Saturday, March 13, 2010

အန်အယ်ဒီအတွက် ထောင်ချောက်သတိ

သောကြာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမသတင်းဌာန)။ ။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ ဥပဒေ ထွက်လာချိန်တွင် ဥပဒေအပေါ် သုံးသပ်ချက်နှင့် လွန်ခဲ့သော နှစ် ၅၀ ကျော်ကာလ ပါလီမန် ဒီမိုကရေစီ ခေတ်ကာလနှင့် ခြားနားမှု သုံးသပ်ချက်များကို မြန်မာ့နိုင်ငံရေး ခေတ်အဆက်ဆက် ဖြတ်သန်း လာခဲ့သော ၀ါရင့် နိုင်ငံရေးသမားကြီး နှစ်ဦးကို မေးမြန်းထားပါသည်။

အယူဝါဒမတူသူ သူတို့နှစ်ဦးအနက် လက်ရှိအချိန်တွင် ပထမ တဦးက ပြည်တွင်းမှာ၊ ကျန်တဦးက ပြည်ပမှာ နေထိုင်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်းသည် ထောင်ချောက် ဖြစ်နိုင်သည်ဟု သတိ ပေးလိုက်သူက ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။

သခင် ချန်ထွန်း
မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

''အဲဒါနဲ့ ပတ်သက်ပြီး စိတ်မဝင်စားလို့ မဖတ်မိဘူး။ ဒါကတော့ သူကြိုက်သလို ရေးမှာပဲ၊ သူထည့်ချင်သလို ရေးမှာပဲ၊ သူကြိုက်သလို လုပ်မှာပဲဆိုတော့ လူထုတရပ်လုံးက ကြိုက်တဲ့ဟာတော့ မဖြစ်နိုင်ဘူး။ ဖြစ်စေချင်တဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ လက်ရှိ နိုင်ငံရေး ပါတီတွေက လက်ခံနိုင်မယ့် ဟာတော့ မဟုတ်နိုင်ဘူး။ သူတို့ ဥပဒေနဲ့ သူတို့ ကြိုက်သလို လုပ်နေတာပဲ။ တပ်မတော်က အလိုလိုကို နေရာပါရမယ် ဆိုပြီးတော့ အခြေခံ ဥပဒေမှာကိုက ရှိနေတော့ ဒါက ဒီမိုကရေစီနဲ့ တခြားစီ ဖြစ်နေတယ်''

Read More...

နေ့စဉ်သတင်းများ ( ၁၂ - ၃ - ၁၀ )

