Saturday, July 30, 2011

ရေကြီး စိုက်ခင်းပျက်၍ လူကြီး တဦး ကြိုးဆွဲချ သေဆုံး

7/30/2011

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အသက် ၅၃ နှစ် အရွယ်ရှိ လူကြီး တစ်ဦးမှာ ရေကြီး၍ စိုက်ပျိုးထားသော စပါး စိုက်ခင်းများ ပျက်စီးသွားသည့် အပြင် ဆိပ်ကမ်းတွင် ချည်နှောင် စုပုံထားသော ၀ါးများ ရေစီးနှင့် မျောပါသွားသဖြင့် ကြံရာ
မရ ဖြစ်ကာ နောက်ဆုံးတွင် ကြိုးဆွဲ ချပြီး မိမိကိုယ်ကို အဆုံးစီရင် သွားကြောင်း သတင်း ရရှိသည်။

Read More...

မြောက်ဦး ရထားလမ်းကြောင်း ရွှေ့ဖေါက်ခဲ့ရမူ အပေါ် သမ္မတ ဦးသိန်းစိန် မကျေနပ်

7/30/2011

ယမန်နေ့က မြောက်ဦးကို ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်သည် မြောက်ဦးမြို့တွင် မြို့သူ မြို့သားများ ကန့်ကွက်ခဲ့သဖြင့် ရထားလမ်းကြောင်း ပြောင်းရွှေ့ ဖေါက်လုပ်ခဲ့ရမူ အပေါ် မကျေမနပ် ပြောဆိုသွားကြောင်း သတင်း ရရှိသည်။

" သမ္မတ ဦးသိန်းစိန်က မနေ့က ကျွန်တော်တို့ လွှတ်တော် အမတ် ၂ ဦးနဲ့ တွေ့ပါတယ်။ တွေ့တဲ့ အခါ မြောက်ဦး ရထားလမ်း ကိစ္စကို ပြောပါတယ်။ ခုလို ရထားလမ်း လမ်းကြောင်း ပြောင်းဖေါက်လုပ် ရတဲ့ အတွက် နိုင်ငံတော်က နစ်နာမူတွေ ရှိခဲ့တယ်။ အများပြည်သူ ကောင်းကျိုးအတွက် လုပ်တာမှာ ခုလို အနှောင့်အယှက် လုပ်တာ မကောင်းဘူးလို့ ပြောသွားခဲ့ပါတယ်" ဟု သမ္မတကြီးနှင့် တွေ့ဆုံခဲ့သူ ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ထွန်းသာက ပြောသည်။

Read More...

ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း ၁၀ကျော် ပိတ်ပစ်လိုက်ရ

30 July 2011
စောသိန်းမြင့်

ကရင်နယ်ခြားစောင့်တပ် ခွဲထွက်အဖွဲ့နှင့် လက်ကျန် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စာသင်ကျောင်း ၁၄လုံးကျော် ပိတ်ပစ်လိုက်ရသည်ဟု ကရင်ကျောင်းဆရာများသမဂ္ဂ(KTWG) ၀က်ဘ်ဆိုက် စာ မျက်နှာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

Read More...

ပြည်နယ်ဝန်ကြီးအိမ်ယာများ အကုန် မပြီးစီးသေး

30 July 2011

ကရင်ပြည်နယ် ဖားအံမြို့ရှိ ပြည်နယ်ကွင်း၏ လမ်းတစ်ဖက်ခြားနေရာတွင် ပြည်နယ်ဝန်ကြီးများ၏ အိမ်ယာများကို ဆောက် လုပ်နေဆဲဖြစ်ပြီး ယခုအချိန်ထိ ၀န်ကြီး ၄ဦးသာ နေထိုင်လျှက်ရှိသေးကြောင်း ဖားအံမြို့ခံများက ပြောဆိုနေကြသည်။

Read More...

