Saturday, January 23, 2010

အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို လက်နက်နှင့်ကားပါမစ် လဲရန် စီစဉ်ပေး

လင်းနိုင်ဦး/ ၂၂ ဇန်န၀ါရီ ၂ဝ၁ဝ

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ ဗဟို ကော်မတီဝင်များကို ကားပါမစ်တစောင်စီ ထုတ်ပေး လိုက်ခြင်းသည် ဒေသတွင်း လက်နက်အပ်ရန် ကျန်နေသည့် ကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ပုံရကြောင်း မြစ်ကြီးနားမြို့မှ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်း တဦးက ပြောသည်။

၎င်းက “အန်ဒီအေ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးကောင်စီက ကောင်စီဝင်တွေကို ပေးတာပါ။ ကိုယ့်မှာရှိတဲ့ လိုင်စင်မဲ့ကား တစီးစီးကို အရင် စာရင်းတင်ပြ ရတယ်။ အဲဒါကို အစိုးရက ယာဉ်လိုင်စင် ထုတ်ပေးတယ်။ ကားပါမစ် ပေးတဲ့သဘောပေါ့” ဟု ပြောသည်။

သက်ဆိုင်ရာက အန်ဒီအေ (ကချင်) တပ်ဖွဲ့ဝင် ခေါင်းဆောင်များအတွက် ကားလိုင်စင် လုပ်ပေးရန် ညွှန်ကြားချက် ရရှိထားကြောင်း၊ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း အတွက် ပရာဒို (၁) စီးနှင့် လင်ခရူဆာ (၁) စီး၊ ကျန်ခေါင်းဆောင်များ အတွက် ပရာဒို၊ လင်ခရူဆာ၊ ပါဂျဲရိုး၊ ဆာ့ဖ်၊ မာ့ခ်တူး၊ ကယ်တီးနာနှင့် ဖိုးဝှီး စသည့် ကားအမျိုးအစားများ ဖြစ်ပြီး တဦးလျှင် (၁) စီးစီ စုစုပေါင်း (၁၇) ဦးအတွက် ကား (၁၈) စီးဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကညနရုံးမှ တာဝန်ရှိ ဝန်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

၎င်းက “အန်ဒီအေ ခေါင်းဆောင်တွေ သူတို့တင်ပြထားတဲ့ လိုင်စင်မဲ့ ကားတွေကို ကျနော်တို့ရုံးကို ယူလာဖို့ လိုတယ်။ ကျနော်တို့က ခဲခြစ်တာ အပါအဝင် ယာဉ်လိုင်စင် အတွက် အားလုံး ပြုလုပ်ပေးဖို့ ညွှန်ကြားချက် ရထားတယ်။ အချို့ ခေါင်းဆောင်တွေ ယာဉ်လိုင်စင် လာလုပ်သွားပြီ” ဟု ပြောသည်။

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၁ - ၁၀)

စစ်အစိုးရသည် ဆိုင်ကလုံးနာဂစ်ထက် ပိုဆိုးဝါးဟု ဖိလစ်ပိုင်အမတ် ပြောကြား သတင်း
စားဝတ်နေရေး မလုံလောက်လို့ ရဲကပါ အာခံကြပြီ သတင်း
ဦးဝင်းတင် ရန်ကုန်ပြန်ရောက် သတင်း
ကျောင်းသွားစဉ် ကလေးစစ်သားစုဆောင်းခံရ သတင်း
ဒီမိုကရေစီအရေး မြန်မာစစ်အစိုးရဘက်က ရှင်းလင်းတဲ့ ခြေလှမ်း အမေရိကန်အစိုးရ စောင့်နေဆဲ သတင်း
စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု မလုံလောက်သေး သတင်း
ဒုက္ခသည်များ နေရပ်ပြန်ကြဖို့ ထိုင်းစစ်တိုင်းမှူး ပြောကြား သတင်း
တိုက်လေယာဉ်တစင်း ရန်ကုန်မြို့မှာ ပျက်ကျ၊ လေယာဉ်မှူး သေဆုံး သတင်း
ပဲခူးမြို့လယ်ခေါင်မှာ ကလေးစစ်သားတွေ စုဆောင်း သတင်း
ဒီကေဘီအေမှ တပ်သားသစ် အဓမ္မကောက်ယူနေ သတင်း
ကိုးကန့်နယ်မြေတာဝန်ကျ မြန်မာစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ် သတင်း
လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုနှင့် မြန်မာအမျိုးသမီးများ အခြေအနေ သတင်း
အကျဉ်းကျ လယ်သမားများ၏ မိသားစုများကို ILO ညွှန်မှူး သွားရောက်တွေ့ဆုံ သတင်း
မြန်မာနိုင်ငံဝင်ခွင့် ဗီဇာကို နယ်စပ်မြို့များတွင် ထုတ်ပေးမည် သတင်း
စည်ပင်၏ မင်းမဲ့စရိုက်ကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ ရန်ကုန်မြို့သစ်များက အသေးစားလုပ်ငန်းရှင်များ သတင်း
ကြားခံကုမ္ပဏီစနစ် အလုပ်သမားမှတ်ပုံတင်ရေး အဆင်မပြေ သတင်း
အမေရိကန်တက္ကသိုလ်က မြန်မာကျောင်းသူ သတင်း
လယ်သမားတွေ ပုံမှန်အခြေအနေ ရောက်ပြီလား သတင်း
၂၀၁၀ ရွေးကောက်ပွဲလုပ်မယ့်ကိစ္စ အမေရိကန် မဝေဖန်နိုင်သေး သတင်း
အမေရိကန်ဆီးနိတ် ကြားနာပွဲ မြန်မာအကြောင်း ထည့်သွင်းပြော သတင်း
သီရိလင်္ကာရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်၊ မြန်မာရွေးကောက်ပွဲကိုလည်း သွား ရောက်လေ့လာလို သတင်း
ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများအား အာဏာပိုင်များ လိုက်လံကောက်ခံ သတင်း
အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို လက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး သတင်း
နယ်ခြားစောင့်တပ်ရင်းမှ ထွက်ပြေးသူ များပြား၊ အနားယူသူများလည်း ပင်စင်လစာ မရရှိသေး သတင်း
ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှုရပ်တန့်ရန် တရားဝင် ကန့်ကွက် သတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်မှုကို တားဆီးရာတွင် တားဝရမ်း မရှိခဲ့ သတင်း
နိုင်ငံတကာအကူအညီများပေးရေး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို သတင်း
ကြံ့ဖွံ့က အစ္စလာမ်ဘာသာဝင်များကို စည်းရုံး သတင်း
ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရမည်ကို စိုးရိမ်နေကြ သတင်း
အိုင်အယ်လ်အို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အောင်လံဒေသခံများကို တွေ့ဆုံဆွေးနွေး သတင်း
မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး သတ္တမအကြိမ် အစည်းအဝေး ကျင်းပ သတင်း
ကလေးငယ် စစ်သားအဖြစ် စုဆောင်းခံရမှုကို မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်း သတင်း
ကဗျာဆရာစောဝေ လွတ်ရက်စေ့သော်လည်း ပြန်မလွတ်သေး သတင်း
မဲဆောက်သွားတဲ့လမ်း (ဆောင်းပါး)
အားသစ်လောင်းရန် လိုအပ်နေသော အန်အယ်လ်ဒီ (ဆောင်းပါး)
လူထုဦးလှ ရာပြည့်ပွဲ (ဆောင်းပါး)
ဆရာဂျမ်း လွမ်းမပြေ … (ဆောင်းပါး)
ဒါလား ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ တက္ကသိုလ်ကျောင်း (ဆောင်းပါး)

