Friday, November 2, 2012

ထိပ်တန်း ဆန်စပါးတင်ပို့သူ အဆင့် ပြန်ရ ရန် မြန်မာနိုင်ငံ ကြိုးပမ်း၊ ငါးနှစ်ကာလ အတွင်း ဆန်စပါး တင်ပို့မှု နှစ်ဆတက်ရန် စီစဉ်

နိုဝင်ဘာလ ၀၁၊ ၂၀၁၂

ဆယ်စုငါးစုကြာ စစ်အာဏာရှင်စနစ်ကြောင့် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဘဝ မကျရောက်မီက မြန်မာနိုင်ငံ သည် ကမ္ဘာ့ထိပ်တန်း ဆန်စပါးတင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့သည်။ ယခုအခါ ငါးနှစ်တာ ကာလအတွင်း ဆန်စပါးတင်ပို့မှု နှစ်ဆ တက်လာရန် စီစဉ်နေသည်။

အထွက်နှုန်းနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးလာပါက ယခု ၂ဝ၁၃ မတ်လတွင် ကုန်ဆုံးမည့်နှစ် အတွက် တန် ၁.၅ သန်းမှ၊ ၂ဝ၁၇ တွင် မက်ထရစ်တန် ၃ သန်းအထိ နိုင်ငံခြားတင်ပို့မှု တိုးတက်လာဖွယ် ရှိကြောင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်း အတွင်း ရေးမှူးချုပ် ဦးရဲမင်းအောင်က အောက်တိုဘာ ၂၅ တွင် ပြောကြားခဲ့ သည်။ အမေရိကန် စိုက်ပျိုးရေးဌာန ၏ အောက်တို ဘာ ၁၁ ခန့်မှန်းချက်အရ ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ ဆန်စပါးတင်ပို့မှုမှာ တန် ၇၅ဝ,ဝဝဝ ရှိမည်ဟု ဆိုပါသည်။

Read More...

နိုင်ငံခြား အကြွေးဝယ်ကတ်များ မြန်မာနိုင်ငံ သို့ ရောက်ပြီ

နိုဝင်ဘာလ ၀၁၊ ၂၀၁၂

မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်စနစ် မဖွံ့ဖြိုးခဲ့ခြင်းသည် ကမ္ဘာ့ခရီးသွား ဧည့်သည်များအတွက် နှစ်ကာလ ရှည်စွာ ခေါင်းခဲ စိတ်ပျက်ခဲ့ရမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ် စနစ်ကို စတင်တော့မည် ဖြစ်ရာ Visa, Master Card, China Union Pay နှင့် Japan Credit Bureau တို့သည် မြန်မာအစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ခွင့်ပြုချက်ရရှိသွားပြီဖြစ်သည်။ အဆိုပါသတင်းကို အစိုးရ ထိန်းချုပ်ထားသော မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ သော်လည်း မည်သည့် နေ့ရက်တွင် စတင်မည် ဆိုသည့်အချက်ကိုမူ မဖော်ပြခဲ့ပေ။

အဆိုပါ အကြွေးဝယ်ကတ်များ စတင်ကျင့်သုံး နိုင်ရန် စာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာ့သတင်း နည်းပညာ ကုမ္ပဏီတို့မှ နည်းပညာအရ တာဝန်ယူ ကိုင်တွယ် မှာဖြစ်ပြီး ဒေသခံဘဏ်များနှင့် ATM စက်များမှ တစ်ဆင့် စားသောက်ဆိုင် များ ဟိုတယ်များတွင် စတင် သုံးစွဲအသုံးပြုမည် ဖြစ်ပါသည်။ အမေရိကန်၏ ဆယ်စုနှစ်ချီ၍ ပိတ်ဆို့ အရေးယူ မှုကြောင့် မြန် မာနိုင်ငံတွင် အဓိကကျသော အကြွေးဝယ် ကတ်စနစ်မှာ ကျယ်ပြန့်စွာ မဖွံ့ဖြိုးခဲ့ သဖြင့် နိုင်ငံခြား ခရီးသွားများနှင့် စီးပွားရေး သမားများသည် ငွေအထပ်လိုက် ကိုင်တွယ် သုံးစွဲခဲ့ကြရပါသည်။ သည် မြန်မာနိုင်ငံ၏ သမဝါယမဘဏ်နှင့် တွဲဖက်၍ အကြွေး ဝယ်ကတ်စနစ်ကို ကျင့်သုံးမည်ဟု လွန်ခဲ့သောလက ကြေညာ ခဲ့ပါသည်။ ငွေချေရေး စနစ်ကို အီလက်ထရောနစ် စနစ်အသွင် ပြောင်းလဲမှုသည် ခရီးသွားလုပ်ငန်းအတွက် ကောင်းသော အကျိုးသက်ရောက် မှု ရရှိစေမည် ဖြစ်ပါသည်။

Ref: အင်ဒီပဲန်ဒင့်

Read More...

JETRO အကြီးအကဲမြန်မာ့ ဈေးကွက်ကို အမွှမ်းတင်ပြောကြား

နိုဝင်ဘာလ ၀၂၊ ၂၀၁၂

ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့အစည်း (Japan External Trade Organization) အကြီးအကဲက မြန်မာနိုင်ငံ သည် လူလတ်တန်းစားများ အားကောင်းလာခြင်းဖြင့် မြန်မာဈေးကွက်သည် ဂျပန် စီးပွားရေးသမားများ အတွက် အခွင့်အလမ်း များ မြင့်တက်ရလာနိုင်ကြောင်း ပြောကြားလိုက်ပါသည်။ Ishige သည် မကြာမီက ရန်ကုန်မြို့ အနီးတစ်ဝိုက် တွင် ဂျပန် ကုမ္ပဏီများအတွက် စက်မှုဇုန်အသစ်များထူထောင်ရန် ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူ ဖြစ်ပါ သည်။ မြန်မာနိုင်ငံ ၏ လုပ်ခသက်သာခြင်း၊ စာတတ်မှုနှုန်း မြင့်မားခြင်းတို့သည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆွဲဆောင်မှုများ ဖြစ်သည်ဟု Ishige က မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

Read More...

မြန်မာတို့၏ အဓိကလေဆိပ် အမြန် အဆင့်မြှင့် ရန်လို

နိုဝင်ဘာလ ၀၁၊ ၂၀၁၂

မြန်မာလေကြောင်း အရာရှိများက ပုဂ္ဂလိကအပိုင်းမှ ရန်ကုန်နိုင်ငံ တကာလေဆိပ်ကို အမြန်ဆုံး အဆင့်မြှင့်ရန် ကြိုးပမ်း သင့် ကြောင်း၊ ကြာသာပတေးနေ့က ပြောကြားလိုက်ပါသည်။ မြန်မာတို့၏ အဓိက လေဆိပ် ဖြစ်သော ရန်ကုန် နိုင်ငံတကာ လေဆိပ် သည် ယင်း၏ ဝန်ဆောင်နိုင်မှု စွမ်းရည်ထက် ပိုကာ လုပ်ဆောင်နေရကြောင်း၊ ယခုနှစ် အတွက် ခရီးသည် ၂.၇ သန်း လက်ခံ ရမှာဖြစ်ပြီး ထမ်းနိုင်သည့် စွမ်းရည်ထက်များစွာ ကျော်လွန်နေ ကြောင်း၊ ထိုကြောင့် လေဆိပ်အား အမြန်ဆုံး မြှင့်တင်ရန် လေ ကြောင်းဌာန အရာရှိတစ်ဦး ဖြစ်သူ ဦးတင်နိုင်ထွန်း က ပြောကြားခဲ့ ပါသည်။

နှစ်ပေါင်းများစွာ ကြမ်းကြုတ်သည့် စစ်ဘက်ကြီးစိုးမှု အောက်တွင် ရှိခဲ့သော မြန်မာနိုင်ငံသည် ကမ္ဘာ့မြေပုံ၏ မမြင်ကွယ်ရာ တွင် ရောက်ရှိသလို ဖြစ်နေခဲ့ရာမှ ယခုအခါ နိုင်ငံရေး ပြောင်းလဲမှုများ နှင့်အတူ ခရီးသွားများ ဒလဟော လိမ့်ဝင်လာရာမှ မနိုင်ဝန် ဖြစ်လာရပေသည်။ လေကြောင်းလိုင်းများ ကျပ်လာခြင်း နှင့်အတူ ခရီးသည်များ အတက် အဆင်း ပြုကြရာမှာ အခက်အခဲများ ရှိလာခဲ့ပါသည်။

ထို့ကြောင့်ပင် အရပ်ဘက် လေကြောင်း ထိန်းသိမ်းရေးဌာနမှ ပုဂ္ဂလိက နှင့် ပြည်ပရင်းနှီးမြှုပ်နှံလိုသူတို့အား ပူးပေါင်း၍ လုပ် ဆောင်ကြရန် တိုက်တွန်း ထားပြီး ရန်ကုန်မှ မိုင် ၅ဝ အကွာခန့်တွင် လေဆိပ်သစ်ကြီး တည်ဆောက်ရန် အစီအမံများ ချ မှတ်ထားကြပါသည်။ အဆိုပါ အစီအစဉ်မှာ ၂ဝ၁၃ ခုနှစ်တွင် စတင်ပြီး ၂ဝ၁၆ ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထား ပါသည်။

Ref: အင်ဒီပဲန်ဒင့်

Read More...

လာမည့် ရွှေမြွှေဟောက် စစ်ရေး လေ့ကျင့်မှု တွင် မြန်မာစစ်ဘက် အရာရှိ လေ့လာသူများ ပါဝင်နိုင်

နိုဝင်ဘာလ ၀၁၊ ၂၀၁၂

လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ဖြည်းဖြည်းချင်း စတင်လုပ် ဆောင် လာသော မြန်မာနိုင်ငံမှ စစ်ဘက် အရာရှိများကို လာမည့်နှစ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု များ ပြုလုပ်ရန် ဖိတ်ခေါ်ဖွယ် ရှိကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိများက ဆိုပါသည်။

Read More...

ကရင်ပြည်အတွင်း လူထုများ ခံစားနေရသည်များကို ပုံဖော်ထားသည့် ပန်းချီပြပွဲ KSNG ပြုလုပ်

2 November 2012
စောခါးစူးညား

ကရင်ပြည်နယ်အတွင်း လက်ရှိ လူထု၏ ခံစားနေရမှုများကို သရုပ်ဖော်သည့်အနေဖြင့် ကရင်ကျောင်းသားများကွန်ယက် အဖွဲ့- KSNG မှ ယမန်နေ့ည ၇နာရီမှ ၁၀နာရီအထိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပန်းချီပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

KSNG ဥက္ကဌ စောမော့က “မြန်မာနိုင်ငံမှာရှိတဲ့ ကရင်ဒေသတွေမှာ ဖွံ့ဖြိုးရေးကြောင့် ဒုက္ခရောက်တဲ့ ပြည်သူတွေဖြစ်စေ၊ လူ့အ ခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်သူတွေဖြစ်စေ၊ သူတို့မှာ ကြုံတွေ့ခံစားရတဲ့အရာတွေကို ထုတ်ဖော်တဲ့အနေနဲ့ ဒီလို ပန်းချီပြပွဲ လေး လုပ်တာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

“သူ့ဘက်ကလည်း မျှတ၊ ကိုယ့်ဘက်ကလည်း မျှတရမယ်”လို့ဆိုတဲ့ နော်အုန်းလှ ရဲ့ ကေအဲန်ယူအပေါ်အမြင်

1 November 2012

မေး – လက်ရှိ ကေအဲန်ယူမှာ ခေါင်းဆောင်ပိုင်း ပဋိပက္ခ ဖြစ်နေတယ်လေ။ ဒီအပေါ်မှာ ဘယ်သူတွေကို ဘယ်လိုရိုက်ခတ်မှု ဖြစ် မလဲ။

ဖြေ – ခေါင်းဆောင်ပိုင်း ဒီလိုမျိုးဖြစ်တဲ့အခါကျတော့ ကရင်တမျိုးသားလုံးကို ရိုက်ခတ်တာပေါ့။ ဘာလို့လဲဆိုတော့ ခေါင်းဆောင် ပိုင်းဆိုတာကတော့ ဒီလိုမျိုး မဖြစ်သင့်ဘူးပေါ့နော်။ ဖြစ်တဲ့အပေါ်မှာ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပြီးတော့မှ မဖြစ်သင့်တာတွေ ဖြစ်လာ တဲ့အခါကျတော့ ကရင်တမျိုးသားလုံးကို ထိခိုက်တာနဲ့ အတူတူပဲ။ ဘာလို့လဲဆိုတော့ အချင်းချင်း ကွဲတယ်ဆိုတဲ့အခါကျတော့ လူကြီးဖြစ်ရင် လူငယ်ပိုင်းလည်း အောက်ပိုင်းလည်း ကွဲမှာပဲဆိုတာ။ ဒါကြောင့်မို့ ဒီလိုမျိုး ပြန်ပြီးတော့ ခေါင်းဆောင်ပိုင်းတွေ ရိုက် ခတ်မှုဟာ တမျိုးသားလုံးကို ထိခိုက်တယ်လို့ပဲ မြင်တာပေါ့။

မေး – အဖွဲ့အစည်းအတွက် ကရင်လူထုအတွက် အားသာချက်၊ အားနည်းချက် ဘာတွေ ရှိမလဲ။

ဖြေ – ဒါပေမယ့် အခုလက်ရှိအခြေအနေ သူတို့တွေ ပြန်ပြီးတော့ အခြေအနေတွေကို ထိန်းနိုင်တာတဲ့အပိုင်းတွေကို တွေ့ရတယ်။ ဒါကြောင့်မို့ ဒီအပေါ်မှာ အန်တီကတော့ လောလောဆယ် အခြေအနေကတော့ ခဏတော့ ယာယီ ညီသွားတယ်လို့ အန်တီ မြင် တယ်ပေါ့နော်။ ဒါပေမယ့် ညီလာခံ ပြန်လုပ်မယ်ဆိုရင် အဖြေတစ်ခုတော့ ထွက်လာမှာပေါ့။

မေး – ကေအဲန်ယူကို နိုင်ငံရေးအရ၊ အမျိုးသားရေးအရ ဘယ်လိုလျှောက်လှမ်းစေချင်ပါသလဲ။

ဖြေ – ယုံကြည်ခဲ့တဲ့ လမ်းစဉ်အတိုင်းပေါ့နော်။ ဒါကိုတော့ ခိုင်ခိုင်မာမာ ရပ်စေချင်တယ်။ ဘာလို့လဲ ဒီအပေါ်မှာလည်း အန်တီတို့ လက်ရှိအခြေအနေမှာ အန်တီတို့ နိုင်ငံမှာ ရှိတဲ့ ပြည်တွင်းကရင်တွေပေါ့နော်။ လက်ရှိအခြေအနေမှာ ဂုဏ်ယူစရာ အချက်တစ် ချက် ဖြစ်တဲ့အတွက် ဒါကိုလည်း ဂုဏ်ယူတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ရပ်တည်ခဲ့တဲ့ အရင်တုန်းက မူပေါ့နော်။ တချို့ ဟာတွေကျတော့ မပြင်သေးတာကို လက်ခံတယ်။ တချို့က ပြင်စရာ မလိုဘူး။ ရပ်တည်သင့်တယ်လို့ အန်တီ မြင်တယ်။ အရင် ရပ်တည်ချက်အတိုင်း ရပ်တည်သင့်တယ်လို့ အန်တီ မြင်တယ်။

မေး – ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကေအဲန်ယူကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဆောင်စေချင်ပါသလဲ။

ဖြေ – ခုနက အန်တီ ပြောသလိုပေါ့။ ကိုယ့်ရဲ့ မူမှာပေါ့နော်။ ဥပမာ ဒီရည်ရွယ်ချက်က ကရင်ပြည်သူ ငြိမ်းချမ်းရေးတစ်ခုလုံးလို့ ယူတဲ့အခါကျရင်၊ ပြည်တွင်းငြိမ်းချမ်းရေး လိုချင်တဲ့ အခါကျရင်တော့ ကိုယ့်ရပ်တည်ချက်မူပေါ့ တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ် ရမယ်။ တစ်အချက်က တဖက်က မတရားလုပ်ရင်လည်း ခံစရာအကြောင်း မရှိဘူး။ တစ်ဖက်သတ်ကြီးပဲ ဖြစ်တဲ့ဟာတွေက တော့ မဖြစ်သင့်ဘူးပေါ့။ ဒါငြိမ်းချမ်းရေး အရာမမြောက်ဘူးလို့ အန်တီ မြင်တယ်။ ငြိမ်းချမ်းရေးဆိုရင်တော့ သူ့ဘက်ကလည်း မျှတ၊ ကိုယ့်ဘက်ကလည်း မျှတရမယ်။ တရားမျှတမှ ငြိမ်းချမ်းရေးဆိုတာ ဖြစ်မှာလေ။ တရားမမျှတဘဲ တစ်ဖက်သတ်ဆိုရင် တော့ ရေရည်မတည်မြဲဘူး အန်တီ အဲလိုပဲ မြင်တယ်။

Ref: ကေအိုင်စီ

Read More...

“ကေအဲန်ယူ ခေါင်းဆောင်တိုင်း လူထုအသံကို နားစွင့်ဖို့၊ ပူးပေါင်းပြီး ပြတ်သား ရဲရင့်ကြဖို့” တောင်ကလေးဆရာတော် မိန့်ဆိုမြွက်ကြား

1 November 2012

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ တောင်ကလေးဆရာတော် ဦးပညာသာမိအား လက်ရှိ ကေအဲန်ယူအပေါ် အမြင် သဘောထား ကို ကေအိုင်စီမှ သွားရောက်တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်သည်။

မေး – ဆရာတော်အနေနဲ့ KNU ရဲ့ လက်ရှိ အခြေအနေ၊ လုပ်ဆောင်ချက်၊ ရပ်တည်ချက်တွေကို ဘယ်လိုမြင်ပါသလဲ။ ဆရာ တော်ရဲ့ အမြင်သဘောထားကို သိချင်ပါတယ်။

Read More...

သြစတြေးလျားရောက် လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်မှ ဆုချီးမြှင့်

1 November 2012
ဖိုးခွါးလေး

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင်အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှုရေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သြစတြေးလျားနိုင်ငံတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများကို အခကြေးငွေမယူဘဲ သြစတြေးလျား လူမှုကွန်ယက်နှင့် ချိတ်ဆက်မိအောင် ကူညီဆောင်ရွက်ပေးသည့်အပြင် သူမ၏ အားလပ်ချိန်အတွင်း၌ လူမှုအသိုင်းဝိုင်းကို ကူညီပေးနေသော ကြောင့် ၀န်ကြီးချုပ်မှ ထိုသို့ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၅ရက်နေ့က Cathy Brunton မြို့ရှိ Italian Social Club of Werribee ခမ်းမဆောင်တွင် နော်စေးထူးအဲ့မိုး ရိုကို သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က ကိုယ်တိုင် လာရောက်ဂုဏ်ပြုကာ ယင်းဆု ကို ဆုချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

နော်စေးထူးအဲ့က “ကျမ ဒီဆုကို ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ မထင်မှတ်ဘဲ ရသွားတဲ့အတွက်ကြောင့် အရမ်းပျော်လို့မဆုံး ဖြစ်မိ တယ်။ နောက် ဒီဆုကိုရတာ ကရင်တမျိုးသားလုံးရတယ်လို့ ခံစားရတယ်။ အခု ကျမဟာ ကရင်လူမျိုးဖြစ်တယ်ဆိုတာ ဝန်ကြီး ချုပ်သိသွားတော့ အရမ်းကျေနပ်အားရမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ သြစတြေးလျားနိုင်ငံတွင် ရောက်ရှိအခြေချနေသည့် ကရင်လူငယ်များသည် သူမနည်းတူပင် လူမှုရေးလုပ်ငန်း တွင် တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်ကြပြီး ကရင်လူမျိုးများ၏ ဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း သူမက ပြောဆိုသည်။

Prime Minister’s Above and Beyond Award ဆုသည် သြစတြေးလျနိုင်ငံရှိ လူမှုရေးလုပ်ငန်းအရေးကို စိတ်ရော ကိုယ်ပါ စွမ်း စွမ်းတမံ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူများကို တနှစ်တစ်ကြိမ် နှစ်စဉ် ရွေးချယ် ဂုဏ်ပြု ပေးအပ်လျှက်ရှိသည်။

နော်စေးထူးအဲ့မိုးရိုသည် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကျပြီးနောက်ပိုင်း ၁၉၉၉ခုနှစ် တွင် သြစတြေးလျားနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခဲ့ပြီး ခင်ပွန်းသည် စောထူးစောနှင့် သားတစ်ဦး၊ သမီးတစ်ဦး ရှိသည်။

သူမသည် လက်ရှိ သြစတြေးလျား လူမှုကွန်ယက်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ကာ ၎င်းကွန်ယက်၏ လုပ်ငန်းများကို ဆက် လက် လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။

Ref: ကေအိုင်စီ

Read More...

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ကြရန် UNFC နှင့် NCUB သဘောထားထုတ်ပြန်

1 November 2012
နန်းသူးလေ

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဂုဏ်သိက္ခာရှိသော ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက် ကြရန် ရည်ရွယ်၍ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် ပြည်ထောင် စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ-NCUBတို့က ယနေ့ ပူးတွဲသဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရသည် တိုင်းရင်းသားအတိုက်အခံအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေ ချိန်၌ ကချင်ပြည်နယ်အပြင် သျှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ ထိရောက် အောင် ပူးပေါင်းလုပ်ဆောင်ကြရမည်ကို မီးမောင်းထွန်းပြလိုသောကြောင့် ယခုလို သဘော ထားထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း UNFC တွဲ ဖက်အတွင်းရေးမှူး(၂) ခွန်ဥက္ကာက ပြောသည်။

Read More...

ပြည်နယ်လုံခြုံရေးအတွက် ဓါး၊ လှံ ကိစ္စအပေါ်၌ ဒေသခံများ ပေးသည့် အကြံ

ဝင့်သင်ဇာကျော် (မြစ်မခ)
1 Nov, 2012

ရခိုင်ပြည်နယ် အ၀ှမ်းတွင်(၃)ရက်တွင်း ဓား၊လှံ၊ လက်နက်များကို နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့များသို့ အပ်နှံရန် ကြေညာချက် ထုတ်ပြန်ခြင်းထက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လိုက်လံသိမ်းဆီးခြင်းမျိုး သာပြုလုပ်သင့်ကြောင်း ရခိုင်ဒေသခံများက အကြံပြုသည်။

“ကျွန်တော်တို့ရပ်ကွက်တော့ ဘယ်သူမှ သွားမအပ်ဘူး၊ ရဲတွေက လိုက်ဖမ်းမှရမယ်၊ ဘယ်သူဓား၊ ဘယ်သူ့ လျှံကိုင်လည်းဆိုတာ လိုက်ရှာဖွေပြီးဖမ်းမှ နယ်မြေလုံခြုံမယ်။ “ဟု စစ်တွေမြို့အောင်မင်္ဂလာ ရပ်ကွက်မှဘင်္ဂလီလူမျိုးဖြစ်သူ ဦးအာဘူးရှည်က ပြောသည်။

Read More...

ခိုးဆိုးလုယက် ဘ၀ ပြန်မရောက်လို၍ အနှေးယာဉ်လုပ်သားများဆန္ဒထုတ်ဖော်

ယမင်း (မြစ်မခ)
1 Nov, 2012

လှိုင်သာယာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့အနှေးယာဉ် လုပ်သားနှစ်ရာကျော်က တရားဝင်လိုင်စင် ချထားပေးရန် အတွက် နိုဝင် ဘာလဆန်းပိုင်း၌ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသည်။

တရားဝင် လုပ်ကိုင်စားသောက်လိုခြင်းကြောင့် အနှေးယာဉ်ဆိုက္ကားများအတွက် အခွန်ပေးဆောင် လိုင်စင်ရရှိလိုမှုအပါအ၀င် လိုင်စင်မဲ့အနှေးယာဉ်ဖမ်းဆီးမှုအား ရပ်တန့်စေရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့ခြင်းလည်းဖြစ် သည်။

Read More...

