September 7, 2011
မန်းစိုင်းမွန်
ပြည်ပထွက်ပြီး အလုပ်လုပ်သူတိုင်း အသက်အာမခံ မထားမနေရစနစ်ကို အကောင်အ ထည်ဖော်ဖို့ မြန်မာအစိုးရက ပြင်ဆင်နေ ပါတယ်။
ပြည်ပမထွက်ခွာမီ အသက်အာမခံကြေး ကျပ် ၂,၅၀၀၀ နှုန်း ပေးဆောင်ပြီးမှ အာမခံမလုပ်သူကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြည်တွင်း ရုပ်မြင်သံကြားလိုင်း MRTV-4 က အာမခံလုပ်ငန်းတာဝန်ရှိသူကို ကိုးကားပြီး သတင်းထုတ်ပြန်ပါတယ်။
ဒီအစီအစဉ်ကို အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်း ပြင်ဆင်နေတယ်လို့ ဆိုပြီး ပြည်ပရောက်နှင့်ပြီးသူတွေကို ဘယ်လိုကောက်ခံမယ် ဆိုတာတော့ မသိရပါဘူး။
အာမခံထားတဲ့ အလုပ်သမားတွေဟာ နိုင်ငံခြားမှာအလုပ်လုပ်ရင်း သေဆုံးရင် အာမခံလျော်ကြေး ကျပ်သိန်း ၅၀ ရမှာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရမှုအတွက်တော့ ထိခိုက်မှုပေါ်မူတည်ပြီး အာမခံလျော်ကြေး ရရှိမယ်လို့ဆိုပါတယ်။
အလုပ်သမား တွေအတွက် ခံစားခွင့်နဲ့ ပတ်သက်လို့ မြန်မာ့အာမခံလုပ်ငန်း မန်နေဂျာ ဦးမောင်မောင်သိမ်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဖြေကြားဖို့ ငြင်းဆိုပါတယ်။
အာမခံရဖို့ အတွက် တရားဝင်အလုပ်သမားအေဂျင်စီရဲ့ထောက်ခံစာ၊ ပြည်ပကခေါ် ယူတဲ့ အလုပ်ခန့်စာ၊ နိုင်ငံကူးလက်မှတ်နဲ့အတူ မိမိကိုယ်စားခံစားခွင့်ရှိသူကို ခေါ်ဆောင် လာပြီး အလုပ်သမားဝန်ကြီးဌာနမှာ လျှောက်ရမည်ဟု MRTV-4 သတင်းအရ သိရပါ တယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုတို့ကြောင့် အိမ်နီးချင်းနိုင်ငံ တွေမှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာ နိုင်ငံသား သန်းနဲ့ချီ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံသား သုံးသန်းလောက်ရှိတဲ့အနက် အလုပ်လုပ်ခွင့်မှတ်ပုံ တင် ထားသူ ခြောက်သိန်းကျော်တယ်လို့ ထိုင်းအစိုးရက ပြောထားပါတယ်။
မြန်မာ့ အလုပ်သမားအရေး ကူညီနေတဲ့ ထိုင်းအခြေစိုက် မြန်မာအသင်း တာဝန်ရှိ သူ ဦးကျော်သောင်းကတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဟာ မြန်မာအလုပ်သမားတွေ ထိခိုက်နစ်နာသေဆုံးမှုတွေကို အစဉ်အဆက် လျစ်လျူရှုခဲ့ပြီး အခု အာမခံကြေးအစီအ စဉ်ဟာလည်း မြန်မာအလုပ်သမားတွေဆီက ငွေကောက်ခံနိုင်အောင်လုပ်တဲ့ အစီအစဉ်တခုပဲလို့ ပြောပါတယ်။
Ref: ဒီဗွီဘီ
Thursday, September 8, 2011
ပြည်ပထွက် အလုပ်လုပ်သူများအတွက် အသက်အာမခံ စတင်တော့မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment