Saturday, July 9, 2011

နယူးယောက် ရခိုင် ရိုးရာသင်္ကြန်ပွဲတော် ဇူလိုင် ၁၇ ရက်နေ့တွင် ကျင်းပမည်

7/9/2011
မင်းဆက်ခိုင်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပနေသော ရခိုင်ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ယခုလ ၁၇ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် သင်္ကြန်ပွဲတော်မှာ ၁၇ ကြိမ်မြောက် ဖြစ်ပြီး နယူးယောက်မြို့ရှိ 100 West 84th Street, PS9 Playground between Columbus Avenue and Amsterdam Avenue, MANHATTAN တွင် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီမှ စတင်ပြီး ညနေ ၄ နာရီထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

Read More...

Friday, July 8, 2011

ဇေကမ္ဘာစာအုပ် ဆက်မထုတ်တော့

သဲသဲ
ဇူလိုင်လ ၀၈ ရက် ၂၀၁၁ ခုနှစ်

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီထုတ် “ဇေကမ္ဘာ ကုမ္ပဏီနှင့် ရွှေနံ့သာ လယ်သမားများ ပြဿနာ” စာအုပ်အား ဆက်လက် မထုတ်ဝေဘဲ ပါတီစာစောင်၌သာ ထည့်သွင်းဖော်ပြရန် စာပေစိစစ်ရေးက သောကြာနေ့တွင် ခေါ်ယူတွေ့ဆုံကာ တားမြစ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောသည်။

စာအုပ်မှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ ရွှေနံ့သာ ကျေးရွာအုပ်စုမှ လယ်သမား ၇၁ ဦး နှင့် လွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီတို့အကြား အငြင်းပွားနေသည့် လယ်မြေပြဿနာများကို ရေးသားထားခြင်း ဖြစ်သည်။

Read More...

ကချင်ဒုက္ခသည်များကို မကူရန် မြန်မာအစိုးရ ဟန့်တားဟုဆို

ဖနိဒါ
ဇူလိုင်လ ၀၈ ရက် ၂၀၁၁ ခုနှစ်

တိုက်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ်သို့ ထွက်ပြေးသွားသူ ကချင်ဒုက္ခသည်များကို အကူအညီ မပေးရန် အစိုးရက ပြည်တွင်းမှ အစိုးရမဟုတ်သော NGO အဖွဲ့ကို ပြောဆိုထားသဖြင့် ယနေ့ချိန်ထိ အကူအညီ မရသေးဟု စစ်ပြေး ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဒေါ်မိုင်းဂျာက ပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ် KIO အဖွဲ့အကြား တိုက်ပွဲစတင်ဖြစ်ပွားစဉ် ယခင် ဇွန်လလယ်တွင် အစိုးရမဟုတ်သော NGO အဖွဲ့များထံ အကူအညီတောင်းဆိုခဲ့ရာ ကူညီမည်ဟု ပြောဆိုခဲ့ပြီးနောက် ယနေ့ထိ တုံ့ပြန်လာခြင်း မရှိသဖြင့် ဆက်သွယ်မေးမြန်းရာမှ သိရှိရသည်ဟု သူက မဇ္စျိမကို ပြောသည်။

“ကျမလည်း NGO အလှူရှင်ကိုတယောက်ကို မေးတာ အစိုးရက မလှူခိုင်းဘူးဆိုတာ ဟုတ်တယ်။ ကျမတို့ နဲ့ဆက်သွယ်တာတောင် မသိစေရဘူး။ တကယ်လို့ ကူညီတာကို သိသွားရင် Register သိမ်းလိုက် မယ်ဆိုပြီးပြောတယ်လို့ ပြောလာတယ်။ ဘယ်အဖွဲ့ကိုမှ မဝင်ခိုင်းဘူး။ အဲဒါကြောင့် ဝင်ဖို့ မရဲကြဘူး”ဟု ကချင်ပြည်နယ် နယ်စပ်မြို့ မိုင်ဂျာယန်နေ ဒေါ်မိုင်းဂျာက ပြောသည်။

Read More...

