Friday, March 29, 2013

လူမျိုးရေးပဋိပက္ခကြောင့် လူမှုအကြပ်အတည်းဖြစ်ဖွယ် ကုလ သတိပေး

မခင်ဖြူထွေး

28.03.2013
မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့လူမျိုးရေး ပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်အဓိကရုဏ်းတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံနေရပြီလို့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA က အကြီးတန်းအရာရှိတဦးက သတိပေးပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခ ရောက်နေသူတွေ အတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်းနဲ့ အကူအညီပေးနေသူတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတာမှာလည်း စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းတွေကို လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဂင်း (John Ging) က မနေ့က ကြာသပတေးနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပါမယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ၁ သိန်းကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး လယ်ကွင်းတွေထဲမှာ နေထိုင်နေကြရတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ သိပ်မကြာခင် မိုးရာသီ စတာနဲ့ ရေအောက်မြှုပ်မယ့်အခြေအနေမှာ ကြုံနေတာကြောင့် ဒီလူတွေကို ရွှေ့ပြောင်းနေရာချထားဖို့ အရေးတကြီး လိုအပ်နေတယ်လို့ UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး John Ging က ခုလို ပြောသွားခဲ့ပါတယ်။

“ကျနော်တို့မှာ အခု နောက်ထပ် စိုးရိမ်စရာဖြစ်နေတာက ဒုက္ခသည်စခန်းနှစ်ခုမှာရှိတဲ့ ဒုက္ခသည်ပေါင်း ၂၄,၀၀၀ ရဲ့ ကိစ္စပါ။ သူတို့ဟာ လယ်ကွင်းတွေထဲမှာ နေထိုင်နေကြရ တဲ့သူ တွေပါ။ ရှေ့နှစ်လလောက်အတွင်းမှာ ဒီ ဒုက္ခသည်စခန်း နှစ်ခုလုံး ရေအောက်ကို လုံးဝရောက်သွားမယ့်အခြေအနေ ရှိနေပါတယ်။ ဆိုတော့ ဒီလူတွေကို ရွှေ့ပြောင်း နေရာချထားဖို့ အတွက် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့အပြင် ဒီလို ဒုက္ခသည်တွေအားလုံး သူတို့ရဲ့ နေအိမ်တွေဆီ ပြန်သွားပြီး လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ခွင့် ရဖို့လိုပါတယ်။ ဒါမှ သူတို့ရဲ့ ပုံမှန်ဘ၀တွေကို ပြန်လည် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်ရောက်နေသူတွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၆၇ သန်း ကျော် လိုအပ်နေပေမဲ့ လောလောဆယ် အကူအညီငွေ ၃၉ သန်း လောက်သာ ရသေးတယ်လို့လည်း သူက ဆိုပါတယ်။ ဒီဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ကမ်းလှမ်း ထား တာရှိသလို မြန်မာအစိုးရအနေနဲ့ OIC နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လုပ်သွားဖို့လည်း မစ္စတာ ဂျွန်ဂင်းက တိုက်တွန်းပါတယ်။မစ္စတာ ဂျွန်ဂင်းဟာ သိပ် မကြာခင်ကပဲ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ၄ ရက်ကြာခရီး သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို ကိုယ်တိုင် သွားရောက်ကြည့်ရှု ခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးတဲ့နေရာမှာ အကန့်အသတ်တွေ ရှိနေသလို အကူအညီပေးနေကြတဲ့ ၀န်ထမ်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ဆိုးဆိုးရွားရွား ရှိနေတဲ့အပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်း မစ္စတာ ဂျွန်ဂင်းက ပြောသွားပါတယ်။

“အဲဒီဒေသမှာ လုံခြုံးရေးအခြေအနေက တင်းကျပ်ပြီး ခက်ခဲပါတယ်။ အကူအညီပေးနေတဲ့ ၀န်ထမ်းတွေအပေါ် ခြိမ်းခြောက်မှုတွေကလည်း ဆိုးဆိုးရွားရွား ရှိနေပါတယ်။ ဒီလိုအခြေ အနေတွေ အားလုံး စုနေတော့ အခု ကျနော်တို့ အကြီးအကျယ် စိုးရိမ်စရာဖြစ်နေရတာက လူတွေ အများအပြား အရေးတကြီး အကူအညီ လိုအပ်နေချိန်မှာ လိုအပ်တဲ့အကူအညီတွေကို ထိထိရောက်ရောက် မပေးနိုင်တဲ့အခြေအနေပါပဲ။”

