Friday, December 23, 2011

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ် ပဏာမ ငြိမ်းချမ်းရေး တွေ့ဆုံ

22 December 2011

မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ပဏာမ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ပထမအကြိမ် အဖြစ် ယနေ့ တွေ့ဆုံခဲ့ကြသည်။

ယနေ့ နေ့ လည် ၁၁နာရီခန့်က တွေ့ဆုံရာတွင် အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် များ အပါအဝင် မွန်ပြည်သစ်ပါတီဘက်မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တို့က ထိုင်းနိုင်ငံ စံခလပူရီမြို့တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

Read More...

အကျဉ်းသားများ ထပ်မံလွှတ်ပေးမည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း ထုတ်ဖော်ပြော

22 December 2011
စောခါးစူးညား

လာမည့်နှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားအပါအ၀င် ရာဇ၀တ် အကျဉ်းသား များ ကို ထပ်မံလွှတ်ပေးမည်ဟု ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် တွေ့ဆုံစဉ် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင် မင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ဦးအောင်မင်း ကိုယ်တိုင် ဇန်န၀ါရီလ ၄ရက်နေ့တွင် တကြိမ်၊ ၁၂ ရက်နေ့တွင် တကြိမ် နှစ်သုတ်ခွဲပြီး လွှတ်ပေးမည်ဟု ပြောသွား ခဲ့ ကြောင်း KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ပဒိုစောဒေးဗစ်ထောက ယခုလို ပြောသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရန် နေပြည်တော် သွားမည်

ရန်ပိုင်
December 22, 2011

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတ်ပုံတင်ရေးအတွက် မနက်ဖြန် နံနက် ၇ နာရီခန့်တွင် လေကြောင်းခရီးဖြင့် ဒုတိယအကြိမ်မြောက်နေပြည်တော်သို့ သွားရောက်မည်ဖြစ်သည်။

ယခုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါတီခေါင်းဆောင် ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်တို့ လိုက်ပါသွားမည် ဖြစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသည့် ဦးခွန်သာမြင့်က ပြောသည်။

“ကော်မရှင်ကို အရင်သွားမယ်။ ကြိုဆိုတာတွေတော့ ရှိမှာပါ။ ပြီးရင် နေ့ချင်းပြန်မယ်” ဟု ၎င်းက ဆိုသည်။

Read More...

လွှတ်တော်ပြင်ပ ဆွေးနွေးရေးလည်း လမ်းဖွင့်ထား

လင်းသန့်
December 22, 2011

ဒေါ်အောင်ဆန်းစုကြည်က မိမိကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော်လည်း လွှတ်တော်ပြင်ပ တွေ့ဆုံဆွေး နွေးရေး လမ်းကိုလည်း ဖွင့်ထားကြောင်း ပြောကြားလိုက်သည်။

ယမန်နေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးတို့ တွေ့ဆုံရာတွင် ၈၈ ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်း ၀င်သွားလျှင် အစဉ်တစိုက် တောင်းဆိုနေသည့် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ် သက်၍ မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကိုစိုးထွန်းက “လွှတ်တော်နိုင်ငံရေး ဖြစ်စဉ်တွေကလည်း ရှိနေရမှာဖြစ်သလို လွှတ်တော်ပြင်ပ နိုင်ငံရေးကလည်း ဆက်ရှိနေရမယ်။

Read More...

နိုင်ငံရေးအကျဉ်းသား ထပ်လွှတ်မည်

ပြည်တော်မြင့်
December 22, 2011

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။

ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် နှစ်ဘက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လာရောက်ဆွေးနွေးစဉ် ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

Read More...

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​ရွှေမန်း​ ​တွေ့​ဖွယ်ရှိ

December 22, 2011
ကို​ထွေး

မြန်မာ့​ ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​တို့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံဖွယ် ရှိတယ်လို့​ သိရပါတယ်။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲချုပ် ပါတီမှတ်ပုံတင်ဖို့​ ကိစ္စ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​တင်ဦး​တို့​ မနက်ဖြန် ​နေပြည်​တော်ကို သွား​ရောက် တဲ့​ ခရီး​စဉ်အတွင်း​မှာ သူရ ဦး​ရွှေမန်း​နဲ့​ ​တွေ့​ဆုံဖွယ်ရှိတယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​ခွန်သာမြင့်​က ​ပြော ပါတယ်။

“သတင်း​တော့​ ထွက်​နေပါတယ်။ ​တွေ့​မယ်ဆိုရင်​တော့​ မနက်ဖြန်ပါပဲ။ မနက်ဖြန် အမ ​နေပြည်​တော် တက်ဖို့​ရှိပါတယ်၊​ မှတ်ပုံ တင်တဲ့​ဆိုင်း​သွား​ထိုး​မှာပါ၊​ ဦး​တင်ဦး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အဲဒီမှာ​တွေ့​မယ်လို့​ ကြား​တာပဲ။”

Read More...

