Saturday, May 14, 2011

Uncensored Burma - Daily News ( 2011 May 13)

news on May 13

Read More...

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ဂျာနယ်တစောင် ယာယီအပိတ် ခံရ

ဆက်လင်း
13 May 2011

အပတ်စဉ်ထုတ် ပြည်တွင်း သတင်းဂျာနယ် တစောင်ဖြစ်သည့် True News (သစ္စာ) သတင်းဂျာနယ်ကို ထုတ် ဝေခွင့် နှစ်ပတ် ရပ်ဆိုင်းလိုက်သည်ဟု မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

ယင်းသို့ သတင်းဂျာနယ်တစောင်ကိုပိတ် ပင်ခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ သစ်လက်ထက်တွင် ပထမဆုံး အကြိမ် ဖြစ်သည်။

မေလ ၃ ရက်က ထုတ်ဝေခဲ့သည့် သစ္စာ သတင်းဂျာနယ်တွင် ကျပ် ၁၅ သိန်း တန် ဂျီအက်စ်အမ် ဖုန်းပိုင် ဆိုင်ထား သူများ ကျပ် တသိန်း ရှစ်သောင်း ထပ်မံပေး သွင်းလျှင် ငါးသိန်း တန် ဂျီအက်စ်အမ် ဖုန်း တလုံးရမည် ဆိုသည့် သတင်းအား မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့သည်။ ယင်းသတင်းနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှ စာပေစိစစ် ရေးကို ကန့်ကွက်စာပို့ခဲ့သဖြင့် ယခု ကဲ့သို့ထုတ်ဝေခွင့် နှစ်ပတ်ရပ်နားလိုက် ခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ အထက်ပါ စာစစ်မှူးက ဧရာဝတီသို့ ပြောသည်။

“အကြောင်းပြချက်ကတော့ မျက်နှာဖုံးသတင်းကို ခွင့်ပြုချက်မရဘဲ ထုတ်ဝေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်တာပါ”ဟု သစ္စာဂျာနယ် နှင့်နီးစပ်သူတဦးက ဆိုသည်။

မေလ ၃ ရက်နေ့တွင် ထုတ်ဝေခဲ့သော သစ္စာသတင်းဂျာနယ် အတွဲ ၃ အမှတ် ၃၄ တွင် အဆိုပါ ဂျီအက်စ်အမ် ဖုန်းသတင်းနှင့်အတူ ယူနီဖောင်းသာလဲပြီး လူပြောင်းလဲခြင်း မရှိဟူသော အဓိပ္ပာယ်ဖြင့်ရေးဆွဲထားသည့် ကာတွန်းဆရာ အော်ပီကျုယ်၏ကာတွန်း၊ နာရေးကူညီမှု အသင်း ဘဏ္ဍာရေးမှူး ရွှေဇီးကွက် ၏ ကိုယ်တိုင်ရေး ဆောင်းပါးများပါ ထည့်သွင်း ဖော်ပြခဲ့သဖြင့် ယင်းသို့ပိတ်ပင်ခြင်းဖြစ် နိုင်သည်ဟုလည်း ၎င်းက ဆက်လက် ပြော ဆို သည်။

“အဲဒီအပတ်မှာ နာရေးကူညီမှုအသင်းကို ဒေါ်အောင်ဆန်းစုကြည်လာတဲ့သတင်း တင်တယ် ခွင့်မပြုဘူး။ ကျော်သူ အင်တာဗျူးတင်တယ်။ ဆိုင်းငံ့ဆိုပြီး နောက်တပတ်ရွှေ့လိုက်တယ်။ တယ်လီဖုန်းသတင်းကလည်း သူတို့ဌာနက တာဝန်အရှိဆုံးလူပြောထား တာကိုအထောက် အထား ခိုင်ခိုင်လုံလုံနဲ့ရှိတယ်”ဟု အမည်မဖော်လိုသူ သတင်း ထောက် တဦးက ပြောပြသည်။

သမ္မတသစ် ဦးသိန်းစိန်က မတ်လ ၃၁ ရက်နေ့ သမ္မတအိမ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့်အစိုးရ အဖွဲ့ဝင်များကိုပြောကြားသည့်မိန့်ခွန်းတွင်“စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်းများ က တဆင့် ပြည်သူတွေသိသင့်တဲ့အချက်များကို အသိပေးသွားဖို့လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း သတင်းဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကိုဖော်ပြ ခွင့်ပြုခြင်း၊ ယခင်ခွင့်မပြုခဲ့သည့် အကြောင်းအရာတချို့ကို ရေးသားခွင့် ပြုခြင်းတို့ကြောင့် စာပေလွတ်လပ်ခွင့် တစုံတရာရလာမည်လားဟု မျှော်လင့်ချက် ရှိခဲ့ သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လူထုက ဆက်လက်ထောက်ခံဆဲ ဆိုသည့်သတင်း၊ လယ်ယာမြေ အဓမ္မ သိမ်းယူသည့်သတင်း၊ အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး သည့် သတင်းများကိုဖော်ပြခွင့် မပြုကြောင်း သတင်း ဂျာနယ် အယ်ဒီတာ တဦးက ပြောဆို သည်။

“သူတို့ လွတ်လပ်ခွင့် ပေးလာတယ်ဆိုတာမျိုး ဖြစ်အောင်အပေါ်ယံပေးတာပါ။ ဒေါ်အောင်ဆန်း စုကြည် ဆိုလည်း ဓာတ်ပုံကိုပဲ ပေး တာ။ နာရေးအသင်းကိုလာတော့ လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလိုက်ကြည့် တယ်။

ဘယ်လိုကြိုဆိုတယ်ဆိုတာမျိုးတွေဆိုခွင့်မပြုဘူး။ နောက်ပြီး NLD က ဘာတွေလုပ် တယ်ဆိုတာမျိုး ခွင့်မပြုဘူး။ ကလေးစစ်သားကိစ္စတို့၊ လယ်သိမ်းတာတို့ကို အမှန်အတိုင်းရေးလည်းခွင့်မပြုဘူး”ဟုလည်း ၎င်းက ပြောပြသည်။

သစ္စာသတင်းဂျာနယ်ကို ၂၀၀၈ ခုနှစ် ဇွန်လ ၆ ရက်တွင်စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာ လကလည်း ထိုင်းနိုင်ငံရောက် ကလေးအလုပ်သမားတဦး ၏ ဓာတ်ပုံကိုဖော်ပြခဲ့သဖြင့် နှစ်လ ပိတ်ပင်ခြင်းခံခဲ့ ရ ဖူးသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာသည့် သတင်းနှင့်ဓာတ်ပုံကို မျက်နှာဖုံးတွင်ဖော်ပြခဲ့သဖြင့် သတင်းဂျာနယ် ၉ စောင်ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံခဲ့ရသည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ ထုတ်ဝေ သည့် ဂျာနယ်အမျိုးအစားခြောက်မျိုးကို စာပေစိစစ်ရေး တင်ပြရန် မလိုဘဲ ထုတ်ဝေခွင့်ပြုမည်ဟု တာဝန်ရှိသူ များက ပြောဆိုခဲ့သော်လည်း ယနေ့အထိ မည်သည့်အချိန် စတင်ခွင့်ပြုမည်ကို တိတိကျကျထုတ်ပြန်ခြင်း မရှိ သေးပေ။

ပြီးခဲ့သည် မေလ၂ ရက်နေ့ က ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ ထုတ်ပြန် သည့် အစီရင်ခံစာတွင် သတင်းလွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံ ပါဝင်ကြောင်းဖော်ပြထားပြီး ကမ္ဘာ့ သတင်း လွတ် လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့ တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း မြန်မာနိုင်ငံသည် ကျူးဘား၊ မြောက်ကိုရီးယား နိုင်ငံများကဲ့သို့ သတင်းစာလွတ် လပ်ခွင့် မရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိ နေကြောင်း ပြောဆိုထားသည်။

Ref;Irrawaddy

Read More...

ဂီရိ ဒေသ ကျေးရွာ တချို့ကချင်သို့ ပြောင်းရွှေ့

ခင်ဦးသာ Friday, 13 May 2011

ရခိုင်ပြည်နယ် အတွင်း ဂီရိဆိုင်ကလုန်းဒဏ် ခံခဲ့ရသော မင်းပြားနှင့် ပေါက်တောမြို့ နယ်များရှိ ကျေးရွာတချို့ သည် ကချင်ပြည် နယ်ဘက်သို့ ရွာလုံးကျွတ် ပြောင်းရွှေ့သွား ကြောင်း ဒေသခံ နိုင်ငံရေးပါတီများ က ပြောသည်။

“မိသားစုလိုက်တွေကို သဘောင်္နဲ့ရော ကားတွေနဲ့ပါခေါ်ဆောင်နေတာ နေ့တိုင်းလို တွေ့နေရတယ်၊ ကျနော် တို့ ကလည်းသူတို့စားဝတ် နေရေး ဖန်တီးမပေးနိုင် တော့ စိတ် မသက်မသာနဲ့ဘဲ ကြည့်နေ ရတယ်”ဟု ရခိုင်တိုင်း ရင်း သားများ တိုးတက် ရေးပါတီ (RNDP)၏ ပေါက်တော မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်း အောင် က ဧရာဝတီကို ပြောသည်။

ဦးတက်ထွန်းအောင် က ဆက်လက်ပြီး “ဒီကိစ္စတွေကို ကျနော်ကိုယ်တိုင် ပြည်နယ် ၀န်ကြီးချုပ်ကို တင်ပြဆွေးနွေး ထားပေမယ့် အခုထိတော့ ဘာမှထူးခြားလာတာ မတွေ့ ရသေးပါဘူး”ဟုလည်း ပြောဆိုသည်။

ပေါက်တောမြို့နယ်မှ ငပြီတက်၊ ပုဏ္ဏားကြီး၊ ချောင်းစောက်၊ သစ်ပုတ် စသည့်ကျေးရွာများမှ အိမ်ထောင်စုများ သည် ယင်းသို့ ပြောင်းရွှေ့နေကြသည်မှာ ပြီးခဲ့သည့် ဧပြီလထဲမှစပြီး ယခု ရက်ပိုင်းတွင် ပိုမိုများလာနေကြောင်း ၎င်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ၂၂ ရက်တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် ဒေသခံ များ၏ လယ်မြေ များ၊ စပါးခင်းများ၊ ရေလုပ်ငန်းသုံးပစ္စည်းကိရိယာ စသည့် အသက်မွေးကြောင်း လုပ်ငန်းများစွာ ဆုံးရှုံးခဲ့ကြရသည်။

ဂီရိဒဏ်ခံခဲ့ရသည်မှာ ၆ လ ကျော်သည့်တိုင် ၎င်းတို့၏ စားဝတ်နေရေးအခက်အခဲ၊ နေထိုင် စရာ အိမ်များမရှိ သေးခြင်း၊ ကူညီ ကယ်ပေးနေသော အဖွဲ့များမရှိတော့ခြင်း စသည် တို့နှင့်ရင်ဆိုင်နေရချိန် တနိုင်တပိုင် ရေ လုပ်ငန်းလည်း လုပ်ကိုင်ခွင့် မရတော့ကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရသစ်သည် သံတွဲ၊ ဂွ၊ တောင်ကုတ်မှလွဲ၍ ရခိုင်ပြည်နယ်၏ မြို့နယ် ၁၄ ခုရှိမြစ်ချောင်း၊ ပင်လယ်ပြင် ဧရိ ယာ အားလုံးကို လေလံကွက်ပေါင်း၂၀၀ ကျော်ဖန်တီး၍ မေလ ၈ ရက်၊ ၉ ရက်နေ့မှစ၍ လေလံစနစ်ဖြင့် လုပ်ဆောင်လိုက်ခြင်းကြောင့် တနိုင် တပိုင်ဝမ်းစာရှာဖွေ လုပ်ကိုင်စရာမရှိတော့၍ ယခု ကဲ့သို့ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပြ သည်။

“အခုလိုရွာလုံးကျွတ်ပြောင်းရွှေ့သွားရတဲ့ကိစ္စဟာ အဲဒီဒေသအတွက်ရော ရခိုင်ပြည်သူ လူထုအတွက်ပါ အန္တရာယ်ကြီးမားပါတယ်၊ ဒီကိစ္စကို ကျနော်တို့အနေနဲ့ စာရင်းပြုစု နေပါတယ်၊ နောက်ထပ်ဒီလိုမျိုးမဖြစ်ဖို့ အတွက်လုပ်ဆောင်သွားဖို့ပါ”ဟု RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ဧရာဝတီကို ပြောသည်။

၎င်းက ဆက်လက်၍“အဓိကကတော့ လေလံစနစ်ကြောင့်ဖြစ်ပါတယ်၊ တနိုင်တပိုင် ၀မ်းစာ ရှာသူတွေအတွက် ဘုံငါးဖမ်းကွက် တွေဆောင်ရွက်ပေးဖို့အတွက် ပြည်နယ်အစိုးရကို တောင်းဆိုထားပါတယ်”ဟုလည်း ဆက်ပြော သည်။

မင်းပြားမြို့နယ်၏ ခတောက်ချောင်းကျေးရွာ အုပ်စုနှင့်အလယ်ကျွန်း၊ သင်္ကန်းနား ကျေးရွာ တို့မှ အိမ်ထောင်စု တရာကျော် သည်လည်း မေလ ၄ ရက်နေ့တွင်ကားများဖြင့် ကချင်ပြည်နယ်သို့ပြောင်းရွှေ့သွားကြောင်းသိရသည်။

ပြောင်းရွှေ့သွားသော ရခိုင်ပြည်သူများသည် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် တနိုင်း ဒေသတို့ရှိ ယုဇန ဦးဌေးမြင့် ပိုင်ဆိုင် သော ပီလောပီနံစိုက်ခင်းများ၊ ရာဘာစိုက် ခင်းများ၌ နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင်ရန် ဖြစ်ကြောင်းသိရသည်။

“ပွဲစားတွေကနေ မက်လုံးတွေပေးတယ်၊ တနေ့ လုပ်အားခ ၅၀၀၀ ကျပ်ရမယ်၊ နေစရာတွေ ပေးမယ်ဆိုတာမျိုး တွေနဲ့ စည်းရုံး ခေါ်တာမျိုးတွေ့နေရတယ်၊ ကျနော်တို့ကလည်း ဒီ ကိစ္စတွေကို အသေးစိတ် စုံစမ်းနေဆဲပါ”ဟု RNDP ၏ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ဂီရိဒုက္ခသည် တချို့ပြောတာတော့ သူများကူညီမယ့်ဟာကို စောင့်မျှော်နေရတာထက်စာရင် ကိုယ်တိုင်ရှာဖွေ စားသောက် ချင် လို့ ပြောင်းတာပါဆိုပြီး ပြောကြတယ်၊ ဒီတော့ တား ရခက်တယ်”ဟု ၎င်းကဆက်ပြောသည်။

ယခုကိစ္စသည် ဒေသဆိုင်ရာအာဏာပိုင်များ၊ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ၊ နိုင်ငံ ရေးအဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်၍ ဒေသခံပြည်သူများ၏ စားဝတ် နေရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာဖွေဖန်တီးပေးခြင်း၊ ရေလုပ်သား များ ရေလုပ်ငန်းလုပ်နိုင်ရန် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ပါတီ ခေါင်း ဆောင် ဦးအေးသာအောင် ကလည်း ပြောဆိုသည်။

ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်အကြောင်းများကြောင့် ပြည်ပနိုင်ငံများ နှင့်တခြားနေရာ ဒေသများ၌ အခြေချနေထိုင် သူ သန်းချီ၍ ရခိုင်ပြည်နယ်ကို စွန့်ခွာ နေကြကြောင်း၊ ရခိုင်ပြည်နယ်၌ ရခိုင်လူဦးရေ နည်းပါး လာကာ ပြည်ပနိုင်ငံသားများ ဦးရေ တိုးပွားလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

“ဂီရိကြောင့် လယ်တွေအားလုံးက လုံးဝ ပျက်စီးသွားတော့ ပြန်ပြီး လုပ်စားမရတော့ဘူး၊ ငါးဖမ်းသူတွေမှာလဲ ငါးဖမ်းစရာ ပစ္စည်းတွေ မရှိတော့တဲ့အပြင် လေလံပေးလိုက်တော့ ဖမ်းမယ့်နေရာ မရှိတော့ဘူးပေါ့”ဟု ပေါက်တောမြို့နယ် ပုဏ္ဏားကြီးရွာမှ ရေ လုပ်သား တဦးက ရှင်းပြသည်။

“သူများတွေ ပြောင်းရွှေ့သွားကြပေမယ့်ကျနော်ကတော့ လုံးဝမပြောင်းဘူး၊ ကျနော့်မှာ လှေမရှိရင်လည်းပဲ သူများ လှေနဲ့အငှား လိုက်စားမယ်”ဟု ထိုရေလုပ်သားက ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့မှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၏ ၀န်ကြီးတချို့ကို ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း မရခဲ့ပေ။

Ref;Irrawaddy

Read More...

အိန္ဒိယ အာဏာရ ညွန့်ပေါင်း ပြည်နယ် ရွေးကောက်ပွဲများမှာ အားကောင်း

13 မေ 2011

အိန္ဒိယနိုင်ငံမှာ ကွန်မြူနစ်ပါတီတွေ အဓိက ခြေကုတ်ယူထားတဲ့ ပြည်နယ်တွေကနေ မဲဆန္ဒရှင်တွေက မဲပေး ဖြုတ်ချလိုက်ပါတယ်။ အဲဒီလို ကွန်မြူနစ်တွေ ရွေးကောက်ပွဲမှာ မဲရှုံးတဲ့အဖြစ် ကြုံနေရတဲ့အချိန် တဘက်မှာ အဂတိ လိုက်စားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာရ ကွန်ဂရက်ပါတီ အောင်ပွဲရအောင် ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

ပြည်နယ်ရွေးကောက်ပွဲတွေရဲ့ရလဒ်တွေ သောကြာနေ့က ထွက်ခဲ့ပါတယ်။ အနောက် ဘင်္ဂလား ပြည်နယ်မှာ ဒီမိုကရေစီနည်းနဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး နှစ်ပေါင်း ၃၀ ကြာလောက် အုပ်ချုပ်လာတဲ့ ကွန်မြူနစ် ပါတီကို ထရီနာမူးလ် ကွန်ဂရက် (Trinamool Congress) ပါတီက အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ ထရီနာမူးလ် ကွန်ဂရက် ပါတီဟာ အိန္ဒိယ အာဏာရပါတီ ကွန်ဂရက်ပါတီရဲ့မဟာမိတ်လည်း ဖြစ်ပါတယ်။

ကွန်ဂရက်ပါတီဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသက အာသံပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သလို ကီရီလာ (Kerela) ပြည်နယ်မှာလည်း ကွန်မြူနစ်ပါတီတွေကို အနိုင်ရ ခဲ့ပြန်ပါတယ်။

ကွန်မြူနစ်ပါတီတွေ အစဉ်အလာအရ အနိုင်ရခဲ့တဲ့ ဒေသတွေမှာ လက်ရှိ အိန္ဒိယ နိုင်ငံရဲ့အာဏာရ ကွန်ဂရက် ပါတီ ဦးဆောင်တဲ့ မဟာမိတ်တွေ အနိုင်ရလိုက်တာက သူတို့ လက်ရှိ လုပ်ဆောင်နေတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ရှေ့ဆက် ဖိလုပ်သွားဖို့ အခွင့်အရေး ပိုရသွားစေပါတယ်။

ဒါပေမဲ့ ကွန်ဂရက်ပါတီအတွက် အရေးပါတဲ့ မဟာမိတ်တဦးဖြစ်သူ ဒရာဗီဒါ မွန်နီထရာ ကာဇာဂမ်း (Dravida Munnetra Kazhagam) ကတော့ တမီးလ် နာဒူး (Tamil Nadu) ပြည်နယ် ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။

တမီးလ် နာဒူး ပြည်နယ်မှာ လက်ရှိ အာဏာရပါတီ အခုလို ရှုံးနိမ့်သွားခဲ့တာက လူထု အနေနဲ့ သန့်ရှင်းတဲ့ အစိုးရ မျိုး လိုချင်တယ် ဆိုတာကို ပြသလိုက်တယ်ဆိုတာ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) ဦးဆောင် တဲ့ ကွန်ဂရက်ပါတီ အနေနဲ့ သဘောပေါက်သင့်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

Ref;VOA

Read More...

