Friday, September 25, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၅ / ၀၉ / ၀၉

23.9.2009 2.jpg





နေ့စဉ်သတင်းများ (၂၄ - ၉ - ၀၉)

အမေရိကန် မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံခွင့်ရ သတင်း
အမေရိကန် မူဝါဒသစ် NLD ကို ရှင်းပြ သတင်း
မြန်မာနိုင်ငံမှာ ကျပ် ၅၀၀၀ တန် ငွေစက္ကူသစ် ထုတ်မည် သတင်း
အိုင်အယ်လ်အိုထံ ကူညီတိုင်ကြားသူကို ထောင်ဒဏ် (၂) နှစ် ချမှတ် သတင်း
နာဂစ်အလှူရှင် မိသားစုနှင့် တွေ့ခွင့်မရ သတင်း
စစ်အစိုးရ စွပ်စွဲတဲ့ ရခိုင်လူငယ်အဖွဲ့က မဟုတ်မှန်ကြောင်း ငြင်းဆို သတင်း
ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် အမေရိကန်သံရုံးက ကန့်ကွက်စာပို့ သတင်း
နအဖ စစ်အစိုးရက ကိုညီညီအောင်ကို ပုဒ်မမျိုးစုံတပ်၍ တရားစွဲရန် ပြင်ဆင်နေ သတင်း
ပါတီသွေးသစ်လောင်ပြီး ရွေးကောက်ပွဲဝင်မည်ဟု တစည ပြော သတင်း
နျူကလီးယားလက်နက်တားဆီးရေး ကုလဆုံးဖြတ် သတင်း
ကမ္ဘာ့စီးပွားရေး နလန်ထူစေဖို့ သုံးစွဲငွေတွေ ရပ်တန့်ရေး မေးခွန်းထုတ် သတင်း
ဆေးလိပ်ကြောင့် လူ့အသိုင်းအ၀ိုင်းတခုလုံးပါ ထိခိုက် သတင်း
စစ်အစိုးရ အခွန်ဆောင် မီးစက်ကြောင့် ဒေသခံ မီးစက်များ ရပ်ဆိုင်းရ သတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား သတင်း
ရွှေဝါရောင်ကာလ ရန်ကုန်မှာ လုံခြုံရေးတိုးမြှင့်ထား သတင်း
မြန်မာစစ်အစိုးရကို ပိတ်ဆို့ထားရင်း ဆွေးနွေးမှုများ ပြုလုပ်သွားမယ် သတင်း
အာဏာရှင်နဲ့ ဖက်လဲတကင်းပြုလိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ သတင်း
တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ သတင်း
အယောင်ပြအချိန်ဆွဲ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခြင်းဖြင့် နိုင်ငံရေးပြဿနာများမှာ ပြေလည်သွား မည်မဟုတ်ကြောင်း သဘောထားထုတ်ပြန် သတင်း
အကျဉ်းသားများလွတ်မြောက်မှုနှင့် ပတ်သက်၍ အဖွဲ့ချုပ် ကြေညာချက်ထုတ် သတင်း
မြင်းခြံတွင် လူငယ် (၄) ဦးထပ်မံ ဖမ်းဆီးခံရ သတင်း
ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များကို ဖမ်းဆီးထားဟု နအဖသတင်းထုတ်ပြန် သတင်း
အဖွဲ့ချုပ်ဝင် မချိုနဲ့ သုံးရောင်ခြယ် ကိုစိန်လှိုင်တို့ (၃) ဦး အမှုတွဲ စစစ် သတင်း
ကျောင်းသားဆူပူမှုဖြစ်၍ ကျောင်းကို လုံခြုံရေးတင်းကျပ်ထား သတင်း

Thursday, September 24, 2009

မစ္စတာ ဝက်ဘ်က ဦးဥာဏ်ဝင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေး

မုံပီး
ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက် 2009 ခုနှစ် 11 နာရီ 39 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ဆက်ဆံရေးကို အကြီးအကျယ် ထောက်ခံ အားပေးသူဟု လူသိများသော အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်သည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် စနေနေ့က ဝါရှင်တန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စ ဆွေးနွေး ခဲ့သည်။

ဗားဂျီးနီးယား ပြည်နယ်မှ အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသော ဦးဥာဏ်ဝင်းသည် ဝါရှင်တန်သို့ နယူးယောက်မှ ရောက်ရှိလာပြီး တွေ့ဆုံခဲ့သည်ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။

''မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဥာဏ်ဝင်းသည် ဝါရှင်တန်သို့ ပြီးခဲ့သည့် ရက်သတ္တပတ် ကုန်တွင် ရောက်ရှိခဲ့ပြီး စနေနေ့က အထက်လွှတ်တော် အမတ်နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်- မြန်မာ ဆက်ဆံရေးတွင် နောက်ထပ် တိုးမြှင့်၍ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြသည်'' ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ မဇ္ဈိမသို့ ပေးပို့သော အီးမေးလ်တွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသည် ဝါရှင်တန်ရှိ မြန်မာသံရုံးသို့ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ဝါရှင်တန်တွင် ဝက်ဘ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဦးသိန်းစိန်သည်လည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိ လာမည်ဖြစ်သည်။

ယင်းသည် ဒုတိယ-ဗိုလ်ချုပ်မှူးကြီး မောင်အေး ၁၉၉၅ ခုနှစ်က လာရောက်အပြီး မြန်မာ အဆင့်မြင့် အရာရှိတဦး ၁၄ နှစ် အတွင်း ပထမဆုံး ကုလ အထွေထွေ ညီလာခံ အစည်းအဝေး တက်ရောက်ခြင်း ဖြစ်မည်။

Read More...

“အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံး ခံရဲတယ်”

Wednesday, 23 September 2009 16:55

ဒေါက်တာဇာနည်သည် ယခင်က မြန်မာစစ်အစိုးရအား စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ရန် တက်ကြွစွာ ဦးဆောင် လှုံ့ဆော်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ တဦး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြန်မာပြည် အရေးနှင့် ပတ်သက်၍ ဒေါက်တာ ဇာနည်ကို ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မကြာသေးခင်က NLD ပါတီက ဦးဝင်းတင် ဝါရှင်တန်ပို့စ်မှာ ဆောင်းပါး တပုဒ် ရေးခဲ့တယ်။ အဲဒီထဲမှာ အခြေခံ ဥပဒေကို ပြင်ခိုင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ခိုင်းတယ်၊ NLD ပါတီကို လွတ်လပ်စွာ လှုပ်ရှားခွင့် တောင်းဆိုထားတာ တွေ့ရတယ်။ အဲဒီဆောင်းပါးနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပမှာ အမြင် အမျိုးမျိုး ရှိတာကို တွေ့ရတယ်။ ကိုဇာနည်က ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်က ဦးဝင်းတင် ပြောတာကို ထောက်ခံတယ်။ ဒါက ဦးဝင်းတင်ပြောလို့ ထောက်ခံတာ မဟုတ်ဘူး၊ သူပြောတာက အချက်အချာ ကျတယ်။ မြန်မာပြည်က ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ လျှောက်တော့မယ် ဆိုရင် ဒီ အခြေခံ ဥပဒေက ခေတ်နောက်ပြန် ဆွဲနေတာ တွေ့ရတယ်။ မဆလခေတ် ၁၉၇၃၊ ၇၄ လောက်မှ ဆွဲခဲ့တဲ့ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် တပါတီ တည်းတော့ ဟုတ်တယ်၊ ဒါပေမယ့် အဲဒီထဲမှာ တပ်မတော် နောက်ခံရှိမှ နိုင်ငံ့ အကြီးအကဲ ဖြစ်ရမယ် ဆိုတာမျိုး မပါဘူး။ အခုဟာက လက်ရှိ ၂၀၀၈ မှာ လက်ခံလိုက်တဲ့ အခြေခံ ဥပဒေကျတော့ တိုင်းသူ ပြည်သားတွေကို ပြည်တွင်း ကိုလိုနီ စနစ်ကို ရောက်အောင် တွန်းပို့နေတယ်။ ဘာလို့လဲ ဆိုတော့ စစ်သားတွေကို အလွှာတလွှာမှာ ထားလိုက်ပြီးတော့ ကျန်တဲ့ တိုင်းရင်းသားနဲ့ သာမန် ပြည်သူတွေ ကျတော့ ဒုတိယတန်းစား အဆင့်မှာ ထားထားတယ်။ အဲဒါက ဘယ်လိုမှ လက်ခံလို့ မရဘူး။ တခုတော့ ရှိတာပေါ့၊ ဒီဟာကို လက်ခံပါလို့ ပြောနေတဲ့ သူတွေက အခွင့်အရေး တခုအနေနဲ့ သုံးမယ့် သူတွေလို့ ပြောလို့ရတယ်။

မေး။ ။ ဒါဆို ၂၀၁၀ မှာ လုပ်မယ့် ရွေးကောက်ပွဲကို ရွေးစရာ မရှိတော့ဘူး ဆိုပြီး အခွင့်အရေး တခုအနေနဲ့ ကိုဇာနည်က မမြင်ဘူး ဆိုပါတော့။

ဖြေ။ ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော် လောက်ကတော့ မြင်ခဲ့တယ်ဗျ။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲ ပေါ်လာမယ်၊ နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်လာမယ် ဆိုရင် တပ်မတော် သားတွေနဲ့ ဒီဘက်က ဒေါ်အောင်ဆန်း စုကြည်တို့၊ ကိုမင်းကိုနိုင်တို့ အပါအဝင်၊ ပြည်သူတွေနဲ့ လက်တွဲ လုပ်နိုင်မယ့် အနေအထားများ ရောက်မလားလို့ စဉ်းစားခဲ့မိတယ်။ ဒါပေမယ့် သံဃာတော်တွေကို မတရား သေနတ်နဲ့ ပစ်တာ၊ ရိုက်တာ၊ နှက်တာ၊ နှိပ်စက်တာ၊ အတူတွဲ လုပ်ရမယ့် ကိုမင်းကိုနိုင် တို့လို လူတွေကို ထောင်ထဲ ဆွဲထည့်လိုက်တာ … နောက်တခုက တိုင်းရင်းသားတွေကို သေသေချာချာ နိုင်ငံရေးအရ မဆွေးနွေးဘဲနဲ့ လက်နက်အားကိုးနဲ့ လုပ်တာတွေ၊ နောက်ဆုံး ကတော့ နာဂစ်တုန်းက လူပေါင်း ၁ သိန်းကျော် သေတာကိုတောင် လူတွေရဲ့ ဒုက္ခကို မစာနာဘဲ သူတို့ လုပ်ချင်တဲ့ အခြေခံ ဥပဒေ အတည်ပြုဖို့ကို အတင်းလုပ်တာ … အဲဒီအချက်တွေကို ကြည့်လိုက်တော့ ဒီအစိုးရဟာ သကြားမင်း ဆွဲပေးတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် အောက်ကလာတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် ဒီလိုလူတွေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်လို့ မရတော့ဘူးဆိုတာ လုံးဝ လက်ခံလိုက်တယ်။