NLD ရုံးချုပ် ဝင်စီးမှာလား စိုးရိမ်မှုဖြစ်

မျိုးသန့်
ဇူလိုင်လ ၀၈ ရက် ၂၀၁၁ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များက ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ညအိပ်စောင့် ဆိုင်းနေသဖြင့် အတိုက်အခံပါတီကြီး၏ ရုံးခန်းကို အာဏာပိုင်များက ဝင်ရောက် စီးနင်းမှာလားဆိုသော စိုးရိမ်မှုများ ရန်ကုန်နှင့် နယ်စပ်ရှိ ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွင်းပေါ်ထွက်နေသည်။

Read More...

KIA ဘက်မှ အပစ်ရပ်ရန် အစိုးရ တောင်းဆို

ရန်ပိုင်
08 July 2011


ငြိမ်းချမ်းရေးဆွေးနွေးမှု ကာလအတွင်း ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အစိုးရ အဆောက်အအုံများ သိမ်းပိုက်ခြင်း တို့ကို မပြုလုပ်ရန်၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် မြန်မာအာဏာပိုင်တို့က ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ကို တနင်္လာနေ့တွင် စာရေး တောင်းဆိုလိုက်သည်။

Read More...

ယာယီ နိုင်ငံကူး လက်မှတ်သစ်များ ၆ နှစ်အထိ သက်တမ်းတိုးပေး

သန်းထိုက်ဦး
08 July 2011

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ယာယီ နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားသူများကို သက်တမ်း ၆ နှစ်အထိ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

Read More...

အမေရိကန် အဖွဲ့အစည်းများက CoI အကောင်အထည်ဖော်ရေး တိုက်တွန်း

08 July 2011

ကုလသမဂ္ဂတွင် မြန်မာအာဏာပိုင်များ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့နိုင်ရန် အမေရိကန်က တွန်းအားပေးသင့်ကြောင်း အမေရိကန် အခြေစိုက် နာမည်ကြီး အဖွဲ့အစည်းကြီး ၂၂ ခုက သမ္မတ အိုဘားမားအား တိုက်တွန်းပြောဆိုလိုက်သည်။

Read More...

လူမှုရေးကို ဂီတဖြင့် နာရေးကူညီမှုအသင်း ဆွဲဆောင်မည်

နရီလင်းလက်
08 July 2011

လူငယ်အများစု စိတ်ဝင်စားသည့် Hip Hop ဂီတဖြင့် လူမှုရေး လုပ်ငန်းများတွင် လူငယ်များ ပါဝင်လာစေရန် ရည်ရွယ်ကာ ဂီတ လူမှုရေး သူရဲကောင်းများ (၂) တေးစီးရီး အယ်လ်ဘမ်ကို ထွက်ရှိရန် ပြင်ဆင်နေသည်ဟု သိရသည်။

Read More...

တိုင်းရင်းသား ၀န်ကြီးများ အလုပ်လက်မဲ့ဖြစ်နေ

ခင်ဦးသာ
08 July 2011

အရပ်သားအစိုးရလက်ထက်တွင် ပေါ်ပေါက်လာသော တိုင်းရင်းသား ၀န်ကြီးများသည် တာဝန်ယူပြီး ၃ လကျော်သည့်တိုင် မည်သည့် လုပ်ပိုင်ခွင့်မှ မရသေးကြောင်း သိရသည်။

ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးများ အားလုံးသည် ၀န်ကြီး အဆောင်အယောင်များ ရရှိထားကြပြီး လုပ်ပိုင်ခွင့်လည်း အသင့် အတင့် ရနေကြကြောင်း၊ သို့ရာတွင် တိုင်းရင်းသားရေးရာ ၀န်ကြီးများအတွက် သီးသန့် ရုံးခန်းပင် မရှိသေးကြောင်း ၎င်းဝန်ကြီးများက ပြောသည်။

Read More...