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး

December 22, 2011

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ အစိုးရငြိမ်းချမ်းရေး​ ကိုယ်စားလှယ်တွေ ဒီကနေ့ တွေ့ဆုံ​ ​ဆွေးနွေး ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဘက်က အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်တဲ့အဖွဲ့နဲ့ အစိုးရဘက်က မြန်မာ့မီးရထားဝန်ကြီးဦးအောင် မင်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့မှာ ဒီကနေ့ မနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီအထိ အချိန် ၂ နာရီကြာ ပဏာမ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံပွဲမှာ အစိုးရဘက်က အချက် ၃ ချက် တင်ပြခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

Read More...

မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံးဖွင့်နိုင်ရေး အလုပ်သမား ဒု-၀န်ကြီး ထိုင်းရောက်

December 22, 2011
နော်နိုရင်း

ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားတွေ တရားဝင်စေလွှတ်နိုင်ရေးနဲ့ နိုင်ငံသား စိစစ်ရေးရုံးတွေ တရားဝင်ဖွင့်နိုင်ရေး မြန်မာ အလုပ် သမား​ ဒု-ဝန်ကြီး​ ဦး​မြင့်​သိန်း​ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။

အလုပ်သမားဒု-၀န်ကြီး ဦးမြင့်သိန်း ဒီနေ့ရောက်ရှိတာဖြစ်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာအလုပ်သမား နိုင်ငံသား စိစစ်ရေးရုံးတွေ ဖွင့်လှစ်ဖို့ ဆွေးနွေးတယ်လို့ အလုပ်သမားအရေး​ ​ဆောင်ရွက်သူတွေက ပြောပါတယ်။

မြန်မာအစိုးရဟာ ၂၀၁၂ ခု ဇန်န၀ါရီလဆန်းကစပြီး ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံး ၅ ခုကို ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စမွတ်ပရာကန် ခရိုင် စတဲ့နေရာတွေမှာ ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသား​ နှစ်သုတ် ခွဲလွှတ်မည်ဟု သတင်းထွက်ပေါ်

December 22, 2011
မင်းလွင်

နိုင်ငံရေးအကျဉ်းသားတွေကို ဇန်န၀ါရီ လဆန်းပိုင်းမှာ နှစ်သုတ်ခွဲပြီးတော့ အကျဉ်းထောင်တွေထဲကနေ ပြန်လွှတ် ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို နှစ်သုတ်ခွဲပြီး ဇန်န၀ါရီ ၄ ရက်နေ့မှာ တခါ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တခါ လွှတ်ပေးမယ်ဆိုပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူ တဦးဖြစ်တဲ့ ရထားဝန်ကြီးက တိုင်းရင်းသား​ ​ခေါင်းဆောင်တွေကို ပြော ခဲ့တာပါ။

မနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့​တွေ့ဆုံစဉ်​ ​ပြောခဲ့တာဖြစ်ကြောင်း​ ​ကေအန်ယူမှ ဖဒို ဒေးဗစ်ထောက ပြောပါ တယ်။

Read More...

Thursday, December 22, 2011

အပစ်ရပ်ဆွေးနွေးပွဲ KNU အကောင်းမြင် မျှော်လင့်

21 ဒီဇင်ဘာ 2011
မအေးအေးမာ

မြန်မာအစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့အကြားမှာ ရေရှည်တည်တံ့မယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်ရနိုင်ဖို့ ဆွေးနွေးနေကြတာမှာ တိုးတက်မှုတွေ ရှိနေပြီလို့ KNU တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအန်န်ယူ ထိပ်ပိုင်း ခေါင်းဆောင်တွေပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ဒီကနေ့ပဲ ထပ်မံ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး တဲ့နောက် အဲဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်း ပို့ထား ပါ တယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ KNU ကိုယ်စားလှယ်အဖွဲ့တို့ အခုတကြိမ် တွေ့ဆုံ ဆွေးနွေးတာဟာ တတိယ အကြိမ်ရှိသွားပြီ ဖြစ်ပြီး ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နှစ်ဘက်စလုံးက ကြိုးပမ်းနေသလို ဆွေးနွေးပွဲတွေ အပေါ် ကျေနပ် အားရပါတယ်လို့ KNU ခေါင်းဆောင် တဦးဖြစ်တဲ့ စောဒေးဗစ်ထောက ပြောပါတယ်။

Read More...

တရုတ်ဆန္ဒပြသူတွေ တောင်းဆိုချက် ပြည်နယ်အစိုးရ လိုက်လျော

21 ဒီဇင်ဘာ 2011

တရုတ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဖက်က တောင်းဆိုချက်တွေကို အာဏာပိုင်တွေဖက်က ဆွေးနွေးပြီး ထူးထူး ခြား ခြား လိုက်လျော ပေးလိုက်ပါပြီ။ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ၀ူခမ်မြို့မှာ ဆန္ဒပြသူတွေ တောင်းဆိုခဲ့တဲ့ အကျဉ်း သား ၃ ဦးကို ရက်ပိုင်းအတွင်း လွှတ်ပေးဖို့ ပြည်နယ် အဆင့်မြင့် အရာရှိတွေက သဘောတူခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဆန္ဒပြ ခေါင်းဆောင်တဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဒေါသထွက်နေတဲ့ ရွာသားတွေက ဒေသခံ အရာရှိတွေကို ဒီ ဂွမ်ဒေါင်း ပြည်နယ်ထဲက သူတို့ရွာ ထဲကို မလာနိုင်အောင် ထိရောက်စွာ တားဆီးနိုင်ခဲ့ပြီး သူတို့ဟာ သူတို့လည်း ထိထိရောက်ရောက် အုပ်ချုပ်မှုတွေ လုပ်လာခဲ့ ပါ တယ်။

Read More...