အရေးကြီးတာက အခြေခံဥပဒေကို အမြင် ၂ မျိုးနဲ့ မြင်လို့ရတယ်။ အခွင့် အရေး အနေနဲ့ မြင်မယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲကို သုံးပြီးတော့ သူတို့ ဖိနှိပ်တဲ့ လူတန်းစား ကွဲသွားမယ် ဆိုတဲ့ အမြင်ပေါ့၊ အဲဒီ အမြင်အတိုင်း သွားမယ် ဆိုရင်တော့ လက်ခံလို့ ရတယ်။ ဒါပေမယ့် ဒီအခြေခံ ဥပဒေကြီး သက်ဆိုး ရှည်မယ် ဆိုရင်တော့ ကျနော်တို့ ပြည်သူ လူထုကို သတ်သေခိုင်းတာနဲ့ တူတူပဲ။ နိုင်ငံရေးအရ သေခိုင်းတာ ပေါ့လေ။

စဉ်းစားကြည့် ကိုလိုနီစနစ်ကို ဘယ်သူကမှ မဲဆန္ဒနဲ့ မထောက်ခံ နိုင်ဘူးလေ၊ အင်္ဂလိပ် ကိုလိုနီပဲ ဖြစ်ဖြစ် စစ်တပ်ရဲ့ ကိုလိုနီပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ မဲဆန္ဒပေးပြီး ထောက်ခံခိုင်းဖို့ မသင့်ဘူးလို့ ကျနော်မြင်တယ်။

မေး။ ။ ဒါဆို တချို့ ပြည်တွင်းမှာကော၊ ပြည်ပမှာကော ရွေးစရာလမ်း မရှိတော့တဲ့ အတွက် နအဖကို နှူးနှပ်ပြီး ပူးသတ်မှ ရတော့မယ်၊ စစ်ဗိုလ်ချုပ်တွေ ကိုတော့ တဖြည်းဖြည်းချင်း ပူးပေါင်းပြီး ပြောင်းလဲပစ်မှ ရတော့မယ်ဆိုတဲ့ အမြင်တွေ အများကြီး တွေ့ရတယ်။ မြန်မာ့ အရေးမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေ၊ မြန်မာနိုင်ငံကို ပိုက်ဆံပေးနေတဲ့ ဒိုနာ နိုင်ငံတွေ ပြည်တွင်း ပြည်ပက နိုင်ငံရေး သမားတွေက အစပေါ့၊ ဒီလူတွေကို နအဖက ဆေးဖော် ကျောဖက်ကော လုပ်ရဲ့လားဗျ။

Read More...

ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာ များသို့

September 24, 2009
ရေးသူ- လူထုစိန်ဝင်း

“ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန် နေရစ်ပြီ” စင်ကာပူ မှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့ နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတေကွ ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။

ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရ မှာလဲ လို့တော့ တိတိ ကျကျ မပြောပါဘူး။ နိုင်ငံခြား ပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။

“မြန်မာတွေပျင်းတယ်”
“မြန်မာတွေညံ့တယ်၊ ဖျင်းတယ်”
“မြန်မာတွေ စည်းကမ်းမဲ့တယ်”
“မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး” စတဲ့ စတဲ့ အပေါ်စီးက ကြည့်တဲ့ လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။

အဆုံးသို့

နေ့စဉ်သတင်းများ ( ၂၃- ၉ - ၀၉)

စစ်အစိုးရနှင့် ညှိနှိုင်းရန် ထိုင်းဝန်ကြီးချုပ် ပြောကြား သတင်း
မြန်မာ-အမေရိကန် ဆက်ဆံရေးပြန်ကောင်း လာမည်လော သတင်း
ဦးဉာဏ်ဝင်း ၀ါရှင်တန်သို့ တရက်တာ သွားခွင့်ရ သတင်း
မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံးတိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေ သတင်း
ဒီကေဘီအေတပ်ဖွဲ့ စောင့်ကြည့်စစ်ဆေးမှုကြောင့် ရွာသားများ အနေကျပ် သတင်း
ကေအဲန်ယူတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖစစ်တပ် တပ်အပြောင်းအလဲ မလုပ်နိုင်သေး သတင်း
ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့်အစီစဉ် နအဖဘက်က ရွှေ့ဆိုင်းထား သတင်း
ရပ်ကွက်တွင်း စစ်ဆေးမှု ပိုများလာ သတင်း
ဘူးသီးတောင်နှင့် မောင်တောတွင် ညမထွက်ရ အမိန့်ထုတ် သတင်း
ရခိုင်လူငယ်များ ဖမ်းဆီးခံရ သတင်း
ရခိုင်ကျောင်းသားလူငယ် (၂၀) နီးပါး စစ်ကြောရေးစခန်းသို့ ရောက်ရှိ သတင်း
အင်အားကောင်း အတိုက်အခံဖြစ်ရေး ဦးရွှေအုန်း ဖိတ်ခေါ် သတင်း
၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်၊ အဆင့်မြင့် သတင်းစာပညာသင်တန်း ပို့ချ သတင်း
“အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်” (Dr ဇာနည်နှင့် အင်တာဗျူး)
၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်းနှင့် ဆက်သွယ်မေးမြန်းချက် သတင်း
အသတ်ခံရသည့် မြန်မာများအတွက် နစ်နာကြေးရရေး မိသားစုများကို ထိုင်းလူ့အခွင့်အရေးအဖွဲ့ကူညီ သတင်း
ရွှေဝါရောင် တော်လှန်ရေးထဲမှာ … (ဆောင်းပါး)
တတိယလှိုင်းတို့ နားချပါဦး (ဆောင်းပါး)
အမေရိကန်၏ မြန်မာမူဝါဒ အပြောင်းအလဲမှာ (ဆောင်းပါး)
အတောင်ဖြန့်လာတဲ့ သိမ်းငှက် (ဆောင်းပါး)

Wednesday, September 23, 2009

ကေအန်ယူနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်

ကျော်ခ
အင်္ဂါနေ့၊ စက်တင်ဘာလ 22 ရက် 2009 ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင် လွတ်မြောက်ရေး တပ်မတော်နှင့် တပ်မဟာ ၆ နယ်မြေ အတွင်းသို့ တပ် အပြောင်းအလဲ လုပ်ရန် ရောက်ရှိ လာသည့် စစ်အစိုးရ တပ်တို့အကြား ယမန်နေ့မှ စ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