Friday, January 22, 2010

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၂

ဗိုလ်ထက်မင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၀

ကျောင်းဆင်းစ အရာရှိပေါက်စနဲ့ ဆရာ၊ ဆရာကြီးတွေရဲ့ ဆက်ဆံရေးများကို ဆက်လက် တင်ပြပါဦးမယ်။ တပ်ကြပ်ကြီးဖြစ်သူက ငှက်ဖျားရောဂါ ကာကွယ်လိုလို့ ဖြစ်စေ၊ ကြိုက်လို့ ဖြစ်စေ၊ တပ်မတော်အရက် (Army Rum) သောက်သုံး နေပါရင်လည်း အရာရှိပေါက်စက တားဆီးနေတာမျိုး၊ မိမိကိုယ်တိုင်လည်း အရက်သောက်ပြီး မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေတာ မျိုးတွေကြောင့် ပြဿနာ ရှိတတ်ပါတယ်။ အဲဒီအခါ ဆရာကြီးက အရက် သောက်နေချိန်မှာတောင် တိုက်ပွဲ ၁ဝဝ အချိန်မရွေး ထတိုက်လို့ ရပါတယ်လို့ ရိသဲ့သဲ့ ပြောတာကို အရာရှိပေါက်စ ခံရပါတယ်။ အရာရှိပေါက်စက စည်းကမ်းများကို မလိုလားအပ်ဘဲ တင်းကျပ် တာမျိုး၊ စည်းကမ်း တကယ်ဖောက်လို့ ဆရာ၊ ဆရာကြီးများက ရဲဘော်များကို အရေးယူ ဆုံးမတာကို ဝင်ရောက် စွက်ဖက်တာမျိုး စတဲ့ ပဋိပက္ခများ ဖြစ်ပွားတတ်ပါတယ်။

ဆရာကြီးဖြစ်သူရဲ့ စစ်ဘက်အတွေ့အကြုံ ရင့်ကျက်မှုအရ စစ်ကစားခိုင်းတာကို အရာရှိ ပေါက်စက လူတတ်ကြီး လုပ်ပြီး ဆန့်ကျင်နေတာမျိုး ရှိပါတယ်။ ရန်သူနဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် ဆရာကြီးများက မိမိတပ်စုကို ရန်သူရဲ့ သတ်ကွင်းအတွင်း မရောက်ရှိ စေရေးအတွက် တောင်ပံများ ဖြန့်ကားခြင်း၊ တပ်စိတ်များကို ရန်သူ့နောက်ကျော ပတ်ခိုင်းခြင်း၊ အကူပစ် လက်နက်ကြီးများကို ဆွဲထုတ်၍ ကာပစ် ပစ်ခြင်း၊ စတာမျိုးတွေ စစ်ကစားခိုင်းရာမှာ အရာရှိနဲ့ ပြဿနာ တွေ့ရ တတ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်း ခရီးတထောက်နားလို့ အထက်ဌာနကို “စက်” ဆက်သွယ်မှု ယူနေချိန်မှာ ဖြစ်စေ၊ စစ်သုံးအခေါ် “စားချက်” ခေါ်တဲ့ နေ့လည်စာ၊ ညနေစာလိုမျိုး အချိန်ကြာမြင့်စွာ ယူရသည့် အခြေအနေမျိုး စစ်ကြောင်း ခဏ နားနေချိန်မှာဖြစ်စေ၊ နှစ်ယောက်တွဲ ကင်းကို ဆရာကြီးများက ကင်းရှည် ခပ်ဝေးဝေး ထုတ်ခိုင်းချိန်မှာ အရာရှိများက ရဲဘော်တွေကို အမှတ်ယူလိုတဲ့ သဘောနဲ့ မလိုပါဘူး ဆရာကြီး၊ သူတို့ အုပ်ချုပ်မှု (စားသောက်ရေး၊ အနားယူရေး) အဆင်ပြေဖို့ ကင်းကို ကပ် ထုတ်ပါလို့ ဝင်ပြီး ကွန့်တတ်ပါတယ်။ အဲဒီအခါ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာကြီးတွေက စားချက်လိုမျိုးမှာ အသံဗလံများ ဆူညံနေတာကြောင့် ရန်သူ အဝေးမှပင် ကြားနိုင်သဖြင့် အရာရှိ ပြောစကားကို နားမထောင်ဘဲ ဇွတ်လုပ်တတ်လို့ အရာရှိနဲ့ ဆရာကြီး ထိပ်တိုက်တွေ့ကာ ဆက်ဆံရေး တင်းမာ နေတာမျိုးလည်း ရှိပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၁ - ၁ - ၁၀)

