင်သီးသန့် စီးပွားရေးဇုန် ပိုင်ဆိုင်ခွင့် မျှမျှတတ ခွဲဝေရေးမှာ ဘင်္ဂ လားဒေ့ရှ်ဘက်က အမြင်တွေကို တရားရုံးမှာ မနေ့က အပြင်းအထန် တင်ပြခဲ့ပါတယ်။

Read More...

လူ့အခွင့်အရေး ကော်မရှင် NLD ကြိုဆိုစောင့်ကြည့်

08 စက်တင်ဘာ 2011
မသင်းသီရိ

မြန်မာနိုင်ငံမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့စည်းလိုက်တာကို ကြိုဆိုပေမဲ့ ဒီအဖွဲ့အနေနဲ့ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်မလဲ ဆိုတာတော့ သတိထား စောင့်ကြည့်ဖို့ လိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဒါပေမဲ့ အခုဖွဲ့လိုက်တဲ့ ကော်မရှင်ဟာ ၀န်ထမ်းဟောင်းတွေနဲ့ ဖွဲ့စည်း ထားတာ ဖြစ်သလို လွတ်လပ်စွာ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ အကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ မြှင့်တင်ဖို့အတွက် အငြိမ်းစား သံတမန်ဟောင်းတွေ၊ အငြိမ်းစား ပညာရေး ဆိုင်ရာ ပေါမောက္ခတွေနဲ့အတူ အစိုးရ ၀န်ထမ်းဟောင်း ၁၅ ဦးနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ်ကို ဖွဲ့စည်း လိုက် တယ်လို့ အစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

Read More...

အချိန်သိပ်မနှောင်းခင် ဆီးရီးယား ပြုပြင်ဖို့ ဘန်ကီမွန်း တိုက်တွန်း

08 စက်တင်ဘာ 2011

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ဒ် (Bashar al-Assad) အနေနဲ့ အလွန်အကျွံ အင်အားသုံးပြီး အသေအကျေ နှိမ်နင်းနေတာတွေကို ရပ်တန်းက ရပ်ဖို့ သူ ခဏခဏ တောင်း ဆိုနေတဲ့ ကြားထဲကပဲ ဆီးရီးယား နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှာ ဒီနေ့ မိန့်ခွန်းပြောကြားရာမှာ မစ္စတာဘန်က မစ္စတာ အာဆတ်ဒ် အနေနဲ့ အရမ်း နောက်ကျမသွားခင်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ သူ တောင်းဆိုခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လျစ်လျူရှုပြီး အရပ်သားတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်လုပ်နေတယ်လို့ မကျေမနပ် သူက ထောက်ပြလိုက်ပါတယ်။

Read More...

လစ်ဗျားမှာ ရှိနေဆဲဟု ဂဒါဖီကြေညာ

08 စက်တင်ဘာ 2011

ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အသံသွင်း ပြောကြားချက်လို့ ဆိုတဲ့ ပြောကြားသံကို ဆီးရီးယား ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဲဒီ ပြောကြားချက်ထဲမှာ သူ လစ်ဗျားကနေ နီဂျား (Niger) နိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်သွားတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ဝေဖန်ထားတယ်လို့ ဆိုပါတယ်။

အဲဒီလို ပြောဆိုမှုတွေဟာ လိမ်ညာပြောဆိုတာ ဖြစ်ပြီး လူတွေရဲ့ စိတ်ဓာတ်ပျက်ပြားအောင် ရည်ရွယ် လုပ်ဆောင်ခြင်းသာ ဖြစ် တယ်ဆိုပြီး သူဟာ လစ်ဗျားနိုင်ငံထဲမှာ ရှိသေးတယ်ဆိုပြီး အယ်လ်ရိုင်း (Al-Rai) ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်တဲ့ အထဲမှာ ပြောဆိုထားတာပါ။

Read More...

ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ ပြန်လည် ဖော်ပြခွင့်ရ

08 စက်တင်ဘာ 2011
ကျော်ကျော်သိန်း

အများပြည်သူကြားထဲ နှစ်ပေါင်းများစွာ ပုံနှိပ်ဖြန့်ချိခွင့် မရခဲ့တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ ပါတဲ့ စာအုပ် တအုပ်ကို ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ စတင် ဖြန့်ချိလိုက်ပါပြီ။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း အကြောင်း ရေးသားထားတဲ့ စာအုပ်တအုပ်ထဲမှာ သမဂ္ဂ အဆောက်အဦးပုံကိုပါ ပုံနှိပ်ဖြန့်ချိခွင့် ရခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ စသဖြင့် စာရေးဆရာတွေ ရေးသားခဲ့တဲ့ ဆောင်းပါး ၅၇ ပုဒ်ကို စုစည်းပြီးတော့ ‘အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော်’ ဆိုတဲ့ စာအုပ်ထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံကိုပါ ထည့်သွင်း ဖော်ပြထားတာပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀တလျှောက် ခေတ်အသီးသီးကို ထင်ဟပ်တဲ့ ဓာတ်ပုံတွေကို ကဏ္ဍတွေ ခွဲပြီး ဖော်ပြထားတယ်လို့ ဒီစာအုပ်ကို ထုတ်ဝေတဲ့ တိုးမြစ်စာအုပ်တိုက်ရဲ့ ထုတ်ဝေသူ ကိုဝင်းဇော်လတ်က ဗွီအိုအေကို ပြောပါ တယ်။

Read More...

ဧရာဝတီအကြောင်း စာရေးဆရာများ ဟောပြောမည်

လင်းသန့်
08 September 2011

ထင်ရှားသည့် စာရေးဆရာများက ဧရာဝတီမြစ်ကြီး စိုးရိမ်ဖွယ် အခြေအနေများနှင့် ရင်ဆိုင်နေရပုံကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ် ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် စနေနေ့၌ ဟောပြောကြမည် ဖြစ်သည်။

ကိုတာ၊ ကိုမြင့်ဇော်၊ ဦးထွန်းလွင်(မိုး-ဇလ)၊ မောင်စိန်ဝင်း(ပုတီးကုန်း) စသည့် စာရေးဆရာများ ပါဝင်မည်ဟု သိရသည်။

“ဧရာဝတီ မြစ်ကြီးနဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးတွေ အကြောင်း အဓိကထား ဟောပြောကြမှာပါ” ဟု မောင်စိန်ဝင်း (ပုတီးကုန်း)က ဧရာဝတီကို ပြောသည်။

Read More...

အပစ်ရပ်မှု ဆက်ထိန်းထားရန် ကြံ့ဖွံ့ကိုယ်စားလှယ်များ ဆွေးနွေး

ရန်ပိုင်
08 September 2011

လက်ရှိ အခြေအနေအတိုင်း အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းထားရန် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မ တော် (UWSA) နှင့် တွေဆုံခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အစိုးရ ထိပ်တန်း ကိုယ်စားလှယ် ၂ ဦးက ဆွေးနွေးကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးအောင်သောင်းက UWSA အနေဖြင့် ယခင်ကကဲ့သို့ မြို့ကြီးများတွင် ဆက်ဆံရေးရုံးများ ပြန်လည် ဖွင့်လှစ်ရန်၊ နှစ်ဖက်တပ်ဖွဲ့များ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေရန်၊ UWSA တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက် လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ် မည့် အငြင်းပွားဖွယ်အချက်များကို ရှောင်ရန် စသည့်အချက်များကို ဆွေးနွေးကြောင်း UWSA မှ အရာရှိတဦးက ပြောသည်။

Read More...

Thursday, September 8, 2011

ဆဒ္ဒန်ဆင်မင်းဇာတ်ခင်း၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်သေးကြောင်း ဝန်ကြီးပြော

08 September 2011

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် မီဒီယာလွတ်လပ်ခွင့် ရရှိရေး အဆို ကို ဖြေကြားရာတွင် ဘုရားအလောင်း ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို အချိန်ကြာမြင့်စွာ ပြောဆို၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင် ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်ဟု သိရသည်။

ဦးကျော်ဆန်းသည် လွှတ်တော်အတွင်း အဆိုပါ ဇာတ်တော်ကြီးကို နာရီဝက်ကျော် ကြာအောင် ပြောဆိုခဲ့သည့်အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လိုရင်းကို ဖြေကြားရန် သတိပေးပြောဆိုခဲ့ရသည်ဟု လွှတ်တော် ကိုယ်စားလှယ် တဦးက ပြော သည်။

Read More...