စစ်အစိုးရ၏ ခမရ ၃၅၅ နှင့် ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကေအန်အယ်အေ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်နှင့် ယနေ့နံက်တို့၌ ပြောက်ကျား တိုက်ပွဲများ ဖြစ်နေခဲ့သည်။

ယမန်နေ့တိုက်ပွဲသည် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ အဖလုံ (ပိုးကရင်ရွာ) နှင့် ကိုက် ၂၀၀၀ ခန့်တွင် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် စစ်အစိုးရဘက်မှ တပ်ကြပ်ကြီးတဦး အပါအဝင် နှစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရသွားကြောင်း တပ်မဟာ ၆ ပြောခွင့်ရသူက ပြောသည်။

“ဒီနေ့နံနက် ၇ နာရီမှာ အဖလုံ အပေါ်ဘက်က မြိုင်သာယာနဲ့ သန်းတင်ကြားမှာ နောက်ထပ် တစ်ပွဲ ထပ်ဖြစ်တယ်။ ထပ်ဖြစ်တော့ ခမရ ၃၅၅ က တယောက်ကျတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ ကေအန်အယ်အေ ဘက်ကတော့ ထိခိုက် ဒဏ်ရာရမှု မရှိဘူး။ ဒီနေ့ ထပ်တိုက်တဲ့ ပျောက်ကျား တပ်ဖွဲ့ ကလည်း မနေ့က ၅ ယောက်ပဲ” ဟု ဗိုလ်ကြီးစောထဲနေက မဇ္ဈိမကို ပြောသည်။

တပ်မဟာ ၆ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ ချောင်းဆုံ ကျေးရွာတွင် အခြေချနေသော နအဖတပ်ရင်း ခမရ ၃၅၆ နှင့် အစားထိုးရန် ယမန်နေ့က ဝင်ရောက်လာသည့် အင်အား ၆၀ ပါ ခမရ ၃၅၅ တပ်ဖွဲ့အား ကေအန်အယ်အေ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ မှ တပ်ကြပ်ကြီး ထီးဖာ့ ဦးဆောင်သော တပ်သား ၅ ဦးပါ ပျောက်ကျား တပ်ဖွဲ့က ခြုံခို တိုက်ခိုက်ခြင်း ဖြစ်သည်။

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၉ - ၀၉)

အ၀ီစိပန်းတိုင်သို့ အရောက်လှမ်းနေတဲ့ အာဏာသိမ်းစစ်အစိုးရ သတင်း
သံဃာတော် (၂၄၀) ထောင်ချခံနေရကြောင်း HRW ပြောကြား သတင်း
သာသနာ့ဥသျှောင်အဖွဲ့လှုပ်ရှားမှုနှင့် ပြည်တွင်းသံဃာ့အခြေအနေ သတင်း
အရှင်စန္ဒာဓိက ရိုက်နှက်ဒဏ်ကြောင့် ခွဲစိတ်ကုသရမည့် အခြေအနေရောက် သတင်း
မြန်မာစစ်ခေါင်းဆောင်တွေကို စပိန်နိုင်ငံမှာ တရားစွဲ သတင်း
နတ်မောက်မြို့နယ်က လျှို့ဝှက်မြေအောက်လိုဏ်ခေါင်းစီမံကိန်း သတင်း
အရှင်ဂမ္ဘီရ ငှက်ဖျားဝေဒနာ ခံစားနေရဟု ထောင်တွင်းမှ ပေးပို့သော စာတွင် ပါရှိ သတင်း
အန်အယ်လ်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရပါက ပါတီမူဝါဒများ ဆွေးနွေးမည်ဟု ဦးဝင်းတင် ပြော သတင်း
ခေါင်းဆောင်များနှင့် ထပ်မံတွေ့ခွင့်ရရန် NLD တောင်းဆို သတင်း
နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်မလွတ်သေးဟု ဦးဝင်းတင် ပြောကြား သတင်း
လွတ်မြောက်လာသူများက ဆိုးဝါးသော ထောင်တွင်းအခြေအနေများကို ထုတ်ဖော် သတင်း
၈၈ ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိကုသရန် အရေးပေါ်လိုနေ သတင်း
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုကျော်လွင်နှင့် ဆက်သွယ်မေးမြန်းချက် သတင်း
စစ်အစိုးရနှင့် SSA-S အပစ်ရပ်မလား သတင်း
နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနား ဘင်္ဂလာဒေ့ခ်ျတွင် ပြုလုပ် သတင်း
ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှစစ်တပ် အသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်းများကို ရှာဖွေစစ်ဆေးမှု များ ပြုလုပ် သတင်း
ရခိုင်အနောက်ဘက် နယ်စပ်တလျှောက် ငလျင်လှုပ်ခတ် သတင်း
ကရင်ရွာသား ရာနှင့်ချီ၍ ကူးစက်ရောဂါ ဖြစ်ပွား သတင်း
ဦးသုဝေနှင့် ဦးဝင်းနိုင် ရှင်းလင်းပွဲ ဂျာနယ်များတွင် ဖော်ပြခွင့်မရ သတင်း
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ မှတ်တမ်းအတွက် ဖိတ်ခေါ်ခြင်း သတင်း
မေ့လျော့နေသော အလုပ်သမားဝန်ကြီးဌာနကို အသက်သွင်းရန် စစ်အစိုးရ ကြိုးစား သတင်း
ဟိုတယ်အမည်ခံ ဇိမ်ခန်းများတွင် နအဖ စစ်အရာရှိများ ပါဝင်ပတ်သက်နေ သတင်း
ဆက်သွယ်ရေးဝန်ကြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်း သတင်း
ထိုင်းစားသုံးဆီများ မြန်မာဘက်သို့ ပြန်လည်တင်သွင်း သတင်း
စီမံချက်ကြောင့် ဓာတ်ပြားဆိုင်များပိတ် သတင်း
ဇေယျဝတီ စက်ရုံဝန်ထမ်းများ ခံစားခွင့်မဲ့ အလုပ်ထုတ်ခံရ သတင်း
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရောက်ရှိ သတင်း
အာဏာသိမ်းတာ ထိုင်းလူထု ပျော်တယ်လို့ ဗိုလ်ချုပ်ကြီး ဆွန်သီ ပြောဆို သတင်း
ဒုက္ခသည် (ဆောင်းပါး)

