Friday, December 18, 2009

ဒီနေ့ တတိယအုပ်စု၊ တတိယလိုင်းဆိုတာ ဘယ်လိုဟာတွေလဲ

ရဲဘော်ဖိုးသံချောင်း
၁၈ ဒီဇင်ဘာ ၂၀၀၉

အခုနောက်ပိုင်း ဗမာပြည်နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတဲ့ ဝေါဟာရကို အတော်ပြောဆို သုံးနှုန်း နေကြတာ တွေ့ရ၊ ကြားရပါတယ်။ အထူးသဖြင့် နအဖ စစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတာနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြင်ဆင်တာတွေ လုပ်လာကြတဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။

ဒီတော့ သဘာဝကျစွာပဲ ဒီနေ့ အဲဒီလို ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ ကြွေးကြော် နေသူတွေကို ပြန် စောကြော မိပါတယ်။ ဘယ်လိုလူတွေက၊ ဘာရည်ရွယ်ချက်နဲ့ ဘာ့ကြောင့် ပြောနေတာလဲ။

ဒီနေရာမှာ ဖြတ်ပြောသင့်တယ်ထင်တာတခုက နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် သတ်မှတ် ကြေညာကြတာမျိုး အင်မတန် ရှားပါတယ်။ အဓိကကတော့ တိကျတဲ့ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံရေး ခွင်ကြီးတခုရဲ့ အခြေအနေကို လိုက်ပြီး သုံးသပ်သူတွေ၊ မီဒီယာတွေက သတ်မှတ်တာ ပြောဆိုတာ များပါတယ်။ ဒါပေမယ့် ဒီနေ့ဗမာပြည်က နအဖ စစ်ဒီမိုကရေစီ ခေတ်မှာ ကျတော့ ဒီလူတွေ၊ ဒီအဖွဲ့တွေဟာ သူများထက် ထူးပြီး ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ မိတ်ဆက်ပြီး ကားလိပ်ရှေ့ ထွက်လာကြတာ တွေ့နေရပါတယ်။

ပထမဆုံးအားဖြင့် အဲဒီလိုပြောနေသူတွေထဲမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ့်သူ ဆိုတာနဲ့ မဝင်မယ့်သူ ဆိုတာရယ်လို့ ခွဲရင် ရမယ် ထင်ပါတယ်။ ရွေးကောက်ပွဲကို မဝင်ဘူးလို့ ပြောပြီး ဒီအယူအဆကို တွင်တွင် ဖြန့်နေသူ၊ သူတို့နဲ့ မတူသူတွေကို ရန်တွေ့နေ သူတွေကတော့ သဘောတရားရေး ဆရာကြီးတွေ ဖြစ်ပါတယ်။ သူတို့မှာ အာဏာ-အခွင့်အရေး ရည်မှန်းချက် မရှိဘူး၊ စေတနာ သန့်သန့်နဲ့ ဒီအယူအဆတွေကို ဖြန့်နေတာလို့ ဆိုနေကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်ကတော့ သူတို့ဟာ တခြား အဖွဲ့အစည်းတွေမှာ တခြားအယူအဆတွေ အတွက်လည်း သဘောတရား ဆရာကြီးတွေ လုပ်ဖို့ ကြိုးစား ခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာ သတိမပြုမိဘဲ မနေနိုင်ပါဘူး။ သူတို့ဟာ နိုင်ငံတကာ စာမျက်နှာတွေ ပေါ်ကနေ ရှာတွေ့လို့ ရသမျှ၊ အသုံးတည့်မယ် ထင်သမျှကို ဆွဲယူပြီး ဗမာပြည် နိုင်ငံရေးနဲ့ အတင်း ဆွဲစပ်ပေးတာပါ။ သူတို့ဟာ သူများတွေကိုတော့ စာအုပ်ကြီး သမားတွေ၊ တရားသေ သမားတွေလို့ ပုတ်ခတ် တိုက်ခိုက်ပြီး သူတို့ ကိုယ်တိုင်ကတော့ စာအုပ်ကြီး- စာအုပ်ကလေး၊ ဆောင်းပါးတို၊ ဆောင်းပါးရှည်၊ လက်လှမ်း မီသမျှထဲကနေ နအဖဗိုလ်ချုပ်တွေ မနောခွေ့မယ် ထင်သမျှကို ဆွဲယူ ကိုးကား နေကြတာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စု ဖြစ်စေချင်တဲ့ လာမယ့် ရွေးကောက်ပွဲကို ဝင်ဖို့ သဏ္ဌာန်မျိုးစုံ၊ အသုံးအနှုန်း မျိုးစုံနဲ့ နှပ်ကြောင်းပေးရေးပဲ ဖြစ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၇ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင် (၃) ဦး တွေ့ခွင့်ပေးခြင်းကို အမေရိကန် ကြိုဆို သတင်း
အန်အယ်ဒီ ခေါင်းဆောင်မှု ပြင်ဆင်ရေး တိုင်းရင်းသားများ ကြိုဆို သတင်း
လှိုင်သာယာ အထည်ချုပ်စက်ရုံ အလုပ်သမား (၁၀၀၀) ကျော် ဆန္ဒပြ သတင်း
လှိုင်သာယာဆန္ဒပြပွဲ သဘောတူညီမှုရ သတင်း
ဓာတ်ငွေ့ပိုက်လိုင်းတလျှောက် ပေါ်တာဆွဲမှုများ ရှိနေဆဲ သတင်း
ရာသီဥတုညီလာခံမှာ မြန်မာများ ဆန္ဒပြ သတင်း
ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်ဟု ဒိန်းမတ်ရောက် မြန်မာများက EU ကို စွပ်စွဲ သတင်း
SSA မြောက်ပိုင်းတပ်ဖွဲ့ဝင်တွေ နယ်ခြားစောင့်တပ်ထဲ မ၀င်လို သတင်း
တရုတ်ဒု-သမ္မတ မြန်မာနိုင်ငံကို စနေနေ့ ရောက်ဖို့ရှိ သတင်း
၂၀၁၀ အတွက် မဲဆန္ဒရှင်များစာရင်း ရန်ကုန်မြို့တွင် စတင်ကောက်ယူပြီ သတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး မွေးနေ့အမှတ်တရ သတင်း
အင်းစိန်ထောင်ဆေးရုံ ဆေးဝါးပြတ်လပ်၊ ကျန်းမာရေးစောင့်ရှောက်မှု နည်းပါး သတင်း
စာရေးဆရာကြီး အီကြာကွေး (ဓနုဖြူကျော်ထွန်း) နောက်ဆုံးခရီး စာပေသမားများ၊ စာချစ်သူများ ပို့ဆောင် သတင်း
မြန်မာကျောင်းသားများကို စင်္ကာပူ ပညာသင်ဆုပေးမည် သတင်း
ပါကစ္စတန်သမ္မတအပေါ် ထုတ်ပြန်ထားသည့် လွတ်ငြိမ်းချမ်းသာခွင့် တရားရုံးချုပ်က ရုပ်သိမ်း သတင်း
ရာသီဥတုညီလာခံ သဘောတူညီချက်ရဖို့မမြင် သတင်း