ဒုက္ခသည်တွေအတွက် အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့ လိုအပ်တဲ့ လုံခြုံရေးနဲ့ ထောက်ပို့ရေး အကူအညီတွေကို မြန်မာအစိုးရဘက်က ခုထပ်ပိုပြီး စီစဉ်ဆောင်ရွက်ပေး ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ အကူအညီလိုအပ်တဲ့ ရခိုင်ဒုက္ခသည်တွေကိုရော၊ ရိုဟင်ဂျာ မူစလင်တွေကိုပါ အကူအညီတွေ ပေးအပ်နေတာမှာ၊ အထူးသဖြင့် ရိုဟင်ဂျာမူစလင် ဒုက္ခသည်တွေကို အကူအညီပေးတဲ့နေရာမှာတော့ အကန့်အသတ်တွေ အများအပြား ရှိနေတာကြောင့် မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒီအပေါ်မှာ တစုံတရာ ကူညီ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်တဲ့အကြောင်း မစ္စတာ ဂျွန်ဂင်းက ပြောသွားပါတယ်။

“အိုးအိမ်မဲ့ ဒုက္ခရောက်နေတဲ့ ရခိုင်လူမျိုးတွေကို သွားရောက် ကူညီရာမှာ အခက်အခဲ သိပ်မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီ အကူအညီပေးနိုင်ဖို့မှာတော့ အကန့်အသတ် တွေ ရှိနေပါတယ်။ ဒါကြောင့်လဲ ဒီလိုဖြစ်နေတဲ့ အခြေအနေကနေ တန်းတူ အကူအညီပေးနိုင်တဲ့ အခြေအနေကို ကျနော်တို့ လိုချင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ က မစ္စတာ ဂျွန်ဂင်း မြန်မာနိုင်ငံကို တကြိမ် သွားရောက်ခဲ့သလို အဲဒီအချိန်ကနဲ့ အခုအချိန်ထိ ကာလအတွင်း သူတွေ့ရသလောက် မြန်မာအစိုးရအနေနဲ့ လူအဖွဲ့အစည်းအချင်းချင်းအကြား တင်းမာမှုတွေ ကို လျော့ကျအောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အကြောင်းနဲ့ ဒီအတွက် စိုးရိမ်မကင်းဖြစ်ရကြောင်းတွေကိုလည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဂျွန်ဂင်းက ထုတ်ဖော် ပြောသွားခဲ့ပါတယ်။
တချိန်တည်းမှာလည်း ကချင်ပြည်နယ်တွင်း သောင်းနဲ့ချီတဲ့ စစ်ဘေးဒဏ်သင့်ဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့အကြောင်း နဲ့ ဒီလူတွေကို ကုလသမဂ္ဂက လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့ရာမှာ အခက်အခဲတွေ ရှိနေတုန်းပဲလို့လည်း လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဂင်း က ပြောဆိုသွားခဲ့ပါတယ်။


Read More...

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို

ကိုသားညွန့်ဦး
28.03.2013

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက် တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

Read More...

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို

28.03.2013

အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရတဲ့ တောင်ကိုရီးယား နိုင်ငံက စစ်တမ်း တခုမှာ စစ်ရေးနဲ့ တုံ့ပြန်ဖို့ အများစုက လက်ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယားဖက်က စစ်ရေး ရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး လက်တုံ့ပြန်မယ် ဆိုတဲ့ စစ်အရာရှိ တယောက်ရဲ့ ပြောကြားချက်ကို ၇၀ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲမှာပဲ မြောက်ကိုရီးယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်း ဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

Read More...

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

28.03.2013

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ နီပေါလ်နိုင်ငံကို အရင်သွားပြီးမှ မြန်မာနိုင်ငံကို သွားရောက်မှာပါ။ မြန်မာနိုင်ငံမှာတော့ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းတွေမှာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို သမ္မတဟောင်း Carter အပါအ၀င် Carter Center က ကိုယ်စားလှယ် အဖွဲ့တွေ လေ့လာစူးစမ်းသွားမှာဖြစ်ပါတယ်။ သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ မလာခင်မှာပဲ၊ Carter Center ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

Read More...

