Friday, November 12, 2010

နေ့စဉ်သတင်းများ ( ၁၁ - ၁၁ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည် စနေနေ့ လွတ်မည်ဟု အန်အယ်လ်ဒီ မျှော်လင့် သတင်း
ဒေါ်အောင်ဆန်းစုကြည် သားငယ် ပြည်ဝင်ခွင့်ဗီဇာရ သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ NLD ပါတီဝင်တွေ ရန်ကုန် ရောက်လာ သတင်း
ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ရန် နအဖ အစိုးရအဖွဲ့ဝင်များ ၀ိုင်းဝန်းအကြံပေး သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ပယ်ချခံရ သတင်း
တရားဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု ဦးဝင်းတင် ယုံကြည် သတင်း
ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ ဖွဲ့စည်း သတင်း
ရှမ်းပြည်အတွင်း တိုက်ပွဲတွေဖြစ် သတင်း
မိုင်းရှူးဘက်ရှိ နအဖတပ် SSA တပ်မဟာ (၁) ကို စတိုက်ပြီ သတင်း
ထိုင်း-မြန်မာနယ်စပ် တိုက်ပွဲဆက်ဖြစ် သတင်း
SSA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း နအဖတပ် တိုးဖြည့်ဖြန့်ကျက် သတင်း
ဘုရားသုံးဆူဒေသ နိုဝင်ဘာလ (၁၁) ရက်နေ့ မနက်တိုက်ပွဲ သတင်း
ဒီကေဘီအေကို ၀ိုင်းဝန်ကူညီရန် ကေအန်ယူ တိုက်တွန်း သတင်း
မိုင်းကွင်းတွေ ဖယ်ဖို့ ဒီကေဘီအေကို စစ်တပ် ပြော သတင်း
နအဖတပ် ပစ်ခတ်မှုကြောင့် (၁၃) နှစ်အရွယ် မိန်းကလေးတဦး သေဆုံး သတင်း
ဘုရားသုံးဆူ ဒုက္ခသည်များ ဖိအားပေးလို့ နေရပ်ပြန်ရ သတင်း
ရွေးကောက်ပွဲ အရေးပေါ်ကာလ နအဖစစ်တပ်၏ သျှမ်းပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ သတင်း
မူးယစ်ခေါင်းဆောင်ဟောင်းတွေ လွှတ်တော်အမတ်ဖြစ် သတင်း
ရွေးကောက်ပွဲရလဒ် တစည မကျေနပ် သတင်း
အနိုင်ရ ကိုယ်စားလှယ်လောင်းတဦး ကော်မရှင်စာရင်းမှာ မဖော်ပြ သတင်း
ရွေးကောက်ပွဲရလဒ် မကျေနပ်ချက် ဗိုလ်ချုပ်မှူးကြီးထံ တိုင်မည် သတင်း
ရွေးကောက်ပွဲရလဒ် နအဖသတင်းစာတွေ ဖော်ပြ သတင်း
ဒေါက်တာစောနိုင် အနိုင်ရပြီးမှ ပြန်လည်ရှုံးနိမ့် သတင်း
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူး RNDP မမျှော်မှန်း သတင်း
မဲခိုးမှုများနဲ့ ကြိုတင်မဲများကို ကန့်ကွက်ကြောင်း အန်ဒီအက်ဖ် ကြေညာချက်ထုတ် သတင်း
အငြင်းပွား မဲစာရင်း ဖျက်ဆီးဖို့ ၀န်ထမ်းတွေကို နတ္တလင်းကော်မရှင် ညွန်ကြား သတင်း
ဇေကမ္ဘာ ဦးခင်ရွှေ အနိုင်ရ သတင်း
ရွေးကောက်ပွဲဟာ ဟန်ပြဖြစ်ပြီး စစ်ပဒေသရာဇ်နဲ့ အုပ်ချုပ်ဖို့ ပြင်ဆင်ထား သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အမတ်နေရာ တ၀က်နီးပါး အနိုင်ရ သတင်း
မွန်နှင့် ရခိုင်ပါတီများ၏ အခြေအနေ သတင်း
ချင်းပါတီများ လက်တွဲရေးအဆိုကို CPP ကြိုဆို သတင်း
ရှမ်းပြည်မှ စစ်အစိုးရတပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေး ထိုးပြီ သတင်း
မြန်မာကို လေယာဉ်ရောင်းသည့် ကုမ္ပဏီ တရားစွဲခံရ သတင်း
တိုရူယာမာဂျီ မြ၀တီမှာ အဖမ်းခံရစဉ် လူ့အခွင့်အရေးချိုးဖောက်မှုကို ကိုယ်တိုင်ကြုံ သတင်း
လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင်ခဲ့ကြောင်း ဂျပန်သတင်းထောက် RFA ကို ပြောကြား သတင်း
Girirelief.net အမည်ဖြင့် အင်တာနက်စာမျက်နှာ စတင်လွှင့် သတင်း
လက်တွေ့နိုင်ငံရေးကို မျက်နှာမူကြပါစို့ (ဆောင်းပါး)
ရွေးကောက်ပွဲက ဖန်တီးသော တိုက်ပွဲများ (ဆောင်းပါး)
၂၀၁၀ ထဲက ၊ မဟာမင်္ဂလာ (ဆောင်းပါး)

