Wednesday, March 27, 2013

မြန်မာ့စီးပွါးရေးပိတ်ပင်မှုအပေါ် ဥရောပသမဂ္ဂ ပြန်လည်သုံးသပ်

ကိုဒေ(မြစ်မခ)
26 Mar, 2013

ဥရောပသမဂ္ဂအဖွဲ့သည် လာမည့် ဧပြီလ ၂၂ရက်နေ့၌ မြန်မာနိုင်ငံကိုစီးပွါးရေးပိတ်ဆို့ထားခြင်းအပေါ် ရုပ်သိမ်းသွားမည် ( သို့ )ဆက်လက်ထားရှိမည်ကို ပြန်လည် သုံးသပ်သွား မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ဧပြီလ ၂၆ရက်နေ့တွင် စီးပွားရေးပိတ်ဆို့မှုဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့စဉ်က EU မှ နိုင်ငံရေးအကျဉ်းသားများအားခြွင်းချက်မရှိလွှတ်ပေးရန်အပါအ၀င် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော စစ်ပွဲများကိုရပ်တန့်ရန် အစရှိသည်ဖြင့် တောင်းဆိုခဲ့သည်။


“စီးပွားရေးပိတ်ဆို့မှုတွေ ဖွင့်ပေးတာကောင်းတာပေါ့။ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ထောင်မယ်ဆိုရင် ပိတ်ဆို့မှုတွေမဖြစ်မနေဖွင့်ပေးဖို့လိုတယ်။ တိုင်းပြည်စီးပွားရေးတိုး တက်မှ ဒီမိုကရေစီ နိုင်ငံဆိုတာကို ပီပီပြင်ပြင်တည်ဆောက်နိုင်မယ်။ ငြိမ်းချမ်းရေးဆိုတာလည်းစီးပွားရေးကောင်းမှ တည်ဆောက်နိုင်မှာ။ “ ဟု ရန်ကုန်မြို့တွင်နေထိုင်သော တပ်မတော် သားဟောင်းတစ်ဦးက ပြောသည်။

ပြည်ပမှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Burma Campaign UK က ကချင်ပြည်နယ်၌ဖြစ်ပွားနေသော တိုက်ပွဲများမှာ မရပ်တန့်သေးသောကြောင့်စီးပွားရေးပိတ်ဆို့မှုများ မရုပ်သိမ်းသင့် သေးကြောင်း အစရှိသဖြင့် တောင်းဆိုခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပါတ်သက်၍ ပညာရှင်တစ်ဦးက အောက်ပါအတိုင်းပြောဆိုခဲ့သည်။“ အပြင်က ကြည့်တာနဲ့အထဲက ကြည့်တာနဲ့တော့ တူမှာ မဟုတ်ဘူးလေ။ တစ်နေရာမှာဖြစ်နေ တာဟာ နိုင်ငံတစ်ခုလုံးမှာ ဖြစ်နေတာ မဟုတ်ဘူး။ “ဟု အဆိုပါ ပညာရှင်ကသုံးသပ်ပြခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့