ဆိုက်ပရက် ဘဏ်တွေ ပြန်ဖွင့်

28.03.2013

Cyprus ကျွန်းနိုင်ငံရဲ့စီးပွားရေး ပြိုပျက်လုဖြစ်ခဲ့တဲ့အတွက် ပိတ်ထားခဲ့ရတဲ့ နိုင်ငံတဝှမ်းက ဘဏ်တွေကို သီတင်း ၂ ပါတ်အကြာမှာ ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်၊ ဘဏ်တွေပြန်ဖွင့်မဲ့ နေ့လည် ၁၂ နာရီမတိုင်ခင်ထဲက ဘဏ်စာရင်းရှိသူတွေဟာ ဘဏ်တွေအပြင်မှာ တန်းစီစောင့်နေခဲ့ကြပါတယ်၊ ဘဏ်တွေမှာ ငွေပြတ်ကုန်မှာစိုးတဲ့အတွက် ငွေ အ ထုတ်အသွင်း၊ အရွှေ့အပြောင်းလုပ်တဲ့ ပမာဏကို အစိုးရက ထိန်းချုပ်ထားတဲ့အပေါ်မှာ တချို့က ကျေနပ်ကြပုံမရပါဘူး၊ တနေ့ကို ယူရိုငွေ ၃၀၀ ထက်ပိုပြီးထုတ်ခွင့်မရှိဘူးလို့ ကန့် သတ်ထားတဲ့အပေါ် တချို့ကလဲ ဒေါသထွက်ခဲ့ကြပါတယ်၊ နိုင်ငံပြင်ပကို ထွက်ခွာမဲ့သူတွေအနေနဲ့လဲ ယူရိုငွေ ၃ ထောင်ထက် ပိုပြီးယူသွားခွင့် မရှိပါဘူး။

Read More...

ဆူပူမှုတွေကို အရပ်သား အုပ်ချုပ်မှုအာဏာနဲ့ ထိရောက်စွာနှိမ်နင်းမည်

အောင်ရဲ မောင်မောင်
28.03.2013

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ထိပါးတဲ့ လုပ်ရပ်မှန်သမျကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေ ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားချက်တချို့နဲ့အတူ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက်ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် အတွက် နိုင်ငံသားအခွင့်အရေးမှာ လွတ်လွတ်လပ်လပ်ပေး ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

Read More...

ဂတ်စ်ပိုက်လိုင်း လျှော်ကြေး ခြံပိုင်ရှင် အစစ်အမှန်များ မရ

March 28, 2013
မောင်အေး

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း သွယ်တန်းသည့်အတွက် သိမ်းဆည်းခံရသည့် ဥယာဉ်ခြံမြေများ အတွက် သီးနှံ လျှော်ကြေးငွေများ ထုတ်ပေးနေရာတွင် ပိုင်ရှင် အစစ် အမှန်များ လျှော်ကြေးငွေ မရဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

၎င်းလျှော်ကြေးငွေများကို ပိုင်ရှင် မဟုတ်သူများက အာဏာပိုင်များနှင့် ပေါင်းပြီး လိမ်လည်ထုတ်ယူနေကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ မသွယ်သွယ်စိုးက ပြောသည်။

Read More...

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂပြောကြား

2013-03-28

လာမယ့် မေလ မုတ်သုန်ရာသီမစခင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရာရွှေ့ပြောင်းခံရသူ တစ်သိန်းခွဲနီးပါး အတွက် အရေးပေါ်အကူအညီ အစီအမံတွေ အမြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

Read More...

အကြမ်းဖက်မှုတွေကို နှိမ်နင်းရာ မှာ ရဲရဲဝံ့ဝံ့ကိုင်တွယ်ဖို့ ဦးသိန်းစိန် ညွှန်ကြား

2013-03-28

မိတ္ထီလာအရေး အခင်းအပါအ၀င် လတ်တလော ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ကိုင်တွယ်ဖို့ သမ္မတဦးသိန်းစိန်က အမိန့်ပေးညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ညနေ အစိုးရသတင်းမီဒီယာတွေက ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ လက်ရှိဖြစ်နေတဲ့ ဆူပူမှုတွေကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ရဲဝံ့ပြတ်သားစွာ ဆောက်ရွက်ကြရမယ်လို့ ဦးသိန်းစိန်က ပြောကြားလိုက်တာဖြစ်ပါတယ်။

Read More...