ဒေါ်​အောင်​ဆန်းစုကြည်​ ကမ်းလှမ်းချက် ကေအိုင်အို​ ကြိုဆို

July 30, 2011
အေး​နိုင်

ဇူလိုင် ၂၈ ရက်နေ့တုန်းက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြားဝင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အိတ်ဖွင့်ပေးစာ အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကချင်လွတ်လပ်ရေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ရန် ဘန်ကီမွန်း တိုက်ရိုက်ဖုန်းဆက် တောင်းဆို

July 30, 2011
ပီတာအောင်

မြန်မာနိုင်ငံထဲ အကျဉ်းထောင်တွေထဲမှာ မလွတ်မြောက်သေးဘဲ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်ကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြောကြားပြီး ထပ်မံ တောင်းဆိုခဲ့တယ်လို့  ကုလသမဂ္ဂက သတင်းထုတ်ပြန် လိုက်ပါတယ်။

Read More...

FIFA က အိုမန်အသင်းကို အနိုင်ပေးပြီး မြန်မာကို အရေးယူ​ဖို့ ​ပြင်

July 30, 2011

မြန်မာပရိတ်သတ်တချို့ရဲ့ တိုက်ခိုက် နှောင့်ယှက်မှုတွေကြောင့် ရပ်နားခဲ့ရတဲ့ မြန်မာ-အိုမန် ဘောလုံးပွဲစဉ်မှာ အိုမန်အသင်းကို အနိုင်ပေးလိုက်ပြီဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Read More...

တူရကီ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ နှုတ်ထွက်

29 ဇူလိုင် 2011

အစ္စလာမ်ဘာသာစွဲရှိတဲ့ တူရကီအစိုးရနဲ့ ဘာသာရေးအစွဲကင်းတဲ့ စစ်တပ်တို့ကြား တင်းမာမှုတွေ ကြီးထွား လာချိန်မှာပဲ ထိပ်တန်းစစ်တပ် အကြီးအကဲတွေ တစုတဝေးတည်း နှုတ်ထွက်သွားကြပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုင်ဆစ်ကိုဆာနာ (Isik Kosaner) အပြင် ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်တွေအားလုံး အစိုးရထံမှာ နှုတ်ထွက်စာတွေ တင်ခဲ့ကြတာလို့ တူရကီပြည်တွင်း သတင်းမီဒီယာတွေက သောကြာနေ့မှာ ဖော်ပြလိုက်ကြတာပါ။

Read More...

အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော်အတည်ပြု

29 ဇူလိုင် 2011
ကိုအောင်လွင်ဦး

အမေရိကန်အစိုးရအနေနဲ့ ရှေ့တပတ်ထဲကျရင် ပေးစရာရှိတဲ့အကြွေးတွေကို မပေးနိုင်မယ့်အဖြစ်ကနေ ရှောင်ရှားနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကြွေးမြီသုံးစွဲခွင့် ၁၄.၃ ထရီလီယံ သတ်မှတ်ချက်ကို တိုးမြှင့်ဖို့နဲ့ အစိုးရ အသုံးစားရိတ် ဖြတ်တောက်ရေး ပြန်လည်ပြင်ဆင်ထားတဲ့ အဆိုတရပ်ကို အထက်လွှတ်တော်ရဲ့ ကန့်ကွက်ချက်တွေကြားကပဲ အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။

Read More...

နိုင်ငံတကာ ၀င်ဆန့်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမည်

29 ဇူလိုင် 2011
ကိုကျော်ကျော်သိန်း

မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုးလို သိသာထင်ရှား တဲ့ အပြောင်းအလဲတွေကို ပြသဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းကတဆင့် ဆွေးနွေးရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်တာပါ။

Read More...

ကျောက်မဲ ပစ်ခတ်မှု ၃ ဦးသေ

ရန်ပိုင်
29 July 2011

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်တွင် ယနေ့နံနက် ၅ နာရီခန့်က အမည်မသိ သေနတ် သမားများ ၀င်ရောက် ပစ်ခတ်မူကြောင့် လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားသည်။

Read More...

ခုံရုံးကြောင့် NLD အာဏာနှင့်လွဲဟု ကော်မရှင်ပြော

လင်းသန့်
29 July 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များကို နိုင်ငံတကာ နျူရင်ဘတ် ခုံရုံးတင်ကာ အရေးယူရန် ပြောဆိုခဲ့သဖြင့် အာဏာ အလွှဲမခံရခြင်း ဖြစ်သည်ဟု နေပြည်တော်အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ပြောဆိုလိုက်သည်။

Read More...

