Saturday, November 28, 2009

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

ဗထူး
Friday, 27 November 2009 10:35

စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေ တပ်မှူးများ စိတ်ဝင်စားခြင်း မရှိဘဲ စစ်အာဏာရှင် စနစ်သည် မှန်ကန်ခြင်း မရှိဟု သုံးသပ် ပြောဆိုနေကြသည်။

“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ အပြောင်းအလဲ တရပ် ဖြစ်မှ အခြား အဆင့်အတန်းများ အတွက် အဆင်ပြေမှာပါ” ဟု အမည် မဖော်လိုသည့် ဒုဗိုလ်မှူးကြီး တဦးက ပြောသည်။

ရွေးကောက်ပွဲဖြစ်ပေါ်လာပါကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်းရှည်မည် ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီး အဆင့်များမှာ ထပ်ဆင့် ရာထူး တိုးမြှင့်ခြင်း မခံရသည်က တပ်တွင်း အကြပ်အတည်း အလွန်ကြီးမား နေကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင် စနစ်ပဲ ဖြစ်မယ်။ ဒီမိုကရေစီ ပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါ ဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ် နေရေး ကိစ္စများဖြင့် လုံးချာ လိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ် ထားခြင်းသာ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့ အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့ နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါ ဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း တပ်မတော် အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

Ref: ရိုးမ ၃

နေ့စဉ်သတင်းများ ( ၂၇ - ၁၁ - ၀၉)

လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် ဗြိတိသျှအမတ်များ တိုက်တွန်း သတင်း
အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး တိုက်ပိတ်ခံရ သတင်း
မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲဖွယ်ရှိဟု ဖာစီနိုက ပြော သတင်း
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ရွေးကောက်ပွဲ လက်မခံနိုင် သတင်း
စစ်တပ်နဲ့ နီးစပ်တဲ့ အပစ်ရပ်အဖွဲ့တွေ မူးယစ်ဆေး ပိုထုတ်လုပ် သတင်း
ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအကြား ရွာသားတဦးသေဆုံး သတင်း
သျှမ်းရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံရေးနှင့်ပတ်သက်ခြင်းမရှိဟု ခေါင်းဆောင်များ ထုတ်ဖော် သတင်း
အီရန်အာဏာပိုင်တို့က ငြိမ်းချမ်းရေးနိုဘယ်ဆုကို အဓမ္မသိမ်း သတင်း
ဖမ်းဆီးခံ တရုတ်ငါးဖမ်းသမားတွေအတွက် မြန်မာအစိုးရကို တောင်းဆို သတင်း
ကရင်နီဒုက္ခသည်စခန်းမှာ ၀က်တုပ်ကွေးလူနာ နည်းသွားပြီ သတင်း
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး ရှေ့လုပ်ငန်းစဉ် ချမှတ် သတင်း
ကိုညီညီအောင်အမှု တရားလိုသက်သေများကို စစ်ဆေး သတင်း
မြန်မာ့ကမ်းလွန်ရေနံ ဓာတ်ငွေ့ပိုက်လိုင်း စင်ကာပူကုမ္ပဏီ လုပ်ခွင့်ရ သတင်း
စင်္ကာပူကုမ္ပဏီနှင့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မည် သတင်း
ဆုံးရှုံးလယ်မြေများအတွက် လျော်ကြေးပေးနေဟု လပွတ္တာ မြေတိုင်းမှူး ပြော သတင်း
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မြေနေရာ ရောင်းချကြောင်းသတင်း မမှန်ကန် သတင်း
မြန်မာနိုင်ငံမှာ ကာဗွန်ဓာတ်ငွေ့ ဘယ်လိုလျှော့နိုင်မလဲ သတင်း
မြန်မာသီချင်းများကို တယ်လီဖုန်းမြည်သံအတွက် သုံးရန် နိုင်ငံခြားက ၀ယ်ယူ သတင်း
နှစ်ရှည် ရာသီဥတုအချက်အလက်များကို မိုးလေ၀သဌာနတွင် ၀ယ်ယူနိုင် သတင်း
ကျောင်းသားလူငယ်များ အပါအဝင် အာဏာပိုင်များလည်း ဘောလုံးပွဲ လောင်းကစား သတင်း
လွတ်လပ်စွာ အနုပညာဖန်တီးခွင့်ဆု ရှမ်းအမျိုးသမီးအဖွဲ့ ဒုတိယ ရရှိ သတင်း
ကလေးအလုပ်သမား များလာနေတဲ့ မြန်မာပြည် (ဗွီဒီယိုသတင်း)