အဓိကရုဏ်းတွေ ငြိမ်းချမ်းစေဖို့ ဘာသာပေါင်းစုံ ဆုတောင်း

2013-03-28

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အဓိကရုဏ်းတွေ ငြိမ်းအေးစေဖို့ ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်း ဆောင်တွေ စုပေါင်းပြီး Pray For Myanmar ခေါင်းစဉ်နဲ့ တရားဟောဆုတောင်းပွဲတစ်ရပ်ကို ဒီကနေ့ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီဆုတောင်းပွဲနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတစ်ဦးအပါအ၀င်ဖြစ်တဲ့ Myanmamr Youth environment က ကိုသက်ဆွေဝင်းက အခုလိုပြောပါတယ်။

Read More...

ဗကသ ဖြစ်မြောက်ရေး အဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား

2013-03-28

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိ ဘာ့ကြောင့် ပျောက်ဆုံးနေတယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။

အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြားထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုရဲမင်းဦးရဲ့ အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။

Read More...

လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဒေသခံ ၅၀၀ ဆန္ဒပြ

2013-03-28

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံ ၅၀၀ လောက်ဟာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ တရားဝင်ခွင့်ပြုချက်ရယူပြီး ဒီကနေ့မှာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

Read More...

ကောလဟလနဲ့ လက်ဦးမှုယူ တိုက်ခိုက်တာမလုပ်ကြဖို့ ၈၈မျိုးဆက်တိုက်တွန်း

2013-03-28

မိတ္တီလာမြို့ အဓိကရုဏ်းကနေတဆင့် ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်စေမယ့် ကောလဟလကြောင့် စိုးရိမ်ပူပန်နေတဲ့ အပြစ်မဲ့ပြည်သူတွေအချင်းချင်း လက်ဦးမှုယူပြီး တိုက်ခိုက်တာမျိုးတွေ မဖြစ်စေချင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အသိပေးပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဓိကရုဏ်း အခြေအနေတွေနဲ့ ပတ်သက်ပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားလိုက်တာပါ။

Read More...

ပဲခူးတိုင်း မင်းလှ၊ စစ်ကွင်းမြို့တွေမှာ ဗလီတွေ အဖျက်ဆီးခံရ

2013-03-28

ရန်ကုန်မြို့နဲ့ မိုင်၁၀၀ ကျော်လောက်သာဝေးတဲ့ ရန်ကုန်-ပြည် ကားလမ်းတလျှောက်မှာရှိတဲ့ ပဲခူးတိုင်းမြို့နယ်အချို့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေနဲ့ နေအိမ်တွေ ကို ဒီကနေ့မှာလည်း အကြမ်းဖက် ဖြိုဖျက်ခဲ့ကြ တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့သတင်းပတ်တွေက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပဲခူးတိုင်း အနောက်ခြမ်းဘက်ကမြို့တွေဆီ ကူးစက်လာကာ ဒီရက်ပိုင်းအတွင်း အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီ၊ နေအိမ်အဆောက်အဦးတွေကို ရက်ဆက်ဆိုသလို ဖြစ်ပွားနေကြတာပါ။ မင်းလှမြို့နယ်ထဲမှာ ဒီကနေ့မနက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် တစ်ချို့နဲ့ ဗလီတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ မင်းလှမြို့ဒေသခံ ဦးကျော်မြင့်က RFA ကိုပြောပါတယ်။

Read More...

SSA မြောက်ပိုင်း တပ်စခန်း ၂ ခု အစိုးရတပ်က ဖယ်ရှားခိုင်း

သန်းထိုက်ဦး
March 28, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ နေရာမှ ခေတ္တ ဖယ်ရှား ပေးရန် အစိုးရတပ်က ပြောကြားထားသော်လည်း ဆုတ်ခွာပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။

ယင်း တပ်စခန်း ၂ နေရာမှ ခေတ္တ ရှောင်ခွာပေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့နယ်ရှိ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းထူး ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။

Read More...

အမှိုက်ပုံကို မစွန့်နိုင်သေးသူများ

မြတ်စုမွန်
March 28, 2013

“ကားလာပြီဟေ့…. ကားလာပြီတဲ့ဟေ့…. လာကြ… လာကြ …” ဟူ၍ တယောက်နှင့် တယောက် အချက်ပေးသံနှင့် အတူ ဂုံလျှော်အိတ်ကို ကြိုးတပ် လွယ်ထားသူများက လှုပ်လှုပ်ရှားရှား ပြေးလွှားသွားကြသည်။

ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည့် ကိုင်းပင်များအရိပ်တွင် နားခိုနေသူတို့ကလည်း အိတ်များကိုဆွဲလျက် သုတ်သီးသုတ်ပြာ လျှောက်သွားကြသည်။

Read More...