ဖိလစ်ပိုင်ရေလွှမ်းမိုးမှု သေဆုံးသူ ၁,၀၀၀ ကျော်ပြီ

21 ဒီဇင်ဘာ 2011

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က အပူပိုင်းမုန်တိုင်း ၀င်ရောက်ပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့တာမှာ သေဆုံးသူဦး ရေ ဟာ ၁,၀၀၀ ကျော် ရှိသွားပြီလို့ ဖိလစ်ပိုင်အစိုးရ အရာရှိတွေက ပြောပါတယ်။ သေဆုံးသူဦးရေဟာ အခုထက် ပိုများလာ နိုင်ဖွယ် ရှိနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

လူပေါင်း ၁,၀၀၂ ယောက်ရဲ့ အလောင်းတွေကို ကူညီကယ်ဆယ်ရေး ၀န်ထမ်းတွေက ရှာဖွေတွေ့ခဲ့သလို ပျောက်ဆုံးနေသူ အများ အပြား ရှိနေတုန်းပဲလို့ အရပ်ဘက် ကာကွယ်ရေးဌာန အကြီးအကဲက ပြောပါတယ်။

Read More...

KNU နှင့် အစိုးရ ထပ်မံဆွေးနွေး

ဖနိဒါ
ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ်

အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်လာနိုင်ရန် တတိယအကြိမ်မြောက် ပဏာမ ဆွေးနွေးပွဲ ကို ကရင်အမျိုးသား အစည်းအရုံးနှင့် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ဗုဒ္ဓဟူးနေ့ တွင် ထိုင်း-မြန်မာ နယ်စပ်တွင် တွေ့ဆုံ ဆွေး နွေးခဲ့ကြသည်။

KNU ဘက်မှ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါ ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုဒေးဗစ်ထော၊ ပဒိုအားတိုး၊ ဘာအံခရိုင် ဥက္ကဋ္ဌ စောအောင်မော်အေး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး တာဝန်ခံ စောရော်ဂျာခင်နှင့် ဗဟိုကော်မတီဝင် စောသောသီခိုတို့ ပါဝင်သော အဖွဲ့နှင့် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင် ဒေါက်တာ နေဝင်းမောင်၊ ဦးလှမောင်ရွှေတို့ အပါအဝင် ရှစ်ဦးတို့ ဆွေးနွေးကြသည်။

Read More...

ချင်းအမျိုးသားနေ့ ချင်းဝန်ကြီးချုပ် လက်မခံ

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ်

ဖေဖေါ်ဝါရီ ၂ဝ ရက်အား ချင်းအမျိုးသားနေ့အဖြစ် ပြန်လည် သတ်မှတ်ကျင်းပရန် ပြည်ထောင်စု အစိုးရက ခွင့်မပြုသေး၍ ပြည်နယ် ဝန်ကြီးချုပ်က လက်မခံကြောင်း မင်းတပ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှ အင်္ဂါနေ့က ခေါ်ယူ အသိပေးလိုက်သည်။

ချင်းအမျိုးသားနေ့ ကျင်းပရေး အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မန်း (အငြိမ်းစား ငှက်ဖျား တိုက်ဖျက်ရေးမှူး) လက်မှတ် ထိုး၍ နိုဝင်္ဘာ ၂၃ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည့် ချင်းအမျိုးသားနေ့ ကျင်းပရေး စီမံချက်အား ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ကြေး နန်ဖြင့် ပြန်ကြားလိုက်ခြင်း ဖြစ်သည်။

“ပြည်ထောင်စု အစိုးရက ခွင့်မပြုသေးလို့ ခွင့်ပြုတဲ့ အချိန်ကျမှသာလျှင် ကျင်းပဖို့ဆိုပြီး ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက် အရ ဘောလုံးကွင်းမှာ ချင်းပြည်နယ်နေ့ပဲ ကျင်းပမယ်လို့ ဒီနေ့ မြို့နယ် ထွေ/အုပ်ရုံးမှာ အစည်းအဝေး ခေါ်ပြီး ကြေးနန်း ဖတ်ပြတယ်။ အမျိုးသားနေ့ကိုတော့ ရပ်ကွက်အနေနဲ့ ကျေးရွာအနေနဲ့ ကျင်းပလို့ ရပါတယ်တဲ့” ဟု အစည်းအဝေး တက်ရောက်ခဲ့ သည့် ကော်မတီဝင် သစ်ကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

Read More...