Read More...

Thursday, November 11, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံနဲ့ ခွပ်ဒေါင်း အစစ်အမှန်တို့ရဲ့ အောင်ပွဲ ဖြစ်တယ်

မိုးမခ
နိုဝင်ဘာ ၁၀၊ ၂၀၁၀

၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို မတ်လကတည်းက သပိတ်မှောက်ထားတဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကို မိုးမခက ဆက်သွယ်ပြီးတော့ လက်ရှိ ရွေးကောက်ပွဲ အရှုပ်အထွေး၊ ပဋိပက္ခများအပေါ် ထင်မြင်ချက်ကို တောင်းခံခဲ့ပါတယ်။

ဆရာက တိုတိုတုတ်တုတ်ပဲ

“အခုအရေးအခင်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေ ရှုံးသွားပြီ၊ ဒေါ်အောင်ဆန်းစု ကြည် အနိုင်ရတဲ့ ပွဲဖြစ်တယ်။ အင်န်အယ်ဒီပါတီ အနိုင် ရသွားတယ်။ ၈၈ အရေးတော်ပုံကြီးနဲ့ ခွပ်ဒေါင်း အစစ်အမှန်တွေ နိုင်တဲ့ ပွဲ ဖြစ်တယ် …” လို့ ပြောလိုက်ပါတယ်။

“လျပ်တပြက်သုံးသပ်ချက်ပဲ ဆိုဆို၊ အကြမ်းသုံးသပ်ချက်ပဲ ဆိုဆို တိုတိုပြောရရင်၊ ရွေးကောက်ပွဲဟာ ပြီးသွားပြီ။ ပြီးသွားတဲ့ အခါကျတော့ ပြဿနာတွေ မီးမွှေးပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ တန်းလန်းတွေပေါ့။ ဟုတ်လား။ ဟိုပါတီ ဒီပါတီက မဲခိုးလို့တို့၊ Free & Fair Election မဖြစ်ဘူးတို့။ တကယ်တမ်းကျတော့ ရွေးကောက်ပွဲကို ဓါးမြ တိုက်တာပဲ။ ဒီကိစ္စတွေကတော့ သီးခြား ကိစ္စပါပဲ။ ဒါ့အပြင် နောက်ပိုင်းမှာလဲ အနယ်နယ် အရပ်ရပ်က အမှုပေါင်းများစွာက ဘယ်အချိန်မှာ ဘာတွေ ဘယ်လို ပေါ်လာကြဦးမယ် မသိဘူး။ ဟုတ်လား။ အခုကျတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ကြုံးဝါးတဲ့သူက ကြုံးဝါး။ တချို့ကတော့ အစိုးရကို တရားစွဲမယ်လို့ ကြုံးဝါးတဲ့ သူကလည်း ကြုံးဝါး။ ထားလိုက်ပေါ့ ပြီးပါပြီး။ သူတို့ဖာသာသူတို့ လုပ်ချင်တာ လုပ်မှာပဲလို့ ပြောတဲ့သူကလည်း ပြော။ မျိုးစုံ ဖြစ်ကျန် ခဲ့တာပေါ့ကွာ။

အခုဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကြားထဲမှာ မကျေနပ်တာတွေ အပြင် ပြည်တွင်းစစ် လိုမျိုး တိုက်ပွဲတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ ရွေးကောက်ပွဲ အပြီးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။
ကျနော်တို့ အနေနဲ့ တိုတို တုတ်တုတ် သုံးသပ်ရရင် စစ်အစိုးရဟာ ဒီရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ။ ဒီလိုမျိုး မြင်ကြရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ အောင်မြင်မှုကြီး တခုအဖြစ် ကမ္ဘာကို ပြချင်တယ်။ သူတို့ကလည်း ကောင်းကောင်း ကျင်းပတယ်။ လူတွေကလည်း ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ သူတို့ရဲ့ ဘ၀သစ် အတွက် ရွေးချယ်ကြတယ်လို့ ကမ္ဘာကို ပြချင်တယ်။ ဒါပေမယ့် ဘာဖြစ်သွားသလဲ ဆိုတော့ သူတို့ ပြစေချင်သလို မြင်စေချင်သလို ဖြစ်မလာခဲ့ဘူး။

ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နဲတယ်။ မဲပေးသူတွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %လောက် အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွားတယ်။ အဓိကရှုံးတဲ့ သူဟာ စစ်အစိုးရပဲလို့ ကျနော်တို့က ပြောကြတယ်။ ဒါဆိုရင် နိုင်တဲ့သူက ဘယ်သူလဲလို့ မေးကြရင် နိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ လို့ ပြောချင်တယ်။ ဘာလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သည်ရွေးကောက်ပွဲမှာ မဲမပေးချင် မပေးကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီက ရွေးကောက်ပွဲမှာ မပါဝင်ဘူး။ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ လှုံဆော်တယ်။ မဲမပေးလဲ နေနိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ သည်လှုပ်ရှားမှုဟာ မြန်မာပြည် ကျေးလက် တောရွာတွေအထိ ပြန့်နှံ့ပြီးတော့ တောင်တန်းဒေသ၊ နယ်စွန် နယ်ဖြားတွေ အထိ ဒီသဘောထားဟာ ပြန့်နှံ့ သွားတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အဓိက နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီ ဖြစ်တယ်လို့ သုံးသပ်တယ်။

နောက်တမျိုး သုံးသပ်တာက ဘာလဲဆိုတော့ - တိုင်းရင်းသားပါတီတွေကနေပြီးတော့ သူတို့ရဲ့ ပြည်နယ် ဒေသကို အခြေခံပြီး အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ပြီးတော့ ကြံ့ဖွံ့ပါတီအပေါ်မှာ အောင်ပွဲ ခံမှုတွေကတော့ တပိုင်းပေါ့။ ဒါတွေကို အသာ ထားပြီးတော့ ပြည်မမှာ ကြည့်ကြမယ် ဆိုရင် အင်န်ဒီအက်ဖ်လို ပါတီမျိုးက သူတို့တွေက အစကတော့ နိုင်နေတာ၊ ကြိုတင်မဲတွေကြောင့် ရှုံးသွားတာလို့ ပြောကြတယ်။