ကမ္ဘာ့ကဗျာနေ့ ပုံရိပ်များ

သစ္စာနီ
March 28, 2013

မတ်လ ၂၁ ရက်ကို THE WORLD POETRY DAY ကမ္ဘာ့ ကဗျာနေ့ အဖြစ် ကုလသမဂ္ဂ လက်အောင်ခံ ယူနက်စကို အဖွဲ့က ကြေညာထားခဲ့ပြီး အဲဒီနေ့ဆို ကမ္ဘာတ၀ှမ်းလုံး နိုင်ငံအလိုက် ဒီပွဲတွေ ကျင်းပလေ့ ရှိခဲ့ပါတယ်။ ကျနော်တို့ အေဂျီအမ်ပီ ( Action Group of Myanmar Poets ) အနေနဲ့လည်း ဒီပွဲတွေကို လွန်ခဲ့တဲ့ လေးငါးနှစ်က စလို့ ကျင်းပ ခဲ့ပါတယ်။ Union of Myanmar Poets ဆိုတဲ့ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ အနေနဲ့တော့ ဒီပွဲကိုကျင်းပခဲ့တာ ဒီနှစ် ၂၀၁၃ ဆို ၃ နှစ်မြောက်လို့ ဆိုနိုင်ပါတယ်။ မနှစ်က ပြည်လမ်း ယုဒသန် ခန်းမမှာ မနက် ၉ နာရီကနေ ညနေ ၆ နာရီ အထိ ကျင်းပခဲ့ပြီး ကဗျာရွတ်တာတွေ အပြင် ကဗျာနဲ့ပတ်သက်တဲ့ ပြဇာတ်၊ သံချပ် တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။

Read More...

ပဋိပက္ခများ ပြီးဆုံးရေးအတွက် မေတ္တာထားကြရန် ဘာသာပေါင်းစုံ တိုက်တွန်း

ထက်နိုင်ဇော်
March 28, 2013

လက်ရှိ ဖြစ်ပေါ်လျှက်ရှိသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှုများ အဆုံးသတ်နိုင်ရေးအတွက် ပြည်သူအားလုံး မေတ္တာရှေ့ထား၍ သည်းခံကြရန် ဘာသာရေးခေါင်းဆောင်များက ယနေ့ စုပေါင်း တိုက်တွန်းလိုက်သည်။

ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ YMCAခန်းမ တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ကြပြီး ဘာသာအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၍ တဦးနှင့်တဦး မေတ္တာထားကြရန် လိုအပ်ကြောင်း၊ ဘာသာအားလုံး အတူတကွ စည်းလုံးမှသာလျှင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မည် ဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်များက ပြောဆိုကြသည်။

Read More...

သွေးထိုးလှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုများ လုံးဝ လက်မခံဟု ၈၈ ဆို

နန်းသီရိလွင်
March 28, 2013

သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက်မှုများကို လုံးဝ လက်မခံသကဲ့သို့ တတ်အားသရွေ့ တားဆီး ကာကွယ်နေကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ယနေ့ ပြောဆိုလိုက်သည်။

“သဘောထားအရ သွေးထိုးလှုံ့ဆော်မှုနဲ့ အကြမ်းဖက်မှုတွေကို လက်မခံဘူးဆိုတာ သေချာပြီ။ ဒါပေမယ့် လက်မခံဘူးဆိုပြီး ငုတ်တုတ် ထိုင်နေလို့ မရဘူး။ ကျနော်တို့ စွမ်းအားရှိသမျှ တားဆီး ကာကွယ်နေပါတယ်။ လက်တွေ့ကျကျလည်း လုပ်ပါတယ်။ ဥပမာဆိုရင် ပြည်မြို့ကို အကြမ်းဖက်တဲ့ သူတွေ သွေးတိုးစမ်းတာ ၂ ကြိမ်ရှိပါပြီ။ ပြည်မြို့မှာ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ အားကောင်းပါတယ်။ အဲဒီမှာ ကျနော်တို့ ၈၈ အဖွဲ့နဲ့ တခြားသော လူမှု အဖွဲ့အစည်းတွေ အားလုံး သွေးစည်းညီညွတ်ပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေးကပါ အရပ် ဘက်လူ့အဖွဲ့အစည်းတွေနဲ့ လက်တွဲလိုက်တဲ့အခါ ပြည်မြို့ဟာ လုံခြုံအေးချမ်းနေပါတယ်။ တခြားမြို့တွေကိုလည်း အဲဒီပုံစံအတိုင်း ချိတ်ဆက်လုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။

Read More...