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှု ရပ်တန့်ဖို့ တားဝရမ်းလျှောက် သတင်း
ဦးဝင်းတင် ဦးဆောင်သည့် အဖွဲ့ချုပ်ဗဟိုက မန္တလေးတိုင်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံ သတင်း
ILO အမှုဆောင်ညွှန်မှူး မြန်မာနိုင်ငံတွင်း ကွင်းဆင်းလေ့လာ သတင်း
စစ်အစိုးရအလိုကျ ဖွဲ့စည်းသည့် ကချင်ပြည်သူ့စစ်အဖွဲ့ အခက်ကြုံ သတင်း
သတင်းပေါက်ကြားမှုနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်စီရင်ချက် (မျက်မှောက်ရေးရာ)
ကိုဇာဂနာအမှု အယူခံ ကြားနာမည် သတင်း
သံဃာ့လှုပ်ရှားမှု ဖမ်းထားသူ (၈) ဦး ပုဒ်မ (၃) ခုဖြင့် စွဲချက်တင် သတင်း
ရွေးကောက်ပွဲဆိုင်ရာသတင်းများ ရေးသားခွင့် သက်ဆိုင်ရာက ပိတ်ထား သတင်း
ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိ
သတင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆက်လက်ဆိုးဝါးနေဆဲ သတင်း
ပြည်ထဲရေးဝန်ကြီးစကား လူ့အခွင့်အရေးသမားများ လက်မခံ သတင်း
လက်ရှိ အစိုးရ၀န်ထမ်းများအား လစာတိုးပေးသော်လည်း ပင်စင်စားများ မပါ သတင်း
လစာတိုးပေးမည့် အမိန့်စာကို ဌာနဆိုင်ရာများ လက်ခံရရှိပြီ သတင်း
ကားမှောက်၍ မြန်မာလုပ်သား (၁၄) ဦး ဒဏ်ရာရ သတင်း
ရန်ကုန်မြစ်ဘေးမှ အဆောက်အအုံများ မျက်စောင်းထိုးခံနေရပြီ သတင်း
ဘောပွဲရန်ဖြစ် ရဲအင်အား (၁၀၀) ကျော် အသုံးပြု သတင်း
၂၀၀၉ တိုက်ပွဲများတွင် SSA နှင့် နအဖသေနှုန်း ၁း ၅ ဟု SSA ထုတ်ဖော် သတင်း
ဖားကန့် ကျောက်စိမ်းတွင်းမှ တန်ချိန်(၁ဝဝ)ကျော်ရှိ ကျောက်စိမ်းတုံး သယ်ထုတ်ဖို့ ခက်ခဲနေ သတင်း
ကချင်အထူးဒေသ (၁) အဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ သတင်း
ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်များ ဂိုဒေါင်ချခွင့်မပေးဘဲ ဖမ်းဆီး သတင်း
အတိုက်အခံ (၈) ဦးကို တရားစွဲပြန် သတင်း
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ များပြားလာ သတင်း
ဟေတီငလျင်တွင် မြန်မာ့အရေးကူညီသူ ပညာရှင်တဦး ပျောက်ဆုံးနေ သတင်း
စစ်အစိုးရ လူ့အခွင့်အရေးချိုးဖောက်မှု တိုးလာဟု HRW ဝေဖန် သတင်း
နာလန်ဒါတက္ကသိုလ် ဆန္ဒပြပွဲတွင် မြန်မာသံဃာများ ပါဝင် သတင်း
ကြံ့ဖွံ့အသင်း ကျေးရွာခေါင်းဆောင်များအား ခေါ်ယူပြီး ရွာသားများအား စည်းရုံးခိုင်း သတင်း
သမဝါယမပိုင်အခန်းများ ပြန်အပ်ရန် ညွှန်ကြား သတင်း
အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဖြစ်အောင် အယ်လ်ကိုင်းဒါး ဖန်တီးနိုင် သတင်း
ဟေတီမှာ ပြင်းအား ၆.၁ ရှိ ငလျင် ထပ်မံလှုပ်ခတ် သတင်း
တပ်မတော်ကို ဦးစီးတည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တို့ရဲ့ မူလဆန္ဒမှန် (ဆောင်းပါး)

Thursday, January 21, 2010

နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ

ရဲဘော်ဖိုးသံချောင်း
၂၀ ဇန်န၀ါရီ ၂၀၁၀

ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်သူတွေက ဘာတွေပဲ ပြောပြော နအဖနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြားက ပြဿနာဟာ အဓိက ဆုံချက် ဖြစ်တယ်ဆိုတာ ၂ဝ၁ဝ ခုနှစ် အစပိုင်း အဖြစ်အပျက်တွေက အထင်းသား ဖော်ပြနေပါတယ်။ ဒါကို မီဒီယာသမားတွေက အသိဆုံးလို့ ပြောနိုင် ပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ဒီဆုံချက်ကို ဗဟိုပြုနေတဲ့ ကိစ္စတွေချည်းပဲ မဟုတ်ပါလား။