Friday, November 27, 2009

NDC ခွဲတမ်း ပြဿနာ အပိုင်း - ၎

ဗိုလ်ထက်မင်း
ကြာသပတေးနေ့၊ နိုဝင်ဘာလ 26 ရက် 2009

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်တုန်းက မင်္ဂလာဒုံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စတင် ဖွင့်လှစ် ခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံ W.E (B.A/437/1/58) နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အစိတ်အပိုင်း တခုအဖြစ် ပြန်ဖွဲ့ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ နေရာကို မင်္ဂလာဒုံကနေ ကန်တော်လေး (၃၄/၃၉) ကြေးနန်း ဆက်သွယ်ရေး တပ်ဖွဲ့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီကနေ ၁၉၆၆ ခုနှစ် မေလ ၅ ရက်နေ့မှာ အမှတ် (၄) အလံပြ ဘုရားလမ်း ဒဂုံ (၁) ကျောင်းအနီးဆီ ထပ်ရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၇၆ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာကို ၉ မိုင်ခွဲဆီ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံ (War Establishment – W.E) ကဖ ၁ဝ၆၊ ၂- ၉၁ နဲ့ ထပ်မံ ပြင်ဆင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ၉ မိုင်ခွဲနေရာကနေ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာဆီ ပြောင်းပစ်ခဲ့ပါတယ်။ ကုန်းမြင့်သာကို စစ်ရုံးကြီး တခုလုံး ပြောင်းရွှေ့ လာချိန်မှာ နေရာ မဆန့်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၂ဝဝ၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ကုန်းမြင့်သာ ကနေ ဒဂုံမြို့နယ်ရှိ စစ်ရုံး ရုံးဟောင်းဝင်းကြီး အတွင်း ထပ်ရွှေ့ခဲ့ပါတယ်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ၁၉၆၆ ခုနှစ်ကနေ ၁၉၇ဝ ခုနှစ်ထိ တပ်မှူးများ မွမ်းမံ သင်တန်း ၉ ခုကို ဖွင့်လှစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ဥပဒေရက်တို မွမ်းမံသင်တန်း ၁ဝ ခု ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှာ တပ်မှူးများ မွမ်းမံ သင်တန်း ၄ ခုနဲ့ အရာရှိကြီးများ အုပ်ချုပ်မှု သင်တန်း ၄ ခု ဖွင့်လှစ် သင်ကြားခဲ့ပါတယ်။ အဲဒီ သင်တန်းတွေ တုန်းက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ အဆင်သင့် မဖြစ်သေးတာကြောင့် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာ (ခရေပင်လမ်းခွဲ) မှာပဲ ဖုတ်ပူမီးတိုက် ဖွင့်လှစ် ခဲ့ရပါသေးတယ်။ အဲဒီနောက် ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတွေကို နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ လေ့ကျင့် သင်ကြားပေးတဲ့ သင်တန်းကို စတင် ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် ၁ ကနေ ၉ အထိ အရာရှိကြီး ဦးရေ ၅ဝဝ ဦးခန့် သင်ကြားပေးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ မူဝါဒဆိုင်ရာ လမ်းညွှန် အဖွဲ့ အနေနဲ့ နာယက အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေက ဆောင်ရွက်ပြီး ဥက္ကဋ္ဌ အဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးက ဆောင်ရွက်ပါတယ်။ အဖွဲ့ဝင်တွေ အဖြစ် ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ရွှေမန်း၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ စရဖချုပ်၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ ရေတပ် ဦးစီးချုပ်၊ လေတပ် ဦးစီးချုပ်နဲ့ အတွင်းရေးမှူး အဖြစ် ကျောင်းအုပ်ကြီးတို့ ပါဝင် ဖွဲ့စည်းထားတာ တွေ့ရပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက် တာဝန်တွေထဲမှာ အမှတ် ၃ နဲ့ အမှတ် ၄ အချက်ကို သုံးသပ် တင်ပြလိုပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၆ - ၁၁ - ၀၉)

ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု လျှောက်လဲချက် ရှေ့နေနှင့် ညှိနှိုင်း သတင်း
ဒေါ်အောင်ဆန်းစုကြည် ရေးသည့်စာ ပေါက်ကြားမှု အဖွဲ့ချုပ်လူငယ်များ ၀န်ခံ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့်ပတ်သက်ပြီး ပညာရှင်များ ဆွေးနွေးမည် သတင်း
တြိဂံဒေသ လားဟူပြည်သူ့စစ်များအား မဲခေါင်နယ်ခြား လုံခြုံရေးတပ်ရင်းအဖြစ် စတင်ဖွဲ့စည်း သတင်း
ကလေးတဦး ပျောက်ဆုံး၊ စစ်တပ်ထဲရောက်နေဟု သတင်းကြား၍ စိုးရိမ် သတင်း
ပုဂ္ဂလိကဆေးရုံများတွင် ပေါ့ဆမှုကြောင့် လူနာသေဆုံးမှုများ ဖြစ်ပေါ် သတင်း
ဘိုကလေးမြို့လယ်က ဈေးဆိုင်များကို မြို့အစွန် ရွှေ့မည် သတင်း
သြစတြေးလျ မြန်မာဆရာဝန်များက ချင်းမိုင်ရောက် မြန်မာများကို ဆေးကု သတင်း
အယ်ဇိုင်းမားရောဂါ ဘယ်လိုကာကွယ်မလဲ သတင်း
ဖြူးဆရာတော် ရုပ်ကလာပ်ကို ရေဝေးတွင် သဂြုင်္ိဟ်မည် သတင်း
နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှုဖြင့် သာသနာရေးဝန်ထမ်း (၇) ဦး အပြစ်ပေးခံရ သတင်း
ဝ နယ်မြေအတွင်း စစ်ဖြစ်မည်ကို ဒေသခံများ တကျော့ပြန် စိုးရိမ် သတင်း
မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းဆန္ဒပြပွဲတွင် ပါဝင်မှာကို စိုးရိမ်နေ သတင်း
တောင်တွင်းကြီးမြို့နယ်က အမျိုးသမီးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်သစ်ရဖို့ ခဲယဉ်းနေ သတင်း
နာဂစ်ဒုက္ခသည်များ ဆေးဝါးအထောက်အပံ့ လိုအပ်ဆဲ သတင်း
နာဂစ်အလွန် ကယ်ဆယ်ရေးအခြေအနေ ဒေါက်တာခင်ဇော်ဝင်း အမြင် သတင်း
နာဂစ်ဒေသတွင် စပါးဈေးနှုန်းများ အပြောင်းအလဲဖြစ် သတင်း
ဖယ်ခုံမြို့နယ်အတွင်းက တိုင်းရင်းသားများအား အာဏာပိုင်များက နိုင့်ထက်စီးနင်း ပြုနေခြင်းကိစ္စ သတင်း
ခလရ (၆၁) အတွက် ရွာသားများ ကျောက်စရစ် သယ်ပို့ရ သတင်း
ရွာသားများကို ခေါ်ယူခိုင်းစေပြီး စစ်သားသစ်ပါ ကောက်ယူနေ သတင်း
ကယ်တင်ခြင်းခံရသည့် အမျိုးသမီးပြည့်တန်ဆာ(၅၈)ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂) ဦး ပါဝင် သတင်း
နယ်စပ်မှ ဝင်လာသည့် အရက်၊ ဘီယာများအား တရားမဝင်ဟုဆိုကာ မြန်မာဂိတ်က သိမ်းဆည်း သတင်း
ရန်ကုန်မြို့ကို မီးပေးရန် ညွှန်ကြားထား သတင်း
အရက်ကြော်ငြာ ပိတ်ပင်ခြင်းကြောင့် ပုံနှိပ်မီဒီယာ ရပ်တည်ရေး ထိခိုက်နိုင် သတင်း
ပြည်တွင်းဂျာနယ်များ ပိုမိုအရေးပါလာနိုင် သတင်း
ကိုးကန့် ကျောက်မျက်ကုမ္ပဏီများကို နာမည်ပျက်စာရင်းသွင်း သတင်း
ပို့ကုန်ငွေရှိသူများကို ကုန်ပစ္စည်း တင်သွင်းခွင့်ပြုတော့မည် သတင်း
ဗီယက်နမ်က မြန်မာတွင် ပိုမိုရင်းနှီးမြှပ်နှံမည် သတင်း
အရောင်းဝန်ထမ်းများ၏ တင်ပြချက် စည်ပင်ထုတ်ပြန်ချက်နှင့် တလွဲစီဖြစ် သတင်း
အမှိုက်ပစ်လျှင် ဒဏ်ငွေ ကျပ် (၁) သိန်းကောက်မည်ဟု တယက ကြေညာပြန် သတင်း
ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရ၍ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်ထား သတင်း
ဖိလစ်ပိုင် နိုင်ငံရေးသတ်ဖြတ်မှု သံသယရှိသူ အဖမ်းခံ သတင်း
ကာဘွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ် တရုတ် ကြေညာ သတင်း
နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ (ဆောင်းပါး)
အာဖဂန်ကို သင်ခန်းစာယူပါ (ဆောင်းပါး)
HIV နဲ့ လူနာနှစ်ယောက် (ဆောင်းပါး)
သားကောင်များ (ဆောင်းပါး)
အပြာရောင်သစ်ခွပွင့်၏ အားမာန် (ဆောင်းပါး)
အိမ်လွမ်းနာ (ဆောင်းပါး)