အကြမ်းဖက်မှုများ ပြတ်သားစွာ အရေးယူရန် ရဲတပ်ဖွဲ့ကို သမ္မတ အမိန့်ပေး

March 28, 2013

သမ္မတဦးသိန်းစိန်က ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးလာသော လုပ်ရပ်မှန်သမျှကို လုံးဝ လက်မခံမည်မဟုတ်ဘဲ ဥပဒေနှင့်အညီ ထိထိရောက် တားဆီးနှိမ်း နင်းရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်သည်။

ယနေ့ ညနေ ၆ နာရီတွင် အစိုးရပိုင် သတင်းမီဒီယာများမှတဆင့် ပြည်သူလူထုထံသို့ မိတ္ထီလာဖြစ်စဉ်နှင့် ပတ်သက်ပြီး မိန့်ခွန်းစကားပြောဆိုစဉ် ရဲတပ်ဖွဲကအနေနဲ့ ဥပဒေနှင့်အညီ ရဲဝံ့ ပြတ်သားစွာ ဆောင်ရွက်ကြဖို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

Read More...

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

မြတ်စုမွန်
March 28, 2013

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း(SHDA)၏ လေ့လာထား ချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးလာကြောင်း သိရသည်။

Read More...

ပြည်ထဲရေး၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန်လို

ခိုင်ခိုင်
မတ်လ ၂၈ ရက် ၂၀၁၃ ခုနှစ်

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန်လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား များ အဖွဲ့မှ မတ်လ၂၇တွင် ထုတ်ပြန်သော ကြေညာချက်တွင် ထောက်ပြခဲ့သည်။

၈၈မျိုးဆက်ကျောင်းသား ကိုဇော်မင်းက "ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ လက်အောက်မှာရှိတဲ့ လုံခြုံရေး တာဝန်ကျတဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒါပေမဲ့ အရေးယူဆောင်ရွက်မှုတွေ မတွေ့ရဘူး။ အဓိက ကတော့ တာဝန်ယူနိုင်တာဟာ ပြည်ထဲရေး ၀န်ကြီးဌာနပဲ။ ဒီထက် ပိုပြီးအားစိုက်ဖို့ လိုတယ်ဆိုတာကို ကျွန်တော် တို့က ထောက်ပြထားပါတယ်" ဟု မဇ္ဈိမသို့ ပြောသည်။

Read More...

မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည်

မတ်လ ၂၈ ရက် ၂၀၁၃ ခုနှစ်

မိထ္ထီလာမြို့မှ စတင်ခဲ့သည့် တရားဥပဒေမဲ့ အဓိကရုဏ်းများမှ ရန်ကုန်မြို့ အပါအဝင် အခြားမြို့ကြီးများသို့ ကူးစက်ပျံ့နှံ့စေရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို လိုအပ်ပါက အင်အားသုံး၍ ထိရောက်စွာ နှိမ်နင်းသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ကြာသပတေးနေ့ ညနေက ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

“ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ .... မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” ဟု ဆိုသည်။

Read More...

ပဲခူးတိုင်း ပဋိပက္ခဖြစ်စဉ် ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်

ခိုင်ခိုင်
မတ်လ ၂၈ ရက် ၂၀၁၃ ခုနှစ်

မတ်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်း အနောက်ခြမ်း ပဋိပက္ခ ဖြစ်စဉ်များတွင် လုံလောက်စွာ ဂရုစိုက်မှု မရှိဟု ပြည်သူများက ပြောဆိုချက်များကို ဇီးကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက ဝင်ရောက်ထိန်းသိမ်းစဉ် မလိုလားသည့် အခြေအနေများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည်ဟု မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

၎င်းက “ ကျနော်တို့ ၀င်မထိန်းတာကိုပဲ မြင်ကြတာ။ တကယ်တမ်းက ၀င်ထိန်းရင်းနဲ့ တခြား မလိုလားစရာ အခြေအနေတွေကို လက်ယပ်ခေါ်သလို ဖြစ်သွားမှာပဲ။ ဘယ်သူမှ ဒါမျိုးကို ခန့်မှန်းမပေးနိုင်ဘူး။ ကျွန်တော်တို့ အဓိက လိုနေတာက စိတ်ဓါတ်တွေပဲ၊ ဥပဒေကို လေးစားမှု လိုသေးတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

Read More...