ပုသိမ်ကြီးမှ မြေယာနစ်နာမှုများအတွက် တရားဝင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
1 Nov, 2012

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ဇီးအုပ်နှင့် ကံကြီးကုန်းမှမြေယာ ၀ယ်ယူထားသူများကအချက် (၁၀)ချက်ပါ သဘောထား ကြေညာ ချက်တစ်ရပ်ကို ယနေ့ထုတ်ပြန်၍ ၎င်းတို့၏နစ်နာမှုများအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲ တစ်ရပ်ကို တရားဝင်စာတင်၍ ပြုလုပ် သွားမည်ဖြစ်ကြောင်း မြေရှင်တို့ထံက သိရသည်။

နိုဝင်ဘာလ(၁)ရက်နေ့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)နှင့်(၇၁)လမ်းထောင့်တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်၍ မီဒီယာကို အသိပေးလိုက်ခြင်း ဖြစ်သည်။

“ကံကြီးကုန်း ဇီးအုပ်နေပြည်သူများရဲ့နစ်နာဆုံးရှုံးမှုများအပေါ်မှာ အများပြည်သူလူထုနှင့်တကွ နိုင်ငံတော် အကြီးအကဲများ သိရှိ နိုင်ရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ကို ကျွန်တော်တို့ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှုးထံ တင်ပြသွားမှာ ဖြစ်ပါတယ်´´ဟု မီဒီယာတွေ့ဆုံပွဲသို့ တက်ရောက်လာသော ဦးကိုလေးက ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲကို ၎င်းတို့အနေဖြင့် မန္တလေးမြို့ထဲတွင် ပြုလုပ်လိုသော်လည်း လုပ်ခွင့် မရနိုင်ဟု ယူဆသဖြင့် ပုသိမ်ကြီး မြို့နယ်အတွင်း ပြည်ကြီးတံခွန်နှင့် ထိစပ်နေသည့် နေရာများ၌ လာမည့်နိုဝင်ဘာ လဆန်းပိုင်း အတွင်း ပြုလုပ်သွားမည် ၄င်းက ဆက်ပြောသည်။

ဆက်လက်၍ အဆိုပါမြေများသည် ကျူးမြေများ မဟုတ်ကြောင်း ၊ မြေကွက်များကို ၀ယ်ယူစဉ်က ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မယက များသို့တင်ပြပြီး ၀ယ်ယူခွင့်ရှိပါသည်ဟု ပြောသောကြောင့် အရပ်စာချုပ် များ ပြုလုပ်ကာ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စာချုပ်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လက်မှတ်ပါရှိကြောင်း နစ်နာသူတစ်ဦးဖြစ်သည့် မချိုမာလွင်က ရှင်းလင်းပြောကြား ခဲ့သည်။

“ဂျာနယ်တွေ သတင်းမီဒီယာတွေ တော်တော်များများနဲ့ စည်ပင်က ကျမတို့ ကံကြီးကုန်းနဲ့ ဇီးကုန်းမှာ ၀ယ်ထားတဲ့သူတွေကို ကျူးတွေပါလို့ သုံးနှုန်းပါတယ်၊ ဒါပေမဲ့ ကျမတို့က ကျူးတွေ လုံးဝမဟုတ်ပါဘူး ရှင့်၊ ဘာဖြစ်လို့လဲဆိုတော့ ကျူးဆိုတာ စာချုပ် စာတန်းလည်း မပြနိုင်ဘူး၊ အထောက်အထားလည်း မပြနိုင်ပဲ သူများမြေမှာ နေတယ်ဆိုမှ ကျူးလို့သတ်မှတ်ပါတယ်၊ ကျမတို့က ကျူးမဟုတ်ရဘူးလို့ ပြောရတာက ကျမတို့မှာ ပြစရာ စာချုပ်စာတန်းတွေ ရှိပါတယ်ရှင့်´´ဟု မချိုမာလွင်က ရှင်းပြသည်။

အဆိုပါ စာချုပ်များမှာ နိုင်ငံတော် အသိအမှတ်ပြု စာချုပ်များဖြစ်ပြီး ကျေးရွာဥက္ကဌများ ကိုယ်တိုင်အသိ သက်သေလက်မှတ်များ ပါရှိသည် ဟု ၎င်းကဆို၍ ကျေးရွာဥက္ကဌဖြစ်သူက ယခုမြေကွက်များမှာ စည်ပင်သာယာမှ ချပေးထားသော မြေကွက်များဖြစ်ပြီး အိမ်နံပါတ်ပြားများ ထုတ်ပေးခြင်းများပြု လုပ်ခြင်း နံပါတ် မရရှိသူများအတွက်လည်း အိမ်နံပါတ်ပြား တစ်ခုလျှင် ငွေကျပ်ငါး ထောင်နှုန်းဖြင့် ပြုလုပ်ပေးကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

မန္တလေးမြို့တော်စည်ပင်မှ အဆိုပါမြေကွက်များနှင့်ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ (၁၅) ရက်နေ့အပြီး မိမိအစီအစဉ် ဖြင့်မိမိ ဖယ်ရှားကြရန် အကြောင်းကြားထားကြောင်း ကိုလည်း သိရသည်။

“စတင်ရောင်းချခြင်းပြုလုပ်တုန်းက၊ ရဲကလည်း မတားခဲ့ဘူး၊ စည်ပင်ကလည်း မတားခဲ့ဘူး၊ ကျေးရွာအုပ်ချုပ်ရေးကလည်း မတား ခဲ့ဘူး ၊ ဘယ်သူမှ မတားခဲ့လို့ ကျမတို့က ဒီလိုဝယ်ယူရခြင်း ဖြစ်ပါတယ်´´ဟု မချိုမာလွင်က ဆက်ပြောသည်။

အဆိုပါမြေကွက် အရောင်းအ၀ယ်များသည် ၂၀၀၅ ခုနှစ်မှစတင် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ယခင်မန္တလေး မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်မှ လာရောက်စစ်ဆေးမှုများရှိခဲ့ပြီး တားဆီးမှု မရှိခဲ့ကြောင်းကိုလည်း ၄င်းတို့ကဆိုသည်။

``ပထမမြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကိုယ်တိုင် ဒီကိစ္စကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာ ရှိပါတယ်။ သူကိုယ်တိုင် ကျောင်းဝင်းထဲကိုလာပြီး စစ်ဆေးတာမျိုး ၊ မြို့တော်ဝန် ဦးဖုန်းဇော်ဟန် ကိုယ်တိုင် ဒီနေရာတွေကို မရောင်းရဘူး မ၀ယ်ရဘူးဆိုပြီး လာပြီးတော့ ပြောတာလည်း မရှိခဲ့ပါဘူး ´´ ဟု မချိုမာလွင်က ဆက်ပြောသည်။

Ref: မြစ်မခ

Read More...

အနော်ရထာစက်မှုဇုန်အရေး လာရောက်ဖြေရှင်းပေးရန် အိုးအိမ်ကို တောင်းဆို

ထွန်းနေအောင်(မြစ်မခ)
1 Nov, 2012

အနော်ရထာစက်မှုဇုန်(၁)တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ စစ်ဆေးခြင်း မရှိသဖြင့် လယ်သမားများအနေဖြင့်ဆက်လက်ဆန္ဒပြကာ အိုးအိမ်ဦးစီးဋ္ဌာနမှ လာရောက် ဖြေရှင်း ပေးရန်လို လျှက်ရှိကြောင်း လယ်သမား များက ဆိုသည်။

“စုံစမ်းရေးကော်မရှင်က စစ်ဆေးခဲ့ပြီ။ စစ်ဆေးလို့ တရားမျှတမှုမရှိဘူးဆိုရင် စုံစမ်းရေးကော်မရှင်ကို တိုင်မယ်။ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ဘယ်လိုအရေးယူရမလဲဆိုတာ စဉ်းစားမယ်။ သို့သော်လည်း အခုအချိန်အထိ လာရောက်စစ်ဆေးမှုတွေ မလုပ် သေးပါဘူး။”ဟု လယ်သမားရေး ဆောင်ရွက်ပေးနေသူ ဦးဝင်းချိုက ဆိုသည်။

ဝါ၀ါဝင်းကုမ္ပဏီနှင့်လယ်သမားများကြားတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ လာရောက်ဖြေရှင်း ပေးမည်ကို လက်ခံမည်ဟု နှစ်ဖက် သဘောတူညီချက် ယူထားသော်လည်း ကော်မရှင်က လာ ရောက်စစ်ဆေးခြင်းမရှိသည့်အတွက် ဆန္ဒပြခြင်းကို ဆက်လက်ပြု လုပ်လျက်ရှိသည်။

“အိုးအိမ်က သိမ်းထားတာဖြစ်တဲ့အတွက် အိုးအိမ်ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူတွေလာရောက် ဖြေရှင်း ပေးတာကို လိုချင်တယ်။ မ.ယ.က ရုံးမှာ (၁)လအတွင်း ညှိနှိုင်းပြီးလုပ်ပေးမယ်ဆိုပြီးတော့ ခြံစည်း ရိုးလာခတ်တာပါ။ ကျန်တာဘာမှမရှိပါဘူး။ စစ်လို့ ရပါတယ်။ စစ်လို့မှ စက်ရုံတွေရှိပါတယ် ဆိုရင် ကျွန်တော့်ကို အရေးယူ နိုင်ပါတယ်။”ဟု အနော်ရထာ စက်မှုဇုန် အပိုင်း (၁) မှ ကိုပေါက်က ပြော သည်။

အဆိုပါ အနော်ရထာစက်မှုဇုန် (၁)တွင် လယ်မြေဧက (၂၀၀)ကျော်ရှိပြီး ခြံစည်းရိုးကာရံ ထားပြီး ဖြစ်သည့်အတွက် ကုမ္ပဏီမှ လျှော်ကြေးပေးမည် မဟုတ်ပဲ စက်မှုဇုန် (၂) ကိုသာ နစ်နာကြေးပေးမည် ဖြစ်ကြောင်း ၀ါဝါ၀င်းကဆိုသည်။

“မကျေနပ်ဘူးဆိုတာထက် ဥပဒေဘောင်ပေါ့ စည်းမျဉ်းစည်းကမ်းက မဟုတ်ဘူးဆိုရင် သူတို့အနေနဲ့ ပြောပိုင် ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ သူတို့ရဲ့ ကဏ္ဍပေါ့နော်။ ပိုင်ရှင်နဲ့လယ်သမားနဲ့ တရားရုံးကို သွားကြပေါ့နော်။ ဒီဟာကိုကျွန်မအနေ နဲ့ ဖြေရှင်းပိုင် ခွင့်မရှိဘူး။ အဲ့ဒီ အခွင့်အာဏာလည်း ကျွန်မမှာ မရှိဘူး။” ဟု ၀ါဝါ၀င်းကုမ္ပဏီ မန်နေဂျာ ဒေါ်စန်းစန်းဝင်း က ပြောသည်။

အဆိုပါ လယ်မြေများကို အိုအိမ်းမှ ၁၉၉၅ ခုနှစ်မှ စတင် သိမ်းဆည်းခဲ့ပြီး ၀ါဝါ၀င်းကုမ္ပဏီအား ၂၀၁၀ ခုနှစ် မတိုင်ခင်ကပင် စက်မှုဇုန်လုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက သိရှိရသည်။

“တောင်သူလယ်သမားအပါအ၀င် အခြေခံလူတန်းစားက ပြီးခဲ့တဲ့ခေတ်စနစ်တုန်းက မတရားသိမ်း ဆည်းခဲ့တဲ့ ကိစ္စတွေ တောင်သူ တွေရဲ့ အခြေခံရပိုင်ခွင့်တွေမရှိဘူး။ စက်မှုဇုန်တွေ လုပ်ဖို့ဆိုပြီး သိမ်း ထားတယ်။ အခြေခံဥပဒေအတိုင်း သိမ်းထား တဲ့နာမည်နဲ့ လျှော်ညီတဲ့ အခြေခံ ဆောက်လုပ်မှုတွေ မရှိဘူးဆိုရင် သက်ဆိုင်ရာကို ပြန်ပေးရမယ်ဆိုတာပါတယ်။ ဥပဒေအတိုင်းပဲ ဖြစ်သင့်ပါတယ်။” ဟု ဗိုလ်မှုးဟောင်း ဦးနေမျိုးဇင်က သုံးသပ်သည်။

အဆိုပါ စက်မှုဇုန်ရှိ လယ်မြေဧက (၂၀၀)ကျော်အတွက် လယ်သမားများမှ (၁၀) ရာခိုင်နှုန်းခန့်ရရှိရန် မျှော်မှန်းထားပြီး လယ် မြေများပြန်လည်ပေးမည်ဆိုလျှင်လည်း စိုက်ပျိုးရေးလုပ်ငန်းကိုသာ ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း လယ်သမားများထံက သိရသည်။

လက်ရှိအချိန်တွင်လည်း အိုးအိမ်ဦးစီးဋ္ဌာနမှ လာရောက်ဖြေရှင်ပေးခြင်းမရှိသေးသောကြောင့် လယ်သမားများက ၀ါဝါ၀င်း ကုမ္ပဏီ ရှေ့တွင် နေ့၊ ည မပြတ် ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်လျက် ရှိနေခြင်းဖြစ်သည်။

Ref: မြစ်မခ

Read More...