Thursday, November 26, 2009

နေ့စဉ်သတင်းများ ( ၂၅ - ၁၁ - ၀၉)

တရုတ်နယ်စပ် အင်အားကြီးတပ်ဖွဲ့များ နအဖကို စိန်ခေါ် သတင်း
ကိုးကန့် ကျောက်စိမ်းကုမ္ပဏီအားလုံး အစိုးရ ဖျက်သိမ်း သတင်း
ဒေသခံများကို တရားမ၀င် အဖွဲ့များဖြင့် ဆက်သွယ်မှုဖြင့် စွပ်စွဲအရေးယူနေ သတင်း
ကလေးများ သေနှုန်းမြင့်တက်၍ အရေးအပေါ် အစည်းအဝေး ခေါ်နေရ သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေး အီးယူနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မည် သတင်း
ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြုပြင်ခွင့်ရပြီ သတင်း
နာဂစ်ပြန်လည်ထူထောင်ရေး ရန်ပုံငွေ (၈၈) သန်း ရရှိ သတင်း
ဧရာဝတီတိုင်းရှိ နာဂစ်ဒုက္ခသည်တွေအတွက် အကူအညီရရှိမှု နည်းပါးသေး သတင်း
ဒုက္ခသည်စခန်း အလှူငွေ အလှူရှင်နိုင်ငံများ ပြန်လည်စဉ်းစားမည် သတင်း
၂၀၀၈ ဖွဲ့စည်းပုံက အမျိုးသမီးများဘဝလုံခြုံမှု ခြိမ်းခြောက်နေဟု WLB ပြော သတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဆန္ဒဖော်ထုတ် သတင်း
မစုစုနွေး ကျန်းမာရေးအခြေအနေ ကောင်းမွန် သတင်း
ကိုညီညီအောင်ကို နိုင်ငံခြားငွေ တရားမ၀င် သယ်ဆောင်မှု ပုဒ်မ ထပ်တပ် သတင်း
ရန်ကုန်က ကြွပ်ကြွပ်အိတ်စက်ရုံများကို (၄) လ အချိန်ထပ်တိုးပေး သတင်း
ရန်ကုန်တွင် ဒီဇယ်ဈေး မြင့်တက် သတင်း
ဖိလစ်ပိုင် လူသတ်ပွဲ (၅၇) ယောက်အထိ ရှိသွားပြီ သတင်း
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ (၇) ဦး ပါကစ္စတန်မှာ ရုံးတင် သတင်း

Wednesday, November 25, 2009

ပိတ်ဆို့မှုထက် ရွေးကောက်ပွဲက ပိုအရေးကြီးနေဟု ဦးဝင်းတင် ပြောဆို

ဆလိုင်းဟံသာစန်း
အင်္ဂါနေ့၊ နိုဝင်ဘာလ 24 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရအတွက် ၂၀၁၀ ရွေးကောက်ပွဲသည် စီးပွားရေး ပိတ်ဆို့မှု အခန်း ကဏ္ဍထက် ပိုမို အရေးပါနေသဖြင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် ရာခိုင်နှုန်း အားဖြင့် နည်းပါးကြောင်း အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောဆို လိုက်သည်။

အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နအဖ ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ယခုလ ၁၁ ရက်နေ့တွင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး တင်ပြခဲ့ပြီးနောက် ရက်သတ္တ နှစ်ပတ်ခန့် ကြာမြင့် လာသော်လည်း တစုံတရာ တုံ့ပြန်မှု မပြသသည့် အပေါ် ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး၊ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းရေး တို့ထက် ပိုအရေးကြီး နေလို့ ဒီလို အချိန်မျိုးမှာ ဒေါ်အောင်ဆန်း စုကြည်လို အတိုက်အခံမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း အားဖြင့် သူတို့အတွက် သိပ်ပြီးတော့ အကျိုးရှိမယ်လို့ ထင်မှာ မဟုတ်ဘူး။ ဒီအခြေအနေကို ထောက်ရင် တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာက မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေမယ့် တော်တော် အချိန်ဆွဲ ထားပြီးကာမှ ဖြစ်လိမ့်မယ်။ တခါတည်း ဗြုန်းစားကြီး ပေါ်ပေါက် လာလိမ့်မယ်လို့တော့ မထင်ဘူး” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