အထူးသဖြင့် ရွေးကောက်ပွဲ ဆိုတာနဲ့ နီးလာလေလေ ဒီနှစ်ဘက်အကြားက ကိစ္စဟာ ရှေ့တန်း တက်လာလေလေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ အမှန်ပြောရရင် ဒီနေ့ နောက်ဆုံး အခြေအနေမှာ ဘောလုံးဟာ နအဖဘက် ရောက်နေတာပါ။ ရွှေဂုံတိုင် ကြေညာချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံ ပေးစာအရရော နအဖ အနေနဲ့ အဖြေပေးဖို့ တာဝန်တွေ ရှိနေပါတယ်။ ပြည်သူလူထု ကလည်း နအဖဘယ်လို တုံ့ပြန်မယ် ဆိုတာကို အာရုံ စိုက်စောင့်ကြည့် နေပါတယ်။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေကတော့ ဒီကိစ္စတွေ မရှိခဲ့လေဟန်၊ သူတို့မှာ ဘာတာဝန်မှ မရှိလေဟန်၊ ပေယျာလကံ ပြုနေပါတယ်။

ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်အောင်ကြည်နဲ့ တွေ့စေတယ်ဆိုတဲ့ လေပြေထိုးလေးပဲ ဖော်ထုတ် ခဲ့တာကို အားလုံး သတိထား လိုက်မိပါလိမ့်မယ်။ ဒါဟာလည်း သတင်းစာထဲမှာ ဓာတ်ပုံလေးတပုံ၊ စာတိုလေး (၃-၄) ကြောင်းနဲ့ ပြီးသွားတာပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဘာမှ မသိရတဲ့ ရသေ့ရှစ်သောင်း ဇာတ်တခု ဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ သတင်းစာတွေမှာရော ပြည်တွင်းက တခြား မီဒီယာတွေထဲမှာပါ ဘယ်သူမှ မှတ်ချက်မပေးတာ၊ သဘောထား မဖော်ပြကြတာကို ကြည့်ရင် တနေ့မပြတ်၊ တရံမလပ် စွာလောင်စွာလောင် ရေးနေတဲ့ သူတွေဟာ နအဖက “တိတ်” ဆိုတော့လည်း တိတ်နေကြပါလားလို့ စဉ်းစား မိပါတယ်။

အခုနောက်ပိုင်းမှာ ဆင်ခြေအသစ်တခုကို အတော်လေးကြားနေ၊ တွေ့နေရပါတယ်။ အဲဒါက “တပ်မတော် အစိုးရ လုပ်တာတွေ အပေါ်မှာ သံသယနဲ့ ကြည့်နေကြလို့ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေ တင်းမာနေတယ်” ဆိုတဲ့ ပြောစကား ဖြစ်ပါတယ်။ ဒီစကားကို ကြားရတော့ မဆလ လက်ထက်တုန်းက နားကြားပြင်း ကပ်အောင် ကြားခဲ့ရတဲ့ မဆလရဲ့ ဝါဒဖြန့် သီချင်းတပုဒ်ကိုတောင် သွားသတိရမိပါတယ်။ “သံသယဆိုသည်မှာ အလကား၊ မှန်သပဆိုသည်မှာ ပတ္တမြား” ဆိုတာပါ။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ဆိုပြီး နေရာတကာမှာ လွှင့်နေ၊ ဖွင့်နေတဲ့ သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က မဆလ အစိုးရဟာ တိုင်းရင်းသားများက သူတို့ကို မယုံတာသိနေလို့ သူတို့ကို ယုံခိုင်းနေတာ ဖြစ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၀ - ၁ - ၁၀)

၂၀၀၉ မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဆက်လက်ကျဆင်းခဲ့ သတင်း
အမေရိကန်အစိုးရ နအဖအပေါ် စိတ်မရှည်နိုင်တော့ကြောင်း အသိပေးပြောကြား သတင်း
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အမေရိကန် အားမရမှု NLD ထောက်ခံ သတင်း
မြန်မာ့နိုင်ငံရေးပြဿနာ သော့ချက် (၃) ရပ် ရှိတယ်လို့ သုံးသပ် သတင်း
ဦးဝင်းတင်၏ ပထမဆုံးခရီးစဉ်၊ ပါတီဝင်များနှင့် တွေ့ဆုံခြင်း သတင်း
ဦးဝင်းတင်နှင့်အဖွဲ့ ပြင်ဦးလွင်မြို့၌ လူထုဒေါ်အမာအိမ်သို့ သွားရောက်ခဲ့ သတင်း
ကေအဲန်ယူခေါင်းဆောင် ဗိုလ်ချုပ်မြ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ သတင်း
ကချင်အဖွဲ့ အထူးအစည်းဝေးပွဲ ပြီးပေမယ့် ပြဿနာများ မရှင်း သတင်း
စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြုံနေ သတင်း
နယ်စပ် စစ်ဆေးရေးဂိတ်သစ် ဘင်္ဂလား ဖွင့်လှစ် သတင်း
မလေးရှား ထိန်းသိမ်းရေးစခန်းအတွင်းက ကျန်းမာရေး အခြေအနေ သတင်း
မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် လုပ်သူများလာ သတင်း
ကားတင်သွင်းခွင့်နှင့် စက်သုံးဆီဆိုင်များ ပုဂ္ဂလိက လုပ်ခွင့်ပေးမည် သတင်း
ထိုင်းဆိုင်ကယ်များ မြန်မာဘက်မှ အ၀ယ်လိုက်၊ မြ၀တီမှတဆင့် နေ့စဉ်တင်သွင်း သတင်း
တပ်ရိက္ခာအကြောင်းပြပြီး အာဏာပိုင်နှင့် ကုန်သည်ပေါင်း၍ စပါးဝယ်ယူနေ သတင်း
ခိုးကူးခွေရောင်းလျှင် ငွေဒဏ်ဖြင့်မရ၊ ထောင်ပါချမည် သတင်း
အိုးဘိုထောင် နိုင်ငံရေးအကျဉ်းသားကို ရာဇ၀တ်သားနှင့် တခန်းတည်း အတူထား သတင်း
ပရင်နဲ့ ဆူလာယုဒ်ကို ရှပ်နီ (၂၀၀) လောက်က ဆန့်ကျင်ကန့်ကွက် သတင်း