မွန်ပြည်သစ်နှင့် အစိုးရ ထပ်မံဆွေးနွေးမည်

ကွန်းချမ်း
ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ်

ဗဟိုဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသတွင် ပါတီ ညီလာခံ ကျင်းပနေစဉ် အတွင်း မွန်ပြည်သစ်ပါတီ အနေနှင့် အစိုးရကိုယ်စားလှယ်နှင့် ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်ဖွယ်ရှိကြောင်း ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။

ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်အဖွဲ့နှင့် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းတို့ ထိုင်းနိုင်ငံ တနေရာတွင် တွေ့ဆုံဖွယ်ရှိသည့်အတွက် နိုင်ဟံသာမှာ ညီလာခံသို့ မတက် ရောက်နိုင်သေးကြောင်း အဆိုပါ သတင်းရပ်ကွက်များက ပြောသည်။

“မနက် ခြောက်နာရီကတည်းက သူ (နိုင်ဟံသာ) ဗဟိုကနေ ဆင်းသွားပြီ၊ ညီလာခံဖွင့်ပွဲကို သူမတက်နိုင်သေးဘူး။” ဟု ဗဟို ဌာနချုပ်ရှိ ပါတီဝင်တဦးက ပြောသည်။

Read More...

အဲ့ဒီအခန်းဖြတ်' က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော

မျိုးသန့်
ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ်

မြန်မာ့ ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့၏ ရုပ်ရှင်နှင့် ဗီဒီယိုများအပေါ် ဆင်ဆာဖြတ်တောက်မှု အခြေအနေများကို ပထမဆုံး သရုပ်ဖေါ် ရိုက်ကူးထားသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကားတိုသည် တကယ့် ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်းဟု ထိုရုပ်ရှင်ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီထဲမှာ တကယ်အမှန်အကန် အကုန်ပါတာ။ ကျနော် လုပ်ကြံပြီး ရိုက်ထားတာ တခုမှ မပါဘူး။ တကယ့် ဖြစ်ရပ် မှန်တွေပါ။” ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။ အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ မိမိတို့ ရုပ်ရှင်လောကသားများ ခံစားနေရသည့် ဆင်ဆာဖြတ်တောက်မှုများကို တင်ပြလိုခြင်းဟုလည်း ဒါရိုက်တာ ဝိုင်းက ပြောသည်။


ယင်းအပြင် ဝန်ထမ်းများ လာဘ်စားသည်ကို သရော်သည့် ရုပ်ရှင်ဇာတ်ဝင်ခန်း တင်ပြရိုက်ကူး ထားသည်ကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ထမ်းက “ Good Governance Clean Government လုပ်နေတဲ့အချိန်မှာ အဲဒီ ပြကွက်တွေ ခွင့်ပြု လိုက်ရင် အကုန်လုံး ကွိုင်တက်ကုန်မှာပေါ့။” ဟုဆိုကာ ဖြတ်ခိုင်းပြန်သည်။

ထိုကဲ့သို့ မိမိတို့ ဖန်တီးထားသည့် အနုပညာကို ဖြတ်တောက်မှုများကြောင့် စိတ်ထိခိုက်ရသည်ဟုလည်း ဒါရိုက်တာဝိုင်းက ပြောသည်။

“တခါတလေကျရင် အသေအလဲ သရုပ်ဆောင်ထားတဲ့ ပြကွက်တွေ ဘာမှန်းမသိဘဲနဲ့ ဖြတ်ခံလိုက်ရတယ်။ ဒီမှာ လုပ်ထားတာက ရင်ဘတ်တွေနဲ့ လုပ်ထားတာ သေရော။ သူတို့တွေက ကျနော်တို့ နှလုံးသားတွေကို ဓါးနဲ့ ဖြတ် လိုက်သလိုပဲ။ အဲဒီအခါကျတော့ သရုပ်ဆောင်တွေမှာလည်း အခက်အခဲ၊ ဒီဘက်က စဉ်းစားပြီးလုပ်ထားတဲ့ ဇာတ်ညွန်းဆရာမှာလည်း အခက်အခဲ၊ ဖန်တီးထားတဲ့ ဒါရိုက်တာမှာလည်း အခက်အခဲ Felling တွေက သွားပြီ ပေါ့ဗျ။ လူကိုသတ်တာထက် Felling တွေကို သတ်တာ ပို ဆိုးတယ်။” ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

အဲဒီအခန်းဖြတ် ဇာတ်ကားတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအဖြစ် သရုပ်ဆောင်ခဲ့သူ သရုပ်ဆောင် ကိုဇော်ဝင်းနိုင်ကလည်း “ကိုယ်ရိုက်တဲ့ အခန်းလေး ဖြတ်တဲ့အထဲ ပါသွားတယ်ကွ ဆိုတာ ကျနော်တို့ ကားတွေ တော်တော်များများ ခံစားဖူးပါတယ်။ အဲဒါဖြတ်တဲ့အထဲ ပါသွားတယ်ဆို ရင်ထဲမချမ်းသာဘူးလေ။ ဪ ငါတို့ လုပ်ထားတာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတို့ ဘာ တခုမှလည်း မစော်ကားဘူး၊ နောက် ဆဲရေးတိုင်းထွာ တာလည်း မဟုတ်ဘူးဗျ။” ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ဆင်ဆာဘုတ်အဖွဲ့သည် ရိုက်ကွက် တခုတည်းကိုပင် ပေးချင်သည့်သူကိုပေးကာ၊ မပေးချင်သည့်သူကို ဆင်ဆာ ဖြတ်တောက်မှုများ ပြုလုပ်သည်ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီအခန်းဖြတ်” ရုပ်ရှင်ဇာတ်လမ်းတိုသည် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဒါရိုက်တာ ကိုသူရတို့ ဦးဆောင် ကျင်းပသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကား ဖြစ်သည်ဟုလည်း သိရသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၀ ခန့် လက်ခံရရှိပြီး ဇန်နဝါရီလ ၁၊ ၂၊ ၃ ရက်နေ့ များတွင် ရွေးချယ်ကာ လေးရက်နေ့တွင် ဆုပေးပွဲ ကျင်းပမည်ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