အဖွဲ့ချုပ်ရုံးများတွင် ပါတီလုပ်ငန်းများ ဆက်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား သတင်း
လူထုကို မကြောက်ကြရန်၊ ရဲတင်းကြရန် ဦးဝင်းတင် တိုက်တွန်း သတင်း
စိန်ခေါ်မှုတွေကို ညီညီညွတ်ညွတ်နှင့် ရင်ဆိုင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ မွေးနေ့ သတင်း
ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့အသီးသီး မြန်မာအရေးလှုပ်ရှားသူများ လူငယ်များ ကျင်းပ သတင်း
ဟံသာဝတီ ဦးဝင်းတင်၏ မွေးနေ့နှင့် စာအုပ်သစ် ဖြန့်ချိပွဲ ကျင်းပ သတင်း
ရွေးကောက်ပွဲ အတုအယောင်အဖြစ် အာဆီယံအဖွဲ့ဝင်တွေ ဝေဖန် သတင်း
မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့မှု ဆက်လုပ်ဖို့လို သတင်း
၉၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်သည့်အပေါ် အဖွဲ့ချုပ် လက်မခံ သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါခွင့်ပေးဖို့ အီးယူ တိုက်တွန်း သတင်း
NLD မြို့နယ်ရုံးများ ဖွင့်လှစ်နေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်းများ တွေ့ရန်လိုအပ် သတင်း
ရခိုင်ခေါင်းဆောင် ဦးအေးသာအောင်နဲ့ ရွေးကောက်ပွဲ သတင်း
ရှမ်း SNLD နဲ့ ကချင် KSPP ပါတီတို့ရဲ့ ရွေးကောက်ပွဲပေါ် သဘောထားတွေ သတင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒသစ် မအောင်မြင်သည့်သဘော ကင်းဘဲလ် ၀န်ခံ သတင်း
မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စကင်ဒီနေးဗီးယန်း လေးနိုင်ငံ တောင်းဆို သတင်း
မြန်မာစစ်ရာဇ၀တ်မှု စုံစမ်းရေး ကင်တားနား တောင်းဆို သတင်း
စစ်အာဏာရှင်များကို နိုင်ငံတကာရာဇ၀တ်ရုံး တင်နိုင်ရန် ကင်တားနား တင်ပြ သတင်း
စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်ဆဲလို့ အမေရိကန်အစိုးရ ထုတ်ပြန် သတင်း
ကေအိုင်အိုနှင့် မြန်မာစစ်အစိုးရတို့ နယ်ခြားတပ်ကိစ္စ ထပ်မံဆွေးနွေး သတင်း
သုံးရောင်ခြယ်ကျောင်းသား ကိုမြတ်စံ ထောင်မှ ပြန်လည်လွတ်မြောက် သတင်း
ရွေးကောက်ပွဲဥပဒေ သီတင်းပတ်နဲ့ မလွတ်လပ်သော နိုင်ငံရေးသတ္တ၀ါ မြန်မာပြည်သူများ သတင်း
မြန်မာ့ပတ္တမြားနဲ့ နီလာ သတင်း
၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား သတင်း
နအဖတပ်မများ ၀ နယ်အနီး ပိုမိုဖြည့်တင်းချဉ်းကပ် သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ သတင်း
မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား သတင်း
မွန်ပြည်သစ် ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့် တွေ့ဆုံကြဦးမည် သတင်း
နယ်ခြားစောင့်တပ်အရေး မတ်လ (၁၅) ရက် နောက်ဆုံး အကြောင်းပြန်ရမည် သတင်း
ရွေးကောက်ပွဲကော်မရှင်ကို ဗိုလ်ချုပ်ဟောင်း ဦးဆောင် သတင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် သုံးသပ်ချက်များ သတင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် တိုင်းရင်းသားအဖွဲ့အစည်းများ အမြင် သတင်း
ရွေးကောက်ပွဲ သတင်းများ ဆင်ဆာထိ သတင်း
အလုပ်သမားသပိတ်များကို စစ်အစိုးရ စောင့်ကြည့်နေ သတင်း
နာရေးကူညီမှုက အသုဘပို့ နောက်လိုက်ယာဉ် အခမဲ့ စီစဉ် သတင်း
ပြည်ထောင်စုလမ်းမပေါ် ကုန်စစ်ဆေးရေးစခန်း မီးလောင် သတင်း
ဆားကြမ်းဈေး ထိုးကျ၊ ဆားလုပ်ငန်းရှင်များ ဆွေးနွေး သတင်း
အမွန်းကျပ်ဆုံးအချိန် (ဦးဝင်းတင်နှင့် အင်တာဗျူး)
အန်အယ်လ်ဒီအတွက် ထောင်ချောက်သတိ (အင်တာဗျူး)
စစ်နှင့် နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူစဉ်းစားချက်‏ (ဆောင်းပါး)

Friday, March 12, 2010

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ

March 12,2010


People Parliament Law

Burma Update - Election Laws and Election Commission

March 12, 2010


Burma Update - Election Laws and Election Commission - 11 March 2010

စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း

ရဲဘော်ဖိုးသံချောင်း
၁၁/ မတ် ၂၀၁၀

နအဖစစ်အစိုးရက ရွေးကောက်ပွဲအသံတွေ ပေးတာ ကြားရတိုင်း၊ အဲဒီရွေးကောက်ပွဲကို ထုံးသုတ်-ရွှေချ ပြောကြတာတွေ ကြားရတိုင်း ဒီရွေးကောက်ပွဲကနေ ပေါ်လာမယ့် လွှတ်တော်ရဲ့ပုံကို စဉ်းစားနေမိပါတယ်။ စဉ်းစားနည်းဟာ ကလေးဆန်တယ်ပဲ ပြောပြော၊ လူပြိန်းဆန်တယ်ပဲ ပြောပြော အလွယ်ဆုံး ကိစ္စတခုကိုပဲ အရင်ဆုံးတွေးမိပါတယ်။ အဲဒါကတော့ တကယ်လို့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ “သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့” ဆိုတာက ဗိုလ်သန်းရွှေကို သမ္မတအဖြစ် တင်မြှောက်ပြီးလို့ လွှတ်တော်ထဲမှာ ကြေညာလာပြီဆိုရင် ဘယ်သူကများ ဆန့်ကျင်ရဲမလဲ၊ စင်ပြိုင်အမည်တခု တင်ရဲမလား ဆိုတာပါ။ အဲဒီလိုအခါမှာ လွှတ်တော်ခန်းမကြီး တခုလုံးဟာ ငြိမ်ကျသွားမလား၊ ဆူပွက်သွားမလား၊ တိုးတိုးပြောသံတွေ မသဲမကွဲ ကြားလာရမလား၊ သူ့ထက်ငါဦး အလုအယက် ထောက်ခံကြမလား၊ တယောက်မျက်နှာ တယောက် ကြည့်နေကြမလား၊ ဘာပဲပြောပြော “စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကြီးကို ကျင့်သုံးနေချိန်ဆိုတော့ စည်းကမ်းတကျတော့ ဖြစ်မှာ သေချာပါတယ်။ မဆလ လက်ထက်တုန်းက ဗိုလ်နေဝင်း စကားပြောနေရင် အပေါ့အပါးတောင် ထမသွားကြရဘူး ဆိုသမို့လား။ ဒီလွှတ်တော်ထဲက စားပွဲတွေ အောက်မှာ အသံဖမ်းစက်တွေ တပ်မထားပေမယ့် ကလို့စ် ဆားကစ်တီဗွီ (close circuit TV) လို တီဗွီ ကင်မရာတွေနဲ့တော့ လူအားလုံးကို စောင့်ကြည့်နေမှာ သေချာပါတယ်။