Thursday, December 17, 2009

မူးယစ်သမင် မူးယစ်မိုးနဲ့ ကုလမုဆိုး

ဂါမဏိ
၁၆ ဒီဇင်ဘာ ၂၀၀၉

“အမေရိကန်၊ ရုရှား၊ တရုတ်တို့ဆီမှာ အဏုမြူလက်နက် ရှိတယ်။ ငါတို့မှာလည်း ဘိန်းဖြူ လက်နက်ရှိတယ်”

ဒီစကားကတော့ ၁၉၈၀ ခုနှစ်များနဲ့ ၁၉၉၀ ခုနှစ်များတုန်းက (ယာမ စိတ်ကြွဆေး ခေတ်မစားခင်) မဆလ - နဝတ - နအဖ စစ်ဗိုလ်ချုပ်တွေ ခိုးကြောင် ခိုးဝှက်နဲ့ ဂုဏ်ယူဝင့်ကြွား ဟစ်ကြွေးခဲ့တဲ့ စကား ဖြစ်ပါတယ်။ ဒီစကားအတိုင်း ထိုင်း-အာဆီယံ-အမေရိကန် တို့ကို တိုက်ဖို့ ဘိန်းဖြူ ထုတ်လုပ် တင်ပို့ရေးကို ဗမာစစ်အာဏာရှင် တွေက နောက်ကွယ်က အခိုင်အမာ အားပေးခဲ့ပါတယ်။ ၁၉၉၀-၉၁ တုန်းကလည်း ဗိုလ်ချုပ်မောင်အေးဟာ အမေရိကန်ကို မူးယစ်ဆေး လက်နက်နဲ့ တိုက်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို အသစ်တဖန် ပြန်ချပေးခဲ့ပါတယ်။

ဒီရည်ရွယ်ချက်နဲ့ပဲ ခွန်ဆာကို မွေးခဲ့တာဖြစ်ပါတယ် (ကွန်မြူနစ်နဲ့ တိုင်းရင်းသား သူပုန်တွေကို စစ်တပ်ကိုယ်စား တိုက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါခဲ့တယ်)။ လက်ရှိ နအဖ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေး အပါအဝင် ရပခတိုင်းမှူးတွေကို ခွန်ဆာက နှစ်စဉ်ကြေး ပုံမှန် သွင်းခဲ့ရပြီး စာအဆက်အသွယ် အမြဲ ရှိခဲ့ပါတယ်။ စီးပွားရေး ကိစ္စတွေ၊ တိုင်းရင်းသား သူပုန်သတင်း၊ ဗကပ သတင်းတွေ၊ စစ်ဆင်ရေး သတင်းတွေ ဖလှယ်ခဲ့ပါတယ်။ ဟိုတုန်းက ငွေတန်ဖိုးနဲ့ တနှစ်ကို အနည်းဆုံး ကျပ်သိန်း (၃,၀၀၀) လောက် သွင်းပေး ခဲ့ပါတယ်။ ကတော်တွေအတွက် ယိုးဒယားပစ္စည်း လက်ဆောင်တွေ ကတော့ ပြောစရာကို မလိုတော့ပါ။ ဒါ့အပြင် ခွန်ဆာဟာ ၈၈ ခုနှစ် နဝတ အာဏာသိမ်းစ ဘဏ္ဍာရေး အကျပ်ဆိုက် နေချိန်၊ နိုင်ငံတကာကလည်း ငွေကြေး အထောက်အကူ ဖြတ်တောက် ထားချိန်မှာလည်း ကျပ်ငွေရော ဒေါ်လာငွေပါ ထောက်ပံ့ ချေးငှားပေးတာတွေ လုပ်ခဲ့လို့ နဝတ အသက်ရှူပေါက် ရသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ခွန်ဆာဟာ မူးယစ်ဂိုဏ်း ပီပီသသ မနေတော့ဘဲ ရှမ်းပြည် လွတ်လပ်ရေးတွေ၊ အမျိုးသားရေးတွေ ဝင်ယောင်လာလို့ တကြောင်း၊ နဝတအဖို့ အရှေ့မြောက် အပစ်ရပ်အဖွဲ့ကြီး တွေနဲ့ စီးပွားရေး လုပ်ရတာ ပိုတွက်ခြေ ကိုက်လာတဲ့ အတွက် တကြောင်း၊ နဝတဟာ ခွန်ဆာရဲ့ အမ်တီအေ တပ်တွေကို အလေးအနက် စစ်ဆင်ရေးလုပ် အပြုတ်ဖြုတ် ခဲ့ရပါတယ်။