''စီးပွားရေးပိတ်ဆို့မှုကြောင့် အခက်အခဲတွေရှိပေမယ့် အဲဒါက ငွေရေး ကြေးရေးနဲ့ ချိန်တွက် ကြည့်ရင် ပြဿနာ သိပ်မရှိဘူး။ ရင်းနှီး မြှုပ်နှံမှုတွေကလည်း တရုတ်တို့၊ အိန္ဒိယတို့၊ အာဆီယံတို့လည်း ရှိနေတဲ့ အခါကျ ပိတ်ဆို့မှုက အကြောင်း မထူးလှဘူး။ ပိတ်ဆို့မှုရဲ့ ပြဿနာက စီးပွားရေး ပြဿနာက နည်းနည်းရယ်။ တကယ့်က လူတော မတိုးဘူးဗျာ။ ကမ္ဘာနဲ့ ဆက်ဆံရာမှာ အဟန့်အတားတွေ ဖြစ်နေတဲ့ အတွက် ဒါကို ရုပ်သိမ်း ပေးစေချင်တဲ့ သဘော ဖြစ်တယ်။ သို့သော် ရွေးကောက်ပွဲနဲ့ ယှဉ်လိုက်တဲ့ အခါ ရွေးကောက်ပွဲက ပိုအရေးကြီး နေတယ်ဗျ'' ဟု သူက ဆိုသည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း အန်အယ်ဒီ အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ ကမ်းလှမ်း ချက်နှင့် ပတ်သက်၍ ရလဒ်ကောင်း ပေါ်ထွက်လာရန် မျှော်လင့် ထားသော်လည်း မည်သည့် အချိန်တွင် တုံ့ပြန် လာမည်ကို မခန့်မှန်းနိုင်ကြောင်း မဇ္ဈိမကို ပြောဆိုသည်။

အနောက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ လျော့ပါး သက်သာရေး အတွက် သူမ အနေနှင့် ကူညီ ဆောင်ရွက်ပေးရန် ဆန္ဒ ရှိကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ပေးပို့ ခဲ့သေးသည်။

စာထဲတွင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့ အရေးယူရေး မူဝါဒများနှင့် အကျိုးဆက်များကို ရှာဖွေရန် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်တို့ကို တွေ့ဆုံခွင့် တောင်းဆိုခဲ့ရာ အောက်တိုဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခွင့် ရရှိခဲ့သည်။

Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၁၁ - ၀၉)

မြန်မာစစ်အစိုးရတပ်များ လှုပ်ရှားမှုများကြောင့် ချင်းရွှေဟော်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ် သတင်း
ဝ နှင့် နအဖ ဆက်ဆံရေးနောက်ကွယ်၌ ပြိုင်တူစစ်ရေးထပ်ပြင်ဆင် သတင်း
SSA ဗိုလ်ချုပ်ဆေထန် ကျန်းမာရေးချို့ယွင်း သတင်း
ကျိုင်းတုံထောင်တွင် မင်းကိုနိုင် ကျန်းမာရေးမကောင်း သတင်း
ကိုပြုံးချို နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားနေရ သတင်း
နိုင်ငံရေးအကျဉ်းသားများ လွတ်ရေး ဆုတောင်း၊ မိခင်ကလေး ပညာပေး သတင်း
လျှပ်စစ်မီးကိစ္စတိုင်သူ ဦးခင်မောင်ကြည် ထောင်က ပြန်လွတ် သတင်း
နာဂစ်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများအား ဖမ်းဆီးခြင်း ရပ်စဲဖို့ တောင်းဆို သတင်း
အီးယူကိုယ်စားလှယ်အဖွဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက်လေ့လာ သတင်း
ဟတ်ကြီးစီမံကိန်းက ထိုင်း-မြန်မာဒေသခံများကို ထိခိုက်မည်ဟု TERRA က ပြော သတင်း
အင်းတော်ချောင်းရေ သုံးသူများ ယားယံဝေဒနာ ခံစားနေ သတင်း
မေခမြစ်ဘေးက လိမ္မော်ခြံတွေ ပျက်စီး သတင်း
မြန်မာနိုင်ငံမြောက်ဖျားမှ ငှက် (၃) မျိုး မျိုးတုံးမည့် အန္တရာယ်ရှိ သတင်း
မြန်မာနိုင်ငံ ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံဖြစ်တော့မည်ဟု ဆို သတင်း
မိုးလေဝသသတင်း သိလိုက ငွေပေးဝယ်ယူရမည် သတင်း
မြန်မာအလုပ်သမားများအတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည် သတင်း
ဓမ္မကထိက ဖြူးဆရာတော်ကြီး ဘဒ္ဒန္တနရပတိ ပျံလွန်တော်မူ သတင်း
ရန်ကုန်မြို့တော်စည်ပင်က ကြံ့ဖွံ့အလံထောင်ပြီး လမ်းပြင် သတင်း
၂၀၀၈ မူကြမ်း မပြင်မချင်း ရွေးကောက်ပွဲဝင်မည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော သတင်း
စစ်အစိုးရ၏ ပြစ်မှုများ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးတွင် ဆွေးနွေး သတင်း
ထောင်ဒဏ် (၁၀၆) နှစ်ကျခံရသူ အပစ်ရပ် SSA နာယက ပုံမှန်ဆေးစစ်ခွင့်မရ သတင်း
နာဂစ်ကူညီသူများ ဖမ်းဆီးခြင်း ရပ်တန့်ရန် AI အဖွဲ့ တောင်းဆို သတင်း
နာဂစ်အရေးကူညီသဖြင့် ဖမ်းဆီးခံရသူများအရေး လူ့အခွင့်အရေးအဖွဲ့ လှုံ့ဆော် သတင်း
လူ့အခွင့်အရေးချိုးဖောက်မှု အခိုင်အမာရှိနေဟု NCGUB ပြော သတင်း
ထိုင်ဝမ် ငါးဖမ်းစက်လှေ (၄) စီးကို မြန်မာတို့ ထိန်းသိမ်း သတင်း
မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ၊ တရုတ်လုပ်ငန်းရှင်များ ငွေကြေးစိုက်ထုတ်ပေးမှုရှိ သတင်း
တိုက်ပွဲများ ခေတ္တရပ်ထားသော်လည်း အိုင်ဒီပီဘ၀ မလုံခြုံသေး သတင်း
ဘူတာရုံတွင် ကလေးတစ်ယောက် စစ်သားအဖြစ် စုဆောင်းခံရ သတင်း
ပညာရေးဝန်ထမ်းများထံမှ ကိုယ်ရေးအချက်အလက် အသေးစိတ် မှတ်တမ်းများ ကောက်ခံနေ သတင်း
ရေပေးဝေမှု အခက်အခဲကြောင့် စည်ပင်နှင့် လျှပ်စစ် မကျေမလည်ဖြစ် သတင်း
သင်္ဘောနစ် သေဆုံးသူအတွက် လျော်ကြေးကျပ်ငွေ တသိန်း သတင်း
အမေရိကန်ကလည်း မြန်မာတို့နည်းတူ မြေမြှုပ်ဗုံး သုံးစွဲမှုကို မပိတ်ဆို့နိုင်ဟု ဆို သတင်း
အာဖဂန်ကို စစ်သားသစ်လွှတ်ဖို့ သမ္မတ အိုဘားမား ကြေညာတော့မယ် သတင်း
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည် သတင်း
ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ပါဝင်စစ်ဆေးခံရမယ့် စုံစမ်းစစ်ဆေးမှု စတင် သတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန် သတင်း
အီဂျစ်ကမံမီတွေလည်း နှလုံးရောဂါဖြစ် သတင်း
လုပ်ကြံဖို့ ခြိမ်းခြောက်ခံထားရပေမယ့် ချင်းမိုင်ကို ၀န်ကြီးချုပ် သွားမယ် သတင်း
အရေးကြီးသည့် နောက်တဆင့် (ဆောင်းပါး)
ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၉) (ဆောင်းပါး)
တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး (၂) (ဆောင်းပါး)

