ခက်ထန်
Friday, June 04, 2010
မြန်မာ စစ်အစိုးရသည် စစ်ရေး အသုံးစရိတ် အတွက် ပုံမှန်ထက် ပိုမို များပြားသော ဘတ်ဂျက်ကို ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် အတွင်းက ချမှတ်ပေး လိုက်ကြောင်း သိရသည်။
မေလ နောက်ဆုံးပတ် အတွင်း ကျင်းပသော စစ်အစိုးရ၏ အထူး စီမံကိန်းများ အကောင် အထည် ဖော်ရေး အဖွဲ့ ညှိနှိုင်း အစည်း အဝေး (လေးလပတ် အစည်းအဝေး) တွင် ငွေစာရင်း ခေါင်းစဉ် ဖော်ပြ ထားခြင်း မရှိသော ဘတ်ဂျက်များ ချပေးလိုက်ခြင်း ဖြစ်ကြောင်း စစ်တပ် အသိုင်း အဝိုင်းက ပြောသည်။
“ထူးတာ ကတော့ Defense Budget ဆိုပြီး ငွေပမာဏ အတော် များများကို ချပေးလိုက်တယ်၊ ဘာတွေ ဝယ် မယ်၊ လုပ်မယ်လို့ စာရင်း ဖော်ပြ ထားတာ မရှိဘဲ ဘတ်ဂျက် ချပေးလိုက်တာ”ဟု စစ်အာဏာပိုင် များနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ယခု ချပေးသည့် ဘတ်ဂျက်သည် ပုံမှန် ချပေးသည်ထက် ပိုမိုများပြားနေကြောင်း၊ ၆ လ အတွင်း စစ်သုံးပစ္စည်း များ အကြီးအကျယ် ဝယ်ယူရန် အစီအစဉ် ရှိသည်ဟုလည်း သိရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
စစ်အစိုးရသည် လက်နက်များကို တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး နှင့် ဆားဗီးယားတို့မှ ဝယ်ယူကြောင်း သိရ သည်။ စစ်အစိုးရ ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကို စစ်ရေး ကဏ္ဍတွင် အသုံးပြုနေသည်ဟု ပညာရှင် များက ခန့်မှန်း တွက်ချက်ကြသည်။
ဘတ်ဂျက်ငွေ လျာထားရာ၌ ကျန်းမာရေးကဏ္ဍတွင် ၀.၄ ရာခိုင်နှုန်းနှင့် ပညာရေး ကဏ္ဍတွင် ၀.၅ ရာခိုင်နှုန်း သာ သုံးစွဲကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ၂၀၀၇ တွင် ထုတ်ပြန် သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၀၉ နှစ်ကုန်ပိုင်းကလည်း ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG 29 တိုက်လေယာဉ် အစီး၂၀ ဝယ်ယူခဲ့သည်။
မေလကုန်တွင် ကုလသမဂ္ဂ ကျွမ်းကျင်သူများက မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့ လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ဖော်ပြထားသည်။
၂၀၀၈-၂၀၀၉ ခုနှစ်အတွက် စစ်အစိုးရ ဘတ်ဂျက် သုံးစွဲမှုများနေ၍ ကျပ်ငွေ ဘီလီယံ ၇၀၀ ကျော် လိုငွေပြနေ ကြောင်း နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ၀န်ခံခဲ့ သည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။
စစ်အစိုးရအနေဖြင့် နိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသည်မှာ ကြာမြင့်ပြီ ဖြစ် သည်။ ထို့အပြင် စစ်အစိုးရ၏ စစ်ရေးအသုံးစရိတ်များကိုလည်း တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပေ။
မြန်မာစစ်တပ်တွင် စစ်အင်အား ၄ သိန်းခန့်ရှိမည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။
Ref: ဧရာဝတီ်
Saturday, June 5, 2010
စစ်အသုံးစရိတ် နေပြည်တော် ပိုသုံးမည်
ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်တဦးက အိမ်ချုပ် တရက် ကျခံမည်
မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇွန် ၃၊ ၂ဝ၁ဝ
ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီ ကျရောက်တော့မည့် ၆၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် အမေရိကန် အမျိုးသမီး တဦးက ဝါရှင်တန်ပြည်နယ်၊ Vashon ကျွန်းရှိ သူ၏ နေအိမ်တွင် လာမည့် တနင်္ဂနွေနေ့ တနေ့လုံး ၂၄ နာရီ အကျယ်ချုပ် ကျခံမည်ဟု ဆိုသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း လေ့လာလိုသူ အမေရိကန်များကို ထိုနေ့တွင် သူ၏ နေအိမ်သို့ လာရောက်ရန်လည်း Alix Clarke က ဖိတ်ခေါ်ထားသည်ဟု အပတ်စဉ်ထုတ် ဒေသခံသတင်းစာ Beachcomber တွင် ရေးထားသည်။
လေ့လာလိုသူများအတွက် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် အပါအဝင် လေ့လာဖွယ်ကို ပြင်ဆင်ထားပြီး မြန်မာပြည် စစ်ရာဇ၀တ်မှုများကို နိုင်ငံတကာအဆင့် ဒဏ်ခတ်ရာတွင် သမတ အိုဘားမား အစိုးရက ဦးဆောင်ရေး အတွက် လက်မှတ်ထိုး တောင်းဆိုရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။
သူ နှင့် ခင်ပွန်းသည် Bob Blauvelt တို့က မြန်မာ့ အစားအစာ ဖြစ်သည့် မုန့်ဟင်းခါး၊ မြန်မာ လက်ဘက်ရည်၊ မွေးနေ့ကိတ် တို့ဖြင့် တည်ခင်း ဧည့်ခံမည်ဟု သိရသည်။
မြန်မာ့အရေးကို နိုင်ငံတကာတွင် အာရုံစိုက်လာကြစေရန် သူ့ကဲ့သို့ တရက်တာ နေအိမ်အကျယ်ချုပ် ကျခံခြင်းမျိုးကို ကမ္ဘာ အရပ်ရပ်တွင် ပြုလုပ်ကြဖွယ် ရှိသည်ဟု Clarke က ပြောသည်။ သူသည် ယခင်ကလည်း ဤသို့ မိမိကိုယ်မိမိ အကျယ်ချုပ် ကျခံဖူးသည်ဟု ဆိုသည်။ ဤသို့ အကျယ်ချုပ် ကျခံခြင်းမှာ သင်္ကေတ တခုသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရမှုနှင့် နှိုင်းယဉ်နိုင်မည် မဟုတ်ဟု သူက ဆိုသည်။
“ရှင်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပြီး ကျမတို့ လွတ်လပ်အောင် ကူညီပါလို့ ဒေါ်အောင်ဆန်းစုကြည်က တကမ္ဘာလုံးကို ပြောလေ့ ရှိပါတယ်။ ဒီလို တိုက်တွန်းတာကို ကျမလည်း ကြားမိပါတယ်။ ဒါကြောင့်လည်း ကျမက မြန်မာ့အရေးကို အာရုံစိုက် လုပ်ဆောင် နေတာပါ” ဟု တရက်တာ အကျယ်ချုပ် ကျခံမည့်သူက ပြောပြသည်။
၎င်းတို့ ဇနီးမောင်နှံသည် ရန်ကုန်တွင် ၄ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာပြည်မှ ပြန်လည် ထွက်ခွာကြသူများ ဖြစ်သည်။
Clarke သည် အမေရိကန် သံရုံး အစီအစဉ်ဖြင့် ရန်ကုန်တွင် အင်္ဂလိပ်စာပြ ဆရာမအဖြစ် တာဝန်ယူခဲ့သည်။
Blauvelt သည် ရန်ကုန်ရှိ International School of Yangon အမည်ရှိ ကျောင်းတွင် လုပ်ကိုင်ခဲ့သည်။
တရက်တာ အချုပ်အနှောင်ခံမည့် အမျိုးသမီးက အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို နှစ်သက်သူ မဟုတ်ပေ။ သူ၏ သတင်းကို ဖော်ပြပေးသည့် Beachcomber သတင်းစာ အင်တာနက် စာမျက်နှာတွင် အမေရိကန် အစိုးရ၏ မြန်မာပြည်အပေါ် ဒဏ်ခတ်မှုကြောင့် မြန်မာပြည်သူများ ထိခိုက်စေသည်ဟု သူက မှတ်ချက်ပြု ရေးသားထားသည်ကို တွေ့ရသည်။
မိုးမခက Clarke ကို ယနေ့ ဆက်သွယ် မေးမြန်းရာ တနင်္ဂနွေနေ့တွင် အကျယ်ချုပ် ကျခံရန် အသင့်ဖြစ်နေပြီဟု ပြောသည်။
မြန်မာပြည်အနှံ့မှ ဒုက္ခသည်များ ၀ါရှင်တန် ပြည်နယ်တွင် အခြေချ နေထိုင်လျက်ရှိသည်ဟုလည်း ပြောပြသည်။
Ref: မိုးမခ
နေ့စဉ်သတင်းများ ( ၄ - ၀၆ - ၁၀ )
■ ပါတီ၏ နိုင်ငံတကာဆက်ဆံရေး ဒေါ်အောင်ဆန်းစုကြည် ကျေနပ် သတင်း
■ ဂျင်မ်ဝက်ဘ် လာမည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် မသိ သတင်း
■ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် နယူးဇီလန် တောင်းဆို သတင်း
■ မြန်မာ့နျူကလီယားပြဿနာ ကမ္ဘာသိ ထုတ်ဖော် သတင်း
■ ကွမ်းခြံကုန်းဓားပြမှု ကေအန်ယူတပ်ဖွဲ့ဟောင်းများ ပါဝင်ဟု ရဲမှူးချုပ်ခင်ရီ စွပ်စွဲ သတင်း
■ စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပြောင်းလဲ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း သတင်း
■ ခိုးကူးခွေ ရောင်းပါက ထောင် (၃) နှစ် သတင်း
■ စစ်အသုံးစရိတ် နေပြည်တော် ပိုသုံးမည် သတင်း
■ တရုတ်ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီး မြန်မာ့နိုင်ငံရေး ဆွေးနွေး သတင်း
■ စစ်အစိုးရ ဥမင်လိုဏ်ခေါင်းများ ဆက်ဖောက် သတင်း
■ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ Jim Webb မြန်မာပြည်ခရီး (ဒီမိုကရေစီရေးရာ)
Friday, June 4, 2010
ကမ္ဘာနှစ်ခု ကြားက ရတနာနတ်မယ်
May 2, 2010
မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် 27 မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေက တဆင့် ဖတ်လိုက်မိတယ်။
အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခု အောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ် အောက်မှာ ကိုယ်တို့လို လူတွေ အတွက် ဒီ လောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုး ပါလာမယ်လို့ ထင်စရာ အကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက် တော့ ဗမာလူမျိုးတွေ အတော် စိတ်ဝင်စားတဲ့ အမျိုးသမီး တယောက် အကြောင်း ဖြစ်နေတယ်။
မင်းဆွေ မင်းမျိုး ကုန်းဘောင်ဆက်လည်းဖြစ်၊ ပုံပြင် ဆန်ဆန် လျှို့ဝှက် သည်းဖို ဆန်ဆန်၊ နားစွန် နားဖျား ကြား ခဲ့ရဖူးတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းကြီးရဲ့ ဇနီးဟောင်း တယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ရတနာနတ်မယ်ရဲ့ တပိုင်း တစ ပုံ ရိပ် တချို့ကို သူမရဲ့ အီတာလျံ တက်စကန်နီ တောစာ ပုံစံ ကျွေးမွေး တည်ခင်းတဲ့ နေ့လည်စာ ဝိုင်းလေး တခုမှာ နောက် ခံထားပြီး ရေးထားတာပါ။
ရတနာနတ်မယ်
အဲဒီ စာလေးကို စိတ်ဝင်တစား ဖတ်ရင်း တချို့ အချက်လေးတွေကို ရွေးပြီး ဝေမျှချင်စိတ် ဖြစ်လာ မိတယ်။ ဝေမျှ ချင်တယ် ဆိုတာလည်း ဘာအကျိုးပြု၊ ဘာဝါဒ ဖြန့်မှ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ ဒီလို အကြောင်းလေး တွေကို သိချင် စိတ်ဝင်စားတာ မဆန်းလို့မို့ ဗမာပြည်က စာအုပ်တွေမှာ မောင်သန်းဆွေ (ထားဝယ်) ရေးတဲ့ မင်းဆွေ မင်း မျိုးတွေ အကြောင်း စိတ်ဝင်တစား လိုက်ဖတ်ရသလိုမျိုးပဲ ဆိုပါတော့လေ။
ဒီဆောင်းပါး အရတော့ ဆောင်းပါးရှင် ကိုယ်တိုင်က ရောမကနေ တဆင့် အီတလီရဲ့ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်တဲ့ Florence မှာ နေထိုင်တဲ့ Ms June Rose Bellamy ခေါ် ရတနာနတ်မယ် ရဲ့ Associazione Culturale Arte e Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်လေးကို အလည်အပတ် ရောက်သွားပုံနဲ့ စ ထားပါ တယ်။ သူ့ ဆောင်းပါးလေးက အီတာလျံ အစားအသောက် အကြောင်းလေးတွေ သူမ ချက်ပုံ ပြုတ်ပုံလေးတွေ တပိုဒ်၊ သူမ ရဲ့နောက်ခံ ဇာတ်ကြောင်းလေးတွေ တပိုဒ်နဲ့ တကယ့် ပြဇာတ်ဆန်ဆန်လေး ရေးထားတာပါ။ အဲဒီ အထဲမှာမှ သူမ ကိုယ် တိုင် ဖွင့်ဟပြောပြတဲ့ တချို့ စကားလေးတွေဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။
တကယ်တော့ ဗမာ့သမိုင်းမှာ ခေတ်မီသူ၊ ပြုပြင်ပြောင်းလဲလိုသူလို့ လူသိများ ထင်ရှားတဲ့ ကနောင်မင်းသားကြီးရဲ့ မြစ် တော်တယောက် အနေနဲ့တင် သူမဘဝက စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ၊ ချောတာလှတာ ခေတ်ဆန်တာ နောက်ဆုံး ဗမာပြည်က နာမယ်ကျော် အာဏာရှင်ကြီးနဲ့ လက်ထပ် လိုက်တာ ဆိုတဲ့ အချက်တွေကတော့ ထပ်ဆင့်ပိုကဲပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားရတော့တာပါပဲ။
သူတို့ မိသားစုရဲ့ အရွယ် အပိုင်းအခြား ပုံရိပ်တွေကို တွက်ချက် ခန့်မှန်းကြည့်တော့ သူမရဲ့ မိခင် လင်းပင် မင်းသားကြီးရဲ့ သမီးတော် ထိပ်တင် မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးတယ်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန် တယောက်နဲ့ လက်ထပ်တယ်၊ သားလေး ၂ယောက် ရတယ် စသဖြင့် အရွယ်တွေ အရိပ်တွေကို အရင် ပုံဖော်ကြည့်မိ တယ်။
ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိ သားစုပုံတွေကနေ သူမရဲ့ နောက်ခံ ဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါ လက်ပါ ပြောပြနေတဲ့ ရတနာ နတ် မယ်ဟာ သူမအတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။
အဲဒီ အချက်တွေထဲမှာမှ သူမ ရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ကြတဲ့အခိုက် အထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) အိမ်ရှေ့ မင်းသားတပါးနဲ့ စေ့စပ် ကြောင်းလမ်းတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ လက်ထပ်ပွဲ မတိုင်ခင် ရက်အနည်းငယ် အလိုလေးမှာ မင်းသား အဆိပ်ခတ် ခံခဲ့ရလို့ လွဲခဲ့ရတဲ့ အကြောင်းလေးကလည်း လွမ်း သလိုလို ဆန်းသလိုလို။
ဖတ်နေရင်း မျက်လုံး ကျယ်သွားပြန်တာက သူမရဲ့အဖေ ငယ်စဉ်က ကြီးပွားရာ ကြီးပွားကြောင်း သြစတြေးလျတိုက် တကြော ခြေဆန့်ရင်း Kalgoorlie ရွှေတောအထိ ရောက်ခဲ့ ငွေရှာခဲ့တယ် ဆိုတဲ့ စာကြောင်းလေးပါ ။
( စကားချပ် ---- Kalgoorlie ဆိုတာ မြို့တော်နဲ့ အတော်လှမ်းတဲ့ လက်ရှိ ကိုယ်နေထိုင်နေတဲ့ ရွှေတွင်း မြို့ကလေး တခု မို့ပါ။ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်လောက်က ရွှေကြောကြီးတွေ အကြီးအကျယ် ပေါ်လို့ တကမ္ဘာလုံးက လူတွေ ရွှေလာရှာခဲ့တဲ့ နေရာတခု ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကမ္ဘာ့တောင်ခြမ်းမှာ အကြီးဆုံး ရွှေတွင်းကြီး ရှိနေလေရဲ့)
အဲဒီမှာ မစ္စတာ ဘယ်လာမီ တယောက် အသက်ကြီးမှရတဲ့ သမီးလေးကို သူငယ်ငယ်က ကြီးပြင်းခဲ့တဲ့ သြစတြေးလျ တိုက်ကြီးရဲ့ ရေမြေ သဘာဝတွေအကြောင်း ကာဂူးလီဆိုတဲ့ ရွှေတွင်းမြို့လေးက ထူးဆန်းလှတဲ့ အဖြူရောင် ကတ္တဝါကြီး တွေ အကြောင်း၊ မြန်မာပြည်က ကြက်တူရွေး အစိမ်းလေးတွေနဲ့ ယှဉ်ပြီး ပြောပြနေတဲ့ ပုံကိုလည်း မြင်ယောင် ကြည့်မိ တယ်။
နောက်တော့ ဒုတိယ ကမ္ဘာစစ်ဖြစ် ဂျပန် ဝင်လာတဲ့အခါ သူတို့မိသားစု အိန္ဒိယကို စစ်ပြေးတဲ့ အကြောင်းတွေ သာသနာ ပြုကျောင်း ဆရာမတွေက သွေးနှော ကလေးမလေးကို နှိမ်ပုံ၊ အရက်ခွဲ ပုံတွေ၊ ပြန်ရွဲ့လို့ ကျောင်းက အထုတ်ခံရပုံတွေ။ ဂျပန်တွေ ပြန်ထွက်သွားတော့ ၁၄ နှစ် သမီး မှာ မိသားစုလိုက် ဗမာပြည် ပြန်လာကြပြီး မေမြို့မှာ အခြေချ နေထိုင်တာတွေ စတဲ့ အကြောင်းတွေကို တခြား စာအုပ်တွေထဲက အချက်အလက်တွေနဲ့ အစီစဉ်တကျ တွဲစပ်ပြီး တင်ပြထားပုံက စာရေးသူ ဟာ June Rose တည်ခင်းတဲ့ အထူး စပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်းထက် သူမ အကြောင်းတွေကိုသာ စိတ်ဝင် စားနေခဲ့လို့သာပေါ့။
သူမရဲ့ ယောက်ျားဆန်ပုံ သွက်လက်ချက်ခြာပုံ အကြောင်း မိသားစုပိုင် ကားစုတ်ကလေးကို ကိုယ်တိုင် အင်ဂျင်နှိုးပုံကို မြင် ခဲ့ရတဲ့ မိသားစု မိတ်ဆွေ တယောက်ရဲ့ မှတ်တမ်း အပိုင်းအစလေး ကိုလည်း ထည့်ရေးထားသေးတယ်။ နောက်တခါ ဗမာ ပြည်မှာ စစ်ပြီးခေတ်က ဟိုးလေး တကြော် စိတ်ဝင်စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်းသား ဂရေဂရီပတ် နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရတယ်။ အဲဒီ မှာ ဗမာ့ ယဉ်ကျေးမှုနဲ့ မလျော် တဲ့ ထုတ်လုပ်သူဘက်က တောင်းဆိုချက်တွေကြောင့် သူမဘက်က ဖျက်သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ နောက်မှသာ ဝင်း မင်းသန်းနဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါလိမ့်မယ်။
နောက်တော့ အီတာလျံ လူမျိုး WHO ဝန်ထမ်း ဆရာဝန်နဲ့ အိမ်ထောင်ကျရင်း လွတ်လပ်ရေး ရခါစ မြန်မာ့ နိုင်ငံရေး မငြိမ်မသက် လှိုင်းတွေကြား ကွန်မြူနစ်တွေက သူ့ အမျိုးသားကို ပြန်ပေး ဆွဲသွားပုံကိုလည်း ပြန်ပြောင်း ပြောပြထား သေး တယ်။ ပြန်ပေးသမား ကွန်မြူနစ်တွေဟာ ခေတ်ပညာတက် ကျောင်းသားဟောင်းတွေ ဖြစ်တာ၊ သူတို့ မိသားစုကို ကောင်း ကောင်း မွန်မွန် ရှင်းပြဆက်ဆံခဲ့တာ၊ နောက်တော့ သူ့ အမျိုးသား ပြန်လွတ်လာတဲ့နောက် မြန်မာ အစိုးရကလည်း သူတို့ ကို နိုင်ငံက ခွာဖို့ အကြံပေးတာကြောင့် သူ့အမျိုးသား တာဝန်ကျရာ နိုင်ငံရပ်ခြားတွေမှာ လိုက်ပါ နေထိုင်ရင်း အီတလီမှာ အခြေချ ခဲ့ကြတယ်။
ဦးနေဝင်းနဲ့ ဇာတ်လမ်း စခဲ့ပုံကိုတော့ ခပ်ပါးပါးလေးပဲ ပြောပြထားတယ်။ သူ့ အမျိုးသားနဲ့ ကွာရှင်း ပြတ်စဲလိုက်ပြီး သား လေး ၂ ယောက် နဲ့ အတူ အီတလီမှာပဲ နေထိုင်နေတဲ့ တလျှောက် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း လက်ထက်မှာ မြန် မာပြည်ဟာ အထီးကျန် ဆန်လာတာ ဆင်းရဲလာတာ တွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် မေမြို့မှာ ဆုံးတော့ လည်း ခဏတဖြုတ် ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တခေါက် သူ့ မိခင် နာမကျန်း ဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာ ထုတ်မပေးတော့ဘူး။ အဲဒီမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်း အဝိုင်း တကြော ရင်းနှီးခဲ့ဖူးတဲ့ အလျောက် ဦးနေဝင်းဆီကို သံကြိုးရိုက် အကူအညီ တောင်းရာကနေ အဆက်အသွယ် ရခဲ့ ပြီး သိပ်မကြာခင် ၁၉၇၆ မှာ လက်ထပ်လိုက်ကြတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်းကိုလည်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။