ဒီလိုနဲ့ စစ်ဗိုလ်ချုပ်တွေဟာ မူးယစ်ဆေး ကုမ္ပဏီသစ်တွေကို ထူထောင် လည်ပတ်လာခဲ့ပါတယ်။ အပစ်ရပ် အဖွဲ့တွေကို မူးယစ်ဆေး လုပ်ငန်းထဲ နစ်အောင် တခြားစီးပွားရေး လုပ်ငန်းတွေ ပိတ်ဆို့၊ ဖိအားတွေ မက်လုံး ဆွယ်လုံးတွေ ပေးခဲ့ပါတယ်။ နံပါတ် (၃)၊ နံပါတ် (၄)၊ ယာမ စိတ်ကြွဆေး တွေကို ပြည်ပဈေးကွက် အတွက်ပဲ ထုတ်လုပ်ဖို့၊ ပြည်တွင်း ဈေးကွက်မှာ မဖြန့်ဖို့အတွက် မူးယစ်ဆေး ထုတ်လုပ်သူတွေ၊ မူးယစ်ဆေး ကုန်သည်တွေကို နဝတ ထောက်လှမ်းရေးတွေ၊ တိုင်းမှူးတွေ၊ တိုင်းစစ်ဌာနချုပ် ဂျီ-ဝမ်း၊ ဂျီ-တူး (စစ်ဦးစီးအရာရှိ ပထမဆင့်နဲ့ ဒုတိယဆင့်) တွေက ကိုယ်တိုင်ကိုယ်ကျ ခေါ်ပြောခဲ့ပါတယ်။ ဆက်ကြေး မှန်မှန်ပေးဖို့နဲ့ ရှယ်ယာပါရဖို့လည်း ညှိတာကတော့ ထည့်ပြောစရာ လိုမယ် မထင်ပါ။

ဒါပေမယ့် စစ်အုပ်စုဟာ ဘယ်သူတေတေ ငတေမာပြီးရော သမားတွေဖြစ်တဲ့ အတွက် အဲဒီ ‘အိတ်စ်ပို့ပေါ်လစီ’ ကိုလည်း သူတို့ အထဲကပဲ ပြန်ဖောက်ဖျက် ခဲ့ပါတယ်။ နအဖ ထောက်လှမ်းရေးတွေ၊ ဗျူဟာ-တပ်မ - တိုင်းစစ်ဌာနချုပ် အဆင့် အရာရှိတွေ ဦးစီးပြီး စစ်တပ် လက်ဝေခံ မူးယစ်ဆေး ကုန်သည်တွေ လက်လီ လက်ကား သမားတွေကို ရှမ်းပြည်၊ ကယားပြည်၊ ကချင်ပြည်၊ မန္တလေး၊ ရန်ကုန်တို့မှာ ဈေးကွက်တွေ ဖွင့်ခိုင်း ခဲ့ကြပါတယ်။

ဘိန်းဖိုတွေ၊ ယာမ စက်ရုံတွေဟာ နယ်မြေခံ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ထောက်လှမ်းရေး တို့ကို ပုံမှန်ဆက်ကြေး ပေးရရုံတင် မက တိုင်းမှူး အထိပါ ပေးရပါတယ်။ တချို့ကလည်း တိုင်းမှူးကို ခွဲမပေးချင်လို့ ဗျူဟာမှူး၊ ရင်းမှူးလောက်နဲ့ပဲ လျှို့ဝှက်လုပ်တာတွေ ရှိပါတယ်။ ဒီထက်နိမ့်တဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကတော့ မူးယစ်ဆေးချိန် မူးယစ်ဆေး၊ ဆိုင်ကယ်ချိန် ဆိုင်ကယ်၊ ဝစ်သောက်ကားချိန် ဝစ်သောက်ကား၊ ကျောက်စိမ်းချိန် ကျောက်စိမ်း စတဲ့ ကယ်ရီ လုပ်ငန်းတွေနဲ့ပဲ ရပ်တည် နေကြပါတော့တယ်။ ကုန်ကုန်ပြောရရင် ဘီယာ၊ အချိုမှုန့်တောင် ကယ်ရီ လုပ်ပေးပါသေးတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၆ - ၁၂ - ၀၉)