Tuesday, November 24, 2009

နေ့စဉ်သတင်းများ (၂၃ - ၁၁ - ၀၉)

မြန်မာစစ်တပ်ထံမှ လက်နက်အချို့ လျှို့ဝှက်ဝယ်ယူရရှိ သတင်း
တပ်ပြေး များပြားလွန်းသဖြင့် ဖွဲ့စည်းပုံ မပြည့် သတင်း
မြန်မာစစ်တိုင်းမှူးတို့ လေးလပတ်အစည်းအဝေးအတွက် နေပြည်တော်သို့ ရောက်ရှိ သတင်း
အိုဘားမား အာရှမှ လက်ဗလာဖြင့်ပြန်ရ၊ သို့သော် မြန်မာနိုင်ငံအတွက်မူ မျှော်လင့်ချက်တိုးပွားလာ သတင်း
မြန်မာ့ဒီမိုကရေစီအရေး အကြမ်းမဖက်လှုပ်ရှားမှုအကြောင်း ဆွေးနွေး သတင်း
မြန်မာ့ရေးရာ နှီးနှောဖလှယ်ပွဲ သတင်း
ကချင်ကာကွယ်ရေးတပ် ပြည်သူ့စစ်အဖွဲ့ (၅) ဖွဲ့အထိ ဖွဲ့မည်၊ လက်နက်ကိုင်များ အသွင်ပြောင်းရာတွင် အခွင့် အရေးတန်းတူမရှိသည်ကို တွေ့နိုင် သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်အထူးဒေသ(၁) ရွှေတူးဖော်နေပြီ သတင်း
ချင်းရွှေဟော် နကသ စခန်းတာဝန်ခံ တရားမ၀င် ကုန်သွယ်မှုကို လိုလား သတင်း
ခရီးသည်တင် နှစ်ထပ်သင်္ဘော ပြစ်ခတ်မှု ဒီကေဘီအေ လက်ချက်ဟု ဒေသခံ ပြော သတင်း
လိုင်စင်မဲ့ မြေတူးစက် ဖမ်းမိခြင်းနှင့် ဆက်စပ်၍ ခရိုင်ရဲမှူး အရေးယူခံနေရ သတင်း
သစ်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နစကများကို အထက်က တားမြစ် သတင်း
ဂတ်စ်ပေါက်ကွဲပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်ထား သတင်း
စစ်တပ်မှ ရွာသားများကို မှားယွင်းပစ်ခတ်ပြီး ပြန်လည်ဖမ်းဆီး သတင်း
တစညပါတီဝင်တဦး ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘူးသီးတောင်တွင် စည်းရုံးရေးလုပ် သတင်း
ပြည်ပမှ ငါးဖမ်းလုပ်သား (၁၂ဝ) ကျော် အင်းစိန်ထောင်တွင် ရောက်ရှိနေ သတင်း
ယာဉ်ထိန်းရဲ (မော်တော်ပီကယ်) များ ဘုရားပုံတော် ရောင်းချနေ သတင်း
ဖခင်ဖြစ်သူ အသတ်ခံရမှုကို သက်ဆိုင်ရာက အရေးမယူသဖြင့် သမီးဖြစ်သူက ရဲချုပ်ထံ တိုင်ကြား သတင်း
မွန်ခွဲထွက် နိုင်ပန်းညွန့်၏ တပ်မိသားစုများ ခလောက်ဂနီ ဒုက္ခသည်စခန်း ရောက်ရှိနေ သတင်း
မြန်မာပြည်ဆိုင်ရာ သတင်းများ၊ ယခင်သတင်းများရဲ့ နောက်ဆက်တွဲသတင်းများ သတင်း
မြန်မာ-အိန္ဒိယဆက်ဆံရေး မှတ်တမ်း သတင်း
ရောင်းစားခံရမည့် မြန်မာအမျိုးသမီးငယ် အိမ်ပြန်နိုင်ခဲ့ပြီ သတင်း
ခေတ်အပြောင်းအလဲကို စစ်တပ်က ဖန်တီးမှာတဲ့လား (ဆောင်းပါး)
ဂူဂဲကမ္ဘာ့မြေပုံမှာ မြန်မာနျူကလီးယားအဆောက်အဦပုံ ပေါ်နေသလား (ဆောင်းပါး)

Monday, November 23, 2009

နအဖ ခေတ် အလွဲအမှားတွေထဲက ဗိုလ်ချုပ်မှူးကြီးရဲ့ သေရာပါ အလွဲ

(၀ိမုတ္တိဝိုင်းတော်သား)