Tuesday, September 22, 2009

ချီးတုံးကို ကိုယ်းကွယ်သူများ

September 21, 2009


ကိုရီးယားရုပ်ရှင်တွေနိပ်စက်ထားတဲ့အတွက် အအိပ်ပျက် အစားပျက် ဖြစ်နေတဲ့ ပေါတာကြီးဟာ ကျန်းမာရေး ထိခိုက် တော့တာပေါ့။ သူ့ကျန်းမာရေးကို သူစိုးရိမ်လာတယ်။ သူ့ဝမ်းကို သူနေ့တိုင်း စစ်နေတယ် ဆိုတာကို ဆရာဝန်က တဆင့် ကြားတော့ အောင်သောင်း မောင်သောင်း၊ မောင်အေး၊ ရွေမန်း၊ ကျော်ဆန်းနဲ့ ခင်ရီတို့ တသိုက်ဟာ သန်းရွှေအိမ် ကို မိုးလင်းတာနဲ့ မယောင်မလည်နဲ့ ရောက်နေကြတယ်။ ပေါတာကြီးဝမ်းကို အပြိုင်အဆိုင် စစ်ဆေးကြသတဲ့။ သူ့ထက်သူ သာသွားမှာလည်း စိုးကြပုံရတယ်။ အောင်သောင်းက.....

“တပ်ရှုပ်ကြီး ၀မ်းကို ဒီလို ရေအိမ်မှာ မသွားပါနဲ့ ဂန်ဖလားထဲမှာပဲ သွားပါ။ ဆရာဝန်တိုင်း မယုံရဘူး။ ကျနော်လည်း ဘိန္ဓောလေး ဘာလေး နားလည်ပါတယ်။ မနက်တိုင်း ကျနော် စစ်ပေးပါမယ်။ ”

ဒါနဲ့ ပေါတာကြီးလည်း ဂန်ဖလားထဲမှာပဲ ၀မ်းကို သွားလိုက်တယ်။ သန်းရွှေကြီး မစင်ပုံကို အောင်သောင်းက တုတ်တချောင်းနဲ့ ဟိုမွှေ ဒီမွှေ လုပ်နေတယ်။ ဒီအခါ မောင်အေးကလည်း အားကျမခံ- စုံထောက် ရှားလော့ဟုမ်း သဲလွန်စကို လိုက်သလိုမျိုး လေးဖက် ထောက်ပြီး ဂန်ဖလား နား အသေအချာ ကပ်ကြည့်လိုက်တယ်။ ခပ်ပြင်းပြင်း တချက် ရူလိုက်ပြီး -

“အင်း အနံ့ကတော့ မဆိုးဘူးလို့ မှတ်ချက်ချတယ်။” ဒီအခါ ရွှေမန်း ကလည်း ...

“မှန်း ကျနော် ကြည့်ပါရစေ”

ပြီးတော့မရွံ မရှာ ချီးတုံးကို လက်နဲ့ဇတ်ကနဲ ကောက်ကိုင်လိုက်တယ်။ လေးနက်တဲ့အသွင်နဲ့......

“၀မ်းက မဆိုးပါဘူး။ မာသားပဲလို့”

ပေါတာကြီးကို မျက်နာ လုပ်လိုက်တယ်။ သန်းရွှေကြီးလည်း သူတပည့်တွေ သူ့အတွက် ပူနေတာကို ကြည့်ပြီး အားရတော် မူသတဲ့။ သန်းရွှေကြီးက မောင်အေးနဲ့ ရွှေမန်းကို ကြည့်ပြီး ပြုံးတော်မူတော့ အောင်သောင်းဟာ အနေရ ကြပ်သလို ခံစားလာရတယ်။ သူက ငယ်စဉ်က အလွန် နုံချာတယ်ဆိုပဲ။

အိမ်ကြိုအိမ်ကြား ကြီးလာရတယ်။ လူတကာရဲ့ အနှိပ်စက် ခံလာရတဲ့ အတွက် သိမ်ငယ် စိတ်တွေက ရင်ထဲမှာ တသိမ့်သိမ့်နဲ့ လှုပ်ရှား လာသတဲ့။ ဒီကောင်တွေကို မနာလို စိတ်တွေ ဖြစ်လာတယ်။ တပ်ရှုပ်ကြီးကို ဂန်ဖလားမှာ အီးအီးပါဖို့ အကြံပေးခဲ့တာက ဒီကောင်၊ တပ်ရှုပ်ကြီးက ချီးကျူးတော့ သူတို့။ သူရဲ့  မနာလို ၀န်တိုမှုတွေကို မျိုချလိုက်ရင်း-

“ပြစမ်းပါဦး မသိပဲ ရမ်းမပြောကြပါနဲ့ ရွှေအကြောင်း ဖယောင်းသက်သေ မစင်အကြောင်း အောင်သောင်း သက်သေပါခင်ဗျ” လို့ ခနဲ့ တဲ့တဲ့ ရွဲ့ တဲ့တဲ့ ဆိုရင်း ဂန်ဖလားကြီး သူ့ဖက်ကို ဆွဲလိုက်တယ်။ မစင် တတုံးကို ဇတ်ကနဲ ကောက်ပြီး ပါးစပ်ထဲ သွင်းချ လိုက်တော့တယ်။ အားလုံးက “ဟာ” ကနဲ ဖြစ်သွားတယ်။

အဆုံးသို့

ဘဝတပါး(နတ်လူရိသည်)

September 21, 2009


“ဟေ့ကောင်သန်းရွှေ ခုထွက်ခဲ့စမ်း”

“မင်းကိုသတ်ပစ်မယ်...”