ဦးနေဝင်းက ဘာကြောင့် ရတနာ နတ်မယ်ကို လက်ထပ်ခဲ့သလဲ၊ ရတနာနတ်မယ်လို့ အသိများတဲ့ June Rose ကလည်း ဘာကြောင့် ဦးနေဝင်း ရဲ့ လက်ထပ်ခွင့်ကို လွယ်လွယ် ကူကူ လက်ခံခဲ့သလဲ ဆိုတာ ကာယကံရှင်များသာ အကြောင်းမှန် ကို သိနိုင်မယ် ဖြစ်ပေမယ့် ဒီဆောင်းပါးလေးထဲက သူမရဲ့ စကား တချို့ကတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ အမှန် ပါပဲ။ ဘယ်သူ့ကိုမှ တိုင်တည်ခြင်း မရှိတဲ့ မေးခွန်း ဆန်ဆန် အဖြေ မပါတဲ့ စကားတချို့က ရည်မှန်းထားတာတွေကို ကျမ ဆောင် ရွက်နိုင်ခဲ့သလား၊ တခုခု ပြီးမြောက်ခဲ့သလား တဲ့။
အဲဒီအကြောင်းတွေ ရောက်လာတဲ့ အခါမှာတော့ စိတ်လှုပ်ရှားနေဟန် ရှိတဲ့ June Rose ဟာ နေ့လယ်စာ တည်ခင်းခဲ့တဲ့ ပန်းကန်တွေကို ပန်းကန်ဆေးကန်ထဲ အသံ မြည်အောင် ထည့်လိုက်တယ်။ ဝိုင် အစား ဘီယာတလုံးကို ဆွဲယူလိုက်ရင်း “ဗမာလူမျိုးတွေ ပါးစပ်ဖျားမှာ ချိုချဉ် တခုလို တမြုံ့မြုံ့နဲ့ ပြောကောင်းနေခဲ့မယ့် သူ့ ဇာတ်လမ်း” ကို ရယ်သွမ်းသွေး လိုက် သေးတယ်။
လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေး တော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ် ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။
နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ် တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။ ၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
“ဦးနေဝင်း နဲ့ ရက် ၁ဝဝ” ဆိုတဲ့ စာအုပ်ဟာ အဲဒီခေတ် သံတမန် လောကမှာ တီးတိုး ရေပန်းစားခဲ့ပေမယ့် အဲဒီ နေ့လယ်မှာ တော့ မိဘ ဘိုးဘွားတွေနဲ့ ကြီးပြင်းခဲ့တဲ့ အကြောင်းတွေက လွဲရင် အာဏာရှင်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေးဖို့ စိတ်ကူး မရှိပါဘူးလို့ သူမက ငြင်းဆို ခဲ့တယ်။
လတ်တလောမှာ အီတာလျံနဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ် ထားပြီး မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန်အလည် ရောက်ခဲ့သေး တယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သူမရဲ့ ဧည့်ခန်းမှာ တခမ်းတနား ချိတ်ဆွဲထားတဲ့ အဖြူ အမည်း မိသားစုပုံတွေရဲ့ ဘေးက မြန်မာပြည်ကျေးရွာ တခုက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတခုရဲ့ ရောင်စုံ ဓာတ်ပုံနဲ့ ဆက်စပ် ကြည့်ရင်း တချိန်က ရတနာနတ်မယ် ဆိုတဲ့ ကနောင်မင်းရဲ့ မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုး သမီးကြီး အကြောင်း တွေးနေမိပါတယ်။ ။
Original article : Between Two Worlds
Ref: မကေဘလော့
အမေရိကန်နှင့် မြန်မာဆက်ဆံရေးတင်းမာနိုင်ဟု အတိုက်အခံသုံးသပ်
ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb ၏ ခရီးစဉ် ရပ်ဆိုင်း လိုက်ရခြင်းကြောင့် စစ်အစိုးရနှင့် အမေရိကန် ဆက်ဆံရေး တင်းမာလာနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သုံးသပ်ထားသည်။
ဆီးနိတ်နိုင်ငံခြားရေးကော်မတီ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဌဖြစ်သူ ဂျင်မ်ဝက်ဘ် သည် မြန်မာနိုင်ငံသို့ ယနေ့သွားရန် သတ်မှတ် ထားပြီးမှ အချိန်ကပ်၍ သူ၏ ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာအပြီး မြန်မာ အတိုက်အခံ အဖွဲ့ကြီးက ပြောဆို လိုက်ခြင်းဖြစ်သည်။
“အမေရိကန်နဲ့ သူတို့ကြားထဲမှာ ဒီကိစ္စတွေ အကြောင်းပြုပြီးတော့ တင်းတင်းမာမာ ဆက်ဆံလာနိုင် တယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။
ယခင်နှစ် နှောင်းပိုင်းမှစသည့် အမေရိကန် သမ္မတသစ် အိုဘားမား၏ ထိတွေ့ဆက်ဆံရေးမူဝါဒအသစ်သည် တိုတက်မှုမရှိဟု သူက ထပ်ပြောသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် NLD ဒုဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း တို့အပါအဝင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၇ ဦးအား လာမည့် စနေနေ့ မွန်းလွဲပိုင်းတွင် အမေရိကန် သံမှူး၏ နေအိမ်၌ တွေ့ ဆုံရန် အစီအစဉ်ရှိခဲ့သည်။
မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းနေသည့် စွပ်စွဲချက်များ ထွက်နေသည့် အပေါ် စိုးရိမ်မကင်း ဖြစ်နေပြီး မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟု မစ္စတာ ဂျင်မ်ဝက်က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
သို့သော် ယခင်လက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ်ကမ်းဘဲ Kurt Campbell နှင့် နအဖ ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံစဉ် မစ္စတာ ကမ်းဘဲက မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေး အပေါ် စိုးရိမ်ကြောင်း ပြောကြားရာ သိပ္ပံနှင့်နည်း ပညာဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) တို့ အား “အပြည့်အဝ” လိုက်နာမည်ဟု စစ်အစိုးရက ပြောထားပြီး ဖြစ်ကြောင်း၊ သို့ရာတွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာ” ကို ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း ပြန်လည် ပြောကြားကြောင်း စစ်အစိုးရဘက်က ထုတ်ပြန်ခဲ့သည်။
၂ဝဝ၆ ခု အောက်တိုဘာ ၉ ရက်တွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကုလ လုံခြုံရေး ကောင်စီက စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့မှု ပြုလုပ်သော ဆုံးဖြတ် ချက်အမှတ် ၁၇၁၈ ကို အောက်တိုဘာ ၁၄ ရက်နေ့တွင် ချမှတ်ခဲ့သည်။
၂ဝဝ၉ ခု မေလ က ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ကုန်တင် သင်္ဘော၊ လေယာဉ်တို့ကို လက်နက် သယ်ဆောင်လာလျှင် ကုလ အဖွဲ့ဝင်နိုင်ငံများက စစ်ဆေးခွင့် ရှိစေမည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ယင်းနှစ် ဇွန်လတွင် ချမှတ်ခဲ့သည်။ ယင်းဆုံး ဖြတ်ချက်အရ မြောက်ကိုရီးယားအား လက်နက်ရောင်းချခြင်း သို့မဟုတ် သူ့ထံမှ လက်နက် ဝယ်ယူခြင်း မပြုရန် အဖွဲ့ဝင် နိုင်ငံများကို တားမြစ်ထားသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို မူအားဖြင့် ကန့်ကွက်သူ မစ္စတာဂျင်မ်ဝက်ဘ် ယခင်နှစ် သြဂုတ် လ ၁၅ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
စစ်အစိုးရက မြောက်ကိုးရီးယားမှ နျူကလီးယားလက်နက်များ ဝယ်ယူသည်ဟု အမေရိကန်က သံသယ ရှိနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ၏ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။
၂ဝဝ၈ ခု အတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်သည့် စစ်ဘက်အဆင့်မြင့် ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးကြောင်း လျို့ဝှက် မှတ်တမ်းများ မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။
အမေရိကန်ကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ရွှေ့ဆိုင်းသည့်အချိန်သည် မြောက်ကိုရီးယားနှင့် စစ်အစိုးရတို့၏ မဟာမိတ် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ရောက်ရှိ နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တရုတ်ဝန်ကြီးချုပ်သည် နေပြည်တော်တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှု ကြာသာ ပတေးနေ့က ပြုလုပ်ခဲ့သည်။
မစ္စတာဝမ်ကျားပေါင်၏ ခရီးစဉ်အတွင်း စွမ်းအင်၊ ရေအားလျှပ်စစ်၊ ငွေချေးခြင်းတို့အပါအဝင် နှစ်နိုင်ငံ သဘောတူညီချက် စာချုပ် အနည်းဆုံး တဒါဇင် လက်မှတ် ရေးထိုးခဲ့သည်ဟု နေပြည်တော် သတင်းရပ်ကွက် တခုက မဇ္ဈိမသို့ ပြောသည်။
Ref: မဇ္ဈိမ
နအဖစစ်အုပ်စုကို တရားစွဲခြင်း
နအဖစစ်အုပ်စုကို တရားစွဲ အရေးယူဖို့နဲ့ပတ်သက်ပြီး သဘောတရားအရ ကြည့်ရင်တော့ အဓိက နည်းလမ်း (၆) မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ …
(၁) နိုင်ငံတကာတရားရုံး ICJ ကနေ မလိုက်နာလို့မရတဲ့ စီရင်ချက် ချစေခြင်း၊
(၂) နိုင်ငံတကာတရားရုံး ICJ ကနေ သဘောထားအကြံပြုချက် ချစေခြင်း၊
(၃) နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေ စီရင်ချက် ချစေခြင်း၊
(၄) အရေးပေါ် သီးသန့်ခုံရုံးတည်ထောင်ပြီး မလိုက်နာလို့မရတဲ့ စီရင်ချက် ချစေခြင်း၊
(၅) ပြည်ပနိုင်ငံတခုရဲ့တရားရုံးတခုကနေ စီရင်ချက် ချစေခြင်း၊
(၆) မြန်မာနိုင်ငံတွင်း တရားရုံးတခုကနေ စီရင်ချက် ချစေခြင်းတို့ ဖြစ်ပါတယ်။
ပထမနည်းလမ်း (၅) ခုက နိုင်ငံတကာတရားရေးလမ်းကြောင်းတွေ ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်း တခု သို့မဟုတ် တခြား နိုင်ငံ တနိုင်ငံကနေ အစချီရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံး နည်းလမ်းကတော့ ကိုယ့်ပြည်တွင်း တရားရုံးတွေမှာပဲ ကိုယ့်အစိုးရကို နိုင်ငံတကာ သဘောတူညီချက် ဖောက်ဖျက်မှု သို့မဟုတ် နိုင်ငံ့ ဥပဒေ ချိုးဖောက်မှုနဲ့ တရား ပြန်စွဲဖို့ဖြစ်ပြီး အလားအလာ မရှိဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။
၁။ နိုင်ငံတကာတရားရုံး ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်ပြီး နိုင်ငံတွေအကြား တရားရေးဆိုင်ရာ အငြင်းအခုံ တွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ဖြေရှင်း ဆုံးဖြတ် ပေးရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဌာနတွေက မေးမြန်း တင်ပြလာတဲ့ ဥပဒေရေးရာ ပြဿနာတွေ အပေါ်မှာလည်း သဘောထား အကြံပြုချက် ပေးရပါတယ်။
နိုင်ငံတကာ့တရားရုံးမှာ တရားဆိုင်ရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ICJ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို လက်မှတ် ထိုးထားတဲ့ ကုလ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေပဲ တရားပြိုင်ခွင့် ရှိပါတယ်။ ဒါ့အပြင် တရားပြိုင် နှစ်နိုင်ငံစလုံးက တရားရုံး ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ သဘောတူဖို့ လိုပါတယ်။ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာ စာချုပ်ထဲမှာ ICJ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေအနေ ရှိဖို့လိုပါတယ်။
တရားပြိုင်နှစ်ဘက်က ICJ မှာ စာနဲ့ရော နှုတ်နဲ့ရော လျှောက်လဲချက်ပေး စစ်ဆေးခံပြီးရင် တရားရုံးက စီရင်ချက်ချပါတယ်။ စီရင်ချက်ဟာ အပြီးအပြတ် ဖြစ်ပါတယ် (အထက်ဆင့်ကို အယူခံစရာမရှိပါ)။ နှစ်ဘက်စလုံး မဖြစ်မနေ လိုက်နာ ကျင့်သုံးရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ကတည်းက ICJ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြု လက်မှတ် ထိုးထားတာ ဖြစ်တဲ့အတွက် တရားရုံး အဆုံးအဖြတ်ကို မလိုက်နာဘဲနေတာ အင်မတန် ရှားပါတယ်။ တရားပြိုင်နှစ်ဘက်မှာ တဘက်က တရားရုံးကို လာဖို့ ပျက်ကွက်ရင်လည်း အမှုကို ဆက်စစ်နိုင်ပါတယ်။ တရားရုံးပြင်ပမှာ နှစ်ဘက်ညှိနှိုင်းပြီး ကြေအေးလို့လည်း ရပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ကို မလိုက်နာရင်တော့ လုံခြုံရေး ကောင်စီက တရားရုံး စီရင်ချက် အတိုင်းဖြစ်အောင် ကိုင်တွယ် အရေးယူခွင့် ရှိပါတယ်။
အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စ၊ လယ်ယာမြေသိမ်းယူမှုကိစ္စတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ သဘောတူ စာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ILO အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ တရားရုံးကတော့ မြန်မာပြည်မှာ အဓမ္မ လုပ်အားပေး ရပ်စဲဖို့၊ ကလေးစစ်သား ရပ်စဲဖို့တွေ အမိန့်ပေး ဆုံးဖြတ်ပါလိမ့်မယ်။
ဒါမှမဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာမီးရှို့မှု၊ အဓမ္မ အိုးအိမ်မဲ့စေမှုတွေနဲ့ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင် ယုတ်မာမှုတွေကြောင့် နိုင်ငံတကာ လူသားချင်း စာနာရေးဥပဒေ၊ စစ်ပွဲဆိုင်ရာ ဂျီနီဗာစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ဒီစာချုပ်တွေ လက်မှတ် ထိုးထားတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ ICJ ဟာ လူပုဂ္ဂိုလ်တွေကို အရေးယူတာတော့ မရှိဘဲ ဖောက်ဖျက်မှုတွေ ရပ်တန့်ဖို့ အမိန့်ချနိုင်ပါတယ်။ ဒါကိုလိုက်နာဖို့ လုံခြုံရေး ကောင်စီက ကြပ်မတ် ရမှာဖြစ်ပါတယ် (ဒါပေမယ့် လုံခြုံရေးကောင်စီထဲမှာ တရုတ်က ဗီတိုသုံး ကန့်ကွက်ရင် ICJ စီရင်ချက် အလကား ဖြစ်သွားနိုင်ပါတယ်၊ တဘက်က ကြည့်ရင်တော့ ICJ စီရင်ချက်ကို ဗီတို သုံးတဲ့နိုင်ငံဟာ ကမ္ဘာမှာ အင်မတန် သိက္ခာ ကျသွားမှာလည်း ဖြစ်ပါတယ်)။
အဓိကအားနည်းချက်နောက်တခုကတော့ ICJ မှာ အမှုဆိုင်တာ အနည်းဆုံး (၂) နှစ် ကြာနိုင်တဲ့အတွက် တရားစွဲပေးတဲ့ နိုင်ငံက အဲသလောက် ဇွဲရှိရှိ စိတ်ဓာတ်ရှိရှိနဲ့ အချိန်ကုန် ငွေကုန်ခံ လုပ်ပါ့မလား စဉ်းစားစရာပါပဲ။
၂။ ဒုတိယနည်းလမ်းဖြစ်တဲ့ ICJ ကနေ သဘောထားအကြံပြုချက် ချစေတာကိုတော့ ကုလသမဂ္ဂ ပင်မ အဆောက်အအုံ ငါးခုနဲ့ (ILO အပါအဝင်) လက်အောက်ခံ အေဂျင်စီ (၁၆) ခုကပဲ တောင်းဆိုခွင့် ရှိပါတယ်။ အထွေထွေ ညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့က “မည်သည့် ဥပဒေရေးရာ ပြဿနာကို မဆို” အကြံဉာဏ် တောင်းခံနိုင်ပြီး အထူးပြု အေဂျင်စီတွေ ကတော့ မိမိလုပ်ငန်း အဝန်းအဝိုင်းနဲ့ ဆိုင်တဲ့ ဥပဒေရေးရာ ပြဿနာကိုပဲ အကြံဉာဏ် တောင်းခံခွင့် ရှိပါတယ်။ အကြံဉာဏ်လို့ ဆိုတဲ့အတိုင်း မလိုက်နာမဖြစ် binding မဟုတ်ပါဘူး။ လိုက်လုပ်ချင်လုပ် မလုပ်ချင်လည်း နေလို့ရပါတယ်။ ICJ ရဲ့ သဘောထား အကြံပြုချက်ဟာ ဥပဒေကြောင်းအရ အင်မတန် သြဇာကြီးတဲ့ အတွက် မလိုက်နာတဲ့ နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေကြောင်း ကမ္ဘာမှာ ပွင့်ကျသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက အဲဒီနိုင်ငံအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ် လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည် ကိစ္စမှာတော့ တရုတ်နဲ့ ထိုင်းက ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ရင် သိပ် အကျိုးမထူးနိုင်ပါ။
မြန်မာပြည်က အဓမ္မလုပ်အားပေးကိစ္စနဲ့ပတ်သက်ပြီး ILO က ICJ ဆီက သဘောထားအကြံပြုချက် တောင်းနိုင်သလို လူသားချင်း စာနာရေးကိစ္စ၊ လူမျိုး သန့်စင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ယူနက်စကို၊ WHO ၊ ILO ၊ FAO တို့က သဘောထား အကြံပြုချက် တောင်းနိုင်ပါတယ် (ယူနီဆက်ဖ်၊ လူ့အခွင့်အရေးကောင်စီ၊ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ၊ UNDP ၊ UNODC မူးယစ်ဆေးရုံး၊ ICRC တို့မပါ)။ ဒီလိုမတောင်းခံခင် ကိုယ့်အဖွဲ့အစည်းထဲမှာ အများသဘောတူ ဆုံးဖြတ်ချက် အရင်ချဖို့ လိုပါတယ်။ ILO ကတော့ ဒီနည်းလမ်းကို တော်တော်လေး လေ့လာ ဆန်းစစ်ထားပါတယ်။
၃။ တတိယနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ကုလသမဂ္ဂနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ ခုံရုံးဖြစ်ပါတယ်။ ဒီတရားရုံးက နိုင်ငံတွေကို အမှုစစ်တာမဟုတ်ဘဲ ၂၀၀၂ ခု ဇူလိုင် (၁) ရက်နေ့ နောက်ပိုင်းမှာဖြစ်တဲ့ ကျူးကျော်စစ်ပြုမှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်မှုနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တွေကို အမှုစစ်တာ ဖြစ်ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြောအတိုင်းဆိုရင် ဘယ်အာဏာရှင်၊ ဘယ်စစ်အုပ်စု၊ ဘယ်စစ်တပ်မှ လူ့အခွင့်အရေးတွေကို အဟန့်အတားမရှိ ချိုးဖောက်နေတာမျိုး မဖြစ်နိုင်အောင် ICC ကို ထူထောင်ထားတာ ဖြစ်ပါတယ်။ ICC ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဖြစ်တဲ့ ရောမ စာချုပ်မှာ ICC ကိုင်တွယ်နိုင်တဲ့ ပြစ်မှုတွေကို တိတိကျကျ ဖွင့်ဆို ထားပါတယ်။