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆုတောင်း

စောဇင်ညီ
မတ်လ ၂၈ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် မပာာဗန္ဓုလ လမ်းထောင့်ရှိ YMCA ခန်းမတွင် ယနေ့နေ့လည် နှစ်နာရီတွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင် များ ငြိမ်းချမ်းရေး တရားဟောပြောကာ ငြိမ်းချမ်းရေး ဆုမွန်ကောင်းများ သက်ဆိုင်ရာဘုရား အသီးသီးတွင် တောင်းဆိုခဲ့သည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာ အစရှိသည့် ဘာသာလေးမျိုးမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

Read More...

Thursday, March 28, 2013

ဘင်္ဂလာဒေခ်ျ့ ဟိန္ဒူအဖွဲ့ချုပ်မှ မြန်မာနိုင်ငံတွင် မွတ်ဆလင်များအား တိုက်ခိုက်နေမူကို ရှုတ်ချ

March 28, 2013 at 11:30 am

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဟိန္ဒူ အဖွဲ့ချုပ် (Bangladesh Hindu Parishad) မှ မြန်မာနိုင်ငံတွင် လူနည်းစု မွတ်ဆလင်များ အပေါ် တိုက်ခိုက်နေမူကို ရှုတ်ချကြောင်း ယမန်နေ့က ကျေညာချက် ထုတ်ပြန်သည်။

ကျေညာချက်တွင် မြန်မာနိုင်ငံတွင် မူဆလင်များကို တိုက်ခိုက်နေမူ အတွက် ဒေါသထွက်ရကြောင်းနှင့် ၎င်းတိုက်ခိုက်များ အပေါ် ရှုတ်ချကြောင်း ဖေါ်ပြသည်။

Read More...

ရခိုင်ကျောင်းသား ရဲမင်းဦး ပျောက်ဆုံးနေမူ စိုးရိမ်မူတိုးပွား

March 28, 2013

ရခိုင်ကျောင်းသား လူငယ် ခေါင်းဆောင် ကိုရဲမင်းဦး ပျောက်ဆုံးနေမူနှင့် ပတ်သက်ပြီး မိသားစုနှင့် သူ၏လုပ်ဖေါ် ကိုင်ဘက်များ အကြား စိုးရိမ်မူ တိုးပွားနေသည်ဟု သိရသည်။

“ သူ့အတွက် ကျွန်တော်တို့ အားလုံးက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် မနေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး သူပျောက်ဆုံးနေတဲ့ အကြောင်းကို တရားဝင် ပြည်သူတွေကို အသိပေးပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲကို ကမကထ ပြုလုပ် ကျင်းပသူ ကိုခင်မောင်လင်းက ပြောသည်။

သတင်းစာ ရှင်းလင်းပွဲအား ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ရွှေအရသာ စားသောက်ဆိုင်တွင် ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပြီး သတင်းသမားများ တက်ရောက် သတင်း ယူခဲ့သည်ဟု သိရသည်။

Read More...

ရခိုင် အစိုးရ နေပူတောင် ကိစ္စ တောင်ကုတ် လူထုအား ရှင်းလင်း

March 27, 2013
မောင်ရမ္မာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နိုင်ငံခြား ကုမ္ပဏီ တစ်ခုမှ လုပ်ကိုင်မည့် နေပူတောင် စီမံကိန်းနှင့် ပတ်သက်ပြီး လူထု ရှင်းလင်းပွဲ တစ်ခုအား ရခိုင် အစိုးရမှ တောင်ကုတ်မြို့ တွင် ယမန်နေ့က ပြူလုပ်ခဲ့သည်။

တောင်ကုတ် မြို့နယ် အတွင်းရှိ အဖိုးတန် နေပူတောင်မှ ကျောက်မျာကို ဗီယက်ကုမ္ပဏီ တစ်ခုအား ဌားရမ်းထားသည့် အပေါ် တစ်စုံတစ်ရာ တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိသဖြင့် ရခိုင်လူထု အတွင်း မကျေနပ်မူများနှင့် အတူ ဆန္ဒပြကန့်ကွက်မည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် တောင်ကုတ် လူထုအား ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများက လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရသည်။

Read More...

