Saturday, June 18, 2011

အမတို့က တကယ်ကို ခံစားခဲ့ရတာပါ

သဲသဲ
ဇွန်လ ၁၈ ရက် ၂၀၁၁ ခုနှစ်

(ဒေါ်ဘောက်ဂျာနှင့် အင်တာဗျူး)

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာသည် ဒေသတွင်းလယ်ယာခြံမြေ အသိမ်းခံများအရေး ကူညီနေသူလည်း ဖြစ်သည်။ မိုးညှင်းခရိုင် အင်းတော်ကြီး ဇာတိဖြစ်ပြီး၊ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က ဖားကန့်သို့ ပြောင်းလာကာ ဝါရာဇွပ်ကျေးရွာအုပ်စု အောင်ရာရွာ၌ ကိုယ်ပိုင်ဆေးဆိုင် ဖွင့်ထားသည်။

ကချင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပုန်းရှောင်သူများ၏ အခြေအနေနှင့် ပတ်သက်ပြီးဒေါ်ဘောက်ဂျာကို မဇ္ဈိမသတင်းထောက် သဲသဲက ဆက်သွယ်မေးမြန်းထားပါသည်။

Read More...

KIO က စတင်တိုက်ခိုက်ခဲ့ဟု အစိုးရပြော

ဇွန်လ ၁၈ ရက် ၂၀၁၁ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် တိုက်ပွဲစတင်ဖြစ်ပွားပြီး ၁၀ ရက်အကြာကျမှမြန်မာအစိုးရက ၎င်းတိုက်ပွဲသတင်းကို နိုင်ငံပိုင် သတင်းစာများမှတဆင့် ပထမဆုံး ထုတ်ပြန်လိုက်သည်။

စနေနေ့ထုတ် မြန်မာ့အလင်းတွင် KIO က စတင်တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားရသည်ဟု အဓိက အပြစ်တင်ထားပြီး၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်းကို အခြေပြု၍ နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားရကြောင်း ပါရှိသည်။

“အခြေချ စစ်ဗျူဟာမှူး ဦးစီးသည့် စစ်ကြောင်းသည် ဗန်းမော်မှ တာပိန်စီမံကိန်းသို့ ချီတက်လာစဉ် KIA ဆက်ဆံရေးရုံး ဆန်ခါစခန်း၊ တာပိန် လျှပ်စစ်စက်ရုံအဝင် တောင်ကုန်းထိပ် ထုံးဘိုမှ KIA အင်အားစုများကစောင့်ကြိုပြီး စတင်တိုက်ခိုက်ခဲ့သည်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Read More...

စိုက်ပျိုးစရိတ်ချေးငွေ ရခိုင်တွင်လည်း ခေါင်းပုံဖြတ်

ခင်ဦးသာ
18 June 2011

ရခိုင်ပြည်နယ် ဂီရိလေဘေးသင့်ဒေသ တချို့ရှိ လယ်သမားများအား စိုက်ပျိုးရေးဘဏ်မှ တဦးလျှင် ကျပ် ၇ သောင်း ထုတ်ပေးသော်လည်း ၂ သောင်းကို သက်ဆိုင်ရာကျေးရွာ အာဏာပိုင်များက ဖြတ်ယူနေကြောင်း ဒေသခံ လယ်သမား များထံမှ သိရသည်။

Read More...

စစ်တပ်များ တိုးချဲ့ နေရာယူလာ၍ ဘုရားသုံးဆူမြို့ အထိတ်တလန့်ဖြစ်

2011-06-17

ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ ရှိ ဥဒေါင်းကန်ဘက်နဲ့ တောင်ဝိုင်းဘက်မှာ လွန်ခဲ့တဲ့ နှစ်ရက်က စပြီး အစိုးရတပ်တွေ နေရာယူ တပ်စွဲလာတာကြောင့် မြို့ခံတွေ ကြောက်ရွံ့ပြီး ပြောင်းရွှေ့ကုန်ကြတယ်လို့ သိရပါတယ်။

ဘုရားသုံးဆူဘက်မှာ ယခု တပ်ရင်း (၃) ရင်း ရှိနေပြီး ကြာအင်းဆိပ်ကြီး အခြေစိုက် ဒေသခံ တပ်ရင်း ခလ၇ (၂၈၄) အပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၁၉) လက်အောက်ခံ ခြေမြန် တပ်ရင်း အမှတ် (၅၆၃) နဲ့ လွန်ခဲ့တဲ့ တပတ်လောက်ကမှ အသစ်ရောက်လာတဲ့ ခြေမြန်တပ်ရင်း အမှတ် ၅၆၆ တို့ ဖြစ်ပါတယ်။

Read More...