ICC ရဲ့ အကြီးဆုံးပြဿနာက အမေရိကန်ပြည်ထောင်စုက လက်မှတ်မထိုးထားတာဘဲ ဖြစ်ပါတယ်။ နောက်ပြဿနာကြီး တခုကတော့ မြန်မာ နိုင်ငံကလည်း လက်မှတ် မထိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားရုံးဟာ မြန်မာပြည်အပေါ် တရားစီရင်နိုင်ခွင့် မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ICC အဖွဲ့ဝင် နိုင်ငံတခုခုကဖြစ်စေ၊ ICC ရှေ့နေကြီးက ဖြစ်စေ၊ ကုလလုံခြုံရေး ကောင်စီကဖြစ်စေ၊ မြန်မာပြည် အရေးဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်နေတယ် သို့မဟုတ် ခြိမ်းခြောက်နေတယ်လို့ ဆုံးဖြတ်ပြီး ICC က ကိုင်တွယ် ဆုံးဖြတ်ဖို့ ‘ညွှန်း’ ပေးနိုင်ပါတယ်။ အဲသလိုဆိုရင်တော့ ICC ဟာ ရောမစာချုပ် လက်မှတ် မထိုးထားတဲ့ နိုင်ငံကိုလည်း တရား စစ်ဆေး စီရင်နိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံ မဟုတ်တဲ့အတွက် လုံခြုံရေး ကောင်စီက ညွှန်းတိုင်း တရားစွဲအမှုစစ်ဖို့ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။
လုံခြုံရေးကောင်စီဟာ နိုင်ငံတခုက တာဝန်ရှိသူတွေကို ICC ကိုတင် တရားစွဲဖို့အတွက် စုံစမ်းရေး ကော်မရှင်တခု တည်ထောင်ပြီး အဲဒီလူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အခိုင်အမာ သက်သေ ထူပြရပါတယ်။ အဲသလို သက်သေထူပြပြီးမှ ICC ကို လွှဲလို့ရပါတယ်။ ဒါကြောင့် စုံစမ်းရေး ကော်မရှင်ဖွဲ့မဖွဲ့ လုံခြုံရေးကောင်စီတွင်းမှာ ဗီတိုနဲ့ မကန့်ကွက်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါတယ်။ (လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး အတွင်းရေးမှူးချုပ်က ကော်မရှင်ကို ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။) ဆူဒန်ကိစ္စမှာ ကော်မရှင်သက်တမ်းကို (၃) လ သတ်မှတ်ခဲ့ပါတယ်။
ရောမစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ ဆူဒန်နိုင်ငံရဲ့သမ္မတ ဘာရှီယာကို တရားစွဲတဲ့ကိစ္စမှာ လုံခြုံရေး ကောင်စီရဲ့ စုံစမ်းရေး ကော်မရှင်က ညွှန်းပေး လိုက်တာကို ICC က လက်ခံစစ်ဆေးပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ဆူဒန်က ပြောင်ပြောင် တင်းတင်း အာခံနေတဲ့အတွက် ဆူဒန်သမ္မတ ဘာရှီယာကို ICC အနေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်တဲ့ အဆင့်ပဲ ရှိနေသေးပြီး ဘာရှီယာက စွဲချက်ကို လက်မခံဘဲ အတိအလင်း အာခံနေတာကတကြောင်း၊ သူသွားလည်တဲ့ တခြားနိုင်ငံတွေက ဖမ်းမပေးတာက တကြောင်းကြောင့် တရားရုံးတင် အမှုစစ်တဲ့အဆင့် မရောက်နိုင်သေးပါဘူး။ လုံခြုံရေး ကောင်စီကလည်း ဘာရှီယာ တရားရုံး ရောက်အောင် မကိုင်ပေးပါဘူး။
ICC ကို မညွှန်းခင် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုံခြုံရေးကောင်စီထဲ ဆုံးဖြတ်ရာမှာ တရုတ်ရဲ့ဗီတို ကြုံနိုင်သလို (ဆူဒန်ကိစ္စမှာ တရုတ်နဲ့ ရုရှက ကန့်ကွက်မဲ မပေးဘဲ ကြားနေမဲပေးလို့ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ခဲ့ပါတယ်) ICC က တရားစွဲဖို့ ဆုံးဖြတ်ပြီး နောက်မှာလည်း တကယ် တရားရုံးရောက်အောင် အကြပ်ကိုင်ရာမှာ တရုတ်ဗီတိုနဲ့ တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန် ကိုယ်တိုင်က ICC အဖွဲ့ဝင်မဟုတ်၊ ICC ကို မထောက်ခံတဲ့ အပြင် ဆူဒန်ကိစ္စ တစ်လစ်ကြီးဖြစ်နေတာ တွေ့ထားတဲ့အတွက် ICC မှာတင်ဖို့ သိပ်စိတ်ပါမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆူဒန်လိုအမှုမျိုး နောက်ထပ်ညွှန်းဖို့ အလားအလာ နည်းနေပါတယ်။ ဒါ့အပြင် ICC မှာ အမှုတင်တာ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဥပမာ - ကွန်ဂိုအမှုဆိုရင် ၂၀၀၄ မှာ စလက်ခံခဲ့ပေမယ့် အခုထိ မပြတ်သေးပါ။
၎။ စတုတ္ထနည်းလမ်းဖြစ်တဲ့ အရေးပေါ်သီးသန့်ခုံရုံး ad-hoc tribunal သို့မဟုတ် အထူးတရားရုံး special court ဖွင့် စစ်ဆေး စီရင်တာကို ICC မပေါ်ခင်က ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား (ဆားဘီးယား)၊ ချတ်ဒ်၊ ဆီယာရာလီယွန်း၊ လိုင်ဘေးရီးယား၊ အရှေ့တီမော နိုင်ငံတို့က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုတွေအတွက် ကျင့်သုံးခဲ့ပါတယ်။ ICC တည်ထောင်ပြီး နောက်ပိုင်းတော့ အရေးပေါ် သီးသန့်ခုံရုံး ဖွဲ့စစ်တာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ မပြတ်သေးတဲ့ အမှုတွေကို ဆက်စစ်နေတာပဲ ရှိပါတယ်။
သီးသန့်ခုံရုံးဖွင့် စစ်ဆေးဆုံးဖြတ်တာကို ILO ကနေ အလုပ်သမား အခွင့်အရေးဘက်က လုပ်နိုင်သလို ကုလ လုံခြုံရေး ကောင်စီကနေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုဘက်တွေကလည်း လုပ်နိုင်ပါတယ်။ ပြဿနာတခုက ဒီလို သီးသန့်ခုံရုံးဖွင့်ဖို့ အချိန် အကြာကြီး ယူရတာဖြစ်ပါတယ်။ စရိတ်စကလည်း ကြီးတဲ့အတွက် ကုလ အဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင် ထောက်ပံ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေအကုန်မခံနိုင်လို့၊ အကုန်မခံချင်လို့ အထူးခုံရုံးဖွင့်ဖို့ သဘောမတူတာလည်း ရှိလာနိုင်ပါတယ်။
ဒီခုံရုံးတွေဟာ လူပုဂ္ဂိုလ်တွေအပေါ် စီရင်ဆုံးဖြတ်နိုင်ပြီး စီရင်ချက်က မလိုက်နာမနေရ binding ဖြစ်ပါတယ်။ စကတည်းက လုံခြုံရေး ကောင်စီ သဘောတူညီချက်နဲ့ ထူထောင်တာ ဖြစ်လို့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေး ကောင်စီက အရေးယူ ဒဏ်ခတ် ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေး ကောင်စီမှာ ဗီတိုနဲ့ တိုးရင် ဒီလို သီးသန့်ခုံရုံး ပေါ်မလာနိုင်ပါဘူး။ (ILO ခုံရုံးကတော့ လုံခြုံရေး ကောင်စီကို ဖြတ်စရာ မလိုပါ။)
၅။ ပဉ္စမနည်းလမ်းဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက တရားရုံးမှာ တရားစွဲတာကို အဲဒီနိုင်ငံရဲ့ အမျိုးသားဥပဒေ အရရော နိုင်ငံတကာ ဥပဒေ အခြေခံမူတွေ အရပါ လုပ်နိုင်ပါတယ်။ ဒါကို ပင်လယ် ဓားပြမှုတွေမှာ ကျင့်သုံးနေပြီဖြစ်သလို စစ်ရာဇဝတ် မှုတွေနဲ့ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း အသုံးများလာပြီ ဖြစ်ပါတယ်။ ချီလီ အာဏာရှင်ဟောင်း ပီနိုရှေးကို ဒီနည်းနဲ့ ကိုင်ခဲ့ကြပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သက်ဆိုင်ရာ အာဏာရှင်ဟာ အဲဒီပြည်ပနိုင်ငံကို ရောက်နေဖို့လိုပြီး အဲသလို ရောက်မနေဘဲ တရားစွဲရင် ဘာမှ အကျိုးမထူးပါဘူး။ ဒါ့ပြင် အချုပ်အခြာ အာဏာ ပြဿနာတွေ၊ တရားစွဲ ခံရတဲ့နိုင်ငံက တရားစွဲတဲ့နိုင်ငံကို လက်စားချေတာတွေလည်း ဖြစ်လာနိုင်လို့ နိုင်ငံတွေက သိပ်မလုပ် စေချင်ကြပါဘူး။ နအဖ ခေါင်းဆောင်ကို တရားစွဲဖို့ ကတော့ အိန္ဒိယနိုင်ငံ လာလည်တုန်း အိန္ဒိယတရားရုံးမှာ တရားစွဲတာ၊ ကုလသမဂ္ဂ အစည်းအဝေး လာတက်တုန်း အမေရိကန် တရားရုံးမှာ တရားစွဲတာ လုပ်နိုင်စရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် တဘက်မှာ သံတမန် ကင်းလွတ်ခွင့်တွေ ပေးထားတဲ့ ထုံးစံကလည်း ရှိနေတော့ လက်တွေ့ တရားစွဲနိုင်ဖို့ မလွယ်လှပါဘူး။ အဓိကအားဖြင့် မိမိပြည်တွင်းမှာ လွတ်ငြိမ်း ချမ်းသာခွင့် ရအောင် လုပ်ထားတဲ့ အာဏာရှင်‘ဟောင်း’တွေကို အပြစ်ပေးဖို့တော့ ဒီနည်းလမ်းက အင်မတန် သင့်တော်လှပါတယ်။
၆။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်တွင်းတရားရုံးမှာ တရားစွဲစစ်ဆေးဖို့ကတော့ ဒေသန္တရ အာဏာပိုင် အဆင့်မှာ မစုစုနွေး အမှုနိုင်သွားတာ ရှိဖူးပေမယ့် လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နအဖ ထိပ်သီးတွေကို တရားစွဲဖို့ ကြိုးပမ်းချက်တွေ ကြည့်ရင်တော့ ဖြစ်နိုင်ခြေ အင်မတန် နည်းနေပါတယ်။
ဒီကနေ့ မြန်မာပြည်က အာဏာရှင်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ကြရာမှာ တချို့က (အလုပ်သမား အခွင့်အရေး၊ အဓမ္မလုပ်အားပေး၊ ILO တို့နဲ့ ဆက်စပ်ပြီး) ICJ က သဘောထားအကြံပြုချက်ချတာကို လိုလားနေကြသလို တချို့ကတော့ (စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် ဆန့်ကျင်ရေးပြစ်မှု၊ လူမျိုးတုံး သုတ်သင်မှုတို့အပေါ်) လုံခြုံရေးကောင်စီက ICC ကို ညွှန်းဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့တာကို လိုလားနေကြပါတယ် (ဆူဒန်ဥပမာအရ တရားစွဲတဲ့အဆင့် ပဲရနိုင်ပြီး အမှုစစ် စီရင်ချက်ချတဲ့ အဆင့် မဖြစ်နိုင်ပါ)။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ အားကောင်းချက် အားနည်းချက်တွေကတော့ အထက်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ နှစ်မျိုးစလုံးကတော့ အဓိကအားဖြင့် ပြည်တွင်း၊ တပ်တွင်းနဲ့ နိုင်ငံတကာမှာ နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်း သွားစေနိုင်ပါတယ်။ ငပွကြီး တရုတ်ရှိနေသရွေ့ ဒီ့ထက် ပိုမမျှော်လင့်နိုင်ပါ။ စိတ်ကူးယဉ် အလွဲတွေ၊ မျှော်လင့်ချက် အမှားတွေ မရှိဖို့လိုပါတယ်။ ဒါပေမယ့် နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျသွားရင်တော့ ၁၉၈၇ ခုတုန်းက အဆင်းရဲဆုံး နိုင်ငံအဆင့် LDC ဖြစ်သွားခဲ့လို့ (ရှစ်လေးလုံးအထိ) ဂယက်ရိုက်ခဲ့သလိုမျိုး ထပ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မြန်မာပြည်က နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ် ဆန့်ကျင်ရေးပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုး သန့်စင်ရေး လူမျိုးဖြုတ်ရေးပြစ်မှုတွေ အဆုံးသတ်ပြီး စစ်အာဏာရှင်တွေကို တကယ်တမ်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတ္ထာဟိ အတ္ထနော နာထော မိမိကိုယ်သာ အားကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့သာ ရှိပါတော့တယ်။ ။
ရည်ညွှန်း ။ ။ Sarah Vuylsteke ပြုစုတဲ့ “မြန်မာနိုင်ငံမှ အဓမ္မလုပ်အားပေးပြဿနာကို ကိုင်တွယ်ရန် တရားရေးနည်းလမ်းများ”
Ref: ခေတ်ပြိုင်
တရုတ်က စစ်အစိုးရကို သံလက်သီးတပ်ပေးမည့် အနေအထားဟု ဦးဝင်းတင်ပြော
NEJ / ၀၃ ဇွန် ၂၀၁၀
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့လာရောက်သည့်အတွက် မြန်မာ့ဒီမိုကရေစီရေး ကိစ္စတွင် အကျိုး သက်ရောက်မှု၊ ရောင်ပြန်ဟပ်မှု တစုံတရာမျှ မရှိနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။
“ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ သူတို့ ဘာမှ လုပ်ပေးမှာလည်း မဟုတ်ဘူး။ သူတို့ရဲ့ သြဇာလည်း ရှိမှာမဟုတ်ဘူး။ သူတို့က နေပြီးတော့ ဒီမိုကရေစီ အယောင်ပြ လုပ်တဲ့ဟာတွေ ဒို့လုပ်လို့ရတယ်။ တရုတ်ပြည်မှာ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုးတွေကို မြန်မာ အစိုးရက မကျင့်သုံးဘူး။ အဲဒါကတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ (၂) ရက်ခရီးစဉ်အဖြစ် ဇွန် (၂) ရက်တွင် ရောက်ရှိခဲ့ပြီး ယနေ့ နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ကိုလည်း တွေ့ဆုံရန် ရှိသည်ဟု ရန်ကုန်မှ လာသော သတင်းများအရ သိရသည်။
တရုတ်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း စွမ်းအင်လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး သဘောတူညီချက် လက်မှတ် ရေးထိုးရန် ရှိသည်ဟုလည်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ယင်းသို့ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်မှုသည် စီးပွားရေး ကိစ္စများအပြင် ရှေ့လာမည့် (၁) နှစ်၊ (၂) နှစ်အတွင်း တရုတ်ပြည်တွင် ခေါင်းဆောင်မှု အပြောင်းအလဲက မြန်မာနိုင်ငံ အပေါ် ရိုက်ခတ်လာမည့် ပုံသဏ္ဌာန်၊ မြန်မာနိုင်ငံ အပြောင်းအလဲက တရုတ်ပြည်နှင့်ပြန်လည် ထိစပ်လာမည့် ပုံသဏ္ဌာန်များကိုလည်း အရိပ်အကဲ ကြည့်မည့် သဘော ပါမည်ဟု ဦးဝင်းတင်က ခန့်မှန်းသည်။
“ရွေးကောက်ပွဲအလွန်ကာလမှာ အများကြီးကို အပြောင်းအလဲတွေ နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင် သစ်တွေက ပေါ်လာမယ်။ ဒါထင်ရှားတယ်။ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အနေအထားတွေကို သူတို့သိတယ်။ အဲဒါသိတဲ့အတွက် လျှော့လိုက်၊ ပြောင်းလိုက်၊ ပြင်လိုက်လို့ မလုပ်ပါဘူး။ အန်အယ်လ်ဒီ အနေနဲ့ကတော့ လက်အိတ်မစွပ်ဘဲ လက်သီးထိုးရမယ့် အနေအထားမျိုးဖြစ်တဲ့ အချိန်မှာ စစ်အစိုးရကို တရုတ်အစိုးရက နေပြီးတော့ လုပ်ပေးမယ့်ဟာက လက်အိတ်တင်မကဘူး သံလက်သီး တပ်ပေးမယ့် အနေအထားမျိုးလို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။
တရုတ်အစိုးရအနေဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးနောက်ပိုင်း နိုင်ငံရေးတည်ငြိမ်မှု political stability ဆိုသည့် စကားလုံးများကို သုံးစွဲလာခဲ့ကြောင်း၊ သို့သော် တရုတ်အစိုးရ အနေဖြင့် ပြောလာသည့် အတိုင်း (၃) နှစ်မက အချိန်ကြာခဲ့သော်လည်း ဘာမှ အကောင်အထည် မပေါ်ခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
၎င်းက “တရုတ်အစိုးရကနေ တရုတ်သံအမတ်ကြီးက ၀မ်ကြားပေါင် မလာခင် အကြိုထုတ်တဲ့ ကြေညာချက်ထဲမှာလည်း ဒီစကားလုံး ပါတယ်။ ဒါပေမယ့် ဘာမှ တရုတ်က နိုင်ငံရေးတည်ငြိမ်မှု အတွက် လုပ်ပေးတာ မဟုတ်ဘူး။ အခုဆို အန်အယ်လ်ဒီကို နိုင်ငံရေးပင်မ ရေစီးကြောင်း ထဲကနေ ထုတ်လိုက်တဲ့ အဆင့်အတန်းထိ ရောက်လာတယ်။ ဒါတွေကို ကြည့်ရင် တရုတ်ပြောတဲ့ တည်ငြိမ်မှု မရှိဘူးဆိုတာ ပြတယ်” ဟု ပြောသည်။
အကယ်၍ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်အစိုးရပြောသည့် နိုင်ငံရေးတည်ငြိမ်မှုကို လုပ်မည်ဆိုပါက နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ဆိုသည်မှာ ဖြစ်မြောက်နိုင်ကြောင်း၊ သို့သော် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် စေတနာ မရှိခြင်းသည် အခက်အခဲ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက် ပြောကြားသည်။
“တရုတ်အစိုးရအနေနဲ့လည်း တကယ်စေတနာရှိရင် စီးပွားရေးလုပ်ငန်းတို့ ဒီမိုကရေစီ အရိပ်အယောင်ပြတဲ့ ဟာမျိုးတွေလောက် လုပ်နေလို့ကတော့ ဘာမှ မထူးဘူး။ လုပ်ရမယ့်ဟာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲလို ဟာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ဖြစ်တယ်။ ဘာမှလည်း အဓိပ္ပာယ်ရှိတဲ့ အနေအထားမျိုး ရောက်အောင် မလုပ်ဘူး။ ကျနော်ကတော့ ၀မ်းကြားပေါင်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မျှော်လင့်ချက် မထားဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုး ရလဒ်တွေကိုလည်း ဘာမှ မမျှော်လင့်ဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးသက်ရောက်မှု ဆိုတာတွေလည်း ဘာမှ ရှိလိမ့်မယ် မဟုတ်ဘူးလို့ သဘောထားတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
Ref: ခေတ်ပြိုင်
ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ
ဦးသန်းလွင်ထွန်း
ကြာသပတေး, 03 ဇွန် 2010
အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က ကြိုတင် ကြေညာထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ကို ကြာသပတေးနေ့က ရုတ်တရက် ဖျက်သိမ်း လိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ မြောက်ကိုရီးယား နိုင်ငံနဲ့ လျှို့ဝှက် ဆက်သွယ် လုပ်ဆောင်နေကြောင်း လတ်တလော ပေါ်ထွက်လာတဲ့ သတင်းအပြင် မြန်မာ စစ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယား နိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကြောင့်ပါ ဒီခရီးစဉ်ကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရှင်းလင်း ပြောကြားချက်တွေ အကြောင်း ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြထားပါတယ်။
နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီကို ရယူနေတယ် ဆိုတဲ့ သတင်းဟာ အခုမှ ထွက်ပေါ်လာတဲ့ သတင်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တတိယ အာဏာအရှိဆုံး စစ်ခေါင်းဆောင်လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယားနိုင်ငံ လျှို့ဝှက်ခရီးစဉ် အကြောင်း မှတ်တမ်း အစီရင်ခံစာတခု မနှစ်က အင်တာနက်မှာ ပေါက်ကြား ထွက်ပေါ်ခဲ့တဲ့အပြင် ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေးနဲ့ သိပ္ပံနည်းပညာ အသင်းကြီးကလည်း မြန်မာ၊ မြောက်ကိုရီးယား နျူကလီးယား ပူးပေါင်း လုပ်ဆောင်မှုတွေ အကြောင်း သုံးသပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဇန်န၀ါရီ လကတည်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက မြန်မာစစ်တပ်ရဲ့ နျူကလီးယား ရည်မှန်းချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှတ်တမ်း အစီအစဉ်တခု ဇွန်လ ၄ ရက်နေ့က စတင်ပြီး ပြသမယ်လို့ ကြေညာလိုက်တော့မှ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းမယ်လို့ ပြောကြားခဲ့တာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ အယ်လ်ဂျာဇီးယားက ပြသမယ့် ရုပ်မြင်သံကြား အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူဆီက ရရှိတဲ့ နျူကလီးယား တည်ဆောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ မှတ်တမ်းတွေကို ကိုးကား တင်ပြထားတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ကြေညာထားပါတယ်။
ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ မြိုင်မြို့မှာရှိတဲ့ စစ်တပ် လျှို့ဝှက်စက်ရုံတခုရဲ့ ဒုတိယ တာဝန်ခံဟောင်း ဖြစ်ပါတယ်။ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ …
“ကျနော်တို့ဆီမှာ ရှိနေတာက လူတယောက်က သယ်လာတယ်ဆိုတဲ့ မှတ်တမ်း အထောက်အထားတွေပဲ ဖြစ်တယ် ဆိုတော့ ဒီကိစ္စကို အသေအချာ စိစစ် ကြည့်ရှုဖို့ လိုနေပါသေးတယ်။” လို့ ပြောသွားပါတယ်။
အလားတူပဲ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယား နိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ် ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ မေလဆန်းပိုင်း မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက ပြုလုပ်ထားခဲ့တာပါ။ ဒီကိစ္စကိုလည်း အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က အတိအကျ ယုံကြည်တယ်လို့ မပြောပါဘူး။
“မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ခဲ့တယ်လို့ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့တော့ နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိ တော်တော်များများနဲ့ ကျနော် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အခုလို လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက စွပ်စွဲတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အဲဒီနိုင်ငံအပေါ် ထားရှိတဲ့ ရပ်တည်ချက် သဘောထားနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို ပိုပြီး ရှင်းလင်းအောင် ထုတ်ဖော်ပေးပါလို့ ကျနော်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ရှင်းလင်းချက်တွေက သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။”
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ တင်သွင်းခဲ့တယ်ဆိုတဲ့ ကိစ္စမှာ မြန်မာ နိုင်ငံဆီကို တိုက်ရိုက် ရောက်ရှိမသွားဘဲ အရှေ့အလယ်ပိုင်းနဲ့ UAE ကို ရောက်ရှိသွားခဲ့တဲ့ ကိစ္စ၊ ပင်လယ်ပြင်ကနေ လှည့်ပြန်ခဲ့တဲ့ကိစ္စ၊ ဘန်ကောက်မှာ လေကြောင်းက ဟန့်တားခဲ့ရတဲ့ကိစ္စ စတာတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံကနေတဆင့် ကုန်းကြောင်းကနေ မြန်မာနိုင်ငံအထိ ရောက်သွားခဲ့တဲ့ ကိစ္စတခု ရှိတယ်လို့လည်း သိရကြောင်း၊ အသေးစိတ်ကို နိုင်ငံခြားရေးဌာနကပဲ ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။
ဒါတွေဟာ ရှင်းလင်းဖို့ လိုနေသေးတဲ့ ကိစ္စတွေ ဖြစ်ပေမဲ့ သူသွားမယ့် ခရီးစဉ်အတွင်း ရည်မှန်းချက်တွေအတိုင်း ဆွေးနွေး တွေ့ဆုံပွဲ ကိစ္စတွေကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့တော့ သူယုံကြည်ကြောင်း မစ္စတာဝက်ဘ်က ဆိုပါတယ်။
“ဒီကိစ္စနှစ်ရပ်လုံးမှာ အချက်အလက်တွေ ဘယ်လောက် မှန်ကန်တယ်ဆိုတာ မသိနိုင်သေးပေမဲ့ ဒီအကြောင်းချက်တွေက ၂ ခုတောင် ဖြစ်နေတော့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းထားတာပဲ ကောင်းတယ်လို့ ကျနော်က ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန် ပြောဆို ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားဖို့ အရေးကြီးတယ်လို့ ကျနော် ယုံကြည်ထားဆဲပဲ ဖြစ်ပါတယ်။”
ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်ကို မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူတွေ့ဆုံလိုသူတွေနဲ့ တွေ့ခွင့်ရမယ့် အလားအလာ မရှိတဲ့အတွက် ဂျင်မ်ဝက်ဘ်က ခရီးစဉ် ဖျက်သိမ်းတာ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို မစ္စတာဂျင်မ်ဝက်ဘ်က…
“မြန်မာနိုင်ငံအတွင်း ကျနော့်ရဲ့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကတော့ တင်ပြ တောင်းဆိုထားဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျနော်ရောက်သွားမှ ရှင်းလင်း အတည်ပြုပေးမှာပါ။” လို့ ဖြေသွားပါတယ်။
အဲဒီတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် အနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင် တရက်အလိုအထိ အရေးပါဆုံး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမရ မသိရသေးဘူး ဆိုတာတော့ ထင်ရှားနေပါတယ်။
တဘက်မှာလည်း မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ စစ်အစိုးရဘက်ကို ပိုအလေးပေးပြီး သူ့ရဲ့ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ယူဆ ဝေဖန်နေကြတဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ မစ္စတာ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပွဲလုပ်ဖို့ အသိပေး အကြောင်းကြားထားတာ မရှိသေးဘူးလို့လည်း ဒေါ်စုနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရရင် အမေရိကန် အဆင့်မြင့် ခေါင်းဆောင်တဦး အနေနဲ့ မြန်မာနိုင်ငံကို သွားစရာ မလိုဘူးဆိုတဲ့ အစဉ်အလာကို အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ချိုးဖောက်လိုဟန်လည်း မရှိပါဘူး။
Ref: VOA News
နေ့စဉ်သတင်းများ ( ၃ - ၆ - ၁၀ )
■ တရုတ်က စစ်အစိုးရကို သံလက်သီး တပ်ပေးမည့် အနေအထားဟု ဦးဝင်းတင် ပြော သတင်း
■ မြန်မာပြည်မှာ တရုပ်ဝန်ကြီးချုပ် ရောက်နေ သတင်း
■ အမေရိကန်လွှတ်တော်အမတ် ခရီးစဉ်ရွှေ့ဆိုင်း သတင်း
■ နျူကလီးယားအရေးကြောင့် ဂျင်မ်ဝက်ဘ်ခရီးစဉ် ရွှေ့ဆိုင်း သတင်း
■ ၂၀၁၀ စစ်ရွေးကောက်ပွဲကို ကမ္ဘာတဝှမ်း ရှုတ်ချဖို့ မြန်မာတို့ တောင်းဆို သတင်း
■ လူထုစိတ်ဝင်စားမှု နည်းပါး၊ စည်းရုံးရေးခက်ခဲဟု ပါတီများ ပြော သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ၊ ပြည်သူနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံဥပဒေအခွင့်အရေး သတင်း
■ စာသင်ကျောင်းဆောက်ရန်အတွက် ရွာသားများ တာဝန်ယူပေးနေရ သတင်း
■ မုံရွာ ချင်းတွင်းရတနာဈေး မီးလောင် သတင်း
■ မုံရွာဈေးမီး ကျပ်သိန်း (၁၆ဝဝ) ကျော် ဆုံးရှုံး သတင်း
■ ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကော်ပိုရေးရှင်း ဖွဲ့ပေးမည် သတင်း
■ ကြယ်ငါးပွင့်သင်္ဘောသား ထက်ဝက်နီးပါး နုတ်ထွက် သတင်း
■ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် လောင်းကစားဝိုင်းများ တရားဝင် စည်းကားသိုက်မြိုက်စွာကျင်းပ သတင်း
■ ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို အရေးယူပြီ သတင်း
■ နအဖစစ်အုပ်စုကို တရားစွဲခြင်း (ဆောင်းပါး)
■ တရားခံဘယ်သူလဲဟေ့ (ဆောင်းပါး)
Thursday, June 3, 2010
မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး
မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ မုံရွာမြို့ရှိ ချင်းတွင်း ရတနာဈေးသစ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်ပေါင်း ၁၆၅၆ သိန်း ဖြစ်ကြောင်း မုံရွာ ဗဟို မီးသတ်အဆိုအရ သိရသည်။
ကြာသာပတေးနေနံနက် ၃ နာရီခွဲမှ စတင်၍ နံနက် ၁ဝ နာရီခွဲအထိ မီးလောင်မှုတွင် ငါးပိ၊ ငါးခြောက်၊ ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
“အပြီးသတ် ငြှိမ်းတာက ၁ဝ နာရီ ၃ဝ မှာပါ။ ဈေးက နှစ်ထပ်ဈေး၊ မီးလောင်တာကတော့ အပေါ်ထပ်က ၁၅၃ ခန်း၊ အောက်ထပ်က ၂၅၃ ခန်း စုစုပေါင်း ၄ဝ၆ ခန်း လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁၆၅၆ ဖြစ်ပါတယ်” ဟု မုံရွာ ဗဟိုမီးသတ်မှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။
"ပစ္စည်းတွေက ဘယ်လိုမှ ထုတ်ယူလို့ မရတော့ဘူးဗျ။ ဝင်ပေါက်နေရာတွေကလည်း လောင်တယ်။ ညပိုင်းလည်း ဖြစ်တယ်ဆိုတော့ အကုန်လောင်တော့တာပဲ" ဟု ဈေးအနီး နေထိုင်သူတဦးက မဇ္ဈိမကို ဆိုသည်။
ဈေးကြီးသည် မြို့လယ်ခေါင် လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမ အရှေ့ဘက် (အလယ်ရပ်) နှင့် အနောက်ဘက် (ဘုရားကြီးရပ်ကွက်) တွင် အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက်ထားပြီး ဆိုင်ခန်းပေါင်း ၁ဝဝ၆ ခန်း ရှိသည်။ မီးလောင်မှုမှာ အရှေ့ဘက်ရုံသာ ဖြစ်သော်လည်း ယခုအခါ အနောက်ဘက် ဈေးရုံကိုပါ ပိတ်ထားလိုက်သည်။
မီးလောင်ရာသို့ မုံရွာမြို့အနောက်ဘက် ဆားလင်းကြီးနှင့် ပုလဲ၊ တောင်ဘက်ရှိ မြင်းမူ၊ မြောက်ဘက်ရှိ အလုံမြို့တို့မှ မီးသတ်ကားများလည်း လာရောက်ရာ မီးသတ်ကားပေါင်း ၃၉ စီး ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရသည်။
ယခုသတင်းပေးပို့သည့် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအထိ မီးကြွင်းမီးကျန်များကို ဆက်လက် ငြှိမ်းသတ် ရှင်းလင်းဆဲဖြစ်သည်။
လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ လောင်ကျွမ်းကြောင်း ဈေးလုံခြုံရေးများက ယုံကြည်နေပြီး၊ ဗဟို မီးသတ်ကလည်း အင်ဗာတာမှ စတင် လောင်ကျွမ်းကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ မီးလောင်လေ့ရှိရာ ယခုနှစ်အတွင်း၌ပင် မေလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဈေး ၄ ထပ်မြောက်နှင့် ခေါင်မိုးပေါ်ရှိ ဆိုင်ခန်း စုစုပေါင်း ၈၄၅ ခန်း မီးလောင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင် ရန်ကုန် သင်္ကန်းကျွန်းဈေးတွင် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ခဲ့သေးသည်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၂ - ၆ - ၁၀ )
■ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ် စတင် သတင်း
■ ၀မ်ကျားပေါင်နှင့် ဗိုလ်ချုပ်မှူးကြီး ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ သတင်း
■ ၀မ်ကျားပေါင် အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းသင့်၊ တိုင်းရင်းသားခေါင်းဆောင်များ တောင်းဆို သတင်း
■ ဘဘ ဦးထိန်ဝင်း (ခ) သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀) ၏ အတ္ထုပ္ပတ္တိအကျဉ်း သတင်း
■ အဖြစ်ဆိုးနှင့် ကြုံတွေ့ရသော မြို့တော်ဝန် တာဝန်များ မထမ်းဆောင်နိုင်သေး သတင်း
■ ကရင်နီပြည်တွင် တိတ်တဆိတ် ရေကာတာ တည်ဆောက်ရန် စစ်အစိုးရ စီစဉ်နေ သတင်း
■ နိုင်ငံပိုင် အဆောက်အအုံများ ရောင်းချ သတင်း
■ ကျိုင်းတုံမြို့ သာသနာ့ဗိမာန်အုတ်တံတိုင်းအတွက် ဒေသခံလူထုထံ ကျပ်သိန်းချီ အလှူငွေကောက် သတင်း
■ အပစ်မရပ်သေးတဲ့ ၁၉၉၅ ခု မတိုင်မီကာလ ပြန်ရောက်နိုင်မှာလား သတင်း
■ ထိုင်းသို့ ခိုးဝင်သည့် မြန်မာ အမျိုးသမီးများ ဖမ်းဆီးခံရ သတင်း
■ လမ်းတွင် ငွေတောင်းသည့် ရဲ ပိုများပြားလာ သတင်း
■ မယ်လဒုက္ခသည်စခန်းအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ (၄) ဦးရှိ သတင်း
■ ပြဿနာပိုမိုမဖြစ်ထွန်းရေး ဒေသခံအာဏာပိုင်များနှင့် ဒုက္ခသည်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် သတင်း
■ - အလုပ်သမားဥပဒေ မထိရောက်သဖြင့် အလုပ်သမားများ နစ်နာ သတင်း
■ အာဏာပိုင်များ ငွေယူကာ ဧရာဝတီမြစ်အတွင်း ရွှေရှာခွင့်ပေး သတင်း
■ လယ်ယာ သန်းခေါင်စာရင်း ကောက်မည် သတင်း
■ ပလောင်ဒေသတွင် မီးသွေးထုတ်လုပ်မှု ကန့်သတ် သတင်း
■ နမ့်ခမ်းမြို့နယ်တွင် မီးသွေးဖုတ်ခွင့် ပိတ်ပင်ပြီး မီးသွေးများကို အတင်းအဓမ္မ ရောင်းခိုင်း သတင်း
■ စားသုံးဆီဈေး မြင့်တက် သတင်း
■ နေပြည်တော်လည်း မီးပျက် သတင်း
■ လူသိရှင်ကြားတောင်းပန်ရန် ထက်ထက်မိုးဦး ငြင်းဆန် သတင်း
■ ထက်ထက်မိုးဦးနှင့် ပဋိပက္ခဖြစ်သည့် သတင်းထောက်ကို စာနယ်ဇင်းကျင့်ဝတ်နှင့် ညီရန်ခေါ်ပြော သတင်း
■ ကြေးမုံကြော်ငြာ သတ်မှတ်နှုန်းထက် ပိုပေးမှ အမြန်ပါ သတင်း
■ ဇွန်လ ပထမပတ် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လှုပ်ရှားမှုများ သတင်း
■ (၄) ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ ဘန်တောင်ယန်၌ ကျင်းပ သတင်း
■ ဂျပန်ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်သွားပြီ သတင်း
■ ဘုန်းကြီးကျောင်းဝင်းအတွင်း လူသေမှု ဝန်ကြီးချုပ် အချက်အလက်ပေး သတင်း
■ မျိုးချစ်စာဆိုတော် အချုပ်တန်း ဆရာဖေ (ဆောင်းပါး)
Wednesday, June 2, 2010
ထိုင်းက မြန်မာ့နွားဈေး
သန်းထိုက်ဦး
Wednesday, June 02, 2010
နွားသိုးတွေနဲ့ ကျွဲတွေကို မြေဧက ၃၀ ကျော်ရှိတဲ့ ကွင်းကြီးထဲကနေ ၁၈ ဘီး ကားကြီးတွေပေါ်ကို အုပ်စုလိုက် အတင်းအကျပ် မောင်းတင် နေချိန်မှာ နွားတွေကို ၀ါးခြမ်းပြားနဲ့ တဖြန်းဖြန်း ရိုက်နေတဲ့ အသံ၊ အော်နေ၊ ငေါက်နေသံနဲ့ နွားအော်သံတွေ ဆူညံနေပါတယ်။
ဒီနေရာ လေးကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က နွားဈေးကွက်ပါ။ မြန်မာနိုင်ငံ တဝန်းက နွားနဲ့ ကျွဲတွေကို ကရင်ပြည်နယ် မြ၀တီမြို့ တဘက်ကမ်းက တဆင့် မဲဆောက်မြို့ကို ရောက်အောင် လာရောက် တင်သွင်း ရောင်းချတဲ့ နေရာပါ။ ဒီနွားဈေးကွက် နေရာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က စတင်ခဲ့တယ် လို့ နွားကုန်သည်များက ဆိုပါတယ်။
တပတ်အတွင်း သောကြာနဲ့ စနေနေ့ ၂ ရက်မှာ ရောင်းသူနဲ့ ၀ယ်သူ အဆင်ပြေပြီဆိုရင် တနင်္ဂနွေနေ့ တရက်ပဲ နွားဈေးကွက် ကနေ ကားပေါ် တင်ခွင့်ပြုထားတာကို တွေ့ရပါတယ်။
တနင်္ဂနွေနေ့က အစည်ကားဆုံး ရက်ပါ။ ခိုင်းနွားအိုကြီးတွေ၊ နွားငယ်တွေနဲ့ သားပေါက်မယ့် နွားမတွေပါ မကျန် အရွယ်အစားလိုက် ရှိပါတယ်။ ကာကွယ်ဆေး ထိုးပြီးသားလို့ ပြောတဲ့ နွားတွေကို နားရွက်ဖျားတွေမှာ အပေါက်ဖောက်ပြီး ရောင်စုံ ပလပ်စတစ် ကပ်ပြားငယ် လေးတွေ ချိပ်ဆွဲ ပေးထားပါတယ်။
နွားဈေးကွက်ရဲ့ ကွင်းကြီးထဲမှာ ကောင်ရေ ၁၀၀၀ နီးပါးလောက် ရှိတဲ့ ကျွဲနဲ့ နွားတွေကို နေရာအလိုက် ဟိုတစု၊ ဒီတစု ချည်တုပ် ထားတာ တွေ့ရ သလို၊ နွားတွေကို ကာကွယ်ဆေး ထိုးပေးတဲ့ အဆောက်အဦးတွေ၊ စားသောက်ဆိုင် တွေကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ချက်ချင်းပေါ်၊ ချက်ချင်း ခုတ်ထစ်ပြီး သွေးသံရဲရဲနဲ့ လတ်လတ်ဆတ်ဆတ် ရောင်းချနေတဲ့ အမဲဆိုင်တွေလည်း ရှိတယ်။ အဲဒီ အမဲ သားတွေကိုတော့ နွားဈေးနား တ၀ိုက်မှာ နေထိုင်သူတွေ ၀ယ်စားကြပါတယ်။
နွားဈေးထဲမှာ နွားကုန်သည်၊ နွားပွဲစား၊ နွားအ၀ယ်တော် သူဌေးနဲ့ နွားပွဲလောင်းသူတွေက ဆူညံနေပြီး ဗွက်နံ့၊ နွားချေးနံ့၊ နွားသေးနံ့တွေနဲ့ ကြိုင်လှောက်နေပါတယ်။ အဲဒီနေရာမှာ နွားဝှေ့ပွဲတွေလည်း ကျင်းပလေ့ ရှိတဲ့အတွက် အလောင်းအစား ကြေးထပ် နေကြတာ ကိုလည်း တွေ့ရပါတယ်။
နွားခြံတွေထဲမှာ ဆောက်လုပ်ထားတဲ့ တဲအိမ်ကလေး တလုံး အနီးအနားကို ရောက်သွားချိန်မှာတော့ နွားတကောင်က လမ်း မလျှောက်နိုင်တဲ့ အတွက် ကြိုးနဲ့ တရွတ်ဆွဲ ခေါ်နေတာကို တွေ့လိုက်ရပါတယ်။
ဒီ နွားဈေးကွက်ထဲကို ရောက်လာအောင် နွားတွေကို ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ ပဲခူးတိုင်းကနေ လိုက်ဝယ်ပြီး နယ်စပ် ကနေ တဆင့် တင်ပို့ ကြရတယ်လို့ နွားကုန်သည်တွေက ဆိုပါတယ်။
“ဒီဈေးကွက်မှာ အရောင်းအ၀ယ် မမှန်ဘူး၊ တခါတလေ အရောင်းအ၀ယ်က ကျတယ်၊ ဒီတပတ်နဲ့ပါဆို ဈေးတွေ အရမ်းထိုးကျတာ သုံးပတ်လောက်ရှိပြီ” လို့ မြန်မာနိုင်ငံသား နွားကုန်သည် တဦးက ပြောပါတယ်။
နွားဈေး အရောင်းအ၀ယ် မကောင်းရတဲ့ အကြောင်းကတော့ ဟင်းသီး ဟင်းရွက်နဲ့ အသားငါး ပေါလာတဲ့ အတွက်ကြောင့်လို့ သူက ရှင်းပြတယ်။
နွားတကောင်ရဲ့ ဈေးနှုန်းကတော့ အနည်းဆုံး ထိုင်းဘတ် ထောင် ဂဏန်း (ကျပ် ၃၀၀၀၀) ၀န်းကျင် ကနေ ဘတ် ၁၀၀၀၀ ကျော် (ကျပ် ၃၀၀၀၀၀) ဝန်းကျင်အထိ ဈေး ရှိပါတယ်။ တချို့ နွားသိုးတွေ၊ တိုက်နွားတွေဆိုရင် အရည်အချင်း ကောင်းရင် ကောင်းသလို တကောင်ကို ဘတ် သိန်းဂဏန်း (ကျပ် သိန်း ၃၀) လောက်အထိ ဈေးရပါတယ်။
ဒီဈေးကွက်ထဲက နွားတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်မှာရှိတဲ့ ဆူခိုထိုင်း ခရိုင် နွားဈေးကွက်ကို တင်ပို့ရောင်းချ နေတာ ရှိသလို ဖိဆန်နုလွတ် ဈေးကွက်ကိုလည်း တင်ပို့ကြတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာဆို နတ်ခွန်ဆဝမ် ခရိုင်၊ ဘန်ကောက်မြို့ တွေကိုလည်း တင်ပို့ ရောင်းချပါတယ်။