ပိုက်ဆံချေး၍ ကရမည့်ပွဲအတွက် ခံဝန်ထိုးထားရတဲ့ ပန်းသီး

ယမင်း(မြစ်မခ)
1 Nov, 2012

နိုင်ငံတော်အား ထိခိုက်နစ်နာစေနိုင်သော ပြတ်လုံးများ မပျက်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ရသော လူရွှင်တော်ပန်းသီး၏ တကိုယ် တော်နိုင်ငံရေး ဟာသတင်ဆက်မှုကို နိုဝင်ဘာ (၅)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်သည်။

“တကိုယ်တော် ဟာသတင်ဆက်မှုလေးတွေကို ထူးထူးခြားခြားလုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်တာပါ။ လုပ်လာတဲ့အခါမှာ ပွဲချပါမစ်ပေးတဲ့အချိန်ကျတော့ အခက်အခဲတွေက အများကြီး ရှိလာတယ်။ ဆင်ဆာအနေ နဲ့တော့အခက်အခဲမရှိပဲနဲ့ ဒီပွဲနဲ့ပါတ် သတ်လို့ နိုင်ငံတော်ကို ထိခိုက် စေနိုင်တဲ့ စကားလုံးတွေရှိခဲ့ရင် ရန်ကုန်တိုင်းတွင်းမှာ ပွဲပါမစ်ပိတ်ခံရမယ်ဆိုတဲ့ ခံဝန်ကတိတော့ ထိုးထားရတယ်”ဟု လူရွှင်တော်ပန်းသီးက ပြောသည်။

လူရွှင်တော် ပန်းသီးမှ တကိုယ်တော် ဟာသတင်ဆက်မူအတွက် ခံဝန်လက်မှတ်ရေးထိုးခဲ့ရခြင်း၊ ပဒေသာကပွဲကြီးအတွက် သတင်း စာရှင်းလင်းပွဲကို အောက်တိုဘာ (၃၁)ရက်နေ့တွင် ဗိုလ်အောင် ကျော်လမ်းရှိ ဟုန်း(မ်)ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

“ကိုယ်ပြက်မဲ့ ပြက်လုံးကို တာဝန်ယူရတာပေါ့။ နဂိုကတည်းက ပြက်လုံးပြက်နေကျဆိုတော့ လက်ရှိ ဖြစ်နေတဲ့ အတိုင်းအတာတခု အနေနဲ့ ပြက်လုံးထုတ်မှာပဲ။ အဲ့ဒီအပေါ်မှာ ဖောင်းတယ်လို့ ယူဆရင် တော့ ကြိုက်တဲ့အပစ်ပေးလို့ ရပါတယ်။ ဒါပေမယ့် ခေတ် ကာလပြောင်းသွားပြီ အပစ်မဖြစ်လောက် ဘူးလို့ ထင်ပါတယ် ” ဟု လူရွှင်တော် ကြယ်သီးက ၄င်း၏ အမြင်ကို ပြောသည်။

ပန်းသီး၏ တကိုယ်တော်တင်ဆက်မှုအတွက် ဧရာ၊ ချစ်ချော၊ ပွမ်ပွမ်၊ ကြာအေး၊ စူပါနှင့် အနုပညာ နယ်ပယ်အသီးသီးမှ အနု ပညာရှင်များ၊ မန္တလေးမှအငြိမ့်အဖွဲ့များမှ အနုပညာကြေးငွေမယူပဲ မေတ္တာဖြင့် ကူညီဖျော်ဖြေကြမည်ဖြစ်သည်။

ရုံဝင်ခမှာ လက်မှတ်တစ်စောင်လျှင် ကျပ် (၅)ထောင်မှ (၁)သောင်း အထိရှိမည်ဖြစ်ပြီး လက်မှတ်များအား အွန်လိုင်းမှ လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ၀ယ်ယူ၍ရကြောင်း သိရှိရသည်။

နိုဝင်ဘာ (၅)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံတွင် တင်ဆက်မည့် အဆိုပါပွဲကို စပွန်ဆာမရှိဘဲ ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်သော ပြက်လုံးများဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“စပွန်ဆာ လုံးဝမရှိပါဘူး။ ကျွန်တော်တို့နဲ့ ပတ်သက်လာတဲ့အခါကျတော့ စပွန်ဆာတွေက မပတ် သက်ရဲဘူး ဆိုတာတွေ ဖြစ် လာတယ်။ တစ်ချို့ကျတော့ အစိုးရနဲ့ လက်ရှိစီးပွားရေးလုပ် နေတဲ့သူတွေ ပါတယ်။ စီးပွားရေးတွေ ထိခိုက်နိုင်တယ်ပေါ့ ဆိုပြီး စပွန်ဆာမရှိပါဘူး ”ဟု ပန်းသီးက ပြောသည်။

အဆိုပါပွဲအတွက် ပန်းသီးမှ ငွေချေးငှား၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပွဲချိန်မှာ (၅)နာရီကြာမြင့် မည်ဖြစ်ပြီး မင်းသားမင်း သမီးနှင့် လူရွှင်တော်ဇာတ်ရုပ် (၃)မျိုး သရုပ်ဆောင်မည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

အဆိုပါပွဲကို ခန်းမကြေးအဖြစ် ငွေကျပ် (၁၂)သိန်းဝန်းကျင်ကုန်ကျမည်ဟု မှန်းထားသော်လည်း နိုဝင်ဘာ(၄)ရက်နေ့မှစ၍ ခန်းမကြေး (၃)ဆခန့် မြင့်တက်ခဲ့ကာ (၃၅)သိန်းသို့ရောက်ရှိသွားခဲ့ခြင်း ကြောင့် ယဉ်ကျေးမှုဝန်ကြီးထံသို့ ခန်းမကြေးအား ယခင်ဈေးနှုန်းအတိုင်း ဆောင်ရွက်ပေးနိုင်ရန် အောက်တိုဘာ(၃၁)ရက်နေ့က အသနားခံစာ တင်ထားခဲ့ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

Read More...

ကချင်ဒုက္ခသည်များအတွက် အလှူငွေ ကျပ်သိန်း(၁၀၀၀)ကျော် ရရှိ

ဂျာတော့(ပ်)-ကချင်ပြည်နယ် (မြစ်မခ)
1 Nov, 2012

စက်တင်ဘာလ(၃၁)ရက်နေ့မှ နိုဝင်ဘာလ (၁) ကြားကာလ၌ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလှူငွေကျပ်သိန်း (၁၁၈၅) တန်ဖိုးအား လက်ခံရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဒဘာသာ တက္ကသိုလ်ကျောင်းမှ ဒေါက်တာ ဆေကိန္ဒမှ အလှူငွေကျပ်သိန်း (၁၁၀)နှင့် အတူ စားသုံးကုန်ပစ္စည်း၊ အသုံးဆောင်ပစ္စည်းများတန်ဖိုးငွေသိန်း(၅၇၅)ဖိုးခန့်လာရောက် လှူဒါန်းသွားခြင်းဖြစ်သည်။

“အရှင်ဘုရားလာတော့ ဒုက္ခသည်စခန်းတွေမှာ ဒီနေ့ အလှူလာ ပေးသွားတယ်။ တစ်ယောက်ကို ဘယ်လောက်ပေါ့။ အလှူတွေ သွားပေးတာ။ သူက မြစ်ကြီးနားအတွက်ပဲ ပေးဖို့လုပ်တာ ကျွန်မက ဗန်မော်မြို့နယ်ကိုလည်း အလှူ ပေးစေချင်တယ် ပြောတော့ ဗန်မော်ကို ဆန်အိတ်တွေ ပို့ပေးဖို့ ပြန်စီစဉ်တယ်။ အရှင်ဘုရားရောက်တာနဲ့ လိုတာတွေကို တင်ပြပြီး အလှူတွေ ကောက်နေ တာ”ဟု လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

ထို့ပြင် Max ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် ကမ္ဘောဇဘဏ် အတိုင်ပင်ခံ ဦးအောင်သိန်း တို့မှလည်း ကျပ်ငွေ (၅၀၀) ဒုက္ခွသည်များ အတွက် လှူဒါန်းခဲ့သည်။

အရှင်ဆေကိန္ဒ ၏ အလှူများကို မြစ်ကြီးနားမြို့မှ ဒုက္ခသည်များနှင့် မိဘမဲ့ကလေးများအတွက်သာမက ပူတာအိုခရိုင်အတွက် ဆန် (၆၄၀)၊ ဆီက ပိဿ(၁)ထောင်။ ခေါက်ဆွဲခြောက်က (၅၀) ဖာ၊ (၄၈) ပိဿပါသော ဆားအိတ် (၂၀၈)အိတ်၊ ဆွမ်ပရာ ဘွမ်မြို့ကိုမူ ဆန် အိတ်(၁၀၀) လှူဒါန်းခဲ့သည်။

၎င်းအပြင် ကြွတ်ဘေးဒုက္ခခံနေရသည့် ၀ိုင်းမော်မြို့နယ် ဖုန်တန်ကောင်အုပ်စုမှ ၀ူယန်ရွာ၊ ကောင်းခမ်းရွာ၊ ဂျန်မိုင်ရွာရှိ (၄၇၇) လူဦးရေအား ဆန်အိတ်(၁၀၀) ပေးလှူးခဲ့ပြီး ဗန်မော်မြို့နယ်ရှိ ဒုက္ခသည်များ အတွက်လည်း ဆန်လှူးဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အလှူရှင်အချို့ကလည်း စားသုံးကုန် ဆန်၊ဆီ၊ ဆားအပြင် ကွန်ပျူတာ၊ အိပ်စောင် စသည်များကို လာရောက် ပေးလှူသွားကြောင်း သိရသည်။

Ref: မြစ်မခ

Read More...

ဝါဝါဝင်းကုမ္ပဏီရှေ့မှာ လယ်မြေသိမ်းခံရတဲ့ လယ်သမားများ ဆန္ဒပြ

2012-11-01

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် စီမံကိန်း၊ ဇုန် (၁)အတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမားဦးရေ(၃၀)ခန့်ဟာ ဒီကနေ့ မနက် ပိုင်းက လသာမြို့နယ်၊ အနော်ရထာလမ်းနဲ့ စဥ့်အိုးတန်းလမ်းထောင့်မှာရှိတဲ့ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့မှာ တရားဝင် ဆန္ဒဖော်ထုတ်ခဲ့ကြ ပါတယ်။

ဝါ၀ါဝင်း ကုမ္ပဏီဖက်က ဆန္ဒပြပွဲကို လာရောက် သတင်းရယူကြတဲ့ သတင်းထောက်တွေကို ကုမ္ပဏီရဲ့ရုံးခန်းမှာ ခေါ်ယူတွေ့ဆုံ ခဲ့ပြီး အနော်ရထာစက်မှုဇုန် ဇုန်(၁)နဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ တရားဥပဒေအရ ဆောက်ရွက်ဖို့ ညွှန်ကြား လာရင် လယ်သမားတွေကို နစ်နာကြေးပေးသွားမယ်လို့ ၀ါဝါ၀င်းကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းဝင်းက RFA ကို ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ခွင့်ပြုချိန် (၂) နာရီကျော်တဲ့အထိ လူစုမခွဲပဲ နေနေကြတဲ့အတွက် လသာမြို့နယ် ရဲတပ်ဖွဲ့မှူးဦးမြင့်ဦးက လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုနဲ့ ဆန္ဒပြလယ်သမားတွေကို ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာရှိတဲ့ အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်ထည်ဖော်ဖို့ ၁၉၉၈ ခုနစ်ကတည်းက လယ်မြေတွေကို သိမ်းယူထားတယ်လို့ သိရပြီး စက်မှုဇုန် (၁) မှာ ဧက ၂၀၀၊ ဇုန် (၂)မှာ ဧက ၆၀၀ ရှိတယ်လို့ သိရပါတယ်။ စက်မှုဇုန် (၂) တည်ဆောက်ဖို့ လယ်သိမ်းခံရတဲ့ လယ်သမားတွေအတွက် မကြာသေးတဲ့ ရက်ပိုင်းလောက်က ရန်ကုန်တိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုနဲ့ ကုမ္ပဏီဘက်ကနေ နစ်နာကြေးပေးအပ်ဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ လူ့အခွင့်ရေးကော်မရှင်တောင်းဆို

2012-11-01

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ရပ်ဆိုင်းအောင်တားဆီးဖို့ အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင်က တောင်းဆိုလိုက်ပြီး၊ ဒီပဋိပက္ခတွေကို ရိုဟင်ဂျာတွေ ဖယ်ရှားရေး အတွက် အကြောင်းရင်းတစ်ရပ်အနေနဲ့ အသုံးမပြုဖို့ လည်း သတိပေးလိုက်ပါတယ်။

လက်ရှိအခြေအနေဟာ မိမိတို့မလိုလားတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုကို အပြီးအပိုင်ဖယ်ရှားရေးအတွက် အခွင့်အလမ်းတစ်ရပ် မဖြစ် စေသင့်ဖူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားနဲ့ တခြား လွတ်လပ် တဲ့လေ့လာသူတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအတွင်း ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို သယ်ဆောင်ပြီး မလေးရှားနိုင်ငံကို ဦးတည်သွားနေတဲ့ လှေတစ်စင်း ဘင်္ဂလားဒေ့ရှ် ကမ်းလွန်ပင်လယ်မှာ မနေ့က နစ်မြှုပ်ခဲ့ရာမှာ လူ(၁၃)လောက် ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲက ပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မန္တလေးတိုင်း NLD အဖွဲ့ဝင်များက ဆီးမီးထွန်းပူဇော်ဆုတောင်းပွဲပြုလုပ်

2012-11-01

မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ရည်ရွယ်ပြီး၊ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၀င် မဟာအောင်မြေလူငယ်အဖွဲ့က ဦးဆောင်တဲ့ ဆီးမီးထွန်းပူဇော်ဆုတောင်းပွဲတစ်ခုကို မန္တလေး မြို့၊ မဟာမြတ်မုနိဘုရားမှာ မနေ့ ညနေ (၆) နာရီက ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆုတောင်းပွဲကို ဦးဆောင်ကျင်းပခဲ့သူတစ်ဦးဖြစ်တဲ့ မဟာအောင်မြေလူငယ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးက မြန်မာပြည် ငြိမ်းချမ်းရေး အတွက် မိမိတို့တတ်စွမ်းသမျှဆောင်ရွက်ခြင်းဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

အဲဒီဆုတောင်းပွဲမှာ ခွပ်ဒေါင်းပုံနဲ့ ကြယ်ပုံတွေကိုလည်း ဆီမီးခွက်တွေနဲ့ ပုံဖော်မီးထွန်းခဲ့ကြပြီး မြန်မာပြည် မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေအမြန်ဆုံး ရပ်စဲရေးအတွက် ဆုတောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ပတ်သက်ပြီး နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကို မနေ့က အောက်တိုဘာ ၃၁ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လူ့အဖွဲ့အစည်းနှစ်ခုကြားက ပဋိပက္ခတွေဟာ သာမာန်ဆူပူလှုပ်ရှားမှုကနေ လက်နက်ကိုင်အကြမ်းဖက်မှုဆီ ကူး ပြောင်းတော့မယ့် လက္ခဏာရှိနေပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပင် လက်နက်နဲ့ခြိမ်းခြောက်မှု တွေဖြစ်ပေါ်ခဲ့ ပါတယ်။ အကြမ်းဖက်မှုကာလ တွေ အတွင်း အစိုးရက ဒေသတွင်းလုပ်လက်နက်ငယ် ၂၀၀ နီးပါးနဲ့ လက်နက်ပြုလုပ် သူတချို့အပါအ၀င် သက်သေခံပစ္စည်းတွေကိုလည်း ဖမ်းမိခဲ့တဲ့အတွက် အရေးယူ ဆောင်ရွက်နေကြောင်း၊ ဒါ့အပြင် လူစုလူဝေးနဲ့ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ မီးရှို့ ဖျက်ဆီး ခြင်းလုပ်ရပ်တွေမှာ နိုင်ငံရေး အဖွဲ့၊ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့နဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတချို့ ပါဝင်ပတ်သက် နေတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီး အရေးယူနေကြာင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

Ref: အာရ်အဖ်အေ

Read More...