NLD ခေါင်းဆောင်သုံးဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြု သတင်း
ပါတီခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
ဦးအောင်ရွှေ၊ ဦးလွန်းတင်နှင့် ဦးလွင်တို့၏ ကိုယ်ရေးရာဇဝင် သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင်ကို ပုတ်ခတ်ပြီး စည်းရုံးဟောပြော သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် စီအီးစီ တွေ့ဆုံပွဲအပေါ် ပြည်တွင်းပြည်ပ ကြိုဆို သတင်း
NLD ခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းမယ် သတင်း
နှစ် (၇၀) မြောက် ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပ၌ ကျင်းပ သတင်း
နယ်စပ်တည်ငြိမ်ရေး တရုတ်ဒုတိယသမ္မတ ဦးစားပေးဆွေးနွေးဖွယ်ရှိ သတင်း
သတင်းမီဒီယာများက နအဖ၏ ထောက်လှမ်းရေးများထက် လက်ဦးမှုရနေ သတင်း
ပြည့်တန်ဆာတပိုင်း အနှိပ်ခန်းများ ရန်ကုန်မြို့တွင် မထင်မှတ်လောက်အောင် များပြား သတင်း
စီးပွားရေးနှင့် နိုင်ငံရေး ခွဲထုတ်လို့မရကြောင်း နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပြောကြား သတင်း
ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာများ ပြန်ပို့ခံရ သတင်း
ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေးချိုးဖောက်ခံရ သတင်း
စာရေးဆရာကြီး အီကြာကွေး ကွယ်လွန် သတင်း
ယာယီနိုင်ငံကူးလက်မှတ်အရေး မြန်မာဘက်က ကြန့်ကြာ သတင်း
မှားယွင်းခွဲစိတ်ကုသမှုကြောင့် မိုးညှင်းတက္ကသိုလ်ကျောင်းသူတဦး သေဆုံး သတင်း
နှစ် (၃၀) ကျော်ကြာ AIDS တိုက်ဖျက်ရေးအခြေအနေ သတင်း
စတစ်ဂ်လဇ်၏ လယ်ယာဖွံ့ဖြိုးမှုအကြံပြုချက် အန်အယ်လ်ဒီ ကြိုဆို သတင်း
စီးပွားရေးပညာရှင် မြန်မာ့စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး ညီလာခံ၌ ဆွေးနွေး သတင်း
မန္တလေးတိုင်းမှ နိုင်ငံရေးသမားများ တရားမဝင်အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရ သတင်း
ထိုင်း-မြန်မာနယ်စပ်ဂိတ် (၄) ခု ထပ်ဖွင့်မည် သတင်း
မူဆယ် မူးယစ်အထူးတပ်ဖွဲ့က ဘိန်းခွန်ကောက်နေ သတင်း
မူးယစ်သမင် မူးယစ်မိုးနဲ့ ကုလမုဆိုး (ဆောင်းပါး)
ကြားညှပ်ခြင်းနှင့် ငတေတို့အုပ်စု (ဆောင်းပါး)
မသေသောဝိညာဉ်နှင့် ဦးစောဝင်း (ဆောင်းပါး)
နယူးဒေလီက ဆေးပေါင်းခတဲ့ည (ဆောင်းပါး)

အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲအပေါ် ဦးဝင်းတင်ရဲ့ အမြင်

ဘီဘီစီ အင်တာဗျူး၊
ဒီဇင်ဘာ ၁၇၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်အယ်ဒီခေါင်းဆောင်ပိုင်းကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမယ်လို့ ပြောလိုက်ပါပြီ။ ခေါင်းဆောင် လူကြီးတွေကလည်း သဘောတူတယ်လို့ သိရပါပြီ။ ဒီကနေ့ကာလ အခြေအနေနဲ့ ကိုက်ညီတဲ့ ပါတီ ခေါင်းဆောင်မှုကို ဘယ်လိုပုံစံမျိုး ဖွဲ့စည်း သင့်ပါသလဲ။ အန်အယ်ဒီပါတီ လက်ရှိ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဘီဘီစီက ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည် စတင် ပြောဆိုလာပြီ ဖြစ်တဲ့ ပါတီခေါင်းဆောင်မှု ပြောင်းလဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရပါလဲလို့ မေးကြည့်တော့ …

ဦးဝင်းတင်။ ။ ဒီဟာက ဖြစ်လာရမယ့် ကိစ္စပဲလို့ ကျနော် ယူဆပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ပုဂ္ဂိုလ်ကြီးများလည်း ပါတီမှာ ထမ်းဆောင် လာခဲ့တာ နှစ်ပေါင်းကို ဆယ်စုနှစ်ကို ကျော်သွားပြီနော်၊ အသက်တွေလည်း ကြီးလှပြီ၊ ကျန်းမာရေး တွေကလည်း ချို့တဲ့လာပြီ ဆိုတဲ့ အခါကျတော့ ဘာပဲပြောပြော သူတို့က အနားယူရမယ့် အချိန်လည်း ရောက်လာတယ်။ အဲဒီအခါကျတော့ စီအီးစီက တိုးချဲ့တယ်ပဲ ခေါ်ခေါ်၊ အားဖြည့်တယ်ပဲ ခေါ်ခေါ်၊ လုပ်ရတော့မယ့် ကိစ္စပဲဗျ။