တဆက်တည်း ဆက်တွေးမိတာက အဲဒီကြပ်ပြေးက လွှတ်တော်ကြီးမှာ (၂၅) ရာခိုင်နှုန်းသော စစ်တပ် ကိုယ်စားလှယ်တော်ကြီး များက လွှတ်တော်ခန်းမ အတွင်း ဘယ်လိုနေရာမှာ ထိုင်ကြမှာလဲ ဆိုတာပါ။ တခြား ကိုယ်စားလှယ်တွေ ကြားမှာပဲ ရောထိုင်မှာလား။ ဒါဆိုရင် ကျန်တဲ့လူတွေ စိတ်ထဲမှာ ထောက်လှမ်းရေး လာထိုင်နေတယ်လို့ ခံစားရမလား။ အနေကျုံ့ကြမှာလား။ ဒါမှမဟုတ် အင်ဒိုနီးရှား လွှတ်တော်မှာလို သူတို့ချည်းသတ်သတ် သီးသန့်ထိုင်မှာလား။ တရားရုံးက ဂျူရီအဖွဲ့လို ထိုင်နေမှာလား။ ဒီဘယ်သူ့ မဲတမဲမှ မရခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကို ယူနီဖောင်းဝတ်နဲ့ တက်လာကြမှာလား၊ အရပ်ဝတ်နဲ့ တက်လာကြမှာလား။ ကြပ်ပြေးက လွှတ်တော်ဆိုတာ ကြီးထဲမှာ တနေရာက ကွက်ပြီး စိမ်းနေရင် ရုပ်မြင်သံကြား ထဲမှာတော့ ထင်းနေမှာပဲ။ ဗိုလ်သန်းရွှေနည်း ဗိုလ်သန်းရွှေဟန် ဒီမိုကရေစီရဲ့ အထိမ်းအမှတ် လက္ခဏာပေါ့လေ၊ ဒါလောက်တော့ ရှိမပေါ့။

Read More...

ဦးဝင်းတင်၏ ရှစ်ဆယ်နှစ်ပြည့် စကားသဝဏ်လွှာ

March 11, 2010



နေ့စဉ်သတင်းများ ( ၁၁ - ၃ - ၁၀ )

စိန်ခေါ်မှုတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
ရွေးကောက်ပွဲဥပဒေသစ် ရှက်ဖွယ်ကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သတင်း
တရားမျှတမှုမရှိတဲ့ ဥပေဒလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် သတင်း
တစုံတဦးကို ရည်ရွယ်တဲ့ ရွေးကောက်ပွဲဥပဒေအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သတင်း
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်လည်း မဖြစ်နိုင် သတင်း
နိုင်ငံရေးအကျဉ်းသားတွေကို မတားမြစ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း သတင်း
၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရ တရားဝင် ပယ်ဖျက် သတင်း
ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း သတင်း
အန်အယ်လ်ဒီရုံးတွေ ပြန်ဖွင့်ခွင့်ပြု သတင်း
ရွေးကောက်ပွဲဥပဒေ နိုင်ငံတကာ ဝေဖန် သတင်း
စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်မှု ရှိမရှိ ဆန်းစစ်ဖို့လို သတင်း
ရွေးကောက်ပွဲဥပဒေ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီမှုမရှိ သတင်း
ပါတီမှတ်ပုံတင်ဥပေဒ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုကင်းမဲ့သွားစေဟု အမေရိကန် ပြောကြား သတင်း
စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင် ငြင်း သတင်း
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အမည်စာရင်း စစ်အစိုးရ ထုတ်ပြန်ကြေညာ သတင်း
ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုအပေါ် နောက်ထပ်စွဲချက်အသစ်တင် သတင်း
ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား သတင်း
ဥပဒေ မပြင်လျှင် ပါတီမှတ်ပုံမတင်ဟု တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား သတင်း
၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ကြောင်း အင်အားအကြီးဆုံး ရခိုင်လက်နက်ကိုင်ပါတီမှ သဘောထား ထုတ်ပြန် သတင်း
ရွေးကောက်ပွဲဥပဒေ ရန်ကုန်သားများ မကျေနပ် သတင်း
ရွေးကောက်ပွဲကော်မရှင် အမည်စာရင်း ကြေညာ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်ရုံးများ ဖွင့်လှစ်နေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များ တွေ့ဆုံရန် လိုအပ် သတင်း
ဘယ်လိုဆုံးဖြတ်မလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဆောင်းပါး)
နအဖ စစ်အာဏာရှင်တွေကို ယုံစားရင် အကုန်မှားလိမ့်မယ် (ဆောင်းပါး)
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင် (ဆောင်းပါး)
စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း (ဆောင်းပါး)

