Saturday, September 4, 2010

ဗြိတိန်နိုင်ငံက မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ ကူညီရေးလှုပ်ရှားမှု

2010-09-04

မန်မာပြည် နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုတွေအတွက် ကူညီထောက်ပံ့ရေး ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ Burma Campaign UK အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး မဝေနှင်းပွင့်သုန်ဟာ ဒိုင်ဗင်ခုန် ကစားပွဲ တမျိုးမှာ ပါဝင်လှုပ်ရှားမယ်လို့ သိရပါတယ်။

Bungee jumping လို့ခေါ်တဲ့ ကစားနည်းဟာ ခြေထောက်မှာ သားရေရှုံ့ကြိုး ချည်ပြီး အမြင့်ကနေ ဒိုင်ဗင်ထိုး ခုန်ချတဲ့အခါ အမြင့်ပေအလိုက် တိုင်းပြီး ချည်ထားတဲ့ သားရေရှုံ့ကြိုးကြောင့် ခုန်သူရဲ့ ဦးခေါင်းနဲ့ မြေပြင်မထိခင်မှာ တုန့်ကနဲရပ်သွားတဲ့ ကစားနည်း ဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အန္တရာယ်နဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိကို စမ်းသပ်တဲ့ အဲဒီ Bungee jumping ကစားနည်းဟာ အခုအခါ နိုင်ငံတကာမှာ လူကြိုက်များ ခေတ်စားလာနေတယ်လို့ သိရပါတယ်။

အဲဒီ ကစားပွဲကို လာမယ့် စက်တင်ဘာ (၁၆)ရက်နေ့ လန်ဒန်မြို့ အိုတူးလေဟာပြင်နေရာမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ မဝေနှင်းပွင့်သုန်က မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ ကူညီ ထောက်ပံ့ရေးအတွက် ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ ပေ (၁၆၀) အမြင့်ကနေ ဒိုင်ဗင်ထိုး ခုန်ချရမယ့် ကစားပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။ အဲသလိုပါဝင်ဖို့ စိတ်ကူးရခဲ့ပုံကိုလည်း အာအက်ဖ်အေကို အခုလို ပြောပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၄ - ၉ - ၁၀ )

ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း သတင်း
ဘီဘီစီ တပ်ကို ခွဲနေသည်ဟု စစ်အစိုးရ စွပ်စွဲ သတင်း
အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာတော်များ ကြေညာချက်ထုတ် သတင်း
ဝဒေသ လုံခြုံရေး တင်းကျပ် သတင်း
ဝ နယ်ကနေ စစ်အစိုးရ၀န်ထမ်းများနှင့် လုံခြုံရေးတပ်များ ထွက်ခွာပြီ သတင်း
နိုင်ငံရေးကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ တပ်အသွင်ကူးပြောင်းရေး မွန်ပြည်သစ်ပါတီ လုပ်ဆောင် မည် သတင်း
ရှေ့ KIO နိုင်ငံရေးလမ်းစဉ်ပေါ် လူထုရှင်းလင်းပွဲ ပြုလုပ် သတင်း
ကေအိုင်အို ဆေးဝါးပစ္စည်းများ ပြန်ရပြီ သတင်း
လက်နက်ကိုင်တပ်သားတစုက မြ၀တီရဲစခန်းကို ၀ိုင်းရံ သတင်း
ကလေးမြို့ထောင်ရောက် HRDP ကိုမြင့်နိုင် ကျန်းမာရေးမကောင်း သတင်း
စစ်ကိုင်းတိုင်းမှာ ဖုန်းဝယ်ယူသည့် လူထုထံမှ သိန်းနှစ်ထောင်ကျော် အလှူခံ သတင်း
စစ်အစိုးရ၏ ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်များကို လူမှုရေးကန့်သတ်မှုများ ပြုလုပ် သတင်း
စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ကားတွင် သရုပ်ဆောင်သူကို ဆန်ဖရန်စစ္စကိုက ကန့်ကွက်ဆန္ဒပြမည် သတင်း
ရွေးကောက်ပွဲကို CRPP သပိတ်မှောက် သတင်း
ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လွှတ်တော်ကိုယ်စားပြုကော်မတီ ဆုံးဖြတ် သတင်း
တစည ဒေသခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင် (၃) နှစ်စီချ သတင်း
တစညက ကြံ့ဖွံ့နှင့် ယှဉ်မည် သတင်း
NDF ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက် သတင်း
စာပေစာနယ်ဇင်းခေါင်းဆောင်များ ရွေးကောက်ပွဲဝင်မည် သတင်း
အမတ်နှင့် အမဲ (ဆောင်းပါး)
ရေဘေးဒုက္ခသည်များ အိမ်ပြန်နိုင်တော့မည် သတင်း
ချင်းပြည်နယ်မှာ အဓမ္မ ငွေကောက် သတင်း
တပတ်အတွင်း စီးပွားရေးသတင်း သတင်း
ဘ၀ရပ်တည်ရေး ပြည်ပထွက် အလုပ်ရှာကြတဲ့ အမျိုးသမီးလေးတွေရဲ့ တွေ့ကြုံမှု သတင်း
မီလ်ဝေါကီး ပညာရာမကျောင်းမှာ မေတ္တာအခါတော်နေ့ ကျင်းပ သတင်း

Friday, September 3, 2010

တရားမ၀င် အလုပ်သမား ဖမ်းဆီးမှု စစ်ဆင်ရေးစ

၀၃ စက်တင်ဘာ ၂၀၁၀

တရားမ၀င် အလုပ်သမား (၃) သိန်းခွဲခန့်ရှိသည့် တာ့ခ်ခရိုင်တွင် ယနေ့မှ စတင်ကာ တရားမ၀င် အလုပ်သမားဖမ်းဆီးမည့် အထူးစစ်ဆင်ရေးကြောင့် ဒေသအတွင်းရှိ မြန်မာအလုပ်သမားများ လုပ်ငန်းခွင်များမှ ရှောင်တိမ်းနေကြသည်။

အဆိုပါစစ်ဆင်ရေးကြောင့် မဲဆောက်ရှိ မြန်မာအလုပ်သမား (၅) ထောင်ခန့်သည် မြန်မာနိုင်ငံ မြ၀တီမြို့သို့ သွားရောက်တိမ်းရှောင်နေကြပြီး ကျန်သိန်းချီသည့်အလုပ်သမားများမှာ လက်လှမ်းသင့်ရာနေရာတို့တွင် ခိုလှုံနေကြကြောင်း သိရသည်။

ယနေ့မှ စက်တင်ဘာ (၅) ရက်နေ့အထိ ဖမ်းဆီးမည့်စစ်ဆင်ရေးကြောင့် မဲဆောက်ဒေသရှိ စက်ရုံအလုပ်ရုံနှင့် စိုက်ပျိုးရေးခွင်များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား အလုပ်ရှင်များက ယမန်နေ့မှ စတင်ကာ တိမ်းရှောင်စေခြင်း ဖြစ်သည်။

Read More...