ဘီဘီစီ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့လေ့လာစုံစမ်းမိသလောက် အန်အယ်ဒီ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း တွေက ပါတီ ခေါင်းဆောင်မှု အပိုင်းကို စနစ်တကျ ရွေးကောက် တင်မြှောက်တဲ့ ပုံစံနဲ့ သွားချင်တယ် ဆိုတဲ့ သဘောမျိုးတွေ တွေ့ရပါတယ်။ အဲဒါရော တကယ် လက်တွေ့မှာ ဖြစ်လာ နိုင်ပါ့မလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေက အဲလိုမျိုး ဖြစ်ဖို့ကို သဘောတူမယ်လို့ ထင်ပါသလား ခင်ဗျ။

Read More...

Wednesday, December 16, 2009

နေ့စဉ်သတင်းများ ( ၁၅ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ဆွေးနွေး သတင်း
တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဘိန်းစိုက်ပျိုးမှု ကျဆင်းမည်ဟု မူးယစ်လေ့လာသူများ ထောက်ပြ သတင်း
ရွေးကောက်ပွဲအတွက် သူဌေးကြီးများ စည်းရုံးနေ သတင်း
၂ဝ၁ဝ တွင်လည်း လူထုသတင်းသမားတို့ သတင်းပို့မည် သတင်း
နိုင်ငံရေးအကျဉ်းသမားအတွက် ရှေ့နေလိုက်ခွင့် ကန့်သတ်ခံရ သတင်း
နိုင်အောင်နိုင်အဖွဲ့တွင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင် ဝင်ရောက်ပူးပေါင်းလိုက်ပြီ သတင်း
ညီညီအောင်၏ ကျန်းမာရေးအတွက် မိသားစု စိုးရိမ် သတင်း
နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင် နေပြည်တော်သို့ ရောက်ရှိ သတင်း
ဖမ်းဆီးမှု များနေခြင်းကြောင့် မလေးရှားရှိ ရွှေ့ပြောင်းအလုပ်သမားများ ရှောင်ပုန်းနေရ သတင်း
မြန်မာ-အိန္ဒိယ ဓာတ်ငွေ့ပိုက်လိုင်း သတင်း
စစ်တွေတွင် ရေသွင်းခ ဈေးကြီး၍ မြို့လူထု အခက်ကြုံ သတင်း
ဒီဇယ်ပီပါများ ဆိပ်ကမ်းဝင်မည့် သတင်းကြောင့် ဒီဇယ်ဈေး ထိုးကျ သတင်း
ဧရာဝတီတိုင်းက စပါးထွက်နှုန်းကျ သတင်း
ကိုကိုးကျွန်းသို့ ဒုတိယခရီးစဉ် ထပ်မံပြေးဆွဲမည် သတင်း
အဲပုဂံက ရန်ကုန်-ချင်းမိုင် ပြေးမည်ဟု ဆို သတင်း
အရောင်းစင်တာများ မြို့တော်ဝန်အမိန့် မလိုက်နာ သတင်း
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ်များ ထပ်ဖွင့်မည် သတင်း
ပဲခူးဘုရားပွဲ၌ သံဃာတော်နှင့် ရဲ အဓိကရုဏ်းဖြစ် သတင်း
နှစ်သစ်ကူး အရောင်းမြှင့်တင်ရေး ကုန်တိုက်ကြီးများ ပြိုင်ဆိုင် သတင်း
ပညာရေးအပေါ် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စိတ်ဝင်စားမှုရှိလာ သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ငင်းတောင်းဆိုချက် (ဆောင်းပါး)
ကမ္ဘာတဝှမ်းသို့ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု (၃) (ဆောင်းပါး)

Tuesday, December 15, 2009

နေ့စဉ်သတင်းများ ( ၁၄ - ၁၂ - ၀၉)

