မျိုးမင်းထွန်း (မြစ်မခ)
1 Nov, 2012
မြန်မာနိုင်ငံရှိဒေသအသီးသီးတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်နှင့် သက်ဆိုင်မူမရှိ ကြောင်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီမှ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဘဂါင်္လီတွေကိုလည်း ကောက်ယူသွားမှာပါ။ ဒါပေမယ့် ဒါဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ မသက်ဆိုင်ပါဘူး၊ နိုင်ငံသား ဖြစ်ခွင့်က ၁၉၈၃ ခုနှစ် နိုင်ငံသားဖြစ်ခြင်းဥပဒေနဲ့ ပဲသက်ဆိုင်ပါတယ်" ဟု သန်းခေါင်စာရင်း ကောက်ယူပုံကို ၀န်ကြီးက ရှင်းပြခဲ့သည်။
"မြန်မာနိုင်ငံ နယ်နမိတ်တွင်းမှာ ရှိနေတဲ့ သူအားလုံးကိုကောက်ယူသွားမှာဖြစ်ပြီး အခုပြဿနာ ဖြစ်ပွားနေတဲ့ ရခိုင် ဒေသက ဘဂါင်္လီလူမျိုးတွေကိုလည်း ကောက်ယူသွားမှာပါ။ မြန်မာနိုင်ငံမှာ လာရောက်တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ ခြားသား သံတမန် တွေနဲ့ဧည့်သည်တွေတော့ မပါဝင် ပါဘူး"ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
လက်ရှိတွင် ဗဟိုသန်းခေါင်စာရင်းကော်မတီကို ဖွဲ့စည်းထား ရှိပြီးဖြစ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၁၃ ခုနှစ် မတ်လ (၃၀)မှစတင်ကာ ဧပြီလ (၁၀)ရက်နေ့အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကာ စာရင်းကောက် ယူရာတွင် လူ တစ်ဦးလျှင်မေးခွန်း (၄၉)ခုအားအတိအကျ ဖြေဆိုပေးရမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းအတွက် အမေရိကန်ဒေါ်လာ(၅၅)သန်း အကုန်ကျ ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲက သိရှိရသည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမူကို ရှေးဘုရင်လက်ထက်များကပင် ဆောင်ရွက်ခဲ့ကြသော် လည်း လွတ်လပ်ရေးရရှိပြီး ၁၉၇၃ ခုနှစ် နှင့် ၁၉၈၃ ခုနှစ်များမှသာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက် ယူနိုင်ခဲ့ပြီး ၁၉၈၃ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၃၈ သန်းကျော်သာရှိခဲ့ကြောင်း၊ နောက်ပိုင်း တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအား အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူနိုင်မူမပြုလုပ်နိုင်သဖြင့် လူဦးရေ အတိအကျ မတွက်ချက်နိုင်တော့ပဲ လူဦးရေ သန်း(၆၀) ကျော်ရှိ သည်ဟု ခန့်မှန်းစာရင်းများသာထားရှိခဲ့ရကြောင်း အဆို ပါသတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။
Ref: မြစ်မခ
0 comments:
Post a Comment