နေ့စဉ်သတင်းများ ( ၃ - ၉ - ၁၀ )

နယ်ခြားစောင့်တပ် လုပ်ရန် ဆရာတော် ပြောသော်လည်း ဗိုလ်နှုတ်ခမ်းမွှေး လက်မခံ သတင်း
မြန်မာဒုက္ခသည်များအကြောင်း မှတ်တမ်းစာအုပ် ထုတ်ဝေ သတင်း
မူစယ်-မန္တလေး ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ လူ အမြောက်အမြား သေဆုံး သတင်း
မိုင်းလားနှင့် ပန်ဆန်းမြို့များရှိ အစိုးရဝန်ထမ်းများကို ပြန်ခေါ် သတင်း
ဝ နှင့် မိုင်းလားနယ်မြေက နအဖတပ်နှင့် ၀န်ထမ်းအားလုံးကို ရုပ်သိမ်းလိုက်ပြီ သတင်း
ငြိမ်းချမ်းစွာ ဆွေးနွေးရေး မွန်ပြည်သစ် မျှော်လင့်ဆဲ သတင်း
ယူရေနီယမ် ထွက်ရှိမှုကြောင့် မိုးကုတ်ကလီစူးရွာ (၃) ရွာ ပြောင်းရွှေ့ခိုင်း သတင်း
ပဲခူးရေဘေးဒုက္ခသည်များကို ဒေါ်မေ၀င်းမြင့်တို့အဖွဲ့ ဆန်လှူဒါန်း သတင်း
နောက်ထပ် ပါတီ (၂) ခု ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်နိုင် သတင်း
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကိုယ်စားလှယ်လောင်းများ သတင်း
ကြည့်မြင်တိုင် ကြံ့ဖွံ့ ပြည်သူပိုင်အဆောက်အအုံများ သုံး၍ မဲဆွယ် သတင်း
ကြံ့ဖွံ့ပါတီ ငွေလှူသူများကို နာဂစ်အမည်ခံ ဂုဏ်ပြု သတင်း
သတင်းစာလွတ်လပ်ခွင့် မရှိသော ယနေ့မြန်မာနိုင်ငံ (ဆောင်းပါး)
တိုင်းပြည်မှ နှင်ထုတ်လျှင်လည်း မအံ့သြ (ဆောင်းပါး)
အထူးရဲ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမား ထောင်ချီ ထွက်ပြေးနေရ သတင်း
တရားမ၀င် အလုပ်သမား ဖမ်းဆီးမှု စစ်ဆင်ရေးစ သတင်း
ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူခွင့်ပြု သတင်း
အနုပညာရှင်နှင့် မီဒီယာသမားများ စောင့်ကြည့်ခံရ သတင်း
ဘီဘီစီ မြန်မာပိုင်းအစီအစဉ် နှစ် (၇၀) ပြည့်နေ့တွင် ပြည်သူ့အကျိုး ဆက်လက်သယ်ပိုးရန် စာရေးဆရာကြီး ဒဂုန်တာရာ မေတ္တာရပ်ခံ သတင်း
နေပြည်တော် အမျိုးသားစာကြည့်တိုက် ဒစ်ဂျစ်တယ်လ်စနစ် သုံးမည် သတင်း
ဆင်တုပ်ကွေးကြောင့် လူ (၁၀) ဦးကျော် သေဟု မိုင်းတုံဒေသခံများ ပြော သတင်း
စက္ကူလေယာဉ်ချန်ပီယံ မောင်းထောင်းဒီး ထိုင်းနေထိုင်ခွင့် အယူခံတင်ရ သတင်း
Cool & Hot စီးရီးစီစဉ်သူ သဇင်သင်းနှင့် ပါဝင်သီဆိုသူများ မကျေမလည်ဖြစ် သတင်း

Thursday, September 2, 2010

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဘယ်သူလဲ

Thursday, September 02, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယူထားခဲ့သည့် အရေးကြီး ရာထူးဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ခန့်အပ်ခံရမည်ဟု သတင်း ထွက်နေသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို အများက စိတ်ဝင်စားလျက် ရှိကြသည်။

ဧရာဝတီက လေ့လာ သိရှိရသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ် အသစ်များ၏ နောက်ကြောင်း ရာဇဝင်များကို ဖော်ပြလိုက်ပါသည်။

ရာထူး အပြောင်း အလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းအရ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဖြစ်လာကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူခဲ့ဖူးသော အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တို့လည်း တိုင်းမှူးအဖြစ် တာဝန်ယူဖူးခဲ့ကြသည်။

ယခု စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အဖြစ် တာဝန်ယူလိုက်သည့် ဗိုလ်ချုပ် ကျော်ဆွေ သည်လည်း အနောက်တောင် တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Read More...