ဆုပေးပွဲအခမ်းအားကို ရန်ကုန်မြို့ တော်ဝင်စင်တာ ဟိုတယ် အထပ် ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ကာ ဆုချီးမြှင့်မည်ဟုလည်း သိရသည်။ ဆုကြေးကို ကျပ်ငွေ ၁၀ သိန်း ပေးမည်ဟု သိရသည်။

Ref: မဇ္ဈိမ

Read More...

လှည်း​တန်း​ဗုံး​ကွဲ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး

December 21, 2011
နော်နိုရင်း

ရန်ကုန်မြို့​ လှည်း​တန်း​လမ်း​ဆုံအနီး​က အများ​သုံး​ အိမ်သာတလုံး​မှာ ဒီက​နေ့​ မနက် ၁၁ နာရီ​လောက်က ​ပေါက်ကွဲမှုဖြစ်ပွား​ခဲ့​တာ​ကြောင့်​ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး​ပြီး​ ၁ ဦး​ ဒဏ်ရာရရှိသွား​ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း ​နဲ့​ ပြည်လမ်း​ထောင့်​မှာ မကြာ​သေး​ခင်က ဖွင့်​လှစ်လိုက်တဲ့​ အများ​သုံး​ အိမ်သာမှာ ​ပေါက်ကွဲမှု​တွေ ဖြစ်ပွား​ခဲ့​တာပါ။

Read More...

လှည်းတန်းမီးပွိုင့်အနီး ဗုံးပေါက် လူတဦးသေ

မျိုးသိဏ်း
ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်အနီး အများသုံး သန့်စင်ခန်းတခုတွင် ဗုဒ္ဓဟူးနေ့နံနက် ၁၁ နာရီ ၁၀ မိနစ်ဝန်း ကျင်ခန့် အချိန်က ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပွားရာ လူတဦး သေဆုံးသွား သည်။။

တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ အများသုံး သန့်စင်ခန်းတခုတွင် ပေါက်ကွဲမှုကြောင့် လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“အသံက အကျယ်ကြီးပဲ။ ကျနော်တို့ မာလာဆောင် မှတ်တိုင်အကျော်နားက ကြားရတယ်။ အိမ်သာက အလူမီနီယမ်နဲ့ ဆောက် ထားတာ။ ခေါင်မိုးတွေ လန်ထွက်သွားတယ်။ လူတယောက်ကိုတော့ ဆေးရုံကားနဲ့ တင်သွားပြီ။ အထဲမှာ အလောင်းတလောင်း ရှိသေးတယ် ပြောတယ်။ အခုရဲက အပြင်လူတွေကို သွားဖို့ပြောနေပြီ။” ဟု အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူတဦးက မဇ္ဈိမ ကို ပြောသည်။

Read More...

၂၀၁၂ ဇန်န၀ါရီလတွင် အစိုးရ နှင့် သွားရောက်တွေ့ဆုံမည် ဟု ကေအဲန်ယူပြောဆို

21 December 2011
နန်းဖော့ဂေ

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် လာမည့်နှစ် ဇန်န၀ါရီ ၁၂ရက် နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု KNU ဘက်က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့မနက် ၉နာရီမှ ၁၁နာရီခွဲအထိ တွေ့ဆုံခဲ့သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် ယင်းသို့ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေး ဗစ်ထောက ယခုလို ပြောသည်။

“အခုအလွတ်သဘော ဆွေးနွေးတာက ဘားအံမှာ သွားရောက်တွေ့ဆုံမဲ့ကိစ္စကို အဓိကထား ဆွေးနွေးကြတာပါ။ လာမဲ့ ဇန်န ၀ါရီလ ၁၂ရက်မှာ တွေ့ဆုံကြမှာမို့ အဲဒီရက်မတိုင်ခင် အစိုးရဘက်က သွားလာရေးတွေ စီစဉ်ထားရအောင်ပါ။ ဘားအံမှာတွေ့ မှာက တရားဝင်တွေ့မှာပါ။ ဒီနေ့တွေ့တာက အလွတ်သဘောမျိုးပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

ကျောင်းသားများစုံညီပွဲတော်ကို မတက်မနေရဟု ကျိုက်ဒုံ ပညာရေးမှူး ညွှန်ကြားချက်ထုတ်

21 December 2011
စောခါးစူးညား၊ စောသိန်းမြင့်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံတိုက်နယ် ပညာရေးမှူး ဒေါ်စန်းစန်းတင်က ယခုလ ၂၇ရက်နေ့၌ ကျိုက်ဒုံ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့် ကျောင်းသားများစုံညီပွဲတော်သို့ နယ်မြေခံ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်း သားကျောင်းသူများကို မသွားမနေရ စနစ်ဖြင့် ညွှန်ကြားချက် ထုတ်ထားကြောင်း ဒေသခံများက ပြောသည်။