ပရိသတ်ကြောင့် မြန်မာ့ဘောလုံးလောက ထိခိုက်နိုင်

ရန်ပိုင်
29 July 2011

မြန်မာ- အိုမန်ပွဲတွင် ရမ်းကားသည့် မြန်မာပရိသတ်ကြောင့် နိုင်ငံတကာ ဘောလုံးပွဲများ မြန်မာနိုင်ငံ၌ ကျင်းပခွင့် မရတော့ မည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောဆိုလိုက်သည်။

Read More...

Friday, July 29, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် တိုင်းရင်းသားများ ကြိုဆို

2011-07-28

မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အမျိုးသား သွေးစည်း ညီညွတ်ရေး တိုက်တွန်း ကမ်းလှမ်းချက်ကို ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ ဖက်ဒရယ် ကောင်စီ UNFC က ကြိုဆိုထောင်ခံ လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ဟာ သင့်မြတ်ကောင်းမွန်တဲ့ ကိစ္စဖြစ်ကြောင်း မွန်ပြည်သစ် ပါတီရဲ့  ခေါင်းဆောင် တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာက အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ ထောက်ခံတယ်။ ကြိုဆိုတယ်။ သူ့အနေနဲ့ အားလုံး ကိုယ်စား လုပ်တာလဲ ဖြစ်တယ်။ သူ့အနေနဲ့ ကြားဝင် လုပ်ပေးတာလဲ ဖြစ်တယ်။ ဒါကိုကျနော်တို့ ၀ိုင်းပြီး ထောက်ခံ ကြိုဆိုပါတယ်”

Read More...

နိုင်ငံခြားငွေ လဲလှယ် နှုန်းပြောင်းဖို့ စီစဉ်နေ

2011-07-28

မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို အစိုးရက တရားဝင်ဈေး ပြောင်းလဲ သတ်မှတ်မယ်လို့ သတင်း ရရှိပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ်များကြီးကြပ်ရေး ကော်မတီနဲ့ မြန်မာနိုင်ငံ ဘဏ်များ အသင်း အစည်းအဝေးမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးလှထွန်းက ပြောလိုက်တာလို့ ပြည်တွင်းထုတ် ဂျာနယ်တစောင်ကို ကိုးကားပြီး တရုတ် ဆင်ဟွာသတင်း တပုဒ်မှာ ရေးထားပါတယ်။

ပြည်တွင်းစီးပွားရေး ထိန်းညှိရေး၊ နိုင်ငံတကာနဲ့ စီးပွားရေး ဆက်ဆံမှုတွေမှာ အဆင်ပြေရေးနဲ့ ပြည်တွင်း နိုင်ငံခြား ငွေဈေးကွက် တည်ငြိမ်ရေး တွေကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Read More...

ထိုးစစ်ရုပ်ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ရန် KIO ထပ်မံတောင်းဆို

ဖနိဒါ
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ထိုးစစ် ဆင်ထားမှုများ ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံး အပစ်ခတ် ရပ်ဆိုင်း ပေးရေးတို့ ပါဝင်သည့် တောင်းဆို ထားသော အကြောင်းပြန်စာကို ကချင် လွတ်မြောက်ရေး အဖွဲ့က မြန်မာ အစိုးရထံ ကြာသပတေး နေ့တွင် ပေးပို့ လိုက်သည်။

ဗဟိုအစိုးရက ဇူလိုင်လ ၂၆ ရက်နေ့တွင် ကေအိုင်အိုသို့ ကမ်းလှမ်းခဲ့သော ကချင်ပြည်နယ်တွင်း အပစ်ခတ် ရပ်ရေး အတွက် စာကိုကြားဝင် စေ့စပ်ရေးအဖွဲ့ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင် နယ်စပ် လုံခြုံရေး ဝန်ကြီး ဦးသန်းအောင်ထံသို့ အီးမေလ်ဖြင့် ပြန်ကြား လိုက်သည်ဟု ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်၊

Read More...