ဒါပေမယ့် လူတွေက ဘယ်လို သုံးသပ်သလဲဆိုတော့ အင်န်ဒီအက်ဖ်နိုင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ပဲ နိုင်တာ၊ ဘာကြောင့်လဲ ဆိုတော့ အဲသည်ပါတီက ဒေါ်အောင်ဆန်း စုကြည် ပုံတွေ သုံးတယ်၊ အင်န်အယ်ဒီရဲ့ ခမောက် ပုံတွေကို သုံးတယ်။ ဒါတွေကို သုံးစွဲပြီး လုပ်တာကြောင့် သူတို့ တတွေဟာလည်း ကိုယ်ပိုင် အရည်အချင်းနဲ့ နိုင်တာ မဟုတ်ဘူး။

နောက်တချက်ပြောရရင်လည်း ၈ လေးလုံး အရေးတော်ပုံကြီးက နိုင်တယ်လို့ ပြောချင်တယ်။ အခု ရွေးကောက်ပွဲ ၀င်တဲ့ သူတွေက သူတို့ကိုယ် သူတို့ ၈၈ မျိုးဆက်တို့၊ ဘာတို့၊ ခွပ်ဒေါင်းတို့ ဘာတို့ စသည်ဖြင့် ပြောဆိုပြီး သုံးစွဲပေမယ့် သူတို့ တတွေဟာ အနိုင် မရကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့တတွေက အတုအယောင်တွေသာ ဖြစ်တယ်။ အနိုင် မရကြဘူး။ တကယ်တမ်း ကျတော့ မြန်မာပြည်ကြီးရဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ် အစစ် အမှန်တွေကသာ ဒီရွေးကောက်ပွဲကို အနိုင်ယူ လိုက်တယ်လို့ သုံးသပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအင်အား အစစ်အမှန်တွေက သည်ရွေးကောက်ပွဲ ကြီးမှာ အနိုင် ရလိုက်တယ် ဆိုတာက ဘာနဲ့ အလားသဏ္ဍန် တူသလဲ ဆိုတော့ - ဖဲဝိုင်းတွေမှာ ဆိုရင် ဒီမိုကရေစီ အင်အား အစစ်အမှန် တွေက ၀ိုင်းထဲမှာ အိမ်အပြည့် နေရာယူပြီး ထိုင်ကစား နေတာပါ။ အင်န်ဒီအက်ဖ်လို မျိုးတွေ၊ ၈၈ အတုအယောင်တွေ၊ ခွပ်ဒေါင်း အတုအယောင် တွေက ၀ိုင်းထဲမှာ အပြည့် ၀င်မကစားနိုင်လို့ ဘေးကနေ ၀င်ထိုးတဲ့ သဘော သာသာလောက်ပါ။ ဘေးကနေ တဆယ်ထိုး၊ ငါးကျပ် ထိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည် တို့က ရာနဲ့ ထောင်နဲ့ ချီပြီး ထိုးနေတာကို ဘေးကနေ ၀င်ထိုး နေတာမျိုးပေါ့။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်တွေ၊ ခွပ်ဒေါင်းတွေ အနိုင်ရကြရင် သူတို့လည်း သည်ဟာကို မှီခိုပြီးတော့ စားရမလားလို့ ဘေးထိုး ကြတဲ့သူတွေပါ။

အဲသည်မှာ သည်ရွေးကောက်ပွဲကြီးမှာ ဘယ်လိုပဲဆိုဆို ဘေးထိုးသားတွေ အနေနဲ့ သူများ နံမယ်တွေ ပုံတွသုံးပြီး နိုင်ကြတယ်ပဲ ထား။ သူတို့က အစစ်အမှန် မဟုတ်တဲ့ အခါကျတော့ ဘေးထိုးသားတွေ နိုင်တာကို ဖဲဝိုင်းမှာ လူမိုက်က ၀င်လုသွားတာကို ခံလိုက်ရတဲ့ သဘောပါပဲ။ ဒီလောက်ပဲ ကျနော်တို့က မြင်တယ် လို့ ဆိုချင်ပါတယ်။