ကတိအတိုင်း အချိန်မဆိုင်း ဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

13 မေ 2011

မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က အစိုးရသစ်အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ကတိပေး ထား တဲ့အတိုင်း အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။

အစိုးရသစ်မှာ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေ၊ တခြား သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်ရေး ဆွေးနွေးသွားဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြောဆိုသွား တာပါ။

“မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်တိုးဖို့ဆိုရင် အချိန်ဆိုင်းလို့ မဖြစ်နိုင်ဘူး။” လို့ အထူး ကိုယ်စားလှယ်က ခရီးစဉ် အဆုံးသတ် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွား တာ ဖြစ်ပါတယ်။ အပြောင်းအလဲတွေ လုပ်ဖို့ အခွင့် အလမ်းတွေ ရှိနေတာကို လက်မလွှတ်ဖို့ အတွက်လည်း သူက တိုက်တွန်းသွားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ပြီး အစိုးရသစ် အပြောင်းအလဲအပေါ် မေးမြန်းရာမှာတော့ အခုအချိန်အထိ ပေးထားတဲ့ ကတိတွေကို သိသိ သာသာ အကောင်အထည် ဖော်တာမျိုး မမြင်ရသေးတဲ့အကြောင်း သဘောထား ပေးခဲ့ကြတယ်လို့ အထူးကိုယ် စားလှယ်နဲ့ တွေ့ဆုံ ခဲ့တဲ့ နိုင်ငံရေး ပါတီတွေထဲက တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးလို လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း လည်း အထူးကိုယ်စား လှယ်က ပြောဆိုသွားတာပါ။

အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံတကာ အသိုင်းအ၀န်းကြားမှာ သာမက မြန်မာ နိုင်ငံမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် မျှော်လင့် ချက်တွေ ကြီးထွားနေတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ခရီးစဉ် အစနေ့မှာတော့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး အစိုးရသစ်ရဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် အောင် လုပ်ဆောင်သွားဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က ဆွေးနွေးမှုအပေါ် တစုံတရာ တုံ့ပြန်တာမျိုးတော့ မရှိဘူးလို့ အထူး ကိုယ်စားလှယ် နမ်ဘီးယားနဲ့ တွေ့ဆုံခဲ့သူတွေက ပြန်ပြောကြပါတယ်။

Ref;VOA

Read More...

လူငယ် စာရေးဆရာတဦး မူးယစ်ဆေးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ

2011-05-13

အခု သီတင်းတပတ်အတွင်း ရန်ကုန်မြို့မှာ စိတ်ကြွဆေး အရောင်းအဝယ်လုပ်သူတွေ၊ မူးယစ်ဆေး သုံးစွဲသူတွေကို သိသိသာသာ အဖမ်းအဆီးများနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

ဒါပေမဲ့ တကယ့် မူးယစ်ရာဇာတွေကို ဖမ်းဆီးတာမဟုတ်ပဲ လက်လီ သမားတွေ မူးယစ် ဆေးသုံးသူတွေကိုသာ အဖမ်းများနေတာလို့လည်း သိရပါတယ်။

လက်လီရောင်းတဲ့ မူးယစ်ဆေး အထုပ်ငယ်တွေကို ရန်ကုန် နိုက်ကလပ်တွေမှာ အလွယ် တကူ ရနိုင်တယ်လို့ ဆိုပါတယ်။

အခုလို အဖမ်းအဆီးတွေ များနေချိန်မှာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်တယ်ဆိုပြီး လူငယ် ကဗျာဆရာ ဇာတ်ညွှန်းရေးဆရာ စာရေးဆရာ ဝေမှူးသွင်ကို ရန်ကုန် သင်္ကန်းကျွန်း နေအိမ်ကနေ မူးယစ်အထူးတပ်ဖွဲ့က မေလ ၇ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

သူ့ကို ဖမ်းဆီးချိန်မှာ မူးယစ်ဆေးဝါး လက်ဝယ်မရှိပေမဲ့ ကျောက်တံတားမြို့နယ်က လူငယ် နှစ်ဦးကို WY စိတ်ကြွဆေးပြားတွေနဲ့ အတူ ဖမ်းဆီးမှုနဲ့ ဆက်စပ်တယ်ဆိုပြီး အမှု ကွင်းဆက်အရ ဖမ်းဆီးတာလို့ သိရပါတယ်။ ဝေမှူးသွင်ဟာ မြန်မာ့ဒီမိုကရေစီ ကွန်ဂရက် ပါတီ ထူထောင်ခဲ့ပြီး ပါတီဝင် အင်အားမပြည့်တဲ့အတွက် အဲဒီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ မှာ ပါဝင်ခွင့် မရခဲ့ပါဘူး။

Ref;RFA

Read More...

သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် တရုတ်သံပိုက်လုံးကြီးများ စတင်သယ်ပို့

2011-05-13

တရုတ်နိုင်ငံဖက်ကနေ သံပိုက်လုံးကြီးတွေတင်ထားတဲ့ ကုန်ကားတွေ ရွှေလီ၊ မူဆယ် နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်းကို မေလ ၁၂ ရက် မနေ့က ဝင်လာတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး တအောင်း ခေါ် ပလောင် ကျောင်းသား လူငယ် အစည်းအရုံး က သတင်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ သံပိုက်လုံးကြီးတွေကို သွယ်တန်းပြီး ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့ဆောင်ဖို့ ဖြစ်မယ်လို့ အများက ပြောဆိုနေကြ တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

တချိန်တည်းမှာပဲ တအောင်း ခေါ် ပလောင်လူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ရှမ်း ပြည်နယ် အတွင်းက နမ်းခမ်း ၊ မန်ဝီ ၊ နမ္မတူနဲ့ မန်စံ စတဲ့ ဒေသတွေမှာ အဲဒီပိုက်လိုင်း ဖြတ်သန်းသွားဖို့ အတွက် တိုင်းတာမှုတွေ ပြုလုပ်နေ တယ်လို့ အဖွဲ့အထွေထွေ အတွင်း ရေးမှူး မိုင်အောင်ကိုက ပြောပါတယ်။

အဲဒီလို ဓာတ်အားလိုင်း ဖောက်လုပ်မယ်ဆိုရင် သူတို့ လူမျိုးတွေအနေနဲ့ လယ်မြေတွေ ထပ်ပြီး အသိမ်းခံရ တာမျိုးတွေနဲ့ ကြုံတွေ့ရမှာ ကို စိုးရိမ်နေကြတယ်လို့လည်း ပြောပါ တယ်။

ပလောင်ဒေသမှာ အရင်က တရုတ်ပြည်ကို လျှပ်စစ် ဓာတ်အားလိုင်း ပို့ဆောင်ဖို့အတွက် ရွှေလီအမှတ် ၁ ခေါ် ဓာတ်တိုင်တွေ တည်ဆောက်ခဲ့စဉ်ကလည်း ဒေသခံ တောင်သူလယ် သမားတွေရဲ့ လယ်ယာမြေတွေ အဓမ္မ အသိမ်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။

Ref;RFA

Read More...

မြန်မာအစိုးရကို ကျေနပ်စရာ ရှိကြောင်း ကုလ အထူးကိုယ်စား လှယ်ပြောကြား

2011-05-13

မြန်မာအစိုးရသစ်ဟာ အားရ ကျေနပ်စရာ လက္ခဏာ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားက မေလ ၁၂ ရက်မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောပါ တယ်။
ဒါပေမဲ့ စစ်မှန်တဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိလာမလားဆိုတာတော့ စောင့်ကြည့်ဖို့ အရေးကြီးတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် လွှတ်ပေးရေး အပါအဝင် လူ့အခွင့်အရေးတိုးတက်မှု အခြေအနေကို အလေးထား စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာလည်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Mr. Martin Nesirky က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ မစ္စတာ နမ်ဘီယာတို့ဟာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် တိုက်တွန်းခဲ့ကြသလို မစ္စတာနမ်ဘီယာ အနေနဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း အစိုးရသစ်ကို အလေးထားပြီး တွန်းအားပေး ပြောဆိုမှာ ဖြစ်တယ်လို့ Mr. Nesirky ပြောသွားပါတယ်။

ဒီအတောအတွင်း နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့က မစ္စတာ နမ်ဘီးယား အနေနဲ့ မြန်မာအစိုးရရဲ့ အသုံးချမခံရဖို့ အရေးကြီး တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။ မစ္စတာ နမ်ဘီးယားအနေနဲ့ တိုးတက်မှုမရှိ တဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြပြောဆိုဖို့ လိုတယ်လို့ HRW အဖွဲ့ရဲ့ အာရှနိုင်ငံများဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။

မစ္စတာ နမ်ဘီးယားအနေနဲ့ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပခဲ့ချိန်ကစလို့ လွန်ခဲ့တဲ့ ၆ လအတွင်း မြန်မာနိုင်ငံမှာ တိုးတက်မှု မရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အလေးထား ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ Ms Pearson ပြောသွားပါ တယ်။တချိန်တည်းမှာပဲ မြန်မာအရေးလှုပ်ရှားနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့ကလည်း မစ္စတာ နမ်ဘီးယားအနေနဲ့ လတ်တလော ရှမ်းပြည် နယ်မှာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တွေကို ထောက်ပြဖို့ အရေးတကြီးလိုအပ်တယ်လို့ မနေ့က ကြေညာချက် တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

Ref;RFA

Read More...

Thursday, May 12, 2011

Uncensored Burma - Daily News ( 2011 May 10 and 11)

news on May 10 and 11

Read More...

Wednesday, May 11, 2011

မြန်မာပြည်အလယ်ပိုင်း ကျေးရွာများ ရေအခက်အခဲဖြစ်နေ

သန်းထိုက်ဦး
11 May 2011

မကွေးတိုင်း ချောက်မြို့နယ် အတွင်း၌ ကျေးရွာ အများအပြား ယခုရက်ပိုင်း သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင် ကြုံတွေ့နေရ ကြောင်း သိရသည်။

ချောက်မြို့နယ် ဂွေးပင်တိုက်နယ် အတွင်းရှိ သရက်ပင်၊ ဂွေးပင်၊ သံဘို၊ ကြပ်ကန် စသည့် ကျေးရွာများ အပါအ၀င် အနည်းဆုံး ရွာ ၃၀ ခန့် ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး တချို့ဒေသခံများမှာ ကျောက်ပန်းတောင်းမြို့နယ်နှင့် ရေနံချောင်းမြို့နယ် အနီး တ၀ိုက်တို့၌ ရေစည်များဖြင့် ရေ သယ်ယူနေရကြောင်း ချောက် မြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) စည်းရုံးရေး တာဝန်ခံ ဦးမြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

“ဧရာဝတီ မြစ်ကို ၄ - ၅ မိုင်လောက် ဝေးတာကို လူစာ နွားစာ တခါတည်းသွားပြီး ရေစည် တွေနဲ့ သွားတိုက်ရ တယ်”ဟု ၎င်းက ဆိုသည်။

ထိုဒေသများတွင် နှစ်စဉ် နွေရာသီအချိန်၌ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့ရပြီး ယခင်နှစ်ကလည်း ကျောက်ပန်းတောင်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ရုံးသို့ သွားရောက်၍ အကူအညီ တောင်းခံ ခဲ့သေးကြောင်း ဦးမြင့်သိန်းက ရှင်းပြသည်။

UNDP ရုံးအနေဖြင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ အတွက် သောက်သုံးရေ စီမံကိန်းများ မပြီး ပြတ်သေး သောကြောင့် တခြားကျေးရွာများကို အကူအညီမပေး နိုင်သည့်အခြေအနေတွင် ရှိနေကြောင်း ၎င်းက ဆိုသည်။

ရေရှားပါးမှု ကြုံနေရသော ကျေးရွာတချို့ကို ပုဂ္ဂလိက အလှူရှင်များက သောက်သုံးရေ များကို ယင်းဒေသရှိ သံဃာတော်များမှ တဆင့် ကူညီမှုများပေးနေကြောင်း၊ ယင်းကျေးရွာ များ၌ ရေရရှိရန် အနည်းဆုံး ပေ ၅၀၀ မှ ၁၀၀၀ အထိ တူးရကြောင်း သိရ သည်။

“ကျနော်တို့ မြို့နယ်ကလည်း ရေရအောင် တူးဖို့ဟာ တရွာ၊ တရွာကို ကျပ် သိန်း တရာ လောက်ဆိုတော့ မြို့နယ် တွေက မတတ်နိုင်ဘူး”ဟု ဦးမြင့်သိန်းက ပြောသည်။

ယခု ရေအခက်အခဲ နှင့် ပတ်သက်၍ ဒေသခံ NLD ပါတီဝင်များက ရန်ကုန်ရှိ အမေရိကန် သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး ချောက်မြို့နယ်သို့ ရောက်ရှိခဲ့စဉ် ကူညီထောက်ပံ့ ပေးရန် ပြောဆိုခဲ့ကြောင်းလည်း ၎င်းက ဆို သည်။

မစ္စတာ လယ်ရီ ဒင်းဂါးသည် မြန်မာပြည်အလယ်ပိုင်းရှိ နိုင်ငံရေး ပါတီဝင် တချို့ကို တွေ့ဆုံ၍ သမ္မတ ဦးသိန်းစိန် ၏ သမ္မတ ကျမ်းသစ္စာပြု မိန့်ခွန်း အပေါ် သဘောထားနှင့် ၎င်းတို့၏ နိုင်ငံရေး အမြင်များကို အင်္ဂါနေ့က သွားရောက်လေ့လာခဲ့ခြင်း ဖြစ် သည်။

လွန်ခဲ့သည့် နှစ် မေလကလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း စသည့် ပြည်နယ်များတွင် မိုးခေါင် သောကြောင့် ရေတွင်းများ၊ တုံကင်များနှင့် သောက်သုံး ရေကန်များ ခန်းခြောက်ပြီး သောက်ရေနှင့် သုံးရေအခက်အခဲများ ကြုံတွေ့ခဲ့ရသေးသည်။

Ref;Irrawaddy

Read More...

အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးနိုင်

သင်းအောင်
11 May 2011

နိုင်ငံတော်နှင့် အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးသားနိုင်ပြီး သတင်းစိစစ်ရေးက အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြောဆိုလိုက် သည်။

ယမန်နေ့ညနေက ပြည်လမ်းပေါ်ရှိ ပြည်သူ့လွှတ်တော် အဆောက် အအုံ တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် မီဒီယာများ ပထမ ဆုံးအကြိမ် တွေ့ဆုံပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဥာဏ် ထွန်းဦးက ပြောဆိုခြင်း ဖြစ်သည်။

“လွတ်လပ်စွာ ရေးသားခွင့် ပြောဆိုခွင့်ဆိုတာက နိုင်ငံတော်နဲ့ အစိုးရကို ထိခိုက်စရာမပါရင် ဘာမှ လွတ်လွတ်လပ်လပ် မရေးနိုင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ထိခိုက်မယ့် အကြောင်းအရာတွေကတော့ လုပ်ခွင့်မရှိသလို သတင်းလည်း ထုတ်ပြန်ခွင့်မရှိပါဘူး။ အဲဒီကိစ္စကိုတော့ သက်ဆိုင်ရာ သတင်းစိစစ်ရေး ဘက်က ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဦးဥာဏ်ထွန်းဦးက ဆိုသည်။

ယင်းတွေ့ဆုံပွဲသို့ ဦးဥာဏ်ထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ နှစ်ဦးသာ လာရောက်ပြီး စာနယ်ဇင်းသမားများ မျှော်လင့်ထားသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခြင်း မရှိခဲ့ပေ။

“ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်မယ်လို့ အားလုံးက မျှော်မှန်းနေကြတာ။ ဝန်ကြီး ဦးဥာဏ်ထွန်းဦး တက်ရောက်လာတော့ ဘယ်သူလဲလို့ အချင်းချင်း လက်တို့ မေးကြ ရတယ်” ဟု အယ်ဒီတာတဦးက ပြောသည်။

အခမ်းအနားစသည်နှင့် ဦးဥာဏ်ထွန်းဦးက ရန်ကုန်မြို့အတွင်း ရေနုတ်မြောင်းများ ပိတ်ဆို့မှု၊ စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်မှု၊ ပလတ်စတစ် အန္တရာယ်၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု၊ ယခုလပိုင်းများအတွင်း လျှပ်စစ် ဓာတ်အား ပြည့်မီစွာ ရရှိနေမှု၊ရပ်ကွက်လူထုမှ လိုလား သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်နိုင် ခြင်း တို့ကို ပြောဆိုသွားကြောင်း သိရသည်။

ထို့နောက် ဦးဥာဏ်ထွန်းဦးက မေးခွန်းများ မေးမြန်းရန် စာနယ်ဇင်းသမားများကို စာရင်း ဖြင့် ခေါ်ဆိုသော်လည်း ဦးဥာဏ်ထွန်းဦး၏ လက်ခံစာရင်းပါ စာနယ်ဇင်းသမား တဦးမျှ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိ ကြောင်း၊ ထိုအခါမှ ဦးဥာဏ်ထွန်း ဦးက တက်ရောက်လာသူများထဲမှ တချို့ကို မေးမြန်းခွင့် ပြုကြောင်း သိရသည်။

လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က သတင်းထောက်များ မေးမြန်းသည့် မေးခွန်းတိုင်းကို ဝန်ကြီး ဦးဥာဏ်ထွန်းအနေဖြင့် ဖြေဆိုမည်လားဟု မေးမြန်းရာ Cross (တန်ပြန်) မေးခွန်း၊ အရောင်ပါသော မေးခွန်းများ မေးပါက အခမ်းအနား ရုပ်သိမ်းမည် ဖြစ်ကြောင်း၊ အစိုးရကို မထိခိုက်လျှင် ရေသားခွင့်ရှိသဖြင့် ဖြေကြားမည် ဖြစ်ကြောင်း ဦးဥာဏ်ထွန်းက ပြောသည်။

လာဘ်ပေးလာဘ်ယူကိစ္စနှင့် ပတ်သက်၍ သတင်းထောက်တဦး၏ မေးမြန်းချက်ကို ဦးဥာဏ်ထွန်းဦးက လာဘ်ပေးလာဘ်ယူကိစ္စများကို ချက်ချင်း အရေးမယူနိုင်သေးကြောင်း၊ အရေးယူမှုများ လုပ်လျှင် လုပ်ငန်း ကျွမ်းကျင်သူမရှိဖြစ်မည်စိုး၍ သတိပေးထားကြောင်း၊ သတိပေး၍ မရလျှင် ဝန်ထမ်းအစားထိုးနိုင်ရန် စီမံ နေကြောင်း ဖြေကြားသွားသည်။

ပြည်သူလူထုက အစိုးရကို အယုံအကြည်မရှိ ခံစားရသည့်အဖြစ်ကို မနှစ်မြို့ကြောင်း၊ အထက်လူကြီးများက ပို၍ မနှစ်မြို့ကြောင်းလည်း ဦးဥာဏ်ထွန်းဦးက ပြောသည်။

7 Day News ဂျာနယ်မှ အမှုဆောင် အယ်ဒီတာ ကိုအားမာန်က ကမ်းနား လမ်းသစ်ဖောက်လုပ်ရာတွင် ဖျက်သိမ်း ခံရသော အိမ်များအတွက် လျော်ကြေး ပေးခြင်း ရှိမရှိ မေးရာ အစိုးရအဖွဲ့က အားလုံးကို နစ်နာကြေးပေးကြောင်း၊ နစ်နာကြေးလိုချင် သဖြင့် တဲလာထိုးသူများကိုမှု မပေးကြောင်း ဦးဥာဏ်ထွန်းဦးက ဖြေကြားသည်။

အပတ်စဉ် အင်္ဂါနေ့တိုင်း မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး တခြား ဝန်ကြီးဌာနများသို့ ဆက်သွယ် ဖြေကြားရမည် ဖြစ်သဖြင့် အင်္ဂါနေ့ မတိုင်မီ မေးလိုသည့် မေးခွန်းများ ကြိုတင် ပေးပို့ရန်နှင့် အဆင်မပြေသော ရက်များတွင် တွေ့ဆုံမှုကို ရက်ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားသည်။

အစိုးရဌာနအလိုက် ကိုယ်စားပြု ဖြေကြားခြင်း မဟုတ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စာနယ်ဇင်း တွေ့ဆုံမှုသည် ဖရိုဖရဲနိုင်သည်ဟု တက်ရောက်သည့် သတင်း ထောက်တဦးက ပြောသည်။

ညနေ ၅ နာရီ ၁၅ မိနစ်မှ ၆ နာရီခွဲအထိ ကျင်းပသော အဆိုပါ တွေ့ဆုံပွဲသို့ ဂျာနယ် ၁၀ စောင်မှ စာနယ်ဇင်း သမား ၃၀ ကျော် တက်ရောက်ခဲ့သည်။

Ref;Irrawaddy

Read More...

ကော့ကရိတ်တွင် တိုက်ပွဲထပ်ဖြစ်

11 May 2011

ကော့ကရိတ်မြို့ပြင်ရှိ မြန်မာအစိုးရ စစ်တပ်နှင့် လုံခြုံရေးစခန်း ၈ ခုကို ယနေ့နံနက် ၅ နာရီခွဲက ကရင် လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များတို့ ၀င်ရောက်တိုက်ခိုက်ရာ အစိုးတပ် အရာရှိတဦးနှင့် စစ်သားတဦး သေဆုံးကြောင်း သိရသည်။

ကော့ကရိတ်မြို့ခံတဦးက“ကရင်သူပုန် တွေကော့ကရိတ်မြို့ပြင်မှာ ရှိတဲ့နေရာ ၈ နေရာလောက်ကို ၀င်ပစ် တာ။ လျှပ်တပြက် တိုက် တာဆို တော့ ဒီဘက်လူတွေ အထိအခိုက် များတယ်။ သူတို့တွေမနက်၈နာရီခွဲ လောက်မှာ ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး ကျော်သက် ဦးစီးသည့် အဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆ တပ်ရင်း ၁၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကလို့ထူး ဦးစီးသော ပူးပေါင်းတပ်ဖွဲ့တို့က ၀င်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပူးပေါင်းအဖွဲ့မှ တပ်မှူးတဦးက ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း (ခလရ ၂၃၀) တပ်ရင်း ၉၇ အပါအ၀င် မြန်မာအစိုးရ တပ်စခန်းနှင့် လုံခြုံရေးဂိတ် ၈ ခုထက် မနည်းကို ယနေ့နံနက်က ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု အတည်ပြုပြောဆိုသည်။

ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိသည်ဟု သိရ သော်လည်း ကရင် ပူးပေါင်းတပ်ဖွဲ့မှ ယင်းကိစ္စကို တရားဝင်ပြောကြားခြင်းမရှိပေ။

အဆိုပါ တိုက်ပွဲကြောင့် ကော့ကရိတ်မှ မြ၀တီသို့ ထွက်ခွာမည့် မော်တော်ယာဉ်တန်းများ နာရီအတော်ကြာ ရပ်နားခဲ့ရသည်ဟု ကုန်သည်များက ပြောသည်။

“ဒီနေ့က ယာဉ်တန်း အတက်ရက်။ ကျမတို့ ကားက ကော့ကရိတ်ကနေ မနက် ၆ နာရီ ဆိုရင် မြ၀တီကို တက်လို့ရပြီ။ ဒီနေ့မနက်မှာ ကော့ကရိတ်မြို့ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ မနက် ၉ နာရီကျော်မှ ကားထွက်ရတယ်။ ကရင်သူပုန်တွေကလည်း ခဏ ခဏတော့ လာတိုက်နေတာပဲ။ ဒီနေ့အထိတော့ ဘာမှ ဟုတ်တိပတိမရှိသေးဘူး။ ကြား ထဲမှာ လုပ်စားကိုင်စားရတဲ့ လူတွေပဲ ဒုက္ခ ရောက်တယ်” ဟု ကုန်သည် တဦးက ပြောသည်။

Ref;Irrawaddy

Read More...

လာဘ်ပေးလာဘ်ယူ မကိုင်တွယ်နိုင်သေးဟု ၆ ဌာနဝန်ကြီး ဝန်ခံ

မျိုးသိဏ်း
မေလ ၁၁ ရက် ၂၀၁၁ ခုနှစ်

ကျွမ်းကျင်ဝန်ထမ်း အစားထိုးရန် အခက်အခဲရှိ၍ လာဘ်ပေးလာဘ်ယူမှုများကို ချက်ချင်း ကိုင်တွယ်ရန် မဖြစ်နိုင်သေးကြောင်း ရန်ကုန်တိုင်းအစိုးရသစ် ဝန်ကြီးဌာန ၆ ခု၏ ဝန်ကြီး ဦးဥာဏ် ထွန်းဦးက အင်္ဂါနေ့က ပြုလုပ်သည့် ပထမဆုံးသော သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ခံပြောကြား သွားသည်။

ရန်ကုန်တိုင်းအစိုးရသစ်၏ရှင်းလင်းပွဲတွင်အစိုးရသစ်၏လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးအစီအစဉ်များကိုပြည်တွင်းဂျာနယ်လစ်တဦးက မေးမြန်းရာ ဝန်ထမ်းအခက်အခဲကြောင့် ချက်ချင်းဆောင် ရွက်၍ မရကြောင်း ဦးဥာဏ်ထွန်းဦးက ပြန်လည်ဖြေဆိုပြီး အစိုးရသစ်အပေါ် အချိန်ယူ စောင့်ကြည့်ပေးရန် ပြောဆိုသွားခဲ့သည်။

“လာဘ်ပေးလာဘ်ယူကိစ္စ ချက်ခြင်းကြီး မထူးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ချက်ခြင်းကြီး ထူးအောင် လုပ်လိုက်ရင် အခုတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေမရှိရင် ကျန်တဲ့သူတွေ ဘယ်သူဆက်လုပ် မလဲ။ ဒီလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်သူတွေ မရှိဖြစ်သွားပါမယ်။ ဒါပေမယ့် အဲ့တာ တွေကြောင့် ဒါကို မျှောပြီး ထားမလားဆိုရင် မဟုတ်ပါဘူး။ အခု ကျနော်တို့ ဝမ်နင် (သတိ) တွေ ပေးနေ ပါပြီ။ ဝမ်နင်ပေးလို့ မရတဲ့သူတွေ သူ့နေရာကို အစားထိုးနိုင်အောင် အစီအမံတွေ လုပ်နေပါတယ်” ဟု ဦးဥာဏ်ထွန်းဦးက ပြောသည်။

ရန်ကုန်တိုင်း ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အားကစား၊ နိုင်ငံခြားရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးဥာဏ်ထွန်းဦးက လောဘကြီးမှုနှင့် သက်သာချောင်ချိ မှုမရှိခြင်းတို့ ကြောင့် လာဘ်ပေးလာဘ်ယူမှုဖြစ်ပွားရခြင်းဖြစ်၍ လောဘတက် မတရားလာဘ်ယူသူများ ကို အရေးယူပြီး သက်သာချောင်ချိမှု ပပျောက်ရေး အစီအမံများ ချမှတ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“Clean Government (သန့်ရှင်းတဲ့အစိုးရ) ဖြစ်ဖို့ Good Governance (အစိုးရကောင်း) လိုပါတယ်။ Good Governance ဆိုတာ စနစ်တကျ စီမံခန့်ခွဲ အုပ်ချုပ်ခြင်းလို့ ဗမာလို ပြန်ရ ပါမယ်။ စနစ်တကျ စီမံခန့်ခွဲ အုပ်ချုပ်မှ သာလျှင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ပါ လိမ့်မယ်”ဟု ဦးဥာဏ်ထွန်းဦးက ပြောသည်။

နိုင်ငံခြားသတင်းအေဂျင်စီများမှ သတင်းထောက်များကို ဖိတ်ကြားခြင်းမပြုဘဲ ပြည်တွင်းသတင်း ဌာနများ၏ သတင်းစာဆရာများသာ ဖိတ်ကြားသည့် ရန်ကုန်ပြည်သူ့လွှတ်တော်တွင် ကျင်းပသော ရှင်းလင်းပွဲတွင် အစိုးရသစ်အနေဖြင့် လုပ်ငန်းခွင် လုပ်သက် ရက် ၂ဝ ခန့်သာ ရှိသေးကြောင်း ပြောဆိုပြီး ယင်းကာလအတွင်း ဒုစရိုက်နှိမ်နင်းရေး၊ စည်ပင်သာယာရေး၊ လျှပ်စစ်မီးရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လဲလှယ်သည့် ကိစ္စများကို ပြုလုပ်ခဲ့သည်ဟု ရှင်းလင်းပြောဆိုသွားသည်။

အစိုးရသစ်အနေဖြင့် အမြင်မတော်သည်များကို ချက်ခြင်းရှင်းလင်းဆောင်ရွက်နေကြောင်း သာဓက အဖြစ် ဓါတ်ဆီတရက် ၂ ဂါလံ ထုတ်စနစ် ပြောင်းလဲလိုက်သဖြင့် ဆီဆိုင်များတွင် တန်းစီနေသည့် ကားများ ရှင်းလင်းသွားသည်ဟုလည်းဆိုသည်။

“ကျနော်တို့ အစိုးရကို အယုံအကြည်မရှိတဲ့ အဖြစ်ကို ကျနော်ကိုယ်တိုင်က မနှစ်မြို့သလို ကျနော့် ထက်ကြီးတဲ့ သူတွေကလဲ မနှစ်မြို့ပါဘူး” ဟု သူက ဆိုသည်။

အစိုးရသစ်အနေဖြင့် ပြည်သူများ၏ အခြေအနေမှန်ကို မီဒီယာများမှ တဆင့်သိလိုပြီး အစိုးရ၏ စေတနာထားဆောင်ရွက်မှုကိုလည်း မီဒီယာများက အရောင်ဆိုး ဆေးခြယ်ခြင်းမရှိဘဲ ပြည်သူများ သိရန်ဖော်ပြဖို့လိုကြောင်း ပြောသည်။

သို့သော် စာပေလွတ်လပ်ခွင့်အတွက်ကိုမူ “လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုတာက နိုင်ငံတော်နဲ့ အစိုးရကို ထိခိုက်တဲ့ဟာမပါရင် ဘာမှလွတ်လွတ်လပ်လပ် မရေးနိုင်စရာ မရှိပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ထိခိုက်နိုင်တဲ့ အကြောင်းအရာတွေကတော့ လုပ်ခွင့် မရှိသလို၊ ရေးသားပြောဆိုခွင့်လဲ မရှိပါဘူး။ အဲ့တာနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ သတင်းစီစစ်ရေး အဖွဲ့က ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော်တို့ အလုပ်မဟုတ်ပါဘူး”ဟု ဦးဥာဏ်ထွန်းက ပြောသည်။

ရန်ကုန်တိုင်းအစိုးရသစ်အနေဖြင့် မီဒီယာများနှင့် တပတ်တကြိမ် အင်္ဂါနေ့တိုင်းတွေ့ရန် စီစဉ်ထား ကြောင်းနှင့် ဝန်ကြီးဌာန အလိုက် သက်ဆိုင်သူများက တိကျစွာ ပြန်လည်ဖြေဆိုနိုင်ရန် မေးခွန်းများ ကို ကြိုတင်ပေးပို့ထားရန် လိုကြောင်းလည်း သူကပြောခဲ့သည်။

Ref;Mizzima

Read More...

ထိုင်းလုပ်ငန်းရှင်များ အလုပ်သမား စာရင်းတင်ခွင့်ပြုပြီ

အောင်မြတ်စိုး
မေလ ၁၀ ရက် ၂၀၁၁ ခုနှစ်

ဇွန်လတွင် စတင်ဖွင့်လှစ်မည့် အလုပ်သမားအသစ် မှတ်ပုံတင် အစီအစဉ်အတွက် ထိုင်းလုပ်ငန်း ရှင်များအနေဖြင့် လိုအပ်သော အလုပ်သမား အရေအတွက်ကို လျှောက်ထားနိုင်ပြီဖြစ် ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဆွန်ကိယက်ချာဆီဝုန်က ထုတ်ဖော် ပြောကြားသည်ဟု Thainews တွင် ယနေ့ပါရှိသည်။

မကြာခင်က ထိုင်းအစိုးရက တရားမဝင် အလုပ်သမားများအား မှတ်ပုံတင်ခွင့်အသစ် ပြုလုပ်ခွင့် ပေးခဲ့သည့်နောက် အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဘန်ကောက် အလုပ်သမား ရေးရာ ခရိုင်၁ဝခုမှ ဒါရိုက်တာများ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေး အပြီးတွင် ထိုသို့ ထုတ်ဖော် ပြောကြားလိုက်သည်။

ဘန်ကောက်ဧရိယာအတွင်း တရားမဝင် အလုပ်သမားများနှင့် လုပ်ငန်းရှင်များ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွင် လွယ်ကူချောမွေ့စွာ လုပ်ဆောင်ခွင့်ရှိရန် (one stop service) ခေါ်သည့် လုပ်ငန်းစဉ်ဖြင့် တနေရာထဲတွင် ပြီးစီးစေမည်ဖြစ်သည်။ သို့အတွက် လုပ်ငန်းရှင်များသည် လုပ်သား များအား မှတ်ပုံတင်ခွင့် ဖွင့်မပေးမီအတွင်း မိမိတို့လိုအပ်သော အလုပ်သမားအရေအတွက် လျှောက် ထားရမည် ဖြစ်သည်။

“ပထမအဆင့်က တနေရာထဲမှာ ကိုတာ( Quota) အတွက် သွားလျှောက်ရမယ်ပေါ့၊ အခုဟာက အရင်ကလို အလုပ်သမား တွေက နေထိုင်ခွင့် ၃၈/၁ကို ကိုယ်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သွားလျှောက်စရာ မလိုတော့တဲ့ သဘောပဲ၊ တနေရာထဲ ဖောင်ဖြည့်ရဖို့များတယ်၊ ဘာလို့ဆို လက် ဗွေနှိပ်တာတို့ ကိုယ်ရေး အချက်အလက်ယူတာတို့ပါ ပါမယ်လေ၊ အလုပ်သမားရုံးက မှတ်ပုံတင် ပြီးတာနဲ့ မြို့နယ်ရုံးကို အချက်အလက်တွေ ပို့မယ် အဲဒီလို” ဟု Migrant Working Group တာဝန်ခံတဦးက မဇ္ဈိမကို ပြောဆိုသည်။

ပထမအဆင့်အနေဖြင့် လုပ်ငန်းရှင်များသည် ယနေ့မှစ၍ မိမိတို့ဌားရမ်းမည့် အလုပ်သမား အရေ အတွက် လာလျှောက်ရ မည်ဖြစ် သည်။ ထို့နောက် ဇွန်လတွင် အလုပ်သမားမှတ်ပုံတင် အသစ် ပြုလုပ်ခွင့်ပေးချိန်တွင် သက်ဆိုင်ရာ ဒေသအလုပ် သမားရုံးများသို့ သွားရောက်တင်သွင်း ရမည်ဖြစ်သည်။

ကျန်းမာရေး အာမခံအတွက် ဆေးစစ်သောအခါနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင်လျှောက်ရန် လုပ်ငန်းစဉ်တွင်း အလုပ်သမားများ ကို ခေါ်လာရမည်ဖြစ်ပြီး ဘတ်ငွေ ၃၈၈ဝ ကုန်ကျမည် ဖြစ် သည်။

ဇွန်လ၃ဝရက် နောက်ပိုင်းတွင် တရားမဝင် အလုပ်သမားလက်ဝယ်တွေ့ရှိသော လုပ်ငန်းရှင်များအား အလုပ်သမားတဦးအတွက် ဘတ်ငွေ ၁ဝ,ဝဝဝ မှ ၁ဝဝ,ဝဝဝ အထိလည်းကောင်း၊ အလုပ် သမားအား ဘတ်ငွေ ၂,ဝဝဝမှ ၁ဝဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ၅နှစ်ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအမျိုးအစားနှင့် ကွဲလွဲသော အလုပ်လုပ်နေသည့် အလုပ် သမားများကို တွေ့ရှိပါက အလုပ် သမားကို ဘတ်ငွေ ၂ဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေနှင့် ခိုင်းစေ သော လုပ်ငန်းရှင်ကို ဘတ်ငွေ ၁ဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေ တပ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်စာရင်းဇယားအရ ဖေဖော်ဝါရီလကုန် သက်တမ်းဆက်ခွင့် ကုန်ဆုံးသောအခါ အလုပ်သမားဦးရေ ၈၄၅,၁၃၉ ဦးသာ တရားဝင် ကျန်ရှိတော့သည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ရေးရာ IOM အဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်လုပ်နေသူ ၅၅ဝ,ဝဝ၃ ဦး ဖြစ်ပြီး ထိုအထဲ တွင် မြန်မာက ၃၅၂,၇၄၈ ဦး ပါဝင်သည်ဟု ဆိုသည်။

အလုပ်သမားရေးအဖွဲ့များက တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခန့် ထိုင်း နိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသည်ဟု ခန့်မှန်းထားသည်။

Ref;Mizzima

Read More...