၎င်းကြေညာချက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျိုက်ဒုံမြို့ အထကကျောင်း အပါအ၀င် ကျေးရွာပေါင်း ၁၀ ကျော်မှ အလယ်တန်းနှင့် မူလတန်းကျောင်းများသည် ကျောင်းသားများစုံညီပွဲတော် တက်ရောက်ရမည်ဖြစ်ပြီး မတက် ရောက်နိုင် ပါက ကျောင်းဆရာ၊ ဆရာမများ၏ လစာငွေကို ဖြတ်တောက်ထားမည်ဟု ပြောဆိုကြောင်း ကျိုက်ဒုံမြို့နယ်ခွဲမှ ကျောင်းဆရာ တစ် ဦး က ပြောသည်။

Read More...

လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲ မှု သေကြေဒဏ်ရာရမှုရှိ

21 December 2011

ရန်ကုန်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ယနေ့မနက် ၁၁နာရီခွဲဝန်းကျင်၌ ဗုံးတစ်လုံးပေါက်ကွဲရာ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ရှိသည်ဟု သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ လှည်းတန်းလမ်းဆုံအနီးရှိ အများသုံး ပုဂ္ဂလိက သန့်စင်ခန်း၏ အမျိုးသမီးအိမ်သာ ဘက်ခြမ်း၌ ဖြစ်ပွား ခြင်းဖြစ်ပြီး အမျိုးသမီး ၁ဦး သေဆုံးကာ အမျိုးသမီး ၁ဦးမှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကိုယ်တိုင် သွားရောက် မြင် တွေ့ခဲ့သူ ပြည်တွင်းသတင်းထောက် တစ်ဦးက ပြောသည်။

“ဗုံးပေါက်တာ အမျိုးသမီး ၁ဦးသေတယ်။ ဒဏ်ရာရတဲ့သူ အမျိုးသမီးကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပြီ။ အိမ်သာကတာ့ အမိုးပါ လန်ထွက်သွားတယ်။”ဟု ဆိုသည်။

Read More...

Wednesday, December 21, 2011

မစ္စတာတက်ဆင် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ

20 December 2011

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်သည်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါဝင် အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် လည်း တွေ့ဆုံ ခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါသည်။ မစ္စတာ တက်ဆင်သည် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်၏ ခရီးစဉ် ချောမွေ့ အဆင်ပြေ စေရန်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ရေး ကိစ္စများ အကူအညီပေးရန် အတွက် သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

မစ္စယင်းလပ် ရှင်န၀ပ်သည် စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများ ညီလာခံကို တက်ရောက်ရန် ယခုမြန်မာ နိုင်ငံကို ရောက်ရှိနေပါသည်။ မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက် နမ် နိုင်ငံတို့၏ ကိုယ်စားလှယ် များလည်း မြန်မာနိုင်ငံသို့ ရာက်ရှိ နေကြပါသည်။ မစ္စတာ တက်ဆင်သည်၊၄င်းဝန်ကြီးချုပ် လက် ထက် ၌လည်း မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ ခဲ့ပါသည်။

Read More...

ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

2011-12-20

မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံပါတယ်။

အခုလို တွေ့ဆုံတာဟာ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတွေ့ဆုံတာပါ။

Read More...

မြန်မာ့ သဘာဝဓာတ်ငွေ့ ထိုင်းနိုင်ငံ ပိုမို ဝယ်လို

2011-12-20

လောင်စာစွမ်းအင် လိုအပ်ချက် တစ်နေ့ထက် တစ်နေ့ တိုးတက် မြင့်မားလာနေတဲ့ ထိုင်းနိုင်ငံဟာ မြန်မာ့ သဘာဝဓာတ်ငွေ့ကို အနာဂတ်မှာ ပိုမို တိုးမြှင့် ၀ယ်ယူဖို့ ရှိနေတယ်လို့ ထိုင်းအရာရှိတွေက ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ အခု လက်ရှိမှာ မြန်မာ့ သဘာဝ ဓာတ်ငွေ့ တစ်ရက်ကို ကုဗပေ သန်းပေါင်း တစ်ထောင့် တစ်ရာ သုံးစွဲနေ ပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အတွက် အများဆုံး သုံးစွဲနေတာပါ။ ဒီပမာဏဟာ ထိုင်းနိုင်ငံ တစ်ခုလုံး အတွက် စုစုပေါင်း လိုအပ်ချက်ရဲ့ လေးပုံတစ်ပုံ ဖြစ်ပါတယ်။

Read More...

ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပ

2011-12-20

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး သမိုင်း မြို့မဘုန်းကြီးကျောင်းတိုက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

၂၀၀၇ ဗကသ မျိုးဆက်သစ်တွေက ဦးဆောင်ပြီ ဒီကနေ့မနက် ၈ နာရီမှာ ကျင်းပခဲ့တယ်လို့ ဗကသအဖွဲ့ဝင် ကိုဇာနည်က ပြော ပါတယ်။

Read More...