ကျနော်တို့တတွေကတော့ အစကတည်းက ပြောထားတဲ့ လမ်းစဉ်အတိုင်းပဲ ပြည်သူတွေနဲ့၊ မြန်မာပြည် တွင်းက တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ဒုတိယ ပင်လုံ ညီလာခံကြီး ကျင်းပပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းအောင် ဆက်လက် ဆောင်ရွက် သွားကြရမှာပဲ လို့ ပြောချင်ပါတယ်။

(ဆရာဦးဝင်းတင်နဲ့ မိုးမခတို့ နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။)

Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ ( ၁၀ - ၁၁ - ၂၀၁၀ )

နိုင်ငံတကာဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် အဓိကထားမည် သတင်း
DKBA ဘက်မှ တိုင်းရင်းသားလက်နက်ကိုင်တချို့ ကူတိုက်ဖွယ်ရှိ သတင်း
မြ၀တီနဲ့ ဘုရားသုံးဆူမြို့က တိုက်ပွဲ ကြာအင်းဆိပ်ကြီးဘက် ပျံ့နှံ့ သတင်း
နိုဝင်ဘာ (၁၀) ရက် နောက်ဆုံးရ တိုက်ပွဲသတင်းတိုများ သတင်း
မြ၀တီတိုက်ပွဲသတင်းကို စစ်အစိုးရက မှားယွင်းစွာ ဖော်ပြ၊ ဘုရားသုံးဆူမှာ ငြိမ်သက်နေ သတင်း
ဘုရားသုံးဆူတိုက်ပွဲ အပစ်ရပ် သတင်း
ဒီကေဘီအေ ဝေါ်လေဌာချုပ်ကျ၊ ရွာသားများကို ပေါ်တာဖမ်း သတင်း
မြ၀တီတိုက်ပွဲအကြောင်း စစ်အစိုးရ ပြောပြီ၊ KNU ကို အပြစ်ပုံချ သတင်း
လ၀ကရုံးနှင့် တပ်စခန်းကို ရွာသားများ ညအိပ်စောင့်နေရ သတင်း
မြ၀တီမြို့ ပုံမှန်အခြေအနေပြန်ဖြစ် သတင်း
မြန်မာ့အရေး ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂကို တောင်းဆို သတင်း
ကရင်ပြည်နယ်နေ့ တထိတ်ထိတ် ကျင်းပ သတင်း
ကြံ့ဖွံ့ပါတီ အနိုင်ရသည်ကို ပြည်သူများ မကျေနပ် သတင်း
နိုဝင်ဘာ (၁၀) ရက် ရွေးကောက်ပွဲ နောက်ဆုံးရ သတင်းတိုများ သတင်း
ရွေးကောက်ပွဲမတိုင်မီ (၂) ရက်အလို စစ်တပ် သေနတ်ဖောက် သတင်း
ရွေးကောက်ပွဲရလဒ် နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရန် ပါတီအသီးသီး တောင်းဆို သတင်း
မန္တလေးတိုင်း ကြံ့ဖွံ့ ရွေးကောက်ပွဲ အောင်ပွဲခံ သတင်း
ပဲခူးတိုင်း ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲပြန်ကျင်းပရန် တောင်းဆို သတင်း
ရွေးကောက်ပွဲရလဒ် ကြေညာရန် အခက်တွေ့နေပြီလော သတင်း
ရွေးကောက်ပွဲ ထပ်မံကျင်းပပေးရန် တောင်းဆို သတင်း
နမ့်ခမ်းတွင် ကျားဖြူ လွှတ်တော် (၃) ရပ်စလုံး မဲပြတ်နိုင်၊ ပန်းဆေးကျော်မြင့် မသမာလုပ် အနိုင်ယူ သတင်း
တပါတီစနစ် ပြန်ဖြစ်ဦးမည်လော သတင်း
ဒေသခံမျိုးချစ်ပုဂ္ဂိုလ်များ၏ ယိုင်းပင်းမှုကြောင့် မိုင်းယန်းမြို့ (၁၁) ရပ်ကွက်စလုံး ကျားဖြူပါတီ အနိုင်ရ သတင်း
ရွေးကောက်ပွဲရက် ဒီးမော့ဆိုမြို့မဲရုံအပြောင်းအရွှေ့ သတင်း
ကြံ့ခိုင်ရေးက ရခိုင်ပါတီကို ကန့်ကွက်ရန် ပြင်ဆင် သတင်း
ရွေးကောက်ပွဲအပေါ် ရှုံးနိမ့်သူများ၏ အမြင်များ သတင်း
ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံနဲ့ ခွပ်ဒေါင်းအစစ်အမှန်တို့ရဲ့ အောင်ပွဲဖြစ်တယ် (ဦးဝင်းတင်နဲ့မေး ခွန်းများ)
မန္တလေးက ညတွင်းချင်း ပြောင်းလဲသွားတဲ့ မဲရလဒ် (ဆောင်းပါး)