တပတ်ရစ်ကားသွင်းခွင့် နယ်စပ်တွင်ပိတ်

08 September 2011

ဧရာဝတီတွင် ဖော်ပြခဲ့သည့် သတင်းတပုဒ်ကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကရင်ပြည်နယ် မြ၀တီမြို့သို့ တပတ်ရစ်ကားများ နယ်စပ်ဖြတ် တင်သွင်းနေမှုကို မြန်မာအာဏာပိုင် တို့က ယခုလဆန်းပိုင်းမှစ၍ ပိတ်ပင်လိုက်ကြောင်း သိရသည်။

"ကားတွေ မြန်မာဘက် တရားမ၀င် ကုန်သွယ်တဲ့ကိစ္စမှာ မြန်မာအာဏာပိုင်တွေ၊ လူကြီးတွေ ပါဝင် ပတ်သက်တယ် ဆိုပြီး ဓာတ်ပုံ တွေနဲ့ သတင်း တင်လိုက်တာကို မြန်မာဘက်က မကျေနပ်လို့ ပိတ်လိုက်တာ" ဟု မဲဆောက်မြို့ သောင်ရင်းမြစ်ဘေးတွင် ကားအ ရောင်းဌာန ဖွင့်ထားသည့် ထိုင်းလုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာအာဏာပိုင်တို့က မဲဆောက်ရှိ ဌာနဆိုင်ရာတချို့နှင့် တပတ်ရစ်ကား ကုမ္ပဏီများကို ထိုသတင်းမိတ္တူ ပေးပို့ပြီး မကျေနပ် ကြောင်း အသိပေးခဲ့သည်ဟု ဆိုသည်။

Read More...

ကြံ့ဖွံ့ခေါင်းဆောင်များ ၀တပ်ဖွဲ့နှင့် တွေ့

ဝေမိုး
08 September 2011

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် ၂ ဦးသည် ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ သွားရောက်ပြီး ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဤတွေ့ဆုံမှုသည် တိုင်းရင်းသားသူပုန်အဖွဲ့များတွင် အင်အားအကြီးဆုံးဖြစ်သော UWSA နှင့် အစိုးရတို့ အကြား သမ္မတ ဦးသိန်း စိန် အစိုးရတက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

သမ္မတ၏ အထူးကိုယ်စားလှယ်များအဖြစ် ကျိုင်းတုံသို့ ရောက်သွားသူများမှာ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးအောင်သောင်း၊ ဦးသိန်း ဇော်တို့ ဖြစ်ကြောင်း UWSA နှင့် နီးစပ်သော သတင်းရပ်ကွက်က ဆိုသည်။

Read More...

ဒီ​ကေဘီ​အေတပ်ဖွဲ့​ ပြန်လည်ပြင်ဆင်ဖွဲ့စည်း

September 7, 2011
နော်နိုရင်း

နယ်ခြား​ စောင့်​တပ်အသွင်ကူး​ပြောင်း​ဖို့​ ငြင်း​ဆိုခဲ့​တဲ့​ ဒီ​ကေဘီ​အေ တပ်ဖွဲ့ဝင်​တွေနဲ့​ အသွင်ကူး​ပြောင်း​ပြီး​မှ ပြန်လည်ပူး​ပေါင်း​လာတဲ့​ ဒီ​ကေဘီ​အေ​တွေ ပြန်လည်ပူး​ပေါင်း​ပြီး​ ဒီ​ကေဘီ​အေကို ပြင်ဆင်ဖွဲ့စည်း​လိုက်ပြီလို့​ တပ်မှူး​တဦး​က ​ပြောပါတယ်။

အသစ်ပြန်ဖွဲ့ တဲ့​ ဒီ​ကေဘီ​အေ (တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​ တပ်မ​တော်) ကို ဗိုလ်ချုပ်နှုတ်ခမ်း​မွှေး​ (ဗိုလ်ချုပ်​စောလား​ဘွဲ) က ဦး​ဆောင်ပြီး​ ကလိုထူး​ဝါး​နဲ့​ ကလိုထူး​လား​ဆိုတဲ့​ စစ်ဗျူဟာ ၂ ခု စနစ်တကျ သတ်မှတ်လိုက်တယ်လို့​ ဒီ​ကေဘီ​အေ ​ပြောခွင့်​ရသူ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

Read More...