Wednesday, January 20, 2010

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၁

ဗိုလ်ထက်မင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၀

မြန်မာ့တပ်မတော်အတွင်းမှာ စီမံခန့်ခွဲရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို ဆုံးဖြတ်နိုင်မှု အမြင့်ဆုံးဖြစ်ကာ သက်သာချောင်ချိရေး အပိုင်းမှာလည်း အခြား အဆင့်တွေထက် အခွင့်အရေး ပိုမို ရရှိကြသူများကတော့ တပ်မတော် ပြန်တမ်းဝင် အရာရှိများ ဖြစ်ကြပါတယ်။ သူတို့ရဲ့ တပ်တွင်း ဆက်ဆံရေးနဲ့ သဘော သဘာဝတို့ကို စာဖတ် ပရိသတ်များကို တင်ပြသွားပါမယ်။

အရာရှိအဆင့် ဒုဗိုလ်မှ ဗိုလ်ဖြစ်ဖို့ တနှစ်၊ ဗိုလ်မှ ဗိုလ်ကြီးအထိ သုံးနှစ်လို့ ယေဘုယျ သတ်မှတ် ထားပြီးတော့ အဲဒီအရာရှိ ၃ မျိုးကို “အရာရှိငယ်များ” လို့ သတ်မှတ်ပါတယ်။ Officiating ယာယီတပ်ခွဲမှူး (ဗိုလ်မှူး/ဗိုလ်ကြီး) နဲ့ ဗိုလ်မှူးအဆင့် များကိုတော့ “အရာရှိ အလတ်” ဟု သတ်မှတ်ကာ ဒုဗိုလ်မှူးကြီးနှင့် အထက် အဆင့်ကို “အရာရှိကြီးများ” အဖြစ် သတ်မှတ် ထားပါတယ်။

ရှင်လောင်းကာလလို့ခေါ်တဲ့ (Officiating) ဆိုတာဟာ ပုခုံးပေါ်မှာ အပွင့်မတင်သေးဘဲ တဆင့်မြင့် ရာထူးရဲ့ လစာကို တနှစ်ကြိုတင် ရရှိထားပြီး အထက်အရာရှိက စိတ်ကျေနပ်မှု ရရှိလို့ ထောက်ခံချက် ပေးလိုက်ပါမှ အဲဒီရာထူးရဲ့ အပွင့်တင်ခွင့် ရရှိသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်မှူး လစာစားသော (ယာယီတပ်ခွဲမှူး ဗိုလ်မှူး) ဗိုလ်ကြီးဆိုတဲ့ အဆင့်ရှိသလို ဒုဗိုလ်မှူးကြီး (တပ်ရင်းမှူး) လစာစားကာ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး အဆင့် ဆိုတာကိုလည်း ထားရှိပါတယ်။ ထိုနည်းတူ ဗျူဟာမှူး ဗိုလ်မှူးကြီး လစာစားသော ယာယီဗျူဟာမှူး ဒုဗိုလ်မှူးကြီးအဆင့် ဆိုတာလည်း ရှိပါတယ်။ တပ်မမှူးနှင့် အထက် အရာရှိကြီးများကိုတော့ လစာ ကြိုတင်ပေးကာ အပွင့် မတင်ခိုင်းသေးပေမယ့် အခေါ်အဝေါ်ကိုတော့ ယာယီစကားလုံး ဖြုတ်လိုက်ပြီးတော့ တပ်မမှူး၊ တိုင်းမှူး စသဖြင့်သာ ခေါ်ဝေါ်ကြပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၉ - ၁ - ၁၀)

မြန်မာ့အရေး အမေရိကန် အဆုံးမဲ့ စိတ်ရှည်မည်မဟုတ် သတင်း
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခြင်းသည် ခွဲထွက်ခြင်းမဟုတ် (၁၀) ကြိမ်မြောက် ညီလာခံ၌ RCSS ဥက္ကဌ ပြော သတင်း
အင်္ဂါဆုတောင်းပွဲနှင့် အဖွဲ့ချုပ် အမျိုးသမီးခေါင်းဆောင်၏ သဘောထားအမြင်များ သတင်း
နိုင်ငံရေးအကျဉ်းသား (၃) ဦး တိုက်ပိတ်ထားခံရ သတင်း
အိုင်အယ်လ်အိုနှင့် ကူညီတိုင်ကြားသူ ရန်ကုန်မြို့တွင် တွေ့ဆုံမည် သတင်း
အိန္ဒိယပြည်ထဲရေးမှ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ သတင်း
ပဋိပက္ခဖြစ်နေသည့် (၁၄) နိုင်ငံအတွက် ဒေါ်လာသန်း (၁၀၀) ကုလ ထောက်ပံ့ သတင်း
နိုင်ငံရေးအင်အားစု နိုင်ငံရေးလှုပ်ရှားမှုတွေ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့်မရ သတင်း
ထိုင်းအရာရှိက မြန်မာလူမှုရေးအဖွဲ့များအား သတိပေး သတင်း
မြန်မာပြည်၏ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကုလ ချီးကျူး သတင်း
ILO နှင့် မြန်မာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုး သတင်း
တရားမ၀င် မြန်မာအဖွဲ့တွေ သတိပေးခံရ သတင်း
ထိုင်း-မြန်မာနယ်စပ် နို့ဖိုးစခန်းက ဒုက္ခသည်တွေ ဆန္ဒပြ သတင်း

Tuesday, January 19, 2010

ထိုင်းနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို မြန်မာစစ်အစိုးရက ခြိမ်းခြောက်နေတယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြော

January 19, 2010

မစ္စတာ စူကွန်ဘန်းဒ် ပါရစ်ဘာထရာက အင်္ဂါနေ့ည ညစာစားပွဲတခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ သူပြော တာက အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖိအားပေးမှုတွေ ပိုမို များပြားလာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အေးဆေး တည်ငြိမ်မှုဟာ စိတ်မချရတဲ့ အနေအထား မျိုးကို ရောက်လာနေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ဘန်ကောက်ရှာရတန် ဟော်တယ်မှာပြုလုပ်တဲ့ တွေ့ဆုံပွဲတခုမှာ လက်ရှိအုပ်ချုပ်နေ တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဒုတိယ အတွင်းရေးမှူးချုပ်လည်းဖြစ်၊ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ မစ္စတာ စူကွန်ဘန်းဒ်က ထိုင်းနိုင်ငံရဲ့ ဒေသတွင်း မတည်ငြိမ်မှုရဲ့ အဓိက အကြောင်းရင်း က အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ကြီးမားလာနေတဲ့ လက်ရှိ စစ်တပ်အင်အား အနေအထားကြောင့် ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။ သူ နှိုင်းယှဉ်ပြတာက ထိုင်းနိုင်ငံရဲ့ လက်ရှိ စစ်တပ်အင်အားက ၄၃၀၀၀၀ လောက် ရှိပြီး မြန်မာနိုင်ငံရဲ့ စစ်တပ် အင်အား က ၅ သိန်းကျော်လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်းနဲ့ အရှေ့တောင် အာရှမှာ အကြီးမားဆုံး စစ်တပ်ကြီး ဖြစ်လာ နေတယ်လို့ နှိုင်းယှဉ် ပြောကြား သွားခဲ့ပါတယ်။

မြန်မာစစ်အုပ်စုဟာ ခေတ်မီအဆင့်အတန်း မြင့်တဲ့ တပ်မတော် စစ်အင်အားကို တိုးချဲ့ ထားတာလို့ ပြောဆိုပြီး အတော်ကြာ ကတည်းက မြန်မာ စစ်တပ်ဟာ သူ့ရဲ့ တပ်မတော်ကို ခေတ်မီ အဆင့်အတန်း မြင့်အောင် ကြိုးပမ်းနေတာ ဖြစ်ကြောင်းနဲ့ ဒီရဲ့ နောက်ဆက်တွဲ အနေနဲ့ ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုဆီကို မီးထိုးပေးသလို ဖြစ်နေ တယ်လို့ မစ္စတာစူကွန်ဘန်းဒ်က ဝေဖန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ပြီးတော့လည်း ထိုင်းနိုင်ငံဟာ နိုင်ငံကာကွယ်ရေး စစ်ရေး အသုံးစရိတ်အဖြစ် တိုင်းပြည်ရဲ့ အသားတင် ထုတ်ကုန် ပမာဏရဲ့ ၅% အောက်သာ သုံးစွဲပြီး နေပြည်တော်က စစ်အာဏာရှင် အုပ်စုကတော့ တိုင်းပြည် ရဲ့ ဂျီဒီပီပမာဏရဲ့ ၃ပုံ ၁ပုံလောက် သုံးစွဲဖို့ခွဲခြား သတ်မှတ် ထားတယ်လို့ ယူဆရကြောင်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၁ - ၁၀)

ဦးဝင်းတင် ပထမဆုံး နယ်ဝေးခရီး ထွက်ခွင့်ရ သတင်း
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပ သတင်း
အန်အယ်လ်ဒီ ပြည်နယ်/တိုင်း ဗဟိုအလုပ်အမှုဆောင် ပြင်ဆင်ဖွဲ့စည်းမည် သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဘတ်စကားပေါ် ဓာတ်ပုံဖြန့်ဝေ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်လျှောက်ထားချက် ဗဟိုတရားရုံးချုပ် အပြီးသတ် ကြားနာ သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မည်ဟု ရှေ့နေများ မျှော်လင့် သတင်း
အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီပေးဖို့ သတင်း
နိုင်ငံရေးသမား (၂၀) ကျော် အမှု တလအတွင်း စီရင်ဖွယ်ရှိ သတင်း
နိုင်ငံရေးအကျဉ်းသား ထောင်ဝင်စာ အပိတ်ခံရ သတင်း
ညီညီအောင်ကို မိသားစုနှင့် ထောင်ဝင်စာတွေ့ခွင့် ထပ်မံကန့်သတ် သတင်း
မြစ်ဆုံရေလှောင်တမံ (၂၄) နာရီကြာ ၀တ်ပြုဆုတောင်းပွဲ စတင် သတင်း
တိုင်းမှူး၏ နေကြာစီမံကိန်းကြောင့် ဘိုကလေး လယ်သမားများ အခက်တွေ့ သတင်း
ပေါက်ယူချန်း၏ စစ်ရေးသတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့် သတင်း
မြန်မာအမျိုးသားမှတ်ပုံတင်ကို ကိုင်ပြီး ဘုရားဖူးသွားသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၁၂) ဦး ထောင် (၆) လစီ ချမှတ်ခံရ သတင်း
ရိုဟင်ဂျာဝင်ရောက်မူ ကာကွယ်တားဆီးရေး အစိုးရထံ အချက် (၇) ချက်ကို တောင်းဆို သတင်း
800 MHz ဖုန်းများ ရန်ကုန်တွင် ချထားပေးပြီ သတင်း
ရှမ်းချစ်သူများနေ့ လူကုန်ကူးမှု ပညာပေးဟောပြော သတင်း
ကျောင်းဆရာတဦးကို နအဖ စစ်ဗိုလ်များက အရက်မူးပြီး မတရား ရိုက်နှက် သတင်း
ထောက်ခံစာဖြင့်သာ ဖုန်းဝယ်ယူနိုင် သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နှင့် ခေါင်းဆောင်မှုပြဿနာ (ဆောင်းပါး)
အမေရိကား၌ အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်း (ဆောင်းပါး)
အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည် (ဆောင်းပါး)
အခြေခံဥပဒေအသစ်နှင့် ကြံ့ဖွံ့အခန်းကဏ္ဍ (ဆောင်းပါး)
ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ် (ဆောင်းပါး)

မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဖြစ်သော နယ်စပ်ကုန်သွယ်ရေးရှိ အကောက်ခွန် ၀န်ထမ်းများ ပြည်သူ၏ မျက်နှာကို မကြည့်ဘဲ တဘို့တည်းသာ ကြည့်နေခြင်း

Saturday, January 16, 2010

အပေါ်မှာရေးထားသောစာသားများသည် အကောက်ခွန် ၀န်ထမ်းများအဖို့တော့ ရှက်ရမည့် အစား ပန်းနှင့် ပေါက်နေသလိုပင် ဖြစ်နေပါလိမ့်မည်...


အကောက်ခွန်ဌာန၏ အမျိုးမျိုးသော လာဘ်စားမှုများသည် မည်သူ့ကို ထိခိုက်စေသနည်း.. မည်မျှထိ ဆိုးကျိုး ထိရောက်သနည်း… ဒီမိုမီဒီယာတွေ ဘာကြောင့် ဒီအကောက်ခွန်တွေရဲ့ လာဘ်စားမှုတွေ အမြဲလိုလို ထောက်ပြ နေရတာလဲ..
အဲဒါ တွေကို မရှင်းမီ အခု မြ၀တီမှာ ကြည့်မကောင်းအောင် မြင်နေရသော တရားမ၀င် ပစ္စည်း သယ်ယူမှုကို ကြည့်ပါလေ.. မြင်တတ်သူတိုင်း မြင်ပါလိမ့်မည်…

- လျှပ်စစ်ပစ္စည်း အမျိုးမျိုး

- အထည်အလိပ် အမျိုးမျိုး

- ဂတ်စ်အိုးနှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး

- ကားနှင့်ပတ်သတ်သည့်စက်ပစ္စည်း အမျိုးမျိုး

- အလှကုန် အမျိုးမျိုး

- လူသုံးကုန်ပစ္စည်းမျိုးစုံ

- ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး

- ဆောက်လုပ်ရေးပစ္စည်း အမျိုးမျိုး

များကို မယ်ဆောက်တခွင် ပြဲပြဲစင်အောင် မြ၀တီမှ Light Track ၊ Town Ace၊ Hilux များ တင်ဆောင်ကြသည်.. သူတို့သည် မည့်သည် အခွန်မှ ပေးဆောင်စရာ မလိုပါ..

မည်သည့် အစစ်အဆေးကိုမှလည်း မခံရပါ…ဘာကြောင့်ပါလဲ

Read More...

Monday, January 18, 2010

နေ့စဉ်သတင်းများ ( ၁၇ - ၁ - ၁၀)

အကျယ်ချုပ် သက်တမ်းပြည့်တော့မည့် ဦးတင်ဦး ပြန်လွတ်မည်လော သတင်း
Google က ထုတ်လုပ်လိုက်တဲ့ Nexus One တယ်လီဖုန်း သတင်း
ကဗျာဆရာကြီး (ဦး) တင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် ဆွမ်းကျွေးအခမ်းအနား မိသားစုနှင့် မိတ်ဆွေတို့ ကျင်းပကြမည် သတင်း
နအဖ စစ်ယာဉ်တန်း အစီး (၁၀၀) ခန့် သျှမ်းပြည်အလယ်ပိုင်းသို့ တက်ဖြည့်တင်း သတင်း
ကရင်အပစ်ရပ်အဖွဲ့များကို အရှေ့တောင်တိုင်း စစ်တိုင်းမှူး တွေ့ဆုံ သတင်း
၂၀၁၀ ရွေးကောက်ပွဲကို NLD ၀င်ရေး၊ မ၀င်ရေးနဲ့ ပတ်သက်ပြီး ဘလော်ဂါတချို့ရဲ့ အမြင် သတင်း
အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ဟု အာဏာပိုင်တို့ ပြောကြား သတင်း
တရားစွဲခံရ၍ လယ်မလုပ်ရသည့် လယ်သမားများ စားဝတ်နေရေး အခက်တွေ့ သတင်း
မွန်အမျိုးသားနေ့ ပိုစတာပါ အကြောင်းအရာစာတမ်း မွန်ဘာသာဖြင့် ဖတ်ကြားမည် သတင်း
ဆယ်တန်းတွင် မြန်မာစာကျသူ (၂၇) ရာခိုင်နှုန်းရှိဟု ဂုဏ်ထူးဦးသိန်းနိုင် ပြောဆို သတင်း
အမေရိကန် သမ္မတသို့ မင်းတုန်းမင်း ပေးပို့သောစာ (အသံလွှင့်ဆောင်းပါး)
အရင်က ရေဒီယိုဂျာနယ်လစ်၊ အခုတော့ အချိန်ပြည့် ပန်းချီဆရာ (အင်တာဗျူး)
စပိန်နိုင်ငံရေးသမားဓာတ်ပုံကို ဘင်လာဒင်၏ လက်ရှိပုံရိပ်အဖြစ် အမေရိကန် ပုံမှားရိုက် သတင်း
EXPO' 2010 ကုန်စည်ပြပွဲ တွက်ချေမကိုက် သတင်း
ကြံ့ဖွံ့က လူထုစည်းရုံးရေး တိုးမြှင့် လုပ်ဆောင်လာ သတင်း
ပန်းချီဆရာ ဇော်မင်းက ဇင်းမယ်တွင် တကိုယ်တော် ပြမည် (ဓာတ်ပုံသတင်း)