Read More...

Wednesday, November 10, 2010

နအဖ ဗြောင်လိမ်၊ ဗြောင်ညာ

နိုဝင်ဘာ ၁၀ ရက် ၂၀၁၀


တစ်တိုင်းပြည်လုံး တကမ္ဘာလုံးက သိနေတဲ့ သတင်းကို နအဖ က ဗြောင်လိမ်သွားပါကြောင်း အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။

ဒီကနေ့ထုတ်မြန်မာ့အလင်း သတင်းစာမှ KNU အပေါ် စွပ်စွဲပြောဆိုချက်


နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက မြဝတီမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော နအဖနှင့် DKBA တို့၏ စစ်ပွဲအား KNU တို့၏ လက်ချက်ဟု မဟုတ်မမှန် စွပ်စွဲ ပြောဆို သွားခဲ့ပါသည်။


ထိုင်းစစ်တပ်ဝင်းအတွင်း ထိမ်းသိမ်းထားသော စစ်ပြေးဒုက္ခသည်များအား မဲဆောက်မြို့နေ စက်ရုံ အလုပ်ရုံများမှ မြန်မာပြည်သား အလုပ်သမားများ၊ အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ ကုန်သည်များက ထိုင်းနိုင်ငံသား အလှုရှင်များနှင့် စုပေါင်းပြီး ဒုက္ခသည် ၂၀၀၀၀ ကျော်ကို နေ့ရောညပါ အပင်ပန်း ဆင်းရဲခံပြီး ကျွေးမွေးစောင့်ရှောက် ခဲ့ကြတာ မြဝတီမြို့သားတိုင်း သိကြသော်လည်း နအဖမှ ပြည်သူလူထုနှင့် အလုပ်သမားများ သွားလာနေထိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ် ဆောင်ရွက် ပေးလျှက်ရှိကြောင်း လိမ်လည် ရေးသားထားတာကို တွေ့မြင်နိုင်ပါတယ်။

ထိုင်းစစ်တပ်ဝင်းအတွင်းရှိ မြန်မာပြည်သား စစ်ပြေးဒုက္ခသည်များ

Read More...