မြောက်ကိုရီးယားနဲ့ မြန်မာ ပုံမှန်ဆက်ဆံသွားဖို့ရှိ

2011-12-20

မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားပေမယ့် မြန်မာနိုင်ငံအနေနဲ့ ၂ နိုင်ငံအကြား ပုံမှန်အတိုင်း ချစ်ကြည် စွာ ဆက်ဆံသွားဖို့ ရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ ကြားနေမူဝါဒကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံသွားမယ်လို့ ထင်ကြောင်း ဒေါက်တာ နေဇင်လတ်က မိမိအမြင်ကို ပြောပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ

20 ဒီဇင်ဘာ 2011
မသင်းသီရိ

မြန်မာနိုင်ငံကိုရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်တို့ ဒီကနေ့ ဒီဇင်ဘာ ၂၀ အင်္ဂါနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ၁၉၈၈ နောက်ပိုင်း ကာလတွေအတွင်း ထိုင်းဝန်ကြီးချုပ် အဆက်ဆက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံတာလည်း ဖြစ်ပါ တယ်။ ရန်ကုန်က ထိုင်းသံအမတ် ကြီးအိမ်မှာ ဒီခေါင်းဆောင် ၂ ဦး တွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ သတင်းကိုတော့ ပြည်တွင်း သတင်းထောက်အများစု သတင်းယူခွင့်မရကြပါဘူး။ ဒီအခြေအနေအသေးစိတ်ကို မသင်းသီရိက တင်ပြပေးထား ပါတယ်။

စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းဝေးကိုလာတက်တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဒီကနေ့ အစည်း ဝေးအပြီး ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ ဆုံခဲ့ကြတာပါ။ ဒါဟာ ၁၉၈၈ နောက်ပိုင်းကာလရဲ့ ထိုင်းဝန်ကြီး ချုပ် အစဉ်အဆက်တွေထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Read More...

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး

20 ဒီဇင်ဘာ 2011
မသင်းသီရိ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးရေးကိစ္စအတွက် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂၀ ရက်၊ အင်္ဂါနေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဇာတ်ညွန်းရေးဖို့ အပါအဝင် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ့် ဇာတ်ဆောင်ကို ရွေးချယ်ရေးကိစ္စတွေ၊ ရိုက်ကူးရေး နည်းပညာပိုင်းဆိုင်ရာတွေကို ပဏာမ ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဇာတ်ကားဖြစ် မြောက်ရေး ပါဝင်လုပ်ဆောင်နေကြသူတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ခဲ့ကြပြီးတဲ့နောက် ဖွဲ့စည်းလိုက်တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ၂၀ ရက်၊ အင်္ဂါနေ့ နေ့လည်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ခဲ့ကြတာပါ။

Read More...

ကင်မ်ဂျုံအွန်း ကွယ်လွန်သူဖခင် ကင်မ်ဂျုံအီးလ်ကိုဂါရဝပြု

20 ဒီဇင်ဘာ 2011

မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်သစ်ဖြစ်လာဖွယ်ရှိတဲ့ ကင်ဂျုံအွန်းက ပြုံယမ်းမြို့မှာရှိတဲ့ သမ္မတအာဇာနည်ဗိမာန် ကို အင်္ဂါနေ့မှာ သွားရောက်ပြီး စနေနေ့တုန်းက ကွယ်လွန်သွားတဲ့ သူ့ရဲ့ဖခင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ရုပ်ကလာပ်ကို သွား ရောက် ဂါရ၀ပြုခဲ့သလို၊ တိုင်းပြည်အနှံ့မှာလည်း ပူဆွေး သောက ရောက်နေကြပါတယ်။

ကင်မ်ဂျုံအီးလ်ရဲ့ တတိယမြောက်သားလည်းဖြစ် အငယ်ဆုံးသားလည်းဖြစ်တဲ့ ကင်ဂျုံအွန်းနဲ့ ထိပ်တန်း နိုင်ငံ ခေါင်းဆောင်တွေ တက် ရောက်တဲ့ ထုံးတမ်းအစဉ်အလာ အခမ်းအနားကို မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း ဌာနကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ကင်မ်ဂျုံအီးလ် ကွယ်လွန်ကြောင်း တနင်္လာနေ့မှာ ကြေညာပြီးတဲ့နောက် ပထမ ဦးဆုံးအကြိမ်အဖြစ် သားဖြစ်သူကင်ဂျုံအွန်းရဲ့ လှုတ်ရှားမှုအကြောင်းကို အလေးပေး ထုတ်လွှင့်သွား တာဖြစ်ပါတယ်။

Read More...

မြောက်ကိုရီးယားပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ အမေရိကန်အဆင်သင့်ရှိ

20 ဒီဇင်ဘာ 2011

မြောက်ကိုရီးယားနိုင်ငံ အမျိုးသားကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌ ကင်မ်ဂျုံအီးလ် ကွယ်လွန်သွားတဲ့ အတွက် မြောက်ကိုရီးယား နိုင်ငံ တဝန်း ဝမ်းနည်းကြေကွဲနေချိန်မှာ မြောက်ကိုရီးယားပြည်သူတွေ ကျန်းမာချမ်းသာစေဖို့ အမေရိကန်ပြည်ထောင်စုက ဆုတောင်း မေတ္တာ ပို့သလိုက်ပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဒီဇင်ဘာလ ၁၉ ရက်နေ့က ကြေညာချက် ထုတ် ပြန် လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို ဦးဆောင်မည့် ခေါင်းဆောင်သစ် အနေနဲ့ ပြည်သူတွေရဲ့အခွင့်အရေးကို လေးစားပြီး အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေး တိုးတက်အောင်ဆောင်ရွက်ရင်း နိုင်ငံကို ငြိမ်းချမ်းတဲ့ လမ်းကြောင်းပေါ်ရောက်အောင် ပဲ့ကိုင်သွားလိမ့်မယ်လို့ အမေရိ ကန်ပြည်ထောင်စုက မျှော်လင့်တဲ့ အကြောင်း အဲဒီကြေညာချက်မှာဖေါ်ပြထားပါတယ်။

Read More...