ကချင်ခေါင်းဆောင် အကျယ်ချုပ် သတင်း မမှန်ဟု NDA-K ငြင်းဆို

2011-06-17

အပစ်အခတ် ရပ်စဲထားတဲ့ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) အဖွဲ့ခေါင်းဆောင် တချို့ကို နေအိမ် အကျယ်ချုပ် ချထားတယ်ဆိုတဲ့ သတင်းတွေ မမှန်ကန်တဲ့ အကြောင်း NDA-K အရာရှိတဦးက အာအက်အေကို အတည်ပြု ပြောပါတယ်။

Read More...

မြန်မာအိမ်ဖေါ်များ ကိစ္စ အိုင်အယ်လ်အို ဆွေးနွေး

2011-06-17

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်နိုင်ရေး ကိစ္စ နဲ့  အိမ်ဖေါ် အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့ အတွက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ် (ILO) က မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အဖွဲ့ အစည်းတွေနဲ့  ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ခေါ်ယူ တွေ့ ဆုံ ဆွေးနွေးခဲ့ ပါတယ်။

Read More...

တောင်အာဖရိက သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

2011-06-17

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထိုင်း နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Douglas Gibson က ဒီနေ့ မနက်ပိုင်းမှာ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

Read More...

ကချင်ဒေသ တိုက်ပွဲများ ရပ်ဆိုင်းရန် တရုတ်နှင့် အမေရိကန် ပြော

ရန်ပိုင်
17 June 2011

တရုတ်နိုင်ငံက မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ အကြား တိုက်ခိုက်မှုများကို အဆုံးသတ်ရန် ယမန်နေ့က တိုက်တွန်းလိုက်သည်။

တရုတ်နိုင်ငံ အနေဖြင့် နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ အခြေအနေများပိုမိုဆိုးရွားမလာစေရန် နှစ်ဘက်စလုံး အနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က ပြောဆိုသည်။

Read More...

အစိုးရသစ် အခွန် တင်းကျပ်တော့မည်

နရီလင်းလက်
17 June 2011

အစိုးရသစ်လက်ထက် ပြောင်းလဲလိုက်သည့် အခွန်ဥပဒေသစ်ကြောင့် လာမည့် ဇူလိုင်လမှ စတင်၍ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ရရှိခဲ့သော ၀င်ငွေအပေါ် အခွန်ပေးဆောင် ရမည်ဖြစ်ရာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ငွေကြေးကျပ်တည်းမှု ကြုံတွေ့လာနိုင်ကြောင်း လေ့လာသူများနှင့် လုပ်ငန်းရှင်များက ပြောသည်။

Read More...

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ပေးစာနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူးမှ ပြန်စာ

GA to RWJ

No 2 laika

Friday, June 17, 2011

သမ္မတနှင့် အစိုးရအဖွဲ့ကို အရှင်ဉာဏိဿရ ညီညွတ်ရေး တရားဟော

လင်းသန့်
17 June 2011

သြဇာတိက္ကမကြီးသည့် ဆရာတော် တပါးဖြစ်သော သီတဂူဆရာတော် အရှင်ဉာဏိဿရသည် သမ္မတ ဦးသိန်းစိန်နှင့် ထိပ်တန်းအစိုးရ အကြီးအကဲများအား ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အရေးကြီးကြောင်း ယနေ့ကျင်းပသည့် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ကြားကြောင်း သိရသည်။

Read More...

အပစ်အခတ်ရပ်စဲရေး ကချင်အတိုင်ပင်ခံ ကမ်းလှမ်း

သန်းထိုက်ဦး
17 June 2011

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)ကို အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် အစိုးရက ကချင် အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များမှ တဆင့် ယနေ့ ကမ်းလှမ်း လာကြောင်း KIO က ပြောသည်။

Read More...