နေ့စဉ်သတင်းများ ( ၂ - ၉ - ၁၀ )

လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ် သတင်း
ဒု-ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဘယ်သူလဲ သတင်း
အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့ဝင်များ ဧရာဝတီတိုင်းသို့ သွားရောက် (သတင်းဓာတ်ပုံ)
မဲမပေးရန် စည်းရုံးသည့် NLD အတွင်းရေးမှူး ခေတ္တထိန်းသိမ်းခံရ သတင်း
ပြည်သူ့ကြားဖြတ်အစိုးရတရပ် ပေါ်ထွန်းရေး NCUB မဟာဗျူဟာ ချမှတ် သတင်း
ပဲခူးမြို့ ရေဘေးဒုက္ခသည်များအတွက် ရိက္ခာလိုအပ် သတင်း
ပဲခူးမြစ်ရေကြီးချိန် ရေဆင်းကူးသူ သေဆုံး သတင်း
ကလကတ္တားအကျဉ်းထောင်က အနာဂတ်မဲ့နေတဲ့ ရခိုင်နဲ့ ကရင်အကျဉ်းသား (၃၄) ဦး သတင်း
တပ်ပြေး ကလေးစစ်သားကို ဖမ်းဆီးထား သတင်း
ဘီဘီစီ၊ ဗိုလ်မောင်အေး၊ ဗိုလ်ဌေးဦးနဲ့ အသစ်ကလေးများ သတင်း
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ မ၀င်တော့ သတင်း
နေပြည်တော်တွင် ကြံ့ဖွံ့နှင့် တစညသာ ယှဉ်ပြိုင်ဖွယ်ရှိ သတင်း
ကြံ့ဖွံ့ကိုသာ မဲပေးရန် ဝန်ကြီးချုပ် ညွှန်ကြား သတင်း
ကြံ့ဖွံ့ပါတီကို မဲပေးသူ ရာနှုန်းပြည့်ရန် အာမခံခိုင်း သတင်း
ကြံ့ဖွံ့ပါတီ အနိုင်ရ ရမည်ဟု ဦးသိန်းစိန် ပြော သတင်း
အကြို လျှို့ဝှက်စစ်တမ်း ကောက်ယူရာတွင် ကြံ့ဖွံ့ပါတီ ရှုံး သတင်း
တရုတ်လူမျိုးအား မှတ်ပုံတင်ဖြင့် မက်လုံးပေး၍ ကြံ့ဖွတ်ပါတီကို မဲပေးခိုင်း သတင်း
ပါတီဝင်ပါက ငွေချေးမည်ဟု ကြံ့ဖွံ့ပါတီ လယ်သမားများကို စည်းရုံး သတင်း
ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ရယကများကို ခြိမ်းခြောက် မဲဆွယ် သတင်း
PSDP ပါတီတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၄) ဦး ပါဝင် သတင်း
AMRDP ရွေးကောက်ပွဲ၌ အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး (၁) မှ ပြော သတင်း

ဒီကနေ့အထိ ဗိုလ်ချုပ်မှူးကြီးရှိနေတုံးပါ

September 2, 2010


စာကိုချေပ လူကိုကျေမှ ...

ရဲဘော်ကျော်သန်း
၁-၉-၂၀၁၀

ရှေ့ဆောင်းပါး “ငါး ငသလောက်ပမာ ကြောက်စရာ အရိုးများနဲ့ အိုဘယ့် မီဒီယာ” ရဲ့ အဆက်လို့ ဆိုတော့ သတင်းလို ရေးမယ်ဆိုရင် ငါးရိုးတချောင်း စူးမျက်ခြင်းလို့ ခေါင်းစဉ် တပ်ရမယ် ထင်တယ်။ မီဒီယာတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ကျနော်ရေးတဲ့ ဝေဖန်ရေး ဆောင်းပါးကို တုံ့ပြန်မှု အများအပြား ရှိခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းသမား တချို့လည်း ပါဝင်ပါတယ်။ တချို့ကတော့ သူတို့ သတင်းဌာနတွေ အတွင်းက အထက်အောက် ပညာပြ ဗိုလ်ကျမှု၊ မတရားမှုနဲ့ စာရိတ္တပိုင်း ဆိုင်ရာ ဖောက်ပြားမှု တချို့ကိုပါ ဖွင့်ဟ လာကြပါတယ်။

မြန်မာသတင်းသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကျနော့်မိတ်ဆွေ ဦးမောင်မောင်မြင့် ကတော့ စာရှည်ရေးပြီး တုံ့ပြန် လာပါတယ်။ သူ့စာရဲ့ အချုပ်ကတော့ ကျနော့်ဆောင်းပါးကို ငြင်းချက် ထုတ်ထား တာပါပဲ။ ကျနော့် အမြင်မှာတော့ သူ့စာပါ အချက်တွေဟာ အကျကောက် ဝေဖန်ရေးလို့ပဲ မြင်ပါတယ်။ တုံ့ပြန်စရာ မလိုဘူးလို့ ဆုံးဖြတ်ပါတယ်။ ကိုမောင်မောင်မြင့်ကိုလည်း ဒီလိုပဲ စာရေးအကြောင်း ပြန်ခဲ့ပါတယ်။ ဒီကိစ္စပြီးပြီလို့ပဲ စိတ်မှတ် ထားလိုက်ပါတယ်။

သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ပြောစရာ အကြောင်းက ပေါ်လာပြန်တယ်။ အကြောင်းကတော့ RFA ရဲ့ (၂၅၊ ၈၊ ၂၀၁၀) ရက် (၁၉:၀၀) နာရီ ထုတ်လွှင့်ချက်မှာ ကိုမောင်မောင်မြင့်နဲ့ တကိုယ်တော် အင်တာ ဗျူးပြီး ကျနော့် ဆောင်းပါးပါ အချက်အလက်တွေကို အမည် မဖေါ်ပြဘဲ ထုချေ သွားပါတယ်။ တကိုယ်တော် ဗျူးပြီး တဖက်သတ် ပြောသွားတာက ပြဿနာ မဟုတ်ပါ။ သို့သော် ထုတ်လွှင့်မှုတွေထဲက အချက်တချို့ကတော့ တုံ့ပြန် ချေလှယ်ဖို့ လိုအပ် လာပါတယ်။ အင်တာဗျူးပါ အဓိက ချေလှယ် ဆွေးနွေးချင်တဲ့ အချက် (၃) ချက်က တော့ ...