မြန်မာစာဖတ် ပရိသတ်ကြီး အတွက် ဟာသ၀တ္တုတွေ ရေးပြီး ပြုံးပျော်စေခဲ့သူ ဘ၀အမော ပြေစေခဲ့သူ ဟာသစာရေး ဆရာ၊ ဇတ်ညွှန်းရေး ဆရာ နီကိုရဲ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကွယ်လွန် သွားခဲ့ပါပြီ်။ သူ့ပထမ ဦးဆုံး ဟာသလက်ရာ တခုဖြစ်တဲ့ ဟန်သစ် မဂ္ဂဇင်းထဲက ( မကြည်ပြာ) အခန်းဆက် ၀တ္တုတွေကို စာဖတ်ပရိသတ် အလွန် နှစ်ခြိုက်သလို (ကြည်ပြာရောင် နဂ္ဂတစ်များ) ဆိုပြီး လွင်မိုး၊ ထွန်းအိန္ဒာဗိုလ်တို့နဲ့ ရုပ်ရှင် ရိုက်ပြန်တော့လည်း အထူး အောင်မြင် ကျော်ကြားခဲ့ကြောင်း သိရပါတယ်။ သူ့စာအုပ်တွေထဲက ဇတ်ကောင် ရဲဝင်းလို လက်တွေ့ဘ၀မှာ ဆရာနီကိုရဲ ကိုယ်တိုင်လည်း အလွဲအမှားတွေ အမျိုးမျိုးနဲ့ပါ။ သူ့စာအုပ်တွေကို ထုတ်ဝေသူရဲ့ အလွဲသုံး စားလုပ်တာ ခံရပြီး စာရေးဆရာ နီကိုရဲ တယောက် အသက် ၄၃ နှစ်အရွယ်မှာ ရင်နင့်စွာနဲ့ လူ့ဘ၀ထဲကနေ အစောကြီး ထွက်ခွာ သွားခဲ့ရပါပြီ။

နောက်ထပ်လွဲချက် တခုကတော့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တာဝန်ယူ ထုတ်ဝေနေတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ထုတ် မန္တလေး ရတနာပုံ သတင်းစာမှာ အလွဲအမှား တခု ပါလာပြန်ပါတယ်။ နကို မူလစာသား “မရနိုင်” ဆိုတဲ့နေရာမှာ “မ” တလုံးပြုတ်ပြီး “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင်” တယ်လို့ ဖေါ်ပြထားတဲ့ အကြောင်းပါ။ အစိုးရ အာဘော် သတင်းစာကြီး တစောင်က နေပြီး အခုလို မှားယွင်း ဖေါ်ပြမိတာကြောင့် တာဝန်ရှိသူ စာတည်းမှူးချုပ် ဗိုလ်မှူးကြီး မင်းကြိုင်ကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းကလည်း နေပြည်တော် ဆို၊က၊ရေး၊ တီး၊ ပြိုင်ပွဲမှာ (သားကောင်း ရတနာ) အစား “သားကောင်းရတာ နာ” ဆိုပြီး အမှားတစ်ခု ဖြစ်ခဲ့ ပြန်ပါသေးတယ်။ လောလောဆယ် အတိတ်နိမိတ်တွေ မကောင်းတာ ကြောင့်မို့ ထိတ်လန့်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စွယ်တော်မြတ် သွားဖူးနေချိန်မှာ ဒီလို အမှားမျိုးတွေ အတွက် ပေးဆပ်ရမယ့် တန်ဖိုးကတော့ မနည်းလှပါဘူး။

၁၉၉၅ စက်တင်ဘာ ၁၅ ရက်ထုတ် ကြေးမုံသတင်းစာမှာ သွားလေသူ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဓါတ်ပုံ အပေါ်ကနေ ကမ္ဘာကျော် လူလိမ်ကြီးများ ဆိုတဲ့ စာတန်း ပါသွားလို့လည်း သတင်းစာတိုက် တာဝန်ခံ ဦးလှဟန်နဲ့ ဦးသာဝင်းတို့ ၂ ယောက်ကို ထောက်လှမ်းရေးတွေ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြစ်လိုက်ကြောင်း သိရပါတယ်။

အခုလည်း စစ်တပ်ပိုင် သတင်းစာ စာတည်းချုပ်ကြီး ဗိုလ်မှူးကြီး မင်းကြိုင်ကို နေပြည်တော်က ဘယ်လိုများ ဆက် အရေးယူမလဲ ဆိုပြီး မန္တလေး သတင်းစာဖတ် ပရိသတ်ကြီးက အထူး စိတ်ဝင်စား နေကြောင်း ကြားသိရပါတယ်။ အလွဲလွဲ အမှားမှား တိုင်းပြည် တခုမှာ လွဲမှားပြီး အစိုးရ ဖြစ်လာတဲ့ သူတွေကိုယ်တိုင် သာမန် အလွဲလေးတွေကို ခွင့်မလွှတ် သည်းမခံ နိုင်ကြပုံဟာ မြန်မာပြည်သူတိုင်း အတွက် ရယ်မောချင်စရာ ဟာသ အသစ်တွေပါပဲ။ ဒီလို ရင်နင့်စရာ အလွဲလွဲ အမှားမှား ဟာသတွေကိုမှ တမင် ဖန်တည်း နေသူတွေကတော့ တပ်မတော်သာအမိ တပ်မတော်သာ အဖလို့ ပြောနေကြသူတွေ ကိုယ်တိုင်ပဲ မဟုတ်ပါလား။

အခုနောက်ဆုံး အလွဲအမှားတခုကို ပြောပြရရင်တော့ ဟိုယခင်က အတိုက်အခံတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး ဗိုလ်မှူး တဦးရဲ့ သုံးသပ်ချက်ကလေးနဲ့ နိဂုံး ချုပ်ပါရစေ။

အဲဒီအမှားကတော့...
“ကျနော်တို့ဗိုလ်ချုပ်ကြီး ခင့်ညွန့်လက်ထက်က ကမ္ဘာ့အခင်းအကျင်း သစ်မှာ ဒေသတွင်း ပါဝါ အနေအထားအရ တရုတ် နဲ့ မဟာဗျူဟာ မိတ်ဆွေ ဆိုတဲ့ ပေါ်လစီချပြီး တရုတ်ကို အသေကပ် အဖေ ခေါ်ခဲ့ပြီး အမေရိကန်နဲ့ မယုတ်မလွန် ဆက်ဆံရေး အနေအထား ရအောင် ကြိုးပမ်းခဲ့တာ ဖြစ်တယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ် ကြီးခင်ညွန့်ဟာ တရုတ် သမတကြီး ကျန်ဇီမင်းရဲ့ မွေးစားသား လို့တောင် ကျနော်တို့ ထောက်လှမ်းရေးတွေ အကြားမှာ တီးတိုး ပြောဆိုနေရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒါကို အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က အမေရိကန်နဲ့ လက်တွဲပြီး တရုတ်ကို ချိန်ခွင်လျှာ ညှိဖို့ ကြိုးစား တာကတော့ ဗိုလ်ချုပ်ခင်ညွန့် ချခဲ့တဲ့ ပေါ်လစီကို အချိုး ပြောင်းပစ် လိုက်တာပဲ ဖြစ်ပါတယ်။ တရုတ်ကတော့ သဘောတွေ့မှာ မဟုတ်ပါဘူး။ ကျနော့် အထင်တော့ ၁၉၆၇ ခုနှစ်ကာလ တရုတ်-ဗမာ အရေးအခင်းကို ဖန်တီး လိုက်တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း အမှားမျိုးလို တရုတ်နားရွက်ကို တံတွေး ဆွတ်လိုက်တာပဲလို့ ထင်ပါတယ်။