ကချင်လူထုကို သိန်း ၁ ထောင်ကျော်ဖိုး အရှင်ဆေကိန္ဒ လှူဒါန်း

2012-11-01

စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ် ဒေသခံပြည်သူတွေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စောင်နဲ့ အလှူငွေအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၁ ထောင်ကျော်ဖိုး မနေ့က လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ ပူတာအိုနဲ့မြစ်ကြီးနားခရိုင်က စစ်ဘေး ရှောင်ပြည်သူ တွေကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပဋိပတ္တိမဟာဋ္ဌာန ဋ္ဌာနမှူး ပါမော က္ခဆရာတော် အရှင်ဆေ ကိန္ဒနဲ့ တပည့်ဒါယိကာ၊ ဒါယိကာမတွေ စုပေါင်းလှူဒါန်းတဲ့ အခမ်းအနားမှာ ကချင်ပြည် နယ် သာသနာရေးဦးစီးဋ္ဌာန ဦးစီးမှူး ဦးစိုးတင့်က လှူဒါန်းတဲ့စာရင်း အသေးစိတ်ကို ကြေညာခဲ့ပါတယ်။

Read More...

ရခိုင်မှာ လူတထောင်ခန့် ထိန်းသိမ်းထား

ခင်ဦးသာ
November 1, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၁၀၀၀ ၀န်းကျင်ကို ဖမ်းဆီးစစ်ဆေးနေသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ စစ် တွေ၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ ဒေသခံများ ဖြစ်ကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၌ ခေတ္တ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားသူ အများစုသည် ရခိုင်တိုင်ရင်းသားများ ဖြစ်ပြီး မွတ်စလင်များလည်း ပါဝင်ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

ဖမ်းဆီး စစ်ဆေးသည့် လူ ၁၀၀၀ ၀န်းကျင်၌ ဇွန်လအတွင်း ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်သူများ လည်းပါဝင်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ဧရာဝတီ ကို ပြောသည်။ အများစုသည် အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အ တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ဆက်စပ်၍ သင်္ကာမကင်းခံထားရသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို စစ်ဆေး၍ ပြစ်မှုထင်ရှားပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟုလည်း ဆိုသည်။

ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်သူများရှိကြောင်း၊ ၎င်းတို့ကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း၊ ကြိုးကိုင်သူများတွင် နိုင်ငံရေးအဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့အစည်းများ ပါဝင်ပတ်နေ ကြောင်း ယမန့်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော် သမ္မတရုံး ကြေညာချက်ကလည်း ရေးသားထားသည်။

ထို့အတူ အချို့သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက် အထားများ တွေ့ရှိထားကြောင်း၊ လက်ရှိတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ဆက်စပ်ပတ်သက်သူများကို နိုင်ငံတော်မှ စစ်ဆေးအရေး ယူလျက်ရှိကြောင်း ဆိုသော်လည်း အသေးစိတ် ရေးသားဖော်ပြခြင်း မရှိပေ။

ပဋိပက္ခနှင့်ပတ်သက်၍ ကြိုးကိုင်သူများကိုစစ်ဆေးနေဆဲ ဖြစ်ပြီး အချိန်ကျရောက်ပါက မည်သူမည်ဝါ ဆိုသည်ကို တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုသည်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင်လည်း နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိ၍ ထိရောက်စွာ အရေးယူမည်ဟု ဆိုခဲ့ပြီး မည်သူမည်ဝါဟူ၍ ယနေ့အထိ ထုတ်ပြန်နိုင်ခြင်း မရှိပေ။

“စစ်ဆေးဖော်ထုတ်မှုတွေက ဘယ်လောက်ကြမယ်၊ ဘယ်တော့ ထုတ်ပြန်မယ်ဆိုတာ မျိုးတော့ အချိန်ကန့်သတ်ထားတာ မရှိ ပါဘူး၊ အချိန်တန်ရင်တော့ ကြေညာမှာပါ” ဟု ဦးဇော်ဌေး က ဆိုသည်။

ရခိုင်ပြည်နယ်တွင်၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်း သားများတိုး တက်ရေးပါတီ (RNDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဖွံ့ဖြိုးရေးတိုးတက် ရေးနှင့်ငြိမ်းချမ်း ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ မြို၊ ခမီးတိုင်းရင်းသား၊ မြန်မာနိုင်ငံ ရခိုင်ပြည် အမျိုးသား အင်အားစုပါတီ စသည့် နိုင်ငံရေးပါတီများ ရှိသည်။

ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး မကြာသေးခင်က ပြန်လည်မှတ်ပုံ တင်ထားသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီလည်း ရှိပြီး အစိုးရ နှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ပါတီနှင့် ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ရခိုင်အဖွဲ့ တချို့ရှိသည်။

တကျော့ပြန် ရခိုင်ပဋိပက္ခတွင် ပြည်ပအဖွဲ့အစည်းတချို့က နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှု ရှိကြောင်း ALD ပါတီ ကလည်း အောက် တိုဘာလ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

ရခိုင်ပဋိပက္ခများကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် နိုင်ငံရေးပါတီများဟု အစိုးရက ပြောဆိုနေခြင်းသည် အထူးအဆန်း မဟုတ်ကြောင်း၊ ၎င်းတို့၏ စွပ်စွဲသုံးသပ်မှုသည် အထူးသဖြင့် အမျိုးသားရေးကို အခြေခံသည့် ရခိုင် နိုင်ငံရေးပါတီများဟု ယူဆ ကြောင်း RNDP ပါတီ၏ ဗဟိုအလုပ်မှုဆောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဧရာဝတီ ကို ပြောသည်။

“ရခိုင်ပဋိပက္ခ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ပါတီ အနေနဲ့ သွေးထိုးလှုံဆော်တာ မရှိပါဘူး၊ လက်ရှိ ပဋိပက္ခတွေ ငြိမ်းချမ်း အောင်လုပ်ဆောာင်ရာ မှာလည်းပဲ အစိုးရနဲ့ ပါဝင်ပူးပေါင်း လုပ်ဆောင်နေပါတယ်၊ စုံစမ်း ဖော်ထုတ်မှုတွေကို ဥပဒေအတိုင်း မှန်မှန် ကန်ကန်ဖြစ်စေချင်တယ်”ဟု ၎င်း က ဆိုသည်။

ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးတို့အတွက် လုပ်ပိုင်ခွင့် အာဏာ ရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ကိုသာ အားကိုးအားထား ပြုကြောင်း၊ အစိုးရအဖွဲ့ကလည်း ကူညီပေးစေလိုကြောင်း ဦးဖေသန်း က ဆို သည်။

၎င်းက “အစိုးရကို တိုက်တွန်းချင်တာက မွတ်စလင်တွေကို ရခိုင်ဒေသမှာပဲ စုပြုံထားတာ၊ လှောင်ပိတ်ပြီး မထားပါနဲ့၊ ၁၉၈၂ ခုနှစ် ဥပဒေ အတိုင်း နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားပေးပြီး နိုင်ငံသားတယောက်ကဲ့သို့ ပြည်မကို သွားခွင့်ပေးဖို့၊ တရား မ၀င် ခိုးဝင်လာသူတွေကို လည်း ဥပဒေ အတိုင်း ဆောင်ရွက်ပေး ရင် ပဋိပက္ခ ဖြစ်ပွားတာတွေ လျော့ကျလာနိုင်တယ်”ဟု ဆိုသည်။

ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုပြီး လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ် သည်လည်း လိုအပ်သည်ထက် ပစ်ခတ်မှု ကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရမှု အများအပြား ရှိကြောင်းလည်း ပြောကြသည်။

သမ္မတရုံး ပြောခွင့်ရသူက ပြောဆိုရာတွင် အစိုးရ အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြောင်း၊ စစ်တပ်အင်အား ကိုလည်း ရခိုင်ပြည်နယ်ထဲရှိ စစ်တပ်များကိုသာ အခင်းဖြစ်ရာ ဒေသများ၌ လုံခြုံရေး ပေးကြောင်း၊ အစိုးရ အပေါ်ဝေဖန်မှုသည် ၎င်းတို့၏ လွတ်လပ်စွာ ပြောဆိုမှုသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။

ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကို လူစုခွဲရာတွင် စစ်တပ်၏ ပစ်ခတ်သည့် သေနတ် ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာ ရသူအများ အပြားရှိကြောင်း ဒေသခံတို့က ပြောဆိုသကဲ့သို့ သမ္မတရုံး ကြေညာချက်ကမူ ပဋိပက္ခဖြစ်နေ သည့် လူအုပ်စု နှစ်ခုသည် လုံခြုံရေး တပ်ဖွဲ့များ ကိုပင် လက်နက်ဖြင့် ရန်မူ ခြိမ်းခြောက်မှုများရှိကြောင်း၊ ထိုပဋိပက္ခ များ မှ ဒေသန္တရလုပ် တူ မီးသေနတ် (၁၈၀ ) သိမ်းဆည်းရမိကြောင်းလည်း အစိုးရက ဆိုထားသည်။

ထို့အတူ ရခိုင်ပြည်နယ် တ၀ှမ်းရှိ ဓား၊ လှံ၊ လက်နက်များကို နီးစပ်ရာ လုံခြုံရေး အဖွဲ့များထံ ၃ ရက် အတွင်း အပ်နှံကြရန် လည်း ယနေ့ထုတ် အစိုးရ သတင်းစာများ က ထုတ်ပြန်ကြေညာထားသည်။

တကျော့ပြန် ဖြစ်ပွားသည့် ရခိုင်ပဋိပက္ခတွင် အောက်တိုဘာလ ၂၁ ရက်မှ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်သွားသည့်နေအိမ် ၅၃၅၁ အိမ်နှင့် လူဦးရေ ၃၂၂၃၁ ဦး အိုးအိမ်မဲ့သွားကြောင်း လည်း သတင်းစာများက ဆိုသည်။

Ref: ဧရာဝတီ

Read More...