Thursday, March 11, 2010

စစ်အစိုးရလုပ်ရပ် အန်အယ်ဒီ မကျေနပ်

ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀

စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် လုံးဝကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောလိုက်ပြီး အခက်အခဲ အကျပ်အတည်းတွေ့အောင် လုပ်လိုက်သော ပြဌာန်းချက်ဟု ပါတီ ပြန်ကြားရေးမှ ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ စီအီးစီများ တွေ့ဆုံ အဖြေရှာမည်ဖြစ်ရာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မဇ္ဈိမက ဦးဥာဏ်ဝင်းနှင့် ပါတီ၏ ဥပဒေ အကြံပေး ဦးအောင်သိန်းတို့ကို ဆက်သွယ် မေးမြန်းထားသည်။

ရှေ့နေ ဦးဥာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်ဝင်နှင့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ် အန်ကယ်တို့ ပါတီအနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

''ဒီဥပဒေကတော့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ၊ NLD အပါအဝင် အားလုံးကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ ဝန်ခံချက်နဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ခံရမယ် ဆိုတော့ ဒီဟာက အင်မတန်ကြီးမားတဲ့ အခက်အခဲလို့ ကျနော် ပြောချင်တယ်''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၂ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

''ဒါကလည်း တကယ့်ကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်ပဲ။ ဒီလို ပြဋ္ဌာန်းချက်မျိုး ကျနော်တို့ အတွေ့အကြုံအရ နိုင်ငံတကာမှာ တခါမှ မတွေ့ဖူးဘူး။ အဲဒီတော့ ဒီဟာက ဒီတိုင်းပြည်တွင်းမှာ ပါတီတွေကို ထိန်းချုပ်ဖို့၊ ပါတီတွေကို ကန့်သတ်ဖို့ ကျိုးစားဆောင်ရွက်တဲ့ လုပ်ရပ်လို့ ကျနော် အဲဒီလို မြင်ပါတယ်''

ဒီဥပဒေအရဆိုရင် NLD ပါတီဝင်တွေအနေနဲ့ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဗျ။

Read More...

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား

NEJ/ ၁၀ မတ် ၂ဝ၁ဝ


နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီ ပါတီကို ရပ်တည်ခွင့် မပေးသည့် သဘော ဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့ လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ကိုယ်တိုင်က ထောင်ကျနေတဲ့ သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟို ကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်း ဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်း သတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ် ဆိုရင်တောင်မှ ကျနော်တို့ရဲ့ ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီ ထောင်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျ ခံနေရသူ ဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ် ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ် စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားသော ထောင်ဒဏ် ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေအရဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား အင်းစိန် အထူး တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ် ချမှတ်မှုကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံ တင်သွင်းထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီထောင်ခွင့် မရှိသူ တဦးအဖြစ် အဓိပ္ပာယ် သက်ရောက်နေသည်။

Read More...

နေ့စဉ်သတင်းများ ( ၁၀ - ၃ - ၁၀ )