အခြေခံဥပဒေကို လွှတ်တော်တွင်းမှ တိုက်ဖို့ တစည ပြင်

ကျော်ခ
မေလ ၁၀ ရက် ၂၀၁၁ ခုနှစ်

ဒီမိုကရေစီလမ်းကြောင်း ကွဲလွဲနေသည့် ၂ဝဝ၈ အခြေခံဥပဒေအချို့ကို လွှတ်တော်မှတဆင့် ပြုပြင်ပြောင်းလဲ သွားရန် စီစဉ်နေကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ရွှေကပြောသည်။

တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နိုင်ငံတဝှန်းမှ ကော်မတီဝင် ၁၄ဝ ကျော်ဖြင့် မလ ၉ ရက်နေ့မှ ၁ဝ ရက်နေ့ထိ ကျင်းပခဲ့ကာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းမှ ဆောင် ရွက်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး၊ ထို့အတွက် ဥပဒေရေးရာ ကော်မတီဖွဲ့၍ စိစစ်နေပြီလည်း ဖြစ်သည်။

“အခုကတော့ စိစစ်နေတုန်းပါပဲခင်ဗျ။ Democratic characters ပေါ့။ ဒီဟာနဲ့ သိပ်ပြီးတော့ ကွဲလွဲနေတဲ့၊ ဆန့်ကျင်နေတဲ့ ဟာမျိုးပေါ့လေ။ ဒါကို လွှတ်တော်တွင်း နိုင်ငံရေးအရ လွှတ်တော် နည်းလမ်းနဲ့ပဲဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။ မည်သည့် အချက်များ ဖြစ်သည်ကိုမူ အသေးစိတ် ပြောဆိုခြင်း မပြုပေ။

နှစ်ပေါင်း၂ဝအကြာ၌ပထမဆုံးပြန်လည်ပြုလုပ်သည့်တတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးတွင်ကာလတလျှောက်ပါတီလုပ်ဆောင်ချက်များနှင့်ဆက်လက်လုပ်ကိုင်မည့်စည်းရုံးရေး၊နိုင်ငံရေးနှင့်ဘဏ္ဍာရေးလုပ်ငန်းစဉ်များကိုပါဆွေးနွေးဆုံးဖြတ်ခ
ဲ့ကြသည်။

၁၉၉ဝ နှင့် ၁၉၉၁ ခုနှစ်တွင် အလားတူ အစည်းအဝေးမျိုး ကျင်းပခဲ့ကာ၊ ပါတီမူဝါဒ စည်းမျဉ်း များအရ ပုံမှန်စည်းဝေးရန် ရှိသော် လည်း ကော်မရှင် အကန့်အသတ်များကြောင့် မလုပ်နိုင် ခဲ့ကြောင်း ဦးဟန်ရွှေက ပြောသည်။

ပါတီအဖွဲ့ဝင်ပေါင်း ၇ သိန်းရှိသည့် တစည အနေဖြင့် ဘဏ္ဍာငွေ တောင့်တင်းရန်အတွက် စီးပွားရေးလုပ်ငန်းများ ထူထောင် သွားမှာ မဟုတ်ဘဲ ပါတီဝင်တဦးကို နှစ်စဉ် ကျပ် ၁ဝဝ စီ ကောက်ခံသွားမှာဖြစ်သည်။ ၎င်းတို့ပါတီကို လိုလားသည့် ပုဂ္ဂိုလ် များ ထံမှ လှူဒါန်းငွေများနှင့်ပါ ဆက်သွားမည်ဟု ဦးဟန်ရွှေက ဆိုသည်။ ပြည်ပနိုင်ငံများမှ အကူအညီငွေများကိုမူ လက်ခံသွားမှာ မဟုတ်ဟုလည်း ပြောဆိုသည်။

ကြံ့ဖွံ့ပါတီပြီးလျှင် အမတ် ၆၄ နေရာဖြင့် ဒုတိယ လိုက်သည့် တစည သည် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လ လွှတ်တော် ၃ ရပ် အစည်းအဝေးများတွင် အဆိုတင်သွင်းမှု၊ ကန့်ကွက်မှုများ မပြုလုပ်ခဲ့ပေ။

အာဏာရှင်ဟောင်း ဦးနေဝင်းဦးဆောင်သော ၂၆ နှစ်ကြာ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) သည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတဝှန်း ဒီမိုကရေစီရေး တောင်း ဆိုသော လူထုအုံကြွမှုကြောင့် ပျက်သုဉ်းခဲ့ပြီး၊ နောက်ပိုင်းတွင် (တစည) အဖြစ် အမည်နှင့် ခေါင်းဆောင်မှုပါ ပြောင်းလဲ၍ အမွေဆက်ခံခဲ့သည်။

Ref;Mizzima

Read More...

မြစ်ဆုံ ပြောင်းရွှေ့ရွာသားများ လျော်ကြေးအပြည့် မရသေး

ဖနိဒါ
မေလ ၁၀ ရက် ၂၀၁၁ ခုနှစ်

ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း ဒေသတွင်းရှိ ကျေးရွာများသည် မြစ်ဆုံအောက်
အောင်မြင်သာ စံပြရွာသို့ ပြောင်းရွှေ့ခဲ့ရာ တနှစ်ပြည့်သော်လည်း လျော်ကြေးအပြည့်မရသဖြင့် စားဝတ်နေရေး အခက်တွေ့နေကြောင်း အရွှေ့ခံ ရွာသားများက ဆိုသည်။

နှစ်ရှည်သီးနှံများအတွက် လျော်ကြေးပေးချေရန် အေးရှားဝေါလ်ကုမ္ပဏီက ကြေလည်အောင် မပေးသည့်အပေါ်အောင်မြင်သာစံပြရွာသစ်သားများ အပြစ်တင် ပြောဆိုနေခြင်း ဖြစ်သည်။

“တကယ်ဆို တပင်ကို ဘယ်လောက်နှုန်း ဆိုတာ သူတို့ ပြောရမယ်လေ။ ဘာမှ လည်း မပြောဘူး၊ စာရင်းလည်း မပြဘူး။ လက်မှတ်ထိုးပြီးမှ ငွေဘယ်လောက် ဆို တာ ပြောတာက တမင်ညစ်တာပဲ။ တညင်း သီးပင် ရာကျော်မှာ နစ်နာကြေး ဆိုပြီး ပြန်ပေးတော့ တသိန်းခွဲပဲ ပေးတယ်။ စိုက် ထားတဲ့ အပင်တွေက အများကြီး ပဲ။ ငွေ ရတော့ နည်းလို့ လက်မခံဘူး” ဟု အောင်မြင်သာ ရွာသားတဦးက မဇ္စျိမကို ပြောသည်။ တညင်းသီးပင် ၁ဝဝ ကျော်မှ နှစ်စဉ် ကျပ်သိန်း ၃ဝ ခန့် ဝင်ငွေရခဲ့ သည်ဟု ဆိုသည်။

ဒေသခံအချို့်ကမူ ကုမ္ပဏီကပေးသော လျော်ကြေးမှာနည်းလွန်းသဖြင့် လက်မှတ်မထိုးဘဲ နေခဲ့ သလို ရွာသစ်သို့လည်း မပြောင်းဘဲ နေကြသည်။

“ကျနော်ကတော့ မပြောင်းသေးဘူး။ အများကြီး စိုက်ထားတယ်။ စိုက်ထားတာ သိန်း ၁ဝဝ မကဘူး။ ကျနော် ဒီလောက်ငွေပဲ လိုချင်တယ်” ဟု ရွာသားတဦးက ပြောသည်။

ထို့အပြင် တချို့တဝက် အထောက်အပံ့ ရထားသူများလည်း ရှေ့ရေးအတွက် ပူပင်နေကြသည်။

“တနှစ်ပြည့်သွားပြီ။ ကုမ္ပဏီက တနှစ်ထိပဲ စားစရိတ် ထုတ်ပေးမယ် ပြောထားတယ်။ ရှေ့ဆက် ဘာလုပ်စားရမလဲ။ လုပ်စားဖို့ မြေမရှိဘူး။ ရှိတဲ့ မြေက နီနီကြီး၊ ဘာမှ စိုက်လို့ မရဘူး။ တရုတ် ကုမ္ပဏီတွေဆီ နေ့စားထွက်လုပ်ရင်လည်း ပိုက်ဆံ တနေ့စာတနေ့ မပေးဘူး” ဟု အခြား အောင်မြင်သာ ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

ဧပြီ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဝန်ကြီးများနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း China Power Investment - CPI တာဝန်ရှိသူများက တန်ဖရဲရွာမှ အိမ်ထောင်စု ၄၁ စုကို ကျပ်ငွေ တသိန်းစီပေးခဲ့ပြီး၊ နှစ်ရှည်ပင် စိုက်ပျိုးသူ ၅ ဦးကို သီးနှံနစ်နာကြေးပေးကာ အသစ်ပြောင်းရွှေ့လာသော မလိယန်ရွာ အိမ်ထောင်စု ၈၅ စုအတွက် ဆန်၊ ခြင်ထောင်နှင့် ရုပ်မြင်သံကြား တလုံးစီ ပေးအပ်ခဲ့သည်ဟုမြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

အေးရှားဝေါလ်က ပေ ၂ဝ ပတ်လည်ရှိ ပျဉ်ကာ၊ သွပ်မိုး ခြေတံရှည်အိမ်များ ဆောက်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ပြည်နယ်အာဏာပိုင်များ၊ CPI နှင့် အေးရှားဝေါလ်ကုမ္ပဏီ တာဝန် ရှိသူများကပြောင်းရွှေ့လာသူ ရွာသားများကို ကျပ်ငွေ တသိန်း၊ ဆန် ၂ အိတ်နှင့် တီဗီတလုံးစီ ပေး ခဲ့သည်။

တောင်ယာလုပ်ရန် တအိမ်ထောင်လျှင် မြေ ၂ ဧက ပေးမည်ဟု ဆိုခဲ့သော်လည်း ယခုထိ အကြောင်းမထူးသဖြင့် ရွာသားများဘက်က စိုးရိမ်နေသည်။

“အခု တောင်ယာ မရှိတော့ ဘာမလုပ်တတ်တော့ဘူး။ သစ်ခုတ်လို့လည်း မရ၊ ရွှေတူးလည်း မဟုတ်၊ ဝါးရှာပြီး ခုတ်လို့လည်း မရတော့ဘူး။ ကျနော့်ကလေးတွေကို ကျောင်း ဘယ်လိုထား ပေးရမလဲ မသိတော့ဘူး။ လူကြီးတွေ ရောက်ရင်လည်း ကျနော်တို့ အခက်အခဲကို ပြောပြတယ်။ လိုက်လုပ်ပေးတာ မရှိဘူး” ဟု ရွာသားတဦးက ပြောသည်။

၂ဝဝ၉ စက်တင်ဘာ ၂၈ ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စီမံကိန်းကြောင့် ထိခိုက် ရသူများကမြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့် အပါအဝင် ၎င်းတို့နေအိမ်၊ ခြံမြေ၊ နှစ်ရှည်ပင်များအတွက် ကာလပေါက်ဈေးထက်မက ပေးလျော်ရန် တောင်းဆို ခဲ့ဖူးသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန့်ကွက်ထားသည့် မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာရှိ မေခနှင့် မလိခ မြစ်နှစ်ခုဆုံရာ မြစ်ဆုံရှိ ဆည်စီမံကိန်းကြောင့် တန်ဖရဲ၊ မဇွပ်၊ ဒေါင်ပန်၊ ဇတူးဇွပ်၊ မလိယန် စသည့် ဧရာဝတီမြစ် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများ ပြောင်းရွှေ့ပေးခဲ့ရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ၂ဝဝ၇ မှစ၍ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှား ဝေါလ် ကုမ္ပဏီများက တာဝန်ယူကာ ပူးတွဲတည်ဆောက်နေသည်။

ရေအားလျှပ်စစ် မီဂါဝပ် ၃၆ဝဝထုတ် လွှတ်နိုင်မည့်မြစ်ဆုံရေကာတာ တည် ဆောက်မှုကြောင့် လူပေါင်း ၁၅,ဝဝဝ ခန့် မှီတင်းနေထိုင်သည့် ရွာပေါင်း ၆ဝ ကျော် မှ ကချင် ဒေသခံများ ရွှေ့ပြောင်းခံရနိုင် ပြီး၊ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင် ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က ပြောသည်။

အလားတူပင် ဖားကန့်ကျောက်စိမ်းမှော် လုံးခင်းကျေးရွာအုပ်စုဝင် သာယာကုန်း ကျေးရွာမှ အိမ်ခြေ ၄ဝဝ ကျော်ရှိဒေသခံများကို ထိုရွာ အရှေ့ဘက် ၂ မိုင်ကျော်ရှိ မလင်းရွာသို့ ပြောင်းရွှေ့ရန် အာဏာပိုင်များကပြောဆိုနေသည်ဟု ဒေသခံတဦးကလည်း ပြောပြသည်။

လုံးခင်းကျောက်စိမ်းမှော်ရှိ တရုတ်လူမျိုးများပိုင် ကျော်နိုင်၊ စိန်ခေါင်းတောင်၊ စိမ့်လဲ့အောင်၊ ရတနာမိုးမြေ စသည့် ကုမ္ပဏီများက အနည်းဆုံးလျော်ကြေး ကျပ်သိန်း ၇ဝ မှ ၂ဝဝ ထိပေးရန် ပြော ဆိုထားသော်လည်း ဒေသခံများက မပြောင်းရွှေ့လိုကြောင်း စုံစမ်းသိရှိရသည်။

Ref;Mizzima

Read More...

ရပ်ကွက်ဥက္ကဋ္ဌ ရာထူးရရှိရေး ကြံ့ဖွံ့လာဘ်ပေး

လင်းသန့်
10 May 2011

အစိုးရသစ် တက်ပြီးနောက် အောက်ခြေအဆင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရာထူးအတွက် ပေါက်ဈေးအတိုင်း ငွေပေးနိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င် စီးပွားရေး သမားများသာ နေရာယူထား ကြသောကြောင့် ဒေသခံ ရပ်ကွက်ပြည်သူများ မကျေမနပ် ဖြစ်နေကြောင်း သတင်းရရှိသည်။

“နေရာ တော်တော်များများမှာ ရပ်ကွက် ဥက္ကဋ္ဌ ရာထူးအတွက် ကျပ် ၁၅ သိန်း၊ သိန်း ၂၀ အထိ ပေါက်ဈေး ရှိနေတယ်။ ရပ်ကွက်သူ ရပ်ကွက်သား တွေက သူတို့ လေးစားကြည်ညို တဲ့ သူတွေ ဥက္ကဋ္ဌ မဖြစ်ဘဲ ငွေပေး နိုင်တဲ့ ကြံ့ဖွံ့ ပါတီဝင် တွေပဲ ရကြ တော့ မကျေမနပ် ဖြစ်နေ ကြတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်ခေါင်းဆောင် တဦး ဖြစ်သူ ကိုရာဇာက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ကိုရာဇာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရာထူးနေရာအတွက် မည်သည့် နိုင်ငံရေး ပါတီဝင်မှ မဖြစ်စေရဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲတွင် အတိအလင်း ဖော်ပြထားသော်လည်း လက်တွေ့တွင်မူ မြို့နယ်၊ ခရိုင် အုပ်ချုပ် ရေးမှူးများ စိတ်ကြိုက် ငွေပေးနိုင်သည့် ကြံ့ဖွံ့ပါတီဝင် များကိုသာ ခန့်ထားသည်ဟု ဆိုသည်။

“ရပ်ကွက် ပြည်သူထဲက ဥပဒေ နားလည်သူတိုင်းက ဒါဟာ သူတို့ဥပဒေ သူတို့ ပြန်ချိုးဖောက် နေတယ်လို့ ထောက်ပြ ကြတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အစရှိသည့် ပြည်နယ်နှင့် တိုင်း အသီးသီး ဒေသများ တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးကို ဈေးပြိုင်စနစ်ဖြင့် ခန့်ထား မှုများဖြစ်ပေါ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် လုံးဝဆန့်ကျင်နေကြောင်း ဒေသခံ ပြည်သူများက ထောက်ပြပြောဆို နေကြသည်။

“ကျနော်တို့ ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ ပေါက်တော၊ မြေပုံစတဲ့မြို့တွေမှာ ဒေသခံပြည်သူတွေက ဖွဲ့စည်းပုံထဲကအတိုင်း သက်ဆိုင်ရာရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများ လေးစားကြည်ညိုတဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါပေမယ့် ငွေပေးနိုင်တဲ့ သူတွေကိုပဲ ကန့်ကွက် နေတဲ့ ကြားက ခန့်တယ်” ဟု ရခိုင်ဒေသခံ တဦးက ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးသည် ပါတီနိုင်ငံရေး ကင်းရှင်းသူ ဖြစ်ကာ ရပ်ကွက်အတွင်း သမာသမတ်ကျသူ၊ ရပ်မိရပ်ဘ ဖြစ်၍ ၎င်းကို လစာအဖြစ် နိုင်ငံတော်က ကျပ် ၅၀၀၀၀ ထောက်ပံ့ထားကြောင်း ညွှန်ကြားချက်များ ထုတ်ထားသည်ဟု အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတဦးက ရှင်းပြသည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးရရှိရန် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေး မှူးများကို ရပ်ကွက်၊ ကျေးရွာများရှိ စီးပွားရေး လုပ်ကွက် အခြေအနေပေါ် မူတည်၍ ကျပ် ၅ သိန်း၊ ၁၀ သိန်း၊ ၁၅ သိန်းမှ သိန်း ၂၀ အထိ အသီးသီး ပေါက်ဈေးအတိုင်း ပေးရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

“အခု ကျနော်တို့ သင်္ကန်းကျွန်း ၁၆ အပိုင်း ၁ မှာဆို ဥက္ကဋ္ဌ ရာထူး ရဖို့ ကျပ်သိန်း ၂၀ ပေးရတယ်။ ဈေးက မတူဘူး။ ဟိုဘက် အပိုင်းမှာ ၁၅ သိန်းနဲ့ ဥက္ကဋ္ဌ ဖြစ်တယ်။ ကျနော်တို့ ရပ်ကွက်ကတော့ စီးပွားရေး လုပ်ငန်းရှင် များတော့ ဈေးက ပိုပေးရတယ်။ လစာ ကျပ် ၅၀၀၀၀ ကို သူတို့မမက်ဘူး။ တခြား ဘာညာတွေ ရတာကိုး။ ဒါက တပြည်လုံးလိုလို ဖြစ်နေတာ” ဟု အမည်မဖော်လိုသူ သင်္ကန်းကျွန်း မြို့နယ်သားတဦးက ဧရာဝတီကို ပြောသည်။

ထိုကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးအတွက် ငွေပေးနိုင်သည့် ကြံ့ဖွံ့ပါတီဝင် များကို ခန့်ထား သောကြောင့် မကျေနပ်သည့် ရပ်ကွက်ပြည်သူများက သက်ဆိုင်ရာသို့ တိုင်ကြားထားသော် လည်း မည်သို့မျှ ထူးခြားမှုမရှိကြောင်း သိရသည်။

“ကျနော်တို့ မြို့နယ်က ရပ်ကွက် ဥက္ကဋ္ဌတွေလည်း ကြံ့ဖွံ့ပါတီဝင်တွေပဲ။ ရပ်ကွက်ပြည်သူတွေက မကြိုက်လို့ တိုင်တာတွေ လုပ်တော့လည်း အမည်မဖော်ရဲဘူးဆိုတော့ သက်ဆိုင်ရာက ပစ်စာလို့ သဘောထားလိုက်ပြီး ဘာမှ အရေးမယူတော့ဘူး။ သူတို့ ကြံ့ဖွံ့ချင်း ဈေးပြိုင်တွေ ပေးပြီး ဥက္ကဋ္ဌ နေရာကို လုနေကြတာ” ဟု ရန်ကုန် ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်းနေ အငြိမ်းစား တဦးဖြစ် သည့် ဦးအောင်မောင်းက ပြောသည်။

မွန်ပြည်နယ်တွင်လည်း မော်လမြိုင်၊ ကျိုက်မရောစသည့် မြို့နယ်များ၌ လင်းနို့ဂူများ ရှိနေ၍ စီးပွားရေးလုပ်ကွက် ကောင်းသောကြောင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးရရှိရန် ငွေကျပ် သိန်း ရာချီအထိ ပေးကြကြောင်း သိရသည်။

“ဥက္ကဋ္ဌ တနေရာကို ကျပ်သိန်း ၂၀၊ ၃၀ ကနေ ၁၀၀ အထိ ပေးထားကြတယ်။ ဒီလိုဆယ်ချီ၊ ရာချီပေးလည်း ပြန်ရှာတာက လွယ်တယ်လေ။ ပိုက်ဆံပေးထားပေမယ့် ဒေသခံတွေက သဘော မတူရင်တော့ သူတို့ရင်းထားတဲ့ငွေ ဆုံးသွားနိုင်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် အုပ်ချုပ်ရေးမှူး အပါအ၀င် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ရပ်ကွက် တရားရေးဌာနလည်း ပါဝင်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတိုင်းသည် အနည်းဆုံး ဘွဲ့တခုခု ရပြီးသူ၊ ရပ်ကွက်မှ ကြည်ညို လေးစားခံရသူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

“အခု ကျနော်တို့ရပ်ကွက်က ဥက္ကဋ္ဌ ဆိုရင် လူဟောင်း၊ ကြံ့ဖွံ့ပါတီဝင်ပဲ။ ကျပ် ၁၅ သိန်း ပေးနိုင်တယ်။ ရပ်ကွက်က တင်တဲ့ လူသစ်က ၁၀ သိန်း ပဲ ပေးနိုင်တာကိုး။ ဒီ ၁၀ သိန်းကလည်း ရပ်ကွက်က စုပေးကြတာ။ နောက်ဆုံး ကျနော်တို့လူ မရဘူး၊ အရင်လူဟောင်းက အရက်ဆိုင် ပိုင်တာဆိုတော့ ပိုက်ဆံပိုပေးနိုင်တာပေါ့” ဟု ဒဂုံမြို့သစ် တောင်ပိုင်းနေ ကိုကျော်စွာလင်း က ပြောသည်။

မြို့နယ်နှင့် ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများကိုမူ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ ကိုသာ ခန့်အပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးမှ ၀န်ထမ်း တဦးက ဆိုသည်။

လူထု အသံ လှုပ်ရှားမှု လုပ်ဆောင်နေသည့် ဦးတိုးကျော်လှိုင်က “သမ္မတ မိန့်ခွန်းပါအတိုင်း သန့်ရှင်း သောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်လာဖို့အတွက် ခဲယဉ်း နေသေးတယ်။ အခုလို အောက်ခြေ အာဏာပိုင် နေရာလေးမှာ မသန့်မရှင်း ဖြစ်နေတာတွေက နေရာ တော်တော် များများပဲ။ ဒီလိုဆိုတော့ ဘာမှမပြောင်းလဲသေးဘူး၊ အရင် အစိုးရအတိုင်းပဲ ဆိုတာပြနေ တာပဲ” ဟု ပြောသည်။

Ref;Irrawaddy

Read More...

အမေရိကန် သံအရာရှိ နိုင်ငံရေး ပါတီများနှင့် တွေ့

သန်းထိုက်ဦး
10 May 2011

ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါးသည် မြန်မာပြည် အလယ်ပိုင်းသို့ ခရီးထွက်ပြီး နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံကာ ၎င်းတို့၏ အစိုးရအပေါ်ထားရှိသော သဘောထား အမြင်များကို လေ့လာလျက်ရှိသည်။

“သူ့ ခရီးစဉ်ရဲ့အဓိက ရည်ရွယ်ချက် ကတော့ မြန်မာပြည် တ၀န်းမှာရှိ တဲ့ အလွှာ အသီးသီးက အဓိက အခန်း ကဏ္ဍတွေမှာ ပါဝင် နေတဲ့သူတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ အတွက် ဖြစ်တယ်၊ အခု သူ အစိုးရကိုယ်စားလှယ်၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ပါတီ က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေတယ်”ဟု ရန်ကုန်မြို့ရှိ အနောက်တိုင်း သံတမန် တဦးက ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီနှင့် နိုင်ငံရေး ပါတီဝင် တချို့တို့ကို တွေ့ဆုံ ၍ သမ္မတ ဦးသိန်းစိန်၏ သမ္မတ ကျမ်းသစ္စာပြု မိန့်ခွန်း အပေါ် သဘောထားနှင့် ၎င်းတို့၏ နိုင်ငံရေး အမြင်များကို ယမန်နေ့က မစ္စတာ လယ်ရီ ဒင်းဂါး က လာရောက် မေးမြန်းခဲ့ကြောင်း ချောက်မြို့နယ် NLD စည်းရုံးရေး တာဝန်ခံ ဒု ဥက္ကဌ ဦးမြင့်သိန်းက ဆိုသည်။

ဦးမြင့်သိန်းကမူ သမ္မတ ဦးသိန်းစိန် အပေါ် လက်တလော အခြေအနေအရ သဘော မကျသည့် အကြောင်း စသည့် သဘော ထားအမြင်များကို မစ္စတာ လယ်ရီ ဒင်းဂါးအား ပြန်ပြောပြခဲ့ကြောင်း၊ ထို့အပြင် NLD အနေဖြင့် လက်ရှိ နိုင်ငံရေး အခြေအနေ များ၌ ကြုံတွေ့ ရင်ဆိုင်နေရသော အခက် အခဲနှင့် အကျပ်အတည်း တချို့လည်း မေးမြန်းခဲ့ကြောင်း သိရသည်။

“ဘာကြောင့်လဲဆိုတော့ အပြောပဲ ရှိသေးတယ်၊ လက်တွေ့ပိုင်း အရသာ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းကြောင်း ပြောင်းလဲတဲ့ နေရာမှာ အဓိကကျတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား ခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်း ဆောင် တွေ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ ဒီကိစ္စ သုံးခုဟာ ကျနော် တို့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး အတွက် အဓိက အချက်တွေပဲလို့ ကျနော် မြင်တယ်”ဟု ဦးမြင့်သိန်းက ဆိုသည်။

မစ္စတာ လယ်ရီ ဒင်းဂါးသည် ရေနံချောင်းမြို့နယ် (NLD) အဖွဲ့ချုပ် အမျိုးသမီး တာဝန်ခံ ဒေါ်ခင် စောဌေးနှင့် အမျိုးသား ဒီမိုက ရေစီ အင်အားစု (NDF)မှ ဦးမြင့်ဖေတို့ကို သွားရောက်တွေ့ဆုံ ခဲ့ကြောင်း၊ ထို့အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ကိုလည်း တွေ့ဆုံရန် ရှိကြောင်း ဦးမြင့်သိန်းက ပြောသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ အမေရိကန် အစိုးရသည် မြန်မာ အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို စတင်ကျင့်သုံးခဲ့သည်။ ထို မူဝါဒမှာ ယခုအချိန် အထိ မအောင်မြင်ခဲ့ သော်လည်း ဆက်လက်၍ ကြိုးပမ်းသွားမည်ဟု အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက ပြီးခဲ့သည့်လက ထုတ်ဖော် ပြောကြားခဲ့သည်။

Ref;Irrawaddy

Read More...

ဘင်္ဂလား ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်နိုင်ခြေရှိ

10 May 2011

ဘင်္ဂလားပင်လယ်ပြင် အလယ်ဗဟို၌ မုန်တိုင်းဖြစ်နိုင်ခြေ အရိပ်လက္ခဏာများ တွေ့နေရ၍ မိုးဦး ရာသီဖြစ်သော မေလတွင် သတိထားရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

tunlwin-cloud
“မေလထဲမှာ မုန်တိုင်းဖြစ်ခဲ့ဖူးတာတွေ ရှိခဲ့တော့ သတိထားဖို့ လိုအပ်ပါတယ်။ ဘင်္ဂလား ပင်လယ်ပြင်က မုန်တိုင်းကတော့ စောင့်ကြည့်နေတုန်းပဲ ရှိပါသေးတယ်။ အရမ်းကြီး စိုးရိမ်စရာ အနေအထားတော့ မတွေ့ရသေးပါဘူး” ဟု ဦးထွန်းလွင်က ဆိုသည်။

ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်နိုင်ခြေရှိသော မုန်တိုင်းသည် မြန်မာနိုင်ငံနှင့် အလှမ်းဝေးကွာနေ၍ စိုးရိမ်းစရာမရှိ သော်လည်း ပင်လယ် ကမ်းရိုးတန်းဒေသ တလျှောက်တွင် နေထိုင်သော ဒေသခံ များအနေနှင့်မူ မေလအတွင်း သတိထား သင့်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။

ဦးထွန်းလွင်၏ ၀က်ဘ်ဆိုက်တွင် မေလ ၉ ရက်နေ့ နေ့စွဲဖြင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့၌ မိုးသည်းထန်ခြင်း၊ မိုးသက် လေပြင်းကျရောက်ခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ် နိုင်ပြီး ပင်လယ်ပြင်၌ လေပြင်းတိုက်ခတ်ခြင်း နှင့်အတူ လှိုင်းကြီးနိုင်၍ ပင်လယ်ပြင် ထွက်သူများ အနေဖြင့် သတိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ရေးသား ထားသည်။

ရခိုင်ပြည်နယ်၏ ကမ်းရိုးတန်း ဒေသတလျှောက်တွင် နေထိုင်ကြသော ဒေသခံများသည် ဘင်္ဂလား ပင်လယ်ပြင်၌ မုန်တိုင်းဖြစ်ပေါ်မည်ဟု ကြားသိနေရ၍ စိုးရိမ်နေကြကြောင်း၊ အထူးသဖြင့် ဂီရိလေမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသခံများသည် စိုးရိမ်မှုကြီးနေကြကြောင်း မြေပုံမြို့နေ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“မုန်တိုင်းဝင်မယ် ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်နေတော့ လူတွေက ကြောက်နေ ကြတယ်။ တချို့က နေစရာအိမ်တောင် လုံခြုံမှု မရှိကြသေးတော့ ပိုပြီးတော့ ကြောက်နေကြ တယ်” ဟု မြေပုံဒေသခံက ဆိုသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်း ကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကာ သိန်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုမှာ ယနေ့အထိ နေထိုင်စရာ အမိုးအကာ လုံခြုံမှု မရရှိကြသေးပေ။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ကြောင့် လူဦးရေ တသိန်းလေးသောင်းကျော် သေကျေ ပျောက်ဆုံးခဲ့ကာ ၂ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်သော မုန်တိုင်းအများစုသည် ရခိုင်ပြည်နယ်၏ ပင်လယ်ကမ်းရိုးတန်း ဒေသကို ဖြတ်ကျော် လေ့ရှိပြီး ၁၈၇၇ ခုနှစ်မှ၂၀၁၀ ပြည့်နှစ် အတွင်း မုန်တိုင်းအကြိမ်ရေ ၈၄ ကြိမ်အနက် ၈၂ ကြိမ်သည် ရခိုင်ကမ်းရိုးတန်း ဒေသကိုဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း ဦးထွန်း လွင်က ဆိုသည်။

ယခုနှစ်သည် ယခင်နှစ်များနှင့်မတူဘဲ ဖေဖော်ဝါရီ၊ မတ်လတို့ မှစ၍ အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း စသည့်ရာသီ ဥတု ဖောက်ပြန်မှုများကို ကြုံတွေ့ခဲ့ ရကြောင်းလည်း သူကပြောသည်။

အချိန်အခါမဟုတ် မိုးသည်းထန်ခဲ့၍ ပဲစိုက်သည့်တောင်သူများ၊ ဆားကွင်း လုပ်ငန်းများ ပျက်စီး ဆုံးရှုံး မှု ကြုံတွေ့ခဲ့ရကြောင်း တောင်သူများက ပြောဆိုကြသည်။

“နွေမှာ မိုးတွေ ဆက်တိုက်ရွာတော့ ပဲစိုက်ဧက ထောင်ချီပြီး ပျက်စီးသွားရတယ်။ အထွက်နှုန်းက ထက်ဝက် လျော့ကျသွားတယ်” ဟု မကွေးတိုင်း စလင်းမြို့နယ်မှ ပဲစိုက်တောင်သူ ဦးမောင်မောင် က ပြောသည်။

မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း စသည့်ပဲတို့ အများဆုံး ပျက်စီးခဲ့ပြီး ယခင်က တဧကလျှင် တင်း ၃၀ ထွက်သော်လည်း ယခုနှစ် ရာသီဥတုဆိုးရွားမှုကြောင့် ၁၅ တင်း ၀န်းကျင်သာ ထွက်တော့သည်ဟု သိရသည်။

ယခုရာသီသည် ပဲပေါ်သည့် ရာသီဖြစ်၍ မကွေးတိုင်းမှ ပဲစိုက်တောင်သူ အများစုမှာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်ဟု ပဲစိုက်တောင်သူက ပြောသည်။

နာဂစ်မုန်တိုင်း ဖြစ်ပေါ်ပြီးနောက်တွင် ရာသီဥတုဖောက်ပြန်မှုများကို မကြာခဏ ကြုံတွေ့ နေကြ ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ပဲစိုက် တောင်သူများနှင့် ဆားကွင်းလုပ်ငန်းရှင် များသည်လည်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း လပွတ္တာမြို့မှ ဆားလုပ်ငန်းရှင် ဦးမောင်ကြီးက ဆို သည်။

“ဧပြီလ ၂၅ ရက်ကစပြီး မိုး တပတ်လောက် ရွာလိုက်တာ ဆားကွင်းတွေ အကုန် ပျက်သွားတယ်။ လေးချိုး တချိုးပဲ ပြန်ရတော့တယ်” ဟု ဦးမောင်ကြီးက ပြောသည်။

လပွတ္တာမြို့နယ်၌ ဆားကွင်းလုပ်ငန်းရှင် ၂၀၀ ကျော်ရှိပြီး အများစုသော ဆားကွင်းများ ပျက်စီး သွားကြောင်း၊ ဧရာဝတီတိုင်း တတိုင်းလုံးတွင် ဆားလုပ်ငန်းရှင် ၇၀၀ ကျော်ရှိပြီး တနိုင်ငံလုံး ၏ ၈၀ ရာခိုင်နှုန်းသော ဆားများကို ဧရာဝတီတိုင်းမှ ထုတ်လုပ် ကြောင်း၊ သို့သော် ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်းများ သိသာစွာ လျော့ကျသွား၍ ဆားရှားပါးမှု ဖြစ်လာနိုင် ကြောင်း ၎င်းက ဆိုသည်။

Ref;Irrawaddy

Read More...

ကုလသမဂ္ဂ ကိုယ်စားလှယ် မြန်မာပြည် လာမည်

ရန်ပိုင်
10 May 2011

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာသည် လာမည့် မေလ ၁၂ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာမည်ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံရန်ရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ပြော သည်။

Myanmar_Vijay_Nambiar

မစ္စတာ ဗီဂျေ နမ်ဘီယာသည် လာမည့် ကြသာပတေးနေ့ ညနေ ၅ နာရီတွင် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အလုပ် အမှူဆောင်တချို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင် က ဧရာဝတီ သို့ ပြောသည်။

NLDအနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုသည့် မူကိုသာ ကိုင်ဆွဲ ဆွေးနွေး မည်ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောသည်။

မစ္စတာ နမ်ဘီယာသည် အစိုးရသစ် အာဏာလွှဲပြောင်းရယူပြီးနောက် ပထမဆုံး လာရောက်သည့် ကုလသမဂ္ဂ ကိုယ်စားလှယ် ဖြစ် သည်။

သမ္မတသစ် ဦးသိန်းစိန် က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာကို လက်ခံ တွေ့ဆုံမည်မဟုတ်ဘဲ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွင် ကသာ တွေ့ဆုံလိမ့်မည်ဟု ယနေ့ ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

မစ္စတာ နမ်ဘီယာနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) အပါအ၀င် နိုင်ငံရေး ပါတီ ၁၀ ပါတီကို ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီ အစဉ်(UNDP)ရုံး၌ မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း NDF ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေ ကလည်း ပြောသည်။

ထိုသို့ ခေါ်ယူတွေ့ဆုံခြင်းမှာ အစိုးရ အပြောင်းအလဲ၊ လွှတ်တော်သစ် ပေါ်ပေါက်လာမှု အပေါ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ အနေဖြင့် မည်သည့် အတိုင်းအတာ အထိ ပူးပေါင်း လုပ်ဆောင်နိုင်မည်၊ သမ္မတသစ်မှ ပေးထားသည့် ကတိက၀တ်များနှင့် ပတ် သက်၍ နိုင်ငံရေး ပါတီများ၏ အမြင်ကို လာရောက်လေ့လာခြင်း ဖြစ်နိုင်ကြောင်း ဦးခင်မောင်ဆွေက ဆက်လက် ပြောဆိုသည်။

မစ္စတာ နမ်ဘီယာသည် မြန်မာနိုင်ငံသို့ ယခုလာရောက်မည့် ခရီးစဉ်မှာ ဒုတိယအကြိမ် လာရောက် ခြင်း ဖြစ်ပြီး ပထမ အကြိမ်အဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ တွင် ပြုလုပ်သော ရွေးကောက်ပွဲအပြီး လာရောက်ခဲ့သည်။

ထိုစဉ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခါစ ဖြစ်သော ဒေါ်အောင်ဆန်းစု ကြည်နှင့်လည်း တွေဆုံဆွေးနွေးခဲ့သေးသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီ တို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

Ref;Irrawaddy

Read More...