ထိုင်းရှပ်နီများ တာချီလိတ်မှာ သက်ဆင်ကို ကြိုမည်

သန်းထိုက်ဦး
November 1, 2012

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သို့ ယခုရက်ပိုင်း အတွင်း ရောက်ရှိလာမည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ကို ရှပ်နီအဖွဲ့ဝင် ၁၀၀၀ ခန့်က သွားရောက် ကြိုဆိုကြမည်ဟု သိရသည်။

တာချီလိတ်မြို့တဖက်ကမ်းရှိ ချင်းရိုင် မယ်ဆိုင်မြို့နယ်မှ တဆင့် သွားရောက်ကြရန် စီစဉ်ထားသည်ဟု ချင်းမိုင်မြို့ရှိ ရှပ်နီခေါင်း ဆောင်တဦး ဖြစ်သူ ဖိချစ် တာမွန်း (Pichit Tamoon) က ပြောကြောင်း ယမန်နေ့က ချင်းရိုင်တိုင်းမ် အင်တာနက် စာမျက် နှာတွင် ဖော်ပြထားသည်။

သက်ဆင်ကို ထောက်ခံ သူတွေကြားမှာလည်း စိတ်လှုပ်ရှားနေကြသည်ဟု ၎င်းက ဆိုသည်။ တာချီလိတ်မြို့နယ်စပ်နှင့် ထိစပ်နေ သည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်၊ ချင်းမိုင်မြို့တို့သည် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ အမာခံနယ်များလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလကလည်း ၀န်ကြီးချုပ် ဟောင်းသက်ဆင် လာအိုနိုင်ငံသို့ အလည် အပတ်ရောက်ရှိခဲ့စဉ် ရှပ်နီ အဖွဲ့ဝင် ၃၀၀ ခန့်က ကားများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်းလည်း ဖိချစ်တာမွန်းက ပြောသည်။

သက်ဆင်၏ တရားဝင် အကြံပေး အရာရှိ နော့ပဒုံ ပတ္တနာ ၏ ပြောကြားချက် အရ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် ဒူဘိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံကို ယခုတပတ်အတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်း ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်ရှိ ထိုင်းလုပ်ငန်းရှင် အများစု လုပ်ကိုင်နေသည့် ရက်ဂျီး နား ဟိုတယ်တွင် ယခုလ ၂ ရက်နေ့မ စတင်၍ ၂ ရက်ကြာ တည်းခိုပြီး ၄ ရက်နေ့တွင် နေပြည်တော်သို့ ပြန်ရောက်မည် ဖြစ်ကြောင်း ထိုင်းသတင်းများအရ သိရသည်။

တာချီလိတ်မြို့နယ်မှ အာဏာပိုင်နှင့် နီးစပ်သူများက“ထိုင်းဖက်က လူတွေလာမှာ များတဲ့အတွက် ဟိုတယ်တွေ ပြည့်နေပြီး၊ သက် ဆင်တည်းမယ့် ရက်ဂျီးနား ဟိုတယ်မှာလည်း လုံခြုံရေး တင်းကြပ်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဝန်းကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာပြည်သို့ လာရောက်မည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။ အောင်မြင်သော စီးပွားရေးသမားဖြစ်ပြီး ထိုင်းနိုင်ငံစီးပွားရေး တိုးတက်စေခဲ့သဖြင့် လာအို၊ ကမ်ဘောဒီးယား နိုင်ငံများသို့ အလည်ရောက်စဉ်က စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့ဖူးသည်။

သက်ဆင်သည် ယခင် ၀န်ကြီးချုပ် အဖြစ် တာဝန်ယူစဉ်က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာ နိုင်ငံတွင် ထိုစဉ်က အုပ်ချုပ်ခဲ့သည့် စစ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေးလုပ်ငန်းတွင် ငွေအလုံး အရင်းဖြင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့ဖူးသည်။

သက်ဆင်သည် ၂၀၀၆ ခုနှစ်က စစ်တပ် အာဏာသိမ်းသည့် အချိန်ကတည်းက ပြည်ပသို့ ရောက်ရှိနေပြီး ဒူဘိုင်းနိုင်ငံ၊ မွန်တီ နီဂရိုး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများသို့ လှည့်လည် သွားလာခဲ့သည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်သည် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ ညီမ အငယ် ဆုံးဖြစ်သည်။ မစ္စ ယင့်လပ်မှာ မစ္စတာ သက်ဆင်၏ ကိုယ်ပွား တယောက်ဖြစ်သည်ဟုလည်း ထိုင်း နိုင်ငံရေးလောကတွင် နာမည်ကြီးသူ တဦးဖြစ်သည်။

Ref: ဧရာဝတီ

Read More...

သက်တမ်း ၅ နှစ်ခံ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီ

သာလွန်ဇောင်းထက်
November 1, 2012

ကမ္ဘာတ၀န်းရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများတွင် ယနေ့နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်း၊ သက်တမ်းတိုးလျှောက်ထားမှုများ အတွက် သက်တမ်း ၅ နှစ်ခံ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်နှင့် မန္တလေးအခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူးလက်မှတ်များ စတင်ထုတ်ပေးခြင်းနှင့်အတူ ပြည်ပနိုင်ငံများတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ အနေနှင့် လည်း သက်ဆိုင်ရာ မြန်မာသံရုံးများတွင် သက်တမ်းတိုးခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်းများ အတွက် သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူးလက်မှတ်များ ရရှိမည်ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးမှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်က ပြောသည်။

“မြန်မာနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးတဲ့နေရာတိုင်းမှာ သက်တမ်း ၅ နှစ်နဲ့ ထုတ်ပေးမှာပါ။ ကမ္ဘာတ၀န်းက မြန်မာ သံရုံးတွေ လည်း ပါတယ်။ လောလောဆယ် ရန်ကုန်နဲ့ မန္တလေးမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးတွေကနေ ထုတ်ပေး နေပါတယ်။ မန္တလေး နိုင်ငံကူးလက်မှတ်ရုံးက ဒီနှစ် ဇူလိုင် ၄ ရက်နေ့မှ စဖွင့်တာပါ” ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်လျှောက်ထားသော နိုင်ငံကူးလက်မှတ် များကိုသာ သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက် မတိုင်မီက လျှောက်ထားခဲ့သော နိုင်ငံကူးလက်မှတ်များမှာ ယခင်အတိုင်း သက်တမ်း ၃ နှစ်သာ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရှိရသည်။

ပုံမှန် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများအတွက် စုစုပေါင်း ၂၁ ရက် အချိန် ကြာမြင့်မည်ဖြစ်ပြီး ငွေကြေးကုန်ကျစရိတ်မှာမူ ပြောင်းလဲခြင်းမရှိဘဲ ယခင်အတိုင်းပင် ဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တင်ပြရသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပယ်ဖျက် ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း ပြောဆိုထားပြီး ဖြစ်သော်လည်း လတ်တလောတွင် ညွှန်ကြားချက် တစုံတရာ မရရှိသေးဟု ရဲမှူး စိုးထွန်းအောင်က ဆိုသည်။

“ကျနော်တို့ဆီတော့ ဘာညွှန်ကြားချက်မှ မရောက်သေးပါဘူး” ဟု ၎င်းက ပြောသည်။

နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ် တိုးမြှင့်ပေးခြင်းအပေါ် ကြိုဆိုသော်လည်း အချိန်ကြာမြင့်မှုနှင့် အဆင့်ဆင့် လုပ်ဆောင် ရသော လုပ်ထုံးလုပ်နည်းများကို လျှော့ချပေးရန် လိုလားသည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများက ဆိုကြသည်။

“၂၁ ရက်ကြာတာကို ထပ်ပြီးလျှော့ပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်။ နောက်ပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေ ထပ်လျှော့ ပေးမယ် ဆိုရင် အဆင်ပြေမယ်။ အခု ပုံစံ ၁၇၊ ပုံစံ ၁၉ မလိုတော့ဘူးလို့ သတင်းထွက်ပေမယ့် အခုထက်ထိ မဖြေလျှော့သေးဘူး။

အဲဒါ မြန်မြန်ဖြစ်နိုင်ရင် ကောင်းတယ်။ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်လျှော့ပေးနိုင်လေ ပြည်သူက ပိုအဆင်ပြေလေ ပါပဲ။ နောက်တခုကတော့ နယ်က လူတွေ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ရန်ကုန်၊ မန္တလေးကိုချည်းပဲ တက်လာနေရတာ။ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးခွဲတွေ ဒီထက်ပိုပြီး ဖွင့်ပေးနိုင်ရင် နယ်က လူတွေအတွက် အများကြီး အဆင်ပြေမယ်”ဟု နိုင်ငံကူးလက်မှတ် လာရောက်သက်တမ်းတိုးသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ သုံးသပ်ပြော ဆိုသည်။

Ref:

Read More...

Thursday, November 1, 2012

နိပွန် ဖောင်ဒေးရှင်း၏ နယ်စပ်အကူအညီများ ပြည်တွင်းမှတဆင့် သွားမည်

လဖိုင်
October 31, 2012

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများသို့ ပေးပို့မည့် နီပွန်ဖောင်ဒေးရှင်း၏ အကူအညီများ ဖြစ်သော အရေးပေါ် အစားအသောက်နှင့် ဆေးဝါးများကို ပြည်တွင်းလမ်းကြောင်းမှသာ ပို့ဆောင်သွားမည်ဟု ယင်းဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ယိုဟဲအိ ဆာဆာကာဝါ (Yohei Sasakawa) က ပြောသည်။

“တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေရှ့် နယ်စပ်ကနေတဆင့် ပေးပို့သွားဖို့ စဉ်းစားပေမယ့် အဲဒီလိုဆိုရင် သံတမန် ဆက်ဆံရေးတွေကိုပါ ထည့်စဉ်းစားရဖို့ရှိပါတယ်။ ဒါကြောင့် အဲဒီဘက်ကို ပို့မယ့် အကူအညီတွေကို ပြည်တွင်းက တဆင့်ပဲ သွားပါမယ်” ဟု အောက် တိုဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ယိုဟဲအိ ဆာဆာကာဝါက ပြောကြားသည်။

အကူအညီများပေးခြင်းကို မြန်မာအစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့က အသိ အမှတ်ပြုထားပြီးဖြစ်ပြီး နှစ်ဖက်၏ ပူးပေါင်းမူများဖြင့် အကောင်အထည်ဖော်မည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် UNFC နှင့် နိပွန်ဖောင်ဒေးရှင်းတို့ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဆွေးနွေးခဲ့ပြီး UNFC အဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများသို့ ဒေါ်လာ ၃ သန်း ကူညီပေးရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

UNFC အဖွဲ့ဝင် မဟုတ်သည့် တခြားတိုင်းရင်းသား ဒေသများသို့လည်း နိပွန်ဖောင်ဒေးရှင်းက အကူအညီပေးရန် ရှိသည်ဟု သိရသည်။

ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO )၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီပြည်သူ့တိုးတက်ရေးပါတီ (KPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘၀’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။

ယခုနှစ်မကုန်မီ ပဏာမ အစီအစဉ်အနေနှင့် ဒေါ်လာ ၃ သိန်းတန်ဖိုးရှိ အစားအသောက်နှင့် ဆေးဝါးများ ပေးပို့ရန်ရှိပြီး ၂၀၁၃ မကုန်မီ ကျန်ရှိသည် ဒေါ်လာ ၂.၇ သန်းကို သုံးစွဲသွားမည်ဟု သိရသည်။

မြန်မာနယ်စပ်ဒေသ တလျှောက်တွင် နေရပ်စွန့်ခွာ ထွက်ပြေးသူ ဒုက္ခသည် ၁ သန်းကျော် ရှိသည်ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ က ပြောသည်။

နိပွန်ဖောင်ဒေးရှင်းသည် ၁၉၇၆ မှစ၍ မြန်မာနိုင်ငံသို့ ကူညီခဲ့ပြီး ၂၀၁၂ မှစတင်ကာ အနာဂတ် အကူအညီများအတွက် အမေ ရိကန် ဒေါ်လာ ၈၈ သန်းကျော် ကူညီရန်လျာထားကြောင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ထမ်းများ စွမ်းရည် မြင့်တင်ခြင်း လုပ်ငန်းများတွင်လည်း ကူညီလျက်ရှိကြောင်း သိရသည်။

နိပွန်ဖောင်ဒေးရှင်းသည် လွှတ်တော်အမတ်များ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက် လေ့လာရေးအတွက် စီစဉ်ပေးခဲ့ သည့် အဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာနေ ဟု UNODC ပြော

လင်းသန့်
November 1, 2012

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ယခု ၆ နှစ်ကာလအတွင်း ဘိန်းစိုက်ပျိုးမှု မြင့်မားလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ UN Office on Drugs and Crime (UNODC) ၏ နေပြည်တော်တွင် ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်သော အစီရင်ခံစာအရ သိရသည်။

အဆိုပါ UNODC ၏ အစီရင်ခံစာက မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၁ ခုနှစ်က ဟက်တာ ၄၃၀၀၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၇ ရာခိုင်နှုန်း ခုန်တက်သွားပြီး ဟက်တာ ၅၁၀၀၀ ရှိသည်ဟု ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။

Read More...