ဆူခိုထိုင်း ခရိုင်က နွားလာဝယ်တဲ့ ထိုင်းနိုင်ငံသား စွန်ဆက်က “ဒီဈေးမှာ ကျနော် တပတ်ကို နွားအကောင်ရေ ၈၀ လောက် လာဝယ်တယ်။ ဒီနွား တွေကို ဆူခိုထိုင်း မှာ တလခွဲလောက် ပြန်မွေး ပြီးတော့ အသားဈေးတွေမှာ ရောင်းပါတယ်။ နောက် ဘန်ကောက်မြို့က အသား ဈေးကွက်တွေကိုလည်း တင်ပို့ရောင်းချပါတယ်” လို့ ပြောပြပါတယ်။
မြန်မာပြည်က ကျွဲ၊ နွား တွေကို ထိုင်းနိုင်ငံက အသားဈေးကွက်ထဲမှာ ရောင်းချ အသုံးပြုနေတာ ရှိသလို၊ အသားလုံး ပြုလုပ်တဲ့ စက်ရုံတွေမှာလည်း အသုံးပြုပါတယ်။
ဘန်ကောက်မြို့က နွားလာဝယ်တဲ့ ထိုင်းအမျိုးသား တဦးက “ဒီနွားတွေကို ၀ယ်သွားပြီးတော့ ဘန်ကောက်မှာရှိတဲ့ နွားသတ် ရုံတွေမှာ အသားလုံး လုပ်ပြီး ပြန်ရောင်းတယ်။ အပတ်တိုင်း ဒီနွားဈေးမှာ တခေါက်ကို အကောင် ၄၀ ကျော် လာဝယ်ပါတယ်” လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ် နယ်စပ်ဂိတ်တွေထဲမှာ မဲဆောက်မြို့က ကုန်တင်ပို့မှု အကြီးဆုံးဂိတ် တခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေရှိသလို၊ မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကတော့ စိုက်ပျိုးရေး ကုန်ဖြစ်တဲ့ ဆန်၊ ငရုပ်၊ ကြက်သွန် အပြင် ကျွဲ၊ နွား ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန်တွေလည်း ပါပါတယ်။
ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံထဲကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကတော့ တလမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) လောက်ရှိပြီး မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့တဲ့ ကုန်ပစ္စည်း တန်းဖိုကတော့ ဘတ်သန်း ၁၀ ဂဏန်း (ကျပ် သန်း ၃၀၀) လောက်ပဲ ရှိပါတယ်။
အရောင်းအ၀ယ် ပြီးသွားတဲ့အတွက် ကျွဲတွေ၊ နွားတွေ အပြည့်အကျပ် တင်ထားတဲ့ ကားတွေဟာ တစီးပြီး တစီး ထွက်ခွာ သွားနေပါပြီ။ သူတို့ရဲ့ ခရီးဆုံးကတော့ နွားသတ်ရုံ ဒါမှမဟုတ်ရင် မွေးမြူရေး ခြံတွေပဲပေါ့။
Ref: ဧရာဝတီ်
ရာဇ၀င်ထဲမှာ တို့ကို မထားခဲ့ကြပါနဲ့
ဝေလင်း / ၁၁ မေ ၂၀၁၀
ဆန္ဒပြမှု တသီကြီး ဆက်တိုက်ဖြစ်ပွားပြီးနောက် ခေတ္တ ငြိမ်သက်နေခဲ့ ရာကနေ ပြီးခဲ့တဲ့ အပတ် အတွင်း ဧပြီလ (၉) ရက်နေ့က တောင်ဒဂုံမြို့နယ် အတွင်းရှိ အိုင်အိုဝမ်း အီလက်ထရောနစ် စက်ရုံမှာ (၂) နှစ်ကြာ မရရှိခဲ့တဲ့ ဘောနပ်ဆုကြေး ရရှိရေး ဆန္ဒပြမှုတခု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တခြား အရေးတွေက ထိပ်တန်းတက်နေချိန်၊ အတာကူး သင်္ကြန်ချိန်လည်း နီးပြီမို့ အမှတ်မထင် ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြမှုဟာ မကြာခင် ထပ်ပြီး ပေါ်လာဦးမယ့် အလုပ်သမား သပိတ်များစွာ အတွက် တပ်လှန့်သံ တချက်ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၀ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေအတွင်း လှိုင်သာယာ စက်မှုဇုန်က မပြေမလည် ဖြစ်မှုများအပေါ် စုံစမ်းရေး အစီရင်ခံစာ၊ ဖြေရှင်းချက် (သို့) နောင် လိုအပ်မယ့် ဥပဒေ တစုံတရာလေးမှ နအဖတို့ ဆီက ထွက်ပေါ် မလာခဲ့ကြပါ။
မေလ (၁) ရက်နေ့က အနှစ် (၁၂၀) မြောက် အလုပ်သမားနေ့မှာ စက်မှုဇုန် လုပ်သားများ အပါအ၀င် အခြား လုပ်သားအများစုအတွက် ထုတ်ပြန်ချက် (သို့) လုပ်သား ဥပဒေအသစ် တစုံတရာ ထုတ်သင့် ပါလျက် ထွက်ပေါ် မလာခဲ့ခြင်းဟာ ဘ၀အခက်အခဲတွေ ဖြေရှင်းဖို့ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြကြဆိုတဲ့ လမ်ကြောင်းဆီကိုပဲ နအဖက တမင် တွန်းပို့ပေးနေသလိုလိုပါ။
အလုပ်သမားတွေအဖို့ ထိုက်သင့်တဲ့ ဥပဒေရေးဆိုင်ရာ အကာအကွယ်တွေ လုံးဝ မရခဲ့ကြတာ န၀တတို့ တက်လာပြီးမှသည် အခု နအဖခေတ် တလျှောက်လုံး လိုလိုပါပဲ။ ဥပဒေ စာအုပ်ထဲမှာနဲ့ တရားရုံးတွေ ပေါ်မှာသာ ဥပဒေ၊ ကျင့်ထုံးနဲ့ ပုဒ်မမျိုးစုံ (ဒါကလည်း အရင်ကိုလိုနီခေတ် အိန္ဒိယဆီက မှီငြမ်းထားတဲ့ ဥပဒေတွေသာ အများစု) ရှိပါလိမ့်မယ်။ လုပ်သားရပိုင်ခွင့်တွေကို အာမခံပြီး အထောက် အကူ ပြုပေးမယ့် (လုပ်သားအစည်းအရုံး၊ အလုပ်သမားခုံရုံး၊ လုပ်ငန်းစစ်ဆေးရေး အဖွဲ့) စတဲ့ အင်အားစုတွေ မဆလခေတ် ကုန်ကာနီး ကာလကတည်းက မရှိခဲ့တော့ပါဘူး။ လုပ်သား သက်သာ ချောင်ချိရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားဆေးရုံ ဆေးပေးခန်းများ အပြင် အလုပ်ရှင် အလုပ်သမား ၀ါဏိစ္စ တရားရုံး စနစ်တွေအားလုံး မဆလခေတ် အထွေထွေ လာဘ်စားမှုတွေကြား လုံးဝ ကွယ်ပျောက် သွားခဲ့ကြပါပြီ။
၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာကြတဲ့ န၀တ၊ နအဖအစိုးရများ ကိုယ်တိုင်ကလည်း ဒီအလုပ်သမား ကိစ္စတွေ အပေါ်မှာ သိပ်ဂရုမစိုက်၊ အလေးမထားကြတော့ပါဘူး (အလုပ်သမား အရေးထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရာ အလုပ်သမား ၀န်ကြီးကို ဆက်ဆံရေး ၀န်ကြီး အဖြစ် ၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်း တာဝန် ပြောင်းပေးခဲ့တာကိုပဲ ကြည့်ကြပါတော့)။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အတည်မဖြစ်သေးတဲ့ အခုအချိန်မှာ ယခင် ၁၉၄၇/ ၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေထဲက အချက်တွေကို လိုရာ ဆွဲသုံးနေပေမယ့် ၁၉၇၄ ခုနှစ် ဥပဒေအခန်း (၂)၊ အပိုဒ် (၉) ပါ အလုပ်သမား လယ်သမားထု အပေါ် အခြေခံပြီး သူတို့အကျိုးကို ဦးထိပ်ထား ဆောင်ရွက်ပေးမယ့် အစိုးရတရပ် ဖြစ်တယ် ဆိုတဲ့ အချက်ကိုလည်း နအဖတို့ မေ့ချင်ယောင် ဆောင်နေခဲ့ကြပါတယ်။ လုပ်သား အခွင့်အရေး ဟူသမျှကို သွားလေသူ မဆလ စနစ်ကြီးနဲ့အတူ နအဖတို့က သမိုင်းမှာ တမင် ချန်ထားပစ်ခဲ့ကြပါပြီ။
၁၉၈၈ ခုနှစ်ကတည်းက စပြီးဖွင့်ခဲ့ကြတဲ့ ဈေးကွက်စီးပွားရေး တံခါး အပွင့်မှာ ပြည်ပ ရင်းနှီး မြှုပ်နှံမှု တွေကို နအဖတို့ တပြိုင်တည်း ကမ်းလှမ်း ခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ် မေ (၃၀) အမိန့် ကြေညာစာ အမှတ် ၁/၈၉ အရ မြန်မာပြည်တွင်း စိုက်ပျိုး၊ ငါးဖမ်း၊ သစ်တော၊ သတ္တု၊ ချည်ထည်၊ စက်မှုလုပ်ငန်း၊ တကိုယ်ရေသုံး/အိမ်သုံး ပစ္စည်းထုတ်လုပ်မှု၊ သယ်ပို့၊ ဆောက်လုပ်ရေး၊ ပျော့ဖတ်ထည်၊ သံ၊ စတီး၊ ကုန်သွယ်၊ ၀န်ဆောင် … စတဲ့ ကဏ္ဍစုံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံခြားသားများကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့သလို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ငြိမ်ဝပ် ပိပြားရေးကောင်စီ အမိန့်အမှတ် ၂၀/၉၀ အရ ပုဂ္ဂလိက စက်မှု လုပ်ငန်းများဥပဒေကို ၁၉၉၀ ခုနှစ် နိုဝင်ဘာ (၂၆) ရက်နေ့မှာ ထုတ်ပြန် ပေးခဲ့ပါတယ်။
ဥပဒေအရ လုပ်ငန်းရှင်တိုင်း …
၁။ သတ်မှတ်ထားတဲ့ မှတ်ပုံတင်ကြေးနဲ့ အခြားထမ်းဆောင်ရမယ့် အခွန်များ ပေးသွင်းရမည်။
၂။ မှတ်ပုံတင်စာချုပ်ပါ အချက်လက်နဲ့ သဘောထားများကို လက်ခံရမည်။
၃။ လုပ်ငန်းအမည်ဖြင့် ဆိုင်ရာ ဘဏ်မှာ ဘဏ်ငွေစာရင်းဖွင့်ပြီး လုပ်ငန်းကို ဖွဲ့စည်းရမည်။
၎။ လုပ်ငန်းတစုံလုံးနဲ့ အစီအစဉ်တွေကို အထက်ညွှန်ကြားချက်အရ ပြင်ဆင်ရမည်။
၅။ အထက်က စစ်ဆေးမှုကို ခံယူရမည်။
၆။ ညွှန်ကြားချက်အရသာ လုပ်ငန်းနေရာ၊ ပုံစံ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်းငယ်များ ခွဲခြင်းတို့ကို လုပ်ရမည်။
၇။ ၀န်ကြီးဌာနနဲ့ ညွှန်ကြားရေးရုံးများက လိုအပ်သလို ထုတ်ပြန်သော အမိန့် ညွှန်ကြားချက်များကို လိုက်နာရမည်။
၈။ တည်ဆဲ တရားဥပဒေများကိုလည်း လေးစားလိုက်နာရမည်။
… စတဲ့ အစိုးရ ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ အခွင့်အရေးများသာ ပါရှိပြီး လုပ်သားထုအပေါ် မည်သို့ မည်ပုံ လုပ်ဆောင် ပေးရမည် ဆိုတာတွေ မပါလာခဲ့ပါဘူး။
တဘက်ကလည်း ဒီဥပဒေပုဒ်မ (၁၄) ထဲမှာ လုပ်ငန်းရှင်တိုင်း မြေ၊ ရေ၊ လျှပ်စစ်၊ ဆက်သွယ်၊ သယ်ပို့ … စတဲ့ လုပ်ငန်းလိုအပ်ချက်တွေ တင်ပြတောင်းခံနိုင်သည်။ ကင်းလွတ်ခွင့်နဲ့ အခွန်လျော့ပေါ့ သက်ညှာမှု၊ လုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကြမ်း၊ စက်ကရိယာ၊ အပို ပစ္စည်းများကို ပြည်တွင်း ပြည်ပကနေ မှာယူနိုင်ခွင့် ရှိသည် … စတဲ့ မက်လုံးတွေသာ ပေးခဲ့ပေမယ့် လုပ်ငန်းအပေါ်မှာ အစိုးရ ဘက်က တာဝန်ခံမှုကို ဘာတခုမှ ထည့်ရေး မထားခဲ့ပါဘူး။ ဥပမာပြရရင် ၂၀၁၀ ခုနှစ် အစပိုင်း အစိုးရ ၀န်ထမ်းတွေ ရှားပါးစရိတ် တိုးပေးတော့ စက်မှုဇုန် လုပ်သားများကိစ္စကို ထည့်မစဉ်းစား ခဲ့ကြသလို စက်မှုဇုန် လုပ်ငန်းရှင်တွေနဲ့လည်း ညှိနှိုင်းခြဲ့ခင်း မရှိတာဟာ လှိုင်သာယာ စက်မှုဇုန် သပိတ်တွေ ဖြစ်ပွားရခြင်း နောက်ကွယ်က အကြောင်းရင်းတခု ဖြစ်ခဲ့သလို သပိတ်တွေ ဖြစ်လာ ပြန်တော့လည်း အစိုးရက တာဝန်မယူ ခေါင်းရှောင်တဲ့အပြင် အလုပ်ရှင်များကိုပဲ ဖိအားပေးခဲ့ပြန်ပါတယ်။
မြန်မာပြည် တနံတလျား စက်မှုဇုန်ပေါင်း (၈၂,၀၀၀ ) ဖွင့်လှစ်နိုင်ခဲ့တယ်လို့ နအဖတို့ ပြောနေချိန်မှာ တကယ့် စက်မှုဇုန်အစစ်က (၈,၄၆၃) ခုသာဖြစ်ကြောင်း သိရပါတယ်။ ဒီလို စက်မှုဇုန်များက တက်လာတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ နအဖအစိုးရမှာ လိုအပ်တဲ့ဥပဒေနဲ့ စီစဉ်ဖြေရှင်းမှုတွေ ရှိမရှိ ဆိုတာကို ဆက်ကြည့်ရအောင်ပါ။
နအဖ ထုတ်ပြန်တဲ့ ၁၉၉၅-၁၉၉၆ ခုနှစ် အစီရင်ခံစာအရ မြန်မာပြည်မှာ လုပ်သားဖူလုံရေး အဖွဲ့ပေါင်း (၂,၂၃၄) ဖွဲ့ရှိပြီး အဖွဲ့ဝင်ဦးရေ (၄၈၃,၂၈၃) ဦး ရှိကြောင်း၊ (၂) နှစ်အတွင်း လုပ်သား အငြင်းပွားမှု (၃၆၂) မှု (တနှစ်အမှု ၁၈၀ မျှ) နဲ့ နစ်နာကြေး အမှုပေါင်း (၃၂၁) မှု ဖြေရှင်း ပေးနိုင်ခဲ့ကြောင်း သိရသလို လုပ်သား (၁၇၇) ဦးဟာ ကျပ်ငွေ ၁,၃၀၂,၀၅၀ (အမေရိကန်ဒေါ်လာ ၁,၈၃၃ ဒေါ်လာ ဖိုးလောက်) ပြန်ရခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ (၂) ရက်မှာ အလုပ်သမား အမှုတခုဖြစ်ပြီး ဒီ အလုပ်သမား တဦးအတွက် အမေရိကန် တဒေါ်လာခွဲဖိုးလောက် နစ်နာကြေးငွေ ပြန်ရအောင် လုပ်ပေး နိုင်ခဲ့တာကိုများ လူကြားလို့မတော် အလွန်ရယ်စရာကောင်းတဲ့ စာရင်းဇယား အသေးအမွှား များနဲ့ ဖော်ပြ ခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် နိုဝင်ဘာ (၃၀) မှာ နိုင်ငံပိုင်လုပ်ငန်းများနဲ့ ကုမ္မဏီလက်စွဲ ဥပဒေကို ထုတ်ပြန် ပေးခဲ့ပါတယ်။ ဒါဟာ အရင် ကိုလိုနီခေတ် အိန္ဒိယ အက်ဥပဒေတွေကနေ ဆင်းသက်လာတဲ့ ကုမ္ပဏီ အက် (၁၉၁၄)၊ အထူး ကုမ္ပဏီအက် (၁၉၅၀) တွေကို မဆန့်ကျင်ရင် ဆက်ပြီး အတည်ပြုပေးတဲ့ ဥပဒေပွား တခုမျှသာ ဖြစ်သလို လက်ရှိ အခြေအနေကို ထင်ဟတ်ပြီး ခေတ်မီ ပြည့်စုံအောင် ရေးဆွဲ လိုက်တဲ့ ဥပဒေသစ် တရပ်လည်း မဟုတ်ပါဘူး။ ဥပဒေသစ်အရ စက်ရုံများနဲ့ အထွေထွေ လုပ်သား ဥပဒေ စစ်ဆေးရေး ဌာနတခု ထပ်ဖွဲ့ခဲ့ပြီး အဲဒီ ညွှန်ကြားရေးမှူးချုပ် လက်အောက်မှာ စက်ရုံများ စစ်ဆေးရေး အတွက် အင်ဂျင်နီယာ/သိပ္ပံဘွဲ့ရ စစ်ဆေးရေးမှူး (၁၁) ဦး အကူ (၇) ဦးပါ ဌာနတခု၊ အထွေထွေ လုပ်သား ဥပဒေ စစ်ဆေးရေးမှူး (၃၆) ဦးနဲ့ အကူ (၂၃) ဦးပါ ဌာနတခု ဖွင့်လှစ်ခဲ့သလို တပြည်လုံး အတိုင်းအတာ အရ ပြည်နယ်နဲ့တိုင်း (၅) ခု၊ ခရိုင် (၃၉) ခု၊ မြို့နယ် (၁၀) ခုမှာသာ ရုံး (၅၄) ရုံးလောက် ဖွင့်လှစ်ပြီး လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရမှာပါ။
အရင် မဆလခေတ်တုန်းကလည်း ၁၉၇၇ ခုနှစ် ပြည်သူ့ကောင်စီ အက်ဥပဒေ (၁၀၃) အရ ထပ်မံ ဖွဲ့စည်းလိုက်တဲ့ ၀ါဏိစ္စ ပဋိပက္ခဖြေရှင်းရေး ဖွဲ့စည်းပုံမှာ မြို့နယ်ကောင်စီ (၁) ဦး၊ အလုပ်သမား ကောင်စီ (၁) ဦး၊ လယ်သမားကောင်စီ (၁) ဦး၊ သမ၀ါယမ (၁) ဦး၊ ပါတီရေးရာဆင်း (၁) ဦး ဆိုပြီး (၅) ဦးပါ အဖွဲ့မှတဆင့် ပြဿနာဖြစ်တဲ့ စက်ရုံများ၊ လုပ်ငန်းများတည်ရှိရာ မြို့နယ်ကောင်စီ ကြီးကြပ်မှု အောက်က အလုပ်ရှင်/လုပ်သား နှစ်ဘက်ကြား ညှိနှိုင်းပေးခြင်း၊ ၀ါဏိစ္စကော်မတီ အယူခံ ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ၁၉၆၄ ခုနှစ် ၀ါဏိစ္စ ပဋိပက္ခ ဖြေရှင်းရေး ပုဒ်မ (၁၁) အရ ပစ္စည်းသိမ်း၊ ဖမ်းဆီး တရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၁ ဇန်န၀ါရီ (၁) ရက်နေ့ တိုးချဲ့ ဥပဒေ ပုဒ်မ (၁၁) အရ လုပ်သားလစာငွေကို နောက်ကျပြီး တလကျော်မှ ပေးခဲ့ရင် (၅၀) ရာခိုင်နှုန်း အပိုဆောင်း တိုးပေးဖို့၊ နောက်ထပ် တလ ထပ်ကျော်တိုင်း (၁၀) ရာခိုင်နှုန်း တိုးနဲ့ (၂) လ ဆက်တိုက်ဖြစ်ခဲ့ရင် အလုပ်ရှင်တွေ တရားစွဲဆိုခြင်း ခံရမယ်လို့ ပြဋ္ဌာန်း ခဲ့ကြဖူးပါတယ်။ မဆလတို့ လိုမျိုး နအဖအစိုးရတို့ ကိုယ်တိုင် ဖြေရှင်း မပေးနိုင်လို့သာ ၂၀၀၇ -၂၀၀၈-၂၀၁၀ ခုနှစ်များအတွင်း စက်မှုဇုန်တွေမှာ လုပ်ခ၊ အချိန်ပို၊ နောက်ကျ လစာငွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဆက်တိုက် ဖြစ်လာခဲ့ကြတာပဲ မဟုတ်ပါလား။
နအဖတို့ခေတ်မှာ နောက်ထပ် ရှာမတွေ့နိုင်တဲ့ ကိစ္စတွေကတော့ အလုပ်သမား အခွင့်အရေးများပါ။ ၁၉၅၁ ခုနှစ် အလုပ်သမား အက်ဥပဒေ မူရင်းသဘောများကို မဆန့်ကျင်ဘဲ ၁၉၆၄ အလုပ်သမား ဥပဒေပါ လူကြီး အလုပ်ချိန် (၈) နာရီနဲ့ ကလေးကို (၄) နာရီသာ ခိုင်းစေဖို့၊ (၅) နာရီကြာ တဆက်တည်း မခိုင်းစေဖို့ဆိုတဲ့ အချက်တွေအပြင် ပုဒ်မ (၇၃) အချိန်ပို လုပ်ခငွေ၊ ပုဒ်မ (၁၃) လုပ်ငန်းခွင် သန့််ရှင်းရေး၊ ပုဒ်မ (၂၁) သောက်ရေ၊ အိမ်သာ၊ ပုဒ်မ (၅၀) အမျိုးသမီး အလုပ်သမ (၅၀) ကျော်ခဲ့ရင် သူတို့ရဲ့ ကလေးများအတွက် သီးသန့်နားနေခန်း … စတဲ့ အချက်တွေကိုကော ဒီကနေ့ လှိုင်သာယာ စက်မှုဇုန်တွေမှာ ရနိုင် ကြပါတော့ရဲ့လား။
တဆက်တည်းမှာ ၁၉၅၄ ခုကို ဆက်ခံတဲ့ ၁၉၆၄ အက်ဥပဒေပုဒ်မ (၁) ပုဒ်မ (၅)၊ ပုဒ်မ (၈) တို့ပါ လုပ်သားတိုင်း အကျုံးဝင် ခံစားခွင့်ရှိတဲ့ လူမှုဖူလုံရေး အကျိုး ခံစားခွင့်များအတွက် လစာရဲ့ (၃.၀၁) ရာခိုင်နှုန်းသော အာမခံငွေ (၅၈ ကျပ်စား အလုပ်သမား တဦးအနေနဲ့ တလလျှင် ၁ ကျပ် ၇၅ ပြားနှုန်း) ကို ထည့်ဝင်သွားဖို့ လိုသလို ဒီလို ထည့်ဝင်ထားသူတိုင်း အတွက် ပုဒ်မ (၇) ပါ အခမဲ့ ဆေးကုသခွင့်၊ အလုပ်လက်မဲ့ ခံစားခွင့်၊ မီးဖွားစဉ် ခံစားခွင့်၊ အသုဘစရိတ် … စတာတွေအပြင် ယာယီ/အမြဲတမ်း မသန်မစွမ်း ခံစားခွင့် (လစာငွေရဲ့ ထက်ဝက်နှုန်း) နဲ့ ကျန်ရစ်သူ မိန်းမ/ကလေး ခံစားခွင့် မူရင်း လစာရဲ့ (၅/၃၀) နဲ့ (၈/၄၅) ကျပ် အချိုးနှုန်းဖြင့် … စတဲ့ အကျိုးခံစားခွင့်၊ အခွင့်အရေးများကို စက်မှုဇုန်တွေမှာ ရကြတာ မတွေ့ရတော့ပါဘူး။ ဒီလိုမျိုး အခြား အလုပ်သမား လျော်ကြေးဥပဒေ၊ လုပ်ငန်း ဖျက်သိမ်းခြင်း ဒေ၀ါလီ အက်ဥပဒေများအရ သေဆုံး နစ်နာကြေးအဖြစ် လုပ်သား မူရင်းလစာရဲ့ (၃၆) ဆ ရတာ၊ ထိခိုက်မှု အဆင့်အလိုက် လျော်ကြေး ရတာတွေအပြင် ၁၉၆၄ ခုနှစ်က ပေါ်တာလိုက်ရင်း သေဆုံးခဲ့ရသူ အတွက်ပါ အလုပ်သမား လျော်ကြေး ပေးခဲ့ရတဲ့ ထူးခြားဖွယ် အဖြစ်တွေကိုများ ပြောရရင် ဒီကနေ့ စက်မှုဇုန် လုပ်သားတွေအဖို့ သိပ်ပုံပြင် ဆန်နေလွန်းမယ်လို့ ထင်မိပါရဲ့။
၁၉၇၄ ဖွဲ့စည်းပုံထဲမှာ တကြောင်းလောက်သာ ရေးထားတဲ့ ဥပဒေ (အခန်း ၂ အပိုဒ် ၉ ပါ) စာသားနဲ့ အတူ ဖွဲ့စည်းခွင့် ရလိုက်တဲ့ အလုပ်သမား အစည်းအရုံးများရဲ့ အာဏာစက် တချို့ကြောင့်သာ ဒီလို ခံစားခွင့် ရခဲ့ကြတာပါ။
အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းခြင်းကို မဆလခေတ် တလျှောက်လုံး လုပ်ခဲ့ရာမှာ ၁၉၆၃ ခုနှစ် လုပ်သားထု တွေ့ဆုံ ဆွေးနွေးပွဲကနေ ၁၉၆၈ ခုနှစ် ဗဟို အလုပ်သမား ကောင်စီ အဖွဲ့ဝင် (၃၅,၁၁၁) ဦးပါ အဖွဲ့၊ ၁၉၇၅ ခုနှစ်မှာ အလုပ်သမား ကောင်စီ ဖွဲ့စည်းပုံ၊ ၁၉၇၆ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်း … စတာတွေ အသီးသီး လုပ်ဆောင်ခဲ့သလို တပြည်လုံး လုပ်သားဦးရေဟာ ၁၉၇၆ ခုနှစ် စာရင်းအရ (၁,၅၆၉,၇၇၅ ဦး) ၁၉၇၈ ခုနှစ် စာရင်းအရ လူပေါင်း (၁,၃၅၆,၄၅၆) ဦး ရှိခဲ့ပြီး ထူးခြားချက်တခု အနေနဲ့ မဆလ ခေတ်ပျက်ကာနီးမှာ အလုပ်သမား အစည်းအရုံးဝင် ဦးရေ (၂ သိန်းခန့်) လျော့နည်း ခဲ့ခြင်းပါ။