Sunday, January 17, 2010

အထစ်အငေါ့ မရှိသော CEC ဖွဲ့စည်းမှုဟု ဦးဝင်းတင် ပြော

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုလ ၁၁ ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင် ကော်မတီ - CEC ကို အဖွဲ့ဝင်သစ် ၉ ဦးဖြင့် ထပ်မံ တိုးချဲ့လိုက်ပြီ ဖြစ်သည်။

CEC အဖွဲ့ဝင် ၇ ဦး တက်ရောက်လာနိုင်သည့် အစည်းအဝေးက ထိုကဲ့သို့ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အသစ် ဖွဲ့စည်းပြီး CEC အဖွဲ့ဝင် ဦးရေ ၂ဝ ၏ အမည်စာရင်းကိုမူ ယမန်နေ့ ၁၄ ရက်နေ့ကျမှ တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရက်ရွှေ့ဆိုင်းကာ CEC အမည်စာရင်း ထုတ်ပြန်မည်ဟု ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်များက မီဒီယာများသို့ ပြောကြားသည့် အပေါ် အကဲခတ် အချို့က ပါတီတွင်း သဘောထား ကွဲလွဲမှုများ ရှိနိုင်ကြောင်း ခန့်မှန်းသည်များလည်း ရှိခဲ့သည်။

ထို့ကြောင့် မဇ္ဈိမက CEC အဖွဲ့ဝင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ကို CEC အသစ်တိုးချဲ့ ဖွဲ့စည်းမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ဦးဝင်းတင်က လတ်တလော CEC တိုးချဲ့မှုတွင် အထစ်အငေါ့ မရှိသလို၊ ပါတီတွင်း၌ ညီညွတ်မှု တည်ရှိ နေကြောင်းနှင့် ဆက်လက်၍လည်း ညီညွတ်ရေးကို ထိန်းသိမ်း သွားမည့်အကြောင်း ပြောဆို လိုက်ပါသည်။

အသေးစိတ် အခြေအနေကို မဇ္ဈိမ တီဗီသတင်းထောက်က မေးမြန်းထားခြင်း ဖြစ်ပါသည်။

ဦးဝင်းတင် ပြောဆိုချက်များ

အခု NLD ကနေပြီးတော့ CEC တိုးချဲ့ဖွဲ့စည်းလိုက်တယ်ပေါ့ဗျာ။ ဒါဟာ လိုအပ်လာလို့ ကျနော်တို့ လုပ်တာပါ။ ဒီဟာဖွဲ့ဖို့ ကျနော်တို့ စီစဉ်နေတာ ကြာပြီ၊ ညှိနှိုင်းနေတာလည်း ကြာပြီ။ အခုမှ ဖွဲ့ဖြစ်တယ်ပေါ့။ ဒါဟာလည်း အောက်ခြေတို့ ဘာတို့ကလည်း တိုးချဲ့ ဖွဲ့စည်းဖို့ တောင်းဆို နေတာလည်း ကြာပြီ။ အထက်မှာလည်း လိုအပ်ချက်တွေ အရ ဖွဲ့ဖို့ စီစဉ်နေတာလည်း ကြာပြီပေါ့။ အခု ဖွဲ့ဖြစ်တယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၆ - ၁ - ၁၀)

မြန်မာပြည်ရောက် အမေရိကန်ပညာရှင်အဖွဲ့ NLD နဲ့ ဆွေးနွေး သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ပါမောက္ခ တွေ့ဆုံဆွေးနွေး သတင်း
အဖွဲ့ချုပ် ရေနံချောင်း အမျိုးသမီးလုပ်ငန်းအဖွဲ့ ဖွဲ့မည် သတင်း
ရွေးကောက်ပွဲလုပ်မယ့်ရက်ကို မကြေညာရဲတဲ့ နအဖ သတင်း
မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပ သတင်း
နှစ်လကြာ စစ်ဆေးခံနေရသည့် မီဒီယာသမားနှစ်ဦးကို အင်းစိန်ထောင် ပြန်ပို့ သတင်း
ရွေးကောက်ပွဲဥပဒေ (၇၀) ရာခိုင်နှုန်း ပြီးစီးနေပြီဟု နအဖနိုင်ငံခြားရေးဝန်ကြီးက ပြော သတင်း
နအဖနိုင်ငံခြားရေးဝန်ကြီးကို ဂျပန်ရောက် မြန်မာများက ဆန္ဒပြမည် သတင်း
ထူးခြားသည့် နေကြတ်မှုကို စိတ်ဝင်တစား စောင့်ကြည့်သူများရှိ သတင်း
စစ်အစိုးရ၏ ရာဇ၀တ်မှုများကို အရေးယူရန် ဗြိတိန်ပါလီမန်အမတ်များ တောင်းဆို သတင်း
ဒီကေဘီအေ ပစ်ခတ်မှုကြောင့် ထိုင်းရွာလူကြီးတဦး ဆေးရုံတက်ရ သတင်း
စာရေးဆရာကြီး ဦးသုခ နှစ် (၁၀၀) ပြည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ကုသိုလ်လုပ် သတင်း
အောင်လံက လယ်သမားတဦး သရက်ထောင်မှ လွတ်၊ (၁၆) ဦး ထောင်ကျနေဆဲ သတင်း
မြစ်ဝကျွန်းပေါ်မှာ အိမ်သိန်းချီပြီး ပြန်ဆောက်ဖို့ လိုအပ်နေဆဲ သတင်း
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့် သက်တမ်း (၂) နှစ်တိုး သတင်း
ရုပ်ရှင်အကယ်ဒမီပွဲ ကျင်းပရန် စီစဉ်နေ သတင်း
ရတနာပုံအသင်း အလိုအလျောက် ချန်ပီယံဖြစ်သွား သတင်း
ရိုးတိုးရိပ်တိပ် မျှော်လင့်လာရတဲ့ အစုအပြုံလိုက် ပြန်ပို့မှု (ဆောင်းပါး)

အပေါ်သို့