နအဖတို့ရဲ့ စစ်သုံ့ပန်း

17 June, 2011

ဇွန်လ ၈ ရက် မနက်က ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIO ထိန်းချုပ်မြေထဲ နယ်ကျွံလာသည့် ခလရ ၄၃၇ မှ ဗိုလ်ကြီး မြတ်ကိုကို၊ ဗိုလ်ကိုကိုဝင်းနှင့် ရဲဘော် ရဲနိုင်တို့ကို ထိန်းသိမ်း ထားရာမှ နောက်တရက် ညနေ ၆ နာရီခွဲတွင် ပြန်လွှဲ ခဲ့သော်လည်း၊ နှစ်ဖက် တိုက်ပွဲ၌ အဖမ်းခံရသည့် KIA ဒုတပ်ကြပ် ချန်ယိန်းကိုမူ အစိုးရတပ်က ညှဉ်းပန်း သတ်ဖြတ် ခဲ့သည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့က ပြောဆိုခြင်း ဖြစ်သည်။

ပုံများပေါ်တွင် ကလစ်၍ ပုံကြီးကြည့်နိုင်ပါသည်။

KIA မှ ပြန်လည်လွှတ်ပေးလိုက်သော ဗိုလ်ကြီး မြတ်ကိုကို

KIA မှ ပြန်လည်လွှတ်ပေးလိုက်သော ဗိုလ်ကိုကိုဝင်း

KIA မှ ပြန်လည်လွှတ်ပေးလိုက်သော ရဲဘော် ရဲနိုင်

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ မှ ဒုတပ်ကြပ် ချန်ယိန်းမှာ တိုက်ပွဲအတွင်း ဒဏ်ရာကြောင့် ကျဆုံး သွားပြီဟု ပြောဆိုကာ အလောင်းကို ဇွန်လ ၁၀ ရက်၊ ညနေ ၂ နာရီ ၅၅ မိနစ်တွင် KIA ဘက်မှ လက်ခံ ရရှိခဲ့ရာ အလောင်းမှာ သေနတ် ဒဏ်ရာကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ရိုက်နှက် နှိပ်စက်၍ သတ်ဖြတ်ခဲ့သည့် လက္ခဏာများ တွေ့ခဲ့ရသည်။

အရောက်ပို့ပေးပါတယ်နော်ဆိုတဲ့ နအဖ

“ရဲဘော်ရဲ့ ကိုယ်ခန္ဓာအနှံ့ ထုထောင်းရိုက်နှက်၊ ဓားချွန်ထိုး၊ ဦးခေါင်းကျေမွ ဒဏ်ရာနဲ့ သေဆုံးတာ သိရတယ်။ ညာဘက် လက်ဖ၀ါးကလည်း ကျေမွ ပျက်စီးနေတယ်။ အစွမ်းကုန် ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်လိုက်တယ်။ KIO အဖွဲ့အစည်းက ဖမ်းမိတဲ့ အစိုးရတပ်သား၊ ၀န်ထမ်းတွေကို အမြဲ ကောင်းကောင်း မွန်မွန် ဆက်ဆံတယ်၊ အပ်တယ်၊ မေးမြန်းပြီး အားလုံးကို ပြန်လွှတ်တယ်၊ ပြန်အပ်တယ်” ဟု KIO အရာရှိ ဦးလှနန်က ဆိုပါသည်။


နအဖရဲ့ ယုတ်မာမှုကို ခံလိုက်ရသော KIA ဒုတပ်ကြပ် ချန်ယိန်း


အမေရိကန် ကိုနိုကိုဖိလစ် အငြင်းပွားရေပြင် အနီး ဂတ်စ် ရှာဖွေတော့မည်

၁၇/၆/၂၀၁၁

အမေရိကန် ရေနံကုမ္ပဏီ ကိုနိုကို ဖိလစ် ( Konoko Philliphs) သည် မြန်မာနယ်စပ် အငြင်းပွားရေပြင်ပိုင်နက် အနီးတွင် ဂတ်စ်ရှာဖွေရေး လုပ်ငန်းကို များမကြာမှီ စတင်တော့မည်ဖြစ်သည်။

Read More...