စစ်အစိုးရခေါင်းဆောင်ပိုင်း ခြစားမှုများ ၀န်ကြီးကိုယ်တိုင် ၀န်ခံ သတင်း
ပဲခူးမြို့မှာ သံဃာနဲ့ ရဲတပ်ဖွဲ့ အခင်းဖြစ်ပွားခဲ့ သတင်း
NLD ခေါင်းဆောင် လူကြီး (၃) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဖို့ ရဲချုပ်ရုံးက ညှိနှိုင်း သတင်း
ဓာတ်ငွေ့ပိုက်လိုင်းဖောက်ဖို့ ရှမ်းပြည်ဘက်မှာ တိုင်းတာမှုများ စတင်မည် သတင်း
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု (၃) နှစ် ဆက်တိုက် တိုးလာ သတင်း
ချင်းပြည်နယ် စားနပ်ရိက္ခာရှားပါးမှုပြဿနာ သတင်း
အမေ မဟုတ်သော အမေအကြောင်း (ဆောင်းပါး)
ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးအစီအစဉ် ဦးအောင်ရွှေထံ နအဖရဲချုပ် လာရောက်တွေ့ဆုံ သတင်း
မြန်မာ့ဘိန်းထုတ်လုပ်မှု ကြောက်စရာကောင်းလောက်အောင် တိုးပွားလာဟု ကုလပြော သတင်း
တိုင်းရင်းသားအဖွဲ့များ ဘိန်းစိုက်ပြီး လက်နက်ဝယ်နေဟု ကုလ ပြော သတင်း
စီးပွားရေး နိုဘယ်ဆုရှင် စတစ်ဂ်လစ်အကြောင်း သိကောင်းစရာ သတင်း
စင်တင်ပွဲသီချင်းများတွက် တေးရေးကို အနုပညာကြေး ပေးရတော့မည် သတင်း
န၀မအကြိမ်မြောက် SSSNY ကျောင်းဆင်းပွဲ ကနေဒါသံအမတ် တက်ရောက် သတင်း
မြောက်ကိုရီးယား လေယာဉ်ပါ လက်နက်များ ဘန်ကောက်တွင် ဖမ်းမိ သတင်း
နိုင်ငံရေးအကျဉ်းသားတွေအရေး ဗြိတိန် လှုံ့ဆော် သတင်း
စီးပွားရေးပညာရှင်ရဲ့ မြန်မာခရီးစဉ် သတင်း
ဘင်္ဂလီ သစ်ခုတ်သမားများကို မြန်မာတပ်ဖွဲ့များက ငွေယူပြီး သစ်ခုတ်ခွင့်ပြု သတင်း
တစည ရခိုင်တွင် စည်းရုံးရေးလုပ်ငန်းများ အင်တိုက်အားတိုက် ပြုလုပ်ပြီ သတင်း
စစ်တွေမြို့ သမိုင်းဝင် သင်္ချိုင်း နေရာပြောင်းရွှေ့ရမည် သတင်း
စစ်တပ်ကို နိုင်ငံသားများထက် အခွင့်ထူးပေးထားသော အခြေခံဥပဒေ (ဆောင်းပါး)
တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး (၃) (ဆောင်းပါး)
မြန်မာ့ကြယ်ငါးပွင့်ကို ဦးပိုင်လီမိတက် လွှဲပြောင်းယူရန် ညှိနိုင်း သတင်း
ဝန်ဆောင်မှုများ လျှော့ပေးနေသော်လည်း နိုင်ငံကူးလက်မှတ်လုပ်သူ နည်းပါး သတင်း
ဈေးပေါသည့် စီဒီအမ်အေဖုန်း လျှောက်လွှာတင်သွင်းသူ များပြား သတင်း
အနုပညာကြေး မြင့်မားသောကြောင့် မိုက်ကယ်လန်း ဂီတပွဲ ပျက် သတင်း
အကျဉ်းစံ ထိုင်းသူလျှို၊ ကမ္ဗောဒီးယားအကျဉ်းထောင်က ပြန်လွှတ်ပေး သတင်း

Monday, December 14, 2009

နအဖ တိုင်းပြည် (သို့မဟုတ်) ဗိုလ်ချုပ်များမှသည် ဗိုလ်ရှုပ်များဆီသို့

December 14, 2009

ဒီဇင်ဘာလ ၁၁ ရက် ဟာ ၊ ဒီအက်စ်အေ (DSA) ခေါ် မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပါတ်စဉ် ၅၂ ကျောင်းဆင်းပွဲနေ့ ဖြစ်ပါတယ်။ နောက် ၁၈ ရက်နေ့ကျရင် စစ်အင်ဂျင်နီယာ ဗိုလ်လောင်းတွေရဲ့ ကျောင်းဆင်းပွဲက ဆက်လာဦးမှာပါ။ နောက်ထပ် ဒီဇင်ဘာ ၂၄ မှာ ဆေးဖက်ဆိုင်ရာ စစ်တက္ကသိုလ် ဗိုလ်လောင်းတွေလည်း ဆက်ပြီး ကျောင်းဆင်း လာကြဦးမှာပါ။ အားလုံး လူ ၇ဝဝဝ ကျော်လောက် ဗိုလ်ကလေးတွေ ဖြစ်လာကြဦးမှာပါ။ နိုင်ငံတော် အကြီးအကဲကြီးတွေ ခမျာ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲတွေပဲ လိုက်တက် မိန့်ခွန်းချွေနေ ကြရလို့ ဒီဇင်ဘာလထဲ လုံး ၀ အားကြမယ်ဖြင့် မထင်ပါဘူး။

ဒီဇင်ဘာဟာ စစ်တပ်ကိုသွေးသစ်လောင်းပေးမယ့် ဗိုလ်လောင်းတွေ ကျောင်းဆင်းတဲ့ လလို့ ဆိုလည်း မမှားပါဘူး။ (DSA) က ကျောင်းဆင်း ဗိုလ်လောင်း ဦးရေဟာ ဒီနှစ်ထဲမှာ စံချိန် တင်လောက်အောင်ကို လူတွေက များလှပါတယ်။ ဗိုလ်လောင်း ၃၇ဝဝ ကျော် ကျောင်းဆင်းပါမယ်။ ကျောင်းဆင်းပွဲမှာ လူဘယ်လောက် များလိုက်သလဲ ဆိုရင်၊ အရင် အသုတ်တွေတုံးက ၊ ဗိုလ်လောင်း ၁ ယောက်ကို မိဘ ၂ ဦး နဲ့ ဧည့်သည် ၂ ဦး ပွဲတက်ခွင့် ရှိပါတယ်။ နောက်တော့ မိဘ ၂ ပါးပဲ တက်ရပါတယ်၊ ဒီနောက် နေရာ မဆန့်လို့ မိဘ ၁ ဦးကိုပဲ ကျောင်းဆင်းပွဲ တက်ခွင့် ပေးနိုင်ပါတော့တယ်။