တရားဝင် ငွေလဲစင်တာ လိုင်စင်များ ချပေးတော့မည်

သာလွန်ဇောင်းထက်
November 1, 2012

မြန်မာနိုင်ငံတွင် တရားမ၀င် ဒေါ်လာမှောင်ခိုဈေးကွက် ပပျောက်ရေးနှင့် နိုင်ငံတကာ ငွေလဲဈေးကွက်ပုံစံ ဖြစ်ပေါ်စေရန် ယခုနှစ် ကုန်ပိုင်းမှ စတင်ပြီး ငွေလဲလှယ်စင်တာ (Money Changer) ဖွင့်လိုသူများကို တရားဝင်လိုင်စင်များ ချထားပေးရန် စီစဉ်နေ ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုလိုက်သည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်အနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်သော နိုင်ငံခြားငွေကြေး ဈေးကွက် ထူထောင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် တရားဝင် ငွေလဲလှယ်ရေး လိုင်စင်များကို ဗဟိုဘဏ်က ထုတ်ပေး သွားရန် စီစဉ် နေကြောင်း၊ ယင်းသို့ ထုတ်ပေးရာတွင်လည်း ဌာနက သတ်မှတ်ထားသော စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြု သွားမည်ဖြစ်ပြီး လတ်တလော ပုဂ္ဂလိက ဘဏ်များကိုသာ ငွေလဲလှယ်စင်တာ ဖွင့်လှစ်ခွင့် လိုင်စင်များ ခွင့်ပြုပေးလျှက်ရှိကြောင်း၊ များမကြာမီ ငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်လိုသူတိုင်း လိုင်စင် လျှောက်ထား လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သူက ဆိုသည်။

“ပထမအဆင့် ဘဏ် အဖွဲ့အစည်းတွေကို Money Changer လိုင်စင်တွေ ချပေးခဲ့ပြီးပြီ။ အခုတခါ ငွေလဲစင်တာ လုပ်ချင်တဲ့ သူတွေကို လိုင်စင်တွေ ထပ်ချပေးဖို့ လုပ်နေပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ဆွဲပြီးပြီ။ အစိုးရအဖွဲ့ဆီ တင်ပြ ပြီး အတည်ပြုချက်ရတာနဲ့ ချက်ချင်း ခွင့်ပြုသွားမယ်။ ဒီနှစ် မကုန်ခင်ဖြစ်မှာပါ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

၂၀၁၁ ခုနှစ်မှ စတင်ပြီး ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၇ ခုကို နိုင်ငံခြားငွေလဲလှယ်ရေး လိုင်စင်များ ခွင့်ပြုခဲ့ပြီး ယင်းဘဏ် ၁၇ ခုက တနိုင်ငံလုံး အတိုင်းအတာဖြင့် ငွေလဲစင်တာ ၁၃၁ ခု ဖွင့်လှစ်ပြီး ဖြစ်ကြောင်း သိရှိရသည်။

ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြား ငွေလဲစင်တာများ လုပ်ကိုင်ခွင့် ပေးသော်လည်း ယင်း ငွေလဲ စင်တာများတွင်
ကန့်သတ်ချက် များလွန်းသည့်အတွက် ပြင်ပ တရားမ၀င် မှောင်ခို ဈေးကွက်တွင်သာ ဒေါ်လာ အရောင်းအ၀ယ် အဓိက ဖြစ် ထွန်းခဲ့ကြောင်း၊ သို့ရာတွင် အစိုးရက ပြင်ပ တရားမ၀င်ဈေးကွက်မှ ငွေလဲဒိုင်များကိုလည်း တရားဝင် လိုင်စင်များ ထုတ်ပေးမည် ဆိုပါက ကွဲလွဲနေသော ဈေးကွက်နှစ်ခုသည် ဈေးကွက် တခုတည်းပုံစံ ပြောင်းလဲသွားမည့်အပြင် ၀န်ဆောင်မှုကို အခြေခံသော ဈေးကွက်ယှဉ်ပြိုင်မှု တိုးပွားလာမည်ဟု ပြင်ပ ငွေလဲဒိုင်များက ဆိုကြသည်။

“ကျနော်တို့လည်း တရားဝင်လိုင်စင်နဲ့ ငွေလဲဒိုင် (Money Changer) လုပ်ချင်ပါတယ်။ လုပ်ခွင့်မရဘူး။ အခုတကယ်ပဲ လုပ် ခွင့် ပေးမယ်ဆိုရင်တော့ တရားဝင် လျှောက်ထားမယ်။ တရားဝင် လုပ်ခွင့်ပေးမယ်ဆိုရင် နိုင်ငံခြား ငွေလဲဈေးကွက် တခုတည်း ပုံစံဖြစ်သွားမယ့်အပြင် ငွေလဲနှုန်းလည်း တခုတည်း ပေါင်းစည်း သွားပါလိမ့်မယ်။ အခုကျနော်တို့ လုပ်နေတာက အချိန်မရွေး ဥပဒေနဲ့ ငြိပြီး ထောင်ချခံရနိုင်လို့ ကျနော်တို့မှာလည်း စိတ်လုံခြုံမှု မရှိပါဘူး” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေလဲဒိုင် တဦးက ဆိုသည်။

ပြည်တွင်း စီးပွားရေးပညာရှင် တဦးဖြစ်သူ ဒေါက်တာမောင်မောင်စိုး ကမူ နိုင်ငံခြား ငွေလဲလှယ်နှုန်း တည်ငြိမ်မှုသည် စီးပွားရေး အတွက် များစွာ အရေးကြီးကြောင်း၊ ဈေးကွက်တခုတည်း ပုံစံနှင့် တည်ငြိမ်သော ငွေလဲနှုန်းက စီးပွားရေး တိုးတက်မှုများကို များစွာ အထောက်အကူပြုမည်ဟု သုံးသပ်သည်။

ဘဏ္ဍာ/ အခွန် ဒု ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းကမူ အစိုးရသည် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ လုပ် ဆောင် နေသည့်အပြင် ငွေကြေးမူဝါဒကိုလည်း တိကျစွာ ချမှတ်ထားကြောင်း၊ ဗဟိုဘဏ် အနေနှင့် ပြည်တွင်း ဒေါ်လာဈေး ကွက်၏ ရောင်းအားဝယ်အားကို နေ့စဉ် မျက်ခြေမပြတ် စောင့်ကြည့်လျှက် ရှိသည့်အပြင် ဗဟိုဘဏ်က ငွေလဲနှုန်း ထိန်းညှိ နိုင်ရေး ဒေါ်လာထုတ်ရောင်းခြင်း၊ ၀ယ်ခြင်းများကိုပါ ကျင့်သုံးနေပြီဟု ဆိုသည်။

“ငွေလဲဈေးကွက်က သိပ်မကြာခင်မှာ နိုင်ငံတကာလိုပဲ ဈေးကွက် အခြေတည်တဲ့ နှုန်းရှင် (Floating Exchange Rate) ကို လုံးဝ ပြောင်းလဲသွားလိမ့်မယ်။ အခု အခြေအနေမှာတော့ ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်ပေးနေတဲ့ ငွေလဲနှုန်း (Reference Exchange Rate) စနစ် တနည်းအားဖြင့်ပြောရင် Manage Exchange Rate နဲ့သွားနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

ယခင် စစ်အစိုးရလက်ထက်က အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်ဟူသော လက်တွေ့မကျသည့် သတ်မှတ်ချက်ရှိ ခဲ့ပြီး ယင်း သတ်မှတ်ချက်မှာ ဈေးကွက်တွင် အသုံးမတည့်ဘဲ မှောင်ခိုဈေးကွက် ပေါက်ဈေးကိုသာ စီးပွားရေး အသိုင်းအ၀န်းက မူတည်တွက်ချက် သုံးစွဲခဲ့ကြသည်။

အစိုးရသစ် တက်လာချိန်တွင် ဗဟိုဘဏ်က တဒေါ်လာလျှင် မြန်မာကျပ်ငွေ မည်မျှ ရှိသည်ဆိုသော နေ့စဉ်သတ်မှတ် ထုတ်ပြန် သည့် နိုင်ငံခြားငွေလဲလှယ် ပေါက်ဈေး စနစ်တရပ် ဖော်ဆောင်ခဲ့ပြီး ယင်းစနစ်အရ လတ်တလော ဈေးကွက်တွင် တဒေါ်လာ ၈၅၀ ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ကြေးနီစီမံကိန်း တင်းမာမှု ပွင့်လင်းမြင်သာမှုဖြင့်သာ ဖြေရှင်းနိုင်မည်

ဇွဲထက်
November 1, 2012

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဖြစ်နေသည့် ပြဿနာများအတွက် ပွင့်လင်းမြင် သာ မှု ရှိသော “သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း” (EIA) ဖြင့်သာ ဒေသခံပြည်သူများနှင့် ရင်ကြားစေ့ရေး လုပ်နိုင် မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့သို့ တင်ပြထားကြောင်း သိရသည်။

Read More...

ကမ္ဘာကျော် အင်္ဂလိပ် အဆိုတော်ကြီး ကလစ်ဖ်ရစ်ချက် မြန်မာပြည် ရောက်

အေးချမ်းမြေ့
October 31, 2012

ကမ္ဘာကျော် အဆိုတော်ကြီး ကလစ်ဖ်ရစ်ချက် မြန်မာပြည်ကို တိတ်တဆိတ် ရောက်ရှိနေတာ ၁၀ ရက်ရှိနေပြီဖြစ်ပြီး မနက်ဖြန်မှာ အင်္ဂလန်နိုင်ငံကို ပြန်လည် ထွက်ခွာတော့မယ်လို့ သိရပါတယ်။

အသက် ၇၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကလစ်ဖ်ရစ်ချက်ဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ရန်ကုန်ကို အလည်အပတ် စတင် ရောက်ရှိလာတာ ဖြစ်ပြီး ပုဂံ၊ အင်းလေး စတဲ့ ဒေသတွေကို လည်ပတ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ရန်ကုန်မှာ တနေ့တာ လည် ပတ်ဖို့ အစီအစဉ်ရှိတယ်လို့ သူ့ခရီးစဉ်ကို စီစဉ်ပေးတဲ့ Tour Mandalay ကတဆင့် သိရပါတယ်။

ရှိရင်းအသက်ထက် အတော်လေး နုနယ်ပုံရတဲ့ ကလစ်ဖ်ရစ်ချက်နဲ့ သူတည်းခိုရာ Governor ဟိုတယ်မှာ ဧရာဝတီ သတင်း ထောက် တချို့နဲ့ ခဏတာ တွေ့ဆုံခဲ့ရပေမယ့် ကျောက်ကပ်ဝေဒနာ ခံစားနေရလို့ သီးသန့် အင်တာဗျူးတော့ မပေးနိုင်ဘူး ဆို တဲ့အကြောင်း၊ ဝေဒနာကြောင့် အခန်းထဲမှာပဲ နားနေရတယ် ဆိုတဲ့အကြောင်း သူက ရှင်းပြ ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်လာတဲ့ ကလစ်ဖ်ရစ်ချက်တို့ အဖွဲ့ထဲမှာ ၄ ဦးပါဝင်ပြီး အားလုံး အသက် ၇၀ ကျော်အရွယ်တွေလို့ သိရတယ်။ အဲဒီ ထဲက တယောက်က မြန်မာသွေး အနည်းငယ် ပါတဲ့ အမျိုးသမီးကြီး တဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနေ့ကတော့ အဲဒီ အမျိုးသမီးကြီးက သူနဲ့ ဆွေမျိုးတော်စပ်သူတွေ နေထိုင်ရာ သန်လျင်မြို့ကို သွားရောက် လည်ပတ်ရာမှာ ကလစ်ဖ်ရစ်ချက်လည်း ပါသွားခဲ့ပါတယ်။

“တိုက်တိုက်ဆိုင်ဆိုင် ကျနော့်မိန်းမနဲ့ သူတို့အဖွဲ့ထဲက အမျိုးသမီးကြီးက အမျိုးတွေဖြစ်နေတယ်။ နေ့ခင်းဘက်မှာ ရုတ်တရက် အိမ်ကို ရောက်လာကြတာပါ”လို့ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်မှာ နေထိုင်တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန် ရက် အဖွဲ့ဝင် တဦးဖြစ်သူ ကိုပီတာအောင် က ဧရာဝတီကို ပြောပါတယ်။

ကိုပီတာအောင်က ကလစ်ဖ်ရစ်ချက်ကို ပန်းရဲ့လမ်း အဖွဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြရာမှာ စိတ်ဝင်တစား နားထောင် ခဲ့တယ် ဆိုတဲ့အကြောင်း၊ ပြီးတော့ ပန်းရဲ့လမ်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်တယ်ဆိုတဲ့ အကြောင်း ချီးကျူး ပြောဆို သွားခဲ့တယ်လို့ ဆိုပါတယ်။

ကလစ်ဖ်ရစ်ချက်က မြန်မာပြည်ကအပြန် ဗီယက်နမ် နိုင်ငံကို ဝင်မယ်လို့လည်း သိရပါတယ်။

ကလစ်ဖ်ရစ်ချက်ဟာ အင်္ဂလန်နိုင်ငံဖွား ပေါ့ပ် အဆိုတော်၊ သရုပ်ဆောင် တဦးဖြစ်တဲ့အပြင် ပရဟိတ လုပ်ငန်းတွေကို အား တက်သရော လုပ်ဆောင်သူတဦးလည်း ဖြစ်ပါတယ်။

သူ့ကို ၁၉၅၀ ကျော်ကာလကတည်းက အဆိုတော်တဦးအဖြစ် အင်္ဂလန်နိုင်ငံမှာသာမက ကမ္ဘာကပါ လက်ခံအားပေးခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဆိုရင် ဘီတဲလ်စ်နဲ့ အဲလ်ဗစ် ပရက်စလေ ပြီးရင် အယ်လ်ဘမ် အရောင်းရဆုံးသူ တဦးလို့ ဆိုနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ကလစ်ဖ်ရစ်ချက်ဟာ အင်္ဂလန်နိုင်ငံမှာလောက် လူကြိုက်မများပေမယ့် သူ့ရဲ့ Devil Woman နဲ့ We Don’t Talk Anymore အယ်လ်ဘမ်တွေကတော့ အမေရိကန် ရဲ့ အရောင်းရဆုံး အယ်လ်ဘမ် ၄၀ စာရင်းဝင်ခဲ့ပြီး သန်းနဲ့ချီ ရောင်းရခဲ့တယ်လို့ သိရပါတယ်။

Ref: ဧရာဝတီ

Read More...