ပြည်ပထွက် အလုပ်လုပ်သူများ​အတွက် အသက်အာမခံ စတင်​တော့​မည်

September 7, 2011
မန်းစိုင်းမွန်

ပြည်ပထွက်ပြီး​ အလုပ်လုပ်သူတိုင်း​ အသက်အာမခံ မထား​မ​နေရစနစ်ကို အ​ကောင်အ ထည်​ဖော်ဖို့​ မြန်မာအစိုး​ရက ပြင်ဆင်​နေ ပါတယ်။

ပြည်ပမထွက်ခွာမီ အသက်အာမခံ​ကြေး​ ကျပ် ၂,၅၀၀၀ နှုန်း​ ​ပေး​ဆောင်ပြီး​မှ အာမခံမလုပ်သူကို ခွင့်​ပြုမှာမဟုတ်ဘူး​လို့​ ပြည်တွင်း​ ရုပ်မြင်သံကြား​လိုင်း​ MRTV-4 က အာမခံလုပ်ငန်း​တာဝန်ရှိသူကို ကိုး​ကား​ပြီး​ သတင်း​ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကို အလုပ်သမား​ဝန်ကြီး​ဌာနနဲ့​ မြန်မာ့​အာမခံလုပ်ငန်း​တို့​ ပူး​ပေါင်း​ ပြင်ဆင်​နေတယ်လို့​ ဆိုပြီး​ ပြည်ပ​ရောက်နှင့်​ပြီး​သူ​တွေကို ဘယ်လို​ကောက်ခံမယ် ဆိုတာ​တော့​ မသိရပါဘူး​။

Read More...

မီဒီယာဥပ​ဒေ ​ရေး​ဆွဲ​နေပြီဟု ပြန်ကြား​ရေး​ဝန်ကြီး​ ​ပြော

September 7, 2011
အံ့ဘုန်းမြတ်

သတင်း ​မီဒီယာ​တွေနဲ့​ဆိုင်တဲ့​ ဥပ​ဒေ​တွေကို ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ဦး​ဆောင်​ရေး​ဆွဲ ​နေပြီး​ လွှတ်​တော်ကို မကြာခင် တင်သွင်း ​မယ်လို့​ ပြန်ကြား​ရေး​ဝန်ကြီး​က ဒီ​နေ့​ ပြည်သူ့​ လွှတ်​တော် အစည်း​အ​ဝေး​မှာ ​ပြောပါတယ်။

သတင်း​မီဒီယာ​ တွေ လွတ်လပ်စွာ ​ဖော်ထုတ်ခွင့်​ကို ကာကွယ်​စောင့်​ရှောက်​ပေး​ ​ရေး​ ဥပ​ဒေတရပ် ပြဋ္ဌာန်း​ဖို့​ သင်္ဃန်း​ကျွန်း​မြို့နယ် ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​ မ​နေ့​ကအစည်း​အ​ဝေး​မှာ အဆိုတင်ခဲ့​တာကို​တော့​ ဒီ​နေ့​အစည်း​အ​ဝေး​မှာ မှတ်တမ်း​တင်ပါတယ်။

Read More...

ပြုပြင်ပြောင်းလဲရေး လက်တွေ့ ဖော်ဆောင်ဖို့ မြန်မာအစိုးရကို ကုလ တိုက်တွန်း

07 စက်တင်ဘာ 2011

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း အစိုးရ အပြောင်းအလဲ ဖြစ်လာတာဟာ နိုင်ငံအတွင်း ပိုပြီးပြည့်စုံတဲ့ အမျိုးသားရေးဆိုင်ရာ ပြော ဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ အခွင့်အလမ်းတွေ ဖန်တီးလိုက်သလို ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ အပြောင်းအလဲတွေ တကယ်ပဲ ဖြစ် လာမလားဆိုတဲ့ ကိစ္စကတော့ ပြောဖို့ သိပ်စောနေသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ပြောလိုက်ပါတယ်။

မကြာမီ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမယ့် မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ အခုလို ဖော်ပြထားတာပါ။

Read More...

မြန်မာအစိုးရရဲ့ ခြေလှမ်းသစ်များ အမေရိကန် စောင့်ကြည့်

07 စက်တင်ဘာ 2011
ဦးသိန်းထိုက်ဦး

မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲလာတဲ့ ခြေလှမ်းတချို့ကို တွေ့မြင်နေရပြီ ဖြစ်တဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒီအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ပိုပြီးသိနိုင်အောင် သွားရောက်လေ့လာတဲ့ ခရီးစဉ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဝါရှင်တန်မြို့တော် အခြေစိုက် CSIS နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အရှေ့တောင်အာရှဆိုင်ရာ ဌာနက စက်တင် ဘာလ ၇ ရက်နေ့က ကျင်းပတဲ့ ပစိဖိတ်ဒေသတွင်း အမေရိကန် ပြည်ထောင်စုရဲ့ မဟာဗျူဟာအကြောင်း ဆွေးနွေးပွဲမှာ လက် ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က မြန်မာ့အရေးကို ထည့်သွင်း ပြောဆိုသွားတာပါ။

Read More...

စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ရေး အမေရိကန် ကြိုးပမ်းဖို့ အမျိုးသမီး နိုဘဲလ်ဆုရှင်တွေ တိုက်တွန်း

07 စက်တင်ဘာ 2011
ဦးသားညွန့်ဦး

မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတချို့ ရှိနေပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် စစ်ပွဲတွေ အတွင်းမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရား ပြုမှုတွေ ဆက်ပြီးတော့ ရှိနေတာကြောင့် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေ အပေါ်မှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ဖိဖိစီးစီး ဆောင်ရွက်ပေးဖို့ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ၅ ဦးက စုပေါင်း တောင်းဆိုလိုက်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက် မမြောက် စစ်ဆေးဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မတီတရပ် ဖွဲ့ရေးကိစ္စကို အခု ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကျင်းပ မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တင်သွင်းမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းမှာ ပါဝင်စေရေး အားစိုက် ဆောင်ရွက်ဖို့ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ၅ ဦးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (Hillary Clinton) ကို စက်တင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ် အနေနဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းရေး ကော်မတီ ဖွဲ့စည်းဖို့ တောင်းဆိုပါသည်ဆိုတဲ့ စကားရပ် အဲဒီဆုံးဖြတ်ချက်မှာ ပါလာစေဖို့ အမေရိကန် အနေနဲ့ အခြား အစိုးရ တွေနဲ့ ဆွေးနွေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းတာပါ။

Read More...

ပါကစ္စတန် တာလီဘန် အသေခံဗုံး ၂၀ ကျော်သေ

07 စက်တင်ဘာ 2011

ပါကစ္စတန်နိုင်ငံမှာ အသေခံ ဗုံးခွဲသမားတွေက နိုင်ငံရဲ့ အနောက်တောင်ဘက် ကွပ်တားမြို့ (Quetta) မှာရှိတဲ့ ထိပ်တန်း လုံခြုံ ရေး အရာရှိတဦးရဲ့ အိမ်ကို ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခဲ့ရာမှာ အရာရှိကြီးရဲ့ဇနီး အပါအ၀င် အနည်းဆုံး လူ ၂၂ ဦး သေဆုံး သွား တယ် လို့ သိရပါတယ်။

ဖောက်ခွဲမှုကို အသေခံ ဗုံးခွဲသမား ၂ ယောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကို ပါကစ္စတန်မှာရှိတဲ့ တာလီဘန်တွေက သူတို့ပြုလုပ်တာ ဖြစ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

Read More...

ပိတ်ဆို့မှု ရုပ်သိမ်းဖို့ အမေရိကန် ကိုယ်စားလှယ်ကို တင်ပြမည်

07 စက်တင်ဘာ 2011

အနောက်နိုင်ငံတွေက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကို ပြန်လည်သုံးသပ်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) နဲ့ တွေ့တဲ့အခါ ဆွေးနွေးသွားမယ်လို့ သမ္မတရဲ့ အကြံပေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ညှိနှိုင်းရေးမှူး တဦးလည်းဖြစ်တဲ့ ဒဲရက်ခ် မစ်ချဲလ်ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့သာမက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှား သူတွေနဲ့လည်း တွေ့ဆုံသွားမှာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို ပထမဆုံး ခရီးစဉ်အဖြစ် ဒီ ကနေ့ ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အစိုးရ အပါအ၀င် မြန်မာ့အရေးမှာ ပါဝင်သူ တော်တော်များများနဲ့ တွေ့ဆုံဖို့ စီစဉ် ထားပါတယ်။ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်း ရေးမှူးအပြင် အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ရောက်ရောက်ချင်း နေပြည်တော်ကို ပထမဆုံး သွားမှာဖြစ်ပြီး အစိုးရအဖွဲ့နဲ့ အရင်ဆုံး တွေ့ဆုံမှာ ဖြစ်ပါတယ်။

Read More...

အပေါ်သို့