“မင်းဆက်ဒမ်ဟူစိန်လိုပဲ သေစေရမယ်....”

အသံတွေကဆူညံနေသည် နှလုံးခုန်သံတွေကလည်း ပေါက်ကွဲထွက်တော့မတတ်။

အိပ်ပျော်သွားမိတိုင်းလည်း အလားတူ အိမ်မက်တွေက လိုက်နှောင့်ယှက် နေသည်မှာ အတော်ပင် ကြာခဲ့ပြီ။ အဆိုးဆုံးကတော့ အိမ်မက်ထဲမှာ ဆက်ဒမ်ဟူစိန် ကိုယ်တိုင် သူ့ဆီလာပြီး စကားပြောခြင်းပင်။

ဆက်ဒမ်က အိမ်မက်ထဲမှာ အဝတ်မပါ။ လည်ပင်းတွင်တော့ သေမိန့်ပေးခံရစဉ် ကတည်းက မချွတ်ရသေးသော ကြိုးကွင်းကြီး တခုသာ ပါသည်။ သူ၏ ပါးစပ်တခြမ်းမှာလည်း သွေးများ ယိုစီးကျနေပြီး မျက်စိနှစ်လုံးမှာလည်း ထိတ်ခန့် ခြောက်ချားဖွယ် အဆမတန် ပြူးထွက် နီရဲနေသည်။

ပြီးတော့ဆက်ဒမ်က သူ့ကို အသံသြသြကြီးနှင့် အော်ခေါ်နေသည်။

“အဆွေတော် သန်းရွှေ ... အဆွေတော်ရဲ့ အလှည့်ရောက်ဖို့လည်း သိပ်မလို တော့ပါဘူးကွာ။ ကျွန်ုပ်တို့ တတွေ ငရဲပြည်ရဲ့ အနက်ဆုံးတနေရာမှာ ပြန်ဆုံကြတာပေါ့”

အဆုံးသို့

ပြည်တွင်းသံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုများ (၂၀၀၉)

စက်တင်ဘာလ


ကမ္ဘာအေးကုန်းမြေတွင် မြန်မာသံဃာတော်တို့ သပိတ်မှောက်ကံဆောင်ခြင်း ပြုလုပ်ဟုဆို သတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ ကျင်းပ သတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား သတင်း
သီတင်းကျွတ်လပြည့်နေ့မှာ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ စတင်မယ် သတင်း
အသက် (၅၀) ကျော် သံဃာနှစ်ပါးကို ဖမ်းဆီးသွား သတင်း
သံဃာတော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု သတင်း
တတိယအကြိမ် ကံဆောင်ပွဲအတွက် သံဃာများကို စောင့်ကြည့်မှုများရှိနေ သတင်း
သံဃာတော် (၃) ပါးကို လက်နက်ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးနေ သတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား သတင်း

သံဃာတော် (၂၄၀) ထောင်ချခံနေရကြောင်း HRW ပြောကြား သတင်း

သာသနာ့ဥသျှောင်အဖွဲ့လှုပ်ရှားမှုနှင့် ပြည်တွင်းသံဃာ့အခြေအနေ သတင်း

အရှင်ဂမ္ဘီရ ငှက်ဖျားဝေဒနာ ခံစားနေရဟု ထောင်တွင်းမှ ပေးပို့သော စာတွင် ပါရှိ သတင်း

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား သတင်း

ရွှေဝါရောင် (၂) နှစ်ပြည့် ကာလ အဖမ်းအဆီးကြမ်း သတင်း

စစ်အစိုးရက သံဃာတော်များကို အနီးကပ် စောင့်ကြည့်နေ (ရုပ်သံသတင်း)

စာသင်တိုက်တိုင်း မြန်မာစစ်အစိုးရအား သပိတ်မှောက် ကမ္မဝါစာ ရွတ်ဆိုရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ တိုက်တွန်းနှိုးဆော် သတင်း

ဗုဒ္ဓတက္ကသိုလ်စာမေးပွဲများ စစ်တပ်လုံခြုံရေးတင်းကျပ်မှုဖြင့် ဖြေဆိုရ သတင်း

ရခိုင်ပြည်နယ်မှာ သံဃာတော်တွေ စောင့်ကြည့်ခံရ သတင်း

သံဃာတော်များနှင့် မွန်လူငယ်များက ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်သည့် မီးပုံးပျံလွှတ်ပွဲတော် ပြုလုပ် သတင်း

ဓမ္မာစရိယ စာချဆရာတော် စစ်အစိုးရက ဖမ်းဆီး သတင်း

ရွှေဝါရောင်နှစ်ပတ်လည်အထိမ်းအမှတ် သတင်း

သံဃာများအား ရိုက်နှက်မှုကို ၀န်ချတောင်းပန်ရန် သံဃာတပ်ပေါင်းစု တောင်းဆို သတင်း

သံဃာ့အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနား အိန္ဒိယမှာ ပြုလုပ် သတင်း

ဆီဆွမ်းလောင်းအလှူပွဲတွင် အာဏာပိုင်မှ လုံခြုံရေးတင်းကြပ်ထား သတင်း

သံဃာများညီညွတ်ဖို့ စာသင်သားရဟန်းများ တိုက်တွန်းလှုပ်ရှား သတင်း

တော်သလင်းလပြည့်နေ့တွင် သံဃာတော်များ ဆန္ဒပြရန် ကြိုးစား သတင်း

သံဃာတော်တပါးကို အာဏာပိုင်များက လှည့်ဖြား၍ ဖမ်းဆီး သတင်း

စာသင်သံဃာများကို ၀ါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့် သတင်းများထွက် သတင်း