BGF နှင့် ရဲအဖွဲ့များ ပူးပေါင်း ၍ မြ၀တီမြို့တွင် မူးယစ်ဆေးရောင်းဝယ်သူ ၄ဦးကို ဖမ်းဆီး

27 March 2013
စောခါးစူးညား (ကေအိုင်စီ)

နယ်ခြားစောင့် တပ်-BGF နှင့် သက်ဆိုင်ရာ ရဲအဖွဲ့များပူးပေါင်း၍ ရာဘ (ခေါ်) မြင်းဆေးရောင်းဝယ်သူ ၄ ဦးကို ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့ အမှတ်(၅)ရပ်ကွက်ရှိ စိုက်ပျိုးရေးဇုံတွင် ယမန် နေ့ မတ်လ ၂၆ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

BGF (၁၀၁၁)တပ်ရင်းမှ ဗိုလ်ကြီး ဆန်းကျော် ဦးစီးသည့် အင်အား ၂၀ နှင့် မြ၀တီမြို့နယ် မူးယစ်နှိမ်နင်းရေး အဖွဲ့၊ နယ်ထိန်းမြို့နယ်ဦးစီး ရဲများပူးပေါင်းပြီး အဆိုပါ မူးယစ်ဆေး ရောင်းဝယ်သူတို့ကို ရာဘဆေးပြား လေးထောင်ကျော်အပါအ၀င် ကျပ်ငွေ ၁၃သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြ၀တီမြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။

Read More...

လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ကြောင်း KYO ထုတ်ပြန်

27 March 2013

အမျိုးသားရေးလုပ်ဆောင်ရာတွင် နိုင်ငံရေး၊ လူမှုရေးလုပ် ငန်းများ လုပ်ကိုင်လျှက်ရှိပြီး လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ကြောင်း ကော်သူးလေ KYO က ယခု မတ်လ ၂၅ရက် နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၂ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့် မဲဆောက်မြို့အကြား သောင်းရင်းမြစ်အတွင်းရှိ မူးယစ်ဆေး ရောင်းဝယ်မှုမျာရှိနေသည့် ရေလယ်ကျွန်း ကို ကော့မှုးရာ ရင်လူငယ်များအဖွဲ့မှ လက်နက်အပြည့် အစုံဖြင့် ၀င်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် ကော်သူးလေ KYO အနေဖြင့် ယခုလို ကြေညာချက် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

Read More...

ဘာသာရေးပဋိပက္ခ ရေရှည်အဖြေရှာဖို့ ကုလ တိုက်တွန်း

ကိုသားညွန့်ဦး

27.03.2013
လက်ရှိ မိတ္ထီလာအရေးနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဘယ်လူမျိုးဖြစ်ဖြစ် ထိထိရောက်ရောက် ကိုင်တွယ် အရေးယူပြဖို့ လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စား လှယ်က မြန်မာအစိုးရကို တိုက်တွန်းနေပါ တယ်။ မြန်မာနိုင်ငံတွင်း လူနည်းစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဦးစားပေး နိုင်ငံအဆင့်အနေနဲ့ သူတို့ မျက်ခြေ မပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

မစ္စတာ အဒေမာ ဒီရန် (Mr. Adama Dieng) ဟာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်မှာ လူမျိုးနွယ်တုန်း သတ်ဖြတ်ခံရမှု ဖြစ်လာနိုင်ချေတွေကို ကြိုတင်ကာကွယ်ဖို့ စောင့်ကြည့် အစီရင်ခံရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။

Read More...

ရိုဟင်ဂျာဒုက္ခသည်ရှေ့ရေး HRW ပူပန်

မခင်ဖြူထွေး
27.03.2013

ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့နှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ကြရတဲ့ ရိုဟင်ဂျာ ခေါ် မူဆလင် လူနည်းစုတွေကို ပြန်လည် နေရာချ ထားရေး အတွက် လုပ်ဆောင်စရာ ရှိတာတွေကို မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ဘာသာရေးအရ ရေရှည်ကွဲပြားမယ့် အန္တရာယ် ကျရောက်မယ့် အခြေအနေ ရှိနေတယ်လို့ ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။

လက်တလော မြန်မာနိုင်ငံတွင်း မူဆလင် ဆန့်ကျင်ရေးစိတ်တွေ ပျံ့နှံ့နေတဲ့အပေါ်မှာ အထူး စိုးရိမ်မှု ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထား ပါတယ်။

Read More...

အပေါ်သို့