ကမ္ဘာမြေကြီးကို ဆေးကု ကျေးဇူးဆပ်ပွဲ

June 17, 2011

စစ်ပွဲတွေ၊ အက်တမ်ဗုံးတွေနဲ့ လောဘသားတို့ကို ရာစုနှစ်ပေါင်း မရည်တွက်နိုင်လောက်အောင် ရင်နဲ့လွယ်ထားရတဲ့ ကမ္ဘာမြေကြီး မကျန်းမမာဖြစ်လာနေတဲ့အတွက် ကျနော်တို့ ကရုဏာလက် လူမှုအကျိုးပြုလူငယ်တို့က ကျနော်တို့ တတ်အားသရွေ့ ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်ဆေးကုပေးနိုင်ဖို့အတွက် ဂေဟဟိတ ဆိုတဲ့ သူငယ်ချင်းတွေရဲ့ ကမ္ဘာ မြေကြီးကို ဆေးကု ကျေးဇူးဆပ်ပွဲမှာ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုဖြစ်ပွား

June 16, 2011

ဒီကနေ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အတွက် လှုပ်ရှား မှုတွေကို ရန်ကုန်တိုင်းက မြို့နယ်တချို့၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့နေရာအတော် များများမှာ လူငယ်ကျောင်းသားအဖွဲ့ မှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် စာရွက်ဖြန့်ဝေခြင်း၊ ကပ်ခြင်း၊ ရပ်နီး ရပ်ဝေး သို့ ကြေငြာချက်များ စာတိုက်မှ ပေးပို့ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပြု လုပ်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တချို့က တော့ နီးစပ်ရာ စုစည်းပြီး ဆုတောင်ပွဲတွေ ပြုလုပ် ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသားတဦးရဲ့ဖခင် တဦးကို မေးမြန်းခဲ့ရာ …..

Read More...

KIA အပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့ အမေရိကန် တောင်းဆို

ဦးဇော်ဝင်းလှိုင်
16 ဇွန် 2011

မြန်မာအစိုးရတပ်တွေ အနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေကို အမေရိကန်အစိုးရ အနေနဲ့ သတိထား စောင့်ကြည့်နေတဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဒီအကြောင်းနဲ့အတူ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီ တရုတ်နိုင်ငံထဲကို ထွက်ပြေးလာနေတဲ့ အချိန်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာအစိုးရကို အခုလို တောင်းဆိုလိုက်တာပါ။

Read More...

အိမ်ဖော်တွေ အကာအကွယ်ပေးမယ့် သဘောတူညီချက် ကုလချမှတ်

16 ဇွန် 2011

နိုင်ငံတကာ သဘောတူညီချက်အရ ကမ္ဘာတ၀န်းမှာရှိတဲ့ အိမ်ဖော်တွေ အနေနဲ့ ပိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေကို ရရှိတော့မှာ ဖြစ်ပါတယ်။

ဂျီနီဗာမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလုပ်သမား ညီလာခံမှာ ကိုယ်စားလှယ်တွေက အိမ်ဖော်အလုပ်မားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ သဘောတူ စာချုပ်တရပ်ကို ကြာသပတေးနေ့က ချမှတ်နိုင်ခဲ့ကြပါတယ်။

Read More...

Monthly News Commentary - June 2011

PDC Monthly News Commentary - June 2011

Thursday, June 16, 2011

တရုတ်နယ်စပ်သို့ ကချင်ဒုက္ခသည် ရာပေါင်းများစွာ ထွက်နေ

16 June 2011

စစ်ပွဲကြောင့် မြန်မာတပ်စစ်တပ်က ပေါ်တာဆွဲမည်ကို စိုးရိမ်သည့်အတွက် တရုတ်နယ်စပ်သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသည့် ကချင်ဒုက္ခသည်အရေအတွက် ရာပေါင်းများစွာ တိုးလာနေပါပြီ။

နှစ်ရက်အတွင်း ဒုက္ခသည် ၁၀၀၀ ခန့် ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ် KIO ဌာနချုပ်လိုင်ဇာသို့ ရောက်ရှိ လာသည်ဟု လိုင်ဇာမှကချင်သတင်းဌာန သတင်းထောက် ပြောသည်။

Read More...