တိုင်းရင်းသားများနှင့်အစိုးရ ပဋိပက္ခ ညှိနှိုင်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း

လင်းသန့်
Thursday, 28 July 2011

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလတ်တလော တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲရေး အတွက် ကြားဝင် ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ယနေ့ထုတ်ပြန်သည့် အိတ်ဖွင့် ပေးစာဖြင့် ကမ်းလှမ်း လိုက်သည်။

“အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျမအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုး ပမ်းပေးရန် အသင့်ရှိပါသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က “ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အိတ်ဖွင့် ပေးစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဆီကိုတော့ တရားဝင် လမ်းကြောင်းက ပေးပို့ပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီ ကိုပြောသည်။

Read More...

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာဘောလုံး ပရိတ်သတ် ရမ်းကား

မျိုးသန့်
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာအသင်းနှင့် အိုမန် အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း အတွင်း ယှဉ်ပြိုင်ကစားစဉ် မြန်မာအသင်း ၂ ဂိုး သွင်းခံရပြီး ရှုံးနေချိန် မြန်မာ ပရိတ်သတ်က ဆူပူ ရမ်းကား၍ ကစားချိန် ၃၉ မိနစ်တွင် ပွဲ ရပ်လိုက်ရသည်။

မြန်မာအသင်းကို အားပေးသော ပရိတ်သတ်များက ထီး၊ ဖိနပ်၊ ရေသန့်ဗူးများဖြင့် ကစားသမားများနှင့် ကစားကွင်း အတွင်း ပစ်ပေါက် မှုများ ပြုလုပ်ရာ ကွင်းတွင်း ရောက်ရှိနေသော ရဲ ဒါဇင်ပေါင်းများစွာက လိုက်လံ ထိန်းသိမ်း ကြသော်လည်း မနိုင်မနင်း ဖြစ်ကာ ကစားပွဲ ရပ်ခဲ့ရသည်။

Read More...

ဆရာကြီး ဦးဝင်းတင်နှင့် စာပေရေးရာ ခဏတဖြုတ်

Friday, 15 July 2011

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဂျာနယ်နှင့် မဂ္ဂဇင်းအမျိုးအစား တချို့ စိစစ်ရေး ကြိုတင်စရာ မလိုဘဲ ထုတ်ဝေခွင့် ပေးကာ မူဝါဒ ဖြေလျှော့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ စာအုပ်များကိုလည်း ပြန်လည် ထုတ်ဝေနိုင်ရန် ထုတ်ဝေသူတချို့က ကြိုးပမ်း ခဲ့ကြသည်။ ဦးဝင်းတင် ရေးသားခဲ့သော ကွိ၊ ဥတ္တရအလင်း၊ ကမ္ဘာနီတွင် တဒင်္ဂ၊ အလှရှာပုံတော်၊ ခြေမှာ စကား လက်ဖျား ကဗျာ မျက်နှာ ဇာတ်လမ်းနှင့် စနေစာပေဝိုင်း စာတမ်းများကို ပြန်လည် ထုတ်ဝေခွင့် ရထားသည်။ ၁၉၅၀ ဝန်းကျင်မှစ၍ စာနယ်ဇင်းလောကသို့ ဝင်ရောက်ခဲ့သော ဦးဝင်းတင်သည် မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာတဦး ဟူ၍ ကလောင်ခွဲများဖြင့် စာပေများ ရေးသားခဲ့သည်။

Read More...

Thursday, July 28, 2011

Daw Aung San Su Kyi's Open Letter to Tein Sein and KIO, KNU, NMSP & SSA

Burma Update - DASSK's Open Letter to Tein Sein and KIO, KNU, NMSP & SSA - 28 July 2011

ပြည်သူ့ နာကျင်၊ ခံစားမှုကို အနုပညာ ဖန်တီးချင်တယ်

ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

( ဇေယျာသော်နှင့် အင်တာဗျူး)

မေလ ၁၇ ရက်နေ့တွင် ကော့သောင်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ ဟစ်ဟော့ အဆိုတော် ဇေယျာသော်က ထောင်မှ ပြန်လွှတ်လာ အပြီး အနုပညာ လှုပ်ရှားမှု အဖြစ် ပြည်သူများ၏ လက်တွေ့ ဘဝတွင် ခံစားနေရသည့် နာကျင်မှုများ၊ ခံစားမှုများကို အနုပညာ အဖြစ် ဖန်တီး ချင်သည်ဟု ဆိုသည်။

ဇေယျာသော်၏ ထောင်တွင်း အတွေ့အကြုံများ၊ နိုင်ငံရေး အကျဉ်းသားများ အပေါ်သဘောထား၊ လူမှုရေး၊ နိုင်ငံရေးနှင့် အနုပညာ လှုပ်ရှားမှုများနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိသည့် သဘောထား စသည်တို့ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

Read More...