(၁) မီဒီယာကို တပါတီလက်ကိုင်တုတ်ဖြစ်ဖို့ ပြောတယ်ဆိုတဲ့ အချက်နဲ့ ကြားနေမယ်ဆိုတဲ့ အချက်။

(၂) ဝါဒဖြန့်ချိရေး ဝေါဟာရနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထား အမြင်နဲ့ တင်ပြချက်။

(၃) ဖောက်ပြန်မှားယွင်းမှုကို ချီးမွမ်းသွားတဲ့ အချက်တွေ ဖြစ်ပါတယ်။

Read More...

Wednesday, September 1, 2010

လားရှိုးအထင်ကရ သျှမ်းဆရာဝန် ကြံ့ဖွတ်ပါတီအတွက် စည်းရုံးရေးဆင်း

Wednesday, 01 September 2010

လာမည့်ရွေးကောက်ပွဲ၌ ကြံ့ဖွတ်ပါတီအနိုင်ရရေး အတွက် လားရှိုးကြီး ‘ယူလီခ’ ဆေးခန်းပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်းက အခမဲ့ ဆေးကုပေးမည်ဟု လူထု ကျန်းမာရေး အကြောင်းပြု မက်လုံး ပေးပြီး စည်းရုံးရေး ဆင်းနေကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

“ဟုတ်တယ်၊ လာမယ့်စက်တင်ဘာ၃ရက်နေ့လားရှိုးမြို့ အရှေ့မြောက်ဘက် ၇ မိုင်လောက် ဝေးတဲ့ မတ်ချီ့နူ ကျေးရွာ အုပ်စုဘက် စည်းရုံးရေး ဆင်းမယ်၊ ကျန်းမာရေးအဖွဲ့နဲ့ လာမယ်၊ ဆိုင်ရာ ရပ်ရွာ အကြီးအကဲ တွေကနေ လူစုခိုင်းထားတယ်။ မတ်ချီ့နူဘက် ပြီးရင် နမ့်ပေါ့င် ကျေးရွာအုပ်စုဘက် သွားပြီး အခမဲ့ ဆေးစစ်ဆေး ပေးဦးမယ်တဲ့။ ရွေးကောက်ပွဲ အတွက် ကြံ့ဖွတ်ကိုပဲ မဲပေးဖို့ ဟောပြောမယ် ဆိုဘဲ” - ဟုလားရှိုးရောက် မတ်ချီ့နူ ရွာသား တဦးက ပြောပါသည်။

ကြံ့ဖွတ်အသင်းနိုင်ငံရေးပါတီအဖြစ်ပြောင်းလဲခဲ့စဉ်မှစ၍လားရှိုးကြီး ‘ဟုံးယာယူလီခ’ အထူးကု ဆေးခန်းပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်း သျှမ်းပြည် မြောက်ပိုင်း တလွှား ဆက်တိုက် စည်းရုံးရေး ဆင်းခဲ့၏။ အထူးသဖြင့် လားရှိုးမြို့နယ် အတွင်း စည်းရုံးရေး ဆင်းရာမှာ ‘ကြံ့ဖွတ်ပါတီကို ထောက်ခံမှု မပေးပါက ‘ထ’ နှစ်လုံးဘ၀ ရောက်သွားနိုင်ကြောင်း’- ပြောဆို ခြိမ်းခြောက် ခဲ့သေးသည်ဟု ဆိုသည်။

Read More...

နေ့စဉ်သတင်းများ ( ၁ - ၉ - ၁၀ )

နအဖ၏ ရာဇသံကို ကရင်ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန် သတင်း
ကချင်နှင့် ၀ နယ်ခြားစောင့်တပ် အပြောင်းခံမှာမဟုတ် သတင်း
ရန်ကုန်တွင် ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုမှုများ မလုပ်ရန် ၀န်ထမ်းအားလုံး တားမြစ်ခံရ သတင်း
မရေမရာဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများရဲ့ အနာဂတ်နဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ သုံးသပ်ချက် သတင်း
စက်တင်ဘာ (၁) ရက်နေ့ သတ်မှတ်ရက်ကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်ရေးလှုပ်ရှား သတင်း
ဒုက္ခသည်များစွာ ထိုင်းသို့ ထွက်ပြေးလာနိုင်ဟု ကရင်ကောင်စီ သတိပေး သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရေး KIO အပြီးသတ် ငြင်းဆို သတင်း
ကေအိုင်အိုက ပင်လုံမူအတိုင်း လက်နက်စွန့်ရေး ရာဇသံကို တုန့်ပြန် သတင်း
ကေအိုင်အို လက်နက်မချဘဲ နှစ်ဘက်ဆွေးနွေးဖြေရှင်းရန် လိုလား သတင်း
ပဲခူးမြို့၌ စိုးရိမ်ရေမှတ်အထက် ရေကြီးနေဆဲ သတင်း
အနုပညာရှင်များ ပြည်ပဖျော်ဖြေရေး သွားရန် စိုးရွံ့ သတင်း
အဖွဲ့ချုပ်က ဖျာပုံခရိုင် အဖွဲ့ချုပ်ဝင်များကို တွေ့ဆုံဆွေးနွေး သတင်း
စစ်တပ်က ထွက်ပြေးသည့် အပြစ်နှင့် (၇) နှစ်ကြာမှ တပ်က ဖမ်းမိန့်ထုတ် သတင်း
KSPP ခေါင်းဆောင်များ တသီးပုဂ္ဂလလို ရွေးကောက်ပွဲဝင်မည် သတင်း
ပါတီများ၏ နောက်ဆုံးစာရင်းတွင် တသီးပုဂ္ဂလများလည်း ပါဝင်လာ သတင်း
ရွေးကောက်ပွဲ အနိုင်အရှုံး ကြိုတင်ခန့်မှန်းနိုင် သတင်း
တိုင်းရင်းသားပါတီများက မိမိတို့ဒေသတွင် အနိုင်ရမည်ဟု ယုံကြည် သတင်း
ပါတီသစ်မျာအား အနိုင်ကျင့် ခြိမ်းခြောက်မှု ရပ်တန့်သင့်သည် သတင်း
လားရှိုးအထင်ကရ သျှမ်းဆရာဝန် ကြံ့ဖွတ်ပါတီအတွက် စည်းရုံးရေးဆင်း သတင်း
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ စိုင်းအိုက်ပေါင်းနှင့် မေးမြန်းချက်များ သတင်း
ဘူးပေါက်နဲ့ ခပ်တဲ့ရေ (ဆောင်းပါး)
ငရဲခန်းသို့ သမင်လည်ပြန် (ဆောင်းပါး)
အခွန်ကြောင့် ပြည်သူလူထု ဒုက္ခရောက်ကြောင်း အစီရင်ခံစာ ထုတ်ဝေ သတင်း
‘ဗိုက်မှောက်နေရသည့် ဘ၀များ’ အစီရင်ခံစာ ဖြန့်ချိ သတင်း
ကျားထိန်းသိမ်းရေး သဘာဝသစ်တောအတွက် လယ်သိမ်းမှုများကို လယ်သမားများ တရားစွဲ သတင်း
နစ်နာမှုအတွက် ဖားကန့်နယ်က လယ်သမားများ ကုမ္ပဏီကို တရားစွဲ သတင်း
ဂိတ်များ ပိတ်သော်လည်း လိုင်စင်မဲ့ကားများ မြန်မာပြည်တွင်း ဝင်နေဆဲ သတင်း
ကျော်သူက စောဝေကို အင်းစိန်သို့ မပို့ သတင်း
စောဝေ နရသိန်အလွန် ပန်းချီပြပွဲ သတင်း
မန္တလေးသား စကား (ဆောင်းပါး)