ဂူဂယ်လ် ကို ပြိုင်ဖို့၊ ဖေ့စ်ဘွတ်တွင် Skype ဗွီဒီယိုကို ထပ်ထည့်

08 July 2011

ဖေ့စ်ဘွတ်သည် Skpye နှင့် ပါတနာဖွဲ့ပြီး ၄င်း၏ လူမှု့ကွန်ယက်ဆိုဒ်ထဲသို့ ဗွီဒီယို chat ကို ထပ်ပေါင်း ထည့်ကြောင်း ကြေငြာ လိုက်သည်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂူဂယ်လ်က ဗွီဒီယိုဖြင့် ပြောဆိုဆက်သွယ်မှု

အစီအစဉ်များ၊ ဂျာနယ်လစ်ဇင် ပညာများ ထပ်မံပြုလုပ်ပြီး Google+ ဆိုဒ် အသစ်ကို ကြေငြာလိုက်ခြင်းကြောင့်၊ ဖေ့စ်ဘွတ်က ယခုလို Skype နှင့် ပူးပေါင်း အပြိုင်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

Read More...

တရုတ်နယ်စပ် ကချင်ဒုက္ခသည်ကူညီရေးအဖွဲ့ RANIR ဖွဲ့စည်း

08 July 2011

မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကချင်ဒုက္ခသည်များအား ကူညီရန် RANIR ခေါ် ကချင်ဒုက္ခသည် ကူညီရေး အဖွဲ့တစ်ခု ကို ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်လိုင်ဇာတွင် ဇွန် ၇ ရက် ကြာသပတေးနေ့တွင် ဖွဲ့စည်းခဲ့သည်။

RANIR ခေါ် “Relief Action Network for IDPs (Internally Displaced Persons) and Refugees” ကို KIO အဖွဲ့၊ ကချင် ခရစ်ယာန်အသင်းတော်များနှင့် အစိုးရမဟုတ်သောအဖွဲ့စည်းများမှ ပူးပေါင်းဖွဲ့စည်းပါသည်။

“မြန်မာအစိုးရနဲ့ KIO ကြားမှာ ပြည်တွင်းစစ်ပြီးပြီဆိုတာ မရေရာတဲ့အတွက် နောက်ပြီး နေရပ်စွန့်ခွာလာသူများရဲ့ အသက်ရှင် နေထိုင်နေရမှု အခြေအနေတွေ ဆိုးရွားလာတဲ့အတွက် RANIR ကို ဖွဲ့စည်းရတာဖြစ်တယ်။” ဟု အဖွဲ့ Coordinator-၁ လရစ်(La Rip) က ကချင်သတင်းဌာနသို့ပြောသည်။

ဇှုလှိုင် ၆ ရက်စာရင်းအရ နယ်စပ်တစ်လျှောက် ယာယီစခန်း ၁၂ ခု သို့ ဒုက္ခသည် ၁၅၇၉၁ ဦး ရှိနေပြီဟု KIO ဒုက္ခသည် စောင့် ရှောက်ရေးကော်မတီက ပြောသည်။

စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရ၏ အဓိကမဟာမိတ် တရုတ်သည် ၎င်းတို့နိုင်ငံထဲ ကချင်စစ်ပြေးဒုက္ခသည်စခန်းများ တည်ဆောက်ခြင်း ယခုချိန်ထိ ခွင့်ပြုခြင်း မရှိပါ။

Read More...

သမဂ္ဂစိတ်ဓာတ်ဖြင့်သာ တိုင်းပြည် ပြန်လည်တည်ဆောက်နိုင်မည်

07 July 2011

ကျောင်းသားထု၏ အခွင့်အရေးများအတွက် တောင်းဆိုခြင်း၊ ကျောင်းသားထုကို ကာကွယ်စောင့် ရှောက်ခြင်း၊ ကျောင်းသား အရေးနှင့် နိုင်ငံအရေး ကိစ္စတို့တွင် ပါဝင်ဆောင်ရွက်ခွင့်တို့အတွက် ကျောင်းသားများသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် ရရှိရန် လိုအပ် နေသည်။

Read More...

ပို့ကုန်အပေါ် အခွန်မကောက်သင့်ဟု ပညာရှင်ပြော

July 7, 2011

ပို့ကုန်အပေါ် အခွန်ကောက်တာကို အခုဇူလိုင်လကစပြီး ၃ ရာခိုင်နှုန်း လျှော့ချပေးလိုက်ပါတယ်။

ပို့ကုန် ရငွေကနေ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်း၊ အရောင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်း ကောက်ယူနေရာ ကနေ ကုန်သွယ်ခွန်ကနေ ၃ ရာခိုင်နှုန်း လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာပို့ကုန်လုပ်ငန်းရှင်တွေကလည်း ပို့ကုန်အပေါ် အခွန်ကောက်တာတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေကြပြီး အခုကတော့ ၃ ရာခိုင်နှုန်းပဲ လျှော့ပေးလိုက်တာ ဖြစ်ပါတယ်။

Read More...