ကုန်းတွင်းရေနံနှင့် ဓါတ်ငွေ့ ရှာရန် ဈေးပြိုင်စနစ်ဖြင့် လေလံခေါ်

ကျော်ခ
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။မြန်မာနိုင်ငံအလယ်ပိုင်း ကုန်းတွင်းဒေသများတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ စမ်းသပ် ရှာဖွေရန် နိုင်ငံခြား ကုမ္ပဏီများကို ကမ်းလှမ်း ထားကြောင်း မြန်မာနိုင်ငံ စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။

ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိ ကုန်တွင်းပိုင်း လုပ်ကွက် ၁၈ကွက်ကို ပြည်ပ ကုမ္ပဏီများကို ဇူလိုင်လ ဒုတိယ ပတ်မှ စတင် ခေါ်ယူခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့ နောက်ဆုံးထားကာ ချိတ်ပိတ် တင်ဒါ စနစ်ဖြင့် လျှောက်လွှာ တင် ဈေးပြိုင်ပေးရမည် ဖြစ်သည်။

“ လျှောက်လာတဲ့လူတွေက သက်ဆိုင်ရာ နိုင်ငံတွေက သံရုံးတွေကနေ တဆင့် ထောက်ခံချက်နဲ့ အတူ လျှောက်လာရမှာ ဖြစ်ပါတယ်” ဟု စွမ်းအင် ဝန်ကြီးဌာန အကြီးတန်း အရာရှိ တဦးက မဇ္ဈိမကိုပြောသည်။

Read More...

ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်

2011-07-27

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းလားမြို့ အခြေစိုက် ခလရ (၃၂၅) စစ်ကြောင်းနဲ့ SSA ရှမ်းပြည် မြောက်ပိုင်း တပ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး SSA (မြောက်ပိုင်းတပ်) ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက RFA ကိုပြောပါတယ်။

“ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထဲကပေါ့။ မိုင်းလားဆိုတာ သူတို့တပ်စခန်းရှိတယ်။ အဲဒီတပ် ခလရ (၃၂၅) ချီတက် နေတုန်း ကျနော်တို့က ချုံခို တိုက်တယ်။ အဲဒီ ခလရ (၃၂၅) နဲ့ ကျနော်တို့ SSA တပ်မဟာ ၃၆ လက်အောက်ခံ တပ်နဲ့ ဒီနေ့နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီထိ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်ခင်ဗျ။ ခလရ (၃၂၅) က တယောက်ကျတယ်။ ၅ ယောက်လောက် ဒဏ်ရာရတယ်။ ကျနော်တို့ ဖက်က ထိခိုက်မှု မရှိဘူး”

Read More...

ရွေးကောက်ပွဲ ပိုကောင်းအောင် ဆောင်ရွက်မယ်လို့ ကော်မရှင် ဥက္ကဌ ပြောဆို

2011-07-27

ရှေ့လာမဲ့ ရွေးကောက်ပွဲတွေမှာ ပွင့်လင်းပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာအောင် ဆောင်ရွက် သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံပွဲမှာ ကော်မရှင် ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက အခုလို ပြောဆို သွားတာပါ။ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့တဲ့ ချို့ယွင်းချက်တွေကို သင်ခန်းစာ ယူပြီး ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

Read More...

Monthly News Commentary - July 2011 (Eng)

PDC Monthly News Commentary - July 2011 (Eng)

DAB Statement on Violations by the Regime in Burma

DAB Statement on Violations by the Regime in Burma

Wednesday, July 27, 2011

NLD နှင့် အစိုးရ ကွာဟချက် ကြီးမားနေသေး

လင်းသန့်
27 July 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်တို့၏ ဆွေးနွေးပွဲအပြီး နှစ်ဘက်စလုံးက အကောင်းမြင် ကြောင်းနှင့် ဆွေးနွေးပွဲကို ကျေနပ်ကြောင်း ပြောဆိုခဲ့သော်လည်း အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ကွာဟချက် ကြီးမားနေဆဲ ဖြစ်ကြောင်း သိရသည်။

Read More...