တရုတ်နယ်စပ်သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရောက်၊ ဆက်ရောက်လာနေဆဲ

16 June 2011

ပြီးခဲ့အပတ်မှစတင်သည့် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးလာသူများမှာ တရုတ် နယ်စပ်တစ်လျှောက် လူဦးရေ ၁၀၀၀၀ ကျော်ပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေး အရာရှိ ဆလန်ကဘာ ဒွဲပီဆာပြောသည်။

“မနေ့ညစာရင်းအရ လိုင်ဇာမှာ ၂၂၉၁ ၊ တပ်မဟာ ၃ အူရာဘွမ် ဖျင်ရှန်အနားမှာ ၃၀၀ ကျော်၊ လွယ်ဂျေက ၄၂၃၈၊ မန်ဝိန်းဘက် က ၂၀၀၀ ကျော်၊ မိုင်ဂျာယန်ဘက် ၃၀၀ ကျော်မယ်။”

Read More...

စစ်ပြေးဒုက္ခသည်တချို့ဘုန်းကြီးကျောင်းများတွင် ခိုလှုံ

16 June 2011

ဝိုင်းမော်-လိုင်ဇာ လမ်းမ ကဇူးယန် ကျေးရွာတွင် KIAနှင့် မြန်မာစစ်တပ်တို့၏ စစ်ပွဲငယ်ကြောင့် တရုတ်ပြည်နယ်စပ် မသွားနိုင်သော ဒုက္ခသည်များသည် ဝိုင်းမော်မြို့တွင်းရှိ ဘုန်းကြီးကျောင်းများသို့ လာရောက် ခိုလှုံနေသည်။

ကဇူးယန် ကျေးရွာတွင် ယမန်နေ့ နံနက် ၃နာရီမှ ၅နာရီထိ စစ်ပွဲငယ် ဖြစ်ခဲ့သည်။ အဆိုပါ အနီးအနားရှိ ဂါးရာယန်၊ ဂန်ဒေါင်ယန် စသည့်ကျေးရွာများမှ ဒုက္ခသည် (၃၀၀)ကျော်သည် ဝိုင်းမော်မြို့သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

Read More...

အယ်လ်ခိုင်းဒါး ခေါင်းဆောင်အဖြစ် အိုင်မန် အယ်လ်ဇာဝါရီကို ရွေး

16 ဇွန် 2011

အိုစမာ ဘင်လာဒင် (Osama Bin Laden) နေရာကို ဆက်ခံဖို့အတွက် အီဂျစ်နိုင်ငံဖွား အိုင်မန် အယ်လ်ဇာဝါရီ (Ayman al-Zawahri) ကို ရွေးချယ်လိုက်ပြီလို့ အယ်လ်ခိုင်းဒါးအဖွဲ့က ဆိုပါတယ်။

ဒီအကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်သစ် ကြေညာချက်ကို အယ်လ်ခိုင်းဒါးအဖွဲ့က အစ္စလာမ် အင်တာနက် စာမျက်နှာ တခုမှာ တင်လိုက်တာ ဖြစ်ပါတယ်။

ဒီအဖွဲ့က အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတွေဟာ အစ္စလာမ်ဘာသာကို ကျူးကျော် ဖျက်ဆီးသူတွေ ဖြစ်တယ်လို့ သုံးနှုန်းလိုက်ပြီး ဒီနိုင်ငံတွေကို ချက်ချင်းပဲ ဘာသာရေးစစ်ပွဲ၊ မြင့်မြတ်တဲ့ စစ်ပွဲတွေ ဆင်နွှဲသွားမယ်လို့ ကတိပြု လိုက်ကြပါတယ်။

Read More...

ဘန်ကီမွန်း ကုလမှူးချုပ် ဒု-သက်တမ်း အရွေးခံရဖို့ သေချာ

6 ဇွန် 2011

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကို ဒုတိယသက်တမ်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်နိုင်အောင် ရွေးချယ်ဖို့အတွက် လုံခြုံရေးကောင်စီက ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ ဘန်ကီမွန်းမှာ တခြားပြိုင်ဘက် မရှိဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဓိက အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကို ရရှိထားတဲ့အတွက် ဒုတိယသက်တမ်း ပြန်အရွေးခံရဖို့ ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Read More...