ဒီကနေ့အထိ ဗိုလ်ချုပ်မှူးကြီးရှိနေတုံးပါ

September, 1 , 2010

သခင်အောင်ကြီး (ပေါင်းတည်)၏ အမှားအချို့

Monday, 30 August 2010


ပြည့်စုံစာအုပ်တိုက်မှ (၂ဝဝ၉) ခုနှစ်၊ စက်တင်ဘာလထုတ် ''နိုင်ငံရေးသမား လက်ဟောင်း သခင်အောင်ကြီး (ပေါင်းတည်) နှင့် တွေ့ဆုံခြင်း၊ မြတ်ခိုင် မေးသည် '' စာအုပ် စာမျက်နှာ (၃၈) တွင် ဖက်ဆစ်ဂျပန် တော်လှန်ရေး နေ့နှင့် ပတ်သက်သည့် အမေးအဖြေတွင် အောက်ပါအတိုင်း သခင်အောင်ကြီး မှားပြီး ဖြေခဲ့သည်ကို တွေ့ရသည်။

''တော်လှန်ရေးနေ့ကို ဗိုလ်ချုပ် အောင်ဆန်းက မတ်လ(၂၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာ ဟုတ်ပါသလား'' ''ခတ်စောစောကတော့ မတ်လ(၂၅)ရက်နေ့မှာ လုပ်မယ်လို့ ပြောတယ်။ အကြောင်းကြောင်းကြောင့် ပေါက်ကြားမှုတွေနဲ့ ရွှေ့ရင်း မတ်လ (၂၇)ရက်နေ့ ဖြစ်သွားတာပါ''

၁။ သခင်အောင်ကြီး (ပေါင်းတည်) ၏ အဖြေသည် မှားနေပါသည်။ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူး ရုံးမှ ထုတ်ဝေခဲ့သည့် ''တပ်မတော်သမိုင်း ဒုတိယတွဲ (၁၉၄၅) ဖက်ဆစ် တော်လှန်ရေး ကာလ စာမျက်နှာ (၁၃) နှင့် (၁၄) တို့တွင် အောက်ပါအတိုင်း ပါရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပရိယာယ် ဤသို့ မဟာမိတ် တပ်များက မြန်မာပြည်တွင်းသို့ ပြန်လည် ထိုးဖောက် ဝင်ရောက် လာလျှက် ရှိသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ဂျပန် အာဏာ ပိုင်များထံ ဗမာ့ တပ်မတော်ကို စစ်မျက်နှာ တစ်ခု ဖွင့်စေပြီး မဟာမိတ် တပ်များ၏ ထိုးစစ်ကို ခုခံ တိုက်ခိုက်ခွင့် ပြုရန် တောင်းဆိုသည်။ အမှန်မှာ ဗိုလ်ချုပ် အောင်ဆန်းသည် ဖက်ဆစ် တော်လှန်ရေး အတွက် ဗမာ့ တပ်မတော်ကို လွတ်လပ်စွာ ပြင်ဆင် လှုပ်ရှားနိုင်ရန် အခွင့်အလမ်းကို ဂျပန်ထံမှ ပရိယာယ်ဖြင့် တောင်းဆို ခြင်းဖြစ်သည်။ ဂျပန် အာဏာပိုင်များ ကလည်း အင်ဇာ။ ကိုဟီးမား စစ်မျက်နှာတွင် အရှုံးဖြင့် ရင်ဆိုင် ရပြီးနောက် စစ်ရေးအရ အကြပ်အတည်း တွေ့ရှိရာ စစ်မျက်နှာ တစ်ခုဖွင့်၍ မဟာမိတ် တပ်မျာကို တိုက်ခွင့် ပြုရန်ဟူသော ဗမာ့ တပ်မတော်၏ တောင်းဆိုချက်ကို လိုက်လျှော ရလေသည်။ မဟာမိတ် တပ်များကလည်း ယင်းတို့၏ အစီအစဉ် အတိုင်း ရခိုင်တွင်လည်းကောင်း၊ ကလေး၊ ကလေးဝ၊ ရေဦး၊ ရွှေဘို ဒေသတွင်လည်းကောင်း၊ စစ်ဆင် တိုက်ခိုက်လျှက် ရှိပြီး ရခိုင်ပြည်တွင် (၁၉၄၄) ခု နိုဝင်ဘာလမှ စတင်၍ ပညာ သီဟ၊ ဦးစိန္တာ၊ ဦးညိုထွန်း စသူတို့ ခေါင်းဆောင်သော ရခိုင် မျိုးချစ်များက မဟာမိတ်များနှင့် တွဲ၍ ဖက်ဆစ် ဂျပန်ကို တိုက်ပွဲ ဝင်လျှက် ရှိလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ တပ်မတော်က စစ်မျက်နှာ တစ်ခု ဖွင့်၍ မဟာမိတ် တပ်များကို တိုက်ခိုက်ရန် ဂျပန်ထံမှ ခွင့်ပြုချက် ရပြီးသောအခါ ဖက်ဆစ်ဂျပန်ကို အပြီးသတ် ခြေမှုန်းနိုင်ရေး အတွက် အသေးစိတ် အစီအစဉ်များ ပြုလုပ်သည်။ ထို့အပြင်

Read More...