ဒီနှစ်မှာ ကျောင်းဆင်းမယ့် ကျောင်းသားအတွက်တောင် ထိုင်စရာနေရာ မကျန်တော့လို့၊ ဘယ်မိဘကိုမှ ဘွဲ့ယူခမ်းမထဲ ပေးမဝင်တော့ပါဘူး၊ အပြင်ကပဲ အားပေး ကြရမယ်လို့ သိရပါတယ်။ ဒါကလည်း ဒီနှစ် (DSA)ရဲ့ စတိုင် တမျိုးပါပဲ။ ဒီအက်စ်အေ ဖွင့်ခါစကဆို ကျောင်းသား ၁ဝဝ တောင် မပြည့်ခဲ့ပါဘူး၊ နှစ်အလိုက် ဗိုလ်လောင်း ကျောင်းသားတွေကို တိုးပြီး ခေါ်လိုက်တာ၊ အခုနှစ် ဆင်းတဲ့ ဦးရေဟာ စံချိန် တင်လောက် ပါသတဲ့။ အရင်တုံးက ဆယ်တန်း အောင်ပြီး တက်ရတဲ့ ဒီအက်စ်အေ (DSA) နဲ့ ဘွဲ့ရပြီးမှ သင်တန်း တက်ရတဲ့ အိုတီအက်စ် (OTS) ဆိုပြီး ဗိုလ်သင်တန်း ၂ မျိုး ရှိခဲ့ပါတယ် ။ အပြင်က ဘွဲ့ရတွေကို ဗိုလ်သင်တန်း ခေါ်တဲ့ အိုတီအက်စ် (OTS ) ဟာ အခု မရှိတော့ပါဘူး။ အဲဒီ သင်တန်းဆင်း အချင်းချင်းက သိပ်မတည့်ကြပါဘူး၊ ဒီအက်စ်အေက အိုတီအက်စ်ကို အထင် မကြီးသလို၊ အိုတီအက်စ် ကလည်း ဒီအက်စ်အေ ကို ကြည့်မရပါဘူး။

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ကျင့်ဝတ် ကတိဟာ လူမျိုးစုံ ပြည်သူလူထု တရပ်လုံးပဲ ဖြစ်တယ်

မင်းဆွေ (ပေါက်)
ဒီဇင်ဘာ ၁၄ ရက် ၂၀၀၉ ခုနှစ်

၁၉၈၈ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ပါဝင်သော ပြည်သူလူထု ကြီးတရပ်လုံးဟာ မကြုံစဘူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စုစည်းညီညွတ်စွာဖြင့် အုံကြွခဲ့ကြပြီး မဆလ တပါတီအာဏာရှင် စနစ်ကို ဖြိုချဖျက်သိမ်း၍ ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ သွန်းလောင်းရင်းနှီးပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကနေ စပြီးတော့ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ကျယ်ပြန့်ကြီးမားလှတဲ့ ဆန္ဒမွန်တွေကို အကောင်အထည် ဖော်ပေးဖို့၊ သမိုင်းရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ၁၉၈၈ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ ယခုလက်ရှိ တပ်ဦးအလံကိုင် ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ ပေါ်ထွန်း ဖြစ်တည်လာရတာ ဖြစ်ပါတယ်။ ဒီတပ်ဦး အလံကိုင် ပါတီကြီးကို မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး ဗိသုကာကြီးလည်းဖြစ် တပ် မတော်ရဲ့ ဖခင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ဆယ်စုနှစ် (၂)စု ကျော်ခဲ့ပါပြီ။ ဒီအနှစ် (၂၀)ကျော်အတွင်းမှာ (၁၅)နှစ်ကျော် အိမ်ချုပ်နဲ့ ထိန်းသိမ်း ချုပ်နှောင်ထားခြင်း ခံနေခဲ့ ရတာပါ။

အခုချိန်ထိလည်းပဲ နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင် ဖမ်းဆီး ထားဆဲ ဖြစ်ပါတယ်။ လွတ်ရက်စေ့ပြီ ဖြစ်ပေမဲ့လို့ တရားဥပဒေကို အလွဲသုံးစားပြုကာ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီး ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ အင်းစိန် ထောင်တွင်း တရားရုံးမှာ စစ်ဆေး ကြားနာပြီးတဲ့နောက် တရားသူကြီးက (၃)နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ အဲဒီ အချိန်တိုလေး အတွင်းမှာ ပဲ အထူးအမိန့်စာ စာရွက်တရွက် ရောက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီက ကမန်းကတန်း ပို့လွှတ်လာတာဖြစ်ပြီး ပြစ်ဒဏ်ကို (၁)နှစ်ခွဲ အဖြစ် လျှော့ချ ပြောင်းလဲလိုက်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၃ - ၁၂ - ၀၉)