KIA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲ ပြင်းထန်

16 ဇွန် 2011

တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့ကြား နှစ်ဘက် တိုက်ပွဲတွေ မရပ်မနား ဖြစ်နေကြဆဲ ဖြစ်ပါတယ်။ KIA တပ်တွေ ချထားတဲ့ နေရာတချို့မှာ တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ KIA ဘက်ကလည်း အစိုးရတပ်တွေကို အဟန့်အတား ဖြစ်စေဖို့ လမ်းတံတား ဖျက်ဆီးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

နောက်ဆုံးအချိန်ထိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာအစိုးရတပ်တို့ အခြေအနေ ပြင်းထန်နေဆဲဖြစ်ပြီး မနေ့ညမှာတော့ KIA တပ်ချထားတဲ့နေရာ မိုးမောက်၊ ဗန်းမော်၊ မန်စီမြို့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အကျအဆုံး ရှိခဲ့တယ်လို့ KIO ဌာနချုပ် ဒေသခံတယောက်က အခုလို ပြောပါတယ်။

Read More...

ကချင်စစ်ပြေး ဒုက္ခသည် အများစု ၀င်ခွင့်မပြုတာ မဟုတ်ဟု တရုတ်အစိုးရ ငြင်းဆို

16 ဇွန် 2011

ကချင်ပြည်နယ်အတွင်းမှာ KIA နဲ့ မြန်မာစစ်တပ်တွေ အကြား ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်တဲ့ ဒေသတွေဆီက ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေဟာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံဖို့ ကြိုးစားကြပေမဲ့ တရုတ်အာဏာပိုင်တွေက လက်မခံတာကြောင့် ဒုက္ခဖြစ်ကြရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်းလီ (Hong Lei) က ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ဖြေရှင်းခဲ့ပါတယ်။

Read More...

လူ့အခွင့်အရေး ကိစ္စ မြန်မာတာဝန်ခံရန် အမေရိကန် ပြော

ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ်

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များအတွက် မြန်မာနိုင်ငံကို တာဝန်ခံစေလိုကြောင်း အမေရိကန်က ကုလသမဂ္ဂကို ပြောကြားလိုက်သည်ဟု AP အေပီ သတင်းတရပ်က ဆိုသည်။

တရုတ်၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဘားရိန်း၊ ဘီလာရုစ်၊ ကျူးဘား၊ သီရိလင်္ကာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗီနီဇွဲလား၊ ယီမင်နှင့် ဇင်ဘာဘွေတို့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်သော နိုင်ငံများအဖြစ် အမေရိကန်ကပြောဆိုထားသည်။

Read More...

အလုပ်သမားလက်မှတ် ငွေကုန်ကျမှု ပိုများ

ကိုဝိုင်း
ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ်

ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်လုပ်ခွင့် လက်မှတ်များ ထုတ်ပေးရာတွင် တရားဝင် သတ်မှတ်ငွေထက် ပိုမိုကုန်ကျနေကြောင်း ထိုင်းအလုပ်ရှာဖွေရေး ရုံးများနှင့် အလုပ်သမား အဖွဲ့များက ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့သော တနှစ်သက်တမ်းခံ မှတ်ပုံတင်ခွင့်ပြုရာ၌ ဒေသန္တရနှင့် လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ ထိုင်းဘတ်ငွေ ၂၉၈ဝ နှင့် ၃၈၈ဝ အကြား ကျခံရန် တရားဝင် သတ်မှတ်ထားသည်။ အလုပ်သမား၏ ကိုယ်ရေးမှတ်တမ်း
ပြုစုရန် ၈ဝ၊ ကျန်းမာရေး စစ်ဆေးမှု ၆ဝဝ၊ ကျန်းမာရေး အာမခံ ၁၃ဝဝ (တနှစ်အတွင်း ဖျားနာပါက ကုသငွေအဖြစ် အခမဲ့ သို့မဟုတ် ဘတ် ၃ဝ သာ ကုန်မည်)၊ အလုပ်လုပ်ခွင့် ပုံစံအတွက် ၁ဝဝ၊ အလုပ်လုပ်ကိုင်ခွင့် ၉ဝဝ-၁၈ဝဝ အသီးသီး ဖြစ်သည်။

Read More...

အပေါ်သို့