နေ့စဉ်သတင်းများ ( ၃၁ - ၈ - ၁၀ )

ပဲခူးမြစ်ရေ တက်လာမှုကြောင့် ပဲခူးမြို့ မြေနိမ့်ပိုင်း ရပ်ကွက်များ ရေမြုပ်နေ သတင်း
ပဲခူးရေဘေး အာဏာပိုင် လျစ်လျူရှု သတင်း
အငြိမ်းစားရ ဗိုလ်ချုပ်မိသားစုများ စိန်နှင့် ရွှေချောင်း ဝယ်စုနေကြ သတင်း
ဒီနေ့ သတင်းစာထဲက ဗိုလ်သန်းရွှေ ရာထူး သတင်း
အရပ်သားဖြစ်လည်း အာဏာရှင်ပဲဟု အမေရိကန် ပြော သတင်း
ဗိုလ်ရဲမြင့် ရာထူးမှ အနားမယူမီ မိုင်းလားတပ်ဖွဲ့အား စာဖြင့်ပါ သတိပေး သတင်း
လော-မြန်မာနယ်စပ်ရှိ စစ်အစိုးရတပ်များအား နယ်ခြားစောင့်တပ်ဖွဲ့နှင့် အစားထိုး သတင်း
မြန်မာစစ်အစိုးရတပ်ကို ကေအဲန်ယူ ခြုံခိုတိုက်ခိုက် သတင်း
ကရင်နီပြည် ဘိန်းစိုက်ပျိုးမှု ကလလတနှင့် ကယန်းပြည်သစ် အဖွဲ့မှ အခွန်ရဟုဆို သတင်း
ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြောင်းမည် သတင်း
ဘင်္ဂလာ - တရုတ် - မြန်မာ သုံးနိုင်ငံ ကား၊ ရထားလမ်း ဖောက်လုပ်ရေး ဘင်္ဂလာနှင့် တရုတ် အရှိန်မြှင့် လုပ် ဆောင်လာဖွယ်ရှိ သတင်း
တရုတ်စစ်သင်္ဘော (၂) စင်း သီလ၀ါဆိပ်ကမ်းသို့ ရောက် သတင်း
အရှင်ပညာစာရ တရားခွင် တံခါးပိတ် စစ်ဆေး သတင်း
စစ်အာဏာပိုင်များက ရွေးကောက်ပွဲစည်းရုံးရေးအတွက် အစည်းဝေးပြုလုပ် သတင်း
ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်း သတင်း
AMRDP မွန်အမတ်လောင်း အနည်းဆုံး (၃၂) ဦး ရွေးကောက်ပွဲဝင်ရန် သေချာ သတင်း
သျှမ်းပြည်တောင်ပိုင်း အချို့မြို့များ၌ ကြံ့ဖွတ်အနိုင်ရရေး PNO ကူညီ သတင်း
ရတပ ကျောက်ဖြူ ကျေးလက်စည်းရုံးရေးခရီးစဉ် ကန့်သတ်မှုများရှိနေ သတင်း
ရွေးကောက်ပွဲပြီးမှ ထိုင်း-မြန်မာနယ်စပ် ပြန်ဖွင့်မှာလား သတင်း
မဲဆောက်ရှိ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများ၏ လုံခြုံရေး စိုးရိမ်ရ သတင်း
(၅) သိန်းတန် ကမ်းရိုးတန်းဖုန်းများ အပိုကြေး (၅) သောင်းကျပ် ပေးသွင်းနေရ သတင်း
ဧရာဝတီတိုင်းတွင် ငွေအကြွေစက္ကူအစား ကူပွန်သုံး သတင်း
သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ဖွင့် သတင်း
ရွက်အုပ်သီး ဂီတဝါသနာရှင် ဗိုလ်သန်းရွှေ (မြသန်းစံနဲ့ တွေ့ဆုံခြင်း)

Tuesday, August 31, 2010

သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ


ရဲဘော်ဖိုးသံချောင်း


၃၀ သြဂုတ် ၂၀၁၀

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲ ဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲ တွေကနေပြီး ဘာအဓိပ္ပာယ် ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲ ဆိုတာတွေကိုလည်း ပြောဆို ကြပါတယ်။ အတိုက်အခံတွေ အနေနဲ့ကတော့ နအဖထဲမှာ ရာထူး အာဏာကြောင့်မို့ ကွဲလွဲမှုတွေ ဖြစ်လာမလား၊ ဂိုဏ်းဂဏ္ဍ တိုက်ပွဲတွေ ပြင်းထန် လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက် မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေ တုန်းမှာ လွှဲပြောင်း ပေးတယ် ဆိုတာဟာ မရှိသလောက် အဖြစ်အပျက်ပါ။ ဗိုလ်နေ၀င်းဟာ အသက် (၉၀) နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးက ဆောင့်တိုက် လိုက်တော့မှသာ တရားဝင် အာဏာကို စွန့်လွှတ် လိုက်တာ ဖြစ်ပါတယ်။ စွန့်လွှတ်တယ် ဆိုတာလည်း နောက်အာဏာရှင် တယောက်လက်ကို လွှဲခဲ့တာသာ ဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင် နေခဲ့ပါသေးတယ်။ အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည် အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြေပေးဖို့ လုပ်တာလို့ တွက်ရင် မှားတယ်လို့ ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဘက်ဘက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလို ခြေလှမ်းမျိုးကို လှမ်းတာ ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုး ဆိုရင် ဘာမှ မလုပ်ပါဘူး။ ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။

Read More...