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကို သပိတ်မှောက် သတင်း
NLD ရုံးခွဲတွေ ပြန်ဖွင့်ခွင့်ရ သတင်း
ဥပဒေ အတားအဆီးတွေ ရှိပေမယ့် NLD ဆက်လက်ရှင်သန် သတင်း
အဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်မည် သတင်း
ရွေးကောက်ပွဲဥပဒေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်မှု လွန်ကဲ သတင်း
ရွေးကောက်ပွဲဥပဒေ အမေရိကန်အစိုးရ သံသယရှိ သတင်း
အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင် ပြောကြား သတင်း
ပါတီမှတ်ပုံတင်ဥပဒေ NLD အကျပ်အတည်းဖြစ် သတင်း
မှတ်ပုံတင်ဥပဒေက ဒေါ်အောင်ဆန်းစုကြည်နှင့် CC (၁၁) ဦးကို ပါတီမှ ခွဲထုတ် သတင်း
၂၀၁၀ ရွေးကောက်ပွဲ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ (၂/၂၀၁၀) အရ အန်အယ်လ်ဒီပါတီ ဆက်လက်ရပ် တည်ခွင့်ကို ခြိမ်းခြောက် သတင်း
ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ပါတီထောင်နိုင် သတင်း
ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ပါဝင်ခွင့်မပေးသည့် ဥပဒေကို အမေရိကန်အစိုးရ ဝေဖန် သတင်း
မြန်မာ့နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် အမေရိကန် ထပ်မံတောင်းဆို သတင်း
တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေ ရွေးကောက်ပွဲဝင်ရေး အခက်အခဲတွေ့ သတင်း
ရွေးကောက်ပွဲဥပဒေ တိုင်းရင်းသားပါတီတွေ လက်မခံ သတင်း
ရွေးကောက်ပွဲဥပဒေ နိုင်ငံတကာ ဝေဖန် သတင်း
ရွေးကောက်ပွဲကော်မရှင်ဥပဒေအပေါ် တုံ့ပြန်ချက်များ သတင်း
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို သတင်း
ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို အမှုတွဲထပ်တိုး သတင်း
အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းအခြေအနေ သတင်း
မကွေးတက္ကသိုလ် ကျောင်းသားအချို့ကို ရဲအဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီး သတင်း
မတရားအသင်း ကြေညာရန် နအဖဘက်မှ ပြင်ဆင်မှုကို ၀ အဖွဲ့က လက်မခံနိုင် သတင်း
ပြည်ပရောက် ကရင်များ စစ်အစိုးရကို တပြိုင်နက်တည်း ကန့်ကွက်ဆန္ဒပြ သတင်း
အလုပ်သမားသမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့် တောင်းဆို သတင်း
စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ အခြေအနေဆိုးလာ သတင်း
ဒုက္ခသည်များ အစာရေစာ ပြတ်လပ်မှုနှင့် ကြုံတွေ့လာနိုင် သတင်း
သင်္ဘောနှင့်အတူ ပြန်ပေးဆွဲခံရသည့် သင်္ဘောသားများ အခြေအနေ သတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာဒုက္ခသည်များ ကူညီထောက်ပံ့မှုမရ သတင်း
မိုးလေ၀သသတင်းကို အထူးဂရုပြု နားထောင်ကြရန် တိုက်တွန်းနှိုးဆော် သတင်း
မြန်မာဖြစ်က အိမ်သာတက်ခွင့်မရှိ - ဖို့တ်ဝိန်းဆိုင်တခုက တားမြစ် သတင်း
ကေအိုင်အိုနယ်မြေအနီး နအဖတပ်နှင့် အာဏာပိုင်များ ဘိန်းခင်းဖျက်ဆီးရေး ပြုလုပ် သတင်း
စက်မှုဇုန်အရေး မပြေလည်သေး သတင်း
ဒီဗီဘီ သတင်းထောက် မလှလှဝင်းအမှု အယူခံလွှာ တင်သွင်း သတင်း
မြန်မာအလုပ်သမား (၂၀၀) ခန့် ထပ်မံဖမ်းဆီးခံရ သတင်း
မြန်မာသို့ ဓာတ်မြေသြဇာ မှောင်ခိုတင်ပို့သူ ဘင်္ဂလီ (၁၆) ဦးကို ထောင် (၇) နှစ်စီ ချမှတ် သတင်း
ကားတိမ်းမှောက်၍ တဦးသေ (၅) ဦး ဒဏ်ရာရ သတင်း
ဗုဒ္ဓဘာသာတွေတဲ့လား (ဆောင်းပါး)
လူထုစည်းဝေးပွဲကြီးမစခင် ရှင်နာဝပ်ထရာ မိသားစုတွေ တိုင်းပြည်က ပြေး သတင်း
ဆန္ဒပြပွဲမှာပါတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထောင်ချမယ် သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စိန်ခေါ်ခြင်း (ဆောင်းပါး)
အတွင်းကြေ မြန်မာ့တပ်မတော်ထဲက လက်ရှိ တပ်ပြေးပြဿနာများ (ဆောင်းပါး)
စစ်အစိုးရလုပ်ရပ် အန်အယ်လ်ဒီ မကျေနပ် (အင်တာဗျူး)

Wednesday, March 10, 2010

ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော

ဖနိဒါ
အင်္ဂါနေ့၊ မတ်လ ၀၉ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

“ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာရမယ်။ အဲဒီရလဒ်ကို တနည်းနည်းနဲ့ အသိ အမှတ်ပြု ဆောင်ရွက်ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကတော့ ဒီအတိုင်းပဲလို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။

အဓိက အတိုက်အခံပါတီ အန်အယ်ဒီက နေအိမ်ချုပ် ကျခံနေရသော ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၁၉၉၀ ခု ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက တစုံတရာ အသိအမှတ် ပြုရန်၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဟူသော တောင်းဆိုချက်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းဟူ၍ အမည်ပေးထားသည်။

Read More...

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ

မတ်လ ၀၉၊ ၂၀၁၀




Read More...