ကိုယ့်သေတွင်းကိုယ်တူးတာပါ။ ဗိုလ်ချုပ်မှူးကြီးနဲ့ အီလစ် အပေါင်းပါတွေ ဟာလည်း ဒီအလွဲနဲ့ပဲ မရဏမင်းရဲ့ နွေးထွေးယုံမက ပွက်ပွက်ဆူဆူ ဆီပူအိုး ကြီးနဲ့ ကြိုဆိုမှု ခံရတော့မှာ မလွဲဧကန်ပါ”

နေ့စဉ်သတင်းများ (၂၂ - ၁၁ - ၀၉)

ဒေါ်အောင်ဆန်းစုကြည် ပို့တဲ့စာ ပြည်သူလူထု ပိုမိုသိရှိအောင် လုပ်ဆောင် သတင်း
ရှေ့နေကြီး ဦးကြည်ဝင်းကို ဗဟိုဥပဒေအထောက်အကူအဖွဲ့ ဒု-ဥက္ကဌ ခန့်အပ် သတင်း
လှိုင်သာယာမီး အိမ်ခြေ (၂၀) ကျော် ဆုံးရှုံး သတင်း
ကျန်းမာရေးဝန်ကြီး လက်မှတ်ပါမှ မြွေဆိပ်ဖြေဆေး ရောင်းမည် သတင်း
ဘားမားဗီဂျေရုပ်ရှင် ပဲရစ်ရုပ်ရှင်ပွဲတော်မှာ ပြသ သတင်း
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေ သတင်း
မြန်မာ့အလုပ်သမားအရေး ယူကေတွင် တင်ပြဆွေးနွေး သတင်း
KPF ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အမှတ် (၃) ယာယီတပ်ရင်မှုး စောဝါးချဲ့ကို KNU မှ ဖမ်းဆီးမိပြီး ပြန်လည် လွတ်မြောက်သွား သတင်း
ကျိုက်မရောမြို့နယ် ကြံ့ဖွံ့အဖွဲ့မှ မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်း သတင်း
နယ်စပ်ဒုက္ခသည် (၃၀) ဂျပန်မှာ ဧပြီလ အခြေချမည် သတင်း
H1N1 ကရင်နီဒုက္ခသည်စခန်း၌ ကျရောက် သတင်း
မိုးမိတ်အာဏာပိုင်တွေ အနိုင်ကျင့် ငွေကောက်ခံ သတင်း
တရုတ်၊ မြန်မာ နယ်စပ်ရထားလမ်း ဖောက်မည် သတင်း
တရုတ်ရေနံပိုက်လိုင်း မြန်မာနိုင်ငံကတဆင့် စတင်ဖောက်လုပ် သတင်း
ကျန်းမာရေးစောင့်ရှောက်မှုစနစ်သစ်အကြောင်း မဲခွဲဖို့ အမေရိကန်ဆီးနိတ် မဲခွဲ သတင်း
အမေရိကန် အိမ်မြေရောင်းဝယ်ရေးလုပ်ငန်း ဆက်လက်ကျဆင်း သတင်း
မီးလောင်ပြီး ပြန်ဆောက်သည့် ဈေး မဲနှိုက်ရာတွင် မသမာမှုများရှိဟု မြို့ခံများက ပြောဆို သတင်း
ပြင်ဦးလွင်က အမေလူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင် သတင်း
စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်အကြောင်း တစေ့တစောင်း သတင်း
နိုင်ငံတကာပြစ်မှုဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ မြန်မာ့အရေးဆွေးနွေး သတင်း
ရန်ကုန်တွင် လျှပ်စစ်မီတာခ တယူနစ်ကို (၂၅) ကျပ်သာ ကောက်ခံသော်လည်း စစ်တွေတွင် ကျပ် (၄၀၀) ထိ ကောက်ခံ သတင်း
ပညာသင်စရိတ်တိုးမြှင့်မှု ကယ်လီဖိုနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ သတင်း
အကူအညီတွေ ထိရောက်ပါရဲ့လား … (ဆောင်းပါး)

Sunday, November 22, 2009

NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၃

ဗိုလ်ထက်မင်း
စနေနေ့၊ နိုဝင်ဘာလ 21 ရက် 2009

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် တက်ရောက်ကြတဲ့ သင်တန်းသား ဗိုလ်မှူးကြီးများ အနေနဲ့ သင်တန်းမှာ တနှစ်ပတ်လုံး နီးပါး စာအုပ်နဲ့ မျက်နှာ မခွာဝံ့ဘဲ တကုပ်ကုပ်နဲ့ မွန်းကြပ်စွာ ဘယ်လို ဘာသာရပ်တွေအား သင်ယူရတယ်၊ ဘယ်လိုမျိုး ဆွေးနွေး နှီးနှော ဖလှယ်ပွဲတွေ တက်ရောက် ဆွေးနွေးရတယ်၊ ဘယ်လို စာတမ်းတွေ ပြုစုရတယ် ဆိုတာ တွေကို အသေးစိတ် ရှင်းလင်း တင်ပြသွားပါမယ်။

သိပ္ပံပညာ ထွန်းကားမှုကြောင့် စစ်မှုအတတ်ပညာ (Military Technology) လည်း ပြောင်းလဲ တိုးတက်နေရာ စစ်မှုအတတ် ပညာ တိုးတက်မှုနှင့် အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘော တရားများလည်း စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိပါတယ်။ ဒါကြောင့် ခေတ်နှင့်အညီ ရင်ပေါင်တန်း နိုင်ဖို့ ဗိုလ်မှူးကြီး အဆင့် စစ်ခေါင်းဆောင်များအား လေ့လာ ဆည်းပူး လေ့ကျင့် ပွားများနေရန် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အပိုင်း (၁၁) ပိုင်း ခွဲခြားပြီး ပို့ချခဲ့ပါတယ်။