အရင် မဆလခေတ်လက်ကျန် အလုပ်သမား ဦးစီးဌာန၊ အလုပ်သမားရေးရာ … စတဲ့ အုပ်ချုပ်မှုပိုင်း ဖွဲ့စည်းပုံလောက်ကိုသာ နအဖတို့ ဆက်ခံကျင့်သုံးခဲ့ပြီး ကျန်တဲ့အပိုင်းတွေကို လျစ်လျူရှုခဲ့ကြလို့ လုပ်သား အစည်းအရုံးများ အားနည်းလာပြီး အစိုးရစက်ရုံနဲ့ စက်မှုဇုန်အတွင်း အလုပ်သမားတွေ တက်ကြွစွာ လှုပ်ရှားနိုင်ခြင်း မရှိတော့သလို စက်မှုဇုန်တွင်း ပြဿနာများကို လုပ်သားထု ကိုယ်စားပြု တင်ပြ တောင်းဆိုပေးနိုင်မယ့် ကိုယ်စားလှယ်တွေလည်း တဦးတယောက်မှ မရှိတော့ကြောင်း တွေ့ရပါတယ်။ မကြာသေးခင် ဇန်န၀ါရီနဲ့ ဧပြီလအတွင်း ရန်ကုန်-ပဲခူးလမ်းဘေးရှိ ချင်စုမေ ဖလားဝါး အထပ်သား စက်ရုံက လုပ်သား (၂) ဦး စက်ထဲ လက်ပါပြီး ညာလက်တွေ ပြတ်ခဲ့ကြတာကို ကိုယ်စားပြု တင်ပြပေးမယ်သူ မရှိလို့ ဆေးဖိုးကလွဲပြီး တပြားတချပ်မှ နစ်နာကြေး မရသေးကြောင်း သိခဲ့ရတာ အလွန် ရင်နင့်စရာ အဖြစ်ပါ။
ထစ်ကနဲဖြစ်တာနဲ့ ထ ဆန္ဒပြကြတာမျိုးက နအဖတို့အကြိုက်ပါ။ ခေါင်းဆောင်လုပ်သူ တချို့ကို ဖမ်းဆီး အလုပ်ထုတ် ပစ်လိုက်ရုံနဲ့ နောက်လူတွေ ကြောက်ပြီး ကာလတခု၊ အတိုင်းတာတရပ် အထိ ပြဿနာ ငြိမ်းအေးသွားစေ ကုန်တတ်တာမို့ ဒီလမ်းကြောင်းပေါ် ထပ်တလဲလဲ လျှောက်အောင်လည်း တမင်လမ်းဖွင့် ဟပေးထားတာပါ။ လုပ်သားတွေ တခြားလမ်း ရွေးသွားမှာကိုသာ နအဖတို့ စိုးရိမ် နေကြပါတယ်။
စက်မှုဇုန်သပိတ်ရဲ့ သင်ခန်းစာများစွာထဲမှာ အလုပ်သမားတို့ ဦးတည်ပစ်မှတ် မရွေးချယ် တတ်ခြင်း ကလည်း အခရာကျတဲ့ အချက်တခု ဖြစ်နေခဲ့ပါတယ်။ နစ်နာမှုတွေကို အလုပ်ရှင် (အရင်းရှင်) တွေဆီ တင်ပြ ဆန္ဒတောင်းခံရုံနဲ့ ပြီးသွားလိမ့်မယ်လို့ သူတို့ ထင်မှတ် မှားခဲ့ကြခြင်းပါ။ စက်မှုဇုန်တွေ အတွင်း နအဖ ဗိုလ်ချုပ်နဲ့ ဆွေမျိုးမိသားစု အရင်းအနှီးများစွာ စီးဝင်နေရုံမက စက်ရုံဆုံးဖြတ်မှု အာဏာ အရပ်ရပ်ကိုလည်း သူတို့က ကိုင်ထား ကြပါတယ်။ ဒါကြောင့် စက်မှုဇုန်တွေကို လက်ရှိ ကြီးစိုး ခြယ်လှယ် နေတာဟာ စက်ရုံပိုင်ရှင်၊ အရင်းရှင်တွေချည်း သက်သက်ပဲ မဟုတ်ကြောင်း၊ သူတို့ နောက်ကွယ်မှာ ရှိနေတဲ့ စစ်ဗိုလ်ချုပ်များရဲ့ အကျိုးစီးပွားများနဲ့ ထပ်တူ မြင်နိုင်ဖွယ် မရှိသော ကိုယ်ပျောက် အာဏာများကိုလည်း အလုပ်သမားတို့ သိထားကြဖို့ လိုပါလိမ့်မယ်။
လုပ်သားအရေးသက်သက် တောင်းဆိုလာခဲ့ရင် လစာတိုးပေးမယ်ဆိုတဲ့ ကောလာဟလနဲ့ နအဖက အသာကလေး (၆) လကနေ တနှစ်လောက် အချိန်ဆွဲ ထိန်းထားတာမျိုး လုပ်တတ်ကြပါတယ်။ အခုလည်း ဧပြီလအကုန်မှာ လစာတွေ ထပ်တိုးမယ်လို့ နအဖတို့ သတင်း လွှင်ခဲ့ကြပြန်ပါပြီ။ ဒါ သူတို့ သုံးနေကျ ဆေးမြီးတိုတခုမို့ အလုပ်သမားတွေ နားမယောင် သွားဖို့သာ အရေးကြီးပါတယ်။ တောင်းလိုက် တိုးလိုက် သံသရာကြီး ဆက်လည်နေရင် ရှေ့ရေးအတွက် တိကျတဲ့ အလုပ်သမား ဘ၀ အာမခံချက်တွေ ဘာတစ်ခုမှ ဖြစ်မလာနိုင်ပါဘူး။ အဓိက ပစ်မှတ်ကို ရွေးချယ် တတ်ပါမှလည်း အောင်ပွဲ ကြုံတတ်ကြပါတယ်။
လုပ်သားထုအရေးနဲ့ နိုင်ငံရေးဆိုတာ ခေါင်းနဲ့ပန်း ပမာသာလျှင်ဖြစ်တယ် ဆိုတဲ့အချက်ကို အလုပ်သမားထုတရပ်လုံး အမြဲသတိချပ်ထားသင့်ကြကြောင်းပါ။ ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၁ - ၆ - ၁၀)
■ စာပေလောကမှ လူငယ်စာရေးဆရာတဦး နိုင်ငံရေးလောကသို့ ၀င်ရောက် သတင်း
■ ရခိုင်လူငယ်တဦးအား နအဖတပ်မတော်သားများ အုပ်စုဖွဲ့ အနိုင်ကျင့် သတ်ဖြတ် သတင်း
■ လွတ်မြောက်လာသော ရွာသားများ စစ်တပ်မှ လမ်းပြအဖြစ် ခေါ်ယူထားဆဲ သတင်း
■ ကလေးစစ်သား မောင်ပြည့်ဖြိုးဝေကိစ္စ အလုပ်သမားရေးရာကို တိုင်ကြား သတင်း
■ ရယကဥက္ကဌ အိမ်ပြန်ဆောက်ရန် ရွာသားများ ငွေကြေးပေးဆောင်နေရ သတင်း
■ စစ်တပ်မှ ဦးဆောင်ပြီး ကလေးများကို ကျောင်းထားပေးနေ သတင်း
■ သတ်မှတ်ထားသည်ထက် ပါတီဝင်များနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပြော သတင်း
■ ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့အသင်း မ၀င်မနေရ စာရင်းကောက်သိမ်းသွင်း သတင်း
■ သီရိမင်္ဂလာဈေး နေရာပြောင်းမှု ဈေးသည်များ မကျေနပ် သတင်း
■ မင်္ဂလာဈေး မီးလောင်မှုကြောင့် နေ့စားအလုပ်သမားများ ၀မ်းရေးခက် သတင်း
■ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်၊ ရန်ကုန်လျှပ်စစ်မီးရရှိမှု ပိုဆိုး သတင်း
■ ကျောက်စိမ်းအလုံးလိုက် ပြသရောင်းချခွင့် မပြု သတင်း
■ Air Bagan နှင့် အပြိုင် Air Inlay လေကြောင်းလိုင်းသစ် ပျံသန်းမည် သတင်း
■ သစ်ထုတ်လုပ်ခွင့်ရရှိရန် သစ်လုပ်ငန်းရှင်များ မျှော်လင့်နေကြ သတင်း
■ မြန်မာတိုင်းမ်စ် အားကစားစာစောင် နေ့စဉ် ထုတ်ဝေခွင့်ရ သတင်း
■ ကျောင်းသုံးပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ကျောင်းသားမိဘများ အခက်အခဲဖြစ် သတင်း
■ ပညာရေးဝန်ထမ်းများ မသန်မစွမ်းကလေးများ ပညာသင်စရိတ် လှူဒါန်း သတင်း
■ ရွှေ့ပြောင်းအလုပ်သမားများလည်း လျော်ကြေးခံစားခွင့်ရှိ သတင်း
■ အသက် (၅) နှစ်အရွယ် ရခိုင်လူမျိုး ကလေးငယ်တဦး ထိုင်းနိုင်ငံတွင် ကားတိုက်ခံရ သတင်း
■ ထိုင်း-မြန်မာနယ်စပ်မှ ပြည်တွင်းသို့ဝင်သည့် လိုင်စင်မဲ့ကားများ ဖမ်းဆီးခံရ သတင်း
■ နယ်စပ်ဘက် ကြက်သွန်ဖြူဈေးနှုန်း အဆမတန် မြင့်တက်နေ သတင်း
■ NGO များ ၀က်ကလေး အ၀ယ်လိုက်များခြင်းကြောင့် ဈေးတက် သတင်း
■ ထိုင်းတောင်ပိုင်းတွင် ဆူနာမီကယ်ဆယ်ရေး အစမ်းပြုလုပ် သတင်း
■ ဂုဏ၀ိသိဌပူဇာ မင်္ဂလာပွဲကို ရခိုင်အမျိုးသားအများစုက မျက်ကွယ်ပြု သတင်း
■ သက်ဆင်ကို ဖမ်းရန် နိုင်ငံတကာရဲတပ်ဖွဲ့ ငြင်း သတင်း
■ ကျနော်နှင့် ထွီဖါးဝီးကျိုး ခွေးအိပ်တောင် (သို့မဟုတ်) ပွိုင့် ၄ဝ၄၄ တိုက်ပွဲ (ဆောင်းပါး)
■ ဥပဒေ မဟုတ်သော ပြဌာန်းချက်များ၏ ပြင်မရသော အမှားများ (ဆောင်းပါး)
■ ကမ္ဘာကြီး ကျန်းမာပါစေ (ဆောင်းပါး)
■ တောင်သမန်လေညင်းနဲ့ အင်းပေါ်က တံတား (ဆောင်းပါး)
Tuesday, June 1, 2010
NLD လုပ်ဆောင်ချက် ဥရောပသမဂ္ဂ ဆက်ထောက်ခံသွားမည်
တနင်္လာ, 31 မေ 2010
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှုနဲ့ မြန်မာပြည်သူတွေ အတွက် ကြိုးပမ်း ဆောင်ရွက်ချက်တွေကို EU ဥရောပသမဂ္ဂက ဆက်ပြီး ထောက်ခံသွားမယ်လို့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ် ကြီးတွေက NLD ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့ကြတာ ဖြစ်ပါတယ်။ NLD ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တဲ့ ရွေးကောက်ပွဲ အပေါ်မှာ NLD က ဘယ်လို သဘောထားသလဲ ဆိုတာကိုလည်း EU သံအမတ်ကြီးတွေက မေးခဲ့ကြတဲ့ တွေ့ဆုံ ဆွေးနွေးပွဲ အကြောင်းကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ NLD ရဲ့ သဘောထားကို EU သံအမတ်တွေက မေးမြန်းခဲ့ကြပေမဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ သဘောထား ကိုတော့ ပြတ်ပြတ်သားသား ပြောမသွားပါဘူး။ ဒါပေမဲ့ NLD ပါတီရဲ့ ဒီမိုကရေစီရေး ရှေ့လုပ်ငန်း စဉ်တွေကိုတော့ EU ဥရောပ သမဂ္ဂ အဖွဲ့ကြီးက အပြည့်အ၀ တသဘောတည်း ဆက်လက် ထောက်ခံသွားမယ်လို့ ပြောသွားခဲ့ကြောင်း ဒီ တွေ့ဆုံ ဆွေးနွေးမှုမှာ ကိုယ်တိုင် ပါဝင်ခဲ့သူလည်းဖြစ်၊ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လက်ခံရေး၊ လက်မခံရေးကို သူတို့ မပြောဘူး။ သူတို့ဘက်က ဆောင်ရွက်ပေးမှာက သူတို့ အရင်တုန်းကလည်း NLD ကို Support လုပ်ခဲ့တယ်၊ နောက်လည်း ဆက်လက် Support လုပ်မယ်၊ NLD ရဲ့ ရပ်တည်ချက်ကို သူတို့ လေးစားတယ်ဆိုတာ ပြောသွားပါတယ်။ အဖွဲ့ချုပ်က ရည်ရွယ်တဲ့ ပြည်သူလူထု အကျိုးရှိမယ့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဒီလိုဟာတွေအတွက် ကျနော်တို့ Struggle၊ ကျနော်တို့ရဲ့ ကြိုးစား ဆောင်ရွက်မှုတွေကို EU အဖွဲ့က ဆက်လက် ထောက်ခံမယ်ဆိုတဲ့ သဘောကို အန်ကယ်တို့ ရပါတယ်။”
အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သပိတ်မှောက်တာ လုပ်မလားဆိုတဲ့ မေးခွန်းကို EU ဥရောပသမဂ္ဂ အဖွဲ့ဝင် သံအမတ်တွေက NLD ခေါင်းဆောင်တွေကို မေးမြန်းခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Boycott လုပ်မလုပ်ဆိုတာ အန်ကယ်တို့က နှစ်ပိုင်း ပြောပါတယ်။ တပိုင်းက အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲကို Boycott လုပ်တယ်၊ Boycott လုပ်လို့ မ၀င်ဘူး၊ အဲတော့ ပုဂ္ဂိုလ်တဦးချင်း Individual အနေနဲ့ ရွေးကောက်ပွဲကို Boycott လုပ်ရေး၊ မလုပ်ရေးဆိုတာ ဒီပုဂ္ဂိုလ်တဦးချင်းကပဲ ဆုံးဖြတ်ကြဖို့၊ အဖွဲ့ချုပ် အနေနဲ့တော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တိုက်တွန်းတာမျိုး လုပ်လို့မရဘူး၊ ဒါမျိုး တိုက်တွန်းရင် ဥပဒေဆိုင်ရာ ပြဿနာ ပေါ်နိုင်တယ် ဆိုတာကို ကျနော်တို့ ရှင်းပြခဲ့တယ်။”
တခါ NLD ပါတီကနေ ခွဲထွက်သွားပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် သူတွေအပေါ် NLD ရဲ့ သဘောထားကိုလည်း မေးမြန်း ခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစုတွေက ရွေးကောက်ပွဲ ၀င်တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားသလဲလို့ မေးပါတယ်။ ကျနော်တို့ဆီက ဆရာ ဦးဝင်းတင်က ဖြေပါတယ်၊ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာတဲ့ လူတွေနဲ့ သူတို့ရဲ့ Choice ကို ကျနော်တို့ မှားတယ်၊ မှန်တယ် ကျနော်တို့ မပြောပါဘူး။ သို့သော် NLD က ဘာ့ကြောင့် ရွေးကောက်ပွဲ ပါဝင်ပတ်သက်ခြင်းနဲ့ ပတ်သက်ပြီးတော့ ဘာ့ကြောင့် ဆုံးဖြတ်ရတယ်ဆိုတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။”
NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ကို ရောက်နေတဲ့ ဘန်ကောက်အခြေစိုက် EU နိုင်ငံတွေရဲ့ သံအမတ်တွေနဲ့ ရန်ကုန်အခြေစိုက် EU အဖွဲ့ဝင် နိုင်ငံတချို့က သံအမတ်တွေနဲ့ပါ NLD ခေါင်းဆောင်တွေ ဒီကနေ့ မနက် ၁၀ နာရီလောက်က ရန်ကုန်မှာရှိတဲ့ ဂျာမဏီနိုင်ငံရဲ့ သံအမတ်ကြီး နေအိမ်မှာ တနာရီကျော်ကြာ တွေ့ဆုံ ခဲ့ကြပါတယ်။ EU အလှည့်ကျ ဥက္ကဋ္ဌ စပိန်နိုင်ငံက သံအမတ် အပါအ၀င် ဖင်လန်၊ ဆလိုဗက်ကီးယား၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဂျာမဏီ၊ အီတလီ၊ ပြင်သစ် စတဲ့ EU နိုင်ငံတွေက သံအမတ်တွေအပြင် ဘန်ကောက်အခြေစိုက် EU ဥရောပသမဂ္ဂရုံးက ဒါရိုက်တာလည်း ပါဝင်ခဲ့သလို NLD ဘက်က ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့လည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တဲ့ NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ EU ဥရောပ သမဂ္ဂ သံအမတ်တွေ တွေ့ဆုံခဲ့သလို အမေရိကန်က အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) လည်း တွေ့ဆုံခဲ့သလို မကြာသေးခင် ရက်ပိုင်းကပဲ ချက်သမ္မတနိုင်ငံက ထိပ်တန်း တာဝန်ရှိသူ တဦးနဲ့လည်း တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။
Ref: VOA News
နအဖရဲ့ရွေးကောက်ပွဲကြီး ရောက်လာတော့မယ်တဲ့လား
ဒီတလောလုပ်နေတဲ့ နအဖစစ်ထိပ်သီးတွေရဲ့ လေးလပတ် အစည်းအဝေးပြီးရင် သူတို့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပိုမို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိလာရမယ်လို့ ယူဆရပါတယ်။ တိုင်းမှူး အသီးသီးဟာ ကိုယ့်နယ်မြေအတွင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု အခြေအနေတွေ၊ သူတို့ရဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရနိုင်မှု အခြေအနေ၊ တခြား အင်အားတွေရဲ့ အခြေအနေ စတာတွေကို တင်ပြ ဆွေးနွေး ကြမယ်လို့လည်း ယူဆရပါတယ်။ ဒီအထဲမှာ တခြား ဘယ်ပါတီတွေကို တည်ထောင်ခွင့်ပေးမယ်၊ မပေးဘူး ဆိုတာတွေလည်း ပါဝင်မှာမုချပါပဲ။ တဆက်တည်း ဒီအချက်တွေအပေါ် မူတည်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာမယ့် သဘော ရှိပါတယ်။
လောလောဆယ်မှာတော့ နအဖဟာ ပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ရှိခွင့် လျှောက်ထားသူတွေ ထဲက ကချင် ပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေး ပါတီနဲ့ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ကို တည်ထောင်ခွင့် မပေးသေးဘဲ ထစ်ထားတာ တွေ့နေရပါတယ်။ ဒါဟာ အဲဒီတိုင်းရင်းသား နယ်မြေတွေမှာ သူတို့ကြံ့ဖွံ့အနေနဲ့ ဘယ်လောက်ပဲ ညစ်ညစ် မနိုင်မှန်း သေချာနေလို့ ညစ်ထားတာ။ လျှောက်လွှာ တင်ထားသူတွေ စိတ်ပျက်ပြီး ပြန်ရုပ်သိမ်းသွားအောင် စောင့်နေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး အဲဒီ ပါတီထောင်ခွင့် လျှောက်ထားတာတွေကို ပယ်ဖျက်နိုင်ဖို့ အကြောင်းပြစရာ ရှာနေ၊ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။
အဲဒီအဖွဲ့တွေ စိတ်ပျက်မပျက် မသိရပေမယ့် နဂိုက ရွေးကောက်ပွဲဝင်မဟဲ့လို့ ခါးတောင်းကျိုက်၊ လက်မောင်းပင့် စောင့်နေကြတဲ့ တချို့ ပါတီတွေနဲ့ လူတွေကတော့ ဗိုလ်သိန်းစိန်နဲ့ ကြံ့ဖွံ့ ထွက်လာကတည်းက ခေါင်းငိုက်စိုက် ကျသွားကြတာ တွေ့ရပါတယ်။ သူတို့ဟာ ရှုံးမှာ သေချာနေတဲ့ ရွေးကောက်ပွဲ အတွက် ငွေတွေ အများကြီး သုံးရမှာကို လက်နှေး နေကြပါတယ်။ ဒါ့အပြင် စပေ့စ်ဆိုတဲ့ အသံတွေလည်း အပြော နည်းသွားတာ သတိထားမိ ပါတယ်။ ဒီအခြေအနေတွေ အတိုင်းဆိုရင် ကြံ့ဖွံ့က ပြိုင်ဘက်မရှိ အနိုင်ရမယ့် နေရာတွေ အများကြီး တွေ့လာရဖို့ ရှိပါတယ်။
ဒါတွေနဲ့တဆက်တည်း အခုတလော အပြောများလို့ အကြားများရတာကတော့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဘာခြားနားသလဲ ဆိုတဲ့ ကိစ္စပါပဲ။ ဒီအထဲမှာ အခုလုပ်မယ့် ရွေးကောက်ပွဲက ပိုကောင်းတယ်၊ ပိုလွတ်လပ် ပွင့်လင်းမယ်လို့ ပြောတဲ့အသံ မကြားရသလောက်ပါပဲ။ ဒီရွေးကောက်ပွဲကို ရှေ့နေ လိုက်ချင်သူတွေတောင်မှ ကောက်ကောက်ထဲက ကွေးကွေးရှာဆိုတဲ့ အပြောမျိုး ပြောနေတာကို သတိထားမိ ကြမှာပါ။
နှိုင်းစရာမလိုတဲ့ ကိစ္စနှစ်ခုကို နှိုင်းတယ်ဆိုတာ သိနေပေမယ့် ပြောတဲ့သူတွေ ပြောနေကြတော့ အချက်အလက်တချို့ ထောက်ပြချင်လာ မိပါတယ်။
ဒီရွေးကောက်ပွဲနှစ်ခုဟာ အခြားနားကြီးခြားနားပါတယ်ဆိုတာကို ထောက်ပြစရာ အချက်တွေ အများကြီး ရှိတဲ့ထဲက အဓိက အကျဆုံး အချက်ကို ထောက်ပြရရင် နအဖ ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံပါပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းက ရွေးကောက်ပွဲပြီးလို့ နိုင်ခဲ့ရင် ကိုယ့်ဟာကိုယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြမယ် ဆိုတဲ့ (ဗိုလ်စောမောင် ပြောတဲ့စကား) မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲမှာ ကျတော့ နိုင်တဲ့လူတွေဟာ နအဖစိတ်ကြိုက် ရေးဆွဲ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံရဲ့ ကျေးကျွန်ဖြစ်ရုံမက သမိုင်းတရားခံလည်း ဖြစ်မှာပါ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ အကန့်အသတ်တွေ ကြေညာထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီတခါ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာတော့ နအဖရဲ့ ဖွဲ့စည်းပုံ ဥပဒေက ထူးခတ်သလို ခတ်ထားပါတယ်။
အရေးကြီးတဲ့ နောက်ခြားနားချက်တခုကတော့ ၁၉၉ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့တိုက်ပွဲအရှိန်၊ အောင်ပွဲအသီးအပွင့် အဖြစ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ စစ်အစိုးရ အနေနဲ့ ကျင်းပလိုစိတ်မရှိဘဲ ကျင်းပရတာ ဖြစ်ပါတယ်။ လူထုကြီးဟာ ဘာမှ ထပ်စည်းရုံးဖို့ မလိုလောက်အောင် စည်းလုံး ညီညွတ်နေပါတယ်။ နိုင်ငံရေး ပါတီတွေဟာ ဆိုရင်လည်း တစညကို အနိုင်ရရင်ပြီးရော ဆိုပြီး မဲမကွဲအောင် အနစ်နာခံ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါ ရွေးကောက်ပွဲကျတော့ နအဖက သူ့စိတ်ကြိုက် ပြင်ဆင်ပြီး သူ့ဆန္ဒနဲ့သူ ကျင်းပတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ တက်ကြွမှုဆိုတာ သုညအောက် ရောက်နေပြီး အတိုက်အခံ တွေကိုလည်း သွေးကွဲအောင် လုပ်ထားပါတယ်။
နောက်တခုက ကြံ့ဖွံ့ပါတီဝင်ပြိုင်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ကြံ့ဖွံ့နဲ့ ၁၉၉ဝ တုန်းက တစညကို တတန်းတည်းထားလို့ မဖြစ်ပါဘူး။ ဟိုတုန်းက တစညဟာ နန်းကျသွားတဲ့ စစ်အုပ်စုကို ကိုယ်စားပြုတာ ဖြစ်ပါတယ် (ဗမာပြည်က စစ်အုပ်စုတွေရဲ့ သမိုင်းအရဆိုရင် အာဏာနဲ့ ကင်းကွာသွားတဲ့ အရင် စစ်အုပ်စု ထိပ်သီး ဆိုသူတွေဟာ ဘာမှအာဏာ မရှိကြရုံမက အာဏာရ စစ်အုပ်စုက ရမ်းတဲ့အခါ ကိုယ့်ကို ယမ်းချေးမပန်းအောင် ရှောင်နေရတာပါ)။ သူတို့ရဲ့ လက်ထဲမှာရှိနေတာဟာ မဆလ ပါတီဆီက အမွေရထားတဲ့ ဥစ္စာ ပစ္စည်းနဲ့ လူထုမုန်းတီးမှုသာ ဖြစ်ပါတယ်။ အာဏာအခွင့်အရေး မရှိပါဘူး။ ဒီနေ့ နအဖရဲ့ ကြံ့ဖွံ့ကျတော့ နအဖက ပုံပေးထားတဲ့ ဓနနဲ့ ရုပ်ဝတ္ထုအပြင် ဝန်ကြီးချုပ် အာဏာကိုင်ထားသူ ကိုယ်တိုင်က ပါဝင်တဲ့အပြင် နောက်ကွယ်မှာ ကြံ့ဖွံ့ အနိုင်ရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ နအဖ အစိုးရ တဖွဲ့လုံးနဲ့ စစ်တပ်ကြီး ရှိနေပါတယ်။
၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံးတိုက်ပွဲကြီးရဲ့ အရှိန်အဝါတွေ တဟုန်းဟုန်းတောက်နေဆဲ ဖြစ်တဲ့အလျောက် ဒီမိုကရေစီ လေထုဟာ လူထူအကြားမှာ ရှင်သန် ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အဲဒီတုန်းက အမျိုးသား ဒီမိုကရေစီ အပါအဝင် နိုင်ငံရေး အင်အားစုတွေကို စော်ကား မော်ကားပြောရဲတာ၊ နဝတ အစိုးရကို ကာကွယ် ရေးသားပြောဆိုတယ် ဆိုတာတွေဟာ မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခု အခါမှာတော့ သစ္စာဖောက်-ခြံကူး ပေါင်းစုံအပြင် အကျိုးအမျိုးမျိုးကို မျှော်ကိုးနေသူတွေဟာ နအဖဘက်ကနေ သဘောတရား ခင်းပေးတာ၊ ဆင်ခြေဆင်လက် ရှာပေးတာ၊ နအဖက မကြိုက်သူတွေကို ဆဲရေး တိုက်ခိုက်တာတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ၁၉၉ဝ ပြည့်နှစ် ဆီတုန်းက ပြည်ပနိုင်ငံတွေ၊ အစိုးရတွေဆီက အယူအဆ ရှုပ်ထွေးစရာ ပြောဆို လုပ်ကိုင်တာတွေ မတွေ့ရသလောက် ဖြစ်ပြီး အခုတော့ အန်ဂျီအို အမျိုးမျိုးက အယူအဆ အမျိုးမျိုး ပြောနေတာတွေ ရှိသလို နိုင်ငံခြားရေးဝန်ကြီး ပေါင်းစုံ၊ အမတ်ပေါင်းစုံ ကလည်း သဘောထားတွေ အမျိုးမျိုး ဖော်ပြနေကြပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ တကောင်ထဲပြိုင်တဲ့ မြင်းလိုဖြစ်မယ့် ကြံ့ဖွံ့ပါတီအဖို့ မဆလလို လွှတ်တော်ထဲမှာ လွှမ်းမိုးဖို့ ဆိုတာ ဘာမှ မခက်ပါဘူး။ သူတို့မျက်နှာ ထူရင် ထူသလောက် အမတ်နေရာ ရယူလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု အနေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်၊ ရွေးကောက်ပွဲရလဒ် စတာတွေနဲ့ပတ်သက်လို့ ဘာမှ စိတ်ဝင်စားစရာမလို၊ ဂရုစိုက်စရာ မလိုပါဘူး။ မဆလ ခေတ်တုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုပြီး နောက်မှ အလုပ်သမားတွေကို သတ်တာ၊ ဦးသန့် အရေးအခင်းလို ရမ်းကားတာ စတာတွေ ပေါ်လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စိတ်နေသဘောထားကို အရပ်ဝတ် လဲလိုက်တာနဲ့ ပြောင်းသွားလိမ့်မယ် ထင်တဲ့လူလောက် နုံအတာ လောကမှာ မရှိတော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု အတွက် တိုက်ပွဲဂွင် (ခွင်) မဟုတ်ပါဘူး။ ဒင်းတို့ရဲ့ စားခွက်လုပွဲ သက်သက်သာ ဖြစ်ပါတယ်။
Ref: ခေတ်ပြိုင်
တိုင်းပြည်လည်း နာလှပြီ
မြင့်မောင်
တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ အထက် မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။
ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ် စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်များ၊ စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။
ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။
သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။
ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊ အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက် မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ မိုးကုတ်သားတွေက တခဲနက် ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့ သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။
ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။
သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး သတင်း ပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊ လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့ လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ စစ်တာ ဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။ အောင်မြင်သွားတယ်။
ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။ ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့ ပိတ်ပြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ် အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။
သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။ ကျနော်တို့ ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ ပြောပေမယ့် ရှေ့က ပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီ ကားကြီးတွေကလည်း နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက် ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။ ခေါင်မိုးတွေကိုလည်း မှန်တယ်။
ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို အမှုဖွင့်ဖို့ ပြောတဲ့ အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင် တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရား စွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက လိုက်လာပြီးတော့ အမှုဖွင့်တယ်။
အမှုဖွင့်နေစဉ် အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီး စည်းထားတဲ့ လူတယောက် ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ ထသွားလဲ ဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့ ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊ ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက် သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။
ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။ ဆိုလိုတာက ဘာပြောချင်လဲ ဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေး အပိုင်းက လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့ ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့ လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့ အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။ အောက်ကကောင်တွေက မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့ မှန်သွားတယ်လို့ ပြောတာပါ။
အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။ စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလား ဆိုပြီးတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီး အဖွဲ့တွေရော၊ ယောက်ျား တချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင် အချိန်လောက်မှာ လိုက်ပို့ကြတယ်။
ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက် လာကြတာပဲ။ အဲဒီလာတဲ့ အခါမှာ တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ် ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့ ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ တိပ်သွားတယ်။ တရားပွဲတွေ ဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။ မတ္တရာ ထွက်လာတဲ့ အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက် မရှိဘူး။
ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။ ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့ ကတောက်ကဆ ဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊ ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။
အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။ မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့ တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။
အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့ လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့ အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။ သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲ တွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျားတို့ သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။
ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထား ပြီးပြီ။ တတ်နိုင်သလောက် လုံခြုံရေး စောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလို ပြောပြီးတော့ မြင်းမူကနေ စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။ မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။
နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့ တော်တော် ကြမ်းကြမ်း တမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့ သဘော သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲ ဆိုတော့ မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊ မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့ အတားအဆီး အပိတ်အပင် လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ နီးပါးလောက်မှာ ရောက်တယ်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက် ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့ မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက် ဖယောင်းတိုင်တွေ ထွန်းပြီး လိုက်ကြတဲ့ သူတွေက အများကြီးပဲ။ အဲဒီမှာ အဖွဲ့ချုပ်ရုံး ရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ် တင်ပြီးတော့ကာ မုံရွာ အဖွဲ့ချုပ်က စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့ ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူး ဆိုပြီးတော့ ဖမ်းချုပ်တယ်။
အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့ လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။ တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။
လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ် တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့ ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ် ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင် လုပ်ပေးပါ ဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘ ဆင်းသွားတယ်။ ဆင်းသွားတဲ့ အခါကျတော့ သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။
ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း ပင်ပန်း နွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော် အနေနဲ့ မနက် အာရုံဆွမ်း ဘုန်းပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။
မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။ ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော် သံဃာတော် အရှင်မြတ်များ အနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့် နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက ကျောင်းသားတွေ ရောက်လာ ကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့ အခါကျမှ သူတို့က ယောင်ချာ၊ ယောင်ချာနဲ့ ပြန်သွားကြတယ်။ စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။
တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ် ရနေကြတယ်။ ဒါနဲ့ မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေး သွားတဲ့ အခါကျတော့ ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊ ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။
အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။ အမြှီးပိုင်းလေး လောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ ဖွဲ့စည်းတာတွေ လုပ်တယ်။
ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့ အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့ အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊ အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ ရောက်ပြီ။
၅ နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက တလျှောက်လုံး မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရား မဟော နိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး ပြန်နှုတ်ဆက်ပြီး လာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။
ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့ အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။ စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကား ပြောဖို့ ဝင်လိုက်တယ်။ ဝင်လိုက်တဲ့ အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။
လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။ စကားပြောတဲ့ အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။ စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့ ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။
ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီး အထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။ ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါ ပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ ကားလည်း ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည် နောက်က လိုက်လာတဲ့ ကားတွေ ရောက်လာတယ်။
ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့ ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည် ကားကို ဝိုင်းပြီးတော့ လုံခြုံရေး ယူပေးတယ်။
ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်း စုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားနဲ့ ဘဘကား ရပ်ထားတဲ့ နေရာနဲ့ ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက ကားဘေး ရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။
ဘဘက အန္တရာယ်ဖြစ်နေတယ် ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က အရိုက်အနှက် ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့ အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။ စိတ်ထဲမှာတော့ သိပ်စိုးရိမ် သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခ များလိမ့်မယ်ဆိုပြီး၊ နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ ဘာမြင်လဲ ဆိုတော့ မီးအနီရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့ မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုး ထားတာက မီးက အဖြူရောင်ပေါ့။ အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက် သလိုပါပဲ။ လမ်းဘေးက ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေပြီ။ ရိုက်တဲ့ အသံတွေ စပြီး ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယ ကားကိုလည်း ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။
အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ ဘဘကလည်း မင်သက် မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊ မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့ အချိန်မှာ စက္ကန့်ပိုင်း လေးလောက်တော့ ရပ်သွားတယ်။
သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။ နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ် လူလတ်ပိုင်းတွေ။ သူတို့က ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ် ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။ နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ် ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။
ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့ အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ် လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလို ထွက်သွားတဲ့ အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာ သွားမိတယ်။
ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားကို ရိုက်ရင်းရိုက်ရင်း လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့ လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘ စီးလာတဲ့ကားကို လှည့်ပြီးတော့ ရိုက်တာပေါ့နော်။
ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့ အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။
ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။ လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့ နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊ အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။
ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁ ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလား ဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက် ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။
ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့ သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့ အခါကျ မန္တလေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။
မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊ ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး သဘာဝအတိုင်း ပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊ ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန် သွားကြတယ်။ ဟိုလည်းရောက်ရော၊ အနားလည်း ရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့ ဘဘတို့ကို မီးနဲ့ ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။
ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။ ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။ ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။
မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးမယ်။ အကောင် နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။ အားလုံး ပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။ တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။
ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။ ငါတို့က ဟိုက အသက်လု ပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား ဘယ်သွားချင်လဲ ဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။
အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေ ညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ အော်နေကြတဲ့ အချိန်မှာ ခေါင်းဆောင် လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊ လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့ ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်း တခုခုက သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ်။
ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊ ရပ်ဆို ရပ်တာတွေကို သတိထား ကြည့်မိတော့ ဒါဟာ အဖွဲ့အစည်း တခုအနေနဲ့ လာလုပ်တာပဲလို့ အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။
သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ် ဆိုပြီး သွားကြည့်တယ်။ သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့ ထင်ရတယ်။
သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့ ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့ နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ် ဆိုပြီးတော့ ကောင်းပြီဆိုပြီး လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး ပြောလိုက်တယ်။
ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့ ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊ လမ်းတဖက် တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။
အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေး တဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။ သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့ အောက်တမ်းကျတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော် အောက်တမ်းကျတဲ့ မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။
အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့ ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။ ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျီ လက်ပြတ် ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။ သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။
ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာ ယူခိုင်းပြီးတော့၊ ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။ အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့ သဘောလို့ ကောက်ချက် ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲ ဆိုတော့ ဒီပဲယင်း ရဲစခန်းကို ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။
ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက် လုံခြုံအောင်လို့ပါ ဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။ သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊ နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကို တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။ ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ခံရတာ ဖြစ်တယ်။ ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့ အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ် လိုက်တဲ့အကြောင်း မီရာ သတင်းတွေနဲ့ ပြတာပေါ့ဗျာ။ သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုး ဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို ပိတ်လိုက်ရပါတယ် ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာ သွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာ နေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ ဟာတွေ ကြားတယ်။
ဘယ်လိုကြားလိုက်လဲ ဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။
အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။ ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်း အဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊ အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။ တချို့လည်း ဘယ်ခွဲပို့လဲ ဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့ အတူတူ လိုက်မယ်ဆိုပြီး ပစ္စည်းလေး ယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။
ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့ ဘယ်ရောက်သွားလဲ ဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။
ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ ရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်း သွေးကြောထုံး ရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်း တင်ထားတာပေါ့ဗျာ။ ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို တယောက် လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။
နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက် လိုချင်တာရှိရင်၊ စားချင်တာ ရှိရင် မှာပါ၊ သူတို့ အကုန် လုပ်ပေးပါမယ် လို့တော့ ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။ နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့ လာပြီး လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ ဖိုးလောက်ကတော့ မှာဖူးတယ်။
အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။ တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ ပတ်သက်တဲ့ ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ ပတ်သက်လို့ ရေသန့်ဘူးလေး ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံ ပေးတာတွေနဲ့ ပတ်သက်လို့ တခုမှ မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။
တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့် အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ် သုံးကြိမ်လောက် ရဖူးတယ်။ နောက်မှ တော်တော်လေး ကြာတဲ့ အခါကျမှ ခြင်ထောင်လေး ဘာလေး ပေးတယ်။ အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင် အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။
အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊ အသံ မကြားရတဲ့ အခါကျတော့ ဘဘ မေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့ စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီ ဆိုတာ သိလိုက်ရတယ်။
ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင် အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။ လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန် ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို ၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ် ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ မကြာသေးဘူးပေါ့ဗျာ။
ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့ ကြားတယ်။ နောက်တော့ အိမ်ချုပ် ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့ အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ် လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီး သန်းထွန်းတို့၊ ပြည်ထဲရေး ဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။
အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့ လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံ ကိုယ်စားလှယ်ကို မိမိအဖွဲ့ချုပ် အနေနဲ့ ရွေးချယ်ခွင့် ပေးဖို့၊ နောက်တခု ကတော့ အခုလက်ရှိ ညီလာခံ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊ တွေ့ဆုံ ဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက ပြန်သွားတယ်။
ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊ သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်း ဝမ်းသာတယ်လို့ ပြောတယ် အမရေဆိုပြီး လာပြောတယ်။ အမတို့ ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။ ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ် ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။
အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ် ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက လူတွေ ပြန်တက်၊ ဥပဒေ ဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊ ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။
တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံ တက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊ ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့ တတွေက ကျန်ခဲ့မယ်။ လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့် လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့ ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင် တွေ့ဆုံ ဆွေးနွေးပြီးတော့ ရေးကြ ခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊ ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။ အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့် အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။
ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။ သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်း မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါ ဆိုပြီးတော့ ပြောတယ်။ သဘောကတော့ ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊ သဘော မတူဘူးဆိုတာက တခြား လူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က အောက်မေ့တာပေါ့နော်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျ ခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊ အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ အားလုံးကို ကျမတို့ ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို စွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။
ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စ အဝဝဟာ အဖွဲ့ချုပ်ရဲ့ တာဝန်ဖြစ်တယ်။ ဆိုလိုတာ ကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့ မတက်ဘူး။ ဒီနေ့ အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။ အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက် အောင်မြင်သည် အထိ ကြိုးစား သွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။
ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထု တရပ်လုံး တိုင်းရင်းသား အားလုံး၊ အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်တဲ့အတွက် တပ်မတော် သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့ အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျနော်တို့ဟာလည်း အောင်မြင်သည်အထိ ဆောင်ရွက်ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ် ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ဟာ အဲဒီ စိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူ ပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊ တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာ ထောက်ထားပြီးတော့ နားလည်မှုရှိပြီး ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။
ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။ ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့ ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့ ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။ အသိအမှတ်ပြု ဂုဏ်ပြု လိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။ ၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊ ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။
အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊ မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။ နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း ၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက တော်လောက်ပြီဗျာ၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။ ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။
သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့ လုပ်တဲ့ဟာတွေကလည်း အမှန် မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး တုံ့ပြန်တယ် ဆိုတာလည်း အဖြေ မဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့ ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က ကျရှုံးနုံနဲ့နေတဲ့ ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက် ကောင်းမွန်ပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။
Ref: မဇ္ဈိမ
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88