ဘင်လာဒင်ဇနီး၃ဦးကိုအမေရိကန်ကစစ်ဆေးမေးမြန်းခွင့်ရမည်

10 မေ 2011

အယ်လ်ခိုင်းဒါး (Al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) အသေ ဖမ်းမိစဉ်မှာ အတူရှိနေခဲ့တဲ့ သူ့ဇနီး ၃ ယောက်ကို အမေရိကန်က စစ်ဆေးမေးမြန်းနိုင်ဖို့ ပါကစ္စ တန်က မကြာမီ တွေ့ခွင့်ပေးတော့မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါ တယ်။

မေလ ၂ ရက်နေ့ အိုစမာ ဘင်လာဒင် အသေဖမ်းမိတဲ့ နေ့ကတည်းက ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ကနေ အဲဒီ အမျိုးသမီး ၃ ယောက်ကို ထိန်းသိမ်းခဲ့တာပါ။ သူတို့နဲ့ တွေ့ဆုံ မေးမြန်းတာ တွေနဲ့ အဘော့တာဘတ် (Abbottabad) နေအိမ်ကနေ သိမ်းလာခဲ့တဲ့ အထောက်အထား တွေကနေ အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့ရဲ့ အရေးပါတဲ့ အသေးစိတ် အချက်အလက်တွေကို သိရှိနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။

အိုစမာ ဘင်လာဒင်ရဲ့ ဇနီး ၃ ယောက်နဲ့ တွေ့ခွင့်ပေးရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ အိမ်ဖြူတော် ကရော ပါကစ္စတန် တာဝန်ရှိသူတွေကပါ လူသိရှင်ကြား မှတ် ချက်ပေးတာ မရှိပါဘူး။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အကြီး အကဲရဲ့ နာမည်ကို ပါကစ္စတန် သတင်းမီဒီယာတွေက ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ CIA အနေနဲ့ သူတို့ရဲ့ တာဝန်ခံ အရာရှိကို ရာထူးနေရာ အပြောင်းအရွှေ့ လုပ်မှာ မဟုတ်ဘူးလို့ မနေ့က ပြောလိုက် ပါတယ်။

ပါကစ္စတန် သတင်းမီဒီယာတွေက ထုတ်ဖော်လိုက်တဲ့ နာမည် မှားနေကြောင်း၊ အိုစမာဘင်လာဒင် တယောက် ပါကစ္စတန်နိုင်ငံမှာ နှစ်တွေနဲ့ချီ ခိုအောင်းနေတာနဲ့ ပတ်သက်ပြီး ပါကစ္စတန် စစ်တပ်နဲ့ ထောက်လှမ်းရေးအပေါ် မေးခွန်းထုတ်ခံနေရတာကြောင့် ထောက်လှမ်းရေး သဘာဝအရ လျှို့ဝှက်ထားရမယ့် CIA အရာရှိ နာမည်ကို ဖော်ထုတ်ပြီး တုံ့ပြန်လိုက်ပုံ ရတယ်လို့ အမေရိကန် အရာရှိတွေက ပြောကြပါတယ်။


Ref;VOA

Read More...

အကျဉ်းသား မိသားစုဝင်များ ပညာရေးအတွက် NLD ထောက်ပံ့

မသင်းသီရိ 10 မေ 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ကလေးငယ်တဦးအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်နေစဉ်။

ကလေးတွေရဲ့ ပညာရေးဟာ တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်တာမို့ ကလေးတွေမှာ နိုင်ငံရေး အသိစိတ် နဲ့ နိုင်ငံရေး တာဝန်တွေကို ဆက်ပြီး ဆောင်ရွက်လိုစိတ်တွေ ရှိဖို့လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီ ရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရ တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် ကလေးတွေအတွက် ဒဿမအကြိမ်မြောက် ပညာရေး ထောက်ပံ့စရိတ် ပေးပွဲကို ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ ကျင်းပရာမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာသင် ကြားရေးမှာ ချို့ယွင်း အားနည်းမှု မရှိသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ NLD ပါတီက နှစ်စဉ် ထောက်ပံ့ ကူညီလာတာဟာ ဒီနေ့ ၁၀ ကြိမ်မြောက် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတာမို့ နိုင်ငံရေး ဆိုတာနဲ့ နိုင်ငံရေး တာဝန်ကို ယူချင်တဲ့ ဆန္ဒတွေ ရှိဖို့ကလည်း အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အထူးသဖြင့် မိခင် ဖခင်တွေဟာ ဘာကြောင့် နိုင်ငံရေးလုပ်ရတယ်၊ ဘာကြောင့် ထောင်ထဲမှာ ရှိနေ တယ်ဆိုတဲ့ အခြေအနေ အမှန်ကို သားသမီးတွေသိဖို့၊ နားလည်ဖို့လိုတယ် ဆိုတာကို ဒေါ်အောင်ဆန်းစု ကြည်က အဓိက ရှင်းပြခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“နိုင်ငံရေးလုပ်လို့ ထောင်ကျတာပဲ၊ စဉ်းစားမယ့် လူတွေလည်း ရှိနေနိုင်တယ်တဲ့။ အဲဒီတော့ အခုလို နိုင်ငံရေးလုပ်တာဟာ ယုံကြည်ချက်ကြောင့် လုပ်တာပဲတဲ့။ ယုံကြည်ချက်က ဘာလဲဆိုရင် ပြည်သူ တယောက်တိုင်းဟာ ကိုယ့်တိုင်းပြည်ရဲ့ ကြမ္မာကို၊ ကိုယ်နေချင်တဲ့ တိုင်းပြည်ကို ကိုယ်ဖြစ်စေချင် တဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးပိုင်ခွင့် ရှိတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ပြည်သူတိုင်းလည်း ပါဝင် ခွင့်ရှိတယ်။ အဲဒီခံယူချက်၊ အဲဒီယုံကြည်ချက်နဲ့ တိုင်းပြည် ကောင်းဖို့အတွက် ဆောင်ရွက်ကြ လို့ နိုင်ငံရေး လုပ်ကြတာ ဖြစ်တယ်။ အဲဒါကြောင့်လည်း နိုင်ငံရေးမှုနဲ့ ထောင်ကျသွားတာ ဖြစ်တယ်။

“ဒါကြောင့်မို့ ဒီလူတွေအတွက် တိုင်းပြည်ကရော၊ မိသားစုကရော အများကြီး ဂုဏ်ယူစရာ ဖြစ်တယ်တဲ့။ နိုင်ငံရေး အကျဉ်းသား ဖြစ်သွားတဲ့ သူတွေရဲ့ သားသမီးတွေဟာ မိဘ အခုလို ဖြစ်သွား တဲ့ အတွက်ကြောင့် ပညာသင်ကြားမှုမှာ ဘာမှ ချို့ယွင်း အားနည်းမှုတွေ မဖြစ်စေ ချင်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ပညာရေးဆိုတာ နိုင်ငံရဲ့ အနာဂတ်ပဲတဲ့။ ဒီကလေးတွေ ကလည်း နိုင်ငံရေး တာဝန်တွေကို ဆက်ပြီး ဆောင်ရွက်စေချင်တဲ့ ဆန္ဒ ရှိတယ်၊ ဆောင်ရွက်ကြရမယ်တဲ့။ အဲဒီလို ရှင်းပြသွားပါတယ်။”

NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေရဲ့ သားသမီးတွေအတွက် နှစ်စဉ် ပညာရေး ထောက်ပံ့မှု အစီအစဉ်ကို ရန်ကုန်တိုင်း NLD လူမှုအထောက်အကူပြု အဖွဲ့က ဦးဆောင် ကျင်းပပေးနေတာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇၇ ဦးထဲက သားသမီးပေါင်း ၁၂၃ ဦးကို ပညာရေး ထောက်ပံ့စရိတ် ကျပ်ငွေ ၄၀,၀၀၀ စီ ဒီနေ့ ပေးခဲ့ပါတယ်။ ဒီလို ထောက်ပံ့မှုဟာ ကလေးတွေရဲ့ ပညာရေးအတွက် တစိတ်တပိုင်း ပံ့ပိုးမှုဖြစ်တယ် ဆိုတာထက် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို ပိုပြီး ရစေပါတယ်လို့ ၂၀၀၅ ခုနှစ် မေလ စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်လှိုင်ဝင်းရဲ့ ဇနီး မနှင်းစန္ဒာက ပြောပါတယ်။

“အခု နိုင်ငံရေး အကျဉ်းကျနေတဲ့ လူတွေကလည်း သူခိုးမှု၊ ဓားပြမှုနဲ့ကျတာ မဟုတ်ဘူးလေ။ ကလေးတွေလည်း ကျမ ဆုံးမပါတယ်။ ဒါ စိတ်ဓာတ်မကျနဲ့၊ ကိုယ့်အဖေတွေ၊ ကိုယ့်ဦးလေးတွေ၊ ကိုယ့်အဖိုးတွေက နိုင်ငံရေး လုပ်ရင်းနဲ့ အကုန်လုံး လွတ်မြောက်ဖို့အတွက် ကြိုးစားရင်းနဲ့ ဒီလိုမျိုး ထောင်ကျတာ။ ဘာမှ စိတ်ဓာတ်မကျနဲ့။ ကျမတို့က အမြဲတမ်း စိတ်ဓာတ်အားအင် မြင့်မားနေမှာပါ။ ကလေးကိုလည်း အမြဲတမ်း သွန်သင် ဆုံးမနေမှာပါ။”

၂၀၀၅ ခုနှစ် မေလက စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ ကိုအောင်လှိုင်ဝင်းရဲ့ ဇနီး မနှင်းစန္ဒာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကျန်ရစ်ခဲ့တဲ့ ကိုအောင်လှိုင်ဝင်း သမီးဟာ ဒီနှစ်ဆို ၄ တန်းရှိနေပြီး NLD ပါတီရဲ့ ပညာရေး ထောက်ပံ့စရိတ်ရတာ ၄ နှစ်ဆက်တိုက် ရှိပြီလို့လည်း ပြောပါတယ်။

နိုင်ငံရေးကြောင့် အဖမ်းခံရတယ်ဆိုရင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေဆိုင်ရာ ကူညီမှုတွေကို ပြုလုပ်ပေးနေပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးဖို့အတွက် တရားဥပဒေ စိုးမိုးရေးဟာ အဓိကကျတာမို့ ဥပဒေနဲ့အညီ ခုခံပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ပေါ်ကို အခြေခံထားပြီး ဥပဒေရေးရာ ကိစ္စတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့လည်း NLD ပါတီက ပြောပါတယ်။

အကျဉ်းထောင်တွေအတွင်းမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျန်းမာရေး ဆိုင်ရာ ကူညီ စောင့်ရှောက်မှုတွေ ပေးနေသလို အခု အပြင်မှာရှိနေတဲ့ သူတို့ရဲ့ သားသမီးတွေ အတွက် ပညာရေးဆိုင်ရာ ကူညီမှု စတဲ့ အချက် ၃ ချက်ကို အဓိကထားပြီး နိုင်ငံရေး အကျဉ်းသားတွေ အတွက် NLD ပါတီက ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။


Ref;VOA

Read More...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲပြုလုပ်

မသင်းသီရိ
10 မေ 2011

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးနဲ့ ရန်ကုန်တိုင်း အခြေစိုက် ပြည်တွင်း သတင်း ဂျာနယ်က သတင်းထောက်တွေ ဒီကနေ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပါ တယ်။ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းပြောဆိုတာ မပါဝင်ဘဲ လူမှုရေးနဲ့ စီးပွားရေး အခြေအနေတွေသာ ၀န်ကြီးက ပြောပြခဲ့သလို အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်းလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် မေးမြန်းခွင့်ရမလဲ ဆိုတာနဲ့ အခြေအနေအမှန် ရေးသားခွင့်တွေ ရနိုင်ပါ့မလားဆိုတဲ့ အပေါ်ကိုတော့ မေးခွန်းထုတ်နေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မေလ ၁၀ ရက် အင်္ဂါနေ့ ညနေ ၅ နာရီက ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် အဆောက်အဦးထဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးနဲ့ ရန်ကုန်တိုင်း အခြေစိုက် ပြည်တွင်းဂျာနယ် သတင်းသမားတွေ ပထမဆုံး တွေပဆုံပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ သတင်းဂျာနယ် တော်တော်များများက သတင်းထောက်တွေ တက်ခဲ့ကြသလို ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံ ခြားရေးရာ အပြင် သိပ္ပံနဲ့ နည်းပညာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အားကစားဌာနဆိုပြီး နေရာ ၆ ခု ကိုင် ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးဉာဏ်ထွန်းဦးနဲ့ ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ ၂ ဦးက အစိုးရသစ်အဖွဲ့ လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

လက်ရှိ ရန်ကုန်တိုင်း အတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရ အဖွဲ့က ဘာတွေလုပ်မယ်၊ ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာ သူတို့ ရှင်းလင်းပြခဲ့ပေမဲ့ သူတို့ ရှင်းပြ ခဲ့တဲ့ အခြေအနေထဲမှာ လက်ရှိ သတင်းဂျာနယ်တွေမှာ ဖော်ပြနေတဲ့ အကြောင်းအရာတွေ ထက် သိပ်ထူးထူးခြားခြား မပါလာဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေ မပြောခဲ့သလို အချိန်သိပ်မရတဲ့အတွက် သတင်းသမားတွေဘက်ကလည်း မေးခွန်းများများ မမေးလိုက်ရဘူးလို့ ပြောကြပါတယ်။

ဒါပေမဲ့ အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေ တွေ့ဆုံပြီး အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ် ဆိုတာကို ၀န်ကြီးက ပြောသွားတယ်လို့ ဒီသတင်းစာ ရှင်းလင်းပွဲအကြောင်း သိထားတဲ့ သတင်းအယ်ဒီတာ တဦး က ပြောပါတယ်။

“နောက်ဆိုရင် သူတို့ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ခေါ်လုပ်မယ်လို့ ပြော တယ်။ အခုလက်ရှိကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးဌာန အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ် တွေကတော့ ရေစီးရေလာ ကောင်းမွန်အောင် လုပ်မယ်၊ လမ်းပိတ်ဆို့မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့ မှုတွေကို သူတို့ ပြဿနာတွေ ရှင်းမယ်၊ နောက် ဆင်းရဲသားတွေအတွက် ကျူးကျော်အိမ်တွေ ဖျက်ပြီး တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးမယ်၊ အဲဒီစီမံကိန်းတွေတော့ ရှိတယ်လို့ ပြောတယ်။

“လာဘ်ပေးလာဘ်ယူကတော့ ရှိတာတော့ ရှိနေတာပေါ့၊ ဒါပေမဲ့ သူတို့ ပျောက်ပျက်အောင် လုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုးတော့ ပြောတယ်။ ဒါပေမဲ့ ဒီဟာက ချက်ချင်းတော့ မဖြစ်နိုင်ဘူး ဆိုပြီး တော့ ပြောသံကြားတယ်။ နောက် သတင်းထောက်တွေထဲကလည်း ထမေးတာ သူတို့ အချိန်အကန့် အသတ်နဲ့ပဲ မေးခွင့်ပြုတယ် ပြောတယ်။ ဘာမှ သိပ်ပြီး ဒီနေ့က ထူးထူးခြားခြား မေးခဲ့ သိခဲ့တာ အများကြီး မရှိဘူးလို့တော့ ပြေတာပဲ။”

ဒီကနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင်းက လုပ်ငန်းတွေကို သတင်းသမားတွေ ခေါ်ယူ အသိပေးတဲ့ အဆင့်လောက်ပဲ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ နောက်တပတ် တွေအတွင်း ဆက်လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲတွေမှာ ဘယ်လောက်ထိ မေးခွင့်ရမယ်၊ ဘယ်အတိုင်းအတာထိ ပြန်ရေးခွင့်ရမယ် ဆိုတာနဲ့အတူ စာပေစိစစ်ရေးက ဘယ်လိုခွင့်ပြုမလဲ ဆိုတဲ့ အပေါ်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြည်တွင်း သတင်းအယ်ဒီတာ တဦးကတော့ အစိုးရအဖွဲ့က သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိပေးတဲ့ ပုံစံသာ ဖြစ်နိုင်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ မေးခွန်းနဲ့ သတင်းတွေကိုတော့ ကန့်သတ် ထားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သတင်းမီဒီယာတွေကို သူတို့ဘက်ကို ဒီဟာတွေ ဒီဟာတွေကို ဒီလိုဘောင်တွေထဲက ဒီလို ရေးလို့ရတယ်၊ ဒီလို ဒီလို ရေးကြပါဆိုတဲ့ သဘောမျိုး၊ Guide Line သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာကိုတော့ သူတို့က အထူး တားမြစ်ထားဦးမှာပါပဲ။ ပြီးတော့ တချို့သတင်း တွေကိုလည်း သူတို့ ရေးစေချင်တဲ့ ပုံသဏ္ဌာန်အတိုင်းပဲ ရေးမှ ခွင့်ပြုပါလိမ့်မယ်။ အခုခေါ်တွေ့တဲ့ ကိစ္စကိုသည်ပင်လျှင် သူတို့ရေးစေချင်တဲ့ ရှုထောင့်က ရေးမှ အဆင်ပြေမှာပါ။ နို့မို့ဆို အဆင်မပြေပါဘူး။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သတင်းသမားတွေ အပတ်စဉ် တွေ့ဆုံပြီး သတင်းတွေ မေးမြန်းခွင့်ရမယ် ဆိုတဲ့အတွက် ၀န်ကြီးဌာနတွေမှာ သတင်းသွားယူရာမှာ ကြုံနေရတဲ့ အခက် အခဲတွေ လျော့ကျသွားနိုင်မှာ ဖြစ်ပေမဲ့ သူတို့ မေးမြန်းလို့ သိထားရတဲ့ အကြောင်းအရာ တွေကို စာမျက်နှာတွေက ဖော်ပြခွင့် မပေးဘူး ဆိုရင်တော့ သူတို့ရဲ့ လုပ်အားတွေ အလဟဿ ဖြစ်မှာ ကိုလည်း သတင်းသမားတွေက စိုးရိမ်နေကြပါတယ်။

Ref;VOA

Read More...