သင်တန်းသားများကို တဦးချင်းရော၊ အဖွဲ့လိုက်ပါ ဆောင်ရွက်စေတဲ့ လုပ်ငန်းများ ရှိပါတယ်။

သင်တန်းသား တဦးချင်း အနေနဲ့ ဘာသာရပ်သုံးသပ်ခြင်း (ရေးသားမှု)၊ ဘာသာရပ် သုံးသပ်ခြင်း (ဟောပြောတင်ပြမှု)၊ ပထမ အကြိမ် ကိုးကားရမဲ့ စာအုပ်စာတမ်း လေ့လာ သုံးသပ်ခြင်း၊ ဒုတိယ အကြိမ် ကိုးကားရမဲ့ စာအုပ် စာတမ်းများ လေ့လာ သုံးသပ်ခြင်း၊ ဟောပြော တင်ပြခြင်း (မြန်မာဘာသာ)၊ ဟောပြော တင်ပြခြင်း (အင်္ဂလိပ်ဘာသာ)၊ ဘွဲ့ယူ စာတမ်း ပြုစု တင်ပြခြင်းတို့ ပါဝင်ပါတယ်။ အဖွဲ့လိုက် အနေနဲ့ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အဖွဲ့ဖြင့် ပြဿနာ အဖြေရှာခြင်း၊ မြန်မာနိုင်ငံ အကြောင်း သိကောင်းစရာ နှီးနှောဖလှယ်ပွဲ၊ စီးပွားရေးရာ နှီးနှော ဖလှယ်ပွဲ၊ မဟာဗျူဟာ လေ့လာရေး စာတမ်း ပြုစုခြင်း စသည်တို့ ပါဝင်ပါတယ်။

သင်တန်းပို့ချရာမှာ အပိုင်း(၁) ဖြစ်တဲ့ နိုင်ငံ့စွမ်းအားကို သတ်မှတ် ပေးနိုင်သော အရင်းခံ အကြောင်းရပ်များ ခေါင်းစဉ်ကြီးမှာ (၁)နိုင်ငံ့ စွမ်းအား အဓိပ္ပါယ် ဖွင့်ဆိုချက်၊ (၂)သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အရင်းခံများ၊ (၃) နိုင်ငံရေး ဆိုင်ရာ အရင်းခံများ၊ (၄) စစ်အင်အားကို ဖြစ်စေသော အရင်းခံများ၊ (၅) စီးပွားရေး ဆိုင်ရာ အရင်းခံများ၊ (၆)အုပ်ချုပ်ရေး ဆိုင်ရာ အရင်းခံများ၊ (၇)လူမှုရေး ဆိုင်ရာ အရင်းခံများ၊ (၈)ခေါင်းဆောင်မှုနှင့် နိုင်ငံ ဦးဆောင်မှု ဆိုင်ရာ အရင်းခံများ၊ (၉)သံတမန်ရေး ဆိုင်ရာ အရင်းခံများ ဆိုတဲ့ ခေါင်းစဉ်ငယ်များ ပါဝင်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၁ - ၁၁ - ၀၉)

လေးလပတ် စုံညီအစည်းအဝေးအတွက် စစ်တိုင်းမှူးများ နေပြည်တော် ရောက် သတင်း
တိုက်ပွဲဖြစ်ပွားမှုကြောင့် နအဖ ဒု-ရင်းမှူးတဦး အပါအဝင် (၅) ဦး ဒဏ်ရာရ၊ တပ်ခွဲမှူးတဦး ကျဆုံး သတင်း
မြန်မာဒုက္ခသည်တွေကို ဂျပန် လက်ခံမယ် သတင်း
ကရင်နီဒုက္ခသည်စခန်း ၀က်တုပ်ကွေးရောဂါပိုး တွေ့ရှိ သတင်း
နာဂတိုင်းရင်းသားအရေး အလေးထားရန် တောင်းဆို သတင်း
ကလေးအခွင့်အရေးဆုရှင်ကို ရွေးချယ်ခဲ့တဲ့အထဲမှာ မြန်မာကလေးငယ်များလည်း ပါဝင် သတင်း
ဆယ်စုနှစ် ကမ္ဘာ့ကလေးများအခွင့်အရေးဆု မင်ဒဲလားဇနီးမောင်နှံ ရရှိ သတင်း
စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရာမှာ ဘဏ်ဝန်ထမ်းတွေ မတရား ငွေကောက်ခံ သတင်း
ဘဏ်ဝန်ထမ်းများ ငွေကြေးဖြတ်တောက်မှုကြောင့် တောင်သူများ မကျေမနပ်ဖြစ် သတင်း
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ဥပဒေဖြစ်သော လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်အား ချိုး ဖောက်ခြင်းဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာချက် သတင်း
တရုတ်ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု (၄၀) ကျော် သေ သတင်း
နျူကလီးယားစက်ရုံတွေ ကာကွယ်ရေး အီရန် စစ်ရေးလေ့ကျင့် သတင်း
စခန်းမှာ ထိန်းသိမ်းထားသူတွေကို သီရိလင်္ကာအစိုးရ ပြန်လွှတ်ပေးတော့မယ် သတင်း
ကမ္ဘာတဝှမ်း ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု (ဆောင်းပါး)
အလေးအနက် စဉ်းစားသင့်သော ရွှေ့ပြောင်းအလုပ်သမားအရေး (ဆောင်းပါး)
ကောက်ပဲသီးနှံ ပျက်စီးရသဖြင့် အလုပ်အကိုင် ရှားပါးလာသော အညာတောင်သူများ (ဆောင်းပါး)
တိုင်းရင်းသားပြည်သူများ အလိုလားအပ်ဆုံးဖြစ်ပြီး နအဖစစ်အုပ်စု ဆောင်ရွက်ရန် အခက်အခဲဆုံးဖြစ်နေ သော အမျိုးသားပြန်လည်သင့်မြတ်ရေး (ဆောင်းပါး)

အပေါ်သို့