သတင်းမီဒီယာအလုပ်ကို ကုသိုလ်အလုပ်အဖြစ် မှတ်ယူရန် အရှင်ဆန္ဒာဓိက မိန့်ကြား

July 7, 2011
အံ့ဘုန်းမြတ်

သတင်းမီဒီယာအလုပ်တွေကို လုပ်ကိုင်နေကြတဲ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေ အပါအ၀င် ဒီလုပ်ငန်းတွေကို လည်ပတ် နိုင်အောင် ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်အားလုံးအနေနဲ့ ဒီအလုပ်တွေကို လုပ်ကိုင်နေရတာတွေကို ကုသိုလ်အဖြစ် မှတ်ယူကြဖို့ ဆရာတော်အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်ပါတယ်။

Read More...

ဝက်နားရွက်ပြာ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး တိကျသေချာသည့် သတင်းထုတ်သင့်

July 7, 2011
ရွှေအောင်

ဝက်နားရွက်ပြာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက တိကျရှင်းလင်း သေချာတဲ့ သတင်း ထုတ်သင့်တယ်လို ၀က်နား ရွက်ပြာ ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်ထားတဲ့ သုတေသီပညာရှင် ဒေါက်တာ အောင်မြင့်က ပြောပါတယ်။

ဝက်နားရွက်ပြာကာကွယ်ဆေး မသုံးကြဖို့ စာထုတ်ထားတယ်၊ ကာကွယ်ဆေးသုံးလို့ ၀က်တွေသေဆုံးတာကြောင့် တားမြစ်ရ တာဖြစ်တယ်လို့ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနက ဒေါက်တာအောင်ကြီးက ဇွန်လ ၂၃ ရက်နေ့ထုတ် ဆဲဗင်းဒေးဂျာနယ် မေးမြန်းခန်းမှာ ပြော ကြားထားပါတယ်။

Read More...

အကျဉ်းထောင်အချို့ကို အိုင်စီအာစီ ၀င်ရောက်စစ်ဆေး

July 7, 2011

မြန်မာအာဏာပိုင်တွေရဲ့ တောင်းဆိုညှိနှိုင်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်အချို့ကို အိုင်စီအာစီဝန်ထမ်းတွေ ရေနဲ့ မိလ္လာ စနစ် ကောင်းမွန်ရေးအတွက် ဒီလဆန်းမှာ ၀င်ရောက်စစ်ဆေးခွင့်ရတယ်လို့ အိုင်စီအာစီက ပြောပါတယ်။

Read More...

ဒေါ်​အောင်ဆန်း​စုကြည် ၄ ရက်​မြောက် ပုဂံခရီး​စဉ် ပြည်သူများ​ လှိုက်လှဲစွာကြိုဆို

July 7, 2011
အံ့ဘုန်းမြတ်

မြန်မာ့​ရှေး​ ဟောင်း​ယဉ်​ကျေး​မှုအ​မွေအနှစ်မြို့တော် ပုဂံမြို့ဟောင်း​ကို ​ရောက်ရှိ​နေတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီက​နေ့​ ၄ ရက်​မြောက် ခရီး​စဉ်အဖြစ် ပုဂံအနီး​က ဇီး​အိုသစ်လှရွာပတ်ဝန်း​ကျင်နဲ့​ ​ညောင်ဦး​ဈေး​တွေကို သွား​ရောက်ခဲ့​ပါတယ်။

ဒီခရီး​စဉ်​တွေမှာ ​ဒေသခံ​တွေက ​ဒေါ်​အောင်ဆန်း​စုကြည်ကို စည်ကား​စွာ အား​ပေး​ကြိုဆိုခဲ့​ကြပါတယ်။