မေတ္တာပို့လမ်းလျှောက်ဖူးတဲ့ သံဃာတော်များ ထိန်းသိမ်းခံနေရ သတင်း

သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ် သတင်း

သံဃာတပါးကို အာဏာပိုင်များ ထပ်မံဖမ်းဆီး သတင်း

-------------



သြဂုတ်လ


သံဃာများအား ဆက်လက်ဖမ်းဆီးနေ သတင်း

သံဃာတော်များအား စောင့်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေ သတင်း

သံဃာ့သပိတ်မှာ ပါဝင်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု နှိုးဆော် သတင်း

သံဃာတော်များက လျှို့ဝှက်အဖွဲ့များ ဖွဲ့စည်း သတင်း

သံဃာတော်များ နိုင်ငံရေးကင်းရှင်းဖို့ သတိပေး သတင်း

သံဃာအားလုံး ပေါင်းစည်းညီညွတ်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော် သတင်း

နေ့စဉ်သတင်းများ ( ၂၁- ၉ - ၀၉)

မိသားစုဆရာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည် သွေးအားနည်းနေကြောင်း ဆရာဝန် ပြောဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ တောင်းဆို သတင်း
အန်အယ်လ်ဒီက နိုင်ငံရေးအကျဉ်းသားများကို ဆေးကုသပေး သတင်း
သတင်းစာများ မလိမ့်တပတ်လုပ်နေဟု သတင်းဆရာကြီးနှင့် ကျောင်းသားအဖွဲ့ ပြောဆို သတင်း
ကိုမျိုးရန်နောင်သိမ်း ညှဉ်းပမ်းခံခဲ့ရလို့ လမ်းမလျှောက်နိုင်တော့ သတင်း
ကိုဘိုဘို ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရတာကြောင့် အာရုံကြောထိပြီး ဝေဒနာခံစားနေရ သတင်း
မြောင်းမြထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ညှဉ်းပန်းခံနေရ သတင်း
လွှတ်ပေးစာရင်းထဲမှာ နိုင်ငံရေးအကျဉ်းသား (၁၁၉) ဦး ပါဝင်ဟု အဖွဲ့ချုပ်က ပြော သတင်း
ညီညီအောင်ကို အင်းစိန်ထောင်ထဲ ပို့လိုက်ပြီ သတင်း
ကိုကျော်ဇောလွင် အင်းစိန်ထောင်မှာ ညှဉ်းပန်းနှိပ်စက်ခံရ သတင်း
မကေသီအောင်နဲ့ (၂) ဦး မန္တလေးအကျဉ်းထောင်က လွတ်မြောက်လာ သတင်း
နိုင်ငံရေးအကျဉ်းသမားများ ပိုမိုလွတ်မြောက်ရေး သတင်း
စစ်အစိုးရတပ်ဖက်က စစ်ဦးစီး ကိုးကန့်တိုက်ပွဲအပြီး အရေးယူခံနေရ သတင်း
ကိုးကန့်အရေးကို ပြည်တွင်းနိုင်ငံရေးအင်အားစုများမှ ပထမဆုံးအကြိမ် ကန့်ကွက် သတင်း
ရန်ကုန်တိုင်း မြို့နယ်ရဲမှူးတွေ ထိန်းသိမ်းခံထားရ သတင်း
မြန်မာပြည်က သို့လောသို့လော တွေးစရာ ကြော်ငြာတချို့ သတင်း
ဆင်းရဲတိုင်းပြည်များကို ၀က်တုပ်ကွေးကာကွယ်ဆေး ဖြန့်ဝေပေးမည် သတင်း
တရုတ်ပြည် နှစ် (၆၀) ပြည့်ပွဲအပြီး ၀ အား စစ်အစိုးရ ထိုးစစ်ဆင်ဖွယ်ရှိ သတင်း
ကိုးကန့်ဒေသ ဒကစမှူး ဖမ်းဆီးစစ်ဆေးခံနေရ သတင်း
စစ်အစိုးရနှင့် အန်ဒီအေ-ကေ အတွင်းရေးမှူးဟောင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေး သတင်း
ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာတဖက်ကမ်းသို့ တရုတ်အာဏာပိုင်များ အဝင်အထွက်လုပ်နေ သတင်း
ကေအန်ယူတပ်မဟာ (၆) က မြန်မာစစ်အစိုးရတပ်ကို ချုံခိုတိုက်ခိုက် သတင်း
ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမှုနှင့် စောင့်ကြပ်မှုများရှိနေ သတင်း
စရဖနှင့် နစက အားပြိုင်ပွဲတွင် ရယက ဥက္ကဌ ဖမ်းဆီးခံရ သတင်း
ထိုင်းနှင့်မြန်မာ ပူးတွဲမေတ္တာပို့လမ်းလျှောက်ပွဲ မဲဆောက်မြို့တွင် ပြုလုပ် သတင်း
သေနတ်ပစ်ကျင့်ရင်း အရပ်သားတဦး ထိမှန်ဒဏ်ရာရ သတင်း
ကတ္တီပါလက်အိတ် ကျွတ်ကျသွားပြီးတဲ့နောက် သတင်း
လွင့်မျောနေသော ကြယ်ပွင့်ကလေးများ (ဆောင်းပါး)
အန္တရာယ်ကို ထမ်းပို့ခဲ့ရသော မောင်အောင်နိုင် (ဆောင်းပါး)
အကျဉ်းထောင်တံခါးများ ပွင့်သော်လည်း (ဆောင်းပါး)