GMS ထိပ်သီးအစည်းအဝေးအလွန် အခွင့်အလမ်းများ ပွင့်လင်းလာဖို့ မျှော်လင့်

20 ဒီဇင်ဘာ 2011
မစုမြတ်မွန်

မဟာမဲခေါင်ဒေသခွဲ နိုင်ငံခေါင်းဆောင်တွေတက်ရောက်တဲ့ GMS ထိပ်သီးစည်းအဝေးမှာ ဆင်းရဲမွဲတေမှု ကျဆင်းရေးပါဝင်တဲ့ ၁၀ နှစ် စီမံကိန်းကို သဘောတူခဲ့ကြပါတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ်မ္ဘောဒီးယား၊ လာအိုနဲ့ တရုတ်နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နဲ့ လုပ်တဲ့ GMS ထိပ်သီးစည်းဝေးပွဲမှာ စီးပွားရေးဖိုရမ်ဥက္ကဋ္ဌ ရာထူးကိုလည်း မြန်မာနိုင်ငံ ကုန် သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအပေါ် ဘယ်လို အကျိုးရှိ စေသလဲ စိန်ခေါ်မှုတွေ ရှိမလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေကြား စီးပွားရေးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းတွေ မြှင့် တင် ရေးနဲ့ ဆင်းရဲမွဲတေမှု ကျဆင်းရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ရေး စတဲ့ ၁၀ နှစ် စီမံကိန်းကို ၆ နိုင်ငံပါဝင်တဲ့ GMS မဟာမဲခေါင်ဒေသခွဲ ထိပ်သီး စည်းဝေးပွဲမှာ သဘောတူခဲ့ကြပါတယ်။

Read More...

နိုင်ငံရေးဆွေးနွေးဖို့ အစိုးရက KIO ထံ အကြောင်းကြား

20 ဒီဇင်ဘာ 2011
ကိုမိုးဇော်

ပြည်ထောင်စုအဆင့်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ကော်မတီက ကိုယ်စား လှယ်အဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ဒီလို ဖွဲ့စည်းဖို့ ပြင်ဆင်တာကတော့ နိုင်ငံရေးဆွေးနွေးဖို့ အတွက် မြန်မာအစိုးရဘက် ကနေ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း တရားဝင် အကြောင်းကြားလာတာကြောင့် ဖြစ် ပါ တယ်။ KIO နဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကြာခင် စတင်နိုင်မယ့် အလားအလာရှိနေပေမဲ့လည်း ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေပြီး စစ်ပြေး ဒုက္ခသည်တွေ သေဆုံးနေရတာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ထိုင်း အခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ခြေလှမ်းသစ် တရပ်အဖြစ်နဲ့ နိုင်ငံရေး ဆွေး နွေးပွဲတွေ စတင်နိုင်ဖို့ အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြားမှာ စတင် ပြင်ဆင်လာနေပြီ ဖြစ်ပါတယ်။

Read More...

အကြမ်းဖက်သမားတွေကို လက်နက်ပေးသူ ဆီးရီးယားအစိုးရ သေဒဏ်ချမည်

20 ဒီဇင်ဘာ 2011

ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်သမားတွေကို လက်နက်တွေ ပေးအပ်တဲ့သူ ဘယ်သူ့ကိုမဆို သေဒဏ် အပြစ်ပေးမယ့် ဥပဒေ သစ်တရပ်ကို သမ္မတ Bashar al-Assad က ထုတ်ပြန်လိုက်တဲ့အကြောင်း နိုင်ငံပိုင် သတင်းတွေက ကြေညာပါတယ်။

အစိုးရ ဆန့်ကျင်သူတွေအပေါ် နှိမ်နင်းနေတာတွေ အဆုံးသတ်စေဖို့ ရည်ရွယ်ထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ် တရပ်ကို လိုက် နာမှု ရှိမရှိ လေ့လာစောင့်ကြည့်သူတွေကို လက်ခံသွားမယ်လို့ သဘောတူခဲ့အပြီး နောက်တရက် ဖြစ်တဲ့ ဒီကနေ့မှာပဲ အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

သမ္မတ Assad အစိုးရကတော့ လနဲ့ချီပြီး ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ လက်နက်ကိုင် အကြမ်းဖက်အုပ်စု တွေရဲ့ လက်ချက် ဖြစ် တယ်ဆိုပြီး အပြစ်ဖို့ထားတာ ဖြစ်ပါတယ်။

Read More...

အပေါ်သို့