တရုတ်ကုန်သွယ်ရေးလိုငွေပြရာကတဟုန်ထိုးအမြတ်ထွက်

10 မေ 2011

တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ပထမ ၃ လအတွင်း လိုငွေပြနေခဲ့ရာက ဧပြီလအတွင်း မျှော်လင့် ထားတာထက် ပို့ကုန် ပိုများခဲ့တာကြောင့် ပိုငွေပြတဲ့ အဆင့်ကို ရောက်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်နိုင်ငံ အနေနဲ့ တလအတွင်း တခါမှ မကြုံဘူးတဲ့ ပို့ကုန် စံချိန်တင်လိုက်တာ လည်း ဖြစ်ပါတယ်။

ဝါရှင်တန်မြို့မှာ ပြုလုပ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံရဲ့ ကုန်သွယ် ရေးကို မျှတမှုရှိဖို့ တရုတ် အရာရှိတွေကို အမေရိကန် အစိုးရက ဖိအားပေး ပြောဆိုနေတဲ့ အချိန်မှာ တရုတ်အစိုးရက အင်္ဂါနေ့မှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဧပြီလအတွက် တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ပိုငွေပြမှုဟာ ဒေါ်လာ သန်း ၁၁,၀၀၀ ကျော် ရှိခဲ့ တယ်လို့ တရုတ်အရာရှိတွေက ပြောကြားလိုက်တာကြောင့် ဒါဟာ ကျွမ်းကျင်သူတွေ တွက်ဆထား တာထက် အတော်လေး များနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကတော့ ကုန်သွယ်ရေး ပိုငွေပြမှုဟာ ဒေါ်လာသန်း ၁၄၀ သာ ရှိခဲ့ပြီး အခုနှစ် ပထမ ၃ လပတ်အတွင်း လိုငွေ ပြနေခဲ့တာပါ။

ဒီနှစ် ဧပြီလအတွက် ပို့ကုန် စုစုပေါင်း တန်ဖိုးဟာ သန်းပေါင်း ၁၅၆,၀၀၀ ရှိခဲ့တာကြောင့် မနှစ် ၂၀၁၀ ခုနှစ် ဧပြီလထက်စာရင် ၃၀% တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဧပြီလရဲ့ ပို့ကုန်ပမာဏဟာ မကြုံဘူးအောင် စံချိန်တင်သွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်အစိုးရက ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့အတွက် ခြေလှမ်းပြင်နေတာကြောင့် ပြည်ပ ပို့ကုန်ကို ထိခိုက်လိမ့်မယ်လို့ ထင်ကြေး ပေးနေကြတာတွေလည်း ဒီကြေညာချက်ကြောင့် လျော့ကျ သွားစေမှာ ဖြစ်ပါတယ်။


Ref;VOA

Read More...

ကုလသမဂ္ဂကိုယ်စားလှယ်ယခုသီတင်းပတ်မြန်မာနိုင်ငံလာရောက်မည်

10 မေ 2011
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေး ပုဂ္ဂိုလ်ဟာ ဒီသီတင်းပတ်အတွင်း မြန်မာ နိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ မြန်မာ အစိုးရ တာဝန်ရှိသူက ပြောဆိုလိုက်ပါ တယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန် ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၂ ရက် နေ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံ ကို ရောက်ရှိမှာဖြစ်တယ် ဆိုတဲ့ မြန်မာအစိုးရ တာဝန်ရှိသူရဲ့ အပြောကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေ မှာ ဖော်ပြ လိုက်တာပါ။

မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ သုံးလေးရက်ကြာမယ့် ဒီခရီးစဉ် အတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိ မရှိ မသေချာပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့ စီစဉ် ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ခွဲထွက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ NDF ပါတီ ပြောခွင့်ရသူက ပြောပါ တယ်။

မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ၂၀၁၀ ပြည့်နှစ် မနှစ်က နိုဝင်ဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက် ရှိခဲ့စဉ် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော အဲဒီအချိန်က နေအိမ်အကျယ်ချုပ်က လွတ်မြောက် ခါစ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။

စစ်အစိုးရ ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်ပြီးနောက်ပိုင်း မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

Ref;VOA

Read More...

အင်းလေလံ လုပ်ငန်း အဂတိလိုက်စားမှု လယ်သမားများ အထူးနစ်နာ

2011-05-10

ဧရာဝတီတိုင်း အတွင်း အင်းလုပ်ပိုင်ခွင့်များ ရောင်းချရာမှာ တကယ် အင်းလုပ်ငန်း လုပ်ကိုင်သူ များက တိုက်ရိုက် မရရှိဘဲ တဆင့် ပြန်ဝယ်ယူနေရတဲ့ အတွက် ဒေသခံ လယ်သမားတွေ အတော့် ကို နစ်နာနေကြရတယ်လို့သိရပါတယ်။


ဟင်္သတ ခရိုင်က HRDP - လူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ကိုကျော်လွင်က တရားဝင် အခွန်ငွေ ဆယ်သိန်း ပေးရတဲ့ အင်းတခု အတွက် အဆင့်ဆင့် အမြတ်ယူပုံကို RFA ကို ခုလို ရှင်းပြပါတယ်။

"ဒီအင်းကို ပိုင်ဆိုင်ဖို့ရာက နိုင်ငံတော်ကို ၁၀ သိန်းလောက် သွင်းရမယ်။ ရုံးမှာရှိတဲ့သူတွေကို ၁၅ သိန်းလောက် ပေးရမယ်။ ကျန်တဲ့ဟာကျတော့ ဂရံပိုင်ရှင်ကို သူတို့ အဲဒီလို အင်းမျိုးဆိုရင် အမြတ်သက်သက် သိန်း ၆၀ - ၇၀ လောက် ပေးပြီးတော့မှ လုပ်ပိုင်ခွင့် ရကြတယ်။

ပြီးတော့မှ သူတို့ မဆိုင်တဲ့၊ တောင်းပိုင်ခွင့်မရှိတဲ့ ဥပဒေတွေကို ချိုးဖောက်ပြီးတော့ လယ်သမား တွေကို လိုက်ပြီးတော့ ပိုက်ဆံတောင်းတာပေါ့။ သွားပြီးတော့ တိုင်လို့ရှိရင် တရားဥပဒေအရ မကျူးလွန်ဘဲနဲ့ ကျူးလွန်တယ်ဆိုပြီးတော့ လယ်သမားတွေ အရေးယူခံရတယ်။"

ကျုံပျော်မြို့ နယ်က လယ်သမားကြီး တဦး ကလည်း မိမိ လယ်မြေမှာ ဖြစ်ပေါ်တဲ့ ရေပြင်ကနေ ကိုယ့်ဝမ်းစာ အတွက်တောင် ငါးဖမ်းခွင့် မရှိဘူးလို့လည်း အာအက်ဖ်အေကို ပြောပါတယ်။

အခုလို မိုးရာသီမှာ လယ်မြေများ အပေါ်ရေတင်ပြီးဖြစ်ပေါ်တဲ့ လယ်ကြားအင်းခေါ် ယာယီ အင်းများ ကို လုပ်ပိုင်ခွင့်ရရှိသူများက မိမိတို့အရင်းကြေအောင် လယ်သမားတွေ အပေါ် မတရား ငွေကောက် ခံနေတာကို သက်ဆိုင်ရာကို တိုင်ကြားပေမဲ့ ထိထိ ရောက်ရောက် အရေးမယူဘူးလို့ သိရပါတယ်။

အာဏာပိုင်တွေ ကိုယ်တိုင်က ကိုယ်တိုင် ရေလုပ်ငန်းမလုပ်ဘဲ အင်းဂရန်တွေ လုပ်စားဖို့ အထက်က ရရှိနေလို့ ခုလို နှုတ်ဆိပ်နေခြင်း ဖြစ်တယ်လို့ ကိုကျော်လွင်က ပြောပါတယ်။

"သူတို့ကလဲ ငြိမ်နေတယ်ဆိုတာက သူတို့ ကိုယ်တိုင်က အင်းဂရံ အပိုင်စားတွေ ရတယ်လေ။ သူတို့ကိုယ်တိုင်က သိန်း ၃၀ တို့ သိန်း ၄၀ တို့နဲ့ အမြတ်တင် ရောင်းစားတဲ့သူတွေ ဖြစ်နေတဲ့ အတွက်။ ဒီရေလုပ်ငန်း ၀န်ကြီးဌာနက ၀န်ကြီးဆီကနေဘဲ တိုက်ရိုက် ခွဲတန်းချပြီးတော့ ဒီအင်း တွေကို လုပ်စားဆိုပြီး ခွဲတန်းချပေးလိုက်တာ။"

မြန်မာပြည်တဝှမ်း ဧရာဝတီတိုင်း ၊ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့မှာ အင်းဂရံပေါင်း ခုနှစ်သောင်း ခန့်ရှိရာမှာ အများစုမှာ အခုလို အဂတိလိုက်စားမှုတွေ ရှိတယ်လို့ မကြာခဏ ကြားသိရပါတယ်။

Ref;RFA

Read More...

နိုင်ငံရေးအကျဉ်းသားတွေရဲ့ကလေးများကို ပညာရေး အထောက်အပံ့ ပေးအပ်

2011-05-10

နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာရေး ထောက်ပံ့ ကူညီမှု အခမ်းအနားကို ရန်ကုန်မြို့  ရွှေဂုံတိုင်က ရုံးချုပ်မှာ ဒီကနေ့ နေ့လည်က ကျင်းပ ခဲ့ပါတယ်။

အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစု ကြည်က အားပေးစကား ပြောပြီး၊ ကျောင်းသား တယောက်ကို ကျပ်ငွေ ၄ သောင်းနှုန်း နဲ့  စုစုပေါင်း ကျောင်းသား အယောက် ၁၄၀ ကို ကူညီ လိုက်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့အထွေထွေအတွင်းရေးမှုးရဲ့ ရုံးအဖွဲ့မှုး ဦးဝင်းထိန်က RFA ကို အခုလို ပြောပါ တယ်။

"ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောတဲ့အခါမှာ ဒီ နိုင်ငံရေး ယုံကြည်ချက်နဲ့ လုပ်ရင်နဲ့ ထောင်ကျနေတဲ့သူတွေ စိတ်ဓါတ်မကျဘဲ အထဲမှာ ဆက်ပြီးရှိနေအောင်က ကလေးတွေရဲ့ပညာရေး က အရေးကြီးတယ်။

မိဘတွေက ထောင်ကျသွားသော်လည်းဘဲ ပညာရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ကျိုးစား ပြီးတော့ ထူးချွန်အောင် လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောသွား တာပေါ့နော်။"

ထောက်ပံ့ကြေးရတဲ့ ကျောင်းသားတွေဟာ များသောအားဖြင့် မူလတန်းနဲ့ အလယ်တန်း အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ NLD က အခုလို ပညာရေး ထောက်ပံ့ ကူညီနေတာ တနှစ်ကို တကြိမ် နှုန်းနဲ့  ဒီနှစ်ဆိုရင် ၁၀ နှစ်ဆက်တိုက် ရှိပြီလို့ သိရပါတယ်။

Ref;RFA

Read More...

Tuesday, May 10, 2011

အောက်တိုဘာတွင် ကမ္ဘာ့လူဦးရေ (၇) ဘီလီယံ ရှိပြီး၊ ၂၁၀၀ ခုနှစ်တွင် (၁၀) ဘီလီယံ ရှိမည်

10 May 2011


ကုလသမဂ္ဂက ကမ္ဘာ့နောက်ဆုံး လူဦးရေစာရင်းကို နှစ်နှစ် တစ်ကြိမ် ထုတ်ပြန်လေ့ရှိသည်။ မကြာခင်က ထုတ်ပြန် ချက်အရ ၂၀၁၁ အောက်တိုဘာလတွင် ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) အထိ ရှိပြီဟု ဆိုသည်။

၂၁၀၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ (သန်း ၁ သောင်း) ထိ ရှိလာမည်ဟု ခန့်မှန်း ထားသည်။

ယနေ့ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ နီးပါး ရှိနေချိန်တွင် အငတ်ဘေးကြုံနေရသူ ၁ ဘီလီယံ (သန်း တစ်ထောင်) ရှိနေသည်။ တကယ်လို့ ၂၁၀၀ တွင် လူဦးရေ ၁၀ ဘီလီယံ အထိ ဖြစ်လာပါက ကမ္ဘာကြီးက ပါးစပ်ပေါက် အားလုံးကို ကျွေးထားနိုင်ဖို့ အဆင်သင့် ဖြစ်ပါ့မလား။ ကမ္ဘာကြီး တောင့် ခံနိုင်ပါ့မလား။

စီးပွားရေး ပညာရှင်များနှင့် နိုင်ငံတကာခေါင်းဆောင်များက လက်ရှိ ငတ်မွတ်နေသူ ၁ ဘီလီယံ ကိစ္စအတွက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဆောင်ရွက်ဖို့ အချေအတင် ငြင်းခုံနေကြဆဲ ဖြစ်သည်။ တစ်ချိန်ထဲတွင် လာမည့် နှစ် ၉၀ ရဲ့ လူဦးရေ ၁၀ ဘီလီယံ ကိစ္စကပါ ရတတ်မအေးစရာ ဖြစ်လာ သည်။

ဒီအတွက် နိုင်ငံတစ်နိုင်ချင်းအလိုက် လူဦးရေ ခန့်မှန်းချက်တွေ လုပ်ကြည့်ကြသည်။ ဖော်ပြပါ ဇယားတွင် ရွေးချယ်ထားသော နိုင်ငံအချို့၏ လက်ရှိ လူဦးရေနှင့် ၂၀၅၀ နှင့် ၂၁၀၀ လူဦးရေ ခန့်မှန်းချက်ကို ပြသထားပါသည်။

လက်ရှိ အမေရိကန် လူဦးရေ သန်း ၃၁၀ က ၂၀၅၀ ခုနှစ်တွင် သန်း ၄၀၀ ဖြစ်ပြီး၊ ၂၁၀၀ ခုနှစ်တွင် သန်း ၄၇၈ အထိ မြင့်တက်လာမည်။

လက်ရှိ ရုရှား လူဦးရေက သန်း ၁၄၂ ရှိပြီး၊ ၂၁၀၀ တွင် သန်း ၁၁၁ အထိ ကျဆင်းသွားမည်။

ယခု အာဖဂန်နစ္စတန် သန်း ၃၀ ကျော်က ၂၁၀၀ တွင် သန်း ၁၁၁ (ယခု ရုရှားလူဦးရေ) အထိ တက်လာမည်။

နိုက်ဂျီးရီးယား လူဦးရေ သန်း ၁၅၀ က ၂၁၀၀ တွင် သန်း ၇၆၀ အထိ တက်လာမည်။

လက်ရှိ ဆဘ် ဆာဟာရ အာဖရိကရဲ့ လူဦးရေ သန်း ၈၅၆ (ဥရောပထက် အနည်းငယ်များပြီး၊ အာရှရဲ့ ငါးပုံတစ်ပုံ) က ၂၁၀၀ ခုနှစ်တွင် ဥရောပထက် သုံးဆများလာပြီး၊ အာရှ သုံးပုံတစ်ပုံစာ ရှိမည်။ (လက်ရှိ အာရှ လူဦးရေ သန်း ၄ ထောင်)။ အာဖရိကတိုက်တွင် လူဦးရေ အမြန်ဆုံး တိုးပွား လာနေသည်။

တရုတ် လူဦးရေမှာ လက်ရှိ လူဦးရေ ၁၃၄၀ သန်းကနေ ၂၀၁၀ နှင့် ၂၁၀၀ ခုနှစ်ကြားတွင် သန်း ၄၀၀ ကျော် လျော့ကျသွားဖွယ် ရှိနေသည်။ ၀မ်းမြောက်စရာပင်။

Ref;Maukkha

Read More...

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လိမ့်မည်ဟု မွန်နိုင်ငံရေး အကျဉ်းသား မျှော်လင့်

May9th,2011
နိုင်မာန်

အစိုးရသစ် ပေါ်ပေါက်ပြီးနောက်တွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း မွန်နိုင်ငံရေး အကျဉ်းသား နိုင်ယက္ခက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကပင် ယခုကဲ့သို့ မျှော်လင့်ခဲ့ကြောင်းကို လွန်ခဲ့သည့် သီတင်းပတ်က ထောင်ဝင်စာတွေ့ခဲ့သည့် ဇနီးဖြစ်သူ မိချစ်ခင်အား ပြောကြားခဲ့သည်။

“သူက အစိုးရသစ် ပေါ်ပြီးရင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ယုံကြည်ထားတယ်။ ကျမအနေနဲ့လည်း အဲ ဒီလိုပဲ ဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း သူလွတ်လိမ့်မယ်လို့ ကျမကို ပြောခဲ့သေးတယ်။ ကျမ သူ့ကို သွားတွေ့တိုင်းလည်း အဲဒီလိုပဲ အမြဲပြောတယ်” ဟု မိချစ်ခင် က ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိပါက တရားဝင် နိုင်ငံရေးပါတီတွင် နိုင်ငံရေး လုပ်လိုကြောင်းလည်း နိုင်ယက္ခက ဇနီးဖြစ်သူကို ပြော ဆိုခဲ့သည်။

နိုင်ယက္ခသည် မွန်ပြည်သစ်ပါတီတွင် စည်းရုံးရေးမှူးတဦး ဖြစ်ပြီး မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရ အပစ်ခတ် ရပ်စဲပြီးနောက် ရဟန်းသံဃာတော်များနှင့် လူငယ်များအားနိုင်ငံရေးသင်တန်းများ ပို့ချ ခြင်းကြောင့် မွန်လူမျိုးများအကြား လူသိများခဲ့သည်။

နိုင်ယက္ခ၊ နိုင်မျိုးသွေးနှင့် အပေါင်းပါ (၅) ဦးကို လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်၊ Eleven အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးနှင့်အတူ ၂၀၀၃ ခုနှစ်ဇူလိုင်လ ၁၇ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂ဝဝ၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် သေဒဏ်စီရင်ခြင်း ခံခဲ့ရသော်လည်း အယူခံဝင်ရာမှ ထောင်ဒဏ်တသက်တကျွန်းသို့ ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။

နိုင်ယက္ခကို ယခု အင်းစိန်ထောင် တိုက် (၄) အခန်း (၆) တွင် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ နိုင်မျိုး သွေးကို ၂၀၀၉ ခုနှစ်တွင် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

အစိုးရသစ်အနေနှင့် အကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ရှိသော်လည်း နိုင်ငံရေး အကျဉ်းသား ပါမပါကို အသေးစိတ် မသိရှိကြောင်း အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တဦးကို ကိုးကားပြီး AFP သတင်းစာမျက်နှာတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဖော်ပြသည်။

Ref;Monnews

Read More...