အစိုးရ သဘောတူညီချက်များ ပျက်ကွက်

သန်းထိုက်ဦး
October 31, 2012

မြန်မာ အစိုးရသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက် နာရန် ပျက်ကွက်ကြောင်း ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) အဖွဲ့က ပြောကြားလိုက်သည်။

ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ်ချက်” အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲ၌ KCSN အဖွဲ့က ပြောကြားခြင်း ဖြစ်သည်။

Read More...

စစ်တွေ ရောက် ဒုက္ခသည်များ နေရပ်ရင်းပြန်ပို့ရန် စီစဉ်

စနေလင်း
October 31, 2012

ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းသို့ ထပ်မံရောက်ရှိလာသော ဒုက္ခသည်များကို ၎င်းတို့ နေရင်း ဒေသသို့ ပြန် ပို့ရန် စီစဉ်နေကြောင်း သိရသည်။

သဲချောင်းတွင် ယခင်ကတည်းက ရှိနေသော ဒုက္ခသည်မှာ များပြားနေသည့် အတွက် ယခုရက်ပိုင်းအတွင်း ထပ်မံ ရောက်ရှိလာ သူများကို လက်ခံရန် မဖြစ်နိုင်သောကြောင့် ပြန်ပို့ရန် စီစဉ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ပေးရန် ရေတပ်က လုံခြုံရေး တာဝန်ယူပေးကြောင်းလည်း သိရသည်။

“သူတို့ ရောက်လာကတည်းက ဒီမှာလက်ခံထားလို့ မရဘူးဆိုတာ ပြောပြီးသားပါ။ အခု ထပ်ရောက်လာတဲ့ သူတွေက ရခိုင်ပြည် နယ် ဒေသ အများကြီးကနေ ရောက်လာတဲ့သူတွေပါ။ ဒါကြောင့် သူတို့ကို ဒီကနေပြန်သွားဖို့ စီစဉ် နေတာပါ”ဟု ဦးဝင်းမြိုင် က ဆိုသည်။

သဲချောင်းသို့ ရောက်ရှိလာသူ တချို့သည် ၎င်းတို့နှင့် အတူ ထွက်ပြေးလာသူ တချို့ ရောက်ရှိနေသည့် ဆန်တပ်မော်ကျွန်း သို့ သွားလိုသော ဆန္ဒရှိနေသည့်အတွက် ၎င်းတို့ကို ထိုသို့ပို့လိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကလည်း ပြောသည်။

သို့ရာတွင် သဲချောင်းသို့ ရောက်ရှိလာသည့် ဒုက္ခသည်တချို့ကမူ စစ်တပ်မှ အတင်းအကျပ် ပို့ဆောင် နေခြင်းသာ ဖြစ်ကြောင်း၊ ထို့ကြောင့် တချို့က မထွက်ခွာလိုကြဘဲ သဲချောင်း ဒုက္ခသည်စခန်းအတွင်း ရှောင်ပုန်းနေကြောင်း ကျောက်ဖြူမြို့ ပိုက်ဆိုက် ရပ်ကွက်မှ သဲချောင်းသို့ ထွက်ပြေးလာသော ကမန် တိုင်းရင်းသား အစ္စလမ် ဘာသာဝင် ကိုဇော်မင်းဦး က ဧရာဝတီသို့ ပြော သည်။

“ကျနော် အခု သဲချောင်းထဲက တခြား ဒုက္ခသည်တွေ အိမ်မှာ ရှောင်နေရတယ်။ ပါလာတဲ့ စက်လှေ ၂ စီးကိုလည်း ၀မ်းဖောက်ပြီး မြှုပ်ထားလိုက်လို့ ကျနော်တခါတည်း ပါမသွားတာ။ တချို့တွေလည်း ကျန်နေသေးတယ်။ အခု စစ်တပ်က လှေပိုင်ရှင်တွေကို လိုက်ရှာနေလို့ တချို့က သဲချောင်း ဒုက္ခသည်စခန်းက အိမ်တွေမှာ ငှားနေနေကြတယ်”ဟု သူက ဆိုသည်။

လက်ရှိအချိန်တွင် ပင်လယ်ပြင်ထဲ၌ သဲချောင်း ဒုက္ခသည်စခန်းရှိရာသို့ ကမ်းကပ်ခွင့် မရသေးသော စက်လှေအစီး ၃၀ နှင့် သဲချောင်း ကမ်းတွင် ကပ်ထားသော စက်လှေ ၁၄ စီးကို ယနေ့ မနက်ပိုင်းတွင် ဒေသအာဏာပိုင်များက ဆန်တပ်မော် ကျွန်းသို့ ရွှေ့ပြောင်းခိုင်းသဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ သဲချောင်း ကမ်းတွင် ဆိုက်ထားသော စက်လှေ ၁၆ စီး ကျန်နေခဲ့သေး ကြောင်း သိရသည်။

ပြန်ပို့ခံရသည့် နေရပ်များတွင် ကယ်ဆယ်ရေးစခန်းကို မည်သည့်နေရာ၌ မည်သို့ဖွင့်ပေးမည်ကို အတိအကျ မပြောသေးဘဲ ရွှေ့ ပြောင်းခိုင်းနေသောကြောင့် ဒုက္ခသည်များက မပြန်ချင်ဘဲ ဖြစ်နေကြသည်ဟု စစ်တွေမြို့ နာဇီရပ်ကွက်မှ ဒုက္ခသည် အဖြစ် သဲချောင်းသို့ ရောက်ရှိနေသူ ဦးစိုးလွင်က ပြောသည်။

“မနက်က တပ်ရင်း ၆ က လူတွေလာပြီး ကမ်းမှာ ဆိုက်ထားတဲ့ စက်လှေပိုင်ရှင်တွေနဲ့ လူတွေကို ဒီကနေ ပြန်ခွာသွားဖို့ လာပြော တယ်။ ဒီမှာဆက်မနေဖို့ လာပြောတာ။ လောလောဆယ် ဆန်တပ်မော်ကျွန်းမှာ ၅ ရက်၊ ၆ ရက်လောက် ထားမယ်။ ပြီးရင် သူတို့ နေရပ်ကိုပဲ ပြန်ပို့မလား၊ ဘယ်ကို ပို့မလဲ ဆိုတာတော့ အတိအကျ မသိပါဘူး။ အခု ပထမအသုတ် ထွက်သွားပြီ။ အကုန်လုံးကို ပြန်ပို့မှာလို့ ကြားတယ်”ဟု သူက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်တွေ ဈေး သဘောင်္ဆိပ်သို့ အစ္စလမ် ဘာသာဝင် ကလေးများနှင့် မိန်းကလေးများ ပါလာသော စက် လှေ ၄ စီး ကမ်းကပ်ရန် ကြိုးစားနေသည့်အတွက် စစ်တွေဒေသခံ ရခိုင်တိုင်းရင်းသားများက ဆိပ်ကမ်းတလျှောက် လူစုလူဝေးဖြင့် စောင့်ကြည့်နေကြကြောင်း စစ်တွေဒေသခံ ကိုထွန်းဝေ က ပြောသည်။

“အခုအခြေအနေက တင်းမာတဲ့ အခြေအနေမှာ ရှိနေတယ်။ ရခိုင်လူငယ်တွေက လူစုနေကြတယ်။ ဆန်တပ်မော် ကျွန်းကနေ ဒီဘက်ကို ပို့လွှတ်လိုက်တဲ့ ပုံစံမျိုးလို့ ယူဆနေကြတယ်။ အဲဒီ ဆန်တပ်မော်ကျွန်းမှာက အစ္စလမ် ဘာသာဝင်တွေ နေတဲ့ ရွာ ၂ ရွာ ကျန်နေသေးတယ်။ နောက် ဟိုတလောက ရောက်လာတဲ့ အစ္စလမ် ဘာသာဝင် စက်လှေတချို့လည်း အဲဒီမှာ ရှိနေတယ်” ဟု သူက ဆိုသည်။

သဲချောင်းတွင် ကမ်းကပ်ခွင့်ရသော ကျောက်ဖြူဒေသခံ ကမန် တိုင်းရင်းသားများသည် ကမ်းကပ်ခွင့် ရရှိရန် ပင်လယ်ပြင်၌ ၄ ရက် ခန့် နေခဲ့ရပြီး ကျောက်ဖြူမှ ထွက်ပြေးလာစဉ် လှေပေါ်၌ ရရှိခဲ့သော ဒဏ်ရာကြောင့် သေဆုံးသူတချို့လည်း ရှိကြောင်း၊ လှေပေါ်တွင် ကလေးမီးဖွားခဲ့သူလည်း ရှိခဲ့ကြောင်း ကျောက်ဖြူမြို့ ပိုက်ဆိုက်ကျေးရွာမှ သဲချောင်း ဒုက္ခသည်စခန်းသို့ ရောက်ရှိ လာသော ကမန်တိုင်းရင်းသား ကျောင်းဆရာ ကိုနေစိုးနိုင်က ပြောပြသည်။

ကျောက်ဖြူမှ ရောက်ရှိလာသော ကမန်တိုင်းရင်းသားများ၏ ၈၀ ရာခိုင်နှုန်းသည် မှတ်ပုံတင် ကိုင်ဆောင်ခွင့် ရရှိထားပြီးသူများ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က ကမန်တိုင်းရင်းသားတွေပါ။ ပထမတော့ ရခိုင်မွတ်စလင်လို့ ခေါ်ပါတယ်။ နောက်ပိုင်းမှာ ကမန် တိုင်းရင်းသား တွေ ဖြစ်သွားတာပါ။ ဘင်္ဂါလီက တိုင်းရင်းသား မဟုတ်ဘူး၊ အများကြီး ကွာပါတယ်။ ကမန်က တိုင်းရင်းသားဖြစ်တယ်။ သင်္ချိုင်း ဂူ တွေကို သိပ္ပံနည်းကျ စစ်ဆေးကြည့်ရင် ရပါတယ်။ ရိုဟင်ဂျာ ဆိုတာက သီးသန့်ပါ။ ကျနော်တို့ဆီမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင်ဂျာ အဖွဲ့ဆိုတာလည်း မရှိဘူး။ အဲဒီလူတွေက မြောက်ပိုင်းပါ။ ကျနော်တို့က တောင်ပိုင်းသားတွေပါ”ဟု ကိုနေစိုးနိုင်က ဆို သည်။

သဲချောင်းသို့ရောက်လာသော စက်လှေတစီးတွင် လူဦးရေ ၁၅၀ ကျော် ပါလာကြောင်း၊ သဲချောင်းတွင် ရှိနေခဲ့ပြီးဖြစ်သည့် ဒေ သခံ ဒုက္ခသည်များက လိုအပ်သည်များကို ကူညီပေးနေကြောင်း သိရသည်။

သဲချောင်းတွင် ဇွန်လပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရောက်ရှိလာသော ဒုက္ခသည် ၁၉၀၀၀ ကျော် ရှိနေပြီး တားပိုင် ဒုက္ခသည်စခန်းတွင် လူ ဦးရေ ၁၀၀၀၀ ကျော် ရှိနေသည်။

အဆိုပါ ဒုက္ခသည်များသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရသောကြောင့် နိုင်ငံတကာမှ အကူအညီများကို ရရှိနေ သူများဖြစ်ကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ

Read More...

နှစ်လက်မထက် ပိုမြင့်မားသည့် ဒေါက်မြင့်ဖိနပ်ကြောင့် ဒူးဆစ်စားနိုင်

ယမင်း(မြစ်မခ)
31 Oct, 2012

ဒေါက်နှစ်လက်မထက်ပိုမိုမြင့်မားသော ဒေါက်မြင့်ဖိနပ်ကို ကြာရှည်စွာစီးခြင်းဖြင့် ဒူးဆစ်စားရောဂါများ ဖြစ်ပွားနိုင် ကြောင်း ဆရာဝန်ကြီးများထံက သိရသည်။

"ဒေါက်ဖိနပ်ကို ကြာရှည်စွဲပြီး စီးရင် ခေါင်းကိုက်တာ၊ ခြေထောက်သွေးကြောပိတ်တာ၊ ဖနောင့် အရွတ်ကြီး ဖြစ်လာ ပြီးတော့ ခြေ သလုံးကြွက်သားတွေကို တိုတောင့်သွားစေနိုင်တယ်။ ဒူးဆစ်စား ရောဂါလည်းဖြစ်ပွားနိုင်တယ်။ အဆိုး ဆုံးက ဖနောင့်အရွတ်ကြီး တိုဝင်သွားပြီဆိုရင်တော့ ဖနောင့်တွေ အမြဲနာနေတတ်တယ်” ဟု အလုံမြို့နယ်မှ ဒေါက်တာ မြင့်ဦးက ပြောသည်။

Read More...

အပေါ်သို့