အဓမ္မ တောင်းရမ်းခိုင်းခံရသော ကလေးငယ် ၆ ဦးကို ကယ်တင်

သန်းထိုက်ဦး
27 July 2011

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် လူကုန်ကူးခံရပြီး အတင်းအဓမ္မ တောင်းရမ်းခိုင်းခံရသည်ဟု ယူဆရသော မြန်မာ ကလေး ၆ ဦးကို ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် နေအိမ်တခု၌ သွားရောက်ကယ်တင်ခဲ့သည်။

Read More...

ကြိုတင်မဲအကြောင်း ရှင်းပြီ

ခင်ဦးသာ
27 July 2011

ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ၊ ကြိုတင်မဲနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက် လာရ ခြင်းမှာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ယနေ့ ပြောလိုက်ကြောင်း သိရသည်။

Read More...

ဒေါ်စုနှင့် အစိုးရသစ် တွေ့ဆုံမှုအပေါ် KNPP အကောင်းမြင်

နှောင်းလှိုင်
27 ဇူလိုင်လ 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် တွေ့ဆုံမှုသည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းသော လက္ခဏာ ဖြစ်သော်လည်း ကရင်နီတိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးရှိရန် မမျှော်လင့်နိုင်ကြောင်း KNPP က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့၏ တွေ့ဆုံမှုသည် အခြားတိုင်းရင်းသားများနှင့် ကရင်နီ ပြည်သူများအတွက် မျှော်လင့်ချက် တစုံတရာ မရှိနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အနေဖြင့် တစုံတရာ လုပ်ဆောင်ခွင့် လမ်းစများ ပွင့်လာနိုင်သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၁ ခူဦးရယ်က ဆိုသည်။

Read More...

စစ်ရဲ့သားကောင်မှာ လူတွေချည်းမဟုတ်၊ တိရစ္ဆာန်တွေလည်းပါ

ဂျင်အင်ဒရူး
ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ်

ကရင်ပြည်နယ် နယ်စပ်ဒေသများတွင်ဖြစ်ပွားနေသည့် စစ်ပွဲများသည် ကရင်ပြည်သူများကိုဘေးဒုက္ခအန္တရာယ် ကျရောက်စေ သည်သာမက ဒေသတွင်းရှိ တောရိုင်း တိရစ္ဆာန်များကိုလည်း တိုးမြှင့်ခြိမ်းခြောက် လာနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာအသစ် တစောင်ကဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က သဘာဝ ဘေးမဲ့တောအဖြစ် ၁၉၈၉ ခုနှစ်က သတ်မှတ်ခဲ့သော မဲကသာ တောကြီး အတွင်း ဆင်ရိုင်းကောင်ရေသည် ခန့်မှန်းခြေ ၁၅ ကောင်အထိ ကျဆင်းသွားခဲ့သည်ဟု ကရင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုလှုပ်ရှားမှုကွန်ရက် Karen Environmental and Social Action Network (KESAN) က ဂျူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန် ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

Read More...

တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်ခဲ့ရာတွင် ငွေကျပ် တစ်သောင်း ပေးဆောင်ရ

July 26th, 2011

မိလယီထော – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့နယ်စာစစ်ရုံးစိုက်ရာ အထက (၁) ၌ ယခုရက်ပိုင်းအတွင်း ၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်းများထုတ်ခဲ့ရာတွင် ကျောင်းသားတစ်ဦးအတွက် ငွေကျပ်တစ်သောင်းပေး ဆောင် ခဲ့ရကြောင်း ကျောင်းသားမိဘများက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက “အမှတ်စာရင်းသွားထုတ်ခဲ့တဲ့ သူတွေပြောတာ မယုံပါဘူး၊ သားခရီးလွန်နေလို့ ကျနော်သွားထုတ်တော့ ငွေတစ်သောင်းပေးလိုက်ရတယ်၊ ဘာဖြတ်ပိုင်းမှ မပေးဘူး” ဟု ပြောသည်။

Read More...

အပေါ်သို့