ပဋိပက္ခဖြေရှင်းဖို့ ၀န်ကြီးချုပ် ၂ ပါး မျက်နှာချင်းမဆိုင်

May 9, 2011

စစ်တပ်ကဦးစီးကျင်းပတဲ့ နယ်စပ်ကော်မတီအစည်းအဝေးမှာ စစ်သားတွေ ဆုတ်ခွာရေး ဆွေး နွေးပေးဖို့ ကို ၀န်ကြီးချုပ် အဖိဆစ်က အဆိုပြုပါတယ်။ ဒါပေမဲ့ နယ်စပ်ကော်မတီအစည်း အဝေး ကို အင်ဒိုနီးရှားအကဲခတ်တွေရဲ့ သတ်မှတ်တာ ၀န်နဲ့လုပ်ပိုင်ခွင့်တွေကို လက်ခံတဲ့ ထိုင်းဖက်စာ မတင်သွင်းခင် နယ်စပ်ကော်မတီအစည်းအဝေး ကို ကျင်းပမှာ မဟုတ် ဘူး ။ လို့ ကမ္ဗောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ငြင်းဆိုပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ တိုင်းပြည်တွေက စိတ်မ၀င်စား တာကြောင့် ထိုင်းနိုင်ငံနဲ့ ကမ္ဗောဒီးယား အကြားဖြစ်ပွားနေတဲ့ နယ်စပ် ပဋိပက္ခ ကို ဖြေရှင်းဖို့အတွက် အင်ဒိုနီးရှားသမတ ဆူဆီလိုဘမ်ဘန်း တောင်းဆိုတဲ့ ၃ပွင့်ဆိုင်အစည်းအဝေးဟာ တိုး တက်မှုမရှိပါဘူး။ ဖရားဝိဟာဘုရားကျောင်း နဲ့ကပ်ရက် အငြင်းပွားနေတဲ့ နယ်မြေဆီ အကဲခတ်တွေလွှတ်ရေး အင်ဒိုနီး ရှားရဲ့စီမံကိန်းဟာ ဘုရားကျောင်း ၀န်းကျင်ကနေ စစ်သားတွေမဆုတ်ရင်အင်ဒိုနီးရှားအကဲခတ်တွေရဲ့သတ်မှတ်တာ ၀န်နဲ့ လုပ်ပိုင်ခွင့်ပေးတဲ့ စာကို ထိုင်းဖက်က လက် မှတ်မထိုးဘူး ပြောနေတာကြောင့် လက်တွေ့ အကောင်အထည် မပေါ်သေး ပါဘူး။ သူ့ပိုင်နက်နယ်မြေပေါ်ကနေ စစ်သားတွေကို ဆုတ်မှာ မဟုတ်ဘူး။ လို့ ပြောလိုက်ပြီး ကမ္ဗောဒီးယား က ဒီအခြေအနေတွေကို ပယ်ချလိုက်ပါတယ်။

“ထိုင်းဖက်က သတ်မှတ်တာဝန်နဲ့လုပ်ပိုင်ခွင့်ကို လက်မှတ်ရေးထိုးတာနဲ့ချက်ချင်း နယ်စပ်ကော်မတီ အစည်းအဝေးကို စနိုင်ပါတယ်” လို့ ဟွန်ဆန်က အာဆီယံထိပ်သီးဆွေးနွေးပွဲ၊ ပြင်ပတွေ့ဆုံပွဲ နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒီကိစ္စက ကုလသမဂ္ဂကို တင်ပြီးလို့ နဲ့ ပါဝင်ဆောင်ရွက်ဖို့ အာဆီယံမှာ လုပ်ပိုင်ခွင့်ရှိတာကြောင့် ဖရား ၀ိဟာ ဘုရားကျောင်း အတွက် ကြားခံနောက်တဖွဲ့လိုတယ်။ လို့ ဟွန်ဆန်က သူ့စိတ်ကူးကို ခုခံပြောပါတယ်။ “ကျနော်တို့အနေနဲ့ အာဆီယံရဲ့အခန်းကဏ္ဍကို မုချ လေးစားရပါမယ်၊ ကျနော်တို့ချင်း လျှို့ဝှက်၊ တိတ်တဆိတ် ဆွေးနွေးတာ မလုပ်သင့်ပါဘူး” လို့ သူက ပြောပါတယ်။ ဖေဖေါ်ဝါရီလက ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအစည်း အဝေးမှာ အင်ဒိုနီးရှားအကဲခတ် တွေလက်ခံဖို့ကို သဘောတူ ပြီးသားပါ။ သတ်မှတ်တာဝန်တွေနဲ့လုပ်ပိုင်ခွင့်ကို ပြင်တာ ၇ ကြိမ်တောင်ရှိပါပြီ။ လက်ခံစာ မရေးထိုး ခင် နယ်စပ်ကော်မတီ အစည်းအဝေးအတွက် ဘာတောင်း ဆိုချက်မှ မရှိပါ ဘူး။ စစ်သားတွေဆုတ်ခွာဖို့ ဆိုတာလည်း တောင်းဆို တာ မရှိပါဘူး။ လို့ သူက ပြောပါတယ်။

ဘုရားကျောင်းမှာ စစ်သားတွေရှိနေကတည်းက အစပိုင်းမှာ စစ်သားတွေဆုတ်ပေးဖို့ အင်ဒိုနီးရှားကို သတင်း ပေးပို့ပြီး သားပါ။ လို့ အဖိဆစ်က အချေအတင်ပြောဆိုပါတယ်။ “ အပြည်ပြည်ဆိုင်ရာ တရားရုံးကိုတင်ထားတဲ့ သူတို့တောင်းဆို ချက်တွေမှာလည်း ဒီဘုရားကျောင်းကနေ ထိုင်းစစ်သား တွေကို ဆုတ်ခွာစေချင်တာကြောင့် ကမ္ဗောဒီး ယားက ဒီအခြေ အနေကို မငြင်း နိုင်ပါဘူး၊ ဒါကြောင့် ဒီနေရာကနေ စစ်သားတွေဆုတ်ဖို့နဲ့ပတ်သက်ပြီး နှစ်ဖက်ဆွေးနွေးဖို့ လိုတယ် ဆိုတာကို ကမ္ဗောဒီးယားက ဘာလို့လက်မခံနိုင်တာလဲဆိုတာကို ကျနော် နားမလည်ဘူး” လို့ အဖိဆစ်က ပြောပါတယ်။

Ref;Naytthit

Read More...

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် စုပေါင်းလက်မှတ်ရေးထိုး (ဂျပန်နိုင်ငံ)

May 9, 2011

ဂျပန်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများပါဝင်ပြီး မြန်မာနိုင်ငံအကျဉ်းထောင်များတွင် မတရားအကျဉ်းချခံနေကြရသည့် နိုင်ငံရေးအကျဉ်းသား (၂၁၀၀) ကျော် လွတ်မြောက်ရေး စုပေါင်းလက်မှတ်ထိုး ဆုတောင်းပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၊ က၀စကီမြို့ ဆုရုမိအရပ်၊ Live MAX HOTEL တွင် (၈-၅-၂၀၁၁) တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။


Ref;Naytthit

Read More...

ကြံ့ဖွံ့ပါတီ ယာယီဥက္ကဋ္ဌအဖြစ် ဦးရွှေမန်း တာဝန်ယူ

ကျော်ခ
မေလ ၀၉ ရက် ၂၀၁၁ ခုနှစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် မေလ ၂ ရက်နေ့ မှ စ၍ တာဝန်ထမ်းဆောင်နေပြီဟု ပါတီတာဝန်ရှိသူများ အဆို အရ သိရသည်။

အာဏာရ ကြံ့ဖွံ့ပါတီ၏ ဧပြီလနှောင်းပိုင်း အစည်းအဝေးက ဒုဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ယာယီဥက္ကဋ္ဌ၊ ဦးဌေးဦးကို အထွေထွေ အတွင်းရေးမှူး၊ ဦးအောင်သောင်းကို အတွင်းရေးမှူး ၁၊ ဦးသိန်းဇော်ကို အထွေထွေ အတွင်းရေးမှူး ၂ နှင့် ဦးမောင်ဦးကို စည်းကမ်းထိန်းသိမ်းရေး တာဝန် ရှိသူအဖြစ် ဆုံးဖြတ်ပေးခဲ့ရာ မေလ ၂ ရက်နေ့မှစ၍ ၎င်းတို့ ရုံးတက်ကြခြင်း ဖြစ်သည်။

“သူတို့အားလုံး ဒီလ ရုံးစတက်တယ်။ ရုံးချုပ်ကတော့ ရန်ကုန်ကနေ နေပြည်တော် ရွှေ့လိုက်ပြီ။ လောလောဆယ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တာဝန်ကိုတော့ ဦးရွှေမန်း ကိုင်တာပေါ့နော်” ဟု ကြံ့ဖွံ့ပါတီ တာဝန် ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်ဗိုလ်ချုပ်ကြီးများက မွေးထုတ်ပေးခဲ့ သည့် ကြံ့ဖွံ့ပါတီခေါင်းဆောင် အများစုမှာ အစိုးရ သစ်၌ အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ရာ ၌ ပါဝင်သွားပြီးနောက် ထပ်မံကိုင်တွယ် မည့်ခေါင်းဆောင်ပိုင်းကို တပ်မတော် ခေါင်းဆောင်ဟောင်း များဖြင့် ပြန်လည်အစားထိုးခဲ့သည်။

ကျစ်လစ်ခိုင်မာစွာ ပါတီရပ်တည်နိုင်ရေး နှင့် ပြိုကွဲမှု မဖြစ်စေရေးအတွက် ယခင် နအဖ စစ်အစိုးရလက်ထက် တတိယ အကြီးဆုံး စစ်ခေါင်းဆောင် ဖြစ်ခဲ့ကာ၊ အစိုးရသစ် အောက်လွှတ်တော် ဥက္ကဋ္ဌ တာဝန် ယူထားသည့် သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ အဖြစ်ပါ ယာယီကိုင်တွယ်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ လက်ရင်းလူယုံတဦးဟု စစ်တပ်အသိုင်းအဝိုင်းတွင် ထင်ရှားခဲ့သူ ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများစွာတွင် အစိုးရနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရရှိသည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဟောင်း ဦးသိန်းဇော်ဖြင့်လည်း ထပ်မံ အားဖြည့်ခဲ့သည်။ ပါတီ၏ စည်းကမ်းပိုင်းဆိုင်ရာကို ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးက ကိုင်တွယ်သွားမည်ဖြစ်သည်။

“အရင်တုန်းက သူတို့အားလုံးက အစိုးရဘက်မှာရော၊ ကျနော်တို့ ပါတီ CEC မှာရော တာဝန် တွဲယူထားသူတွေပေါ့။ အခုကတော့ ပါတီတခုထဲကိုပဲ ဖိဖိစီးစီး လုပ်ကြမှာပေါ့လေ” ဟု ရန်ကုန် တိုင်း ပါတီတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်များ အစိုးရသစ်တွင် တာဝန်များ ရရှိသွားပြီးနောက် ပါတီတွင်း၌ အဓိက နေရာရလာနိုင်သူအဖြစ် အများက ထင်ကြေးပေးခံရသည့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင် သိန်းလင်းသည် ထိပ်ပိုင်းနေရာများနှင့် လွဲချော်ကာ ရန်ကုန်တိုင်း တာဝန်ခံရာထူးနှင့်ပင်ကျေနပ် ခဲ့ရသည်။

ဦးအောင်သိန်းလင်း အရွေးခံသည့် တောင်ဥက္ကပမြို့နယ်ရှိ လမ်းများကို ခင်းကျင်းရန် ငွေကြေး ထုတ်ပေးခဲ့သော်လည်း မပြီးပြတ်ခဲ့သလို၊ နိုင်ငံရေးဘက်၌တွင်ပါ ဆက်ဆံရေး မပြေပြစ်ဟု ပါတီ လုပ်ဖော်ကိုင်ဘက်များ အဆိုအရ သိရသည်။ ထို့ပြင် ပိုင်ရှင်ရှိ မြေကွက်များကို အလွဲသုံးစား ပြုမှုဖြင့် ပါ နာမည်ထွက်နေသေးသည်။

ထို့အတူ ပါတီက ထူထောင်ခဲ့သည့် နာရေးကူညီမှုအသင်းပါ ပျက်စီးယိုယွင်းနေပြီဟု ပါတီတွင်း သတင်းများက ဆိုပြီး၊ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လက်စမသတ်ခဲ့သည့် ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်ရှိ လမ်းများမှာလည်း မပြီးပြတ်သေးကြောင်း သိရသည်။

ယခုအခါ ကြံ့ဖွံ့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များအကြား အာဏာခွဲဝေရာ၌ မကျေလည်မှုများ ရှိနေသဖြင့် စည်းရုံးရေး ကိစ္စများ၌ပါ အားနည်းလာနေကာ၊ အစိုးရသစ်တွင် တာဝန်ယူထားသူများ၏ ဝင်ရောက်ချယ်လှယ်မှုများကြောင့် မကျေမနပ် ဖြစ်နေကြကြောင်း ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလာသည်။

ကြံ့ဖွံ့ပါတီကို ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ နာယက အဖြစ် ဦးသန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးတို့က ဦးဆောင်လာခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။

ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်ဟု စစ်အစိုးရ ကြေညာခဲ့သည်။

Ref;Mizzima

Read More...

ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ

09 May 2011

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်း တပ်များနှင့် မြန်မာအစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများရှိသည် ဟု ကရင် တပ်မှူး များက ပြောသည်။

Battle-News-9-5-11

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အား ခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက် မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း -မြန်မာ နယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟုသိရ သည်။

မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသ ခံတဦးက ပြောသည်။

၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများအပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ ခဲ့သည်ဟု သိရသည်။

Ref;Irrawaddy

Read More...

ဂတ်စ်ကို နိုင်ငံခြားသို့ ရောင်းပြီး ဖွဲခွံဓါတ်ငွေ့ဖြင့် မီးပေးမည့် အစီအစဉ် စစ်တွေ မြို့သားများ လက်ခံမည်မဟုတ်

5/9/2011

စစ်တွေမြို့ လျှပ်စစ်မီး ရရှိရေးကို ဓါတ်ငွေ့ အပါအ၀င် ဒီဇယ် စက်များကို အသုံးမပြုဘဲ ဖွဲခွံသုံး ဓါတ်ငွေ့ဖြင့် လျှပ်စစ်မီး ပေးဝေ လာမည်ဆိုပါက မြို့လူထု အနေဖြင့် ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက် သွားမည် ဖြစ်ကြောင်း စစ်တွေမှ မြို့ခံ လူကြီး တစ်ဦးက ပြောသည်။

“ဒီဖွဲခွံ ဓါတ်ငွေ့သုံး စက်တွေက လေထု ညစ်ညမ်းမူကို အရမ်း ဖြစ်စေတဲ့ အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူကိုလည်း ဖြစ်ပေါ်စေပါတယ်။ အခု စစ်တွေမှာ ဖွဲခွံ စက်ကနေ ထုတ်လိုက်တဲ့ အညစ်အကြေး တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ် ညမ်းမူနဲ့ ရေနေ သတ္တ၀ါတွေပါ သေနေ တာကို တွေ့နေရပါ တယ်။ ဒါကြောင့် ဒီလို ဖွဲခွံသုံး စက်တွေကို ဆက် တည်ဆောက် မယ်ဆိုရင် တတ်နိုင် တဲ့ နည်းနဲ့ ကန့်ကွက် သွားရမှာ ဖြစ်ပါတယ်” ဟု သူက ပြော သည်။

စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက် ပြည်နယ်ရုံးနောက်တွင် တည်ရှိသော ဖွဲခွံ သုံး မီးစက်မှ ထွက်ရှိသော အညစ်အကြေး အရည်များမှာ မီးစက်တည်ရှိရာ သဗ္ဗာန်ချောင်း ထဲသို့စီးဝင်နေသဖြင့် ရေနေသတ္တ၀ါများ သေဆုံးမူရှိနေပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မူ ရှိနေကြောင်း သိရသည်။

“ အရင် သဗ္ဗာန်ချောင်းထဲမှာ လူတွေက နေ့တိုင်းလိုလို ငါးရှာလို့ရတယ်။ အခု ငါးဆို တစ်ကောင်မှ ချောင်းထဲကို မ၀င်တော့ဘူး။ ချောင်းတစ်ခုလုံးက အဆိပ်သင့်သွားပြီ ဖြစ်တယ်။ ချောင်းထဲ ပေါက်ရောက် နေတဲ့ ဒီရေရောက် တောတွေလည်း ပျက်စီးနေတယ်။ ဒီလို ဖြစ်တာက ဖွဲခွံစက်က စုတ်ထုတ်ပစ်တဲ့ အရည်တွေကြောင့် ဖြစ်ပါတယ်။ ဒီလို စက်မျိုးတွေ ဆက်တည်ရင် ရှေ့မှာ ပို ထိခိုက်နိုင်ပါတယ်” ဟုသူက ပြောသည်။

ဖွဲခွံသုံး စက်ရုံမှ ထွက်လာသော အနံ့အသက်မှာလည်း အထူး ဆိုးရွားပြီး စက်ရုံမှ ထုတ်လိုက်သော မီးခိုမှာလည်း လေထု ညစ်ညမ်းမူကို အရမ်းဖြစ်စေသည်ဟု သိရသည်။

“ အခုက ဒီစက်ရုံပိုင်ရှင် ဦးစိုးတင့်အောင်က စစ်တွေ တမြို့လုံးကို ဖွဲခွံနဲ့ မီးပေးမယ်ဆိုပြီး လျှောက်ထားတယ်လို့ သိရတယ်။ တခြား ကုမ္ပဏီ တစ်ခုကလည်း ဒီဇယ်နဲ့ တမြို့လုံးကို မီးပေး မယ်ဆိုပြီး လျှောက်ထားတယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာ အတည်တော့ မကျ သေးဘူး။ ဘယ်သူ့ကိုမှ မပေးသေးဘူး။ ဖွဲခွံစက်တွေကို ဆက်တည်ပြီး မီးပေးဖို့ လုပ်ရင်တော့ စစ်တွေ က လူတွေက အထက် နေပြည်တော်ထိ စာရေး တိုင်မယ်လို့ စီစဉ်ထားပါတယ်” ဟု သူက ပြောသည်။

ဖွဲခွံ မီးစက်မှ ဖြန့်ဖြူးသော မီးမှာ အားမပြည့်သဖြင့် ကြက်ဥ အနှစ်ကဲ့သို့ ခပ်ကြန်ကြန် ဖြစ်နေပြီး မည်သည့် စက်မူ လက်မူ လုပ်ငန်းကိုမှ အဆိုပါ လျှပ်စစ်မီးဖြင့် လည်ပတ် လုပ်ကိုင်နိုင်ခြင်း မရှိ ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဓါတ်ငွေ့သိုက်များမှ ဓါတ်ငွေ့များ ထုတ်ယူနေပြီ ဖြစ်သော်လည်း ဓါတ်ငွေ့ကို ဒေသအတွင်း တစုံတရာ အသုံးမပြုဘဲ အိမ်နီးချင်း တရုတ်သို့ ရောင်းစားထားပြီး စစ်တွေ အပါအ၀င် ရခိုင်မှ မြို့များတွင် ဖွဲခွံဖြင့် လျှပ်စစ် မီးပေးရန် အစိုးရမှ စီစဉ်နေခြင်း အပေါ် ရခိုင် လူထုက အထူး မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

Ref;Narinjara

Read More...

အပေါ်သို့