Monday, September 21, 2009

ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ

ဂါမဏိ
post by Sunday, September 20, 2009

၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နားမဆံ့အောင်ကို ကြားနေရပါတယ်။ ပြားသွားတယ် ဆိုတာက တကမ္ဘာ လုံးရဲ့ စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေးတွေ တဆက်တည်း ဖြစ်သွားပြီလို့ ပြောတာ ဖြစ်ပါတယ်။ စက်ရုံ အလုပ်ရုံတွေကို မဖွံ့ဖြိုး သေးတဲ့ နိုင်ငံတွေမှာ လာဖွင့်ကြတယ်၊ သူဌေးတွေက တကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင်ရာမထ ဆက်သွယ်ပြီး ရောင်းဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခ နိမ့်ကျ ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေတွေတိုးပြီး ဆင်းရဲ တွင်းက လွတ်လာကြတယ်လို့ ကမ္ဘာပြားရှေ့နေတွေက မစားရဝခမန်း ဝါဒဖြန့် ကြော်ငြာနေပါတယ်။ ဥပမာတွေအဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။

နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီ ဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှု လုပ်ငန်းတို့ နေရာမှာ နည်းပညာ အဆင့်မြင့် လုပ်ငန်းတွေ၊ အသိဉာဏ်လုပ် ငန်းတွေက အစားထိုး လွှမ်းမိုး သွားပြီလို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော် နေကြပြန်ပါတယ်။

ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေတွေကို လေ့လာ ကြည့်ကြရအောင်။

စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကို ကြည့်တဲ့အခါ အမေရိကန် နိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ်လာ ၁၁ဝဝဝ၊ ၈ဝဝဝ ရှိကြပါတယ်။ တောင်ကိုးရီးယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင်ဝမ် မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တလကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ အဲဒီ နိုင်ငံတွေက အထည်ချုပ် စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံ စတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့ နိုင်ငံတွေဆီ ရွှေ့ပြောင်း ဖွင့်ကြတဲ့ အခါ တရုတ်ပြည်မှာ သွားဖွင့်ရင် လုပ်အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေ အတွက် ကွန်ပျူတာ အင်တာနက် တယ်လီဖုံး စတဲ့ အဆင့်မြင့် ဆက်သွယ်ရေး ဝန်ဆောင် လုပ်ငန်းတွေကို လက်ခွဲ လုပ်ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန် နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရပါ တယ်။

ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက် ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်က လာတဲ့ အလုပ်သမားတွေ ရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဌေးက နေစရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက်ပျိုးရေး အလုပ်သမားတွေ နေရတဲ့ ဘဝက ပိုဆိုးပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၀- ၉ - ၀၉)

နိုင်ငံရေးလှုပ်ရှားနေသူတွေကို ဆက်ဖမ်းနေဆဲ သတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးစစ်ဆေး သတင်း
သွေးပေါင်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်ထံ ဆရာဝန် သွားခွင့်ရ သတင်း
လွှတ်တဲ့အထဲ စစ်တပ်အရာရှိဟောင်းတွေ ပါဝင် သတင်း
ထောက်လှမ်းရေးနဲ့ အကောက်ခွန်ဟောင်း အများစုသာ လွတ်ငြိမ်းသက်သာ သတင်း
လွတ်မြောက်နိုင်ငံရေးအကျဉ်းသားများအတွက် NLD ကူညီ သတင်း
အကျဉ်းသား နောက်ဆက်တွဲ သတင်း
လွတ်ငြိမ်းချမ်းသာခွင့် ဘာကြောင့်ပေးသလဲ (ဆွေးနွေးခန်း)
အဓိကရုဏ်းနှိမ်နင်းရေးနဲ့ စစ်သင်တန်းတွေ ပေးနေ သတင်း
နိုင်ငံမဲ့ ရှမ်းတိုင်းရင်းသားကလေးငယ် ဂျပန်စက္ကူလေယာဉ်လွှတ်ပြိုင်ပွဲမှာ တတိယဆုရရှိ သတင်း
ဖရ၀ိဟာရရှေးဟောင်း ပုထိုးတော်အနီး ထိုင်းနိုင်ငံသားတွေ ဆန္ဒပြခွင့်ပြု သတင်း
အကျိုးစီးပွားအတွက် သွင်းကုန်ခွန်စည်းကြပ် တံတိုင်းကာရံခြင်း သတင်း
နိုင်ငံရေးဆက်မလုပ်ရန် လက်မှတ်မထိုးသူကို အာဏာပိုင်များက ဆက်လက်ချုပ်နှောင်ထား သတင်း
NLD လမ်းစဉ်အတိုင်း ဆက်သွားမည်ဟု မုံရွာအောင်ရှင် ပြော သတင်း
သူမ၏ လုပ်ဆောင်ချက်များ မှားယွင်းခဲ့ခြင်းမရှိဟု မအိမ့်ခိုင်ဦး ပြော သတင်း
လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ (၄၀၁) လက်မှတ်ထိုးရတဲ့အပေါ် မကျေနပ် သတင်း
ရက္ခိုင်ဝံသာနု စာပေအသင်း ဥက္ကဌ လွတ်မြောက်လာ သတင်း
သံတွဲထောင်မှ နိုင်ငံရေးအကျဉ်းသမား (၂) ဦး လွတ်မြောက် သတင်း
သရက်နဲ့ ကော့သောင်းထောင်က နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်လာ သတင်း
လွတ်ငြိမ်းသက်သာခွင့်ကို စောင့်ရသဖြင့် သာမန်အကျဉ်းသားတချို့ နစ်နာ သတင်း
အာဏာသိမ်းခေါင်းဆောင်တွေကို အသရေဖျက်မှုနဲ့ Da Torpedo ကို ဒဏ်ငွေ ဘတ် (၅၀၀၀၀) ချမှတ် သတင်း

အပေါ်သို့