နေ့စဉ်သတင်းများ ( ၉ - ၁၁ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အိုဘားမား တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းသူ ဘောလုံးချန်ပီယံ ဘက်ဂီယို ဂုဏ်ပြုခံရ သတင်း
အဖွဲ့ချုပ်နှင့် စီအာရ်ပီပီတို့ နိုင်ငံရေးလုပ်ငန်းများ ဆက်လုပ်သွားမည် သတင်း
စစ်အစိုးရအပေါ် နိုဘယ်လ်ဆုရှင်များ မျှော်လင့်ချက်ကုန် သတင်း
ဘုရားသုံးဆူတွင် လက်နက်ကြီး ထိမှန်၍ သံဃာနှစ်ပါးနှင့် လူ (၄) ဦး အသက်ဆုံးရှုံး သတင်း
နိုဝင်ဘာ (၁၀) ရက် နောက်ဆုံးရ တိုက်ပွဲသတင်းတိုများ သတင်း
ဘုရားသုံးဆူမြို့မှာ DKBA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားဆဲ သတင်း
ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များ သိမ်းပိုက်ပြီးနောက် မြို့ခံများ ထိုင်းသို့ ဝင်ရောက်ခိုလှုံ သတင်း
ဘုရားသုံးဆူ စစ်ပြေးဒုက္ခသည်များ (ရုပ်သံ)
မြ၀တီတိုက်ပွဲ ငြိမ်သက်ပေမယ့် စိတ်မချရသေး သတင်း
မြ၀တီမြို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေဆဲ သတင်း
မြဝတီမြို့မှ DKBA တပ်ဆုတ်ခွာ၊ မြန်မာစစ်တပ် ပြန်သိမ်း သတင်း
ဒီကေဘီအေက ဖမ်းထားတဲ့ ဗိုလ်ကြီးသက်နိုင်ကို မေးမြန်းချက် သတင်း
ဒီကေဘီအေကို ၀ိုင်းကူကြဖို့ ရှမ်းပြည်တပ်မတော် ဆော်သြ သတင်း
DKBA ဌာနချုပ်ကို မြန်မာစစ်တပ်က သိမ်း သတင်း
စစ်ပြေးဒုက္ခသည်တွေကို UNHCR ၀င်ရောက်ကူညီ သတင်း
ဖမ်းထားသော ဂျပန်သတင်းထောက်ကို မြန်မာစစ်အစိုးရ ပြည်နှင်ဒဏ်ပေး သတင်း
ရွေးကောက်ပွဲကို စစ်အစိုးရ လုယူသွားကြောင်း အိုဘားမား ပြောဆို သတင်း
မြန်မာ့ရွေးကောက်ပွဲအပေါ် အိမ်နီးချင်းနိုင်ငံများ၏ သုံးသပ်ချက်များ သတင်း
ပြည်တွင်းသတင်းဂျာနယ်တွေ ရွေးကောက်ပွဲသတင်း ဖော်ပြမှု စာပေစိစစ်ရေး ပိတ်ပင် သတင်း
ဂျာနယ်များတွင် ရွေးကောက်ပွဲ သတင်းအစုံအလင် ဖော်ပြခွင့်မရ သတင်း
မဲမသမာမှုတွေ ရှိတယ်လို့ နိုင်ငံရေးပါတီတွေက ထုတ်ပြော သတင်း
ရွေးကောက်ပွဲ မသမာမှု ဖော်ထုတ်ဖို့ နိုင်ငံရေးပါတီတွေ ပြင်ဆင် သတင်း
မဲမသမာမှုအပေါ် ဥပဒေကြောင်းအရ ပါတီများ ကန့်ကွက်မည် သတင်း
ရွေးကောက်ပွဲရလဒ်အပေါ် အန်ဒီအက်ဖ် ရန်ကုန်တိုင်း အတွင်းရေးမှူးက ဝေဖန် သတင်း
မဲမသမာမှုများကို ရန်ကုန်တိုင်း မဲဆန္ဒရှင်များ မကျေနပ် သတင်း
မင်းသမီး (၃) ပါးနှင့် NDF အရှုံးနှင့်ကြုံ သတင်း
အနိုင်အရှုံး ကြေညာပြီးမှ ကော်မရှင် ပြန်လည်ပြင်ဆင် သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နိုင်ပြီလို့ ပြော သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်က ကြိုတင်မဲကြောင့် ရှုံးသည်ဟု ပြော သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (၁၆) နေရာနိုင် သတင်း
သိရသမျှ ရွေးကောက်ပွဲရလဒ်များ သတင်း
တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ သတင်း
သေချာပေါက်ကို လိမ်ပါတယ် (ဆောင်းပါး)
ထူးမခြားနား အပြောင်းအလဲ (ဆောင်းပါး)
နအဖစစ်အုပ်စု၏ စတုတ္ထ မြန်မာ့စစ်အင်ပါယာစီမံကိန်းနှင့် ကျွန်ုပ်တို့၏ အနာဂတ် (ဆောင်းပါး)
“စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင် ပြည်သူတွေပဲ နစ်နာမယ်” (အင်တာဗျူး)