ဒေါ်​အောင်ဆန်း ​စုကြည်နဲ့​ သား​ငယ် ကိုထိန်လင်း​တို့​ ပါဝင်တဲ့​အဖွဲ့ဟာ ဒီက​နေ့​ ၄ ရက်​မြောက် ခရီး​စဉ်အဖြစ် ပုဂံအနီး​က ဇီး​အိုသစ်လှရွာနဲ့​ အနီး​မှာရှိတဲ့​ သစ်​တော​ရေး​ရာဝန်ကြီး​ဌာန လက်​အောက်ရှိ သစ်​တောဦး​စီး​ဌာန၊​ သဘာဝတ်ဝန်း​ကျင်နှင့်​ တိရစ္ဆာန် ထိန်း​သိမ်း​က ဇီး​အိုသစ်လှအင်ကြင်း​တော သဘာဝထိန်း​သိမ်း​ရေး​နယ်​မြေ အပါအဝင် ​ညောင်ဦး​ဈေး​တွေကို သွား​ရောက်ခဲ့​ကြ ပါတယ်။

Read More...

ကျန်ဇီမင်း သေဆုံးတဲ့သတင်း တရုတ်အစိုးရ ငြင်းဆို

07 ဇူလိုင် 2011

တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း (Jiang Zemin) ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ခန့်မှန်း ပြောဆိုချက်တွေ ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ မစ္စတာ ကျန် သေဆုံးတယ်ဆိုတာ မဟုတ်ပါဘူးလို့ တရုတ်အာဏာပိုင်တွေက တရားဝင် ငြင်းဆိုသွားပါ တယ်။

တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်တဲ့ နှစ် ၉၀ ပြည့် အခမ်းအနားမှာ အသက် ၈၄ နှစ်အရွယ် မစ္စတာ ကျန် သေဆုံး တယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ စတင်ပျံ့နှံ့တာပါ။ အဲဒီသတင်းကို အင်တာနက်ပေါ်မှာ လိုက်ပြီး ပိတ်ပစ်ဖို့ လုပ်ဆောင်ခဲ့ပြီး နောက်တရက် ကြာသပတေးနေ့မှာပဲ အရာရှိတွေက အခုလို တရားဝင် ငြင်းဆိုလိုက်တာပါ။

Read More...

ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးမြို့တ၀ိုက် လေ့လာ

07 ဇူလိုင် 2011
မသင်းသီရိ

ပုဂံ၊ ညောင်ဦးနဲ့ ပုပ္ပါးနယ်ဘက်ကို ဘုရားဖူးခရီး ထွက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇူလိုင်လ ၇ ရက် ကြာသပတေးနေ့မှာတော့ တူရွင်းတောင်ခြေဘက်မှာရှိတဲ့ ရှားပါးသစ်ပင် အင်ကြင်းတောဘက် သွား ရောက် လေ့လာခဲ့သလို အဲဒီမှာ ဒေသခံ ရွာသူရွာသားတွေက သူတို့ရဲ့ ရေရရှိမှု အခက်အခဲနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စ တွေကို လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့ကြပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညောင်ဦးဘက် ခရီးစဉ်အကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာပြည်က အထင်ကရ သမိုင်းဝင် ဘုရားပုထိုး စေတီတွေရှိတဲ့ ပုဂံ၊ ညောင်ဦးဘက်ကို သားငယ် ကိုထိန်လင်းနဲ့အတူ ဘုရားဖူး ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်ရဲ့ ၄ ရက်မြောက် ဒီကနေ့မနက် ၁၀ နာရီက ညောင်ဦးမြို့နယ် တူရွင်းတောင် မြောက်ဘက် ၆ မိုင်ကွာမှာရှိတဲ့ ဇီးအိုသစ်လှရွာက ရှားပါး အင်ကြင်းတောနဲ့ သက်တမ်းရင့် မန်ကျည်းပင်ကြီးတွေဆီ သွားရောက် လေ့လာခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

Read More...

ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အပစ်ရပ်ရေး အာမခံဖို့ KIA မျှော်လင့်

07 ဇူလိုင် 2011
ဦးမိုးဇော်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ အောင်အောင်မြင်မြင် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးနေစဉ် ကာလအတွင်းမှာ ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းခွဲတာ၊ အစိုးရ အဆောက်အဦးတွေကို နေရာယူ သိမ်းပိုက်တာတွေ မလုပ်ဖို့နဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့အတွက် ကချင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့က KIO ဘက်ကို စာပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး KIO ဘက်က လက်ခံ ကြောင်း ပြန်ကြားတာ မရှိသေးပါဘူး။ တချိန်တည်းမှာတော့ အစိုးရတပ်တွေနဲ့ KIA တပ်တွေ အကြားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ကချင်ပြည်နယ် အတွင်းက ပဋိပက္ခတွေရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်း ထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Read More...

ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် အလားအလာကောင်း

07 ဇူလိုင် 2011

ကမ္ဘာကြီးဟာ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေကို ပြည့်မီနိုင်ဖို့အတွက် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီလို့ ကုလ သမဂ္ဂ အစီရင်ခံစာအသစ်က ပြောလိုက်ပါတယ်။ အဲဒီရည်မှန်းချက်တွေထဲမှာ လူတွေ ပိုကျန်းမာပြီး ချမ်းသာလာဖို့၊ ပိုပြီး ပညာ တတ်အောင် အကူအညီပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပေါ်က အဆင်းရဲဆုံး လူတွေကတော့ နောက်မှာ အများကြီး ပြတ်ကျန်နေခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက် အစီရင်ခံစာမှာတော့ ၁၉၉၀ ခုနှစ်က ကုလ သမဂ္ဂ အဖွဲ့ဝင်တွေ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေဟာ တိုးတက်မှု ရှိလာတယ်လို့ ဆိုထားပါတယ်။ အဲဒီရည်မှန်းချက်တွေကို ၂၀၁၅ ခုနှစ်မှာ ပြည့်မီနိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။

Read More...

မဲခေါင်မြစ်ဝှမ်း ထိန်းသိမ်းရေး အမေရိကန်အမတ်များ တိုက်တွန်း

07 ဇူလိုင် 2011

အရှေ့တောင်အာရှ ဒေသမှာ ရှိတဲ့ မဲခေါင်မြစ်အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တင်းကျပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဆောင်ရေး နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အမေရိကန်ရဲ့ အသံနဲ့ မဲကို အသုံးချဖို့ အမေရိကန် အထက်လွှတ်တော်အမတ် တစုက တိုက်တွန်းလိုက်ကြပါတယ်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) ဦးဆောင်တဲ့ အထက်လွှတ်တော် အမတ်တွေက ဆုံးဖြတ်ချက် တရပ်ကို ကြာသပတေးနေ့က အထက်လွှတ်တော်မှာ အဆိုပြု တင်သွင်းခဲ့ကြတာပါ။

Read More...

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ထောင်၃ထောင် စစ်ဆေးခဲ့

07 ဇူလိုင် 2011
ဒေါ်ခင်မျိုးသက်

ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့ဟာ မြန်မာအာဏာပိုင်တွေရဲ့ ပန်ကြားမှုနဲ့ ဇူလိုင်လ ၁ ရက်ကနေ ၅ ရက်အတွင်း နယ်အကျဉ်း ထောင် ၃ ခုမှာ ရေရရှိမှုနဲ့ ရေဆိုးစွန့်ပစ်မှု အခြေအနေတွေကို သွားရောက်စစ်ဆေးခွင့် ရခဲ့ပါတယ်။ အခုလို နည်းပညာ အကူညီ ပေးမှုတွေကနေ တဆင့် မကြာခင်မှာပဲ မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်၊ အကူအညီ ပေးနိုင်ခွင့်တွေ ရလာမယ်လို့ မျှော်လင့်ထားကြောင်းလည်း ICRC က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံ အကျဉ်းထောင်တွေကို သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ICRC အဖွဲ့ဟာ အခု နည်းပညာဆိုင်ရာ အကူအညီတွေ ပေးဖို့အတွက် သွားရောက်ခွင့် ရခဲ့တယ်လို့ ICRC အဖွဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ ခရစ်ရှန် ကာဒန်က ပြောပါတယ်။

Read More...