နေ့စဉ်သတင်းများ ( ၃၀ - ၈ - ၁၀ )

“အရပ်ဝတ် လဲထားပေမယ့် အာဏာရှင်ဟာ အာဏာရှင်ပဲ” အမေရိကန် ဝေဖန် သတင်း
စစ်တပ်အတွင်း အပြောင်းအလဲကြီးက တပ်တွင်းတည်ငြိမ်မှုကို ထိခိုက်နေ သတင်း
မြန်မာဟာ တရုတ်အတွက် စီးပွားရေးနဲ့ စစ်ရေးအရ ဗျူဟာကျ သတင်း
တရုတ်စစ်သင်္ဘော (၂) စင်း မြန်မာပြည်ရောက် သတင်း
ရခိုင်သံဃာတော်အမှု မိသားစုကြားနာခွင့် ပိတ် သတင်း
လက်နက်ဆက်ကိုင်ရန် ကေအိုင်အို ဆုံးဖြတ် သတင်း
ကေအိုင်အို၏ ဆေးဝါးများ ဖမ်းဆီးခံရ သတင်း
နအဖ စစ်အစိုးရတပ်ကို ကေအန်ယူတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ သတင်း
ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး လက်အောက်ခံတပ်ကို ဂိတ်က ဖြတ်သန်းခွင့်မပြု သတင်း
စစ်မြေပြင်မှာ စစ်တိုက်နိုင်တဲ့ အခွင့်အလမ်းတွေ မပေးနိုင်ပေမယ်လို့ ... သတင်း
ရွေးကောက်ပွဲ မသမာမှုများကို ဖော်ထုတ်ဖို့ အဖွဲ့ဝင်များကို NLD ရှင်းလင်း သတင်း
အန်အယ်လ်ဒီ စီအီးစီ တောင်ငူခရီးစဉ် သတင်း
နိုင်ငံရေးပါတီအသီးသီး အခက်အခဲကြားကပဲ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းကြပြီ သတင်း
ကြံ့ခိုင်ရေးပါတီနှင့် တစညတို့မှ ရွေးကောက်ပွဲကိုယ်စားလှယ်ဦးရေ အများဆုံး သတင်း
တစညပါတီသည် ကြံ့ခိုင်ရေးပါတီ၏ အဓိကပြိုင်ဘက် ဖြစ်လာနိုင် သတင်း
တိုင်းရင်းသားပါတီတချို့ရဲ့ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းမှု အခြေအနေ သတင်း
ကချင်ပြည်နယ် တိုးတက်ရေးပါတီ ခေါင်းဆောင်များ တသီးပုဂ္ဂလအဖြစ် ၀င်ရွေးမည် သတင်း
တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စည်းရုံးရေး အဆင်ပြေ သတင်း
နိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်း လျာထားချက်ထက် လျော့နည်း သတင်း
အန်ဒီအက်ဖ်ခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် ရွေးကောက်ပွဲဆိုင်ရာ မေးမြန်းချက်များ သတင်း
စစ်အစိုးရ၀ါဒဖြန့်ကားကြောင့် အမေရိကန်ရောက်မြန်မာများအတွင်း ကန့်ကွက်ဆန္ဒပြမှုများ၊ အငြင်းပွားမှုများ နဲ့ ဂယက်ထ သတင်း
နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်းမှတ်စု လှုပ်ရှားမှုများ သတင်း
မီဇိုရဲက မြန်မာများကို ဖမ်းဆီးပြန်ပို့ သတင်း
ဆန်တင်ပို့မှုအများဆုံး ထိပ်တန်းနိုင်ငံ မြန်မာ ဖြစ်လာနိုင် သတင်း
စီးပွားရေး - မြန်မာနိုင်ငံသည် တဦးချင်းဝင်ငွေ အနည်းဆုံး၊ ဆန်ပဲနှမ်း ဈေးကွက် သတင်း
ပဲခူးမြို့၌ ရေကြီး သတင်း
မိုးခေါင်သဖြင့် ကျောက်ဖြူ မိုးစပါး ထိခိုက် သတင်း
နယ်စပ်သွားလာမှု ပိတ်ထားသော်လည်း မဲဆောက်ဆန်လှူပွဲ စည်ကားဆဲ သတင်း
ထိုင်းနယ်စပ် ၀ တပ်ဖွဲ့များ မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ်မပြန်ပါက တိုက်မည်ဟု နအဖ ခြိမ်းခြောက် သတင်း
အသွင်ပြောင်းရေး လက်ခံထားသည့် အပစ်ရပ် SSA အား တိုင်းမှူးသစ် လက်နက်ချခိုင်း သတင်း
ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး သတင်း
စစ်တပ်ရာထူး အပြောင်းအလဲစာရင်း ဧရာဝတီက ရရှိ သတင်း
တပ်တွင်း ရာထူးတိုးမြှင့်မှုများ ပြုလုပ် သတင်း
စစ်အစိုးရ အနာဂတ်မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရန်ပုံငွေများကို ဘေးဆီးရန်ကာ လုပ်နေကြ သတင်း
“တို့မွေးမြေ” အကျိုးပြုသီချင်း ဗိုလ်ချုပ်မှူးကြီး ရေးခဲ့ သတင်း
ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အိတ်များ ဒက္ကားလေဆိပ်တွင် မွေနှောက်စစ်ဆေးခံရ သတင်း
ဗုံးပေါက်ကွဲမှုကြောင့် သံသယတိုးပွားနိုင် သတင်း
မဲမပေးရေး ပဲခူးတွင် NLD လှုပ်ရှား သတင်း
တစည ကိုယ်စားလှယ် (၈၀၀) ကျော် ရွေးကောက်ပွဲဝင်မည် သတင်း
ကရင်ပါတီ ကြံ့ဖွံ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် သတင်း
နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီး စတင်မဲဆွယ် သတင်း
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သျှမ်းဆရာဝန် ကြံ့ဖွတ်ပါတီအတွက် အမတ်လောင်း ပြောင်းလုပ် သတင်း
မီဒီယာပိုင်ရှင်တဦး ကြံ့ဖွံ့ပါတီအတွက် ရွေးကောက်ပွဲဝင် သတင်း
စာနယ်ဇင်းသမားများ ရွေးကောက်ပွဲဝင်မည် သတင်း
အချိန်နည်းမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်ပြရသည့် အခက်အခဲ သတင်း
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာ ရင်း သတင်း
အိုင်တီလုပ်ငန်းများ ရှင်သန်ရေး အခက်တွေ့ သတင်း
ရွှေ့ပြောင်းအလုပ်သမားများ ဘဏ်ငွေစာရင်း ဖွင့်နိုင် သတင်း
မော်ချီး-တောင်ငူ ကားလမ်းစီမံကိန်းသည် စုစည်းကျေးရွာအဖြစ် ကျေးရွာများ ပြောင်းနေရဖွယ်ရှိ သတင်း
စုပေါင်းကုသိုလ်ပြုဖောင်ဒေးရှင်းအဖွဲ့ ဆန်လှူပွဲပြုလုပ် သတင်း
မဲဆောက်မြို့ ဆန်လှူပွဲ မြန်မာပြည်သား သောင်းချီ လာရောက် သတင်း
NLD လူငယ်များက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား သွားရောက်ဂါရ၀ပြု (ဓာတ်ပုံ)
အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းအား ဆန္ဒပြခြင်း (မင်နီစိုးတား၊ အမေရိကန်) (ဓာတ်ပုံ)
ပဲခူးတိုင်း ဘုရားကြီးမြို့က အခမဲ့ ဆေးဝါးကုသမှု အကူအညီ မှတ်တမ်း (ဓာတ်ပုံ)
နေပြည်တော် မုန်တိုင်းအတိုက်ခံရခြင်း (ဆောင်းပါး)
စစ်ဗိုလ်ချုပ်နှင့် နိုင်ငံရေးသိုင်းကွက် (ဆောင်းပါး)
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း စစ်အာဏာရှင် ဆက်လက်အဓွန့်ရှည်စေရန် ကြိုးစားမှု (ဆောင်းပါး)
သူ့အလိုလို ပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ (ဆောင်းပါး)
ရွှေ့ပြောင်းအလုပ်သမားတွေကို ကျမတို့ အနိုင်ကျင့်ခဲ့ကြပုံ (ဆောင်းပါး)
ရိုးရာရနံ့များ ထုံမွှန်းနေသည့် တောင်ပြုံးပွဲ (ဆောင်းပါး)