နေ့စဉ်သတင်းများ ( ၉ - ၃ - ၁၀ )

မြန်မာ့အရေးစိုးရိမ်မှု ဘန်ကီမွန်း စာရေးပေးပို့ သတင်း
ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန် သတင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ရက် (၆၀) ရမည် သတင်း
ရွေးကောက်ပွဲဥပဒေ ပါရှိသည့် သတင်းစာ ဈေးတက် သတင်း
သတင်းစာများ မှန်းချက်နှင့် မကိုက် သတင်း
၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေ (၅) ရပ် ထုတ်ပြန်ပြီ ဆိုတဲ့ ရန်ကုန်သတင်းနံနက်ခင်း သတင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ သတင်း
နအဖ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥပဒေ ထုတ်ပြန်၊ မဲဆန္ဒရှင် အဓိပ္ပါယ်သတ်မှတ်ချက် မပါဝင် သတင်း
ထောင်ကျအတိုက်အခံ ရွေးကောက်ပွဲ မဝင်ရန် စစ်အစိုးရ တားမြစ် သတင်း
၂၀၁၀ ရွေးကောက်ပွဲ စစ်တပ်က ဒိုင်လူကြီး မဖြစ်နိုင် သတင်း
ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော သတင်း
ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြရန် ဝန်ကြီးချုပ်သိန်းစိန် ပြောဆို သတင်း
စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန်ခြင်းအပေါ် တုန့်ပြန်မှုများ သတင်း
ဗကသ ခေါင်းဆောင် ကျော်ကိုကို တမှုထပ်တိုး သတင်း
ပီနန်ထောင်တွင် မြန်မာအကျဉ်းသားတဦး သေဆုံး သတင်း
ထိုင်းရဲဖမ်းသဖြင့် ထွက်ပြေးသည့် မိန်းကလေး (၂) ဦး ရေနစ်သေဆုံး သတင်း
ပစ်သတ်ခံရသော မြန်မာများအတွက် စုံစမ်းပေးရန် HRW တောင်းဆို သတင်း
လှိုင်သာယာစက်မှုဇုန်အမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံ ဆန္ဒပြမှုကို တာဝန်ရှိသူများ လိုက်လျော သတင်း
လုပ်အားခမပေးသည့်အပြင် ကားဂိတ်တွင် ပစ်ထားခဲ့သည့်အတွက် အလုပ်သမားများ အခက်တွေ့နေရ သတင်း
အာဆီယံအမတ်များအဖွဲ့ မယ်တော်ဆေးခန်းကို လည်ပတ် သတင်း
နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းအများနှင့် (AIPMC) အကြီးအကဲ လာရောက်တွေ့ဆုံ သတင်း
တောင်ငူခရိုင်၌ လူနေအိမ် (၄) လုံး မီးရှို့ဖျက်ဆီးခံရ သတင်း
စစ်ကိုင်းတိုင်းတွင် ကြက်တုပ်ကွေးဖြစ်၊ ကြက်သောင်းချီ ဖျက်ဆီး သတင်း
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်၊ ရွာများစွာ ရွှေ့ပြောင်းခံရဖွယ်ရှိ သတင်း
အင်းစိန် စီအိုင်ဒီဝင်း ဆိုင်ခန်း (၁ဝဝ) ကျော် ဖျက်သိမ်း သတင်း
ရဲနှင့် ကြံ့ဖွံ ဆိုင်ကယ်စီးခွင့် ပြန်ရ သတင်း
စပါးသိမ်းလိုသော ဦးတေဇ ကုမ္ပဏီကို တောင်သူ မကျေနပ် သတင်း
မီတာမသုံးသော တက္ကစီများ ဖမ်းဆီးကြောင်း အသိပေး သတင်း
စစ်တွေ မီးအား လျှော့ပေးသဖြင့် စာမေးပွဲဖြေမည့် ဆယ်တန်းကျောင်းသားများ အခက်ကြုံ သတင်း
အမြင်မလျော်သည့် စုံတွဲများကို အရေးယူလျှင် အန္တရာယ်များနိုင်ဟုဆို သတင်း
လွဲနေသော ဆုံမှတ် (သို့မဟုတ်) ၂၀၁၀ ရွေးကောက်ပွဲ (ဆောင်းပါး)
နယူးဒေလီက အမျိုးသမီးများနေ့ ကြွေးကြော်သံ (ဆောင်းပါး)
အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ (ဆောင်းပါး)

Tuesday, March 9, 2010

နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ



နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ

နေ့စဉ်သတင်းများ ( ၈ - ၃ - ၁၀ )