ညောင်ဦးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြို

07 July 2011

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ် နောက်ဆုံးနေ့ဖြစ်သော ယနေ့ ညနေပိုင်းတွင် ညောင်ဦးမြို့လယ် မဏိစည်သူဈေးသို့ သွားရောက်လည်ပတ်ခဲ့ရာ မြို့ခံ ရာပေါင်းများစွာ ၀ိုင်းဝန်းကြိုဆို နှုတ်ဆက်ကြသောကြောင့် ကားလမ်းမပေါ်၊ ဈေးရုံအတွင်းနှင့် ဈေးအရှေ့တွင် လူများနှင့် ပြည့်နှက်သွားခဲ့သည်။

Read More...

တောင်ပိုင်း တိုင်းမှူးသစ် ရာထူးမှ အနားပေးခံရ

ရန်ပိုင်
07 July 2011

ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ဇူလိုင်လ ၅ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်မှ သိရသည်။

Read More...

ခွဲထွက်ကရင်များကို စည်းရုံးရေး မအောင်မြင်

သန်းထိုက်ဦး
07 July 2011

မကြာသေးခင်က ပုန်ကန် ခွဲထွက်သွားသော ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည် စည်းရုံးရန် အစိုးရက DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်ချစ်သူကို တနင်္ဂနွေနေ့က စေလွှတ် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးကြောင်း သိရသည်။

Read More...

Thursday, July 7, 2011

အကျဉ်းထောင်များအတွင်း ICRC ပြန်ဝင်ခွင့်ရ

လင်းသန့်
07 July 2011

အကျဉ်းထောင်များသို့ ၀င်ရောက်စစ်ဆေးခွင့် ပိတ်ပင်ထားသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က တာဝန်ရှိသူများသည် မြန်မာနိုင်ငံအကျဉ်းထောင် ၃ ခုသို့ ယခု အစိုးရသစ်လက်ထက်တွင် ပထမဆုံး ၀င်ရောက် ကြည့်ရှု့ခွင့် ရပြီကြောင်းသိရသည်။

Read More...

မန်းထွန်းအေး၏ ဇနီးကို ဖမ်းပေးရန် တရားသူကြီးက အမိန့်ထုတ်

July 7th, 2011

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမား မန်းထွန်းအေးအား အမိန့်ချမှတ်မည့်နေ့တွင် တရာခံ မစုံသည့် အတွက် အမိန့်မချသေးဘဲ ၎င်း၏ ဇနီးဖြစ်သူကို ဖမ်းပေးရန် တရားသူကြီး ဒေါ်ဖြူဖြူခိုင် အမိန့်ထုတ်လိုက်သည်။

ယခုလ ၄ ရက်နေ့က ပုသိမ်ခရိုင်တရားရုံးတွင် ရုံးထုတ်ပြီးနောက် လာမည့် (၈) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

Read More...

လူထုက ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားသော ကျောက်ဖြူ ကံ့ကော်တော ဘုရားလမ်း အစိုးရ စီမံကိန်းကြောင့် ပျက်စီး

7/7/2011
မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ အထင်ကရ ဘုရားတစ်ဆူဖြစ်သော ကံ့ကော်တော ဘုရားလမ်းမှာ အစိုးရ စီမံကိန်း တခု ဖြစ်သော ရွှေဂတ်စ် စီမံကိန်းမှ ကျောက်ထုတ်လမ်း အဖြစ် ကားများဖြင့် အသုံးပြု နေသဖြင့် ယခုအခါ သွားလာလို့ မရအောင် ပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။

Read More...

မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ အကြား တိုက်ရိုက် လေကြာင်းလိုင်း ပြန်လည် စတင်မည်

7/7/2011
တာကလူး

၎ နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ အကြား တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းမူကို များမကြာမှီ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read More...

တပ်မတော် နည်းပညာ ကောလိပ်ကျောင်း အရေးအခင်း (စတုတ္ထပိုင်း)

July 7, 2011
မင်းလွင်

၂၀၀၂ ခုနှစ် မေလနောက်ဆုံးပတ် အထိတောင် တပ်မတော် နည်းပညာကောလိပ် ကျောင်းသားတွေ ပေးပို့ထားတဲ့ စာနှစ် စောင် ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်ဆီက ဘာမှ အကြောင်းမပြန်ကြားခဲ့ပါဘူး။ ဒီလိုနဲ့ မေလကုန်ဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာပါတယ်။

Read More...

အပေါ်သို့