စစ်အစိုးရကို စစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အရေးယူရန် ဘီအယ်လ်စီ ထောက်ခံ သတင်း
၂၀၁၀ ရွေးကောက်ပွဲက ဒီမိုကရေစီကို ဦးတည်မည်မဟုတ် သတင်း
သံဃာတော်များ၏ တရားပွဲများကို ကန့်သတ်လာ သတင်း
နယ်စပ်ကို လျှပ်တပြက် လာရောက်လည်ပတ်ခဲ့သည့် တိုင်းမှူးခရီးစဉ်အပေါ် လူအများက စိတ်ဝင်စား သတင်း
ဆန္ဒဖော်ထုတ်ဖို့ ဈေးသည် (၁၅၀) လမ်းလျှောက်ချီတက် သတင်း
မြန်မာကလေးသူငယ်ဆိုင်ရာ အစီရင်ခံစာ ITUC ထုတ်ပြန် သတင်း
ဦးမောင်မောင် ဥရောပကို ရောက်ရှိနေပြီး မြန်မာ့အရေးကိစ္စများ ဆောင်ရွက်နေ သတင်း
မြောက်ကိုရီးယားနိုင်ငံမှ လက်နက် (၃၅) တန် ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးရမိ သတင်း
ရန်ကုန်တိုင်းအတွင်း မပြီးဆုံးနိုင်သော လျှပ်စစ်မီးပြဿနာ သတင်း
တပ်မတော်သားတွေ ဆင်းရဲတွင်းနက်နေပါပြီလား (ဆွေးနွေးခန်း)
ရာသီဥတုဖောက်ပြန်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သတင်း
ကမ္ဘာ့ဥတုရာသီသာယာရေး ဘာသာရေးခေါင်းဆောင်တွေ ဆုတောင်း သတင်း
ဖိလစ်ပိုင်မှာ လူ (၃၀) ကျော် ထောင်ဖောက်ပြေး သတင်း
ဝှက်သယ်တဲ့ မြောက်ကိုရီးယားလက်နက် အမြောက်အများ ဖမ်းဆီးရမိ သတင်း
ဝပ် (Ward) အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယသို့ ဦးတည် သတင်း
ဂေါက်သီးလောက က ခေတ္တအနားယူမယ်လို့ ကြေညာလိုက်ရတဲ့ တိုက်ဂါးဝုဒ် သတင်း
လူတုပ်ကွေးရောဂါ မပြန့်အောင် တရုတ်နယ်စပ်ဂိတ်၌ ကျန်းမာရေးစစ်ဆေး သတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ် သတင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးက လှုပ်ရှားမှုများ (ရန်ကုန်၊ မြန်မာပြည်) သတင်း
ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေး စီတန်းလှည့်လည် သတင်း
ဘိုကလေးမြို့က ဈေးသည်တွေ အာဏာပိုင်တွေကို အံတု သတင်း
မီးနီပြတာကို ၀င်တိုက်တဲ့ ဘတ်စကား သတင်း

Sunday, December 13, 2009

နေ့စဉ်သတင်းများ ( ၁၂ - ၁၂ - ၀၉)

ဗိုလ်ချုပ်မှူးကြီး ကိုယ်ရံတော် အထူးတပ်ဖွဲ့ ထူထောင်ထား သတင်း
နယ်ခြားစောင့်တပ် လက်ခံသည့် အပစ်ခတ်ရပ်အဖွဲ့များ ကိုယ်ပိုင်အခွင့်အရေး ဆုံးရှုံးနိုင် သတင်း
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဒဏ်ခတ်ဖို့ သြစတြေးလျအစိုးရကို တောင်းဆို သတင်း
ဗြိတိန်နိုင်ငံခြားရေးဌာန အင်တာနက် မြန်မာနိုင်ငံရေးအကျဉ်းသားတွေ ဓာတ်ပုံနဲ့တကွ ဖော်ပြ သတင်း
အိုင်အယ်လ်အို တိုင်ကြားခဲ့သူ ထောင်ဒဏ် (၇) နှစ် ချမှတ် သတင်း
လက်တုံ့ပြန် တရားစွဲမှု အိုင်အယ်လ်အို အထူးအလေးထား သတင်း
ကိုညီညီအောင်ရဲ့ အကြံပေးရှေ့နေ စစ်အစိုးရကို ဝေဖန် သတင်း
ဆဒမ်ကို ဖြုတ်ချခဲ့တာ မှန်တယ်လို့ တိုနီဘလဲ ပြော သတင်း
မြောက်ကိုးရီးယား လက်နက်လေယာဉ် ထိုင်းလေဆိပ်မှာ ဖမ်းမိ သတင်း
ရာသီဥတုပြောင်းလဲမှု အလေးထား ဆောင်ရွက်ဖို့ ကမ္ဘာတ၀န်း ဆန္ဒပြလှုပ်ရှား သတင်း
ရာသီဥတုပြောင်းလဲမှုညီလာခံ ဆန္ဒပြသူ (၉၀၀) ခန့်ကို ဖမ်း သတင်း
ဒူဘိုင်း ငွေကြေးပြဿနာ မြန်မာအလုပ်သမားဈေးကွက် ထိခိုက် သတင်း
ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ကို မဲဆောက်မြို့၌ ကျင်းပ သတင်း
ကွယ်လွန်သူသမီး၏ မိသားစုက ကျေးဇူးတင်ကြောင်း သတင်းစာတွင် ထည့် သတင်း
ဗေဒင်၊ ယတြာ အားကိုးမှု ပိုတိုးလာနေ သတင်း

အပေါ်သို့