လှိုင်သာယာ Lucky ဖိနပ်စက်ရုံ အလုပ်သမား (၅၀၀) ဆန္ဒပြ သတင်း
ရထားနှစ်စီး တိုက်မိ၊ လူ (၅) ဦး သေဆုံး သတင်း
ထိုင်းအထက်လွှတ်တော်အမတ်နှင့် (AIPMC) အဖွဲ့ဝင်များ နယ်စပ်အခြေအနေ လာရောက်လေ့လာခဲ့ သတင်း
ရှမ်းခေါင်းဆောင်များနဲ့ တွေ့ခွင့်ရဖို့ အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့ သတင်း
ခြံရောင်းရန် ကြိုးစားသူကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည် သတင်း
မြန်မာစစ်အစိုးရ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန် သတင်း
ကချင်ပြည်နယ် ဘိန်းစစ်ဆင်ရေး စစ်အစိုးရ ပြင်ဆင် သတင်း
ပတ်စ်ပို့အသစ် ထုတ်ပေးဖို့ မြန်မာအစိုးရ ပြင်ဆင် သတင်း
ILO တာဝန်ခံ လယ်သိမ်းခံ တောင်သူများနှင့် တွေ့ဆုံ သတင်း
အကြမ်းဖက် အနိုင်ကျင့်မှုများ ရပ်တန့်ရေး အမျိုးသမီးအဖွဲ့ချုပ် တောင်းဆို သတင်း
နအဖ ရွေးကောက်ပွဲ ဟန်ပြသာဖြစ်ဟု ထိုင်းအထက်လွှတ်တော်အမတ် ပြောကြား သတင်း
စစ်အစိုးရက ရွေးကောက်ပွဲပြင်ချိန် အတိုက်အခံ သဘောကွဲ သတင်း
နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ မတရားအသင်း ကြေညာခံရဖွယ်ရှိ သတင်း
မွန်ပြည်သစ် တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များ ဝင်ရောက်လာ သတင်း
နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သည့် မွန်အိမ်ထောင်စု (၉၀) ကျော်ရှိ သတင်း
၂ဝ၁ဝ နှစ်ဆန်းအတွင်း စစ်အစိုးရမှ ကေအန်ယူအပေါ် ထိုးစစ်ဆင်မှု ပိုမိုလုပ်ဆောင်ခဲ့ သတင်း
ကရင်ရွာသားများ ဖမ်းဆီးပြီး ပေါ်တာထမ်းခိုင်း သတင်း
ဘားမားဗီဂျေဇာတ်ကား ဆန်ခါတင်စာရင်းဖြင့်သာ ကျေနပ်ခဲ့ရ သတင်း
အမြတ်များမည့် ပြည်သူပိုင်လုပ်ငန်းများ ဦးပိုင် သိမ်းမည် သတင်း
မပခတိုင်းမှူးနှင့် အာဏာပိုင်များကို လာဘ်ငွေထိုးပြီး သစ်များ ခိုးထုတ်နေ သတင်း
ရန်ကုန်မြို့နယ်အချို့ ညပိုင်းတွင် လျှပ်စစ်မီး ပိုရလာ သတင်း
ရွှေလီရေအားလျှပ်စစ်စက်ရုံက မီးပေးဖို့ ပြင်ဆင်နေ သတင်း
တောင်ဒဂုံစက်ရုံ အလုပ်သမားဆန္ဒပြပွဲ ပြေလည်မှုရရှိ သတင်း
ဘင်္ဂလာဒေခ်ျ့က ဆန်တန်ချိန် (၂၅,၀၀၀) မြန်မာမှ တင်သွင်းမည် သတင်း
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း သတင်း
၂၀၁၃ ဆီးဂိမ်း မြန်မာနိုင်ငံတွင် ကျင်းပမည် သတင်း
ဝ အား နအဖ အင်အားသုံး ခြေမှုန်းတော့မည်လော (ဆောင်းပါး)
စစ်အာဏာရှင် မြင်လို တွေ့လိုတဲ့ လူတန်းစားထဲ ကိုယ်ပါမသွားပါစေနဲ့ (အင်တာဗျူး)

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

Monday, 08 March 2010 21:12

ချင်းမိုင်။ ။ စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။

ဥပဒေအရ ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးကို ခန့်အပ် တာဝန်ပေးနိုင်ကြောင်း ဖော်ပြထားပြီး ကော်မရှင် လူကြီးများသည် အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်၊ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် စစ်အစိုးရက ယူဆသူဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ကာ လစာ၊ စရိတ်ကြေးငွေရသော အခြား မည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်ဟူသော အချက်များလည်း ပါဝင်သည်။

ဥပဒေအရ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တို့နှင့် လက်အောက် အဆင့်ဆင့်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်များ ဖွဲ့စည်းမည်ဖြစ်ကာ၊ နေပြည်တော် ကော်မရှင် အဖွဲ့ခွဲကိုလည်း သီးခြား ထားရှိမည်ဖြစ်သည်။

Read More...

ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ မြန်မာ့ရုပ်မြင် ကြေညာချက်

မဇ္ဈိမသတင်းဌာန
Monday, 08 March 2010 19:34

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခြင်း

“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ဥပဒေ အမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၁၃၇၁ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၉ ရက်၊ ၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့က စပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ် ထုတ်ဝေဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ် ခင်ဗျာ”

Monday, March 8, 2010

နေ့စဉ်သတင်းများ ( ၇ - ၃ - ၁၀ )

ပဲခူးနယ် အဖွဲ့ချုပ်လူငယ်များ ဦးတင်ဦး၊ ဦးဝင်းတင်တို့နှင့် ပထမဦးဆုံးအကြိမ် တွေ့ သတင်း
မြန်မာ (၂၁) ဦးပါ ပြန်ပေးဆွဲခံသင်္ဘောနဲ့ ဆက်သွယ်နိုင်ရေး နော်ဝေးကုမ္ပဏီ ကြိုးစားနေဆဲ သတင်း
မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ သတင်း
တောင်ဒဂုံ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ သတင်း
အိုင်အယ်လ်အိုအရာရှိ အောင်လံတောင်သူများကို သွားရောက်တွေ့ဆုံ သတင်း
မြန်မာပြည်တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုး ဆက်လက်ကူးစက်ဖြစ်ပွား သတင်း
ရွှေကျင် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာ (၂၀) ကျော် ရေနစ်မြုပ် သတင်း
လျှပ်စစ်မီးခများ ဧပြီလတွင် ဈေးတက်မည်ဟု သတင်းများထွက်ပေါ် သတင်း
မိုးမခမီဒီယာနဲ့ မြန်မာမိတ်ဆွေများ ဒေါ်မာမာအေးကို ဂါရ၀ပြု သတင်း
အတိုက်အခိုက်တွေကြားက အီရတ် မဲဆန္ဒရှင်တွေ အင်တိုက်အားတိုက် မဲပေး သတင်း
(၈၂) ကြိမ်မြောက် အော်စကာဆုပေးပွဲ - ဇကာတင်သူများစာရင်းတွင် ဘားမားဗီဂျေ ပါဝင် သတင်း

PDC Monthly News Commentary - March 2010



PDC Monthly News Commentary - March 2010

Sunday, March 7, 2010

နေ့စဉ်သတင်းများ ( ၆ - ၃ - ၁၀ )

ဒဂုံတောင်ပိုင်း စက်ရုံလုပ်သား (၃၀၀၀) တနေကုန် အေးချမ်းစွာ ဆန္ဒပြ သတင်း
အလုပ်သမားဆန္ဒပြမှု ဆက်ဖြစ်နေဆဲ သတင်း
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် တာဝန်ခံ စတိမာရှယ် အောင်လံ သွားမည် သတင်း
မြန်မာသင်္ဘောသား (၂၁) ဦးပါ ကုန်တင်သင်္ဘော ပြန်ပေးဆွဲခံရ သတင်း
ရွှေကျင် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာ (၂၀) ကျော် ရေနစ်မြုပ် သတင်း
မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ သတင်း
စစ်တပ်ထိုးစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ကနေဒါ ဆက်ကူညီသွားမည် သတင်း
စီအာပီပီ ပုံမှန်အစည်းအဝေးတွင် ဦးတင်ဦး သဘာပတိမိန့်ခွန်းပြော သတင်း
ခြံမြေ ခွဲစိတ်ရောင်းချသူကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည် သတင်း
ရှေ့နေ ကိုဖိုးဖြူ သရက်ထောင်မှ ပြန်လွတ်လာ သတင်း
မြန်မာပြည်တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုး ဆက်လက်ကူးစက်ဖြစ်ပွား သတင်း
ပတ်ဝန်းကျင် မထိခိုက်စေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု သတင်း
ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီ တိုးလာ သတင်း
မြန်မာနိုင်ငံကို အမေရိကန် အထူးသတိထား ဆက်ဆံနေ သတင်း
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များ ဖြတ်ရောင်း သတင်း
အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း ၂၀၁၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်ဟု နအဖ ပြော သတင်း
ဖင်လန်နိုင်ငံ ရွှေ့ပြောင်းအခြေချ အမျိုးသမီးထူးချွန်ဆု မြန်မာရရှိ သတင်း
မဲဆောက်၌ နှစ်ရက်အတွင်း မြန်မာ (၂၀၀) ကျော် အဖမ်းခံရ သတင်း
၂၀၀၉ အတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ဆု ဝေဖန်ခံနေရ သတင်း
အစားထိုး မရနိုင်သော ပုံရိပ် (ဆောင်းပါး)
ကမ္ဘာ့လူငယ်ခေါင်းဆောင် ဇိုရာဖန်းနှင့် စကားစမြည် (အင်တာဗျူး)

အပေါ်သို့