Monday, August 30, 2010

တပ်မတော်ကိုယ်တိုင်က တိုင်းပြည်နဲ့ ထပ်တူ မတည်ငြိမ်တော့တဲ့ အခြေအနေ ဖြစ်လာတယ်


ဦးဝင်းတင်နဲ့ မေးခွန်းများ


သြဂုတ် ၂၉ ၊ ၂၀၁၀

သြဂုတ်လ ၂၇ ညနေခင်း မှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲလိုက်တယ်။ စစ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ သန်းရွှေ၊ မောင်အေးနဲ့ ရွှေမန်း တို့နဲ့အတူ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ အပါအ၀င် အနား ပေးလိုက်ပြီး အသက် ၆၀ အောက်တန်းက စစ်ခေါင်းဆောင် ငယ်တွေက နေရာ ၀င်ယူလိုက်ပါတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲသည် အခြေအနေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီ ဦးဝင်းတင်ကို သဘောထားကို မေးမြန်း ခဲ့ပါတယ်။ ဆရာကို မေးမြန်းတဲ့ အချိန်မှာ စနေနေ့ ၂၈ ရက် နေ့ခင်းအချိန် ဖြစ်တဲ့ အတွက် ပြည်တွင်းမှာ အထက်ပါ သတင်းနဲ့ ပတ်သက်ပြီး ပြောဆိုလှုပ်ရှားမှု သိပ်မရှိသေး ပါဘူး။ ပြည်ပက သတင်း ဌာနတွေကို ကိုးကားပြီးတော့သာ လူတွေ လက်တို့ ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ၂၈ ရက်နေ့ သတင်းစာတွေမှာလည်း အဆိုပါ ကြေညာချက်ကို တင်ဆက်ထားခြင်း မရှိပါဘူး။ အဲသည် ၂၈ မတိုင်ခင် ၂၇ မနက်ခင်း သတင်းစာများမှာ သြဂုတ် ၃၀၊ လာမယ့် တနလာင်္နေ့ကို နောက်ဆုံး ထားပြီး လွှ့တ်တော် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းဖို့ ရက်သတ်ထားလို့ ဒီစနေနဲ့ တနင်္ဂနွေတွေမှာ ရုံးတွေ၊ ဘဏ်တွေက အချိန်ပို ဖွင့်လှစ်ထားပေးမယ်လို့ ကြေညာ ထားတာပဲ ရှိပါတယ်။ အဲသည်တော့ စစ်အစိုးရဟာ သောကြာနေ့ တရားဝင်ရုံးချိန် နောက်ဆုံးအထိကို ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းရေးကိုသာ အာရုံပြုထားတယ်။ လာမည့် ၃၀ သြဂုတ်ထက် ကျော်လွန်ပြီးတော့ ကိုယ်စားလှယ် အမည်စာရင်းတွေ သွင်းနိုင်ဖို့ ရက်ရွှေ့ဆိုင်းဖို့ ဆန္ဒမရှိဘူး ဆိုတာပဲ ထင်ရှားတဲ့ အခြေအနေပဲ ရှိနေပါတယ်။

ပထမအနေနဲ့ ဆရာက ပြောဆိုရာမှာ …
“အခု စစ်ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့အဖွဲ့ဟာ သူတို့ ချမှတ်ထားတဲ့၊ ဦးဆောင်နေတဲ့ လမ်းစဉ်အတိုင်း နယ်စပ်က တိုင်းရင်းသား အဖွဲ့တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စ ၀င်ရေး မ၀င်ရေးကို ပြေလည်အောင် မရှင်းလင်း ရသေးဘူး။ အောက်ခြေက စစ်သားတွေ၊ အရာရှိ ငယ်တွေရဲ့ လစာ၊ ဆုကြေး အကြပ်အတည်း အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြေရှင်း ပေးစရာတွေ မလုပ်ရသေးဘူး။

Read More...

အပေါ်သို့