Read More...

Monday, November 8, 2010

နေ့စဉ်သတင်းများ ( ၇ - ၁၁ - ၂၀၁၀ )

DKBA ဗိုလ်မှုးချုပ် စောလားပွယ် ၏ တပ်ဖွဲ့ ဝင်များ မြ၀တီ မြို့ သိမ်းတိုက်ပွဲစတင် သတင်း
မြ၀တီမြို့ကို ဒီကေဘီအေ ၀င်ရောက်စီးနင်းထား သတင်း
နယ်စပ်ပဋိပက္ခ နောက်ဆုံးအခြေအနေ သတင်း
မြ၀တီမြို့တွင် အခြေအနေများ ရှုပ်ထွေးနေပြီး မငြိမ်သက်မှုများ အချိန်မရွေး ဖြစ်ပေါ်နိုင် သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇေယျာသီရိမြို့နယ်တွင် မဲပေးခဲ့ သတင်း
မြန်မာ့ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပြီးဆုံး သတင်း
မုဒုံမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး မဲမသမာဟု အတိုက်အခံက ပြော သတင်း
မသမာမှုတွေ ကြားနေရတဲ့ ရွေးကောက်ပွဲ သတင်း
မဲမသမာမှုများ နိုင်ငံနှင့်အဝန်း ရှိခဲ့ သတင်း
ရွေးကောက်ပွဲ မဲပေးသူ နည်းပါး၊ မသမာမှု များပြား သတင်း
ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ မဲမသမာဖြစ်နေ သတင်း
ကချင်ပြည်နယ် နယ်ခြားစောင့်တပ်မြို့ ပန်ဝါမှာ မဲမသမာမှုရှိနေ သတင်း
မွန်ပြည်နယ်က မဲမသမာမှုများ သတင်း
A.P.F ဂျပန်သတင်းဌာနပိုင်ရှင် မြ၀တီမြို့မှာ အဖမ်းခံရ သတင်း
ကော့ကရိတ်မြို့ မဲပေးချိန် အမြောက်ပစ် ခြိမ်းခြောက် သတင်း
အင်းစိန်မှာ ကြံ့ခိုင်ရေးက မဲရုံရှေ့မှာ မဲဆွယ်သဖြင့် တစညနှင့် ပြဿနာတက် သတင်း
မူစယ် (၁၀၅) မိုင်တွင် ကြက်ခြေနီနှင့် မီးသတ်က ကြံ့ဖွံ့ကို မဲပေးခိုင်း သတင်း
တချို့ မဲမပေးကြ၊ တချို့ မဲမပေးရ သတင်း
မြန်မာရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန် သတင်း
စစ်အစိုးရရွေးကောက်ပွဲ မဲပေးမှုပြီးဆုံး၊ ကြံ့ဖွံ့က ကြိုတင်မဲများနှင့် အနိုင်ယူ သတင်း
ဒီမိုကရေစီ မဆန်တဲ့ ရွေးကောက်ပွဲအဖြစ် EU ဝေဖန် သတင်း
လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟု အိုဘားမား ပြော သတင်း
ရွေးကောက်ပွဲရလဒ်ကို ၀ တပ်ဖွဲ့ အသိအမှတ်မပြု သတင်း

Read More...

အပေါ်သို့